← Chapters

အခန်း (၈၆)

Vol. 6 Ch. 86

အခန်း (၈၆)

Vol. 6 Ch. 86

ဟေလုတုန်ပို့ထားတဲ့ စာကိုလည်းမြင်ရော တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောလာကြသည်။ အကြာကြီးပျောက်နေတဲ့လူတွေ တစ်ခါမှစကားမပြောဖူးတဲ့ လူတွေတောင် ပါလာကြသည်။

(အိမ်အရောင်းဌာနရဲ့မန်နေဂျာရောက်လာသည်။ ချင်းယွီအပေါ်ကိုလည်း တအားလေးစားပြီး ဖန်ယွမ်နဲ့စီကွမ်ကိုမောင်းထုတ်လိုက်တာတဲ့)

ကျောင်းသားတွေအကုန်လုံး ချင်းယွီအကြောင်းကိုပဲ ဦးတည်ပြီးပြောနေကြသည်။ တစ်ချို့တွေကလည်း ချင်းယွီအဲ့လိုဝယ်နိုင်တာ ထီပေါက်သွားလို့ဆိုပြီး ပြောကြသေးသည်။ ဒီသတင်းကြားပြီးကတည်းက ဂရုထဲမှာ စာတွေ ပလူပြန်နေသည်။

ရန်ဇီနဲ့ ဒူဂျင်လို ချင်းယွီကို သဘောမကျတဲ့ လူတွေတောင်မှ ချင်းယွီ ထီပေါက်သွားတာဖြစ်နိုင်တယ်ဆိုပြီး ယုံကြည်နေကြသည်။

မစ္စတာလီဆိုတဲ့ အရောင်းဌာနကလူရောက်လာပြီး ချင်းယွီကို တလေးတစားဆက်ဆံတဲ့အကြောင်းနဲ့ ချင်းယွီကို မစ္စတာလို့ပါ တပ်ပြီးခေါ်တယ်လို့လည်း ပြောလိုက်ရော ဂရုထဲက ချင်းယွီကို ပြောနေတဲ့လေသံတွေက ပြောင်းသွားသည်။

တော်တော်များများကလည်း ချင်းယွီ ဘယ်သူဘယ်ဝါဖြစ်မယ်ဆိုပြီး ထင်ကြေးပေးနေကြပြီး ထီပေါက်တယ်လို့လည်း မထင်ကြတော့ဘူး။ ရန်ဇီနဲ့ ဒူဂျင်ကတော့ ဘာမှထပ်မပြောတော့ဘူး။ သူတို့စိတ်ထဲ ချင်းယွီဘယ်လောက်ပဲချမ်းသာ ချမ်းသာ လီဂျွန်ချောင်ကိုတော့ မယှဉ်နိုင်ဘူးလို့ပဲ ယုံကြည်နေကြသည်။

(လီဂျွန်ချောင်နဲ့ဂူရှန်ရှီက ချင်းယွီကို ဦးညွတ်ပြီး သခင်လေးချင်းလို့ပါ ခေါ်တာလေ)

ဒီစာလည်း ထပ်ပို့လိုက်ရော အကုန်လုံးအံ့အားသင့်သွားကြသည်။ ချင်းယွီသူဌေးသားဆိုတာကို မယုံကြည်တဲ့လူတွေကလည်း မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပဲ။ ဒူဂျင်တို့နှစ်ယောက်လုံးလည်း ငြိမ်သွားပြီး စာလည်းထပ်မပို့တော့ဘူး။ ချင်းယွီကဒီလောက်ထိ ချမ်းသာနေလိမ့်မယ်လို့ ဘယ်သူမှမထင်ထားဘူး။

(ချင်းယွီက ယွမ်၂၂သန်းနဲ့ အဆောက်အဦး၄ခုတောင် ဝယ်သွားသေးတယ်)

ဒီစာထပ်ပြီး ဟေလုတုန်ဆီကရောက်လာတာနဲ့အကုန် တိတ်သွားကြသည်။ ဘာဆက်ပြီးပြောရမလဲ မသိလောက်အောင်ပဲ။ ချင်းယွီဘယ်သူဘာညာဆိုပြီး ထင်ကြေးတွေလည်း မပေးကြတော့ဘူး။

၂၂သန်းတဲ့လား။ အဲ့ဒီ၂၂သန်းကို ဆယ်ပုံခွဲပြီးတော့ ဆယ်ပုံထဲက တစ်ပုံကို တစ်ယောက်‌ယောက်ကိုပေးလိုက်ရင်တောင်မှ သူတို့တစ်ဘဝလုံးစာ လုံလောက်သွားမှာ။

ချင်းယွီရဲ့ အနေအထားတွေက ပြောင်းလဲသွားတော့ ဂရုထဲက ဘယ်သူမှ ချင်းယွီကို မဝေဖန်တော့ဘဲ ချင်းယွီကို ချီးမွမ်းခန်းတွေ ဖွင့်လာကြသည်။ အဆိုးဆုံးက ရန်ဇီနဲ့ ဒူဂျင်ပေါ့။ အစောတုန်းကတော့ ချင်းယွီကို မကောင်းကြောင်းပြောသည်။ သန်းချီတန်တဲ့ကားမောင်းတာကိုတောင် မယုံကြဘဲ ပုတ်ခတ်လိုက်သေးသည်။ အဆုံးသတ်ကြတော့ သူတို့ပုံစံတွေက ပြောင်းလဲကုန်ကြတာပဲ။

ဟေလုတုန်ပို့ထားတဲ့ နောက်ဆုံးစာကိုကြည့်ပြီး ချင်းယွီ ကောင်းကြောင်းပဲ ပြောနေကြတော့သည်။ ဒီအချိန်မှာ ဘာမှဝင်မပြောထားတဲ့ လီရှီဆီကနေ

(ရန်ဇီနဲ့ ဒူဂျင်ခုတော့ နင်တို့ဘာပြောနိုင်ကြသေးလဲ။ ထားပါ ငါကတော့ သေချာမှတ်မိနေသေးတယ်။ နင်တို့ကချင်းယွီဆို တစ်စက်မှ အကောင်းမမြင်ကြတဲ့လူတွေ။ နင်တို့ပြောထားတာတွေအကုန် စခရင်ရှော့(ss)ယူထားပြီးသား။ နောက်ကြအကုန် ချင်းယွီဆီပို့ပစ်မယ်)

လီရှီလည်း အဲ့လိုပြောလိုက်ရော ရန်ဇီနဲ့ဒူဂျင် ၂ယောက်လုံး လန့်သွားကြသည်။

လီရှီအဲ့ကောင်မကို သေအောင်မုန်းလိုက်တာ။ ချီး နောင်တလည်းခုမှ ရလာမိသသည်။

ချင်းယွီလည်း နောင်တရနေမိသည်။ စနစ်ကိုရပြီးတဲ့နောက် သူနောင်တအရဆုံးကိစ္စ အိမ်ဝယ်မယ်ဆိုပြီး ကြောင်တောင်တောင်တွေ ပြောခဲ့မိပါလိမ့်။ ကိုယ့်သေတွင်းကိုယ်တူးမိသလိုပဲ။ သူအိမ်စာချုပ်ကို ကောက်ကိုင်လိုက်တဲ့အချိန် အဲ့အတွေးကပထမဦးဆုံးဝင်လာမိတာပဲ။ သူသက်ပြင်းချလိုက်မိပေမယ့် ဘောပင်ကို ကိုင်ပြီး လက်မှတ်ထိုးရုံအပြင်မတတ်နိုင်ဘူး။ သူရဲ့ပြိုင်ဘက်ကင်း စိတ်စွမ်းအားကြောင့်မို့လို့သာ စာချုပ်တွေကို ထိုင်ပြီးလက်မှတ်ထိုးရတာကို ပင်ပန်းတယ်လို့ မခံစားရဘူး။

၁နာရီလောက်အကြာမှာပဲ ချင်းယွီ စာချုပ်အကုန်လက်မှတ်ထိုးပြီးသွားတော့သည်။ အဲ့ဒီနောက်မှာတော့ စနစ်ကနေပဲ တိုက်ရိုက်‌၂၂သန်းလွှဲပေးလိုက်သည်။ ပြီးတော့အိမ်ခွန်ဆောင်ဖို့လည်း သက်သက် သိန်း၆ထောင်လွှဲပေးလိုက်သည်။ နောက်ဆုံးတော့ အိမ်ဝယ်လို့ပြီးသွားပြီ။ စာချုပ်စာတမ်းတွေနဲ့ အိမ်နဲ့ပတ်သက်တာတွေကိုတော့ လူရှာပြီး နန်ယွမ်ဗီလာကိုပို့ပေးဖို့ပဲ ပြောလိုက်သည်။ လီဂျွန်ချောင်နဲ့ လီဒယ်ဂန်ရဲ့ ညစာစားဖို့ ဖိတ်တာကိုငြင်းပြီးတော့ အရောင်းဌာနကနေ သူထွက်လာလိုက်သည်။ ချင်းယွီညနက်လေပြေကို ပါကင်ထိုးထားတဲ့နေရာကနေ မောင်းလာလိုက်ပြီးတော့ ထွက်တော့မယ့်အချိန်မှာပဲ သူ့နာမည်ခေါ်တဲ့အသံက ထွက်လာသည်။

စပေါ့ကားက အသံလုံပေမယ့် ချင်းယွီနားက ပါးတာမလို့ ကားမှန်ကို ချလိုက်တော့ စီလုပြေးလာတာဖြစ်နေသည်။

"ဘာဖြစ်လို့လဲ"

ချင်းယွီစီလုကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ မေးလိုက်သည်။

"ငါတို့ပြန်စဖို့ ဖြစ်နိုင်သေးလား"

"လက်ထပ်ခွင့်တောင်းတာကို ငြင်းလိုက်ကတည်းက ငါတို့ဇာတ်လမ်းက ပြီးသွားခဲ့ပြီ။ မင်းငြင်းတုန်းကငြင်းပြီး ခုကြမှပြန်စချင်တယ်တဲ့လား။ မင်းနဲ့တန်လို့လား။ အဲ့နေ့ပြီးကတည်းက ငါ့မျက်လုံးထဲမှာ မင်းက မရှိတော့ဘူး"

အဲ့လိုပြောပြီးတာနဲ့ ကားကိုလှည့်ထွက်လိုက်ပြီးတော့ စီလုကိုမကြည့်ဘဲ မောင်းထွက်လိုက်သည်။ လီဗာသံနဲ့အတူတူ ညနက်လေပြေကလည်း စီလုမျက်စိရှေ့ကနေ ပျောက်ကွယ်သွားတော့သည်။

ချင်းယွီ မသိလိုက်တာက တစ်ယောက်ယောက် သူတို့ပုံကိုခိုးပြီး ရိုက်လိုက်တယ်ဆိုတာပဲ။ ဓာတ်ပုံရိုက်လိုက်တဲ့လူက ပုံရိုက်ပြီးပြီးချင်းမှာပဲ တစ်ယောက်ယောက်ဆီကိုပို့လိုက်သည်။

ဖန်မင်ယီတစ်ယောက် ဓာတ်ပုံကိုကြည့်ပြီးတော့ ပြုံးလိုက်သည်။

"သေအောင်ချမ်းသာတာပဲ။အဆောက်အဦးတွေ အများကြီးဝယ်ပြီး အဓိကဇာတ်ကောင်ဖြစ်ချင်သေးတာလား"

ဖန်မင်ယီချင်းယွီအကြောင်း အကုန်ရေးထားတဲ့ ဖိုင်ကိုကြည့်လိုက်သည်။ အဲ့ထဲမှာ ချင်းယွီရဲ့မွေးရပ်မြေကအစ ပညာအရည်အချင်းထိပါ၏။ အရင်အလုပ်လုပ်ခဲ့တဲ့နေရာနဲ့ သူ့ရည်းစားဟောင်းဘယ်သူဆိုတာအထိပါ ပါသေးသည်။ လက်ရှိပိုင်ဆိုင်မှုတွေအထိပါ မကျန်ဘူး။ ချင်းယွီဝတ်တဲ့ အတွင်းခံအရောင်ထိပါ စုံစမ်းထားသေးတာ။

ဖန်မင်ယီစာရွက်တွေကို ချလိုက်ပြီးတော့ ဘေးမှာရပ်‌ေနတဲ့ သူ့လက်ထောက်ကို ကြည့်လိုက်သည်။

"ရှောင်ရာ ချင်းယွီရဲ့ အဓိကဝင်ငွေရနေတဲ့ လုပ်ငန်းနဲ့ သူ့မှာဘာလို့ အထူးဘလက်ခ်ကဒ်ရှိနေတဲ့အကြောင်းကြ ပါမလာတာလဲ"

"တောင်းပန်ပါတယ် မစ္စဖန်။ သူ့အချက်အလက်တွေအကုန်လုံးက နိုင်ငံခြားကနေလာတာပါ"

"မင်ယီဂရုက ဒီနိုင်ငံထဲမှာတော့ ထိန်းချုပ်မှုအားကောင်းပေမယ့် နိုင်ငံခြားထိတော့ အဆက်အစပ်မရှိပါဘူး"

လူရှောင်ရာရှင်းပြလိုက်သည်။

ဖန်မင်ယီလည်း အံကြိတ်ပြီးတော့

"ငါတောင်မှ အဲ့ကဒ်ကိုမရနိုင်တာ။အဲ့ကောင်ကြ ဘာလို့ရနေရတာလဲ။ ဟမ်! လာနောက်နေကြတာလား…”

All Chapters