အခန်း (၈၈)
Vol. 6 Ch. 88
"ထိုင်လေ တူတူစားရအောင်"
ချင်းယွီပြောပြီး ထိုင်လိုက်သည်။
ရှီဂေါင်က ထမင်းပွဲပြင်ပေးပြီးတော့ ဘေးနားမှာ ရပ်နေတာကိုမြင်တော့ ချင်းယွီလည်း လောကွတ်ချောတဲ့ သဘောမျိုးနဲ့ စားဖို့ဖိတ်လိုက်သည်။
အဲ့လိုခေါ်တာကြားတော့ ရှီဂေါင်လည်း ထမင်းတစ်ပန်းကန်ခူးပြီးတော့ ဝင်ထိုင်လိုက်၏။ တူတောင်မကိုင်ဘဲ ဒီတိုင်းငုတ်တုတ်ကြီးထိုင်နေတာမြင်တော့ ချင်းယွီလည်း
"စားစရာရှိတာ စားလေ။ ဘာလို့ကြည့်နေတာတုန်း။ စားစား"
ချင်းယွီက အဲ့လို ပြောပေမယ့် ရှီဂေါင်ကတော့ ချင်းယွီထမင်းစားလို့ အဆင်ပြေမပြေကိုပဲ လိုက်ကြည့်နေမိသည်။
ချင်းယွီလည်း ပြေားရာရှိတာပြောပြီးတော့ ထမင်းစစားလိုက်သည်။ ဟင်းကပေါ့နေပေမယ့် စားလို့အဆင်ပြေပါတယ်။ ချင်းယွီလည်း ဟင်းကိုပေါ့ပေါ့ပဲစားတတ်တာ။ စိတ်ကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်ပြီးတော့ ဆက်စားဖို့ပြင်လိုက်သည်။
ရှီဂေါင်လည်း ဒါကိုမြင်တော့မှစိတ်သက်သာရာရသွားပြီး ထမင်းစစားဖို့ ပြင်လိုက်သည်။
ချင်းယွီ နောက်ဟင်းတစ်မျိုးကို စစားလိုက်တဲ့အချိန်မှာ အဲ့ဟင်းက နည်းနည်းငန်နေတာမို့ မျက်ခုံးကျုံ့မိသွားသည်။ ဝက်ခေါက်ကလည်း အရသာပေါ့လွန်းပြီး သိပ်လည်းမကျက်ဘူး။
ချင်းယွီအဆင်မပြေတာ မြင်တော့ ရှီဂေါင်လည်း မြန်မြန်ပဲ တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်။ မစ္စတာချင်း။ အဲ့ဟင်းကချက်တာ အချိန်သိပ်မရလိုက်လို့ပါ။ တအားငန်နေတာလားဟင်"
ချင်းယွီလည်း စိတ်မသက်မသာနဲ့
"ဆားငန်နေတာမဟုတ်ဘဲနဲ့ ဆားကပါကိုမပါတာ။ မြည်းရောကြည့်လားဟင်။ ကျက်လည်းမကျက်ဘူး"
ရှီဂေါင်ခေါင်းငုံ့လိုက်ပြီးတော့
"ဆရာ တကယ်တော့ ကျွန်မဆရာကို ပြောစရာရှိပါတယ်"
"ဟင်း.... ဘာလဲ"
"တကယ်တော့ ကျွန်မကဟင်းချက်ရင် ဆားမထည့်ချက်တော့ ဆားကိုသုံးရတာ သိပ်အသားမကျသေးဘူး။ နောက်ပြီး အရွက်ပဲ စားဖူးတာမို့လို့။ အသားဟင်းတွေ ကျက်မကျက်ကိုလည်း မသိတာပါ"
ချင်းယွီနည်းနည်းတော့ အံ့ဩမိသွားသည်။
"အဲ့တော့ ဆားကမှန်းထည့်ထားတာပေါ့"
ရှီဂေါင်လည်း ရှက်ရှက်နဲ့ခေါင်းညိတ်လိုက်ပြီးတော့
"တောင်းပန်ပါတယ် ဆရာ။ အလုပ်တအားလိုချင်လို့ ဖုံးမိထားတာပါ။ တကယ်တောင်းပန်ပါတယ်"
"အင်း.... အဲ့တာကြောင့်လည်း မင်းအရည်အချင်းနဲ့ ကုမ္ပဏီမှာလုပ်လို့မဖြစ်တာ နေမှာပဲ"
"ဆရာကျွန်မကို နှင်မထုတ်ပါနဲ့။ ဆရာဆီကနေသာ ထွက်ရရင် ကျွန်မဘယ်နေရာမှ အလုပ်ရှာရမှာမဟုတ်ဘူး။ ကျွန်မ လစာကိုလျော့ပစ်လိုက်ရင်လည်း ရပါတယ်။ အလုပ်တော့ မထုတ်လိုက်ပါနဲ့"
ရှီဂေါင်ဝမ်းနည်းနည်းနဲ့ ပြောလိုက်သည်။
ရှီဂေါင်တောင်းပန်နေတာကို မြင်တော့ ချင်းယွီလည်း ပြုံးလိုက်ပြီး
"မပူပါနဲ့။ မင်းလစာကိုလည်း မလျော့ပါဘူး။ ဒါပေမယ့် မင်းဟင်းမြည်းတတ်တဲ့အရသာကတော့ လိုအပ်နေတယ်။ လျှာနဲ့ပတ်သက်ပြီး တစ်ခုခုများဖြစ်နေလား။ ဆရာဝန်နဲ့ ပြမလား"
"ဆရာဝန်နဲ့ သွားပြဖို့ထိတော့ မလိုပါဘူး။ ငယ်ငယ်လေးကတည်းက အဲ့လိုပဲ။ ကလေးကတည်းကပါပဲ"
ရှီဂေါင် ဆရာဝန်ဆိုတာကိုလည်း ကြားရော မျက်နှာထားပြောင်းသွားသည်။ ချင်းယွီလည်း စကားပြောနေရင်း ဟင်းပန်းကန်တွေကို ကိုင်သွားပြီး မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။
"ဆရာ ကျွန်မကူညီပေးပါ့မယ်"
ရှီဂေါင် ချင်းယွီမီးဖိုချောင်ထဲ ဝင်ဖို့လုပ်နေတာမြင်တော့ ဝင်ကူပေးဖို့ လုပ်လိုက်သည်။
"ခနနေရင် ပြီးမှာပါ။ ရတယ်။ ခဏလေးပဲ"
ပြောပြီးချင်းယွီလည်း မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။ ချင်းယွီအရင်ကတည်းက ဟင်းချက်တတ်တယ်။ အလုပ်ကပြန်လာရင်လည်း ဟင်းချက်နေကြ။
.........
ဟွာဂျန်းပလာဇာကိုရောက်တော့ ရုံးခန်းနေရာကို ထန်ရှင်ကလိုက်ပြပေးသည်။ ပြီးတော့ ရုံးခန်းကိုပြင်ဖို့ကိစ္စအတွက် အကြံညဏ်တောင်းတယ်။ ထပ်ပြီး ၁၀ထပ်ကိုဆင်းသွားပြီးတော့ ယာယီရုံးခန်းနေရာကို ပြသည်။ ကုမ္ပဏီအတွက် ခန့်ထားတဲ့ အလုပ်သမားတစ်ချို့ကို တွေ့လိုက်ရသည်။
သူတို့ကဒီနေ့မှစရောက်ကြတာမို့ သူတို့အတွက် ပထမဆုံးနေ့ပဲ။
ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ ငွေရှိတာနဲ့ ချက်ချင်းလုပ်ငန်းစလိုက်လို့ရသည်။ ဒီအလုပ်သမားအကုန်လုံးကလည်း သူ့နေရာနဲ့ တရားဝင်စာချုပ်ချုပ်ထားတဲ့ ဝန်ထမ်းတွေ။ သူတို့ကရင်းနှီးမြှပ်နှံတာနဲ့ ငွေကြေးဆိုင်ရာတွေမှာ အဓိကတာဝန်ယူပေးထားတဲ့လူတွေ။ ငွေကြေးဌာနမှာတော့ ဝန်ထမ်းက၃ယေက်ဖြစ်ပြီး စီမံခန့်ခွဲရေးဌာနမှာတော့ ၂ယောက်။
ဂျန်ရှန်း ခဏ တာဝန်ယူပေးထားတဲ့နေရာမှာက လူသစ်လေးယောက်။ ထန်ရှင်ရဲ့ဌာနမှာပဲ တရားဝင်မန်နေဂျာတစ်ယောက် ထပ်ထားထားသည်။ ကျန်တဲ့ဝန်ထမ်းတွေအကုန်လုံးကတော့ အခုမှအသစ်ဖြစ်တာမို့ ဒီကုမ္ပဏီဘယ်လိုတွေ ဆက်ဖြစ်မလဲတွေးပြီး ကြောက်နေကြသည်။
ဌာနတွေခွဲထားတာလည်း စနစ်ကျသည်။ ဈေးကွက်တန်ဖိုးသိပ်မရှိသေးတဲ့ ကုမ္ပဏီသစ်တစ်ခုက တခြားလက်အောက်ခံကုမ္ပဏီလေးနဲ့တောင် ယှဉ်လို့မရသေးပေမယ့် ဈေးကွက်တန်ဖိုး သန်းချီဖြစ်သွားရင်တော့ ပြိုင်ဘက်ကုမ္ပဏီတွေကတောင် မယှဉ်ရဲလောက်တဲ့အထိ ဖြစ်လာနိုင်သည်။
နောက်ကြရင် ထန်ဟူမြို့မှာ အကြီးဆုံးကုမ္ပဏီဖြစ်လာမှာမို့ သူတို့ဒီလိုကုမ္ပဏီမှာ အလုပ်လုပ်ရတာ ဘယ်လောက်တောင်ကံကောင်းလိုက်လဲ။
ထန်ရှင်ဖျော်ပေးတဲ့ ကော်ဖီကို ပြတင်းပေါက်ဘေးက ဆိုဖာပေါ်မှာ ထိုင်သောက်နေရင်း ချင်းယွီပြုံးပြုံးလေးနဲ့ တစ်ခုပြောဖို့ပြင်လိုက်သည်။
ထန်ရှင်ကတော့ ကော်ဖီဖျော်ပြီး ချင်းယွီဘေးနားမှာထားထားပေးသည်။ သူ့အတွက်သူလည်း ကော်ဖီတစ်ခွက်ဖျော်ပြီး ချင်းယွီဘေးမှာ ထိုင်လိုက်သည်။
"ဘော့စ် တစ်ရက်တည်းနဲ့ ဝန်ထမ်းတွေအများကြီး ရှာထားတာကို စိတ်ထဲအဆင်မပြေတာမျိုး ရှိနေသေးလို့လားဟင်။ ဝန်ဆောင်ခတွေ အများကြီးပေးလို့သာ အလုပ်သမားအေဂျင်စီကလည်း ဒီလောက်အများကြီး ရှာပေးထားတာပါ။ ပုံမှန်ဆို ဒီလိုအရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ချက်ချင်းရှာဖို့က မဖြစ်နိုင်ဘူး"
ထန်ရှင်က မီနီစကပ်ဒူးဖုံးလေးနဲ့ ခြေချိတ်ပြီး ထိုင်နေသည်။ သူ့ရဲ့မျက်လုံးလှလှလေးနဲ့လည်း ချင်းယွီကို လှမ်းလှမ်းကြည့်နေသည်။
ချင်းယွီထန်ရှင်သူ့ကို ကြည့်နေတာကို သိတာမို့ ရှက်ရှက်နဲ့ပဲ ကော်ဖီခွက်ကို ယူပြီး ပြုံးပြုံးလေးပဲ ဆက်နေနေလိုက်သည်။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာတွေ အများကြီးပြောင်းလဲလာတာမို့ စစချင်းတုန်းကပုံစံနဲ့လည်း အများကြီး ကွာခြားသွားသည်။
ဒီလောက်ကြီးချောနေလို့ မဖြစ်ဘူးလေ။ ကောင်မလေးတွေအကုန် ဝိုင်းဝိုင်းလည်နေတော့မှာပေါ့။
ချင်းယွီတစ်ယောက်တည်း ရေရွတ်လိုက်ရင်း တခြားတစ်ခုကိုပါ ထပ်တွေးမိလိုက်သည်။
သူ့နောက်ကို တခြားမိန်းကလေးတွေ လိုက်ကြိုက်နေရင်တောင် ငြင်းမှာဆိုပေမယ့် ထန်ရှင်သာဆိုရင်တော့ ပြောရခက်ပြီပေါ့လေ...။