အခန်း (၈၄)
Vol. 6 Ch. 84
ချင်းယွီနဲ့ မစ္စတာလီတို့ ပြောနေတာတွေကို နားထောင်ပြီး စီလုအမေတစ်ယောက်နည်းနည်းတော့ အခြေအနေကို သဘောပေါက်သွားသည်။ သူဘယ်လောက်လောက်ပဲတုံးတုံး ချင်းယွီတို့ စကားပြောနေတဲ့ အကြောင်းအရာကိုတော့ နားလည်နိုင်စွမ်းရှိနေသေးသည်။ သူတို့ပြောနေတဲ့စကားအရဆို ချင်းယွီက တကယ်အိမ်ဝယ်ဖို့လာတာ။
ဒါဆိုချင်းယွီက တကယ်ကြီးချမ်းသာတာပေါ့။ စီလုအမေလည်း အဲ့လိုတွေ တွေးလိုက်မိတော့ စီမိသားစုအတွက် အခွင့်အရေးကြီး ဆုံးရှုံးလိုက်ရပြီဆိုတာ နားလည်လိုက်သည်။ သူကိုယ်တိုင်ဒီအခွင့်အရေးကို ဖျက်စီးမိလိုက်တာ။
စီလုနဲ့ချင်းယွီ အတူရှိနေကြတုန်းဆို စီလုကို လမ်းခွဲဖို့ပဲအမြဲ တိုက်တွန်းခဲ့တာ။ နောက်ဆုံးလမ်းခွဲဖြစ်သွားတာကလည်း ကုမ္ပဏီအသစ်က သူဌေးသားတစ်ယောက်နဲ့ တွဲဖြစ်သွားလို့။ သူကိုယ်တိုင် လမ်းခွဲအောင် လုပ်လိုက်မိတာ။ ဒါတွေကို သူတကယ်လက်မခံနိုင်ဘူး။ အိမ်မက်ဖြစ်ပါစေလို့ပဲ တွေးနေမိသည်။
ချင်းယွီစီလုတို့အားလုံးကို လျစ်လျူရှုလိုက်ပြီး လီဒယ်ဂန်ကို ကြည့်လိုက်သည်။
"ကျွန်တော်တို့ တခြားနေရာကို သွားပြောကြရအောင်"
"ဟုတ်ကဲ့ပါ မစ္စတာချင်း"
လီဒယ်ဂန်လည်း ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ချင်းယွီကို တခြားနေရာ ခေါ်သွားဖို့ ပြင်လိုက်သည်။
ဒီတစ်ခေါက်တော့ စီကွမ်လည်း မတားရဲတော့ဘူး။ သူလည်း အခြေအနေတွေကို နည်းနည်း သဘောပေါက်လာပြီလေ။ ချင်းယွီဆီက လျစ်လျူရှုတာကို မြင်လိုက်ရတော့ စီလုအမေဒေါသမဖြစ်မိပါဘူး။ ဒါပေမယ့် တော်တော်တော့ စိတ်ပျက်မိသွားသည်။
"ချင်းယွီ..."
ချင်းယွီထွက်သွားဖို့ ပြင်နေတုန်းမှာပဲ အသံတစ်သံထွက်လာသည်။ ချင်းယွီလည်း ၂လှမ်းလောက် နောက်ဆုတ်ပြီး စီလုကို ကြည့်လိုက်သည်။
စီလုစိတ်ထဲမှာ သူ့ကိုယ်သူအံ့ဩမိနေသည်။ သူ့လုပ်ရပ်တွေက တခြားလူတစ်ယောက်လိုပဲ။
"ချင်းယွီ အဆောက်အဦး လာဝယ်တာလို့ ပြောလိုက်တာလားဟင်။အိမ်ရော ဗီလာရောမဟုတ်ဘဲ အဆောက်အဦးတစ်ခုလုံးလား"
သူမေးလိုက်ပြီးတော့ ချင်းယွီအတည်ပြုပေးမှာကို စောင့်နေမိသည်။
ချင်းယွီက အဆောက်အဦး ဘယ်နှစ်ခုဝယ်ချင်တာလဲ။
ဒီမေးခွန်းက လူတွေအကုန်လုံးရဲ့စိတ်ထဲမှာ အသိချင်ဆုံးအရာဖြစ်နေသည်။ ချင်းယွီက တကယ်လိမ်နေတာမဟုတ်ဘူးလား။ သူတို့ကိုယ် သူတို့နားကြားမှားတယ်ပဲ ထင်နေခဲ့တာ။ အဆောက်အဦးတွေ ဝယ်ဖို့လာတယ်ဆိုတာက မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် စီလုကတော့ တကယ်ကြီး အတည်ပြုချင်နေတာပဲ။
တစ်ယောက်ပြီးတစ်ယောက် စီလုကိုကြည့်လာကြသည်။
"စီလုနင်ဒီနေ့ ဘာဖြစ်နေတာလဲ။ ချင်းယွီက အဆောက်အဦးဝယ်ဖို့ ဘယ်လိုလို့ဖြစ်နိုင်မှာလဲ။ ဒီတိုင်းလေးပြောလိုက်တာကို နင်ကယုံနေတာလား"
စီလုအမေ စီလုကိုကြည့်ပြီး ပြောလိုက်သည်။
"စီလု မဖြစ်နိုင်တာတွေ မေးမနေနဲ့။ ဒီကအဆောက်အဦးရဲ့ ဈေးတွေက သူပိုက်ဆံရှိတယ်ဆိုရုံနဲ့ တတ်နိုင်တဲ့အနေအထားမဟုတ်ဘူး"
ဖန်ယွမ်ရွဲ့လိုက်သည်။ ဟေလုတုန်နဲ့ လုချောင်လည်း လိုက်ပြီး ခေါင်းညိတ်မိလိုက်သည်။ ဂေါင်ရာဖန်လည်း ဒီတစ်ခါတော့ သူတို့မှန်တယ်လို့ တွေးနေမိသည်။ ဖန်ယွမ်ဆက်ပြောတော့မယ့်အချိန်မှာပဲ အသံတစ်သံ ထွက်လာသည်။
"စီလုပြောတာ မှန်ပါတယ်။ မစ္စတာချင်းက အဆောက်အဦးတွေ ဝယ်ဖို့ရောက်လာတာပါ"
အဲ့အသံရဲ့နောက်မှာ လူ၂ယောက်ဝင်လာသည်။ သူတို့ကတော့လီဂျွန်ချောင်နဲ့ ဂူရှန်ရှီ။
လီဂျွန်ချောင်နဲ့ လူတစ်ယောက်အတူ ဝင်လာတာမြင်တော့ စီလုရယ် ဟေလုတုန်ရယ် တစ်ချိန်တည်းမှာပဲ အော်မိမလိုဖြစ်သွားသည်။
လီဂျွန်ချောင်ဆိုတာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။ စီလုမပြောနဲ့ ဟေလုတုန်ပါ လီဂျွန်ချောင်ကို မြင်တော့ ရင်ခုန်မိနေသေး၏။ အလယ်တန်းကျောင်းကတည်းက သူ့လိုနာမည်ကြီးကို မသိတဲ့လူမရှိဘူး။ သူ့ကိုမနာလိုတဲ့လူလည်း မရှိဘူး။ မုန်းတဲ့လူလည်းမရှိဘူး။
"လီဂျွန်ချောင် ထျန်ဟူလုပ်ငန်းစုက နင်ပိုင်တယ်ဆိုတာ ငါမေ့သွားတာပဲ"
စီလုမျက်လုံးထဲမှာ ခံစားချက်တွေ ရောထွေးနေသည်။ သူလီဂျွန်ချောင်ကို ကြည့်နေရင်း သူ့ဘေးနားမှာ ဂူရှန်ရှီကို တွေ့ရတော့ မနာလိုမိသည်။
လီဂျွန်ချောင်လည်း စီလုကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်လိုက်သည်။ အရင်ကတော့ ဒီကလေးမကိုကြည့်ရင်း စိတ်ထဲ အဆင်မပြေတာတွေက အခုတော့ မရှိတော့ဘူး။
"စီလုမတွေ့တာတောင်ကြာပြီပဲ။ လုတုန်ရောပဲ။ မင်းတို့တွေကို ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး"
"အေး ဒီတိုင်းအိမ်ဝယ်ဖို့ လာကြည့်တာပါ။ အတန်းဖော်ဟောင်းအချင်းချင်း လျော့ဈေးလေးဘာလေး လုပ်ပေးပါ့လား"
အဲ့စကားသံထွက်လာတော့ လီဂျွန်ချောင် နည်းနည်းအံ့သြသွားပြီး ရယ်ပြလိုက်သည်။
"ဟေလုတုန် နှစ်တွေ ဒီလောက်ကြာတာတောင် နင်တကယ် မပြောင်းလဲဘူးနော်။ ပြောရတာလွယ်ပါတယ်။ အတန်းဖော်ဟောင်း မျက်နှာထောက်ပြီး လျော့ပေးလိုက်ပါမယ်”
ဘေးကလုချောင်ကတော့ နည်းနည်းအံ့အားသင့်သွားသည်။ သူအချိန်ကောင်းမှာ အိမ်ဝယ်ဖို့လာမိတာပဲ။ တကယ့်အကောင်ကြီးတွေနဲ့လည်း ဆုံရသည်။ ဟေလုတုန်ဆီမှာ ဒီလိုအဆက်အသွယ်ကောင်းတွေ ရှိနေမယ် မထင်ထားမိဘူး။ ချင်းယွီလိုတကယ့်ကို ဖုံးကွယ်ထားတဲ့ သူဌေးမျိုးနဲ့လည်း သိနေသည်။ ငါကြတော့ ဘာလို့အဲ့လို သူငယ်ချင်းတွေ မရှိရတာလဲ။
"ဟုတ်ပြီ အဲ့တာဆို မန်နေဂျာယန် ကျွန်တော့် အတန်းဖော်ဟောင်း ဘယ်လိုအဆောက်အဦးမျိုးကို စိတ်ဝင်စားလဲ လိုက်ပြပေးလိုက်ပါဦး။ ပြီးရင် တစ်ဝက်ဈေးနဲ့ရောင်းပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ"
ယန်ဟူမြန်မြန်ပဲ လီဂျွန်ချောင်ကို ကြည့်လိုက်သည်။ ပြီးနောက် စီလုကိုကြည့်ပြီး ပြုံးပြလိုက်သည်။
"စီလု နင်ရောအိမ်လာဝယ်တာလား။ မဟုတ်ဘူးလား။ လျော့ဈေးကို ရာခိုင်နှုန်းနဲ့လိုက်ပြီး လျော့ပေးလိုက်မယ်နော်"
စီလုဘာမှပြန်မပြောနိုင်ဘဲ တိတ်တိတ်လေးရပ်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားမိ၏။ စီလုအမေကတော့ မြန်မြန်ပဲ အဲ့ကိစ္စကို သဘောတူခိုင်းသည်။
စီလုရဲ့ အတန်းဖော်ဟောင်းလေးက ဒီလုပ်ငန်းကို ပိုင်တယ်ဆိုတာ သူသိလိုက်ရသည်။ ဒီလိုလူချမ်းသာမျိုးကို သူယှဉ်လို့မရဘူး။ ဒီလိုလူမျိုးကိုသာ သမက်တော်လိုက်ရမယ်ဆိုရင် စီမိသားစုတော့ သေချာပေါက် အခွင့်အရေးကောင်းတွေ ရလာတော့မှာ။
"အန်တီ မိတ်ဆက်ပေးပါရစေ။ လီဂျွန်ချောင်နဲ့ ဂူရှန်ရှီက အရင်ကအတန်းဖော်ဟောင်းတွေပါ။ လီဂျွန်ချောင်အဖေအကြောင်းတွေလည်း ကြားဖူးမှာပါ။ လီဒယ်ဆူဆိုတာလေ။ ရှာချန်ရဲ့ အချမ်းသာဆုံးလူလေ"
ဟေလုတုန်လည်း အရမ်းကိုစိတ်ကျေနပ်နေပြီးတော့ စီလုအမေကိုပါ မိတ်ဆက်ပေးနေမိသည်။
"အဲ့တော့မင်းက ရှာချန်ရဲ့ အချမ်းသာဆုံးမိသားစုရဲ့သားပေါ့။ တကယ်လူတော်လေးပဲ။ ကြည့်စမ်း စီလုက ဒီလိုအတန်းဖော်ဟောင်းရှိတာကို ပြောပြမထားဘူးကွယ်။ တကယ်ပါပဲ"
စီလုအမေ လီဂျွန်ချောင်ကို ပြုံးပြံးကြီးနဲ့ သဘောတကျကြည့်နေမိသည်။ စီလုသာသူ့အနား နေနေရရင်ကောင်းမှာပဲလို့လည်း တွေးလိုက်မိသည်။
"အန်တီကတော့ နောက်နေပြန်ပါပြီ"
လီဂျွန်ချောင် စီလုအမေပြောတာကို ပြုံးပြီး ခေါင်းညိတ်လိုက်၏။ စီလုကတော့ သူမေးတာကို မဖြေဘဲ ရပ်နေသည်။
"ပြောထားတာကို စဉ်းစားပြီးရင် လာပြောလို့ရတယ်နော်"
အဲ့လိုပြောပြီးတော့ သူတို့အကုန်ချင်းယွီအနားကို ကပ်သွားကြသည်။
"သခင်လေးချင်း တကယ့်ကို တောင်းပန်ပါတယ်ဗျာ။ နောက်ကျသွားတာဒီက လီဂျွန်ချောင်အမှားပါ…”