← Chapters

အခန်း (၈၉)

Vol. 6 Ch. 89

အခန်း (၈၉)

Vol. 6 Ch. 89

၂ယောက်သား ထိုင်နေရင်း တဖြည်းဖြည်းနီးကပ်လာသလို ခံစားလိုက်ရသည်။ နှာခေါင်းထဲကို စံပယ်ပန်းနံ့သင်းသင်းလေးက တိုးဝင်လာသည်။ ထန်ရှင်သူ့ကို ဆွဲဆောင်နေတာလားလို့တောင် သံသယဝင်မိနေပြီ။

"အင်း အဲ့တာဆို ဒီရက်ပိုင်းတော့ အလုပ်ကြိုးစားပေးလိုက်ပါဦး။ ပိုက်ဆံကုန်မှာကို မစိုးရိမ်နဲ့။ လက်ထောက်ဘာညာ ငှားချင်တယ်ဆိုရင်လည်း ငှားလိုက်။ ရတယ်"

ချင်းယွီပြုံးပြီး ပြောလိုက်သည်။

"လူတစ်ယောက်‌တော့ တွေ့ထားတာ ရှိပါတယ်။ သူလည်း ကုမ္ပဏီကြီးကပဲ။ ပရောဂျက်တွေလည်း အများကြီးကိုင်ဖူးတယ်။ အခုသူလုပ်တဲ့ကုမ္ပဏီက ရှယ်ယာရှင်တွေနဲ့ သိပ်အဆင်မပြေတော့လို့ စာချုပ်ပြောင်းမလို့ လုပ်နေတာ။ အဲ့ကမန်နေဂျာတစ်ယောက်ကလည်း သူ့ကိုထောက်ခံပေးထားတာ။ ကုမ္ပဏီကတော့ လစာတိုးပေးပြီးသူ့ကို ဆွဲထားဖို့လုပ်နေကြတယ်။ ဒါပေမယ့် သိပ်တော့ကြာမယ် မထင်ဘူးရယ်။ ကုမ္ပဏီမှာ ဌာနတော်တော်များများလည်း ဖွဲ့ပြီးသွားပြီ။ ကုမ္ပဏီနည်းနည်းအခြေကျမှ HRဖွဲ့ရင်လည်း နောက်မကျသေးပါဘူး။ ဒါပေမယ့် ဌာနကို ထိန်းချုပ်ဖို့နဲ့ ငွေရေးကြေးရေးဌာနမှာတော့ လိုနေတာတွေ ရှိနေပါသေးတယ်"

ချင်းယွီဆက်တွေးကြည့်ပြီးတော့

"ကုမ္ပဏီကို ထိန်းချုပ်တာဘာညာက နောက်ဆုတ်ထားလိုက်လို့ရတယ်။ ကုမ္ပဏီက အခုမှစတည်ထောင်တုန်းဆိုတော့။ ငွေကြေးဌာနကတော့ ဖွဲ့စရာ မလိုဘူး"

"ဟင်။ ဘာလို့လဲ"

ထန်ရှင်သိချင်လို့ မေးကြည့်လိုက်တော့

ချင်းယွီစိတ်တိုတိုနဲ့

"ငါ့မှာပိုက်ဆံအလုံအလောက်ရှိပြီးသား။ အဲ့တော့ ဝင်ငွေထွက်ငွေ စီမံပေးဖို့ လိုဦးမယ်ထင်နေတာလား။ မင်းဒီလိုပုံစံနဲ့ ငါ့အလုပ်သမားလာလုပ်မနေနဲ့"

ချင်းယွီစိတ်တိုသွားတာကို မြင်တော့ ထန်ရှင်လည်း နောက်သလိုပြောင်သလိုနဲ့ အခြေအနေကို ထိန်းဖို့လုပ်လိုက်သည်။

"သိပါပြီ။ ကျွန်မတို့ဘော့စ်မှာ ငွေတွေအများကြီးရှိနေတာကို သက်သက်မဲ့ ကျွန်မကစည်းကျော်တဲ့ အပြုအမူမျိုး လုပ်မိသွားတာပဲ။ ဟုတ်ကဲ့ပါ။ နောက်မဖြစ်စေရပါဘူး"

"အင်း။ ဒါနဲ့ကုမ္ပဏီမှာ ငွေဘယ်လောက်ကျန်သေးလဲ"

"ဟုတ်ကဲ့။ ၈.၈သိန်းလောက် ကျန်သေးပါတယ်။ ငွေစာရင်းကိုပြပေးရဦးမလားရှင့်"

"မလိုဘူး။ မနေ့ညကပို့လိုက်တဲ့ဟာက ကုမ္ပဏီအကောင့်လား။ယွမ် ၈သိန်းလောက်‌ကတော့ ရင်းနှီးမြှပ်နှံဖို့ဆို နည်းပါသေးတယ်။ ပိုက်ဆံထပ်ထည့်ပေးလိုက်မယ်"

ထန်ရှင်လည်း

"ငွေကြေးစီမံတာဘာညာက တစ်ဆင့်ချင်း‌ဆီ လုပ်ထားတာပါ။ ရင်းနှီးမြှပ်နှံတာဘာညာက ‌ဖြေးဖြေးချင်း စတာပဲ ကောင်းမယ်ထင်ပါတယ်။ အလုပ်သမားတွေလည်း ကုမ္ပဏီနဲ့ အသားကျဖို့ အချိန်လိုသေးတာမို့။ နည်းနည်းအခြေကျမှ ပိုကြီးတဲ့ရင်းနှီးမြှပ်နှံမှုတွေ စရင် ကောင်းပါမယ်။ ပြီးကြ ရှယ်ယာရှင်တွေ လုပ်ငန်းရှင်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့လည်း လို‌ပါသေးတယ်"

ထန်ရှင်လည်း ပြောပြီးကော်ဖီတစ်ငုံသောက်လိုက်သည်။

"အဲ့တာဆိုလည်း လောလောဆယ်သန်း၂၀၀လောက်ပဲ အရင်ထည့်ထားလိုက်မယ်"

ချင်းယွီစကားပြောနေတာကို ထန်ရှင်က ကော်ဖီကိုမမြိုချပဲ ငုံပြီးကြည့်နေ၏။ ဒါကိုမြင်တဲ့ ချင်းယွီဟာ သူ‌ကိုယ်တိုင်တောင် သတိမထားမိဘဲ ထန်ရှင်ရဲ့ နှုတ်ခမ်းနားကို သူ့လက်နဲ့ထိလိုက်မိသည်။

ချင်းယွီသူ့ပါးစပ်ကို လာထိတာကို ထန်ရှင်က စိုက်ကြည့်နေတော့ ချင်းယွီလည်း ရှက်ရှက်နဲ့

"ကော်ဖီတွေ ထွေးထုတ်တော့မှာလားလို့"

ထန်ရှင်လည်း ရှက်ကိုးရှက်ကန်းနဲ့ပဲ

"ဘော့စ် တကယ်ကြီး ကုမ္ပဏီအကောင့်ထဲကို သန်း၂၀၀လွှဲမလို့လား"

"မင်းသူဌေးက ဘယ်တုန်းက လိမ်ဖူးလို့လဲ။ သန်း၂၀၀ကိုတောင် ဒီလောက်လန့်နေရင် နောက်ကြ ထောင်ချီ သောင်းချီကိုင်ရရင် ဘယ်လိုလုပ်မလဲ"

ချင်းယွီအဲ့လိုပြောလိုက်တော့ ထန်ရှင်ရင်ခုန်မိသွားသည်။ ချင်းယွီဘာအလုပ်တွေ လုပ်လို့ ဒီလောက်ပိုက်ဆံအများကြီး ရှိလဲမေးချင်မိသည်။ ထန်ရှင်လည်း သိပါတယ်။ ချင်းယွီက ဘယ်အရာကိုမှ သာမန်ကာလျှံကာလုပ်နေတာမရှိဘဲ အကုန်‌သေချာတွေးပြီး လုပ်နေတာပဲကို။ သူမေးလို့ မကြိုက်လောက်မယ့်ဟာကို ရှောင်နေတာပဲ ကောင်းပါတယ်။

ချင်းယွီ ဖုန်းထုတ်လိုက်ပြီး ငွေလွှဲသလိုနဲ့ စနစ်ကို စိတ်ထဲကနေ ငွေလွှဲဖို့ လှမ်းပြောလိုက်သည်။

(ဒင်! ငွေလွှဲပြောင်းခြင်း ပြီးဆုံးပါပြီ)

"ကုမ္ပဏီအကောင့်ထဲကို ငွေဝင်မဝင် တစ်ချက်လောက် စစ်ကြည့်လိုက်ဦး"

"ရှင်....! ဟုတ် ဟုတ်ကဲ့"

သန်း၂၀၀ဆိုတဲ့ပမာဏကို အဲ့လောက်မြန်မြန် လွှဲလို့ရတယ်တဲ့လား။ သူ့ဘောစ့်က တော်လွန်းလို့ သာမန်လူလို့တောင် မထင်တော့ဘူး။

"ဘာတွေစိုးရိမ်နေတာလဲ။ ငါ့ဖို့‌တော့ပိုက်ဆံက မရှိမှာ စိုးရိမ်စရာမလိုဘူး။ သုံးမကုန်မှာပဲ စိုးရိမ်ရတာ။ မင်းအလုပ်ကြိုးစားရင် ကြိုးစားသလို ဘောနပ်ကလည်း တိုးနေဦးမှာပဲ။ အဲ့တော့ မင်းသာအလုပ်ကြိုးစားရင် ငွေဆိုတာ မရှားစေရဘူး"

"ဟုတ်ကဲ့ပါ ဘော့စ်။ ကျွန်မဘဝတစ်ခုလုံးကို ကုမ္ပဏီမှာပဲ ရင်းနှီးမြှပ်နှံပြီး ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်ပါ့မယ်"

"အဲ့လောက်ကြီးလည်း မလိုပါဘူး။ သန်း၂၀၀လောက်ကို ကုန်အောင် သုံးခိုင်းတာက အဲ့လောက်ခက်ခဲလို့လား"

ထန်ရှင်လည်း ပြုံးလိုက်ပြီးတော့

"စိတ်မပူပါနဲ့။ တာဝန်ကို အပြီးသတ်နိုင်အောင်ကြိုးစားပါ့်မယ်"

"အော်ဒါနဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံတဲ့ကိစ္စတွေမှာ ငွေမချေခင်ငါ့ကို အရင်ပြောရမယ်။ လောလော လောလောနဲ့လုပ်ဖို့မလိုဘူး။ အရင်ဆုံး တစ်ခုခုကိုရွေးပြီး ရင်းနှီးမြှပ်နှံထားလိုက်။ နောက်ကြမှ ငွေကြေးစီမံတာတို့ ခွဲဝေတာတို့ ဟွာဂျန်းပလာဇာနဲ့ ပူးတွဲဆောင်ရွက်ရမယ်"

ချင်းယွီ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။

ဂျင်ဂါ့ဘဲလ် ဂျင်ဂါ့ဘဲလ်~

အဲ့အချိန်မှာပဲ ထန်ရှင်ဖုန်းမြည်လာခဲ့သည်။

"တောင်းပန်ပါတယ် ဘော့စ်။ သူငယ်ချင်းဆီက ဖုန်းလာမို့ပါ"

ထန်ရှင်ခွင့်တောင်းပြီး ဖုန်းကိုင်လိုက်သည်။ ဘယ်လောက်မှတော့ မကြာပါဘူး။ ခဏလောက်ပါပဲ။

ဒါပေမယ့် ချင်းယွီကတော့ သူတို့ဖုန်းပြောတာ အကုန်ကြားနေရသည်။ တစ်ဖက်လူက ချစ်စဖွယ်အသံလေးနဲ့ ကောင်မလေး။ ထန်ရှင်ရဲ့မွေးနေ့မို့ သူမတို့သူငယ်ချင်းတွေ ဆုံဖို့ပြောနေတာ။ ထန်ရှင်ကတော့ အလုပ်များနေလို့ဆိုပြီး ဆုံဖို့ကိစ္စကို ငြင်းလိုက်သည်။

အဲ့တော့ ဒီနေ့က ထန်ရှင်မွေးနေ့ပေါ့။

ချင်းယွီတစ်ယောက်တည်း တွေးလိုက်မိသည်...။

All Chapters