← Chapters

မင်း အသက်ရှင်နေသေးတယ်!

Vol. 2 Ch. 18

မင်း အသက်ရှင်နေသေးတယ်!

Vol. 2 Ch. 18

"ဖူကွေ့? မင်းနာမည်က လျိုဖူကွေ့လား... မင်းက လျိုမိသားစုထဲက ကလေးလား?"

ချန်ရှီသည် ဒီနာမည်နဲ့ အနည်းငယ် ရင်းနှီးနေတယ်လို့ ခံစားလိုက်ရပြီးနောက် ရုတ်တရက် သူ့ခေါင်းထဲတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့ရာ သူ့ရှေ့မှ ပိန်လှီသော ကောင်လေးကို လှမ်းကြည့်လိုက်သည်။

စန်းဝမ်က နောက်ဆုံး ပျောက်ဆုံးသွားတဲ့ ကလေးက ဖူကွေ့လို့ခေါ်တဲ့ လျိုမိသားစုက ကလေးလို့ ပြောခဲ့ဖူးတယ် မဟုတ်လား။ ပြီးတော့ သူ့​ရှေ့မှ ဒီကလေးကလည်း လျိုဖူကွေ့လို့ ခေါ်တယ်။

ဒီရွာမှာ လျိုဖူကွေ့ နှစ်ယောက်ရှိတာ ဖြစ်နိုင်ပါ့မလား။

မဖြစ်နိုင်ဘူးလေ!

လျိုဖူကွေ့ဟု ခေါ်သော ပိန်လှီသော ကောင်လေးသည် ချန်ရှီ မလှုပ်ရှားတာကို မြင်လိုက်ရသည်နှင့် ချက်ချင်း စကားပြန်စလိုက်သည်။

"ချန်ရှီ လာခဲ့.... ငါ့သူငယ်ချင်းကောင်းတွေနဲ့ မိတ်ဆက်ပေးမယ်!"

ချန်ရှီ ခဏ တုံ့ဆိုင်းသွားပြီး ရွာဆီသို့ လိုက်သွားခဲ့သည်။ မူလက သူ့တွင် အသက်ရှင်နေသော သူငယ်ချင်းတစ်ယောက် ရှိပြီဟု ထင်ခဲ့သော်လည်း ယခုအခါ ထိုသူငယ်ချင်းကလည်း အသက်မရှင်တော့ဘူးဟု ထင်လာရပြီ။

"ဆရာချန်!"

စန်းဝမ် ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။

ချန်ရှီ နားပင်းသွားပြီး လျိုဖူကွေ့နောက်သို့ ဆက်လက်လိုက်နေချိန်တွင် ဟေးကော်မှာလည်း ချန်ရှီနောက်က အမြန်လိုက်သွားကာ စိတ်မသက်မသာ ဖြစ်လာမိသည်။

ပိန်လှီသော ကောင်လေးသည် လျင်မြန်စွာ လမ်းလျှောက်သွားနေသည်။ တခြားဘယ်သူမှ သူ့ကို မတွေ့ရဘဲ ရွာလယ်ဘက်သို့သာ ပြေးသွားလေသည်။ တခြားရွာများကဲ့သို့ ဟွမ်ယန်ကျေးရွာရှိ အိမ်များကို ကန့်ညောင်ကို အဝိုင်းပုံစံ တည်ဆောက်ထားသည်။

ချန်ရှီ ရှေ့ကို လှမ်းကြည့်လိုက်ရာ ရှေးဟောင်းနန်းတော်လို အပျက်အစီးများ အလယ်တွင် ဘုရားကျောင်းတစ်ခု ရပ်တည်နေတာကို တွေ့လိုက်ရသည်။ ဘုရားကျောင်းက အလွန်ဟောင်းသော်လည်း နောက်ပိုင်း ပြန်ဆောက်ထားတာ ဖြစ်ပေမည်။ အပျက်အစီးများနှင့် ယှဉ်လျှင် အလွန်ငယ်သေး၏။

ဘုရားကျောင်းထဲ၌ တင်ပျဉ်ခွေထိုင်ထားသော ကြေးရုပ်တုကြီးသည် မည်သည့်ခေတ်က ကျန်ခဲ့သည်မသိ ထိုင်​နေသည်။ မတ်တပ်ရပ်ရင် အရပ်က ဘုရားကျောင်းတစ်ဝက်လောက် ရှိလိမ့်မည်။ ဒါက ဟွမ်ယန်ရွာရဲ့ ကန့်ညောင် ဖြစ်ပေမည်။

ချန်ရှီသည် လျိုဖူကွေ့နဲ့အတူ ဘုရားကျောင်းထဲသို့ လိုက်သွားကာ ကြက်၊ ဘဲ၊ ငန်း၊ ငါး၊ ပုစွန်၊ ကဏန်း၊ ဖရဲသီး၊ သစ်သီးများ၊ သစ်တော်သီးနှင့် မက်မွန်သီးများ အပါအဝင် ကြေးရုပ်တုရှေ့တွင် ပူဇော်သက္ကာမျိုးစုံကို စုပုံထားတာ တွေ့လိုက်ရသည်။

ပူဇော်သက္ကာများ၏ နောက်ကွယ်တွင် ဦးခေါင်းကြီးကြီး၊ နားရွက်ကြီးကြီးနဲ့ ဖက်တီးကြီး ထိုင်နေ၏။ သူက လက်တစ်ဖက်တွင် ကြက်တစ်ကောင်ကို ကိုင်ဆောင်ကာ ပါးစပ်ထဲသို့ ဆီအပြည့်ထည့်ထားရင်း ကျန်တစ်ဖက်ကလည်း ဖရဲသီးကို ကိုင်ထားသည်။ သူ့အစားအစာတွေကို တစ်စုံတစ်ယောက်က လုယူသွားမှာတောင် ကြောက်နေသလိုပဲ သူ့မျက်လုံးများက ဂနာမငြိမ်လှ။

ထွားကြိုင်းသော ဤဖက်တီးသည် ထူးကဲသော တန်ခိုးဖြင့် ပေါင်းစည်းထားသော နတ်ရုပ်တုကနေ ဖြစ်လာတာပဲ ဖြစ်လိမ့်မည်။

ချန်ရှီ ဘုရားကျောင်းထောင့်ဆီသို့ လှမ်းကြည့်ရာ ထောင့်စွန်းတွင် ပုန်းအောင်းနေသော ကလေးများစွာက လျိုဖူကွေ့နဲ့ စကားပြောနေကြတာ တွေ့လိုက်ရသည်။

"သူ့နာမည်က ချန်ရှီ... နာမည်ပြောင်က တစ်ဆယ်လေးတဲ့ သူက ငါ့ကို မြင်နိုင်တယ်ကွ!"

လျိုဖူကွေ့ အရမ်းစိတ်လှုပ်ရှားသွားပြီး "ငါ့မိဘတွေကတောင် ငါ့ကို မမြင်ရဘူး... ရွာထဲမှာ ဘယ်သူမှ ငါ့ကို မမြင်နိုင်ဘူး သူပဲ ငါ့ကို မြင်နိုင်တာ... မင်းတို့ကိုလည်း သေချာ​ပေါက် မြင်ရလောက်တယ်!"

ကလေးများသည် ချက်ချင်းပင် ချန်ရှီကို မျှော်လင့်ချက် ရှိလာသော အမူအရာဖြင့် ကြည့်ကြသည်။

"အစ်ကိုတစ်ဆယ်လေး... ငါ့အမေက ငါ့ကိုရှာနေတာ... ရူးလုမတတ် ငိုနေတာကြာပြီ!"

ကလေးတစ်ယောက်က ချန်ရှီဆီကို အလျင်အမြန် ရောက်လာသည်။ သူ့မျက်နှာမှာ မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာပြီး။

“အမေ ငိုနေတာတွေ့တော့ ငါလည်း ငိုချင်လာတယ်...ငါ ဒီမှာရှိ​နေတယ်​လို့ ပြောပေမယ့်​ သူမ မကြားရဘူး... မမြင်​ရဘူး ငါ့အ​မေကို ရှာ​ပေးနိုင်​မလား"

အခြားကလေး၏ မျက်လုံးများကလည်း နီရဲနေသည်- "ငါ့မိဘတွေကလည်း ငါ့ကို မမြင်ရဘူး!"

နောက်ကွယ်က ကလေးက "ငါ့အမေက ငိုလို့ မျက်စိကန်းလုနီးပါးတောင် ဖြစ်နေပြီ!"

ချန်ရှီရဲ့ နှလုံးသားလည်း နစ်မြုပ်သွားတော့သည်။ ဤကလေးလေးယောက်က ပျောက်ဆုံးနေသော ကလေးလေးယောက် ဖြစ်ပေလိမ့်မည်။ သူတို့သည် သရဲတစ္ဆေများအဖြစ် ပြောင်းလဲသွားကြပြီ။ ဆိုလိုသည်မှာ နောက်ကျသွားပြီ။

ကလေး လေးယောက်စလုံး သေဆုံးသွားပြီ။

"ရွာသားတွေ ကိုးကွယ်တဲ့ ကန့်ညောင် လုပ်နေပြီးတော့ ရွာသားတွေကို ကာကွယ်ဖို့ မင်းမှာ တာဝန်မရှိဘူးလား?"

ချန်ရှီသည် ပူဇော်သက္ကာတွေ ထိုင်ပြီး သောက်နေတဲ့ အဆီပိတ် ဖက်တီးကြီးကို လှည့်ကြည့်လိုက်သည်။ ဖက်တီးကြီးလည်း သူ့အစာကို မစား​တော့ဘဲ ပြင်းထန်သော အကြည့်ဖြင့် ခေါင်းကို လှည့်လာသည်။

ထိုအခါ ဟေးကော်က ချန်ရှီရှေ့သို့ လျင်မြန်စွာ ပြေးလာပြီး သွားများကို ကိုက်ကာ လည်ချောင်းထဲက အသံဖြင့် ညည်းတွားလိုက်သည်။

ဖက်တီး: "ငါက ရှဲ့နဲ့ဆွေ့တွေ သုတ်သင်ဖို့ပဲ တာဝန်ရှိတယ် တခြားအရာတွေက ငါနဲ့မဆိုင်ဘူး! သရဲလေး....ချန်ယင်တုကြောင့် မင်းကို ဒီတစ်ကြိမ်တော့ ငါ နှမြောလိုက်မယ် နောက်တစ်ခါ မင်းငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း လာပြောရင် ငါမင်းကိုစားပစ်မယ်! ချန်ယင်တုလည်း ချန်မထားဘူး!"

သူက နောက်ပြန်လှည့်ကာ ဆက်၍ စားသောက်​လေသည်။ ချန်ရှီ အနည်းငယ် ထိတ်လန့်သွားသည်။

"အခြားအရာတွေက မင်းနဲ့ ဘာမှမဆိုင်ဘူး... အဲဒါ... ဒီကလေးလေးယောက်ကို သတ်ခဲ့တဲ့လူက ရှဲ့နဲ့ ဆွေ့ မဟုတ်ဘူးလား"

ကန့်ညောင်သည် ရွာထဲရှိ နတ်ဆိုးများကို မောင်းထုတ်ရန် တာဝန်ရှိသော်လည်း နတ်ဆိုးကြောင့် မထိခိုက်ပါက ရွာသူရွာသားများက ယဇ်ပူဇော်ခြင်း မရှိပါက ကန့်ညောင်က ဝင်လှုပ်ရှားရန် မလိုအပ်ပေ။

နေ့ခင်းဘက်မှာ ရှဲ့တစ်ကောင် ရှိနေကြောင်း ကြားရတုန်းက ထူးဆန်းနေသလို ခံစားခဲ့ရသေးသည်။ လရောင်မှာ ထူးဆန်းတဲ့ တန်ခိုးရှိလို့ ရှဲ့လို နတ်ဆိုးတွေက ညမှာသာ ပေါ်လာတတ်တယ်လို့ အဘိုးဆီက ကြားဖူးသည်။ နေ့ခင်းကြောင်တောင်ကြီး ပေါ်လာရန် အလွန်ရှားပါးသည်။

ဖက်တီးကြီးက သူ့စကားကို နားမထောင်သလိုဘဲ ပြန်မဖြေချေ။

ချန်ရှီ: "ဖူကွေ့ မင်းဘယ်လို သေသွားတာလဲ?"

လျိုဖူကွေ့လည်း လန့်သွားပြီး "အစ်ကိုတစ်ဆယ်လေး... ငါ သေသွားပြီလား?"

"မကြောက်နဲ့... သေသေချာချာ စဉ်းစားကြည့် ဘယ်လိုပြန်ပေးဆွဲ ခံလိုက်ရတာလဲ"

"ငါ ဆီးသွားတယ်... နောက်တော့ ကမ္ဘာကြီးက လှည့်သွားသလိုပဲ... ဘာမှမသိတော့ဘူး အိပ်ပျော်သွားတာဖြစ်မယ် အိပ်ရာကမနိုးခင် ဘယ်လောက်ကြာသွားမှန်း​တောင် မသိဘူး...နိုးလာတော့ ငါ့မိဘတွေ ခေါ်​နေသံကို ကြားလိုက်ရတယ်"

ချန်ရှီလည်း ထိုစကားကို ကြားသောအခါတွင် လန့်သွားသည်။ သူ့မိဘများက သူ့နာမည်ခေါ်သံကို ကြားလိုက်ရတဲ့ နေရာက မတော်တဆမှုဖြစ်ပွားသည့် နေရာနှင့် မဝေးလှကြောင်း ညွှန်ပြ​နေသည်။

လျိုဖူကွေ့: "ကျွန်တော် နံရံပေါ်တက်ပြီး ကြည့်လိုက်တော့ ကျွန်တော့်မိဘတွေ လိုက်ရှာနေတာကို တွေ့လိုက်ရတာ... ကျွန်တော် ဒီမှာရှိနေတယ် လို့ ပြောခဲ့ပေမယ့် သူတို့ကကြားလည်း မကြား... မြင်လည်း မမြင်ရဘူး အစ်ကိုတစ်ဆယ်လေး... ကျွန်တော် တကယ်သေနေတာလား"

ချန်ရှီ: "မင်း နံရံကို ကျော်ခဲ့တာလား... မင်းဘယ်သူ့အိမ်နံရံကို ကျော်တက်ခဲ့တာလဲ"

"အဲဒါက ရွာထဲက လူမနေတဲ့အိမ်?"

"ထျန်မိသားစုရဲ့ စွန့်ပစ်ထားတဲ့ အိမ်?"

လျိုဖူကွေ့က ခေါင်းညိတ်ပြီး: "ဟုတ်တယ်... အဲဒီမိသားစုရဲ့ မျိုးရိုးနာမည်က ထျန်ပဲ... ကျွန်တော် ထျန်မိသားစု အိမ်ထဲကနေ သူတို့ထဲက တချို့ကို တွေ့ခဲ့တာလေ..."

သူက တခြားကလေးတွေကိုလည်း ညွှန်ပြသည်။ ချန်ရှီ အခြားကလေးများကို ကြည့်ကာ ရုတ်တရက် ထရပ်လိုက်သည်။

"မင်းတို့ လေးယောက် ငါနဲ့လိုက်ခဲ့... ထျန်မိသားစုရဲ့ စွန့်ပစ်ထားတဲ့အိမ်ဆီ သွားကြရအောင်"

ချန်ရှီ ကလေးလေးယောက်နှင့်အတူ ဘုရားကျောင်း အပြင်ဘက်ကို ထွက်လာခဲ့သည်။ အပြင်မှာက မှောင်မိုက်နေပြီ။ ရွာသားများကလည်း ဘုရားကျောင်း အပြင်ဘက်တွင် စုရုံးကာ သူ့ကို တည့်တည့် စိုက်ကြည့်နေကြ၏။

နောက်ပြန် လှည့်ကြည့်လိုက်တော့ လျိုဖူကွေ့က သူ့နောက်ကို လိုက်နေတာ တွေ့ရပေမယ့် ကျန်တဲ့ကလေးသုံးယောက်က ဘုရားကျောင်းတံခါးခုံမှာ ပိတ်မိနေပြီး ခုန်မချနိုင်ပေ။ ချန်ရှီ ဘုရားကျောင်းဘက်ကို ပြန်လှည့်လာကာ ထပ်ပြောလိုက်သည်။

"ငါနဲ့လိုက်ခဲ့လေ.... ငါတို့သွားကြည့်ကြမယ်"

ကလေးတယောက်က "ငါ အပြင်ကို မထွက်နိုင်ဘူး... တံခါးခုံကို လှမ်းကြည့်လိုက်တော့ တံခါးခုံက ပိုမြင့်လာပြီး ငါတို့ကို ပိတ်ထားတယ်!"

ကျန်ကလေးနှစ်ယောက်က ထပ်ခါထပ်ခါ ခေါင်းညိတ်​ပြသည်။ ဒါကိုကြားတော့ ချန်ရှီလည်း ပူဇော်သက္ကာရဲ့ နောက်ကွယ်က ဖက်တီးကို လှမ်းကြည့်လိုက်၏။

အဆီကြီးတဲ့လူက: "သူများတွေ အသားစားပြီး ငါက ဟင်းချိုသောက်တယ် ဒီသရဲလေး ၃ ယောက်က သေပြီးသားတွေ... သူတို့ရဲ့ ဝိညာဉ်တွေကို ငါ့ဆီမှာ ယဇ်ပူဇော်ပြီးသား လိုက်သွားလို့ မရဘူး"

"ဖူကွေ့က ဘာလို့ ထွက်သွားလို့ ရတာလဲ "

"သူ မသေသေးပေမယ့် သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို စွန့်သွားပြီ... သေရင် သူ့ဝိညာဉ်ကလည်း ငါပိုင်လိမ့်မယ်"

ချန်ရှီ ဖက်တီးကို လေးလေးနက်နက် ကြည့်ပြီးနောက် တခြားကလေး သုံးယောက်ကို ခေါ်ထုတိဖို့ မကြိုးစား​တော့ဘဲ လျိုဖူကွေ့ကိုပဲ လှည့်ခေါ်လိုက်သည်။

"ထျန်မိသားစုအိမ်ကို သွားရအောင်!"

သူ ထွက်လာတော့ ရွာသူရွာသားတွေ လမ်းကနေ ထွက်သွားကြ၏။ လျိုဖူကွေ့လည်း သူ့နောက်ကို အမြန်လိုက်လာခဲ့သည်။

"ဒီအဆောင်ဆွဲ သခင်လေးက တစ်ခုခု လုပ်ပေးနိုင်ပါ့မလား" လို့ တစ်ယောက်ယောက်က စိုးရိမ်တကြီး မေးတော့သည်။

"ဘုရားကျောင်းထဲမှာ သူနဲ့စကားပြောတာ လေကလွဲလို့ ဘာမှမရှိဘူး... စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနိုင်တယ်နော်..."

ချန်ရှီ နားပင်းလို လုပ်ထားသည်။ လျိုဖူကွေ့ကို လမ်းပြခိုင်းပြီး မကြာမီတွင် ထျန်မိသားစု၏ စွန့်ခွါသွားသော အိမ်ဆီသို့ ရောက်သွား၏။ ဒီအိမ်သည် အုတ်တစ်ချပ်မပါပဲ မြေသားနံရံများသာ ရှိပြီး ရွှံ့နှင့် ပြာများဖြင့်သာ ပြုလုပ်ထားကာ အိမ်ရှေ့ခန်းဖြစ်သည့် အခန်းကလည်း ကောက်ရိုးများဖြင့် ဖုံးအုပ်ထားသည်။

အိမ်ရှေ့ခန်းတံခါးကို သံကြိုးဖြင့် ချည်ကာ သော့ခတ်ထားကာ ၎င်းကလည်း သံချေးတက်နေပြီ ဖြစ်သည်။ ခြံထဲမှာ ကျိုင်းပင်အိုကြီး တစ်ပင်ရှိ၏။ အလွန်မြင့်ပြီး စိမ်းလန်းစိုပြေကာ ခြံတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ အတွင်းထဲကို ကြည့်ရင်တော့ ရှင်းရှင်းလင်းလင်း မမြင်ရချေ။

ချန်ရှီ အထဲကို ဝင်ဖို့ အလျင်မလိုပါ။ သူက စာအုပ်သေတ္တာကို ချလိုက်စဥ် ဟေးကော်က ဓားကို အလျင်အမြန် ကိုက်ဆွဲလာပြီး သူ့ကို ဓားနဲ့ ထိုးခိုင်းတော့သည်။

"ဟေးကော်... ငါ မင်းကို အပြစ်လုပ်မိသွားပြီ... ငါ့မှာ ထူးခြားဆန်းပြားတဲ့ တိရိစ္ဆာန်အသားတွေ မရှိဘူး... ဒါပေမဲ့ ပြန်သွားပြီးရင် လျော်ကြေးပေးပါ့မယ်..."

ချန်ရှီ ခွေးနက်သွေးနှင့် မှင်ကို ရောကာ စက္ကူကိုမသုံးဘဲ ထျန်မိသားစု၏ စွန့်ပစ်အိမ်တံခါးဆီသို့သာ တည့်တည့်သွားကာ စုတ်တံဖြင့် တံခါးပေါ်မှ ​ရေးဆွဲလိုက်သည်။ အလင်းသုံးပါး ကျင့်စဥ်ကို အသက်သွင်းလိုက်တော့ ကြယ်များက သူ့ပတ်ဝန်းကျင်မှ ထွက်လာကာ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် နတ်အလင်းများ ရုတ်တရက် ပေါ်လာပြီး နတ်ကွန်းတစ်ခု ဖြစ်လာသည်။

ချန်ရှီ အသက်ပြင်းပြင်းရှူပြီး စုတ်တံထိပ်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ တံခါးဘောင်တစ်ခုပေါ်တွင် နဂါးတစ်ကောင်က ပျံသန်းနေသလို ဖီးနစ်ကခုန်နေသလို မန္တာန်ပုံကို အမြန်ဆွဲထုတ်လိုက်ပြီးနောက် သူ့ခေါင်းနောက်မှ အလင်းများ မှိန်ဖျော့သွားလေသည်။

သူသည် လက်ရှိတွင် သူ၏ချီစွမ်းအင်ကို ထိန်းထားနိုင်ခြင်း မရှိသောကြောင့် နတ်ကွန်းကို ပေါ်လာစေရန် အသက်တစ်ခါ ရှူကြိမ်တည်းသာ အသုံးပြု၍ ရနိုင်သည်။ နောက်ထပ် အသက်ရှုထုတ်လိုက်ပြီး စုတ်တံကို မှင်ဖြည့်၍ နတ်ကွန်းက ပြန်ပေါ်လာ​စေပြီး နောက်ထပ်ပုံတစ်ပုံကို ဆွဲလိုက်သည်။

ဤပုံနှစ်ပုံသည် အဆောင်စာရွက်များပေါ်တွင် ရေးဆွဲထားတတ်သော တံခါးနတ်ဘုရား အဆောင်စာရွက်များ ဖြစ်သည်။ ပုံနှစ်ပုံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် တံခါးမှ အလင်းရောင် ဖျော့ဖျော့ ထွက်ပေါ်လာ၏။ နတ်အလင်းများက လေထဲ၌ ရောနှောကာ သာမန်မျက်စိဖြင့် ခွဲခြားရခက်သွားစေသည်။

ချန်ရှီ ညစ်ညမ်းသောလေကို ရှူထုတ်ရင်း ရေရွတ်လိုက်သည်။

"အဆောင်က လုံးဝ မတုံ့ပြန်ဘူး... ဒီလူမဲ့အိမ်မှာ နတ်ဆိုးမရှိဘူးလို့ ထင်တယ်"

နတ်ဆိုးများရှိနေပါက ဆွဲထားသော အဆောင်က မလွဲမသွေ အသက်ဝင်လာမှာ ဖြစ်ပြီး အဆောင်ပေါ်က တံခါးနတ်ဘုရား နှစ်ပါးသည်လည်း ခုန်ထွက်ကာ နတ်ဆိုးများကို မောင်းထုတ်လိမ့်မည်။ ယခုတော့ ဒါတွေကို မဖြစ်ပေါ်စေတာကြောင့် လူဆိတ်ညံနေသော အိမ်တွင် နတ်ဆိုးမရှိဘူးဟု ဆိုလိုသည်။

"ဒါဆို အိပ်ယာထဲက ကလေးကို ဖမ်းလိုက်တာ ဘယ်သူလဲ"

ချန်ရှီသည် စုတ်တံနှင့် မှင်ခွက်ကို လက်တစ်ဖက်တွင် ကိုင်ထားလျက် ကျန်လက်တစ်ဖက်ဖြင့် သံကြိုးကို ညင်သာစွာ ဖိလိုက်ပြီးနောက် တံခါးသော့ကို ဖြတ်ကာ ခြံဝင်းထဲသို့ လှမ်းဝင်လိုက်သည်။ သူ့မှာ မှော်အစွမ်းမရှိပေမယ့် သူ့လက်ရှိအစွမ်းကတော့ ပိုအားကောင်းလာပါပြီ။

ဟေးကော်နဲ့ လျိုဖူကွေ့လည်း လျင်မြန်စွာ လိုက်သွားခဲ့သည်။ ရွာသားတွေက တံခါးအပြင်မှာ ရပ်ပြီး ဝင်ရမှာကို ကြောက်နေကြ၏။ ဒီခြံထဲမှာ မြက်ပင်တွေနဲ့ သစ်ပင်ကြီးတွေ ရှိတယ်၊ အဲဒီထဲက အကြီးဆုံးကတော့ ကျိုင်းပင်ကြီးပဲ။

ချန်ရှီ ကျိုင်းပင်ရှိရာသို့ လျှောက်လာခဲ့သည်။ သူ့စုတ်တံကို မြှောက်ကာ ၎င်းကို အာရုံစူးစိုက်ရန် အချိန်မရသေးသော စစ်မှန်သော ချီစွမ်းအင်မပါဘဲ အဆောင်များ ရေးဆွဲလိုက်သည်။ သူသည် ခြံတွင်းရှိ ရေတွင်းခြောက်တစ်ခုကို တစ်ချက်ကြည့်လိုက်၍ ရေတွင်းအစွန်းတွင်လည်း အဆောင်စာရွက်ကို ဆွဲကပ်ထားလိုက်သည်။

ဤနည်းအားဖြင့် နတ်ဆိုးများကို တွန်းလှန်ရန် အိမ်ရှေ့တံခါးတွင် တစ်ခု၊ အိမ်ကြီးအား ထိန်းချုပ်ရန် အလယ်ဗဟိုရှိ သစ်ပင်ကြီးဆီမှာ တစ်ခု၊ ထျန်မိသားစု၏ စွန့်ခွါသွားသော အိမ်ထဲက ရေတွင်းမှာလည်း အဆောင်ဆွဲထားပြီ။ ပြင်ပက ရှဲ့တွေ မဝင်နိုင်တော့ပါ။ ခြံထဲမှာ မကောင်းဆိုးဝါးတွေ ရှိနေရင် သစ်ပင်ကြီးပေါ်က တောင်ကြီးငါးလုံးက ဖိနှိပ်ခံရသလို လှုပ်လို့မရတော့ဘဲ ဖြစ်သွားလိမ့်မည်။

ချန်ရှီ စုတ်တံကို ဖယ်လိုက်သည်။

"မင်း ဘယ်နားမှာ နိုးလာတာလဲ"

"အဓိက အခန်းထဲမှာပဲ!"

လျိုဖူကွေ့ ပင်မခန်းထဲကို မြန်မြန်ဝင်ပြီး။

"ဒီနေရာပဲ!"

ချန်ရှီ လိုက်ဝင်သွားခဲ့ပေမဲ့ လျိုဖူကွေ့ကိုတော့ မတွေ့ရတော့ပေ။ စားပွဲနှင့် ကုလားထိုင်များကို ဖုန်မှုန့်များက ဖုံးအုပ်ထားပြီး နံရံထောင့်များတွင် ပင့်ကူမျှင်များစွာ ပါရှိသည်။

"ဖူကွေ့ ဖူကွေ့!"

ချန်ရှီက ကျယ်လောင်စွာ အော်လိုက်သော်လည်း ပင်မခန်းထဲသို့ အမြန်ပြေးဝင်သွားသော လျိုဖူကွေ့က ပျောက်ကွယ်သွားခဲ့​ပြီ။ ဘယ်ဘက်ခြမ်းအခန်းသို့ ရောက်သောအခါ ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရပေ၏။ ဘေးဘက်အခန်းတွင် အမှောင်ချထားသည့် ခေါင်းတလားများကို ခုံတန်းရှည်ပေါ်တွင် သပ်သပ်ရပ်ရပ် ချထားသည်။

သူ ရဲရဲတင်းတင်း ဝင်သွားကြည့်လိုက်တော့ ခေါင်းတလားပေါ်ရှိ သံချောင်းများက သံချေးတက်နေပြီ။ ခေါင်းတလားက ဒီနေရာမှာ ရှိနေတာ ကြာခဲ့ပြီထင်ပါရဲ့။ ချန်ရှီ ခဏလောက် တွေးနေပေမယ့် အခေါင်းကို မဖွင့်ခဲ့ချေ။

ထို့နောက် လက်ယာဘက်ရှိ အခန်းထဲသို့ ဝင်သွားတဲ့အခါ အနက်ရောင် ခေါင်းတလားလေးခုက မြေနှင့်မထိဘဲ ခုံတန်းလျားများပေါ်တွင် နေရာချထားတာ တွေ့လိုက်ရသည်။

ချန်ရှီ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ အဆိုပါ အနက်ရောင် ခေါင်းတလား ရှစ်ခုသည် ထျန်မိသားစုဝင့ ရှစ်ယောက်၏ ခေါင်းတလား ဖြစ်သင့်ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် ၎င်းတို့ကို အုတ်ဂူထဲ မထားရှိခဲ့ခြင်း ဖြစ်လိမ့်မည်။ ရုပ်အလောင်းများကို ဖယ်ထုတ်ထားကြောင်း အရိပ်အယောင် မတွေ့ရပေ။

"ဖူကွေ့ အခုနတုန်းက ဝင်လာတာ သေချာပါတယ်... ဘာလို့ရုတ်တရက် ပျောက်သွားတာလဲ... ဧကန္တ...."

ချန်ရှီ၏ မျက်လုံးများသည် အခေါင်းအနည်းငယ်ပေါ်မှ ငုံ့ကာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းတလားကို ဖွင့်ရန် ရှေ့ကို တိုးလာခဲ့စဥ် ဟေးကော်ရဲ့ အဆက်မပြတ် ဟောင်သံများက သူ့ကို ရပ်သွားစေသည်။ ချန်ရှီသည် ခန်းမအပြင်ဘက်သို့ ပြန်လာကြည့်တော့ ဟေးကော်ဟာ အထဲမဝင်လာဘဲ အပေါ်ကြည့်ပြီးသာ ဟောင်နေတာ တွေ့လိုက်ရသည်။

ချန်ရှီ မော့ကြည့်လိုက်ပြီး အံ့အားသင့်သွားလေ၏။

ပင်မခန်း၏ ထုပ်တန်းများပေါ်ရှိ ခေါင်မိုးအား ပြန်ပြင်ထားပုံပါပဲ။ ကောက်ရိုးများအစား အလွန်ချောမွေ့သော သစ်သားပျဉ်ပြားများဖြင့် အစားထိုးကာ သစ်သားပျဉ်ပြားများက အလွန်ထူပြီး အလွန်တောက်ပသော မျက်နှာပြင်အဖြစ် ဖန်တီးထားသည်။ အမည်မသိ အရင်းအမြစ်မှ သွေးများဖြင့် ရှုပ်ထွေးသော အဆောင်စာရွက်များလည်း ရှိနေခဲ့သည်။

အဆောင်စာရွက် တစ်ခုစီသည် အချင်းဝက် ဆယ်ပေကျော် ရှိသည်။ မျက်လုံးတွေကို စွေလိုက်တဲ့အခါ မျဉ်းတွေက မှုန်ဝေဝါးနေ၏။ ပုံစံက တစ္ဆေတစ်ကောင် ပါးစပ်ဖွင့်ပြီး သူ့လျှာနဲ့ ဆယ်ပေကျော်ရှည်တဲ့ နေရာက ခေါင်းငါးလုံးကို လှမ်းဆွဲနေသလိုမျိုး ကြည့်ရတာ ထူးထူးဆန်းဆန်းကြီး ဖြစ်သည်။

ထိုအစီအရင် တစ္ဆေကောင်ရဲ့ ပါးစပ်ထဲမှ သံကြိုးငါးချောင်း ချိတ်ဆွဲထားသည်။ သံကြိုးလေးချောင်းအနက် တစ်ချောင်းစီဟာ ကလေးတစ်ဦးစီအား ချည်နှောင်ထားကာ အိမ်ခေါင်မိုးပေါ်တွင် ဇောက်ထိုးချိတ်ဆွဲထားသည်။

ထိုကလေး လေးယောက်၏ မျက်လုံး၊ အပေါ်နှင့် အောက်မျက်ခွံများမှာလည်း ငါးမျှားချိတ်ဖြင့် ချိတ်ဆွဲခံထားရပြီး အထက်သို့ ဆွဲတင်ထားရလေသည်။

သူတို့၏ အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းရဲ့ မတူညီသော ထောင့်လေးထောင့်ကနေ ငါးမျှားချိတ်ဖြင့် ချိတ်ထားတာကြောင့် မတူညီသော လမ်းကြောင်းအတိုင်း ဆန့်ထွက်ကာ ပါးစပ်ကို အလွန်ကြီးမားသွားစေသည်။ သူတို့၏ ဦးခေါင်းများသည် ခြေဖဝါးပေါ်တွင် ရှိနေပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် ဘေးတိုက်တွဲလောင်းကျနေကြသည်။

သံချိတ်သည် ပါးလွှာသော သံကြိုးတစ်ခုနှင့် ချိတ်ဆက်ထား၏။ သံကြိုး၏ အဆုံးတွင် လက်ဖဝါးအရွယ်ခန့်ရှိ သေးငယ်သော အဂ္ဂိရတ်ဆေးအိုးလေးတွေ ရှိသည်။ ကလေးလေးယောက်ရဲ့ လျှာများမှ သွေးများသည် ချိတ်ဆက်ထားသော သံကြိုးများတစ်လျှောက် စီးဆင်းသွားပြီး အိုးငယ်လေးထဲသို့ စီးကျသွား​လေသည်။

"ဖူကွေ့!"

ချန်ရှီသည် ကလေးတစ်ယောက်ရဲ့ မျက်နှာကို မြင်သောအခါ သူနှင့်မိတ်ဖွဲ့တော့မည့် ပိန်ပိန်ပါးပါးနဲ့ ကလေးငယ် ဖြစ်ကြောင်း ချက်ချင်း မှတ်မိသည်။

"လျိုဖူကွေ့! ထတော့! ထတော့!"

ကလေးက သူ့ခေါ်သံကို ကြားလိုက်ပုံရပြီး မျက်လုံးများ လှုပ်လာသည်။ ချန်ရှီနှလုံးသားထဲသို့ စိတ်ကြွဆေးပြားများ တစ်ဟုန်ထိုး တိုးဝင်လာကာ။

"အသက်ရှင်သေးတယ်!"

"မင်းအသက်ရှင်နေသေးတယ်!"

"ဖူကွေ့.... လျှောက်မလှုပ်နဲ့ ငါမင်းကို အခုချက်ချင်း ကယ်မယ်!"

All Chapters