← Chapters

ထူးဆန်းတဲ့ အစီအရင်

Vol. 2 Ch. 19

ထူးဆန်းတဲ့ အစီအရင်

Vol. 2 Ch. 19

ချန်ရှီသည် ဒူးကိုကွေးကာ အားယူလိုက်ပြီးနောက် ထုပ်တန်းပေါ်သို့ ခုန်တက်သွားသည်။ ထို့နောက် ထုပ်တန်းတစ်လျှောက် ရွေ့လျားသွား၏။ လက်တစ်ဖက်ထဲတွင် မှင်နက်နှင့် ခွေးမည်းသွေးများကို ရေစပ်ထားသော မင်ခွင်ကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင်တော့ စုတ်တံတစ်ချောင်းကို ကိုင်ဆောင်ကာ ကြီးမားသော သတ္တုကိုယ်ထည် အ​ဆောင်ငါးခုကို ဂရုတစိုက် ရေးဆွဲ​နေခဲ့သည်။

ထုပ်တန်းက မကျယ်တဲ့အတွက် သတိထားရသည်။ မဟုတ်ဘဲ သတိမထားမိရင်တော့ ပြုတ်ကျလိမ့်မည်။ ဤအဆောင်ငါးခုသည် အဆောင်ဆွဲရာ၌ ကျွမ်းကျင်သော ကျင့်ကြံသူတွေ ဆွဲသင့်သော အဆောင်ပင်။ ၎င်းက ကလေးငယ်တွေရဲ့ ကျင်ငယ်နံ့ကို အခြေခံပြီး ဖမ်းစားတတ်တဲ့ ရှဲ့တွေကို အချက်ပြပေး၏။

ရှဲ့တစ်ကောင်က ကလေးတွေကို ဖမ်းပြီးရင် ဒီမှာ ဆွဲထားလိုက်တာ ဖြစ်ပေမည်။

အကယ်၍ သူသည် လူကို အရှိန်အဟုန်ဖြင့် ကယ်တင်ပါက ဤအဆောင်ငါးခု၏ စွမ်းအားသည် လူ​တွေကို ကယ်တင်နိုင်လိမ့်မည် မဟုတ်သော်လည်း ချန်ရှီ၏ ရည်ရွယ်ချက်မှာ ထုပ်တန်းပေါ်က အစီအရင်ကို ဦးစွာ ဖျက်ဆီးပြီးနောက် လူကို ကယ်တင်ရန်ဖြစ်သည်။

သို့ရာတွင် အစီအရင်ကို အကြမ်းဖက်သလို ရိုးရိုးရှင်းရှင်း ဖျက်ဆီးလိုက်ပါက အစီအရင်ရဲ့ စွမ်းအားက ဆက်လက် ဖြစ်ပေါ်နေဦးမည်။ ထို့ကြောင့် သူသည် ကောင်းမွန်သော သစ်ကြံပိုးခေါက်ကို သုံး၍ အစီအရင်ရဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲရန် ရည်ရွယ်ထားသည်။

ခဏအကြာ၌ သူသည် ကလေး လေး​ယောက်လုံးရဲ့ မျက်လုံးနဲ့ သူတို့ရဲ့ ဦးခေါင်းတွေကို ရှုပ်ထွေးသော ဆွဲချက်များဖြင့် ခြယ်သလိုက်သည်။

အဆိုးဆုံးကတော့ ပါးစပ်က သံချိတ်ဟာ တစ္ဆေက​လေးရဲ့ခေါင်းနဲ့ ချိတ်ထားပြီး သံကြိုးကလည်း တင်းကျပ်ထားသည်။ သူသည် သံကြိုးကို အကြမ်းပတမ်း ဆွဲထုတ်ဘိုက်ရင် အဲဒီကလေးတွေရဲ့ လျှာတွေကို သူတို့လည်ချောင်းထဲက ဆွဲထုတ်မိသွားလိမ့်မယ်။

ချန်ရှီသည် အဂ္ဂိရတ်ဆေးအိုးရဲ့ ကြေးတိုင်လေးခုကို တံဆိပ်ခတ်ရန် သစ်ကြံပိုးခေါက်ရဲ့ အဆောင်ဆွဲချက်ကို အသုံးပြုထားသောကြောင့် တန်ခိုးကြီးသည့်တိုင် သံကြိုးများကို မပိတ်ထားနိုင်ပေ။ သို့သော် သစ်ကြံပိုးခေါက်ကို အသုံးပြုပြီး ပဉ္စမမြောက် အဆောင်ဆွဲချက်က အသုံးမဝင်ပေ။

ပဉ္စမမြောက်ကလေးကို သုတ်လိမ်းရန် မလိုအပ်တော့ကြောင်း ချန်ရှီ ခံစားလိုက်ရသည်။ ကောက်ညှင်းထုပ်လို ဖြစ်ကာ ဒေါသထွက်နေသော ပိန်လှီလှီ ကောင်လေးဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။ သို့သော် ဤအခိုက်တွင် ပဉ္စမမြောက် သံ​ကြိုးရှည်ရှိ သရဲဦးခေါင်းမှ မျက်လုံးများကို ဖြည်းညှင်းစွာ ပွင့်လာပြီး သရဲပါးစပ်ထဲရှိ သံကြိုးက လျှောကျသွားသည်။

ချန်ရှီလက်ဖဝါးသည် လျိုဖူကွေ့လက်ကို ထိမိနေပြီ ဆိုတာကို မြင်ရတော့ သူ့ဘာသာသူလည်း အသက်ရှုကြပ်ကာ မလှုပ်မယှက် ဖြစ်သွားသည်။

ပဉ္စမမြောက် သရဲ၏ မျက်လုံးများက တဖြည်းဖြည်း ကျယ်လာသည်။ ချန်ရှီကို ဘေးတိုက်ကြည့်သောအခါတွင် ရှုံ့ချသော မျက်လုံးများက အနည်းငယ် လှိမ့်သွားကာ မျက်နှာမှာ ပြုံးနေပုံရသော်လည်း အနည်းငယ် ပုံပျက်နေပြီ ဖြစ်သည်။

"ဝူး......ဝူး....."

သံကြိုးများသည် တရွေ့ရွေ့ဖြင့် လှုပ်ရှားလာစဥ် အလောင်းလေးလောင်းရဲ့ မြွေခေါင်းများကဲ့သို့ တွဲလောင်းခေါင်းများက ဖြည်းညှင်းစွာ မြှောက်လာကြသည်။ ချန်ရှီ တောင့်တင်းသွား၏။ သူ့ကို မိသွားပြီ။

ပဉ္စမမြောက် က​လေးတစ္ဆေက ရုတ်တရက် ကျယ်လောင်တဲ့အသံနဲ့ မေးလာတော့သည်။

"မိတ်ဆွေက ဘယ်သူလဲ...ငါ့ရဲ့တာအိုအစီအရင်ကို ဘာလို့ ဖျက်ဆီးနေတာလဲ"

အသံသည် အလွန်ကျယ်လောင်ပြီး နားမကြားတဲ့လူကိုတောင် နားအူသွားစေလောက်၏။ ၎င်းအသံက စွန့်ပစ်ထားသော အိမ်ကြီးကို တုန်ခါစေကာ မီးခိုးများနှင့် ဖုန်မှုန့်များပါ ပြိုကျလာခဲ့သည်။ ဒါက ကလေးသရဲက ပြောနေခြင်း မဟုတ်ဘဲ တရားခံဟာ တစ္ဆေမျက်လုံးများမှတစ်ဆင့် ချန်ရှီကို စောင့်ကြည့်ကာ စကားပြော​နေခြင်းသာ ဖြစ်သည်။

ချန်ရှီသည် ဒီလိုစွမ်းရည်မျိုးသည် သာမန် အဆောင်ဆွဲဆရာများထက် သာလွန်ကြောင်း သဘောပေါက်သည်။

"ခင်ဗျားရဲ့ တာအိုအစီအရင်ကို ဘာလို့ ဖျက်ဆီးခဲ့တာလဲ ဟုတ်လား? ခင်ဗျားကရော ရွာက ကလေးတွေကို ဘာလို့ နတ်ဆိုးအစီအရင် သုံးခဲ့တာလဲ... လူ့အသက်လေးချောင်းက ခင်ဗျားမျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူးလား?"

ချန်ရှီ ဤသို့ပြောနေစဉ် လျိုဖူကွေ့ရဲ့ မျက်ခွံများကို သော့ခတ်ထားသော ငါးမျှားချိတ်ကို ဖမ်းဆုပ်လိုက်ပြီး ငါးမျှားချိတ် နောက်ကွယ်ရှိ ကြိုးငယ်ကို ဖြတ်​တောက်ရန် ကြိုးစားခဲ့သည်။ သူသည် အလင်းသုံးပါး ကျင့်စဥ်​ကို ဆယ်ရက်ကျော် လေ့ကျင့်ခဲ့ပြီမလို့ သူ့လက်ခြေ လှုပ်ရှားမှုတိုင်းက ကျောက်တုံးများနှင့် သံများကို ဖြိုခွဲနိုင်ခဲ့သည်။

အသာ ဆွဲထုတ်လိုက်ပေမယ့် မပြတ်သွားပေ။ သူ ထပ်ပြီး ကြိုးကြိုးစားစားနဲ့ ဆွဲလိုက်တော့မှ ကြိုးက ပြတ်သွားသည်။ သူသည် နောက်ထပ် ငါးမျှားချိတ်ကြိုးများကို ဆွဲကိုင်လိုက်ပြီး ကြိုးပါးပါးလေးကို ဖြတ်ရန် သူ့ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။

ဒါတောင် လျိုဖူကွေ့ရဲ့ နှာခေါင်းနှင့် ပါးစပ်များထဲတွင် သေးငယ်သော ငါးမျှားကြိုးများ ရှိ​နေ​သေးသည်။

"ပြည်​သူ​တွေရဲ့ အသက်ကရော လူ့အသက် မဟုတ်လို့လား?"

တစ္ဆေခေါင်းက လှောင်ပြောင်ပြီး "မင်းလည်း အဆောင်ဆွဲဆရာပဲ... စည်းစိမ်ဥစ္စာတွေကို ရဖို့ တခြားသူတွေရဲ့ ဘဝကို အသုံးချခဲ့တာပဲ မဟုတ်ဘူးလား...ငါက အသက်ရှည်တဲ့ မီးခွက်ကို သန့်စင်ချင်တာ ကောင်လေးငါးယောက်ရဲ့ အနှစ်သာရကို ဆီမီးဆီဖြစ်အောင် ပေါင်းဖို့ လိုတယ်.... မိတ်ဆွေ မင်းက ငါ့တာအိုအစီအရင်ကို ဖောက်ပြီး ငါ့ရဲ့ အစီအစဥ်ကို ဖျက်စီးချင်နေတာလား?"

ပဉ္စမမြောက် အလောင်းက လိမ်သွား၍ ၎င်းကိုယ်ပေါ်က အနီရောင်တောက်တောက် မှင်စာတန်းများကို မြွေတွေလို တညီတညွတ်တည်း လှုပ်ရှားလာစေကာ တစ္ဆေမျက်နှာကြီးကို ပုံဖော်လိုက်လေသည်။

"ရှု--"

ပဉ္စမအလောင်း၏ ပါးစပ်မှ ဆွဲထားသော ကြိုးသည် စပါးအုံးမြွေကဲ့သို့ ကပြပြီး ချန်ရှီဘက်သို့ လှည့်ပတ်လာနေသည်။

ချန်ရှီသည် လျိုဖူကွေ့၏ လျှာကို ချိတ်ဆွဲထားသော ချိတ်အား လက်တစ်ဖက်ဖြင့် ကိုင်ထားကာ တခြားလက်တစ်ဖက်ဖြင့် သံကြိုးမျှင်ကို ကိုင်ထားသည်။

အခု ချန်ရှီ မျက်နှာပေါ်ရှိ ငါးမျှားချိတ်အားလုံးကို ပထမဦးစွာ ဖယ်ရှားရမည်။ အထူးသဖြင့် သူ့လျှာပေါ်က မျှားချိတ်ကြီးကို ဖြစ်ပေသည်။ လိမ်ကွေးထားတဲ့ ဖူကွေ့ရဲ့ လက်များနှင့် ခြေဖဝါးများကို ဖြည်ချလိုက်လျှင် အဆိုပါ ငါးမျှားချိတ်များသည် လျိုဖူကွေ့၏ မျက်နှာတစ်ခုလုံးကို ကိုက်ဖြတ်ပြီး လျှာသာ်လည်း ၎င်း၏ လည်ချောင်းမှ ​ပြတ်ထွက်သွားလိမ့်မည်။

အဲဒါက လူကို ကယ်တင်တာ မဟုတ်ဘဲ ပိုလို့တောင် ထိခိုက်သွားစေလိမ့်မည်။

ချိတ်ကို ချွတ်လိုက်သောအခါ သံကြိုးကိုလည်း ဖမ်းဆွဲလိုက်သော်လည်း သံကြိုးသည် ဖူကွေ့ရဲ့ လက်မောင်းကို ရစ်ပတ်က အကွေ့အကောက်များသော စက်ဝိုင်းအရေအတွက်အတိုင်း ပို၍ပို၍ တင်းကျပ်လာသည်။

ချန်ရှီသည် သူ၏ ချီ​သွေးများကို အသက်သွင်းလိုက်တဲ့အခါ ချီသွေးများသည် ချက်ချင်းပင် သူ့လက်များကို ထူထဲလာစေသည်။ သို့နှင့် လျင်မြန်စွာ အားဖြည့်ကာ ဖူကွေ့ခြေဖဝါးကို ချည်နှောင်ထားသည့် နောက်ထပ်ကြိုးကို ဆွဲယူလိုက်လေသည်။ ဖူကွေ့ ပြုတ်ကျသွားမှာ ကြောက်တာကြောင့် ချန်ရှီ သူ့​​ဘယ်ဘက်ခြေထောက်တွင် သံကြိုးကို အလျင်အမြန် ပတ်ရစ်ထားခဲ့သည်။

သူ့ခေါင်းပေါ်၌ ပဉ္စမမြောက် အလောင်းပေါ်က အစီအရင်ထဲရှိ အရာသည် ဆယ်ပေကျော် အရွယ်ရှိ အနီရဲရဲ ဦးခေါင်း​ကြီးအဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းက သွေးစွန်းနေသော ပါးစပ်ကို ဟ​ပြလာရာ နှာခေါင်းပေါက်များထဲ နံစော်နေသော အနံ့အသက်များ တိုးဝင်လာတော့သည်။

ရွာသားတွေ မြင်တွေ့ခဲ့ရတဲ့ တစ္ဆေကြီးတွေရဲ့ ပါးစပ်ကို ဒီလို ဇာတ်မျိုးနဲ့ အသွင်ပြောင်းခဲ့တာပဲ ဖြစ်လိမ့်မည်။ ထိုရှည်လျားသော တွဲလောင်းလျှာများက သူတို့ပါးစပ်ထဲက သံကြိုးများသာ ဖြစ်သည်။

ချန်ရှီသည် သူ့​​လက်များကို ပြင်းထန်စွာ အသုံးပြုကာ တိုက်ခိုက်နေသော သရဲဦးခေါင်းကို ကိုင်မြှောက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ချန်ရှီသည် ယခုအခါ၌ ထုပ်တန်းတစ်ခုပေါ်တွင်သာ မှီခိုနေရပြီး တစ္ဆေဦးခေါင်းနှင့် အညီအမျှ တိုက်ခိုက်ရန် နည်းလမ်းမရှိပေ။

တစ္ဆေခေါင်းနီက သူ့ကို တစ်ကျိုက်တည်း မျိုတော့မှာကို မြင်လိုက်ရချိန် သူ့ခြေဖဝါးပေါ်က ထုပ်တန်းဟာ အရှိန်ပြင်းပြင်းနဲ့ ရုတ်တရတ် တုန်ခါသွားကာ သံကြိုးနဲ့ ချိတ်ထားတဲ့ သစ်သားပျဉ်ပြားတွေကလည်း ကလစ်ကနဲ အသံ ထွက်ပေါ်လာသည်။

သူ့ရဲ့အစွမ်းက ဒီအစီအရင်မကောင်းဆိုးဝါး လောက် မကောင်းပေမယ့် သူ့ရဲ့ တန်ပြင်ကန်ချက်ကြောင့် ခေါင်မိုးက မခံနိုင်ဘဲ ပြိုကျသွားလေသည်။ အုတ်ကြွပ်များက ကောက်ရိုးများနှင့်အတူ ခေါင်မိုးပေါ်တွင် ထို​ထားသော သစ်သားပျဉ်ပြားများ တွဲကျလာပြီး ဦးခေါင်းနီကြီးကို ထိမှန်သွားသည်။

ချန်ရှီခြေထောက်ပေါ်ရှိ သံကြိုးများလည်း ချက်ချင်း လွတ်သွားလေရာ သူ့ခမျာ ရေကူးရခက်နေသော ငါးတစ်ကောင်ကဲ့သို့ လျိုဖူကွေ့ကို ပွေ့ဖက်ရင်း အောက်သို့ လဲကျသွားခဲ့သည်။ သူ​ပြုတ်ကျသွားသည်နှင့် ကီလိုဂရမ်နှစ်ထောင် အလေးချိန်ရှိသော တန်းတစ်ခုကလည်း ကျယ်လောင်သော အသံနဲ့အတူ ပြိုကျပျက်စီးသွားတာ တွေ့လိုက်ရသည်။

ချန်ရှီသည် လျိုဖူကွေ့ရဲ့ လက်ခြေများပေါ်ရှိ သံကြိုးများကို ဖြည်ရန် စိတ်မ၀င်စား​တော့ဘဲ သူ့ကို ပွေ့ဖက်ကာ ချက်ချင်းပင် ပင်မခန်းမှ ပြေးထွက်လာလေ၏။ အနောက်မှ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်နှင့် ပင်မအခန်းနှင့် ဘေးခန်းနှစ်ခန်း ပြိုကျသွားကြောင်း သိလိုက်သည်။

တစ်ချိန်တည်းမှာပင် နံရံများ ပြိုကျကာ အပျက်အစီးများက အိမ်သုံးလုံးကို မြှုပ်နှံပြီးသား ဖြစ်သွားသည်။ အိမ်က ပြိုကျပြီး လေလှိုင်းထဲမှာ မီးခိုးတွေ ဖုန်မှုန့်တွေသာ ပြည့်လျှံသွားလေရာ ဟေးကော်တောင် ချောင်းဆိုးတာကို မရပ်တန့်နိုင်ခဲ့။

ချန်ရှီလည်း အသက်ရှုကြပ်သွားသည်။ လျိုဖူကွေ့၏ လက်ခြေများပေါ်ရှိ သံကြိုးများကို အမြန်ဖြည်ပြီး မတ်တပ်မရပ်မီတွင် ပြိုကျနေသော အိမ်၏ သံတန်းများကို ရုတ်တရက် ထောင်မတ်လာတာ တွေ့လိုက်ရသည်။ အလေးချိန် မရှိသလို လွတ်လွတ်လပ်လပ် ထလာသော ထင်းတိုင်များကို မြင်သောအခါတွင် ချန်ရှီနဲ့ ဟေးကော်တို့၏ မျက်လုံးများ ဖြောင့်စင်းသွားသည်။

"ကျေးလက်က ကောင်လေး! မင်းငါ့​ဒေါသကို ဆွလိုက်တာပဲ!"

အိမ်အောက်မှ ဘီလူးကြီး၏ ဟောက်သံသည် ကျောက်ဆောင်များလို ပျံဝဲလာတော့သည်။ နေရာတိုင်းတွင် မီးခိုးငွေ့များ လှိုင်းထနေကာ တစ္ဆေဦးခေါင်းမှာ ပြိုကျနေသော အိမ်အောက်မှ တက်လာ၏။ ၎င်းက ဖုန်မှုန့်များ၊ ကျောက်တုံးများကို တွန်းထုတ်ကာ လေထဲတွင် လွင့်မျောနေသည်။

၎င်းပါးစပ်ထဲတွင် သံကြိုးတစ်ချောင်းကို ရှိ၏။ ကြိုး၏ အခြားတစ်ဖက်က ကြေးအိုးအတွင်း၌ ချိတ်ထားသည်မှာ ကလေးလေးဦး၏ အသက်ကနေ သန့်စင်ထားသော ဆီမီးခွက်သာ ဖြစ်သည်။

အိမ်က ပြုတ်ကျသွားပြီ။ သူသည် ချန်ရှီကို စားပစ်ဖို့ အာရုံမစိုက်အားတော့ဘဲ ထိုအိုးသေးသေးလေးကိုသာ လုယူသွားခဲ့၏။ အိုးထဲက ဆီမီးတွေ မပျက်စီးအောင်လည်း ထိန်းထားရသေးသည်။ ဆီမီးခွက်ဆီကို ပြန်ယူခဲ့ပေမယ့် ချန်ရှီက လျိုဖူကွေ့က ကယ်တင်သွားပြီ။ အနှီကလေးက ဆီမီးသန့်စင်ဖို့ သူ့အကြံအစည်ကို ပျက်စီးစေခဲ့သည်။

ဆီမီးကို သိမ်းဆည်းထားသော်လည်း ဆီမီး၏ အရည်အသွေးမှာ အလွန်လျော့ကျသွားပြီ။ မီးအိမ်၏ သက်တမ်းကို ရှည်ကြာစေသည့် အကျိုးသက်ရောက်မှုမှာလည်း လျော့ကျသွားပါပြီ။

တစ္ဆေခေါင်း၏ အခြားတစ်ဖက်ရှိ ၎င်း၏ပိုင်ရှင်ဖြစ်သော လျှို့ဝှက်ဆန်းကြယ်သူမှာ ဒေါသ အကြီးအကျယ် ထွက်နေပါပြီ။ သူသည် ချန်ရှီကို စားပစ်ရန် မအောင့်အီးနိုင်တော့ပေ။ တွန်းအားပေးနေလေသည်။ သူသည် ကျိုင်းပင်ပေါ်မှ အဆောင်စာလုံးကို ရုတ်တရက် တွေ့လိုက်သောအခါ တုံ့ဆိုင်းသွားကာ ခဏအကြာတွင် လှောင်ပြောင်လိုက်လေသည်။

"အဆောင်ဆွဲဆရာလေး... ငါတို့က ကြိုးချည်ထားပြီးပြီ... မင်း ထွက်ပြေးလို့ မရပါဘူး ငါ မင်းကို သေချာဖမ်းပြီး ဆီမီးခွက်ထဲ သန့်စင်ပစ်မယ်!"

မကောင်းဆိုးဝါးသည် လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာ၏ ထိန်းချုပ်မှုအောက်တွင် ပျံတက်သွားသည်။ ရုတ်တရက် ခြံတွင်းရှိ ချန်ရှီသည် သူ့ဘောင်းဘီကို ချွတ်ကာ ငှက်ကလေးကို ထုတ်ယူကာ ပြိုကျနေသော အိမ်ပေါ်သို့ ပြေးသွားလေသည်။

လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာလည်း ထိုအ​ဆောင်ဆွဲသားချက်ကို ငုံ့ကြည့်ကာ လန့်ဖျပ်သွားသည်။

"ဒီကလေးက မသေမှာကို ကြောက်နေတာလား..."

ဒါကို သူတွေးနေချိန်မှာပဲ မကောင်းဆိုးဝါးက သူ့ထိန်းချုပ်မှုကနေ ရုတ်တရက် ရုန်းထွက်ပြီး ချန်ရှီဆီ ပြေးသွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာခမျာ စိတ်ရှုပ်ထွေးသွားရာမှ ရုတ်တရက် လန့်နိုးလာသည်။

"ငါက မကောင်းဆိုးဝါး... ကောင်လေးရဲ့ ဆီးနံ့ကို ရလို့ကတော့ အဲ့ကောင်လေးကို တိုက်ခိုက်ဖမ်းပစ်မယ်.... အဲဒီဘီလူးကောင်ကို ဆွဲဆောင်ဖို့ သူ့ကိုယ်ပိုင် ကျင်ငယ်ရည်နံ့ကို သုံးနေတာလား?"

ဒါကို သူတွေးပြီးတာနဲ့ အစီအရင်ကို ပြောင်းဖို့ ကြိုးစားပေမယ့် နောက်ကျသွားပြီ။ မကောင်းဆိုးဝါးက ချန်ရှီဆီ ပြေးသွားပြီပဲ ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ ကျိုင်းပင်အိုကြီးပေါ်တွင် ချန်ရှီ ထားခဲ့သော တောင်ကြီးငါးခု အဆောင်ဆွဲချက်များက ရုတ်တရက် အသက်ဝင်လာပြီး အလင်းရောင်များစွာဖြင့် တောက်ပလာတော့သည်။ လင်းလက်တောက်ပနေကာ ပြိုးပြိုးပြက်ပြက် တောင်ကြီးငါးလုံးက မကောင်းဆိုးဝါးကို ဖိချလိုက်တဲ့အခါ ၎င်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ မလှုပ်နိုင်သေး။

မကောင်းဆိုးဝါး ပါးစပ်ထဲက အိုးသေးသေးလေးဟာ ချက်ချင်း လှိမ့်ဆင်းသွားပြီး အိုးထဲက ဆီမီးက ကြမ်းပြင်တစ်ခုလုံး ပြန့်ကျဲသွား၏။

ချန်ရှီသည် ငှက်ကလေးကို လှုပ်ယမ်းကာ ဘောင်းဘီကို ကောက်ဝတ်လိုက်သည်။ ထို့နောက် ရှေ့သို့တိုးကာ ခြေဖဝါးကို မြှောက်ကာ ခက်ခက်ခဲခဲ ချလိုက်ရင်း ကြေးအိုးငယ်ကို ကောက်ယူလေ၏။ ထို့နောက် ထိုင်ချလိုက်ကာ အရွယ်အစား ဆယ်ပေကျော်ရှိသော ဘီလူးကြီး၏ မျက်လုံးများကို ကြည့်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာသည် ဒေါသအမျက် ထွက်နေသော်လည်း မလှုပ်ရှားနိုင်ဘဲ ဖိနှိပ်ခံထားရသည်။

"ငါမင်းကို မတွေ့​စေနဲ့!!"

ချန်ရှီသည် မကောင်းဆိုးဝါးမှတဆင့် တစ်ဖက်က အဆောင်ဆွဲဆရာ၏ အသွင်အပြင်အစစ်ကို မြင်လိုသည့် အတိုင်း မျက်လုံးများကို တိုက်ရိုက် ကြည့်ရှုလိုက်သည်။

"မင်းနဲ့တွေ့ရင် ငါမင်းကို အသေရိုက်သတ်ပစ်မယ်!"

ချန်ရှီလည်း မတ်တပ်ထရပ်ကာ ခြေထောက်ကို မြှောက်ကာ မကောင်းဆိုးဝါးရဲ့ ဦးခေါင်းပေါ်သို့ လှမ်းတက်​ပေးလိုက်​ပေသည်။ ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ မကောင်းဆိုးဝါး ပေါက်ကွဲသွားပြီး သွေးနီရောင် သစ်ကြံပိုးခေါက်အဖြစ်သို့ ပြောင်းကာ မြေကြီးထဲ ရောနှောသွားလေသည်။

မကောင်းဆိုးဝါးကို ဖယ်ရှားလိုက်ကာ လျိုဖူကွေ့ကိုလည်း ကယ်တင်နိုင်ခဲ့ပြီ။ အိပ်ယာစိုနေသော ကလေးတစ်ဦးရဲ့ အမှုကို ဖြေရှင်းနိုင်ခဲ့သော်လည်း ဒေါသက သူ့နှလုံးသားထဲတွင် မပြေသေးဘဲ ရှိနေသေးသည်။

ဤလျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာသည် အမှန်တကယ်ပင် သူတွေ့ခဲ့သော ကျင့်ကြံသူများထက် များစွာ သန်မာသည်။ သူသည် ထိုကဲ့သို့သော သခင်နှင့် မတိုက်သင့်ပေ။ သို့သော် ဤလျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာကို ရှာတွေ့ကာ အနိုင်ယူချင်လျှင် သေတဲ့အထိ တိုက်ရလိမ့်မည်။

"မင်းတို့ ဝင်လာကြတော့!!"

ချန်ရှီ သူ့ဒေါသကို ထိန်းကာ ခြံအပြင်ဘက်ရှိ အံ့အားသင့်နေသော ရွာသားများကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"နတ်ဆိုးတွေကို ကျွန်​တော် ဖယ်ရှားပြီးပြီ.... ဖူကွေ့ကိုလည်း ကယ်ခဲ့တယ်"

ဒီသတင်းကြားပေမယ့် ရွာသူရွာသားတွေ မဝင်ရဲကြသေးပါဘူး။

စန်းဝမ်က ရဲရင့်မှုအရှိဆုံး ဖြစ်သူမို့ အရင် ဝင်လာခဲ့သည်။ ထို့နောက် အခြားသူများသည်လည်း ရဲရင့်စွာဖြင့် ထျန်မိသားစု၏ စွန့်ခွါသွားသော အိမ်သို့ လိုက်ဝင်လာကြသည်။ လျိုဖူကွေ့၏ မိဘများသည်လည်း အမြန် ပြေးဝင်လာကာ သူတို့ကလေးကို ကောက်ပွေ့ရင်း နာမည်ကို ဆက်တိုက် အော်ခေါ်​နေကြ​တော့၏။

လျိုဖူကွေ့က ကြောင်တက်တက်နဲ့ မျက်လုံးဖွင့်ပြီး “ဖေဖေ မေမေ” လို့ တိုးတိုးသာ ပြောကာ မျက်လုံးများ ပြန်မှိတ်သွားလေသည်။

"သူ အင်အားတွေ အများကြီး ဆုံးရှုံးသွားပြီ... တစ်ရေးတစ်မော အိပ်ပါစေ သူ့ကို အားမပြတ်စေနဲ့....ယာဂုပူပူလေး နည်းနည်းလောက် အရင်တိုက်လိုက်ပါ"

ချန်ရှီ ညွှန်ကြားချက် အနည်းငယ် ပေး၍ လျိုဖူကွေရဲ့မိဘတွေကို အိမ်ပြန်ခိုင်းလိုက်သည်။ အခြားရွာသားများက ပြိုကျနေသော အိမ်ကို သန့်ရှင်းရေး လုပ်ကြရာမှ အခြားကလေး သုံးဦးကိုလည်း တွေ့ရသည်။ ကံမကောင်းစွာပဲ ဤကလေးသုံးဦးသည် အချိန်အတော်ကြာ သေဆုံးသွားခဲ့ပြီမလို့ မကယ်တင်နိုင်ခဲ့ပေ။

ငိုကြွေးသံတစ်သံ ထွက်ပေါ်လာပြီးနောက် ဆက်တိုက် ဆူညံလာရာ နောက်ဆုံးတွင် ကြောက်စရာအဖြစ်မှ ဝမ်းနည်းခြင်း အငွေ့အသက်တွေ ပြောင်းလဲသွား​တော့သည်။

"ထျန်မိသားစုရဲ့ ခေါင်းတလား ရှစ်ခုကို မြှုပ်ဖို့ တစ်ယောက်ယောက် ရှာသင့်တယ်"

စန်းဝမ်က ထိတ်လန့်တုန်လှုပ်သွားပြီး "သူတို့က ကန့်ညောင်ကို စော်ကားလို့ ဒဏ်ခတ်ခံလိုက်ရတာလေ... ဘယ်သူက သူတို့ကို သင်္ဂြိုဟ်ရဲမှာလဲ"

ချန်ရှီမျက်နှာ မည်းမှောင်လာပြီး "မြေမြှုပ် မသင်္ဂြိုဟ်ဘူးလား? သူတို့မိသားစု ရှစ်ယောက်ကို ငြိမ်းငြိမ်းချမ်းချမ်း သင်္ဂြိုဟ်လို့ မရဘူးလား... သူတို့ကိုဒီမှာ ဆက်ထားမယ်ဆိုရင် သူတို့ရဲ့ နာကြည်းမှုတွေက မလွဲမသွေ ကြီးလာတော့မှာ... သူတို့ မကောင်းဆိုးဝါးတွေ ဖြစ်သွားမှ တစ်ရွာလုံး ပြောင်ကုန်မှာ!"

ရွာသားတွေကြားတော့ အံ့သြတုန်လှုပ်သွားပြီး ပြင်ဆင်ဖို့ အမြန် ထွက်သွားကြတော့သည်။

ချန်ရှီသည် ငယ်ရွယ်သေးပြီး သူ့တွင် အရည်အချင်း မရှိဘူးဟု ထင်မြင်နေကြသော်လည်း ယခု ထို "နတ်ဆိုး" တောင်ငယ်လေးကို သတ်လိုက်တာ တွေ့လိုက်ရသောအခါတွင် သူတို့ စိတ်ချသွားကြသည်။

ရွာလူကြီးက ချန်ရှီ အနားယူဖို့ စားပွဲနဲ့ ကုလားထိုင်တွေ ယူလာခိုင်းလေသည်။ အသီးတွေလည်း ချ ပေးခိုင်းပြီး ချန်ရှီရဲ့ ပုခုံးတွေ၊ ခြေထောက်တွေကို နှိပ်ပေးနေကြသူတွေလည်း ပေါ်လာသည်။

"စန်းဝမ်... ခင်ဗျား ဒီကိုလာခဲ့!... မကြာသေးမီက ခင်ဗျားရဲ့ရွာကို သူစိမ်းတစ်ယောက်ယောက် လာဖူးလား?"

"သူစိမ်း?"

စန်းဝမ်က ခဏလောက်စဉ်းစားပြီး "ဒီကိုတကယ် ရောက်လာဖူးတယ်... သူက ပြည်နယ်မြို့တော်ကလာတာလို့ ကြားတယ်... မှော်ဆရာတစ်ယောက်ပဲ... စီရင်စုမြို့တော် ကျောက်မိသားစုထဲက ဒုတိယသခင်မလေးက ပျောက်နေတယ်လို့ ပြောသေးတယ်... သတင်းလာမေးတာတဲ့... နောက်ကျသွားတော့ ငါတို့ရွာမှာ တစ်ညလောက် တည်းသွားတယ်.. မိုးလင်းမှ ထွက်သွားတာ.... အဲ့ဆရာက တကယ်ကောင်းတယ် ငါတို့အတွက်တောင် အဆောင်လက်ဖွဲ့တွေ ဆွဲသွားပေးသေးတယ်..."

All Chapters