အတွဲညီနေမှု
Vol. 23 Ch. 309
ရေကန်ထဲရှိ ရေထဲတွင်ပင် မြူခိုးများနှင့် ပြည့်နှက်နေခဲ့သည်။
ဇူယွမ်မှ သူ၏ ရွှေရောင်မူလချီများကို အသုံးပြုလျက် ရေထုကို ဖြတ်သန်းကာ တစ်ဟုန်ထိုးသွားနေခဲ့သည်။ ထန်ထန်က သူ့ပခုံးပေါ်တွင် လဲလျောင်းနေခဲ့ပြီး ပျင်းရိနေသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေခဲ့သည်။
ဇူယွမ်က ယုံကြည်မှုအပြည့်ဖြင့် အရှေ့သို့ ဆက်လက်သွားနေခဲ့ပြီး ရေနေသားရဲများကြောင့် နောက်တစ်ခေါက် ပြန်လည် ထွက်ပြေးရမည်ကို မစိုးရိမ်တော့ချေ။
“ခဏနေ သူတို့နဲ့ ကြုံရလို့ရှိရင် ငါအရင် ကြိုးစားကြည့်မယ်။ ငါမကိုင်တွယ်နိုင်တော့ဘူး ဆိုရင်တော့ မင်းအလှည့်ပဲ” အနုပညာပုံစုံ ကောင်းကင်ဘုံ ယွမ်စုတ်တံကို ကျွမ်းကျင်စွာ လှည့်ပတ်ကစားနေသော ဇူယွမ်ပြုံးကာ ပြောလိုက်သည်။
ထန်ထန်က သူ့အား အထင်အမြင်သေးစွာဖြင့် ကြည့်နေခဲ့သည်။ ၎င်း၏ ဟန်ပန်အမူအရာမှာ ခန့်ညားနေခဲ့ပြီး မင်းက ငါအတွက် သောက်ရမ်းမာတဲ့ အရိုးကိုပဲ ချန်ထားမည်ပေါ့ဟု ပြောနေသယောင် …
“သူတို့လာနေတာ အရမ်းကို မြန်လွန်းတယ်”
ဇူယွမ်က ထန်ထန်နှင့် ငြင်းခုံမနေတော့ပဲ သူ၏ခေါင်းကိုမော့ကာ အရှေ့သို့ လှမ်းကြည့်လိုက်ပြီးနောက် သူ၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားတော့သည်။ ရေထဲတွင် လှိုင်းများထနေခဲ့ပြီး များစွာသော သားရဲများ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာခဲ့လေသည်။
ထိုကြည်လင်နေသော အကောင်များ၏ မျက်လုံးများတွင် အလိုရမ္မက်နှင့် ဆာလောင်မှုများ တောက်လောင်နေပေသည်။
ဝမ်းခေါင်းမှ အသံကြီးများ ထွက်ပေါ်လာပြန်သည်။
ရေနေသားရဲများ၏ ပါးစပ်မှ ပူဖောင်းများ ထပ်မံ မြင့်တက်လာခဲ့သည်။ တစ်ခဏအကြာတွင် ရေကန်ထဲရှိ ရေထုမှာ တုန်ခါသွားပြီး ထိုအကောင်ကြီးများက ဇူယွမ်ထံသို့ ရူးသွပ်စွာ တိုးဝင်လာကြသည်။
“ဒီအုပ်စုက ကောင်တွေက ပေနှစ်ရာပဲ ရှိသေးတဲ့ ရေသားရဲတွေပဲ” ဇူယွမ်က အေးစက်စက် ရယ်မောလိုက်ပြီးနောက် ရွှေရောင်မူလချီများက သူ၏ ခန္ဓာကိုယ်မှ ပိုမို မြင့်တက်လာခဲ့ပြီး ဇူယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ယှက်သိုင်းသွားခဲ့သည်။
ဝရုန်း …
သူ၏ပုံရိပ်က အရှေ့သို့ တက်သွားခဲ့ပြီး သူလက်ထဲမှ နှင်းဖြူရောင် အမျှင်များက အန္တရယ်ရှိစွာပင် အရှေ့သို့ တိုးထွက်လာခဲ့သည်။ ထို့နောက် များစွာသော ရေနေသားရဲများဆီသို့ တိုးဝင်သွားခဲ့သည်။
ထပ် … ထပ် …
ရေများမှာ ကြမ်းတမ်းစွာ တုန်ခါနေခဲ့ပြီး အင်အားပြည့်ဝလှသည့် အင်းအားတစ်ခု၏ ထိုးခွင်းခံရမှုကြောင့် ရေထဲတွင် လေဟာနယ်များပါ ဖြစ်ပေါ်လာခဲ့သည်။
ဇူယွမ်က ရေနေသားရဲအုပ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး သူ၏ တိုက်ခိုက်မှုများမှာ သေစေနိုင်လောက်သော စွမ်းအား အပြည့်ပါရှိပေသည်။ စုတ်ချက် တစ်ချက်စီတိုင်းက ရေသားရဲတစ်ကောင်ကို ဖောက်ထွင်းသွားလျက် ရှိသည်။
တိုက်ပွဲက မိနစ်အချို့အကြာတွင် ပြီးဆုံးသွားခဲ့ပြီး ရေထဲတွင် ရွှေရောင်မူလနဂါး အဆီအနှစ် သလင်းကျောက်များသာ ကျန်ရှိနေခဲ့တော့သည်။ သူတို့ထဲမှ တစ်ဝက်ကို သူ၏ လက်မောင်းအိုးအတွင်းသို့ ထည့်သွင်းလိုက်ပြီး တစ်ဝက်ကို ထန်ထန်ဆီသို့ ပစ်ပေးလိုက်သည်။
ထန်ထန်က ပါးစပ်ဟလိုက်ပြီး အားလုံးကို တစ်လုတ်တည်းဖြင့် မျိုချလိုက်ကာ သူ၏ မျက်လုံးတွင် ကျေနပ်နှစ်သိမ့်မှုများ ပေါ်လာခဲ့သည်။
လူနှင့်သားရဲတို့ သူတို့၏ ရုပ်သိမ်းမှုအား ကျေနပ်နေစဉ်အတွင်းတွင် ဘက်ပေါင်းစုံမှ ကြီးမားသော ရေနေသားရဲကြီးများက သူတို့ထံသို့ ဦးတည် ကူးခပ်လာသည်ကို မြင်လိုက်ရသောကြောင့် ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။
သည်ဒါဇင်ချီသော သားရဲအုပ်များ၏ ထိပ်ဆုံးတွင် ရှိနေသော အကောင်များမှာ ပေငါးရာသို့ ရောက်ရှိနေခဲ့ကြပြီး ဖြစ်သည်။
ထိုပမာဏက အစောပိုင်း သူ့အားလိုက်ဖမ်းခဲ့ကြသော ပမာဏထက် များပေသည်။
သို့သော်လည်း သည်တစ်ကြိမ်တွင် ဇူယွမ်က ထွက်ပြေးခြင်း မရှိတော့ပေ။ သူ၏ပခုံးပေါ်တွင် ရှိနေသည့် ထန်ထန်ကိုသာ လှမ်းပုတ်ကာ ပြောလိုက်သည် “ဟေ့၊ မင်းစားသောက်ပြီးပြီဆိုတော့ အလုပ်လုပ်ရမဲ့အချိန် ရောက်ပြီ”
သူ၏ ပခုံးပေါ်တွင် ရှိနေသော ထန်ထန်က သူတို့အနားသို့ တဖြည်းဖြည်း တိုးကပ်လာသော ကြီးမားသည့် ရေနေသားရဲကြီးများကို ကြည့်ကာ ပျင်းရိစွာ သမ်းဝေလိုက်၏။ ထို့နောက် သူက ဇူယွမ်၏ရှေ့သို့ ခုန်ထွက်လိုက်သည်။
သူပတ်ပတ်လည်ရှိ ရေများက တဖြည်းဖြည်း ဆူပွက်လာခဲ့သည်။
ကြောက်မက်ဖွယ် ကောင်းသော မူလချီများကလည်း ဖြည်းဖြည်းချင်း သူ၏ ခန္ဓာကိုယ်မှ ပြန်ထွက်လာခဲ့သည်။
၎င်း၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး ခွေးပေါက်လေးနှင့်တူသော သတ္တဝါငယ်လေး အဖြစ်မှ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ် ကောင်းသော ရွှေရောင်ကြေးခွံ အကာအကွယ်များနှင့် သားရဲကြီးတစ်ကောင် အသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုပုံသဏ္ဌာန်သို့ ထန်ထန် ပြောင်းလဲသွားချိန်တွင် အနားရှိ ရေနေသားရဲများမှာ ဖိနှိပ်ခံလိုက်ရပြီး အေးခဲ တောင့်တင်းသွားလေသည်။ ထိုအကောင်များသည် မူလသားရဲများ မဟုတ်ဘဲ နဂါးချီများမှ မွေးဖွားလာကြသည်များ ဖြစ်သည့်တိုင် ထန်ထန်၏ ထိအားကို ရှောင်လွှဲနိုင်ခြင်း မရှိကြသေးပေ။
ထိုအရာက သေးနုပ်နိမ့်ကျသော ဘဝမှသူများက ကြီးမြတ်သော သူများနှင့် တွေ့သော အချိန်တွင် စိုးရိမ်ပူပန်မှုများကို ခံစားရသည်နှင့် တူပေသည်။
ပေးငါးရာကျော်ရှိသော ဒါဇင်ချီသည့် သားရဲကြီးများသည် စတင်ပြီး ဂနာမငြိမ်ဖြစ်ကာ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်လာကြသည်။ သို့သော်လည်း သူတို့က ဇူယွမ်၏ ကိုယ်ပေါ်သို့ လှမ်းကြည့်လိုက်ကြသည်။ ဇူယွမ်ထံမှ ထွက်ပေါ်နေသော မူလချီများက သူတို့အား ဆွဲဆောင် လွန်းနေပေသည်။
ထိုအရာက သူတို့အား ထန်ထန်ထံမှ ခံနေရသော ဖိအားများကို ကျော်လွန်ကာ သူတို့ကို ဆွဲဆောင်နေပေသည်။
ဝမ်းခေါင်းသံများ ထွက်ပေါ်လာခဲ့သည် …
ထို့နောက် များစွာသော ရေနေသားရဲများက အော်မြည်လျက် သူတို့၏ အရိပ်များက ဘွားခနဲ ပေါ်လာခဲ့သည်။ ကြမ်တမ်းသော မူလချီများက သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီ ကြီးမားသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာခဲ့သည်။
ထန်ထန်က ထိုအကောင်များကို ကြည့်နေခဲ့ပြီးနောက် ရေထုကို ဖြတ်သန်းက အရှေ့သို့ တက်လှမ်းလိုက်သည်။ ထို့နောက် သူ၏ပါးစပ်ကို ဟလိုက်လျှင် ထူးခြားဆန်းကြယ်သော အနက်ရောင် အလင်းတန်းများက ထိုထဲမှာ ထွက်ပေါ်လာခဲ့သည်။
အနက်ရောင် အလင်းများသည် ကြိုးမျှဉ်များသဖွယ် စုစည်းလာခဲ့ပြီး နောက်ဆုံးတွင် ပေတစ်ဝက်ခန့်ရှိ အနက်ရောင် ဘောလုံးအသွင် ဖြစ်ပေါ်၍ လာခဲ့သည်။
ထိုအနက်ရောင် ဘောလုံးပေါ်တွင် အနက်ရောင်အလင်းများမှ အပ မည်သည့်အလင်းတန်းမျှ တောက်ပနေခြင်း မရှိပေ။ ထိုအနက်ရောင် ဘောလုံးပေါ်သို့ ကျဆင်းလာသော မည်သည့် အလင်းမဆို ထိုအနက်ရောင် အလင်းတန်းများ၏ ချက်ချင်း ဖျက်ဆီးခြင်းကို ခံရမည်သာဖြစ်သည်။ ထိုအရာက မည်သူမှ ထိတွေ့ဖို့ရန် မရဲလောက်အောင် အထိကို အန္တရာယ်ပေးစွမ်းလေသည်။
ဝူး ...
ထန်ထန်က ရုတ်တရက် ခေါင်းကိုယမ်းလိုက်သည်နှင့် ပေတစ်ဝက်သာသာသာ ရှိသော အနက်ရောင် ဘောလုံးမှာ အရှေ့သို့ တစ်ဟုန်တိုး လွင့်စဉ်သွားခဲ့ပြီးနောက် ဒါဇင်ထက် ပိုများသော ပေငါးရာ အရွယ်ရှိသည့် ရေနေသားရဲများဆီသို့ တိုးဝင်သွားတော့သည်။
ဘန်း ...
ထိုဘောလုံးလေးမျာ အလွန်အမင်း လျင်မြန်လှပြီး လေဟာနယ်အချို့ကိုပင် ဆုတ်ဖြဲသွားကာ ပေငါးရာကျော် အရှည်ရှိသည့် ဒါဇင်ချီသော သားရဲများ၏ အလယ်ဗဟိုတွင် ပြန်လည်ပေါ်လာခဲ့သည်။ ထို့နောက် ကြမ်းတမ်းသော အားလှိုင်းများမှာ တစ်မုဟုတ်ချင်း ပျံ့နှံလာခဲ့ပြီး ပေါက်ကွဲသွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ ရေထုမှာ ထိုနေရာသို့ တလဟော စီးဝင်လာခဲ့ပြီး အနက်ရောင် ဘောလုံးရှိရာ အလယ်ဗဟိုတွင် ကြီးမားသော ရေဝဲကြီးတစ်ခု ဖြစ်လာခဲ့သည်။
ဒါဇင်ချီသော ရေနေသားရဲများသည် ကြီးမားသော စုတ်ဝဲအတွင်းတွင် ကျရောက်ခဲ့ကြပြီး အလွန်အမင်း အားကောင်းသော စုပ်ယူမှု စွမ်းအားမှ လွတ်မြောက်နိုင်စွမ်း မရှိကြပေ။ သူတို့အားလုံးမှာ ကူကယ်ရာမဲ့စွာဖြင့်သာ စုပ်ယူခြင်းကို ခံနေရပြီး အနက်ရောင် ဘောလုံးနှင့် တဖြည်းဖြည်း နီးကပ်လာပေတော့သည်။ နောက်ဆုံးတွင် သူတို့မှာ ထိုအရာနှင့် ထိတွေ့သွားတော့သည် …
ချပ် …
တစ်ဆက်တည်းမှာပဲ ကြီးမားသော ရေနေသားရဲကြီးများ၏ ခန္ဓာကိုယ်များမှာ တုန်ယင်သွားပြီး လျင်မြန်စွာဖြင့် အနက်ရောင်ဘောလုံး အတွင်းသို့ စုပ်ယူခံနေရသည်မှာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်ပေသည်။ ထို့နောက် အလင်းတန်းများ အသွင်ဖြင့် အနက်ရောင် ဘောလုံးလေးဆီသို့ တိုးဝင်သွားကာ သန်စင်သော အမှောင်ထု၏ သုတ်သင်ခြင်းကို ခံလိုက်ရသည်။
အသက်ရှိုက်စာ အနည်းငယ်တွင် ပဉ္စမအဆင့် မူလစဦးကျင့်ကြံသူများနှင့် ညီမျှသော ဒါဇင်ချီသည့် ရေနေသားရဲများမှာ ပျောက်ကွယ်သွားပြီး သူတို့နေရာတွင် လက်သီးဆုပ်ခန့် အရွယ်အစားရှိသည့် မူလနဂါးအဆီအနှစ် သလင်းကျောက်များသာ ကျန်ရှိပေတော့ကာ အနက်ရောင်ဘောလုံး ပတ်ဝန်းကျင်ရှိ ရေထဲတွင် လွင့်မြောနေတော့သည်။
ဇူယွမ်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း တုန်လှုပ်နေခဲ့သည်။
မည်သူက သည်လို အဆင့်ငါး မူလစဦးအဆင့်နှင့် ညီမျှသော သားရဲများကို လွယ်လွယ်ကူကူဖြင့် ရှင်းနိုင်မည်ဟု စိတ်ကူးမိမည်နည်း …
သည်လိုမျိုး လုပ်ဆောင်နိုင်ရန် စွမ်းအားမည်မျှ လိုအပ်လိမ့်မည်နည်း…
ဇူယွမ်က တဖြည်းဖြည်း ပြန်လည် သေးငယ်သွားသော ထန်ထန်ကို ထူးဆန်းစွာ ကြည့်နေခဲ့သည်။ သည်သားရဲငယ်လေးက ဘယ်လိုသားရဲမျိုးလဲ … သည်ကောင်လေး၏ စွမ်းအားကြီးမှုမှာ စဉ်းစားစရာပင် ဖြစ်သည်။
ဇူယွမ်၏ ကြောင်အနေသော မြင်ကွင်းကို မြင်လိုက်ရသော ထန်ထန်၏ မျက်လုံးအစုံတွင် ကျေနပ်နေသည့် အရိပ်အယောင်များ မြင့်တက်လာခဲ့သည်။ ထိုအကောင်က သူ၏ပခုံးပေါ်သို့ ဆွေ့ခနဲ ရောက်လာခဲ့ပြီးနောက် ရေထဲတွင် လွင့်မြောနေသည့် မူလစဦးနဂါးချီများကို သူ့လက်ဖဝါး သေးသေးလေးဖြင့် ညွှန်ပြကာ သူတို့၏ တိုက်ပွဲမှာ အမြတ်အစွန်းများကို သွားရောက် သိမ်းဆည်းရန် အမူအရာဖြင့် ဖော်ပြနေလေသည်။
ဇူယွမ်က ပခုံးတွန့်လိုက်ပြီးနောက် အရှေ့သို့ ကူးခပ်သွားလိုက်ပြီး တောက်ပနေသော မျက်လုံးများဖြင့် လက်သီးဆုပ်အရွယ် မူလနဂါးအဆီအနှစ် သလင်းကျောက်များကို သိမ်းဆည်းလိုက်သည်။
သည်ဒါဇင်ချီသည့် သလင်းကျောက်များနှင့်သာ ဆိုလျှင် နဂါးနှစ်ကောင် ကောင်းချီးသို့ ရောက်ရှိရန် လုံလောက်နေပြီ ဖြစ်သည်။
သည်မတိုင်ခင်က ဆိုလျှင် ဇူယွမ်မှာ ထိုအရာမျှလောက်နှင့်ပင် ကျေနပ်နေမည် ဖြစ်သော်လည်း ယခု သန်မာသော ထန်ထန်၏ အကူအညီနှင့်ဆိုပါက သူ၏ တောင့်တမှုဖြစ်သော နဂါးငါးကောင် ကောင်းချီးရရန်မှာ သိပ်မလိုတော့ပေ။
ဇူယွမ်က ပြုံးကာပြောလိုက်သည် “လိမ္မာတဲ့ ထန်ထန်လေး။ ငါတို့နှစ်ယောက်က တကယ်ကို ပြည့်စုံတဲ့ တွဲဖက်တွေပဲ”
ထိုအခါ ...
ငါတစ်ယောက်တည်း အလုပ်အားလုံးကို လုပ်ရပြီး မင်းအလုပ်က ရှင်းလင်း သိမ်းဆည်းရေးပဲ ရှိသည့်ဟူသော သဘောဖြင့် ထန်ထန်က ဇူယွမ်အား အထင်သေးစွာ ကြည့်လိုက်သည်။
ထို့နောက် သူမျက်ဝန်းအိမ်ကို ဝှေ့ကြည့်လိုက်ပြီး သူ၏ လက်ဖဝါးလေးကို ရှေ့သို့ ဆန့်ထုတ်ကာ ခြောက်ဆယ်နှင့် လေးဆယ်ခွဲသည်က ပိုကောင်းမည် ဖြစ်ကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။ မူလက သဘောတူထားခဲ့သည့် သဘောတူညီချက်ကို ပြောင်းကာ သူက ခြောက်ဆယ်ရာခိုင်နှုန်း ရသင့်ကြောင်း ပြောနေခြင်းပင် ဖြစ်သည်။
ဇူယွမ်က ဒေါသထွက်သွားခဲ့သည်။ မျိုးမစစ်လေး မင်းက ငါ့ကို အသားစီးယူရဲတယ်ပေါ့ ဟုတ်လား ...
သူက မူလနဂါး အဆီအနှစ် သလင်းကျောက်များကို ပစ်လိုက်ဖမ်းလိုက်ဖြင့် ဆော့နေခဲ့ပြီး ပြုံးကာ ပြောလိုက်သည် “မင်းက ကောင်းမွန်တဲ့ တိုက်ခိုက်ရေးသမား ဖြစ်တာနဲ့ပဲ ဝေစုကြီးကြီး ယူသင့်တယ် မထင်နဲ့။ ငါမပါဘူးဆိုရင် ဒီရေနေသားရဲတွေက ရေကန်ထဲမှာပဲ ပုန်းနေကြလိမ့်မယ်။ သူတို့ကို ရှာတွေ့ဖို့ကတော့ မဖြစ်နိုင်သလောက်ပဲ။ အဲဒီလိုသာဆိုရင် ဒီလို အုပ်စုလိုက်ကြီးကို လွယ်လွယ်ကူကူနဲ့ သတ်နိုင်လိမ့်မယ်လို့ မင်းထင်လား”
ထန်ထန်မှာ ကြောင်အသွားခဲ့ပြီးနောက် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည့်ပုံဖြင့် ဇူယွမ်၏ ပခုံးပေါ်တွင် လှဲလျောင်းလိုက်သည်။ ကြည့်ရသည်မှာ ဇူယွမ်၏ ကူညီမှုကလည်း မသေးငယ်ပေ …
ထို့ကြောင့် နှစ်ကြိမ်ဆွေးနွေး တိုင်ပင်သော်လည်း (၅၀-၅၀) သဘောတူညီချက်နှင့်သာ အဆုံးသတ်ခဲ့ပေသည်။
“ကောင်လေး၊ ငါ့မှာ မင်းနဲ့ သဘောတူညီမှုလုပ်စရာ မရှိဘူးလို့ မင်းထင်နေတာလား”
ထိုမြင်ကွင်းကြောင့် ဇူယွမ်၏ နှုတ်ခမ်းမှာ အပေါ်သို့ မြင့်တက်သွားခဲ့ပြီး သူ၏ ရွှေရောင်မှုလချီများဖြင့် အရှိန်မြှင့်ကာ ရှေ့ဆက်သွားလိုက်သည်။
မြူများအုပ်စိုင်းနေသည့် ရေထုကို စိုက်ကြည့်ရင်း သူ၏ မျက်လုံးများမှာ တောက်လောင်နေခဲ့သည်။ ထန်ထန်၏ အကူအညီနှင့် ဆိုပါက နဂါးခြောက်ကောင် အဆင့်အထိ ရောက်အောင် ကြိုးစားနိုင်သည်ဟူ ခံစားနေရပြီး နဂါးခုနစ်ကောင် အဆင့်သို့ပင် ရောက်သွားနိုင်ပေသည်။