← Chapters

အခန်း (၈၂)

Vol. 6 Ch. 82

အခန်း (၈၂)

Vol. 6 Ch. 82

စီလုအမေက ဒေါသထွက်သွားပြီးတော့

"ချင်းယွီနင်က ဘာမလို့ ငါ့ကိုအဲ့လို လေသံနဲ့လာပြောနေတာလဲ"

"ခင်ဗျားကရော ဘာမလို့ကျုပ်ကို အဲ့လိုတွေ လာပြောနေတာလဲ"

ချင်းယွီအဲ့လိုပြန်ပြောလိုက်‌တော့ ဘေးနားကလူတွေလည်း အကုန်တိတ်သွားတော့သည်။ ဟေလုတုန်လည်း အသာလေးဘေးထွက်လိုက်ပြီးတော့ စီလုနဲ့ချင်းယွီတို့ဖြစ်နေတာတွေကို ဓာတ်ပုံရိုက်ယူပြီး ဂရုထဲပို့လိုက်သည်။

(အရောင်းဌာနထဲကို ချင်းယွီပါရောက်လာတာ။ အခုစီလုအမေနဲ့ စကားများနေကြတာ။ လာကြည့်ကြဦး။)

ခဏလေးအတွင်းမှာပဲ မက်ဆေ့ခ်ျတွေ အများကြီးရောက်လာသည်။

(ချင်းယွီကဘာလို့ အရောင်းဌာနကို ရောက်လာတာလဲ။ စီလုနဲ့ တွေ့ချင်လို့လား။)

(ကျောင်းသားလုတုန် ချင်းယွီနဲ့ စီလုအမေရန်ဖြစ်နေတယ်ဆိုတာ တကယ်လား။)

(တကယ်တမ်းက စီလုရဲ့ရည်းစားအသစ်နဲ့ ဖြစ်သင့်တာမဟုတ်ဘူးလား။ အဲ့လိုဆိုပွဲကလှပြီပဲ။)

ဂရုထဲမှာ စာတွေအများကြီးပို့လာကြတော့ ဟေလုတုန်လည်း ရှင်းပြဖို့ပြင်လိုက်သည်။

(အရောင်းဌာနထဲမှာ ချင်းယွီကပစ္စည်းတွေသယ်နေတုန်း စီလုအမေက ရန်လာစတာနဲ့ ပြသာနာစတက်တော့တာပဲ။)

ဒီသတင်းက ဂရုထဲကို ပြန့်သွားတာနဲ့ ဂေါင်ဇန်ရီနဲ့ ဒူချင်ရယ်က ဦးဆောင်ပြီး ချင်းယွီအကြောင်းတွေကို ဆက်ပြောနေကြတော့သည်။

ဂေါင်ဇန်ရီရယ် ဒူချင်ရယ် လီရှီရယ်စကားများနေကြပေမယ့် ကျောင်းသားတစ်ချို့ကလည်း ကျောင်းသူတွေဘက်ကပဲ ကူပြီးပြောပေးကြသည်။ ဂေါင်ဇန်ရီတစ်ယောက်ကတော့ သူနှိမ်ပြီးပြောလို့ရတာကို ဂုဏ်ယူနေသည်။

ချင်းယွီကို ကဲ့ရဲ့ရမှ နေသာထိုင်သာရှိကြတဲ့ပုံပဲ....။

ဟေလုတုန် ဂရုထဲကစာတွေကို ကြည့်ပြီး ပျားအုံကို တုတ်နဲ့ထိုးလိုက်မိပြီထင်တယ်လို့ တွေးလိုက်မိသည်။ ချင်းယွီပုံကို ပို့လိုက်မိတာကိုလည်း နောင်တရမိသွားသည်။

"မင်း စီလုကို ပြန်လိုချင်ရင်တောင် စီလုကပြန်လာမယ် မထင်ဘူး။ စီလုကမလိုချင်လို့မင်းကို ထားပစ်ခဲ့တာလေ"

စီလုအမေကြည့်ရတာ ချင်းယွီကို တော်တော်မုန်းနေတဲ့ပုံပါပဲ။

"ပူမနေပါနဲ့။ ကျုပ်ကလည်း သူကပြန်လာချင်ပါတယ်ဆိုပြီး ဒူးထောက်ပြီးတောင်းပန်ရင်တောင် ပြန်လာမှာ မဟုတ်လို့ ပူနေစရာမလိုဘူး"

"မိုက်ရိုင်းလိုက်တာ"

စီလုအမေပြန်ပြောလာသည်။

"ချင်းယွီ ငါ့အစ်မလို အချောအလှလေးကို မကြိုက်ချင်ယောင် လာဆောင်မနေနဲ့"

"ရှင်တို့ရူးနေကြတာလား။ တအားကိုယ့်ကိုယ်ကို အထင်ကြီးကြတာပဲ။ သူစီလုကို ပြန်လိုက်ချင်ပါတယ်လို့လည်း မပြောဖူးတာကို ဘာလို့အဓိပ္ပာယ်မရှိတာတွေ ပြောနေကြတာလဲ"

ဂေါင်ရာဖန်ရဲ့ သည်းခံစိတ်တွေ အဆုံးထိရောက်သွားပြီဖြစ်သည်။

"နင်ကဘယ်သူမို့ ချင်းယွီအစားဒီလိုတွေ လာပြောပေးနေတာလဲ"

စီလုအမေ ဂေါင်ရာဖန်ကို စိတ်ပျက်လက်ပျက်ကြည့်လိုက်ပြီး ဒီလိုကောင်မလေးက ဝင်‌ပြောလို့ ဒေါသ‌တွေပါ ထွက်လာမိသည်။

"ကျွန်မက ချင်းယွီရဲ့သူငယ်ချင်း။ ပြီးတော့ ချင်းယွီကိုလည်း သဘောကျနေတာ။ ကျွန်မကို ပြန်မကြိုက်တာကတော့ နှမြောဖို့ကောင်းတာပေါ့"

"ဘာ....! နင်ကချင်းယွီကို ကြိုက်နေတာ"

လူတော်တော်များများ ကြောင်သွားကြသည်။ ဂေါင်ရာဖန်တကယ် ပြောနေတာလား၊ လိမ်နေတာလား သူတို့မသိကြတော့ဘူး။

ဂေါင်ရာဖန်က ဝန်ထမ်းဝတ်စုံနဲ့ဆိုပေမယ့် သူ့အလှက မှေးမိန်မနေဘဲ ထင်ပေါ်နေသည်။ စီလုထက်တောင်ပိုပြီး လှသေးသည်။ ဖန်ယွမ် ဂေါင်ရာဖန်ပြောတာကြားပြီး ချင်းယွီကိုတောင် မနာလိုဖြစ်လိုက်မိသည်။ စီလုနဲ့ ဂေါင်ရာဖန်ကိုသာ ခုနေသူ့ကိုလာပြီး ရွေးခိုင်းရင် ဂေါင်ရာဖန်ကိုပဲ ရွေးလိုက်မိမှာ။

"နင်ချင်းယွီဘက်ကို တမင်ကာပြောပေးနေတာမလား။ နင်ဒီလိုငမွဲမျိုးကို ကြိုက်တယ်ဆိုတာ မယုံပါဘူး။ ပြီးတော့ ဟိုကောင်ချင်းယွီမင်းဘာလုပ်ဖို့ ငါ့သမီးနောက်ကို လိုက်နေတာလဲ။ အိမ်ဝယ်ဖို့လာတယ်လို့တော့ မပြောနဲ့နော်"

စီလုအမေကတော့ ကောင်မလေးပြောနေတာတွေကို မယုံနိုင်တာမို့ ထပ်မေးလိုက်သည်။

"ချင်းယွီကမင်းကို ဒီကိုအိမ်လာဝယ်တာလို့ ပြော‌ထားတာလား။ ဟဲဟဲ မင်းယုံမိရင်‌တော့ မှားမယ်နော်။ အဲ့ကောင်လေးက တအားဟန်ဆောင်ကောင်းတာ"

ဖန်ယွမ် ချင်းယွီကိုလှောင်ပြီး ပြောနေတုန်းမှာပဲ နောက်ကနေအသံတစ်သံထွက်လာသည်။

"မစ္စတာချင်း ရောက်လာပြီပဲ"

ချင်းယွီကို ရောက်လာတဲ့ အရောင်းဌာနမန်နေဂျာက ချင်းယွီရှိရာကို ပြုံးပြီးလျှောက်လာလိုက်သည်။ ပြီးတော့ ယန်ဟူလည်း ရိုရိုသေသေနဲ့

"မဂ်လာပါ မစ္စတာချင်း။ ကျွန်တော့်နာမည်က ယန်ဟူပါ။ အရောင်းဌာနရဲ့ မန်နေဂျာပါ အချိန်အကြာကြီး စောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်ဗျ။ မစ္စတာလီကို ဆက်သွယ်ထားပါတယ်။ သူတို့အခုလာနေပါပြီ။

လီဟူတစ်‌ယောက် ချင်းယွီဆီကို မြန်မြန်ပြေးလာခဲ့ပေမယ့် နားနေခန်းမှာ ရှာမတွေ့လို့ လိုက်ရှာနေရသေးသည်။

"အော် ဟုတ်ကဲ့။ ခင်ဗျားက အရောင်းဌာနမန်နေဂျာပေါ့"

"ဟုတ်ပါတယ် မစ္စတာချင်း။ အရောင်းဌာနရဲ့ ဒုတိယထပ်က VIPခန်းကို လိုက်လာပေးပါ။ မစ္စတာလီ တအောင့်လောက်နေရင် ရောက်လာမှာပါ"

"မန်‌နေဂျာယန် အဲ့ကောင်လေးမှာ အိမ်ဝယ်ဖို့ ပိုက်ဆံရှိမှာမဟုတ်ဘူး။ အဲ့လောက်ကြီး ဂရုစိုက်မနေနဲ့။ ပြီးကြ သူ့ကိုကြိုရင် ကျုပ်တို့ကိုလည်း ကြိုပေးရမှာပေါ့"

ဖန်ယွမ်တစ်ယောက် မန်နေဂျာဖြစ်သူက ချင်းယွီကို တလေးတစားလုပ်နေတာ တွေ့လိုက်ရတော့ စိတ်တိုတိုနဲ့မေးလိုက်သည်။

"ဟုတ်တယ် ။ယောက်ဖပြောတာမှန်တယ်။ အရောင်းဌာနက လူတွေက ကန်းနေတာလား။ ပိုက်ဆံမရှိတဲ့ကောင်ကိုတောင် လူရာသွင်းပေးနေသေးရင် ငါ့ယောက်ဖလိုလူမျိုးကို ပိုတောင်ဂရုစိုက်ပေးရဦးမယ်"

စီကွမ်လည်းဝင်ပြောလာသည်။

ယန်ဟူတစ်ယောက် ဖန်ယွမ်ကိုကြည့်လိုက်၊ စီကွမ်ကိုကြည့်လိုက်နဲ့ ကျန်တဲ့လူတွေကိုကြည့်လိုက်နဲ့ နောက်ဆုံးဂေါင်ရာဖန်ကိုကြည့်လိုက်ပြီး

"ရာဖန် သူတို့ကဘယ်ကဟာတွေလဲ။ နင်ကြိုထားတဲ့သူတွေတော့ မဟုတ်ဘူးမလား"

"မစ္စတာယန် ကျွန်မလည်း သူတို့ကို မသိပါဘူး။ ဒီကိုလာပြီး ချင်းယွီကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံနေကြတာပါ"

"အဲ့လိုဆိုရင် လုံခြုံရေးခေါ်ပြီး ဆွဲထုတ်ခိုင်းလိုက်တော့လေ....”

All Chapters