အခန်း (၈၅)
Vol. 6 Ch. 85
စကားပြောပြီးတော့ လီဂျွန်ချောင်နဲ့ ဂူရှန်ရှီလည်း ချင်းယွီကို နှုတ်ဆက်လိုက်ကြသည်။ သူတို့လိုအားနည်းတဲ့လူတွေက အားကြီးတဲ့လူကို လေးစားမှုပြရစမြဲပဲမလား။ အကုန်လုံးလည်း လီဂျွန်ချောင် ချင်းယွီကို ဦးညွှတ်တာမြင်ပြီး သရဲမြင်ရသလိုဖြစ်ကုန်ကြသည်။
ရှာချန်ရဲ့အချမ်းသာဆုံးလူရဲ့သားက သူအတိတ်မှာ အထင်သေးခဲ့ရတဲ့လူကို တောင်းပန်နေတယ်တဲ့လား။
စီလုလန့်ပြီးတော့ နှလုံးခုန်တွေပါ မြန်လာတော့သည်။ အဲ့အချိန် စိတ်ထဲမှာလည်း အများကြီးနားလည်လာသည်။
မှားသွားပြီ။ တကယ်ပါပဲ။ ငါသာချင်းယွီကို လမ်းမခွဲခဲ့ရင် ခုအချိန်ငါလည်း လူချမ်းသာတစ်ယောက်ရဲ့ ဇနီးဖြစ်လာမှာပဲ။ အရင်ကဆို ချင်းယွီကသူ့ကိုအရမ်းချစ်တာ။
ဂေါင်ရာဖန်တိတ်တိတ်လေး ဘေးမှာပဲ ရပ်နေမိသည်။ သူလည်းနောင်တတွေ ရနေမိသည်။ ဟေလုတုန်ကတော့ လက်ထဲမှာကိုင်ထားတဲ့ ဖုန်းပါ ပြုတ်ကျမတတ်တုန်နေမိသည်။
ချင်းယွီဆိုတာက သူတို့အတန်းရဲ့ ထိပ်တန်းဘောစ့်အကြီးစားကြီး။သူဘယ်သူလည်း ဆိုတာ ဖုံးကွယ်ထားတဲ့ အချမ်းသာဆုံးသောလူတဲ့...။ သိန်းနဲ့ချီတန်တဲ့ကားကိုလည်း မောင်းနေပြီး လီဂျွန်ချောင်လိုလူကပါ ဦးညွှတ်နေရပြီး သခင်လေးချင်းလို့ ခေါ်နေရသည်။
ဖန်ယွမ် တစ်ေယာက် ခေါင်းတွေပါ မူးလာတော့သည်။ အဲ့အချိန်မှာပဲ ဟိုတယ်ကကိစ္စကို ပြန်တွေးမိသွားသည်။ ချင်းယွီက ဟိုတယ်က အလုပ်သမားမဟုတ်ဘူး။ တကယ့်လူချမ်းသာ။ သူ့ကိုခြေထောက်တစ်ဖက်တည်းနဲ့ ချနင်းနိုင်လောက်တဲ့ အာဏာရှိတဲ့လူ။
"အိမ်ဝယ်ဖို့ စာချုပ်တွေ အဆင့်သင့်ဖြစ်ပြီလား"
ချင်းယွီအဲ့လိုမေးလိုက်တော့ ဂူရှန်ရှီနဲ့ လီဂျွန်ချောင်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြောင်နေမိသည်။ ချင်းယွီက ရောက်လာတာနဲ့ တန်းပြီးလက်မှတ်ထိုးမယ်တော့ မထင်ထားဘူး။ ဟိုဟိုဒီဒီပြောပြီးမှ လက်မှတ်ထိုးမယ်ထင်ထားတာ။ မဟုတ်ရင်လည်း ဈေးညှိမယ်ပေါ့။ ဒီလိုပဲ တွေးထားခဲ့တာ။
"စာချုပ်ကို လက်မှတ်ထိုးဖို့လာတာ။ စကားပြောဖို့မဟုတ်ဘူး။ မင်းတို့ပဲ မနေ့က အဆောက်အဦး၄ခုကို ၂၂သန်းနဲ့ ဈေးပြောထားတာလေ။ ကျသလောက်ပေးမှာမို့ စာချုပ်သာယူခဲ့။ ငါ့မှာအချိန်အဲ့လောက်မရှိဘူး"
"ဟုတ်ကဲ့ပါ သခင်လေးချင်း။ စာချုပ်ပြင်ခိုင်းလိုက်ပါ့မယ်။ ကျွန်တော်နဲ့ လိုက်ခဲ့ပြီး ကော်ဖီလေးဘာလေး သောက်နှင့်ကြရအောင်ပါ"
"ဟုတ်ပြီလေ။ နည်းနည်းထပ်စောင့်ပေးတာပေါ့"
ဘေးမှာရှိတဲ့လူတွေအကုန် လန့်သွားကြသည်။ ဒီတစ်ကြိမ်တော့ ဘယ်သူမှ ဝင်မပြောရဲတော့ဘူး။
ချင်းယွီက တကယ်အဆောက်အဦး ဝယ်ဖို့လာတာပဲ။ ၂၂သန်း! လေးလုံး!
ဂေါင်ရာဖန် ချင်းယွီ ထွက်သွားတာကို ကြည့်နေမိသည်။ ၂၂သန်းဆိုတဲ့ ငွေပမာဏကို တစ်ချက်တည်းနဲ့ သုံးသွားတာ။ ချင်းယွီဘယ်လောက်ချမ်းသာလဲဆိုတာကို တွေးလို့တောင် မရဘူး။ သူတိတ်တိတ်လေးပဲ ချင်းယွီကို ငေးကြည့်ပြီး ဧည့်သည်တွေကို ကြိုဖို့ ထွက်သွားလိုက်သည်။ ဒါပေမယ့် ချင်းယွီရဲ့အေးစက်စက် မျက်နှာထားကတော့ သူ့ခေါင်းထဲမှာ ရောက်နေတုန်းပဲ။
"စီလုတကယ်ကြီးလား။ ငါအိမ်မက်မက်နေတာလား။ ချင်းယွီ သူက ၂၂သန်းဆိုတဲ့ ပမာဏနဲ့ အဆောက်အဦးတွေ ဝယ်မလို့တဲ့လား"
အချိန်အကြာကြီး တိတ်နေပြီးတော့ စီလုအမေမနေနိုင်တော့ဘဲ မေးလာသည်။ လီဂျွန်ချောင်တောင် ချင်းယွီကို တလေးတစားနဲ့ ဆက်ဆံရတယ်ဆိုတော့ အကုန်လုံးလန့်သွားကြသည်။
ပြီးတော့ အဆောက်အဦးလေးခုကို ၂၂သန်းတောင် ပေးဝယ်မှာဆိုတာကြီးက... ဘာလို့လဲ။ ဒီလောက်ငွေပမာဏက ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေမှသာ သုံးနိုင်မှာလေ။ လီဂျွန်ချောင်ရော လီဒယ်ဂန်လည်း မတတ်နိုင်ဘူး။ ဒီလိုလူတွေကိုတောင် ကျော်သွားပြီဆိုတော့ ချင်းယွီဘယ်လောက်တောင် ချမ်းသာလဲဆိုတာ ဘယ်သူမှတွေးလို့မရတော့ဘူး။
စီလုတစ်ယောက် သူ့အမေကိုကြည့်လိုက်ပြီးတော့
"အမေ ဟုတ်တာ၊ မဟုတ်တာ အမေနဲ့ ဘာဆိုင်လို့လဲ"
သူလည်းအဲ့လိုပြန်ပြောလိုက်ရော စီလုအမေမျက်နှာက လုံးဝပြောင်းလဲသွားသည်။ တစ်ခုခုပြန်ပြောချင်ပေမယ့် သူသမီးပြောတာ အမှန်ပဲမို့ ဘာမှပြန်မပြောနိုင်ဘူး။ ဟုတ်တယ်။ သူကအခုချိန်မှတော့ ဘာတတ်နိုင်မှာလဲ။ သူဘယ်လောက် ချမ်းသာ ချမ်းသာ စီလုနဲ့မှ မဆိုင်တော့တာ။
ဖန်ယွမ်မျက်နှာလည်း တော်တော်ပျက်သွားသည်။
"မင်းသိမှာပဲလေ။ မင်းပဲသူ့ကိုဖောက်ပြန်ခဲ့တာမလား။ မင်းရည်းစားဟောင်းက ငါတောင်သွားစလို့ရတဲ့ အရာမဟုတ်ဘူး။ ဒီတစ်ခါတောင် မင်းကြောင့်ငါသွားစမိတာ။ အဲ့တော့မင်းငါ့ကို ထပ်မဆက်သွယ်နဲ့တော့"
အဲ့လိုပြောပြီး ဖန်ယွမ်ထွက်သွားသည်။
"ဘာလို့လဲ။ ဘာလို့ထားခဲ့တာလဲ"
ဖန်ယွမ်ထွက်သွားတော့ စီလုအမေ တအားစိတ်ပူသွားပြီးတော့ စီလုကို
"နင့်ကောင်လေးဟိုမှာ ထွက်သွားပြီလေ။ ဘာလို့ဒီမှာရပ်နေတာလဲ"
စီလုအမေလည်း ဖန်ယွမ်က စီလုအတွက် အိမ်ဝယ်ပေးမယ်ဆိုပြီး တူတူလာခဲ့တာကို အခုမှ ထားပြီးထွက်သွားတော့ စိတ်ပူသွားသည်။
"အမေသူ့နောက်ကို လိုက်မနေနဲ့။ သူကသမီးကို အိမ်တကယ်ဝယ်ပေးချင်စိတ်ရှိတာမဟုတ်ဘူး"
စီလုမျက်နှာကတည်ငြိမ်နေသည်။
"ဘာ...! ဘာပြောလိုက်တယ်။ အဲ့တာဆိုရင် ဘာလို့ဒီနေ့ဒီကို ခေါ်လာလဲ"
စီလုသူ့အမေအဲ့လို မေးလာတော့ တကယ်ဘာပြန်ပြောရမလဲ မသိတော့ဘူး။ အဲ့အချိန်မှာပဲ စီကွမ်က
"အမ ဖန်ယွမ်က တကယ်ထွက်သွားပြီနော်။ စိတ်မပူဘူးလား။ နင်သာချင်းယွီနဲ့ ပြန်အဆင်ပြေရင် သူ့ဆီကနေ အိမ်၂လုံးလောက်ကတော့ အသာလေးရမှာနော်"
စီလုအမေလည်း သူ့သားပြောတာကြားတော့ စိတ်လှုပ်ရှားသွားပြီး
"ဟုတ်တယ် စီလု။ စီကွမ်ပြောတာမှန်တယ်။ ဘာလို့နင်ချင်းယွီကို ပြန်လိုက်ဖို့ မကြိုးစားတာလဲ"
"အမေ နင်ပဲအရင်က ချင်းယွီကို မုန်းတာလေ။ ခုမှပြန်လိုက်တဲ့လား"
"သမီးရယ် အဲ့တုန်းကတော့ အဲ့တုန်းကပေါ့။ ငါအရင်ကအကန်းဖြစ်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် ချင်းယွီက အခုချောလည်း ချောတယ်။ လီဂျွန်ချောင်ထက်လည်း ပိုတော်တယ်။ အဲ့လိုလူမျိုးကို ပြန်လိုက်ဖို့ဆိုရင်တော့ တန်ပါတယ်ဟယ်"
"စီလု အန်တီပြောတာမှန်တယ်။ နင်ပျော်ရဖို့က နင့်အပေါ်မှာပဲ မူတည်တော့မှာ။ ချင်းယွီလည်း အခုရည်းစားမရှိလောက်သေးဘူး။ နင်မြန်မြန်လိုက်ပါ့လား။ မဟုတ်ရင် ခုနကချင်းယွီကို ကြိုက်တယ်ဆိုတဲ့ ကောင်မလေးနဲ့ ညားသွားဦးမယ်"
ဟေလုတုန်လည်း သူ့ကိုဖြောင်းဖြကြည့်သည်။ သူကလက်ထပ်ပြီးသားလူဆိုတော့ ပိုသိတာပေါ့။
စီလုအဲ့စကားသံတွေကြားတော့ နည်းနည်း အားတက်သွားပေမယ့် ချင်းယွီပြောသွားတာတွေကို တွေးမိပြီး ပြန်ငိုင်သွားသည်။ ပြီးတော့ ခေါင်းခါလိုက်ပြီးတော့
"ချင်းယွီရဲ့ပုံစံကို ငါသိတယ်။ သူသာ သာမန်အခြေအနေဆို ငါ့အတွက် အခွင့်အရေးရှိဦးမှာ။ ဒါပေမယ့် သူ့ရဲ့အနေအထားက သာမန်လူထက်ကို ကျော်နေပြီလေ။ အဲ့လိုအနေအထားနဲ့ ငါ့ကို လက်ခံဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
"ကြိုးစားမကြည့်ဘဲနဲ့ ဘယ်လိုလို့သိမှာလဲ။ အင်း ငါအခုအိမ်သွားကြည့်လိုက်ဦးမယ်နော်။ လီဂျွန်ချောင်က ဒစ်စကောင့်ပေးမှာတဲ့ ဟီး။အမြန်သွားမှ ဖြစ်မယ်"
အဲ့လိုပြောပြီး ဟေလုတုန်လည်း သူ့ယောကျာ်းလက်ကို ဆွဲပြီး အမြန်ထွက်သွားသည်။ အတန်းဖော်ဟောင်းတွေရှိတဲ့ ဂရုထဲကို စာပို့ဖို့လည်း မမေ့ပါဘူး။
(သူငယ်ချင်းတို့ရေ ငါအခုအိမ်ကြည့်နေတာ။ လီဂျွန်ချောင်က ငါ့ကိုလျော့ဈေးပေးမှာတဲ့)
သူအဲ့လိုလည်း ပို့လိုက်တော့အကုန်လုံး ဝိုင်းပြီး အားကျကုန်ကြသည်။ ဖြစ်ခဲ့တဲ့ ကိစ္စအကုန်လုံးကို ပြောဖို့လည်း သူမမမေ့ပါဘူး။ သူဒီလိုခနခန စာတွေပို့ပြီး အတန်းဖော်တွေ အားကျအောင်လုပ်နေရတဲ့ အကြောင်းအရင်းကတော့ သူက ဂရုလီဒါမို့လို့ပဲလေ...။