အိပ်ရာကို မစိုစေနဲ့
Vol. 2 Ch. 17
ချန်ရှီ အိမ်ပြန်ရောက်တဲ့အထိ အနည်းငယ် စိတ်ရှုပ်နေသေးသည်။ အဘိုးက သူ့ကို ထမင်းစားဖို့ လှမ်းခေါ်တော့ တစ်လုတ်နှစ်လုတ်သာစားကာ ပန်းကန်လုံးနဲ့ တူကို ချလိုက်ပြီး ကုတင်ပေါ် သွားလှဲချလိုက်တော့သည်။
"ကောင်စုတ်လေး ထမင်းစားမှာလား မစားဘူးလား? မစားရင် ခွေးကျွေးပစ်မယ်!"
အဘိုးက စားစရာတွေကို အိုးမည်းရှေ့မှာ ပစ်ချလိုက်လေသည်။ ဟေးကော်ကလည်း အနံ့ရပြီးတာနဲ့ ခေါင်းယမ်းကာ လှည့်ထွက်သွားသည်။
"အိမ်မှာမွေးထားတဲ့ ခွေးကတောင် အရသာရှိမရှိ မသိတော့ဘူးလား..."
ဒါကိုကြားတော့ ဟေးကော်ခမျာ အမြီးတွန့်ပြီး ပြုံးနေတဲ့ မျက်နှာနဲ့ ပြန်လှည့်လာခဲ့ရလေသည်။ သူ့မှာ စားဖို့ ပါးစပ်ကို ဖွင့်လိုက်ပေမယ့် မျိုချရခက်တာကြောင့် ခြေသလုံးကြားမှာ အမြီးကို ကွေးထားရလေသည်။
“ဒီနေ့ ချက်ပြုတ်ထားတဲ့ အစားအစာတွေက အရသာ နည်းနည်းတော့ လွန်လွန်းသွားတယ်... အကုန်လုံးနီးပါးက ဆေးဖက်ဝင် ပစ္စည်းတွေချည်းပဲဆိုတော့ စားလို့ မရတာတော့ အမှန်ပဲ...”
အဘိုးအိုက မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ နည်းနည်း ပြန်စဉ်းစားကြည့်နေသည်။
"နောက်တစ်ခါ ထိန်းထားရမယ်... ဒါပေမဲ့ အနည်းဆုံးတော့ ခွေးက စားလို့ရတယ်... ခွေးစားပြီးသားတော့ ရှောင်ရှီက မစားမှာ သေချာတယ်"
ညစာစားချိန်ရောက်သောအခါ ချန်ရှီသည် နိုးထလာသော်လည်း အနည်းငယ်မျှ မရိုးမရွ ဖြစ်နေသေးသည်။
မြုံသော တောင်ပေါ်ရှိ ပြိုကျပျက်စီးနေတဲ့ ဘုရားကျောင်းသည် သူအလေးအနက် ထားနိုင်သည့် တစ်ခုတည်းသော နေရာဖြစ်သည်။ ယခု ထိုနေရာသည် ဥက္ကာခဲကြောင့် ပြိုကျပျက်စီးသွားပြီ။ အခု လေ့ကျင့်ရန် ကြယ်ရောင်ကိုသာ အားကိုးနေပါက အချိန်ဘယ်လောက် ထပ်ကြာသွားမလဲ မသိနိုင်ပေ။ အသုံးမကျသူ ဆိုတဲ့ သူ့အဆင့်အတန်းကို ဖယ်ရှားလိုက်ချင်ပြီ။
သူသည် ပညာတော်သင် စာမေးပွဲကို ပြန်လည်ဖြေဆိုပြီးနောက် တရားစီရင်ရေး စာမေးပွဲကို ပြန်လည် ဖြေဆိုလိုကြောင်း၊ သူ၏ လက်ရှိဘဝမှ လွတ်မြောက်ကာ အသက်ကြီးသွားတဲ့ အဖိုးအိုကို ထောက်ပံ့ရန်အတွက် အနည်းဆုံး ငွေအမြောက်အမြား ရှာလိုခဲ့သည်။
အဘိုးက အသက်ကြီးလာတာတောင် သူ့ကို ပြုစုစောင့်ရှောက်ဖို့ ပြေးလွှားနေတာမျိုး မဖြစ်စေချင်ပေ။ အခုအချိန်မှာတော့ ရုတ်တရက် ဥက္ကာခဲတစ်ခုဟာ သူ့ရဲ့အိပ်မက်ကို စိတ်ကူးယဉ်အဖြစ် ပြောင်းလဲပစ်ခဲ့၏။
သူ လုံးဝ စိတ်ပျက်သွားသည်။
ဒါပေမဲ့ ရက်တွေကြာလာတော့ အဘိုးက အရသာရှိတဲ့ ညစာကို ချက်ပေးတဲ့အတွက် ချန်ရှီ မကြာခင် အဲဒီအခြေအနေကနေ ထွက်ခွာနိုင်ခဲ့သည်။ ညစာမှာ ထူးထူးဆန်းဆန်း အရသာရှိတဲ့ အသီးအနှံတွေ မရှိသလို ဆားအရမ်းများတာကလွဲလို့ ဘာမှ မမှားပါဘူး။
ချန်ရှီသည် ဤနှစ်နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ပုံမှန်အရသာရှိသော အစားအစာကို နှစ်ကြိမ်ကိုက်စားပြီးနောက် သူ၏မျက်လုံးများ နီရဲလာပြီး ငိုလုနီးပါးပင် ဖြစ်လာခဲ့သည်။
"ငန်နေလို့လား"
အဘိုးက ပူဇော်စင် စားပွဲရှေ့တွင် ရပ်ကာ သူ့ပုခုံးပေါ်မှ ကျော်၍ ချန်ရှီကို စိုက်ကြည့်ရင်း သူ့ဘာသာသူ ပြောနေလေသည်။
"ငါ အရသာတော့ မခံနိုင်တော့ဘူး နည်းနည်းငန်သွားလို့ ဖြစ်မယ်"
သူသည် အရသာခံအာရုံ ဆုံးရှုံးသွားပြီမလို့ ဖယောင်းတိုင်များကိုသာ မြိန်ရေရှက်ရေ စားနိုင်သည်။
ချန်ရှီ ခေါင်းခါလိုက်ပြီး "ငန်တာ မဟုတ်ဘူး... အရမ်းအရသာရှိတယ်"
ထိုအခါ အဘိုးက ပြုံးပြီးပြော၏။
"ဒုက္ခတွေကို ခံနိုင်ရည်ရှိမှ သခင်ဖြစ်နိုင်မှာ... ညဘက်မှာ ဆေးကို နှစ်ဆတိုးပေးမယ်..."
ချန်ရှီက ခေါင်းငုံ့ပြီး စားနေကာ ခဏကြာတော့ သူက ခေါင်းကို မော့ပြီးပြောလေသည်။
"အဘိုး... အဲဒီညက ကျွန်တော်တို့ ဝင်နားခဲ့တဲ့ ပျက်နေတဲ့ ဘုရားကျောင်းကြီး ပျက်စီးသွားတယ်... ကောင်းကင်က ကျောက်တုံးကြောင့် တောင်ကြီးတောင် ကွဲသွားတယ်..."
"အနောက်နွားရှင်းကျိုးမှာ ဒီလိုမျိုးတွေ အများကြီး ရှိတယ်လေ... ဘာလို့ စိတ်ပူနေတာလဲ?"
"ဒီလိုတွေ အများကြီး ဖြစ်ဖူးတာလား"
"ဟုတ်တယ်.... အများကြီး"
ထမင်းစားပြီးနောက် ချန်ရှီသည် သူ့အဖိုးပြောစရာတောင် မလိုပါဘဲ အိုးများနှင့် ပန်းကန်များကို သန့်ရှင်းရေး လုပ်ကာ မီးဖိုထဲ၌ အလွန်ကြိုးစားခဲ့သည်။
ဆေးရေချိုးပြီးနောက် ထုံးစံအတိုင်း အလင်းသုံးပါးကျင့်စဥ်ကို နောက်အခန်းထဲမှ လေ့ကျင့်နေစဥ် သူ့အဖိုးသည် သူ့ဖခင်ဖြစ်သူထံ ဆက်သွယ်ရန် မိုင်တစ်ထောင် စာပို့မန္တာန်ကို လုပ်ဆောင်နေပြန်သည်။ သူက အသက်ကြီးပြီးမို့ ရက်အနည်းငယ်သာ ကျန်တော့သည်ဟု ဆို၏။
သို့သော်လည်း မိုင်တစ်ထောင် စာ၏ အခြားတစ်ဖက်တွင် အကြောင်းပြချက် မျိုးစုံက အမြဲရှိနေတတ်သည်။ အဘိုးက ချန်ထန်ကို နှစ်သစ်ကူးမှာ ပြန်လာမလားလို့ ထပ်မေး၏။
တစ်ဖက်က ဆင်ခြေပေးတုန်းပဲ။
မိုင်ထောင်ချီသော အသံပို့စာ မီးလောင်သွားပြီးနောက် အခန်းတွင်းမှ သက်ပြင်းရှည်ကြီး တစ်ခုသာ ထွက်ပေါ်လာကာ အခန်းတစ်ခုလုံး တိတ်ဆိတ် မည်းမှောင်လာခဲ့သည်။
"အားထန်.... ငါ သိပ်အသက်မရှင်နိုင်တော့ဘူး... ရှီလေးအတွက် စိတ်ပူတယ်..."
ခြံတွင်းက ချန်ရှီကတော့ ဝမ်းနည်းကြေကွဲနေပါပြီ။ သူဟာ ကျင့်ကြံမှုထဲတွင် ဆက်လက် နှစ်မြှုပ်နေသော်လည်း အရှိန်မှာ မြုံနေသော တောင်ပေါ်ရှိ ပျက်စီးနေသော ဘုရားကျောင်းတွင် သူလုပ်ဆောင်ခဲ့သည့် တိုးတက်မှုထက် များစွာ လျော့သွားခဲ့သည်။
ညဉ့်နက်လာတော့ အိပ်ရာထဲ ပြန်ဝင်ရသည်။ သူသည် အမှောင်ထဲကနေ ကောင်းကင်က အလင်းတန်းတွေကို စိုက်ကြည့်ရင်း အချိန်အတော်ကြာအောင် အိပ်ပျော်သွားခဲ့၏။ ဟေးကော်သည် ချန်ရှီအခန်းထဲမှ ထွက်လာသော အသံကို ကြားနေရသော်လည်း နားမထောင်နိုင်ခဲ့ပေ။
"အဘိုး... ကျွန်တော့်ကို စိတ်မပူနဲ့ ကျွန်တော် ထိန်းနိုင်ပါတယ်..."
ဟေးကော် အနည်းငယ် စိတ်ရှုပ်သွားသည်။ အဘိုးက ထွက်သွားပြီလေ။ ချန်ရှီက ဘယ်သူနဲ့ စကားပြောနေတာလဲ။
သူသည် လျင်မြန်စွာ ထရပ်လိုက်ပြီး ချန်ရှီရဲ့ တံခါးကို တိတ်တဆိတ်ဖွင့်ကာ အတွင်းထဲသို့ လှမ်းကြည့်လိုက်သည်။
"အဘိုး... ကျွန်တော်က ဒုက္ခိတမဟုတ်ဘူး နောက်တစ်ခါလည်း မဖျားတော့ဘူး ပြန်ကောင်းလာပါပြီ...စာသင်သားကောင်း တစ်ယောက်ဖြစ်ဖို့ စာမေးပွဲ ဝင်ဖြေမယ်..."
ကုတင်ပေါ်တွင် ချန်ရှီ ကောင်းကောင်းမအိပ်ဘဲ အိပ်ရင်း စကားပြောနေသည်။
"အဘိုးကို ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းခွင့်ပေးမှာပါ... ဖေဖေ့ကိုလည်း ကျွန်တောိ မကြိုက်ဘူး... အမေ့ကိုလည်း တစ်ခါမှ မတွေ့ဖူးဘူး အဘိုး ကျွန်တော့်ကို မထားခဲ့ပါနဲ့... ကျေးဇူးပြုပြီး ......အဘိုး ကျွန်တော့်ကို မထားခဲ့ပါနဲ့...တခြားလူဆီလည်း မပေးပါနဲ့ ကျွန်တော်အဘိုးကို ပြုစုစောင့်ရှောက်ပါ့မယ်..."
အိုးမည်းကို ခဏကြည့်ပြီးနောက် ချန်ရှီသည် လှည့်၍ အိပ်ပျော်သွားကာ စကားမပြောတော့ပေ။ ဟေးကော် ရှေ့သို့ တိုးလာကာ သူပစ်ချထားသော စောင်ကို ပါးစပ်နဲ့ကိုက်ကာ တိတ်တဆိတ် ခြုံပေး၍ တံခါးကို ပြန်ပိတ်ပေးသွားခဲ့သည်။
နောက်နေ့ မနက်စောစောမှာ အဘိုးက လှည်းပြင်နေတာကြောင့် ချန်ရှီ နည်းနည်းတော့ လန့်သွားခဲ့သည်။
"အဘိုး ဘယ်သွားမလို့လဲ"
"ခရိုင်မြို့ကို ဆေးသွားဝယ်ပေးမယ်... အိမ်မှာ ဆေးမရှိတော့ဘူး"
ချန်ရှီ ခဏလောက်စဉ်းစားပြီး "မနေ့ညက အဘိုးချက်ပြုတ်ထားတဲ့ ဟင်းက အရသာရှိနေတာ အိမ်မှာ ဆေးမရှိတော့လို့လား?"
"ဟုတ်တယ် နေ့လည်မှ ပြန်လာခဲ့မယ် လျှောက်မပြေးနဲ့"
လှည့်ပေါ်မှာထိုင်နေတဲ့ အဘိုးအိုက အိမ်မြှောင်ကိုကိုင်ထားရင်းမှ လှည့်ပြောလာသည်။
"မင်းဗိုက်ဆာရင် ထမင်းတစ်ပန်းကန် စားထားနှင့် ညနေစားဖို့ ကောင်းကောင်းလေး ဝယ်လာပေးမယ်...."
ချန်ရှီ ဒီစကားကို စောင့်မျှော်နေခဲ့တာပဲ ဖြစ်သည်။
သစ်သားလှည်းက ရွာထဲကနေ တရွေ့ရွေ့နဲ့ ထွက်သွားသည်။
သို့နှင့် ချန်ရှီလည်း ကန့်ညောင်ကို ဂါဝရပြုရန် ထွက်လာခဲ့သည်။ ခဏလောက် လေ့ကျင့်ခဲ့သော်လည်း လျင်လျင်မြန်မြန် ဗိုက်ဆာလာသဖြင့် ယွိကျူတို့ မိသားစုမှ ဘဲဥတချို့နဲ့ ကန်စွန်းဥတချို့၊ ဖရဲသီးတချို့ကို ခိုးယူကာ စားသောက်ပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။
ဟွမ်ဖောရွာရဲ့ ကန့်ညောင်ကတော့ သစ်ပင်ပေါ်မှာ ထိုင်နေဆဲပါပဲ။ သူမလက်ထဲတွင် အနီရောင်အသီးအနှံကို ကိုင်လျက် နက်မှောင်သောမျက်လုံးများကို ဖွင့်ကာ လက်ဝှေ့ယမ်းနေသည်။
"အဘိုး မရှိတုန်း မင်းငါ့ကို အဆိပ်ခတ်ချင်နေတာမလား"
ချန်ရှီသည် လှောင်ပြောင်ကာ အခန်းထဲပြန်ဝင်ကာ စုတ်တံများ၊ မှင်များ၊ စက္ကူနှင့် မှင်ကျောက်တုံးများကို ယူကာ အဆောင်စာရွက်တချို့ဆွဲ၍ တိတ်တိတ်လေး ရောင်းချရန် ကြံစည်နေတော့သည်။
"ဟေးကော် ငါတို့က သူငယ်ချင်းကောင်းတွေနော်"
ချန်ရှီသည် လက်တစ်ဖက်ကို သူ့နောက်မှာ ဖွက်ပြီး ပြုံးစိစိနဲ့ ခွေးနက်ကြီးဆီ ချဉ်းကပ်လာခဲ့သည်။ ဟေးကော်လည်း သူဘာဖြစ်ချင်သလဲ မှန်းဆမိတာကြောင့် သတိနှင့် နောက်ပြန်ဆုတ်သွားလေသည်။
ချန်ရှီသည် ရှေ့သို့ ခပ်သုတ်သုတ်လေး ပြေးသွားသည်။ ဟေးကော် သူ့ကိုမြင်တာနဲ့ သူ့နောက်ကျောတွင် ဝှက်ထားသော ဓားကို ဖွင့်ထုတ်လိုက်ပြီး။
"အစ်ကိုကောင်းတစ်ယောက်က ညီကောင်းတစ်ယောက်ကို ဓားနဲ့ထိုးသင့်တယ်တဲ့... မင်းကို ဘာလို့ ဓားနဲ့မထိုးရမှာလဲ... ငါ့ရဲ့ သွေးတွေက အမွှေးနံ့တွေ မရှိဘူး မင်းရဲ့သွေးကတော့ ရတယ် ... ...ငါ အဆောင်စာရွက် ရောင်းရရင် ပိုက်ဆံနည်းနည်း ခွဲပြီး ပေးမယ်လေကွာ..."
သူ အိုးမည်းနှင့် ရန်ဖြစ်နေတုန်း ရုတ်တရက် ပြင်းထန်သော တံခါးခေါက်သံ ထွက်ပေါ်လာသည်။ တစ်ဆက်တည်း တံခါးကို တွန်းဖွင့်ကာ ဖုန်ထူနေတဲ့ လူတစ်ဦး ပြေးဝင်လာ၏။ သူသည် ကောက်ရိုးဖိနပ်ကို ဝတ်ဆင်ထားပြီး လူတစ်ဦးနှင့် ခွေးတစ်ကောင် ရန်ဖြစ်နေတာကို တွေ့လိုက်ရတော့ ခေတ္တ ရပ်သွားလေသည်။
"ဒါဆရာချန်ရဲ့အိမ်လား"
အဲဒီလူက ခဏလောက် တုံ့ဆိုင်းသွားပြီး "ငါတို့ရွာမှာ တစ်ခုခု ဖြစ်သွားလို့ပါ... ရှဲ့တစ်ကောင် ဝင်သွားတာ ကလေးတွေ အများကြီး ဆုံးရှုံးသွားတယ်... ကျေးဇူးပြုပြီး ရှဲ့ကို ချေမှုန်းဖို့ အဆောင်စာရွက် ဆွဲပေးဖို့ ဆရာချန်ကို တောင်းဆိုပါတယ်!"
ချန်ရှီ ခွေးလေးကို လွှတ်လိုက်ပြီး ထရပ်လိုက်သည်။
"ကျွန်တော့်အဘိုးက ဆေးပစ္စည်းတွေဝယ်ဖို့ ခရိုင်မြို့ကို သွားတယ်...နေ့ခင်းအထိတော့ ပြန်မလာလောက်သေးဘူး "
အဲဒီလူက စိတ်ပျက်လက်ပျက်နဲ့ ရှိုက်ကြီးတငင် ငိုတော့သည်။
"ငါတို့ ဘာလုပ်ရမလဲ ညနေ့ခင်းအထိသာ စောင့်ရင် အကုန်လုံး သေသွားမှာတောင် ကြောက်တယ်"
"အမ်... ခင်ဗျားတို့အတွက် နတ်ဆိုးတွေကို ဖယ်ရှားဖို့ ဆုလာဘ်တစ်ခုခု ရှိလား"
ချန်ရှီ မျက်လုံးများ တောက်ပလာပြီး အသက်ရှုသံကလည်း အနည်းငယ် မြန်လာသည်။
"ခင်ဗျားတို့မှာ ငွေရှိလား "
အဲဒီလူက တုံ့ဆိုင်းသွားပြီး လက်ချောင်းလေး အရွယ်ရှိတဲ့ ငွေချောင်းငါးချောင်းလောက်ကို ထုတ်ယူလိုက်ကာ။
"ငါတို့ ဟွမ်ယန်ရွာမှာ ပိုက်ဆံအလုံအလောက် ရှိပါတယ်"
ချန်ရှီ ငွေကို လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်သည်။
"ကျွန်တော့်အဘိုးက အဆောင်ဆွဲဆရာပါ... ကျွန်တော်လည်း ဆရာပဲ ခင်ဗျားပြောတဲ့ကိစ္စကို ကျွန်တော် တာဝန်ယူမယ်... ခဏစောင့်... ထုပ်ပိုးလိုက်မယ် ပြီးရင် ခင်ဗျား နောက်ကလိုက်ပြီး အဲဒီကိုသွားမယ်!”
ထိုလူလည်း ထိတ်လန့်သွားသည်။ သို့သော် ချန်ရှီ အိမ်ထဲသို့ စိတ်လှုပ်ရှားစွာ ဝင်လာသည်ကို တွေ့လိုက်ရပြီး ခွေးနက်ကလည်း သူ့အနောက်မှ လိုက်ဝင်သွားခဲ့သည်။ တစ်ဆက်တည်း အိမ်ထဲက ခွေးဟောင်သံနဲ့ ကလေးရဲ့ စကားစမြည်ပြောနေသလို အသံတွေကို ကြားလိုက်ရ၏။
"ဝုတ် ဝုတ်!"
"ငါ့မှာ စစ်မှန်တဲ့ စွမ်းအင်မရှိဘူး... မှော်ပညာကို မတတ်နိုင်ဘူးဆိုတာ ငါသိတယ် ဒါပေမဲ့ ငါ အဆောင်စာရွက် ဆွဲနိုင်တယ်"
"ဝုတ် ဝုတ် ဝုတ်!"
"စိတ်မပူပါနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး... လူတစ်ယောက် အသက်ကယ်တာက ခုနစ်ထပ် ဘုရားကျောင်း ဆောက်တာထက်စာရင် လွယ်သေးတယ်... ကလေးတွေရဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးသွားရတာနော်"
"ဝုတ်..."
“နေ့ခင်းမှာ ရှဲ့ပေါ်လာတာက ယုတ္တိမရှိဘူးလို့ ပြောချင်တာလား...ငါလည်း နည်းနည်းတော့ ယုတ္တိမတန်ဘူးလို့လည်း ထင်ပါတယ် ဒါပေမဲ့ ဒီငွေကို ငါရရမယ် မြုံနေတဲ့တောင် ဒါမှမဟုတ် ပျက်နေတဲ့ ဘုရားကျောင်းကို နောက်တစ်ခါ ကြုံရင် ငါမလုပ်နိုင်ဘဲ နေလိမ့်မယ်... အဘိုးဆီက ပိုက်ဆံကို မလိုချင်ရင် ပျက်နေတဲ့ ဘုရားကျောင်းကို ပြင်ဖို့ ငါ့မှာ ပိုက်ဆံရှိထားရမယ်”
"ဝုတ်?"
"ဘုရားကျောင်းက ဒီလောက် မပျက်စီးထားရင် ကောင်းကင်က အဲ့နတ်ဘုရား မျက်စိကလည်း သတိထားမိမှာ မဟုတ်ဘူး... အဲ့ကျရင် ငါလည်း ဆက်ပြီး လေ့ကျင့်နိုင်မှာ"
……
သိပ်မကြာခင်မှာပဲ ချန်ရှီ စာအုပ်ပုံးကို ထုပ်ပိုးပြီးသွားသည်။ စာအုပ်ပုံးက သူ့ထက် ပိုမြင့်ပြီး အလေးချိန် ကီလိုနှစ်ဆယ်ကျော်လောက် ရှိပေမယ့် လေးတယ်ဆိုတောင် မခံစားရသလိုပါပဲ။
"ဟေးကော်... ငါဘယ်သွားလဲ အဘိုးကိုပြောဖို့ စာတစ်စောင် ထားခဲ့လိုက်မယ်..."
ချန်ရှီ စာတစ်စောင် ရေးနေသည်။
"အဘိုးပြန်လာရင် သူ့ကို စာပေးလိုက်.... အန္တရာယ်ကြုံလာရင် ငါ့ကို ကယ်ဖို့ ဟွမ်ယန်ရွာကို အမြန်လာခိုင်းလိုက်နော်..."
ဟေးကော်သည် အလယ်ခန်းမဆီသို့ လျင်မြန်စွာ ပြေးသွားပြီး သူ့အဖိုး၏ အမည်ကမ္ဗည်းပြားအောက်သို့ အမြန်ပြန်ပြေးကာ ဓားကို စာအုပ်သေတ္တာထဲတွင် ထည့်ထားရန် ပြောလိုက်သည်။ သူသာလိုက်ရင် အန္တရာယ်ဖြစ်ချိန်၌ သူ့ခွေးရဲ့သွေးကို အသုံးချပြီး ရှဲ့လက်က ကယ်တင်နိုင်ကြောင်း အချက်ပြနေသည်။
ချန်ရှီသည် ဟေးကော်က သူ့လုံခြုံရေးအတွက် စိတ်ပူနေမှန်း သိသောကြောင့် ၎င်းကိုပါ ခေါ်ခဲ့ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ထိုလူကလည်း အမြန်လမ်းပြခဲ့သည်။ သူတို့နှစ်ဦးနှင့် ခွေးသည် ဟွမ်ယန်ရွာဆီသို့ ဦးတည် ထွက်ခွာလာခဲ့သည်။
ဟွမ်ယန်ရွာသည် မဝေးလှသော ချန်ယန်တောင်၏ မြောက်ဘက် တောင်ခြေတွင် တည်ရှိသော်လည်း တောင်တက်လမ်းက ကြမ်းတမ်းပြီး သွားလာရန် ခက်ခဲတဲ့အပြင် တောရိုင်းတိရစ္ဆာန်များ မကြာခဏ ပေါ်လာလေ့ရှိသည်။
လမ်းခရီးတွင် ချန်ရှီလည်း ထိုကိစ္စကို အကြမ်းဖျင်း နားလည်ခဲ့သည်။
ဟွမ်ယန်ရွာတွင် စွန့်ပစ်ထားသော အိမ်တစ်အိမ်တွင် မျိုးရိုးထျန်ဖြင့် မိသားစုတစ်စု ရှိသည်။ မူလက ထိုမိသားစုတွင် လူရှစ်ယောက်ရှိ၏။ ရုတ်တရက် တစ်နေ့တွင် ကြက်များအပါအဝင် အိမ်မွေးတိရစ္ဆာန်များ အပါအဝင် လူအားလုံး ရုတ်တရက် သေဆုံးသွားကြသည်။ ဘဲတွေ၊ ကြောင်တွေ၊ ခွေးတွေပါမကျန် သေဆုံးသွားသည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက ဘာမှ မမေးချေ။ ကျေးလက်မှာ ဒီလိုမျိုး အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့အတွက် အစိုးရကလည်း မေးခွန်းမထုတ်နိုင်တဲ့အတွက် ဖြေရှင်းလို့မရတဲ့ ကိစ္စသာ ဖြစ်လာသည်။
နောက်ပိုင်းတွင် ထျန်အိမ်မှာ သရဲခြောက်တယ်ဆိုတဲ့ ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် စွန့်ပစ်ထားသော အိမ်တစ်လုံး ဖြစ်လာကာ ဘယ်သူမှ မဝင်ခဲ့ပေ။
“ငါတို့ရွာမှာ အုတ်တံတိုင်းပေါ် ကျော်တက်လို့ ရှဲ့တစ်ကောင်လက်ထဲ ကလေးတစ်ယောက် ရှိတယ်... အဲ့ကလေးက ရီလိုက်ငိုလိုက်နဲ့... အိပ်ရာရေစိုတဲ့သူကို ငါစားမယ် ဆိုပြီး အော်ဟစ်နေတာ....”
"အဆောင်စာရွက် ကပ်ထားလည်း အဆင်မပြေဘူး... ကလေးအမေလည်း ဘာလုပ်ရမှန်းမသိလို့ ကန့်ညောင်ဆီ လှူပေမယ့် အဆင်မပြေဘူး... အဲဒီနေ့ညမှာ တစ်ခုခု ဖြစ်သွားရော"
ချန်ရှီက စေ့စေ့ နားထောင်ပြီး ပြန်မေးသည်။
"ဘာဖြစ်သွားလို့လဲ?"
"အိပ်ယာတွေ စိုသွားလို့ အဖမ်းခံလိုက်ရတယ်လေ..."
"ကလေးအဖေက ညသန်းခေါင်ကြီး သူ့အိမ်ထရံမှာ အရိပ်ကြီးတစ်ခု တွေ့တယ်... ပါးစပ်ကြီးဖွင့်ပြီး လျှာရှည်ကြီး တစ်ချောင်းထုတ်ပြီး သူ့ကလေးကို ဆွဲယူသွားတာတဲ့...."
ထိုလူက ထူးဆန်းစွာ ပြောလာသည်။
ချန်ရှီသည် အိပ်ယာစိုနေသော ကလေးများကို စားသောက်တတ်တဲ့ ရှဲ့တစ်ကောင်လားဟု ရုတ်တရက် တွေးလိုက်မိသည်။
ဒါကြီးက ဆိုးလွန်းတယ်။
“မနေ့က ကလေးနှစ်ယောက် ပျောက်သွားတယ်... တခြားမိသားစုတွေကလည်း အရမ်းကြောက်လို့ ညဆို ကလေးတွေကို ရေများများ မသောက်ခိုင်းရဲဘူး... ညဘက်အိပ်ယာစိုရင် အစားခံလိုက်ရမှာ ကြောက်ရတယ် တချို့မိသားစုတွေက ညသန်းခေါင်ယံလည်း ကလေးတွေကို ဆီးသွားဖို့ နှိုးကြတယ်.... ဒီနေ့ နေ့ခင်းဘက်မှာတော့ ဖူကွေ့ လို့ခေါ်တဲ့ လျိုမိသားစုရဲ့ ကလေးက အိပ်ယာပေါ် သေးပေါက်ချမိလို့ ကောင်းကင်ကနေ လျှာရှည်ကြီးနဲ့ အစုပ်ခံရပြီး ပျောက်သွားတယ်တဲ့..."
"နေ့ခင်းဘက်ကြီးကို?"
ချန်ရှီ မျက်မှောင်ကြုတ်သွားသည်။ နေ့ခင်းဘက်မှာ ရှဲ့တွေ ရှိလို့လား။
"ပြီးတော့ရော?"
"ပြီးတော့ အစားခံလိုက်ရတာပေါ့"
"မင်းတို့ရွာရဲ့ ကန့်ညောင်က ဒီကိစ္စကို ဝင်မစွက်ဖက်ဘူးလား... မကောင်းဆိုးဝါးတွေကို ရွာထဲ ဝင်ခွင့်ပြုတယ်ပေါ့??"
အဲဒီလူက ခေါင်းခါပြီး “ရွာသူရွာသားတွေ အားလုံးကို ကန့်ညောင်က အကာအကွယ် မပေးဘူး.... တချို့က ယဇ်ပူဇော်မှု နည်းလွန်းလို့ ဒုက္ခရောက်တာလို့ ထင်ကြတယ် တချို့ကလည်း ထျန်မျိုးရိုး မိသားစုရှစ်ယောက်ကို ငါတို့ရွာရဲ့ ကန့်ညောင်က သတ်လိုက်တာလို့ ပြောကြတယ်... အဲဒီညကဆို ကန့်ညောက်က နတ်ဆိုးတွေကို မောင်းထုတ်မယ့်အစား နတ်ဆိုးတစ်ကောင်ကိုတောင် လွှတ်လိုက်သေးတယ်... ထျန်မိသားစုချွေးမက ကန့်ညောင်ကို ပုတ်ခတ်ပြောဆိုခဲ့လို့ ဖြစ်မယ်... ငါတို့ကိုလည်း နံ့သာပေါင်းနဲ့ ပူဇော်သက္ကာတွေ ထပ်မပေးရင် ထျန်မိသားစုလိုပဲ အဆုံးသတ်သွားလိမ့်မယ် ဆိုပြီး အိပ်မက်ပေးသေးတယ်...."
ချန်ရှီ မျက်မှောင်ကြုတ်သွားသည်။ ကန့်ညောင်တွေ အားလုံးက ကြင်နာကြတယ် မဟုတ်ဘူးလား။ ဘယ်လိုလုပ် မကောင်းတာတွေ လုပ်နေတာလဲ။
ဟွမ်ယန်ရွာသို့ ရောက်သောအခါ ရွာသည် ပျက်စီးယိုယွင်းနေသော အိမ်ဟောင်းများသာ ဖြစ်သော သက်ကယ်တဲများဖြင့် ဆောက်ထားသည်။ ရွာရှိလူများသည် စုတ်ပြဲနေသောအဝတ်အစားများသာ ၀တ်ဆင်ထားကြကာ ကလေးရော လူကြီးရော အားလုံးက အားနည်းနေကြ၏။
ရွာထဲတွင် ကလေးများစွာ ရှိသာ်။ အချို့မှာ ရှက်ရွံ့ပြီး မိဘနောက်တွင် ပုန်းအောင်းနေကြပြီး အချို့မှာ ပိန်လှီကာ ရေမသောက်ရတာ ကြာလို့ ဖြစ်မည်။
“အိပ်ရာစိုတဲ့ ကလေးတွေကို စားတဲ့ ရှဲ့လား.... ဒီလို ရှဲ့မျိုးက ကလေးတွေရဲ့ ကျင်ကြီးကျင်ငယ်ကြောင့် စွဲဆောင်ခံရတာ ဖြစ်မယ်... တစ်နည်းဆိုရရင် ကလေးတွေကို ဖယ်ထုတ်ရတဲ့ အကြောင်းရင်းက အိပ်ရာထဲမှာ စိုနေတာမှ မဟုတ်ပဲ ကလေးတွေရဲ့ ကျင်ငယ်ရည်ကြောင့်ပဲ.... ကလေး... ခဏနေဦး...ငါ ဖမ်းခံရလို့ နတ်သန္ဓေသား မဖြတ်ရသေးခင်တုန်းက ကျွန်မ အသက် ကိုးနှစ်ပဲရှိသေးတာ...အဲ့အရွယ်က နတ်သန္ဓေသားကို မဆုံးရှုံးသင့်....."
ဒါကို တွေးပြီးတာနဲ့ ရုတ်တရက် တစ်စုံတစ်ယောက် ရိုက်နှက်လိုက်တာ ခံလိုက်ရသလို သူ့အသက်အရွယ်လောက်ရှိတဲ့ ကလေးတစ်ယောက် သူ့ဆီ ပြေးလာတာကို တွေ့လိုက်ရပါ၏။
ကလေးသည် သူ့အား ဆောင့်တိုက်ပြီးနောက် ကမန်းကတန်း ရပ်တန့်ကာ လှည့်ကြည့်ကာ ချန်ရှီအား တောင်းပန်စကားဆိုလာသည်။ သူသည် ပိန်ပါးသော ယောက်ျားလေး ဖြစ်ကာ အလွန်ရှက်တတ်ပုံရပြီး သူ့နှာခေါင်းအောက်တွင်လည်း နှပ်ချေးတစ်ဝက်က တွဲလျောင်းကျနေသည်။
"ရပါတယ် အဆင်ပြေပါတယ်"
ချန်ရှီလည်း သူ့လက်ကို ရက်ရက်ရောရော ဝှေ့ယမ်းပြီး မေးလိုက်သည်။
"မင်းငါ့ကို မကြောက်ဘူးလား?"
ဟွမ်ဖောရွာမှ ကလေးတစ်ယောက် သူ့အား ဝင်တိုက်မိပါက သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကုပ်ကုပ်လေးနှင့် 'အစ်ကိုကြီးချန်ရယ် သက်ညှာပေးပါ' လို့ တောင်းဆိုနေပေလိမ့်မည်။
ပိန်ပိန်ကောင်လေးက စပ်စုပြီး မေး၏။
"မင်းကို ဘာလို့ကြောက်ရမှာလဲ"
ချန်ရှီသည် သူ့ရှေ့မှာ ဒူးထောက်ပြီး သနားလို့ ငိုနေတဲ့ တစ်ရွယ်တည်း ကလေးတွေကို တွေးပြီး စာနာစိတ်နဲ့ ပြုံးပြလိုက်သည်။
"ငါတို့ရွာက ကလေးတွေဆို ငါ့ကို ကြောက်ပြီး ငါနဲ့တောင် မဆော့ရဲဘူး"
ပိန်ပိန်ကောင်လေးက ခေါင်းကုတ်လိုက်ပြီး "ဒါဆို မင်းမှာ သူငယ်ချင်းမရှိဘူးလား"
"ငါ့မှာ ကန့်ညောင် ရှိတယ်.... ဟေးကော်လည်း ရှိတယ် ငါ့မှာ ပညာတတ်တစ်ယောက်လည်း ရှိတယ် သူတို့အားလုံးက ငါ့သူငယ်ချင်းတွေပဲ"
ပိန်ပိန်ကောင်လေးက ပြုံးပြီး "မင်း နောက်ထပ် သူငယ်ချင်း တစ်ယောက် ထပ်ရှိချင်လား"
ချန်ရှီ မျက်လုံးများ ရုတ်တရက် လင်းလာသည်။ ဒါက သူနိုးလာပြီးနောက် ပထမဆုံးသော လူသားသူငယ်ချင်း ဖြစ်သည်။
အဓိက သော့ချက်က အသက်ရှင်နေဖို့ပါပဲ။
ရွာရှိလူကြီးများသည် ချန်ရှီရဲ့လမ်းကို ဦးဆောင်နေသည့် လူဆီ လှမ်းလာကြသည်။ အဘွားအိုတစ်ဦးက တုန်တုန်ယင်ယင်ဖြင့် မေးလာ၏။
“စန်းဝမ်... ဆရာကြီးချန်ကို ဖိတ်ခိုင်းလိုက်တာလေ... ဆရာချန်က ဘယ်မှာလဲ”
"ဆရာကြီးချန်က အိမ်မှာမရှိဘူး သူ့မြေးတစ်ယောက်တည်းပဲ ကျန်ခဲ့တာ... သူက အသက်မပြည့်သေးပေမယ့် အဆောင်ဆွဲဆရာပဲ"
အဲဒီလူစန်းဝမ်က ချန်ရှီကို ကြည့်ပြီး ထိုလူတွေဘက် တိုးတိုးလေး ကပ်ပြောလေသည်။
"ငါတို့ရွာက ပိုက်ဆံသိပ်မရှိဘူး တခြားဆရာတွေကို မငှားနိုင်မှာကို ကြောက်ရတယ်လေ... ဒါကြောင့် ဒီလူငယ်ကိုပဲ ငှားလိုက်ရတယ် ဒီငွေလောက်နဲ့ ဘယ်သူကရော လာချင်မှာလဲ"
အားလုံးက ချန်ရှီကို ကြည့်လိုက်ကြသည်။ ချန်ရှီ လေထဲမှာ စကားပြောနေပြီး တစ်ယောက်ယောက် ကြည့်ပြီး ရယ်နေသေးတာကို တွေ့လိုက်ရလေသည်။
စန်းဝမ်: "ဆရာချန်... မင်းဘယ်သူနဲ့ စကားပြောနေတာလဲ"
"ကျွန်တော့်သူငယ်ချင်း အသစ်လေ!"
ချန်ရှီ ပြုံးပြီး: "ဘယ်လိုပဲဖြစ်ဖြစ် ငါ့နာမည်က ချန်ရှီပါ..ငါ့နာမည်ပြောင်က တစ်ဆယ်လေး မင်းနာမည် ဘယ်လိုခေါ်လဲ"
"ငါ့မျိုးရိုးနာမည်က လျို... ငါ့နာမည်က ဖူကွေ့ပါ"