← Chapters

တောက်လီတောင်မှ လမ်းစဉ် လာရောက်ရှာဖွေခြင်း

Vol. 012 Ch. 1116

တောက်လီတောင်မှ လမ်းစဉ် လာရောက်ရှာဖွေခြင်း

Vol. 012 Ch. 1116

တောက်လီတောင်မှ လူအများအပြား ရောက်လာခဲ့ကာ ဦးဆောင်လာသူသည် အလွန်အားကောင်းသော ကိုယ်ရောင်ကိုယ် ရှိ၏။ သူတို့က အထူး ဧည့်သည်တော်များ အတွက် နေရာသို့ ရောက်လာကာ ဦးညွှတ်ကြသည် … “အရှင့်သား …”

“ဒီနေ့ ခင်ဗျားတို့က လက်ရည်စမ်းပွဲမှာ ဝင်နွှဲဖို့ ရောက်လာကြတယ်။ ကျုပ်တို့ကတော့ လာကြည့်တာဖြစ်လို့ သိပ်အလေးထားဖို့ မလိုဘူး” လီစွမ်းက ပြုံးလျက် ပြောသည်။

တာလီကျောင်းတော်နှင့် တောက်လီတောင်ကုန်းတို့သည် တာလီပြည်ထောင်တွင် အင်အားအကြီးဆုံး တော်ဝင်မြေနှစ်ခု ဖြစ်သည်။ သူကလည်း တော်ဝင်နှစ်ခုအကြား လူငယ်များ၏ လက်ရည်ကို ကြည့်လိုပေသည်။

ထိုအခိုက်တွင် လီစွမ်း၏အကြည့်သည် လူအုပ်ထဲတွင် ရပ်နေသော လူငယ်တစ်ယောက်ထံသို့ ရောက်သွားသည်။ သူကား မားမတ်စွာ ရပ်လျက် ရှေ့သို့ တည်ငြိမ်စွာ ကြည့်နေသည်။ သူ၏ ကြည်လင်တောက်ပသော မျက်လုံးများထဲ မည်သည့်ခံစားချက်မှ မတွေ့ရဘဲ ရေပြင်အလား တည်ငြိမ်နေ၏။ သို့သော်လည်း လူအများက သူ့အား သတိထားမိကြသည်သာ။ အချို့သောလူများကား လူအများထဲတွင် ရှိနေလျှင်ပင် အားလုံးက သတိထားမိရလောက်သော အရည်အသွေးများ ရှိနေတတ်ပေသည်။

တောက်လီတောင်ကုန်းမှ တိဟောက်သည် တာလီပြည်ထောင်တွင် ရှန့်ထို အဆင့်အောက်၌ အတော်ဆုံးအဖြစ် သတ်မှတ်ခံထားရသည်။ သူကား ရှန့်ထိုအဆင့်သို့ ရောက်လုနီးပါးလည်း ဖြစ်၏။

“တောက်လီတောင်ကုန်းက တာလီကျောင်းတော်က ညီအစ်ကိုများကို နှုတ်ဆက်ပါတယ်” တောက်လီတောင်ကုန်းက တာလီကျောင်းတော်ကို လာရောက် စိန်ခေါ်ခြင်း ဖြစ်သည့်တိုင် သူတို့က ယှဉ်ကျေးစွာ နှုတ်ဆက်ကြသည်။ သူတို့ထံတွင် မောက်မာသော ဟန်ပင်များ တစိုးတစဉ်းမျှပင် မတွေ့ရပေ။ သူတို့က သည်နေရာသို့ အလည်အပတ် ရောက်လာသည့် ပုံစံအလား …။

“ကျေးဇူးပြုလို့ ထိုင်ကြပါ” ရန်ယွင်က တောက်လီတောင်ကုန်းမှ တန်ခိုးရှင်များအား ပြောသည်။ တောက်လီတောင်ကုန်းမှ အကြီးအကဲများက နေရာများတွင် ထိုင်ကြသော်လည်း လူငယ်များက သူတို့အကြီးအကဲများ၏ နောက်တွင်သာ ရပ်ကြသည်။

“နန်းတွင်းအကြံပေး ရောက်လာပြီ” လီစွမ်းက ပြောသည်။ အဝေးမှ နောက်ထပ် လူတစ်စု လှမ်းလာသည်ကို သူတို့ မြင်ကြပေသည်။ ရီဖူရှင်းကလည်း လှမ်းကြည့်၏။ ထိုအုပ်စုထဲတွင် လုချွန်ကိုလည်း သူမြင်သည်။ သို့သော်လည်း သည်တစ်ကြိမ်တွင် လုချွန်သည် တစ်စုံတစ်ယောက်၏ နောက်တွင် ရပ်နေသည်။ သူကား အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူကြီးတစ်ဦး ဖြစ်၏။ သူ၏မျက်နှာသည် လေးထောင့်ကျပြီး ကြီးမြတ်သော ကိုယ်ရောင်ကိုယ်ဝါ မရှိသော်လည်း ထိုအခြင်းအရာကပင် သူ့အား တည်ငြိမ်အေးဆေးသော လူတစ်ယောက် ဖြစ်စေဟန်ရသည်။ သူ့ထံတွင် မည်သည့် ကိုယ်ရောက်ကိုယ်ဝါမှ မတွေ့ရသော်လည်း အားကောင်းသော စိတ်ဝိညာဉ်အား လူတိုင်းက ခံစားရသည်။

လီယောင်နှင့် လီစွမ်းတို့အပါအဝင် ထိုင်နေကြသူများ အားလုံးက ထရပ်ကြသည်။ သူတို့အားလုံးက နန်းတွင်း အကြံပေးအား ဦးညွှတ်ကြသည်။ တာလီကျောင်းတော်နှင့် တောက်လီတောင်တို့ သည်လည်း ထိုနည်းတူ ပြုမူကြ၏။ အားလုံးက လေးစားစွာဖြင့် ခေါ်ကြသည် … “နန်းတွင်းအကြံပေး…”

သူ့အား သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ နန်းတွင်း အကြံပေးသည် တာလီပြည်ထောင်အတွက် သူ့ဘဝအား မြှုပ်နှံထားသူဖြစ်ကြောင်း ဝန်ခံရပေမည်။ သူသည် တာလီပြည်ထောင်တွင် အင်ပါယာပြီးလျှင် အမြင့်ဆုံးသော အဆင့်အတန်းအား ပိုင်ဆိုင်ပြီး တာလီပြည်ထောင်၏ မရေမတွက်နိုင်သော ထိပ်သီးပုဂ္ဂိုလ်များမှာ တာလီကျောင်းတော်၏ တပည့်များ ဖြစ်ကြသည်။ သူကား နတ္ထိဘုံတိုက်ပွဲကိုပင် တာဝန်ယူ ကြီးကြပ်ခွင့်ရ၏။

သူက တာလီကျောင်းတော်သို့ မရောက်မီကလည်းက နန်းတွင်း အကြံပေးနှင့်ပတ်သက်၍ ရီဖူရှင်းသည် များစွာ ကြားဖူးပေသည်။ သူကား အင်ပါယာရှားဘုံသို့ အထိ နာမည်ဂုဏ်သတင်း ကြီးမားသူဖြစ်၏။

သူ့အား မြင်တွေ့လျင် တာလီပြည်ထောင်၏ မင်းသား၊ မင်းသမီးများပင် ဦးညွှတ်ရပေသည်။ ဘုရင်ခံထန်တောက် အိမ်တော်မှ လူများသည် နန်းတွင်း အကြံပေးနှင့် မတည့်သော်လည်း သူတို့က သူ့အား မြင်တွေ့လျှင် လေးစားမှုကို ပြသရပေသည်။

သည်အရာကပင် တာလီပြည်ထောင် နန်းတွင်း အကြံပေးအပေါ်  သူ၏အမြင်ဖြစ်သည်။ သည်လူက မည်သို့သော လူစားမျိုးဖြစ်မည်ကို ရီဖူရှင်းက စိတ်ဝင်စားခဲ့၏။ သူ၏ဘေးတွင် ရှိနေသူများသာ သည်လူနှင့်ပတ်သက်၍ အမှန်တကယ် သိနားလည်လောက် ပေသည်။

နန်းတွင်းအကြံပေးက သူ့နေရာထံသို့ လျှောက်သွားကာ လီစွမ်းအား အနည်းငယ် ဦးညွှတ်လျက် ပြောသည် … “ကျုပ် ထိုင်လို့ရမလား … အရှင့်သား”

“ထိုင်ပါ …” လီစွမ်းက ယဉ်ကျေးစွာ ပြောသည်။ နန်းတွင်း အကြံပေးကား ပင်မနေရာတွင်ဖြစ်ကာ လီစွမ်းတို့က ဘေးမှ နေရာများ၌သာ နေရာယူထား ကြသည်။

သူ ထိုင်ပြီးသည်နှင့် နန်းတွင်းအကြံပေးက ကြီးမားသော လူအုပ်ကြီးအား ကြည့်သည်။ အကြည့် တစ်ချက်မျှသာ ဖြစ်သော်လည်း အားလုံးကို ထူးဆန်းသော ခံစားချက်ပေးသည်။ သူက လူတိုင်းကို ကြည့်နေသည်ဟူသော ခံစားချက်ဖြစ်သည်။ အားလုံးက တူညီသော ခံစားချက်ကို ရကြကာ ရီဖူရှင်းသည်လည်း ခြွင်းချက် မရှိပေ။

“တာလီပြည်ထောင်မှာ တော်ဝင်မြေတွေ အများကြီးပဲ။ ဒါပေမဲ့ အချင်းချင်း ထိတွေ့ ဆက်ဆံမှုကတော့ နည်းပါးတယ်။ ဒီနေ့ တောက်လီတောင်က လမ်းစဉ်ကို လာရောက် ရှာဖွေတာဟာ ကောင်းတဲ့ကိစ္စပဲ။ ဒါကြောင့် ကျုပ်က နန်းမြို့တော်က အင်အားစုတွေနဲ့ ဓားတောင်ကုန်းတို့ကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့တာပဲ” နန်းတွင်းအကြံပေးက ဆက်ပြောသည် … “လူအများစု အတွက်တော့ ကျင့်ကြံခြင်းဟာ အကန့်အသတ် တစ်ခုကို ရောက်သွားရင် ရှေ့ဆက်ဖို့ ခက်ခဲသွားလေ့ရှိတယ်။ တဖြည်းဖြည်းနဲ့ ဂျူနီယာတွေက သူတို့အဆင့်သို့ ရောက်လာမယ့်နေ့ကို စောင့်နေရတယ်။ ဒါပေမဲ့လည်း ဂျူနီယာတွေက သူတို့ရဲ့ အကြီးအကဲတွေကို တစ်နေ့မှာ ကျော်ဖြတ်နိုင်ဖို့ ကျုပ်မျှော်လင့်တယ်။ တာလီပြည်ထောင်က လူတစ်ယောက် အနေနဲ့ တာလီပြည်ထောင်ရဲ့ အတော်ဆုံး တပည့်တွေ တစ်နေရာတည်းမှာ စုစည်းနေကြတာကို မြင်ရတာ ကျုပ်စိတ်ကို လှုပ်ရှားစေတယ်။ နောက်လည်း ဆက်ပြီးတော့ ဒီလို လက်ရည် လာစမ်းစေချင်တယ်။ မင်းတို့ အချင်းချင်း လက်ရည်စမ်းတဲ့အခါ အချင်းချင်းရဲ့ အားနည်းချက်ကို သိနိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပြင်ဆင်ပြီး ပိုကောင်းမွန်အောင် လေ့ကျင့်နိုင်တယ်။ ဒီနေ့ ကျုပ်က လက်ရည်စမ်းပွဲမှာ တပည့်တစ်ယောက် ရွေးချယ်ဖို့ ရှိတယ်။ မှန်တယ် … သူက မလိုလားဘူး ဆိုရင်လည်း ကျုပ်က အတင်း မတိုက်တွန်းလိုဘူး။ အခုအချိန်ကတော့ မင်းတို့တွေ အတွက်ပဲ …” ထို့နောက် သူက ဆက်မပြောတော့။

အမှန်တကယ်အားဖြင့် တာလီကျောင်းတော်နှင့် တောက်လီ တောင်ကုန်းတို့ အားလုံးမှာ ထူးချွန်သူများ ဖြစ်ကြ၏။ သူတို့၏ အကြီးအကဲများ လုပ်ပေးစရာ၊ စိုးရိမ်ပူပန်စရာ မလိုသော ကိစ္စရပ်များ အများအပြား ရှိသည်။ သည်နေရာတွင် သူတို့အတွက် တစ်ခုတည်းသော လုပ်စရာကား စောင့်ကြည့် အကဲဖြတ်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် သူတို့၏တပည့်များသည် ကိုယ်တိုင် နားလည် သဘောပေါက် နိုင်ကြပေသည်။

ထိုအခိုက်တွင် တောက်လီတောင်အုပ်စုမှ လူတစ်ယောက် ရှေ့သို့ ထွက်လာသည်။ သူ၏မျက်နှာတွင် တင်းမာသော အမူအရာတစ်ခု ရှိသည်။ သူကား တိဟောက်ထက်ပင် အန္တရာယ်များဟန် ရ၏။ သူ့မျက်လုံးများသည် ဓားသွားများအလား စူးရှကာ သူ့ထံမှ ထွက်ပေါ်လာနေသော ဖိအားတစ်ခုလည်း ရှိနေသည်။ သူက လေကဓာတ်ကို ထုတ်လွှတ်လျှင် တခြားလူများက သူသည် အဆင့်နိမ့်ရှီတန်ခိုးရှင် တစ်ဦးဟုသာ ခံစားရသည်။ သို့သော်လည်း သူကား ထိုအဆင့်၏ အမြင့်ဆုံးတွင် ရှိနေသည်။

“တောက်လီတောင်က ကောင်းရှောင်ပါ … ကျုပ်မှာ နာမည်ရင်းမရှိဘူး။ ကျုပ်ကို စစ်မြေပြင်မှာပဲ ကောက်ယူ မွေးစားခဲ့ပြီးတော့ ဘုရင်ခံက ဒီနာမည်ကို ပေးခဲ့တာပဲ။ ကျုပ်ဘဝမှာ ကျင့်ကြံတာနဲ့ တိုက်ခိုက်တာကလွဲပြီး တခြားမရှိဘူး။ ကျုပ်က စစ်မြေပြင်မှာ မရေမတွက်နိုင်တဲ့ လူတွေကို သတ်ခဲ့ဖူးတယ်။ တာလီကျောင်းတော်က တပည့်တွေကတော့ အေးအေးဆေးဆေးနဲ့ ကျင့်ကြံပြီးတော့ အကောင်းဆုံး အထောက်အပံ့တွေကို ရကြတယ်။ ဒီနေ့ ကျုပ်က တာလီကျောင်းတော်က တပည့်တွေရဲ့ အရည်အချင်းတွေကို စမ်းကြည့်ချင်ပါတယ်” ကောင်းရှောင်၏ ခိုင်မာသော စိတ်ဓာတ်အား သူ၏လေသံထဲတွင် တွေ့နိုင်သည်။ သူ့ထံမှ ထွက်လာနေသော ကိုယ်ရောင်ကိုယ်ဝါ များသည် လွန်စွာ ပြင်းထန်၏။

တောက်လီတောင်နှင့် မတူသည်မှာ တာလီကျောင်းတော်ကား နန်းမြို့တော်တွင် တည်ရှိခြင်းပင်။ ထို့ကြောင့် တာလီကျောင်းတော်သည် အင်ပါယာ၏ ထောက်ပံ့မှုကို အပြည့်အဝရရှိကာ အများစုကလည်း တာလီကျောင်းတော်ကိုသာ အလေးထား ရွေးချယ်ကြပေသည်။ နှိုင်းယှဉ်ရလျှင် အနောက်ဘက်ဒေသမှ တောက်လီတောင်ကုန်းကား စစ်မြေပြင်မှ အပ တခြားသော အခွင့်အလမ်းကောင်းများ ရှားပါးပေသည်။ သူတို့အတွက် စစ်မြေပြင်သည်သာ ရွေးချယ်ရာ ဖြစ်၏။ သူတို့၏နာမည်ကိုလည်း လူသိရန် ခက်ခဲပေသည်။ လက်ရှိတွင် တိဟောက်၏ နာမည်ကိုသာ လူအများက သတိထားမိကြပေသည်။

ကောင်းရှောင်က တာလီကျောင်းတော်အား မေးခွန်းထုတ်ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် တောက်လီတောင်ကုန်းမှ တပည့်၏ သဘောထားသည် ဘုရင်ခံထန်တောက်၏ သဘောထားလည်း ဖြစ်ပေသည်။

လီစွမ်းက ကောင်းရှောင်အား ကြည့်သည်။ သူ၏ဦးရီးတော်ကား တစ်စုံတစ်ခုအား သက်သေပြလိုဟန် ရှိသည်။ တာလီကျောင်းတော်မှ လူများ အချင်းချင်း တီးတိုးပြောဆိုနေသော အချိန်တွင် လူအုပ်ထဲမှ တန်ခိုးရှင်တစ်ဦး ထွက်လာသည်။

“အဲဒါ ချင်းချန်ပဲ … သူက တာလီကျောင်းတော်မှာ အတော်ဆုံး မှော်ဂီတပညာရှင်လို့ ပြောကြတယ်” လီယူက ရီဖူရှင်းအား ပြောသည်။ တာလီကျောင်းတော်တွင် အတန်းအစား မျိုးစုံသော တန်ခိုးရှင်များ ရှိကြပေသည်။ ချင်းချန်ကား ရှီအဆင့်၌ အတော်ဆုံး မှော်ဂီတပညာရှင် ဖြစ်သည်။

သူက ရှေ့သို့ ထွက်လိုက်ပြီးနောက် လူအုပ်အား အရိုအသေ တစ်ချက်ပေးကာ ကောင်းရှောင်အား ပြောသည် … “လမ်းစဉ်ဆိုတာ ရှည်လျားတယ်။ လူတစ်ယောက်အတွက် အားနည်းချက် ဆိုတာထက် သင့်တော်ခြင်း မသင့်တော်ခြင်းပဲ ရှိတယ်။ စာဖတ်ခြင်းဟာလည်း ကျင့်ကြံခြင်းဖြစ်သလို လူသတ်တာဟာလည်း ကျင့်ကြံခြင်း တစ်မျိုးပဲ။ ပိုကောင်းတယ်ဆိုတဲ့ နှိုင်းယှဉ်မှုဟာ တကယ်တမ်းမှာ မလိုအပ်ဘူး။ ကျုပ်တို့က တာလီကျောင်းတော်ကို တက်လို့ ပိုကောင်းတဲ့ အထောက်အပံ့တွေ ရနေတာမဟုတ်ဘူး။ တကယ်လို့ တာလီပြည်ထောင်က ကျုပ်တို့ကို လိုအပ်ရင် ကျုပ်တို့ဟာလည်း စစ်မြေပြင်ကို သွားနိုင်တယ်။ ဥပမာ ပြီးခဲ့တဲ့နှစ်က အစ်ကိုယွင်ကျင်းဟာ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်”

အားလုံးက ခေါင်းညိတ်ကြသည်။ ချင်းချန်ပြောသည်က ယုတ္တိရှိပေသည်။

“ကျင့်ကြံခြင်းမှာ ကွာဟချက်မရှိဘူး၊ ပိုကောင်းတာ မရှိဘူးလို့ မင်းပြောတယ်။ ဒါပေမဲ့ ရှိနေတယ် …” ပြောရင်းဆိုရင်း ကောင်းရှောင်ထံမှ ရုန့်ရင်းကြမ်းတမ်းသော အရှိန်အဝါများ ထွက်ပေါ်လာနေသည်။

ချင်းချန်က ခေါင်းညိတ်သည် … “စရအောင် …” သူက ပြောကာ မြေပြင်တွင် ထိုင်လိုက်လျှင် ကု့ချင်းဝိညာဉ်က သူ၏ရှေ့၌ ပေါ်လာသည်။ သံစဉ် ထွက်ပေါ်လာလျှင် နွေးထွေးကာ သာယာနာပျော်ဖွယ် ဂီတသံသည် လူသားတို့၏ဒေါသနှင့် အမိုက်မှောင်ကိုပင် ရှင်းလင်းဖယ်ရှားကာ တည်ငြိမ်စေနိုင်ဟန် ရ၏။

ကောင်းရှောင်၏ သက်စောင့်ဝိညာဉ် မွေးဖွားလာခဲ့လျှင် သူ့ရှေ့တွင် ဧရာမသတ္တဝါဆန်းကြီး တစ်ကောင် ပေါ်လာသည်။ ထိုသတ္တဝါဆန်းကား တောက်ဝူသားရဲဖြစ်သည်။

တိုက်ပွဲကွင်းပြင် တစ်ခုလုံးအား ပြင်းထန်သော ဖိအားတစ်ခု ရိုက်ခတ်လာခဲ့သည်။ ကောင်းရှောင်က ရှေ့သို့ တစ်လှမ်းတက်လိုက်လျှင် မြေပြင်သည် ကြီးစွာ တုန်ခါ၏။ သူကား တောက်ဝူသားရဲနှင့် တစ်သားတည်း ဖြစ်သွားဟန်ရကာ သားရိုင်း တစ်ကောင်အလား ချင်ချန်းထံသို့ တစ်ဟုန်ထိုး ပြေးလာသည်။

ချင်းချန်က ကု့ချင်းကို ဆက်လက်တီးခတ်လျှင် သံစဉ်သည် ကောင်းကင်နှင့် မြေပြင်တို့ဖြင့် ဆက်လက်၍ ပေါင်းစပ်သည်။ ရုတ်တရက် မမြင်ရသော အားလှိုင်းသည် အရာအားလုံးကို ထွင်းဖောက်သွားကာ ကောင်းရှောင်ထံသို့ ရိုက်ခတ်သွား၏။

သံစဉ်ကို နားထောင်မိလျှင် ရီဖူရှင်းက လောကဓာတ်များသည်ပင် သက်ရောက်ခံရသည်ဟု ခံစားရသည်။ ကြည့်ရသည်မှာ ပတ်ဝန်းကျင် တစ်ခုလုံးသည် သံစဉ်၏အလိုကိုလိုက်၍ ရွေ့လျား ပြောင်းလဲဟန် ရသည်။ ဘေးမှာ ကြည့်နေကြသူများပင် သံစဉ်၏လွှမ်းမိုးမှုကို ခံစားကြရသည်။

“ကောင်းရှောင် ရှုံးဖို့များတယ်” ရီဖူရှင်းက တွေးသည်။ သူကား ရုန့်ရမ်းကြမ်းတမ်းသော်လည်း ချင်းချန်၏သံစဉ်က သူ့အား ထိန်းချုပ်နိုင်ပေသည်။ ထို့အပြင် တာလီကျောင်းတော်၏ တပည့်က လောကဓာတ်ကို အသုံးပြုရာတွင် သေချာပေါက် အားနည်းမည် မဟုတ်ပေ။

မကြာမီ သံစဉ်များနှင့်အတူ နှင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ အပူရှိန်သည် မြန်ဆန်စွာ လျော့ကျလာခဲ့ကာ ပြိုင်ဘက်ထံသို့ လှိုင်းများ ရိုက်ခတ်လာခဲ့သည်။ ထိုနေရာတစ်ခုလုံး ပင်လယ်ပြင်အလား မုန်တိုင်းထင်လာခဲ့ကာ ရေအချုပ်ထောင် တစ်ခုအလား ကောင်းရှောင်၏ လှုပ်ရှားမှုကို ကန့်သတ်ခဲ့သည်။

ကောင်းရှောင် ထွက်လာသည်နှင့် တာလီကျောင်းတော်၏ တပည့်က သူသည် အနီးကပ် တိုက်ခိုက်ခြင်း၌ အားကောင်းမည်ကို ကြိုတင် ခန့်မှန်းထားမိဟန် ရသည်။

***

All Chapters