← Chapters

အခန်း (၈၇)

Vol. 6 Ch. 87

အခန်း (၈၇)

Vol. 6 Ch. 87

"ကော်ပီပေးလို့ရော ရလား"

လူရှောင်ရာလည်း ချွေးတွေပြန်လာပြီးတော့

"အထူးဘလက်ခ်ကဒ်ကို လျှောက်ချင်တယ်ဆိုရင် အဲ့ထိပ်တန်းဘဏ်တစ်ခုထဲက ငါးခုထဲကတစ်ခုမှာ ငွေသန်းချီထည့်ထားမှရမှာ"

လူရှောင်ရှာ ပြောပြီး ခဏလောက်တွေးလိုက်တယ်။ ပြီးတော့

"သန်းချီဆိုတာက အရစ်ကျသွင်းရမှာ။ တစ်ခါတည်းအကုန်သွင်းရမှာမဟုတ်ဘူး"

ပြီးတော့ ရှောင်ရာ မြန်မြန်ပဲဆက်ပြီးတော့

"ဟို လိုချင်တယ်ဆိုရင်တော့ တစ်နည်းနည်းနဲ့ သေချာပေါက်ရမှာပါ"

သူအဲ့လိုလည်း ပြောလိုက်ရော ဖန်မင်ယီက တစ်ဖက်ကိုလှည့်သွားပြီးတော့ ဘာမှပြန်‌မပြောဘူး။ အဲ့အချိန်မှာပဲ

"ဒါရိုက်တာဖန် အခုဇုန်ဇောင်ဆေးဝါးထုတ်လုပ်ရေးက ပြောရေးဆိုခွင့်ရှိသူက ဖုန်းဆက်လာပါတယ်။ သူပြောတာကတော့ လောင်ချန်ကလူတော်တော်များများက ရှယ်ယာနဲ့ပတ်သက်ပြီးတော့ ကွန်ပလိန်းတက်နေကြပါတယ်တဲ့။ တစ်ချို့လူတွေဆို အဆောက်အဦးတွေကိုပါ ရောင်းပစ်တော့မလို့တဲ့"

အဲ့လိုပြောလာတော့ ဖန်မင်ယီရွဲ့လိုက်ပြီးတော့

"ဒီနိုင်ငံထဲမှာ မြို့တွေအများကြီးရှိတယ်လေ။ နဂါးမြို့တစ်ခုတည်းပဲ ရှယ်ယာအဲ့လောက်ရှိတာ။ သူတို့ကိုယ်သူတို့ဘာထင်နေတာလဲ။ သူတို့လက်မခံချင်ရင် မယူနဲ့။ ‌နိုင်ငံခြားမှာသွားဝယ်လို့ပြောလိုက်။ ဖန်မင်ယီက ဘယ်သူကိုယ်မှ ဂရုစိုက်မနေဘူးလို့။ ထုတ်ပြောနေစရာကိုမလိုတာ"

"ဟုတ်ကဲ့ပါ ဒါရိုက်တာဖန်"

အဲ့လိုပြောပြီးတော့ ရှောင်ရာလည်း အခန်းထဲကနေထွက်သွားလိုက်သည်။ ရှောင်ရာထွက်သွားပြီးတော့ ဖန်မင်ယီတစ်ယောက် ထိုင်ခုံမှာပြန်ထိုင်နေလိုက်သည်။

ခနလောက်နေတော့ maskတပ်ထားတဲ့ လူတစ်ယောက်ဝင်လာသည်။

"ကျွန်မကို ဘာခိုင်းစရာရှိလို့ပါလဲ"

ချင်းဇန်ရီ ရိုရိုသေသေမေးလိုက်သည်။

"အန်တီချင်း ယူချန်းက ဇန်ထန်အိမ်တော်ကို တစ်ချက်လောက်သွားကြည့်ပေး။ အဲ့မှာဆေးပစ္စည်းအဟောင်းတွေ ရှိမရှိ။ ရှိရင်လည်း ယူခဲ့ပေး"

"တခြားအိမ်အစောင့်တွေကိုပဲ ခိုင်းလိုက်လို့ရမလားရှင့်။ ကျွန်မအခုပြန်ရမှာမို့လို့ပါ။ ဒါပေမယ့်လည်း သေချာယူမလာပေးနိုင်မှာစိုးတယ်"

"စိတ်ပူမနေပါနဲ့။ ဒီကိုဘယ်သူမှလာပြီး မနှောင့်ယှက်ရဲပါဘူး"

"ဟို အရေးပေါ်လိုတာဆိုရင်တော့ ကျွန်မပဲသွားယူပေးပါ့မယ်"

စကားပြောပြီးတော့ ဖန်မင်ယီပစ္စည်း၂ခုထုတ်လာသည်။ ဘလက်ခ်ကဒ်နဲ့ ငွေရောင်သော့တစ်ချောင်း။

"ဒီကဒ်ထဲမှာ သိန်း၅၀၀ရှိတယ်။ ယူသုံးလို့ရတယ်။ ပြီးတော့ ငါ့ကားကိုယူသုံးလိုက်။ အဲ့တာဆိုအသွားအပြန်အတွက် အလုပ်ရှုပ်မှာမဟုတ်တော့ဘူး"

"ဟုတ်ကဲ့ပါ သွားလိုက်ပါမယ်။ လူစောင့်အနေနဲ့ လုံခြုံရေးတွေကိုလည်း ထားခဲ့ပေးပါမယ်"

စကားပြောပြီးတော့ ချင်းဇန်ရီ ‌ကဒ်နဲ့သော့ကိုယူသွားပြီးတော့ ထွက်သွားသည်။

......

တစ်ဖက်မှာ ချင်းယွီကတော့ ဗီလာကိုပြန်လာပြီး ဗီလာရဲ့အတွင်းရောအပြင်ရော လိုက်ကြည့်နေသည်။ တကယ့်အဖိုးတန် ပစ္စည်းတွေချည်းပဲ။ သူငှားထားတဲ့ သန့်ရှင်းရေးကောင်မလေးက‌လည်း ပစ္စည်းတွေကိုသေချာ ရှင်းလင်းပေးထားသည်။

"ဆရာပြန်ရောက်လာပြီပဲ"

ရှီဂေါင် ချင်းယွီပြန်လာတော့မြင်တော့ အလုပ်ကိုရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။

"တော်တယ်။ အလုပ်လုပ်တာ"

ချင်းယွီဆီက ချီးကျူးသံလည်း ကြားရော ရှီဂေါင်အရမ်းပျော်သွားပြီးတော့

"ကျေးဇူးပါဆရာ။ ဗိုက်ဆာနေပြီလားဟင်။ တစ်ခုခုပြင်ပေးရမလား"

"အင်း။ လုပ်ပေးပါဦး"

ရှီဂေါင်ချက်ချင်းပဲ မီးဖိုချောင်ထဲကို ပြေးသွားလိုက်သည်။

ချင်းယွီသူ့ရှေ့မှာ အဆင့်မြင့်စခရင်(screen)တစ်ခုကို မြင်နေရသည်။ သူ့လက်ကျန်ထဲကနေ သန်း၁၀၀နှုတ်သွားပြီ။ အဆင့်ကလည်း(၅)အထိ တက်သွားပြီမို့ အစကနေပြန်စသွားပြီ။

စနစ်ရေ အဆင့်မြှင့်လိုက်။

ချင်းယွီမျက်လုံးမှိတ်လိုက်ပြီးတော့ စိတ်ထဲကနေ ပြောလိုက်သည်။

လက်ခံသူအား ဂုဏ်ပြုပါသည်။ အဆင့်မြှင့်ခြင်းအောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ရရှိ‌ေသာ သန်း၅ထောင်အား သင့်၏ ဘဏ်အကောင့်ထဲသို့ ထည့်သွင်းပေးလိုက်ပါသည်။

သန်း၅ထောင်!!!!!

အံ့ဩဖို့ကောင်း‌လောက်တဲ့လက်ဆောင်တွေ မရပေမယ့် ပိုက်ဆံတွေအများကြီး ရလာတာကိုတော့ တကယ်ပျော်သွားမိ၏။

လက်ကျန်ငွေကို ကြည့်လိုက်တော့ သန်း၅၀၄၀တဲ့။ ငွေအများကြီးကို ကြည့်ပြီးတော့ ဘယ်လို‌တွေ သုံးရမလဲလို့ စဉ်းစားကြည့်လိုက်သည်။ အဲ့လိုတွေးလိုက်မှ ခေါင်းကိုက်လာတာမို့ ဘာမှဆက်မတွေးဘဲ နေလိုက်သည်။

နေ့တိုင်းပိုက်ဆံတွေ ဘယ်လိုသုံးရမလဲစဉ်းစားနေရတာ ချင်းယွီတကယ်ပင်ပန်းသည်။

ထန်ရှင် ကုမ္ပဏီစီစဉ်ပြီးတဲ့အချိန်ထိ စောင့်ပြီး ရင်းနှီးမြှပ်နှံဖို့ သူ့အကောင့်ထဲ ပိုက်‌ဆံထည့်ပေးရမယ်။

သူ့အလုပ်က ပိုက်ဆံပေးရုံဆိုတော့ တဖြည်းဖြည်းနဲ့ ပျင်းဖို့ကောင်းလာတယ်လို့ တွေးလိုက်မိသည်။

"ညစာစားပြီးရင် ဟွာဂျန်းပလာဇာမှာ ဂျန်ရှန်းအလုပ်လုပ်နေတာကို သွားကြည့်ဦးမှပါပဲ။ ရှီဂေါင်က မီးဖိုချောင်ထဲမှာ အခုမှပြင်ဆင်နေတုန်းဆိုတော့ ညစာစားဖို့က ကြာဦးမှာပဲ"

အဲ့တာနဲ့ ဖုန်းဖွင့်လိုက်ပြီးတော့ ဝေဝေအပ်ပလီကေးရှင်းထဲက မဖတ်ရသေးတဲ့စာတွေ အကုန်ဝင်ဖတ်လိုက်သည်။ စာတွေက လီရှီပို့ထားတာ အများဆုံးပဲ။ ကြည့်ကြည့်လိုက်တော့ ချင်းယွီမျက်နှာက အေးစက်သွားသည်။

ဇန်ရီနဲ့ဒူဂျင်ဆိုတဲ့နာမည်တွေ ဖတ်မိလိုက်ချိန်မှာတော့ အထက်တန်းတုန်းက အချိန်တွေကို ပြန်သတိရသွားသည်။

သူတို့၂ယောက်လုံးက စီလုနဲ့ သူငယ်ချင်းတွေဆိုပေမယ့် တခြားလူတွေအပေါ်ကိုတော့ သိပ်မကောင်းဘူး။ နည်းနည်းလောက်စဉ်းစားလိုက်ပြီးတော့ ဂရုထဲကို စာပို့လိုက်သည်။

(ဂေါင်ဇန်ရီ၊ ဒူဂျင် ငါမင်းတို့၂ယောက်လုံးကို မှတ်မိနေတယ်။ အော် ငါ့မှာ သူများအတင်းပြောရတာကို ကြိုက်တဲ့ အတန်းဖော်ဟောင်း၂ယောက် ရှိတာပဲ။)

ချင်းယွီအဲ့လိုစာပို့လိုက်ပြီးတော့ ဂရုကိုပါ ဖျက်ချလိုက်သည်။

ချင်းယွီစာကိုလည်း မြင်ရော ဂရုထဲကလူအကုန်လန့်သွားကြပြီးတော့ ချင်းယွီကို အသည်းအသန်စာပြန်ကြသည်။ ချင်းယွီဂရုထဲက ထွက်သွားတာကိုသိမှ စာပို့တာရပ်လိုက်ကြသည်။ ဒီလောက်ချမ်းသာတဲ့အတန်းဖော်ဟောင်းလေးက ဂရုထဲကထွက်သွားတာကိုသိတော့ အကုန်လုံးစိတ်ထဲနှမြောပြီး ဝမ်းနည်းကုန်ကြသည်။

ဂေါင်ဇန်ရီနဲ့ဒူဂျင်လည်း ချင်းယွီသူတို့ကို ပို့ထားတဲ့စာကိုမြင်ပြီး လန့်ကုန်ကြသည်။ ချင်းယွီပို့တဲ့စာအရဆို သူတို့မစသင့်တာကို သွားစမိလိုက်ပြီဆိုပြီး သိလိုက်ကြသည်။ အတန်းဂရုတစ်ခုလုံးလည်း သူတို့ကို သတ်ချင်နေကြလောက်ပြီ။ ချင်းယွီသာဂရုထဲက ထွက်မသွားရင်တောင် သူတို့အနေနဲ့ တောင်းပန်ဖို့ အခွင့်အရေးရှိဦးမှာ။ အခုတော့ အဲ့အခွင့်အရေးလေးပါ မရှိတော့ဘူး။

ချင်းယွီဂရုထဲက ထွက်သွားတာလည်း သူတို့ကြောင့်ပဲ ဖြစ်မယ်လို့ ထင်မိသည်။ သူတို့၂ယောက်လုံးစာလည်း မပို့ရဲဘူး။ တစ်ဂရုလုံးက ဝိုင်းပြောမှာလည်း ကြောက်နေမိသည်။ ချင်းယွီကိစ္စကိုပဲ ဂရုထဲမှာ ပြောနေကြသည်။ သူတို့လုပ်မိတဲ့အမှားကိုလည်း နောင်တရနေမိသည်။

တစ်ဖက်မှာ ချင်းယွီကတော့ လီရှင်ကိုစာပြန်ပြီးတော့ ဒေါင်လန်က ဗီဒီယိုတွေပဲ ထိုင်ကြည့်နေမိသည်။ ဒေါင်လန်အကောင့်မှာ သူ့ကိုလူတွေအများကြီး ဖော်လိုး(follow)လုပ်ထားတာလည်း တွေ့လိုက်ရသည်။ လူ၅ယောက်ကျော်ကျော်လည်း စာတွေပို့ထားသေးသည်။ ဘာမှမတတ်နိုင်တော့ဘဲ စာပို့တဲ့စနစ်ကို ကန့်သတ်လိုက်သည်။(IG တို့ဘာတို့မှာ စာပို့လို့မရအောင် ‌အကောင့်ကို Privateလုပ်လိုက်တဲ့ သဘောပါ။)

"ဆရာ ညစာစားဖို့အဆင့်သင့် ဖြစ်ပါပြီရှင့်"

သိပ်မကြာခင်မှာပဲ ရှီဂေါင်က ညစာစားလို့ရတဲ့အကြောင်းကို သူ့ကိုလာပြောသည်။

"အင်း ယူလာခဲ့လိုက်လေ"

ရှီဂေါင်လည်း အစကပြင်ထားတဲ့နေရာကနေ ပြောင်းဖို့အလုပ်ရှုပ်သွားသည်။ ဒါပေမယ့်လည်းပြင်ပေးရမှာပဲလေ သူကကိုယ့်ရဲ့အလုပ်ရှင်ပဲကို...။

ရှီဂျင်လည်း အဲ့လိုတွေးပြီး ပထမထပ်ကစားပွဲပေါ်မှာ စားဖို့ပြင်ဆင်ပေးလိုက်သည်။

All Chapters