အခန်း (၉၀)
Vol. 6 Ch. 90
"ဘော့စ် ဒီနေ့ကုမ္ပဏီကို လာလက်စနဲ့ ဝန်ထမ်းတွေနဲ့ မိတ်ဆက်သွားရင် ကောင်းမယ်နဲ့ တူတယ်။ အကုန်လုံးကို အစည်းအဝေးခေါ်ပြီး နှုတ်ဆက်ဖို့ လုပ်လိုက်မလား။ ဘော့စ်နဲ့သူတို့နဲ့ ရင်းနှီးသွားရင် သူတို့အမြင်မှာလည်း ဘော့စ်ရဲ့ ပုံရိပ်ကောင်းက ပေါ်သွားမယ်ထင်ပါတယ်"
ထန်ရှင်ဖုန်းပြောပြီးတော့ ချင်းယွီကို သူအကြံပေးချင်တာလေးတွေ ပြောပြလိုက်သည်။
"တော်ပါပြီ။ ဒီကိစ္စတွေ အကုန်ပြီးသွားမှပဲ ကုမ္ပဏီကို ထပ်လာခဲ့တော့မယ်"
ချင်းယွီ ပြောပြီး မတ်တပ်ရပ်လိုက်သည်။
"မင်း... အင်း။ သွားကြည့်လိုက်ရင် သိရမှာပါ"
ထန်ရှင်လည်း မတတ်သာဘဲ လက်ထောက်ယူရှင်းဆီကို သွားလိုက်ရသည်။
နည်းနည်းလောက် စကားထပ်ပြောပြီးတော့ ချင်းယွီနေရာကနေ ထွက်လာလိုက်ပြီးတော့ တံခါးကနေ ထန်ရှင်ထွက်လာမှာကို စောင့်နေလိုက်သည်။ ၂ယောက်သားဓာတ်လှေကားစီးပြီးတော့ ပထမထပ်ကို ဆင်းသွားလိုက်သည်။
ညနက်လေပြေ....!!!
ထန်ရှင်အောက်ထပ်မှာ ရပ်ထားတဲ့ အဆင့်မြင့်အထူးသီးသန့်ကားကို တွေ့လိုက်ရတော့ အံ့အားသင့်သွားမိသည်။ ဒီကားက သူ့အကြိုက်ဆုံးကားဖြစ်ပြီး ကမ္ဘာပေါ်မှာ သုံးစီးပဲရှိတဲ့ကားလေ။
"ဘာလုပ်နေတာလဲ။ ကားထဲဝင်လေ"
"အာ ဟုတ်ကဲ့"
ထန်ရှင်ပြေးပြီးတော့ ကားတံခါးကို ဖွင့်လိုက်ပြီး ဘေးဘက်မှာ ဝင်ထိုင်လိုက်သည်။ ခဏလောက် ကြာတော့ ညနက်လေပြေကို ကားပါကင်ကနေ ထွက်ဖို့ ပြင်လိုက်သည်။
"ငြိမ်ငြိမ်ထိုင်နေနော်။ ကားကစထွက်တော့မှာ"
"ဘော့စ် ကားပြိုင်ပွဲဝင်ပြိုင်ဖို့တော့ မဟုတ်ဘူးမလားဟင်"
"စိတ်မပူပါနဲ့။ ဖြေးဖြေးပဲ မောင်းမှာပါ။ ကားရဲ့အရှိန်ကိုလည်း ဒီကနေ မင်းကြည့်လို့ရတယ်"
ချင်းယွီပြောပြီး ညနက်လေပြေရဲ့ အင်ဂျင်သံလည်း ထွက်ပေါ်လာပြီးတော့ ညနက်လေပြေလည်း လမ်းမပေါ်ကို ရောက်လာတော့တယ်။ ထန်ရှင်အော်သံနဲ့တူတူ လမ်းမပေါ်က ယာဉ်တွေကို တစ်စီးပြီး တစ်စီးကျော်တက်လိုက်သည်။ အမြန်နှုန်းကန့်သတ်ချက်ရှိတဲ့ လမ်းပေါ်ရောက်မှပဲ ညနက်လေပြေကို အရှိန်လျော့လိုက်တော့သည်။
မိနစ်၂၀လောက်ကြာတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ နာမည်ကြီး ဂျာမန် ကားအရောင်းပြခန်းရှေ့မှာ ရပ်လိုက်သည်။
"ဘော့စ် မဟုတ်မှလွဲရော ကားထပ်ဝယ်မလို့လားဟင်"
ထန်ရှင်နေရာမှာ ထိုင်ရင်းကနေ ကားရပ်တဲ့နေရာကို မြင်တော့ အံ့ဩမိသွားသည်။ ပြီးတော့ ချင်းယွီရဲ့ ကားမောင်းစွမ်းရည်ကိုလည်း လက်ဖျားခါမိသည်။
"မင်းပြောသလိုပဲ။ ဟုတ်တယ်။ ဆင်း ကားသွားကြည့်ရအောင်"
နှစ်ယောက်သားကားထဲကနေ ထွက်ပြီးတော့ ကားဆိုင်ထဲကို ဝင်ဖို့လုပ်လိုက်သည်။ ဆိုင်အဝမှာပဲ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားကို တွေ့လိုက်ရသည်။ အမျိုးသမီးကတော့ အသက်၂၀လေခညာက် ရှိတဲ့ပုံပေါ်တယ်။ ပိန်ပိန်သေးသေး၊ ပျော့ပျောင်းတဲ့ ဆံနွယ်တွေနဲ့ ဘရန်း(brand) စကပ်တိုတိုကို ဝတ်ထားသည်။ သူထန်ရှင်ကိုလည်း မြင်ရော အံ့ဩသွားပြီးတော့
"ထန်ရှင်"
ထန်ရှင် ကောင်မလေးဆီကနေ သူ့နာမည်ကိုခေါ်တဲ့အသံကြားတော့ လှမ်းကြည့်လိုက်သည်။ ပြီးတော့
"နင်...နင့်ဘေးက ဘယ်သူကြီးလဲ"
ထန်ရှင်လည်း ဘေးက လူကို လက်ညှိုးထိုးပြီးတော့ မေးလိုက်သည်။ အသက်အရွယ်ကိုကြည့်ပြီး သူ့အဖေလားလို့ မေးချင်ပေမယ့် နှစ်ယောက်လုံးရဲ့ ပုံစံကိုကြည့်ပြီးတော့ စိတ်ပြောင်းသွားသည်။
"အော် သူလား။ သူ့နာမည်က လုချောင်ချီတဲ့လေ။ ကုန်သွယ်ရေးကုမ္ပဏီက သူဌေးလေ။ တစ်နှစ်ကိုသန်းနဲ့ချီပြီး ဝင်ငွေရှိတာ။ ငါ့ကောင်လေးဆိုလည်း မမှားဘူး"
ထန်ရှင့်သူငယ်ချင်း ချိုင်ရှီရင်လည်း ဘာမှမဖုံးကွယ်ဘဲ အကုန်ပြောပြလာသည်။ ထန်ရှင်လည်း ရုတ်တရက် အရင်က ချိုင်ရှီရင်နဲ့ သူဌေးတစ်ယောက် တွဲနေတယ်ဆိုတဲ့ အကြောင်းကြားဖူးတာကို သတိရသွားသည်။ အဲ့တာဆို တကယ်ကြီးပေါ့...!
"ရှီရင် ဒါဘယ်သူလဲ"
လုချောင်ချီလည်း ထန်ရှင်ရဲ့ ဝတ်ပုံစားပုံနဲ့ ရုပ်ရည်ကို ကြည့်ပြီး သဘောကျနေမိသည်။ ထန်ရှင်က ချိုင်ရှီရင်ထပ်လည်း အများကြီးပိုလှသည်။ သူ့နားမှာ ငယ်ငယ်ချောချော ကောင်လေးတစ်ယောက် ရှိနေတာကတော့ နှမြောစရာပဲ။
"ဂျန်ယွမ် ဟိုတယ်မှာ အတူလုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ပါ။ ထန်ရှင်တဲ့လေ"
"မဂ်လာပါ မစ္စထန်"
ရုတ်တရက်ကြီး တစ်ဖက်လူကအဲ့လို ခေါ်လာတော့ ထန်ရှင်လန့်မိသွားသည်။ သူ့ရှေ့က လူကအသက်လည်းကြီးပြီး ရုပ်ရည်ကလည်း ကြည့်လို့ကောင်းတဲ့ထဲမှာပါမနေဘူးလေ။ တစ်မျိုးကြီးပဲ။
လုချောင်ချီလည်း နှုတ်ဆက်နေရင်း ချင်းယွီဘက်ကို ကြည့်လိုက်တော့ နည်းနည်း လန့်စရာကောင်းတယ်လို့ ခံစားမိလိုက်သည်။
"အာ ဟုတ်ကဲ့ မဂ်လာပါရှင့်"
ထန်ရှင်ပြန်နှုတ်ဆက်လိုက်ပြီးတော့ ချင်းယွီလက်မောင်းကို ဖက်လိုက်ပြီး
"မိတ်ဆက်ပေးရဦးမယ်။ ဒါငါ့ကောင်လေးလေ ချင်းယွီတဲ့"
"အော် နင့်ကောင်လေးလား"
ရှီရင်လည်း ထန်ရှင်ကောင်လေးဆိုတဲ့လူကို ကြည့်လိုက်ပြီး လုချောင်ချီကိုပြန်ကြည့်မိလိုက်တော့ နည်းနည်းတောင် မနာလိုဖြစ်မိသွားသည်။ ဒါပေမယ့်လည်း ပြန်ပြုံးပြလိုက်ပြီးတော့
"ထန်ရှင် နင့်ကောင်လေးက ငယ်ငယ်ချောချောလေးပဲနော်။ မိုက်လိုက်တာ။ ဒါနဲ့ ဘာအလုပ်လုပ်တာလဲ"
ချင်းယွီ ထန်ရှင်လက်ကို ကိုင်လိုက်သည်။ သူစိတ်လှုပ်ရှားနေပေမယ့် ငြိမ်အောင်ပြန်ထိန်းလိုက်နိုင်သည်။ ထန်ရှင်ဒီလိုလာလုပ်တာကလည်း သူ့အရှက်၊ သိက္ခာအတွက် လုပ်နေတာဆိုတော့....
သူဌေးတစ်ယောက်အနေနဲ့ သူ့ဝန်ထမ်းကို ကူညီပေးတာ ဖြစ်သင့်တာပဲလေ။
လုချောင်ချီလည်း ထန်ရှင်ကသူ့ကို မျက်နှာသာမပေးတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ချင်းယွီကိုလည်း မကျေနပ်တဲ့ပုံနဲ့ ကြည့်နေသည်။
"ကျွန်တော့်အလုပ်လား။ ကျွန်တော်က အလုပ်မလုပ်ပါဘူး။ ဒီတိုင်းဘဝကြီးကို ပျော်ပျော်ပဲနေနေတာ။ ကြယ်၇ပွင့်ဟိုတယ်တစ်ခုရယ်။ ပလာဇာတစ်ခုရယ်။ ဘဏ်အကောင့်ထဲ သန်းထောင်ချီရှိနေရုံပါပဲ။ သူဌေးလုလို ကုန်သွယ်ရေးကုမ္ပဏီကြီးတစ်ခုတော့ မပိုင်ဘူးပေါ့ဗျာ။ ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတော့ ကြိုးစားနေရဆဲပေါ့ဗျာ"
ချင်းယွီပြောပြီး ရယ်လိုက်သည်။ ရှီရင်သူ့ကိုအလုပ်အကြောင်း တမင်မေးမှန်း သူတကယ်သတိမထားမိဘူး။ သူ့ရှေ့က အဘိုးကြီးက ထန်ရှင်ကို သဘောကျနေတဲ့ အရိပ်အယောင်မြင်တာမို့ တမင်ပြောလိုက်ရုံပဲရှိတာ။
"ထန်ရှင် နင့်ကောင်လေးက ရယ်ရတယ်နော်"
ထန်ရှင်မပြုံးချင် ပြုံးချင်နဲ့ပြုံးပြလိုက်သည်။
"သန်းထောင်ချီရှိတယ်ဆိုတဲ့လူမျိုး နန်ဂျန်းတစ်မြို့လုံးမှာ မတွေ့ဖူးသေးဘူး။ တစ်နိုင်ငံလုံးမှာတောင် ရှိပါ့မလား။ ဟဟ။ နင်ဒီလိုကောင်လေးမျိုးရှာဖို့ မလွယ်ဘူးနော်"
လုချောင်ချီရဲ့ မျက်နှာက ချင်းယွီရဲ့ရုပ်ရည်နဲ့ သူ့လူကို ယှဉ်ကြည့်ပြီးကတည်းက စိတ်တိုချင်နေတာ။ ပြီးတော့ ခုနက ချင်းယွီ
ပြောတဲ့ ငယ်ငယ်ရွယ်ရွယ်ဆိုတဲ့စကားက သူ့ကို ရည်ရွယ်ပြီးပြောတာ မဟုတ်တာသိပေမယ့်လည်း....။
ထားလိုက်ပါ။ သူခုနက ပြောတဲ့ဟာတွေကိုလည်း ဒီတိုင်းကြွားနေတာပဲ ဖြစ်လောက်မှာပဲ။
အဲ့အချိန်မှာပဲ အရောင်းဝန်ထမ်းလေးက သူတို့ရှေ့ကို ရောက်လာပြီး နှုတ်ဆက်လာတယ်။
"ကြိုဆိုပါတယ်ရှင့်။ ကားဝယ်ဖို့လာတာလားမသိဘူး။ ဘာများကူညီပေးရမလဲ"
လုချောင်ချီလည်း ခေါင်းညိတ်ပြလိုက်ပြီးတော့ ရှီရင်လက်ကို ဆွဲကာ
"အထဲဝင်ကြရအောင်"
"ကောင်းပြီလေ။ ထန်ရှင်လာလေ။ တူတူသွားကြရအောင်"
ချင်းယွီကတော့ ပျော်စရာတစ်ခုခု ရှိနေတဲ့ပုံစံမျိုးနဲ့ ပြုံးပြလိုက်သည်။ အဲ့လိုနဲ့ လေးယောက်သား အတူတူကားကြည့်ဖို့ ထွက်လာလိုက်သည်။
အရောင်းဝန်ထမ်းမလေးက လုချောင်ချီရဲ့ပုံစံကိုကြည့်ပြီး သူကမှကားဝယ်မယ့်လူဖြစ်လောက်မယ်လို့ တွေးမိပြီး သူ့ဘေးနားမှာပဲ တစ်ဝဲဝဲတလည်လည် လုပ်နေသည်။
"ဆရာ ဘယ်လိုကားမျိုးကို ကြည့်ချင်လဲမသိဘူးရှင့်။ စိတ်ကြိုက်တွေးထားတဲ့ပုံစံများ ရှိလားမသိဘူးရှင့်"
"ဒီနေ့ဒီကိုလာတာ သူလေးဖို့ ကားလာဝယ်ပေးတာလေ။ အဲ့တော့သူ့စိတ်ကြိုက်ကိုပဲ မေးလိုက်ပါ။ဒီနေ့ ကိုယ့်အလုပ်က သူရွေးတဲ့ကားကို ရှင်းပေးဖို့ပဲ"
"အာ~ ကောကော။ ကောကအရမ်း သဘောကောင်းတာပဲ။ အဲ့တာဆို ရှီရင် အားမနာတော့ဘူးနော်။ အာ ထန်ရှင်နင်လည်း ဒီလာတာ ကားဝယ်ဖို့ပဲ မလား။ နင်ဝယ်ဖို့ လာဝယ်တာလား။ နင့်ကောင်လေးက နင့်ဖို့ဝယ်ပေးဖို့လာတာလား။ ဟင်…”