← Chapters

ကျဉ်းမြောင်းတဲ့လမ်းမှာ ဆုံတဲ့အခါ သတ္တိရှိသူက အနိုင်ရတယ်

Vol. 2 Ch. 20

ကျဉ်းမြောင်းတဲ့လမ်းမှာ ဆုံတဲ့အခါ သတ္တိရှိသူက အနိုင်ရတယ်

Vol. 2 Ch. 20

"ခရိုင်မြို့တော်က လာတာလား... ပျောက်နေတဲ့ ကျောက်သခင်မလေးနှစ်ကို ရှာနေတာ ဟုတ်လား"

ချန်ရှီသည် သူ မီးဖိုထဲသို့ လှည့်စားကာ ပစ်ထည့်ခဲ့လိုက်လို့ ကြွေရုပ် ဖြစ်သွားသော ခရမ်းရောင်၀တ် ကောင်မလေးကို တွေးလိုက်မိသည်။ သူမက ရှင်းရှန်ခရိုင် ကျောက်မိသားစုကပဲ။

ဒါပေမဲ့ အံ့သြစရာတော့ မဟုတ်ပါဘူး။ ခရမ်းရောင်ဝတ်တဲ့ မိန်းကလေးက အစောင့်တစ်ဒါဇင် ဒါမှမဟုတ် အစောင့်တွေနဲ့အတူ ခရီးထွက်နိုင်တာကြောင့် ကျောက်မိသားစုရဲ့ အဆင့်အတန်းဟာ မသေးမှန်း သူသိသည်။ သူမပျောက်နေတာ ဆယ်ရက်ကျော်နေပြီလေ။ သေချာတာကတော့ သူမဘယ်မှာရှိလဲ ဆိုတာကို တစ်ယောက်ယောက်က သတင်းပို့ပေးခဲ့တာ ဖြစ်မည်။

"ဒါနဲ့ပြောရရင် အရင်တုန်းက မီးဖိုထဲ​ရောက်သွားအောင့ လှည့်စားခံရတဲ့ လူ ၂၀၀ ကျော်လောက် ရှိပါတယ်... အများစုက သေသွားပြီ... ဘာလို့ သူတို့ကိုရှာဖို့ မိသားစုဝင်တွေကျ မရှိတာလဲ"

သူသည် ဤအာရုံ ပျံ့လွင့်သွားသော အတွေးများကို မျိုသိပ်ကာ ဆက်မေးလိုက်သည်။

"အဲဒီ အသက်ကြီးကြီး ဆရာကြီးက ထျန်မိသားစုရဲ့ စွန့်ပစ်ထားတဲ့ အိမ်မှာ တစ်ညလုံး တည်းခိုနေခဲ့တာလား"

စန်းဝမ်က ခေါင်းခါလိုက်ပြီး "အဲ့ညက ကန့်ညောင်ရဲ့ ဘုရားကျောင်းမှာ အိပ်နေခဲ့တာ..."

ချန်ရှီ၏ မျက်လုံးများသည် ရွာလယ်ရှိ ဘုရားကျောင်းကို စိုက်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

"မင်းက ဘုရားကျောင်းမှာ နေခဲ့တာလား..."

ထိုဘုရားကျောင်းထဲ၌ ပူဇော်သက္ကာများစွာ ရှိနှင့်ပြီးကာ ဖက်တီးကြီးသည် ပူဇော်သက္ကာ အများစုကို စားပြီး သူ့​အပေါ်ပိုင်းကို အသားတွေနဲ့ ပြည့်အောင် ဖြည့်နေ၏။

ချန်ရှီသည် သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး စန်းဝမ်ပေးသော ငွေအနည်းငယ်ကို ထုတ်ယူကာ ငွေစတွေကို တခဏလောက် ဆော့ကစားပြီးနောက် အလေးချိန် တစ်ဆင့် သို့မဟုတ် နှစ်ဆင့်ရှိသော အပိုင်းတစ်ခုကို ဖြတ်ထုတ်ကာ ဝမ်စန်းကို ပေးလိုက်သည်။

စန်းဝမ်လည်း အံ့ဩသွားပြီး သူ့ကို သံသယနဲ့ ကြည့်လာလေသည်။

"ခေါင်းတလား ရှစ်ခုကို သင်္ဂြိုဟ်ဖို့ ဒီငွေစတွေကို သုံးလိုက်... ကလေးသုံးယောက်အတွက် ခေါင်းတလားလုပ်ပြီး သဂြိုလ်နိုင်အောင်လည်း လုပ်ပေး...."

ချန်ရှီ ရွာအဝင်ဝကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

"နောက်ထပ် ခွေးခြေနှစ်လုံးကို ယူလာပြီး ရွာအဝင်ဝမှာ ထားလိုက်... ကျွန်တော် တစ်ယောက်ယောက်ကို စောင့်နေဦးမယ်" လ

စန်းဝမ်မှာ သူဘာကိုဆိုလိုချင်လဲ နားမလည်ပေမယ့် သူ့ညွှန်ကြားချက်ကို လိုက်နာပြီး ခွေးခြေနှစ်လုံးကို ရွှေ့လိုက်သေးသည်။ ချန်ရှီ ရွာအဝင်ဝသို့ ရောက်လာကာ ခွေးခြေခုံတစ်လုံးပေါ်တွင် ငြိမ်သက်စွာ ထိုင်ရင်း သူ့ဘေးနားရှိ အိုးမည်းအား လှည့်ပြောလိုက်သည်။

"ဖူကွေ့က ငါ့သူငယ်ချင်း... ငါ့ရဲ့တစ်ဦးတည်းသောအသက်ရှင်နေတဲ့ သူငယ်ချင်းပဲ သူအရမ်းနာကျင်ခဲ့ရတာကို ငါလျစ်လျူ မရှုထားနိုင်ဘူး... ငါက ဆီမီးခွက်ကို ဖိတ်​အောင်လုပ်ပြီး သူ့ကုသိုလ်ကောင်းမှုကို ပျက်သွားအောင် လုပ်လိုက်တော့ အဲ့လူ ဒေါသထွက်မှာ သေချာတယ်... ငါ့ဆီ လက်စားချေဖို့ လာမှာလည်း သေချာတယ်"

ဟေးကော်က သဘောတူညီတဲ့ အနေနဲ့ သူ့အမြီးကို ယမ်းလိုက်သည်။

ချန်ရှီ: "ဒီအ​ဆောင်ဆရာက အရမ်းသန်မာတယ် အဖိုးထက်တော့ ပိုသန်မာတယ် အဘိုးက အရင်လို မဟုတ်တော့ဘူး... အသက်ကြီးပြီး မသန်မာတော့ဘူး ဆိုတော့ သူက အဲ့လူရဲ့ပြိုင်ဘက် မဖြစ်နိုင်​တော့ဘူး"

ဟေးကော် တုံ့ဆိုင်းသွားသော်လည်း သူ့အမြီးကို မယမ်းပြခဲ့ပေ။ အကယ်၍ ချန်ရှီသာ ညဘက်ရောက်တိုင်း သူ့အဖိုး ပျံသန်းထွက်သွားတတ်တာကို မြင်ခဲ့လျှင် အခုလို ပြောလိမ့်မည် မဟုတ်ပေ။

ချန်ရှီက ဆက်ပြောသည်။

"ပြောရရင် ငါ သူ့ကို ဒီမှာ စောင့်မနေသင့်ဘူး... ငါချက်ချင်း ထွက်သွားပြီး တတ်နိုင်သမျှ ပြေးသင့်တယ် ဟုတ်တယ်မလား?"

ဟေးကော်က လေးလေးနက်နက် ခေါင်းညိတ်ပြ၏။ ထိုမှော်ဆရာသည် အန္တရာယ်များလွန်းသည်။ ထိုသူသည် မကောင်းဆိုးဝါးကို လေထဲမှ ထိန်းချုပ်ကာ ချန်ရှီနှင့် တိုက်ခိုက်ကာ ချန်ရှီကိုပင် နှိမ်နင်းခဲ့သည်။

အကယ်၍ ချန်ရှီသည် တောင်ငါးတောင် အဆောင်စာရွက်နဲ့ တံခါးစောင့် အဆောင်ကို စောစော မစီစဉ်ထားခဲ့ပါက မကောင်းဆိုးဝါး၏ ပါးစပ်တွင် အသတ်ခံရဖွယ်ရှိသည်။ အဲဒီလိုအဆောင်ဆွဲဆရာနဲ့ ထိပ်တိုက် ရင်ဆိုင်ရပါက ပို၍ အန္တရာယ်များလိမ့်မည်။

"သူ ဒေါသပေါက်ကွဲပြီး လာမှာ... အဲဒါကြောင့် သူ ပြီးပြည့်စုံတဲ့ ပြင်ဆင်မှုတွေ လုပ်ထားရမယ်... သူ့အဆောင်ဆွဲချက်ကလည်း အရမ်း ထူးဆန်းတယ် ငါက သူ့အတွက် လုံးဝ မယှဉ်သာဘူး... ဒါကြောင့် လွတ်မြောက်ဖို့က လုံးဝ မဖြစ်နိုင်ဘူး"

ဟေးကော်က သူ့အမြီးကို ပင့်တင်ရင်း ခေါင်းညိတ်​ပြသည်။

"ဒါပေမဲ့ အဲဒါကမှားတယ်!"

ချန်ရှီက ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"အိုးမည်း ဒီလိုလုပ်တာ မှားနေတယ်မလား... ညစ်ပတ်တဲ့ မီးခွက်ဆီကို သန့်စင်ဖို့ ကလေးလေးယောက်ကို သတ်လိုက်တာ မှားနေပြီလေ ဟုတ်တယ်မလား... ဒီကမ္ဘာကြီးက တရားမျှတမှု မလိုအပ်ဘူးလား ဒါက မမှန်ဘူးလို့ တစ်ယောက်ယောက်က မတ်တပ်ရပ်ပြီး အကျယ်ကြီး အော်ပြောဖို့ လိုတယ် အဲဒါကြောင့် ငါ ထွက်သွားလို့မရဘူး"

သူက သူ့လက်တွေကို ကြည့်ပြီး တိုးတိုးလေး ပြောမိသည်။

"ငါထွက်သွားလို့မရဘူး ငါထွက်သွားရင် အဲ့ဆရာကြီးက ပြန်လာပြီး ဖူကွေ့ကို ဖမ်းသွားလိမ့်မယ်... ငါမထားခဲ့နိုင်ဘူး ငါ သူ့ကိုစောင့်နေသင့်တာ သေချာတယ် ငါ သူ့ကို အနိုင်ယူနိုင်ပေမယ့်... တစ်ယောက်ယောက်က ဒီအတွက် တစ်ခုခုလုပ်ရမှာပဲ...အဲဒီလူလည်း ပြန်ပေးဆပ်သင့်တယ်!"

သူအရမ်း စိတ်လှုပ်ရှားနေပြီး သူ့နှလုံးသားထဲမှ ဒေါသတွေလည်း လှိုင်းခတ်လာသည်။ ကိုယ်တိုင် အရိုက်ခံရရင်အောင် မတ်တပ်ရပ်ပြီး ထိုတာအိုဆရာကို ရိုက်နှက်ဆုံးမချင်​နေခဲ့သည်။ သူ မသတ်ရင် တစ်ဖက်ကလည်း သူ့ကို သေအောင်ရိုက်လိမ့်မယ်။

ဟေးကော် တုံ့ဆိုင်းသွားပြီး ချန်ရှီကို မစည်းရုံးခဲ့ပေ။ ချန်ရှီရဲ့ ခေါင်းမာတတ်တဲ့ စရိုက်ကို သူသိသော်လည်း တကယ်တော့ ထက်မြက်သူလည်း ဖြစ်သည်။ မြည်းတစ်ကောင်လို မွေးဖွားလာလို့ မပြေးနိုင်ရင်တောင် တစ်ခုခုကို ဆုံးဖြတ်ရင် ဘယ်တော့မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူး။

ဟေးကော် တွေးနေတာကတော့ ချန်ရှီ သူ့အဖိုးထံ စာတစ်စောင် ထားခဲ့တာကို သူ့အဖိုး အိမ်ပြန်ရောက်သည်နှင့် ထိုစာကို မြင်လျှင် ဟွမ်ယန်ရွာကို အပြေးလာလိမ့်မည်ဟု။ ထိုအချိန်၌ အဘိုးသည် ထိုတာအိုဆရာကြီးနဲ့ ရင်ဆိုင်ရလိမ့်မည်။

တစ်ဖက်မှာတော့ မိုင်ပေါင်းများစွာဝေးတဲ့ ချင်ယန်တောင်ရဲ့ အနောက်​တောင်ခြေက စခန်းတစ်ခုမှာ ခြံတံခါးတစ်ခု ရုတ်တရက် ပွင့်လာပြီး ဆံပင်ဖြူနေတဲ့ အဘိုးအိုတစ်ယောက်ဟာ ဒေါသတကြီးဖြင့် ချပ်ဝတ်တန်ဆာနဲ့ မြင်းအဆောင်စာရွက်ကို ခြေထောက်မှာ ကပ်ပြီး ချက်ချင်း ထွက်သွားတော့သည်။

"လူယုတ်မာလေး!! မင်း ငါ့ရဲ့ကောင်းမှုကုသိုလ်တွေကို ဖျက်ဆီးတယ်ပေါ့!"

ဆံပင်ဖြူ အဘိုးအိုက ဒေါသတကြီးနဲ့ အံကြိတ်ပြီး ပြောနေ၏။

"အသက်ဆက်မီးခွက်ကို ခက်ခက်ခဲခဲ သန့်စင်ထားတာ... နောက်ဆုံး ယောက်ျားလေး တစ်ယောက်ပဲ လိုတော့တာ! ဒါပေမယ့် မင်းကငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်တယ်!! မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး! မင်း ငါ့ရဲ့ ဆီမီးခွက်လေးကို အပိုင်းပိုင်း နင်းပစ်သေးတယ်! ငါမင်းကို ဆီမီးခွက်ဖြစ်အောင် မသန့်စင်နိုင်ရင် အနှစ်ခုနစ်ဆယ်လုံးလုံး အလကားစားသလို ဖြစ်သွားလိမ့်မယ်!"

သူသည် ချပ်ဝတ်တန်ဆာနှင့် မြင်းအဆောင်ကို အသက်သွင်းသော်လည်း သူ့ခြေအောက်မှ လေထုဟာ မြေပြင်မှ သုံးလေးလက်မခန့်သာ မြှောက်သွားတာ မြင်လိုက်ရသည်။

"တျယ်ပိဝမ်း မင်းဘယ်သွားမလို့လဲ"

ရုတ်တရက် အသံတစ်ခုက သူ့ကိုခေါ်လိုက်တာနဲ့ ဆံပင်ဖြူ အဘိုးအိုက လျစ်လျူမရှုဝံ့ဘဲ လှည့်ကြည့်လိုက်ပြီး တောင်းပန်တဲ့အပြုံးနဲ့ ပြောရလေ၏။

"ဘဏ္ဍာစိုးကျောက်... ဒီလိုပါ သခင်မလေး ပျောက်ဆုံးသွားတဲ့ ကိစ္စစုံစမ်းဖို့ တောရွာကို သွားခဲ့တာ... ဒုတိယသခင်မလေး ပျောက်သွားတဲ့ အမှုအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး လှူဖို့ ကြံစည်ခဲ့မိပါတယ်... အဲဒါနဲ့ဆို နောက်ခံကောင်းတစ်ခု ရဖို့အတွက် အခွင့်အရေး တစ်ခုပေးပြီး ရာထူးတိုးပေးဖို့ တောင်းဆိုချင်ခဲ့တာ.... မမျှော်လင့်ဘဲ ကျေးလက် မှော်ဆရာငယ်လေးက ကျွန်တော့်ရဲ့ ကုသိုလ်ကောင်းမှုကို ဖျက်ဆီးပစ်လိုက်တယ်.... ဒီ​နေ့​တော့ စာရင်းရှင်းဖို့ သူ့ဆီသွား​ရလိမ့်မယ်​"

ရောက်လာသည့် ဧည့်သည်သည် အလွန်ချမ်းသာသော လူလတ်ပိုင်းတစ်ဦး ဖြစ်လေသည်။ သူ့လက်တွင် ကျောက်စိမ်း လက်စွပ်တစ်ကွင်းနှင့် ခါးတွင် ဆွဲထားသော ကျောက်စိမ်းဆွဲသီး ဝတ်ဆင်ထား၏။ ထိုသူမှာ ရှင်းရှန်ခရိုင်၊ ရွှမ်ယင်းအိမ်တော်က ဘဏ္ဍာစိုး ကျောက်မင်သာ ဖြစ်သည်။

ကျောက်မင်က ခေါက်ယပ်တောင်ကို လှုပ်ယမ်းလိုက်ပြီး သူ့ကို စိုက်ကြည့်ကာ ပြုံးပြလိုက်သည်။

"ဒါက သခင်ကြီးအတွက် ရည်စူးထားတဲ့ အသက်ဆက်မီးခွက်လား? မင်းက လူတွေကို ထပ်ပြီး ဒုက္ခပေးချင်နေတာပဲ... တျယ်ပိဝမ်း မင်းက အဆောင်စာလုံး အမျိုးမျိုးကို ကောင်းကောင်း ကျွမ်းကျင်လို့ မင်းကို ငါချန်ထားတာ... မင်းရဲ့ အသက်ဆက်မီးခွက်ကို သန့်စင်တာ လူဘယ်နှယောက် ဒုက္ခရောက်သွားလဲ?"

တျယ်ပိဝမ်းလည်း မည်သည့်အရာကိုမျှ ဖုံးကွယ်ဝံ့ခြင်း မရှိသောကြောင့် အမှန်အတိုင်း ပြောလိုက်သည်။

“ကျွန်တော် လေးယောက်ပဲ သတ်ခဲ့တာပါ”

ကျောက်မင်က ဒေါသတကြီးနဲ့ ပြန်ပြောတော့၏။

"ဒီအသက်လေးချောင်းအတွက် ဘယ်သူမှ မင်းကို အပြစ်တင်မှာ မဟုတ်ဘူး ငါ့ရဲ့ ကျောက်မိသားစုကိုပဲ ပြောကြလိမ့်မယ်... ဒါပဲ လေ့ကျင့်မနေနဲ့တော့ ငါတို့ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်က လေ့ကျင့်ဖို့ မဟုတ်ဘူး ဒုတိယသခင်မလေးကို ရှာဖို့...အသက်ဆက် မီးခွက်အရင် မင်း ဝိညာဉ်ရှာဖွေရေး အဆောင်စာရွက် သန့်စင်နေတယ်လို့ ပြောသေးတယ်မလား....အဲဒါ ဘယ်မှာလဲ?"

တျယ်ပိဝမ်းလည်း ဝိညာဉ်ရှာဖွေရေး အဆောင်စာရွက်ကို အမြန်ထုတ်ယူပြီး။

"ဝိညာဉ်ရှာဖွေရေး အဆောင်က သန့်စင်ပြီးပါပြီ.... ဘဏ္ဍာစိုးကျောက် ကြည့်ကြည့်ပါ..."

ကျောက်မင်: "မင်းရဲ့ အရည်အချင်းကို ငါ ယုံတယ်.... ဒုတိယသခင်မလေးက ချင်ယန်တောင်မှာ သေသွားပြီလို့ ထင်ခဲ့ပေမယ့် သူမ မသေသေးဘူးလို့ မင်း တွက်နိုင်တယ်.... မင်းသာ ဒုတိယသခင်မလေးကို ရှာနိုင်ရင် မင်းမှာ မိသားစုနောက်ခံ ရှိလာလိမ့်မယ်..."

တျယ်ပိဝမ်း အရမ်းပျော်သွားသည်။

ဒုတိယသခင်မလေး မသေသေးဘူး ဆိုတာကို သူတကယ် လိမ္မာပါးနပ်လို့ တွက်ချက်နိုင်တာ မဟုတ်ဘဲ သခင်မလေးရဲ့ ဝိညာဉ်ကို မဆင့်ခေါ်နိုင်လို့ပဲ ဖြစ်သည်။ ဒါကြောင့် ဒုတိယသခင်မလေး အသက်ရှင် နေသေးတယ်လို့ ရဲရဲဝံ့ဝံ့ မှန်းဆနိုင်ခဲ့တာပင်။

ကျောက်မင်: "အ​ဆောင်ကို သန့်စင်ပြီးပြီ ဆိုတော့ ငါတို့ ဒုတိယသခင်မလေးကို သွားရှာလိုက်ရအောင်... မင်းလက်စားချေမယ့်ကိစ္စ လောလောဆယ် ဖယ်ထားလိုက်ဦး "

တျယ်ပိဝမ်းလည်း ဟုတ်ကဲ့ဟုသာ နာခံရတော့သည်။ ဘာပဲဖြစ်ဖြစ် အဲဒီကောင်လေးရဲ့ အသွင်အပြင်ကို မှတ်မိနေပြီလေ။ သူ့ကို ရှောင်မပြေးနိုင်တော့ပါဘူး။

"ခုနက ကျွန်တော် ဒုတိယသခင်မလေးရဲ့ တည်နေရာကို ရှာဖွေဖို့ စိတ်ဝိညာဉ် ရှာဖွေရေးနည်းလမ်းကို သုံးခဲ့ပါတယ်... ဘဏ္ဍာစိုးကျောက် တခြားတစ်ယောက်ကိုရော ခေါ်ချင်​သေးလား?"

ကျောက်မင်က မျက်လုံးများ တောက်ပလာတဲ့အထိ ပြုံးကာ "နောက်တစ်ယောက် ဆိုတာက နောက်ထပ် တစ်ယောက်က အကြွေးကို မျှဝေနိုင်တယ်လေ..."

တျယ်ပိဝမ်းလည်း နားလည်သဘောပေါက်ပြီး နောက်ထပ် ချပ်ဝတ်တန်ဆာနှင့် မြင်းအ​ဆောင်ကို ထုတ်ကာ ဒူးထောက်၍ ကျောက်မင်၏ ခြေထောက်များပေါ် ကပ်​ပေးလိုက်သည်။ ထို့နောက် နှစ်ယောက်သား လေ​ပြင်းကို နင်းကာ ချင်ယန်တောင်၏ အရှေ့ဖက်သို့ ဆယ်ပေကျော်သော တောင်ခြေများဆီသို့ လျှောက်သွားခဲ့ကြသည်။

ဟွမ်ယန်ရွာ အပြင်ဘက်​က ချန်ရှီမှာ ရွာအဝင်ဝတွင် မလှုပ်မယှက် ထိုင်နေကာ နေရောင်က တောက်ပနေတာကြောင့် အနည်းငယ် မူးဝေလာသည်။ ကံကောင်းထောက်မစွာ စန်းဝမ်တို့ မိသားစုက သူဗိုက်ဆာမည်ကို ကြောက်သောကြောင့် သူ့အတွက် ထမင်းဟင်း ချက်ပေးကြသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ချန်ရှီသည် နောက်ဆုံးတွင် ငန်တာနှင့် အသင့်အတင့် အစားအစာများကိုသာ စားခဲ့ရတာကြောင့် စန်းဝမ်ရဲ့ ချွေးမဖြစ်သူ မျက်နှာနီသွားသည်အထိ ချီးမွမ်းပစ်ခဲ့သည်။

"ဒါက ကျေးလက် အစားအစာတွေပဲလေ... ဘယ်လိုလုပ် အဲ့လာက် အရသာရှိနိုင်မှာလဲ"

ရိုးသားသော အမျိုးသမီးက သူမခါးစပတ်ကို အထပ်ထပ် ပွတ်ကာ ပြုံးပြသည်။ ချန်ရှီ အားလုံးကိုစားပြီး စွမ်းအင်ပြန်လည် ရရှိပြီးနောက် သူသည် ရွာအဝင်ပေါက်သို့ ပြန်ရောက်လာကာ စောင့်ဆိုင်းနေ​ပြန်သည်။

နေ့ခင်းအထိ စောင့်ပြီးနောက် အိုးမည်းပင် သည်းမခံနိုင်တော့ဘဲ နှစ်ကြိမ်ဟောင်လာသည်။ ချန်ရှီလည်း ထရပ်ကာ စာအုပ်သေတ္တာကို ကျောပေါ်တွင် တင်လိုက်သည်။

သူ မစောင့်နိုင်တော့ဘူး။

အချိန်ကြာကြာ ထပ်စောင့်​နေလျှင် မှောင်လာ​တော့မည်။ အဲဒီလိုဆို ဟွမ်ဖောရွာကို ပြန်ဖို့လည်း နောက်ကျသွားလိမ့်မည်။ ဟေးကော်ရဲ့ အချိန်ကို အဆုံးအဖြတ်ပေးသည့် အချိန်သည် အမြဲတမ်း တိကျသည်။ အဲဒီနေ့က နေထွက်ချိန် တစ်နာရီ၏ လေးပုံတစ်ပုံ စောသည်မှလွဲ၍ ကျန်တဲ့အချိန်တွေက တိတိကျကျပင်။

ချန်ရှီသည် ဟွမ်ယန်ရွာမှ လူများအား နှုတ်မဆက်ဘဲ ရွာမှ တိုက်ရိုက်ထွက်ခွာကာ ဟွမ်ဖောရွာသို့ အမြန်ပြေးသွားခဲ့သည်။

"အဲ့တာအိုဆရာ မလာဘူး... တစ်ယောက်ယောက်က သူ မီးခွက်ဆီ သန့်စင်မယ့်ကိစ္စကို ဖျက်စီးပစ်တာတောင် ရောက်မလာဘူး ဆိုတော့ ဒီနေ့ မပေါ်လာရင် ပေါ်လာ​တော့မှာ မဟုတ်ဘူး..."

"ဒီလူက ဂုဏ်သိက္ခာရှိဖို့ အရင်လုပ်နေမယ်လို့ ငါလည်း မမျှော်လင့်ထားဘူး ဒီတစ်ခါ သူ့ကို မတွေ့ရလို့ နောင်တရနေလိုက်တာ... ​​နောက်တစ်ခါ ထပ်တွေ့ချင်ပေမယ့် ဘယ်လောက် ကြာမလဲ မသိဘူး...."

ဟေးကော်မှာ သူ့နောက်သို့ အမြန်လိုက်ရင်း ပိုပိုပြီး စိတ်အေးလက်အေး ဖြစ်လာသည်။ ချန်ရှီ သူ့ဒေါသကို ဖြေဖျောက်ရန် ထိုဆရာနဲ့ တိုက်ခိုက်နေမှာကို မလိုလားပေ။ ချန်ရှီ တစ်ခုခုဖြစ်သွားရင် အဘိုးက ချန်ရှီကို ကယ်တင်မှာ မှန်ပေမယ့် သူ့ကိုတော့ ကောင်းကောင်းကြီး ရိုက်နှက်လိမ့်မယ်။

ချန်ရှီ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်မှာ တောက်လောင်နေတဲ့ နေရောင်က ပူနေသေးပြီး နေဝင်မယ့် အရိပ်အယောင် မပြသေးပေ။ သူ့ခြေဖဝါးခွန်အားနဲ့ နေမ၀င်ခင် အိမ်ပြန်​ရောက်ဖို့ လုံလောက်ပါ၏။

"အဘိုး အိမ်ပြန်ရောက်ပြီလား မသိဘူး..."

အနောက်မှ အဝတ်အစားများ လှုပ်ရှားသံများ ရုတ်တရက် ကြားလိုက်သောအခါတွင် ချန်ရှီ အရှိန်လျှော့ကာ နောက်သို့ လှည့်ကြည့်လိုက်ရာ လူနှစ်ယောက် ပြေးလာနေတာ တွေ့လိုက်ရသည်။

လူနှစ်ယောက်ထဲက တစ်ယောက်က ဆံပင်ဖြူနဲ့ အသက်ကြီးကြီး။ နောက်တစ်ယောက်က သားနားသော အဝတ်အစားနဲ့ လူလတ်ပိုင်းအရွယ် ဖြစ်သည်။ ခြေဖဝါးတွေက လေပွေတစ်ခု မြေပြင်ကနေ လွင့်ထလာသလိုမျိုး သူတို့ရဲ့ ခြေထောက်တွေကို မြေမထိအောင် မြှောက်ပေးထားလေသည်။

ဤနည်းဖြင့် ၎င်းတို့သည် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဆယ်ပေကျော်အထိ လှမ်းနိုင်ကာ လမ်းလျှောက်တဲ့အခါ အလွန် ပင်ပန်းတော့မည် မဟုတ်ပေ။

"သံချပ်ကာနဲ့ မြင်းအဆောင်ကို ဒီလိုမျိုး သုံးလို့ရတာလား?"

ချန်ရှီ အံ့သြသွားပြီး သူတို့နှစ်ယောက် ဖြတ်သွားမည့်အချိန်ကို စောင့်မျှော်နေပါသည်။

အဘိုးက မြင်းအဆောင်စာရွက် ဆွဲနေတာကို ဘေးကနေ ကြည့်နေခဲ့ဖူးသည်။ သူ ဟိုးအရင်တုန်းက သင်ယူဖူးပေမယ့် သူ့အဖိုးက မြင်းနဲ့ သံချပ်ကာအဆောင်ကို သစ်သားလှည်းပေါ်မှာပဲ အမြဲဆွဲပြီး လှည်းကို သူ့ဘာသာသူ ရွေ့ခိုင်းလေ၏။ အဘိုး သူ့ခြေထောက်မှာ ကပ်ထားတာမျိုး တစ်ခါမျှ မမြင်ဖူးပေ။

"အရမ်းနောက်ကျနေပြီကို လမ်းဘေးမှာ ကလေးတစ်ယောက် ရှိနေတယ်..."

လူလတ်ပိုင်းအရွယ်က ချန်ရှီကို အဝေးက​နေ လှမ်းမြင်နေတာကြောင့် သံသယစိတ်နဲ့ ပြောလိုက်သည်။ သူတို့ နှစ်ယောက် အမြန် ချဉ်းကပ်လာသည်။

တျယ်ပိဝမ်း: "ဆေးကို အလျင်စလိုလုပ်ပြီး မသုံးနိုင်တာ နှမြောစရာပဲ…”

သူဒီလိုပြောလိုက်တာနဲ့ ချန်ရှီရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ မျက်နှာကြီးက ချက်ချင်း မည်းပုတ်သွားတော့သည်။

"မင်းပဲ ငါ့ဆီမီးခွက်ကို ဖျက်စီးသွားတဲ့ ကလေး!"

ချန်ရှီလည်း ထိုအသံကို ကြားရတဲ့အခိုက် အရမ်းရင်းနှီးသလို ခံစားလိုက်ရပြီး သူ့မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွား၏။ ဟေးကော်သည် တျယ်ပိဝမ်း အသံကို မှတ်မိတာကြောင့် နားရွက်များ၊ အနက်ရောင်အမွေးများ ထောင့လာကာ သူ့အမြီးကလည်း အနက်ရောင်သံလှံတံကဲ့သို့ ဖြောင့်သွားသည်။

ချန်ရှီကို သတိပေးတော့မည် ဖြစ်သော်လည်း သူ့အနားရှိ ချန်ရှီသည် ကြိုးတစ်ချောင်းမှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းလို မရှိတော့ပေ။ ထိုလူငယ်က တျယ်ပိဝမ်းဆီသို့ ပြေးသွားလေပြီ။

အချိန်အတော်ကြာ အရှိန်အဟုန်နဲ့ ထိန်းနေတဲ့ ကျားသစ်တစ်ကောင်ဟာ ရုတ်တရက် ခုန်ထွက်သွားပြီး ခြေတစ်လှမ်း ဆယ်ပေကျော်လောက်ကို ပြုတ်ကျသွား၏။ သူ့ရဲ့ ခြေဖဝါးထိပ်မှာ သွေးတွေ စုစည်းနေသလိုမျိုး လျှပ်တပြက်အတွင်း သူ့ခြေထောက်ပေါ်ရှိ ကောက်ရိုးဖိနပ်များ ဆန့်ထွက်ကာ ပြုတ်ကျသွားသည်။

ချန်ရှီ၏ ခြေထောက်များသည် စက်ဝိုင်းအပြည့် ကြီးထွားလာကာ ဒုတိယခြေလှမ်းကိုပင် အရှိန်ပိုပြင်းပြင်းဖြင့် အထွတ်အထိပ်အထိ အရှိန်မြှင့်လိုက်သည်။ လေပြင်းက သူ့မျက်နှာကို ရိုက်ခတ်သွားစဥ် လေပြင်းကြောင့် သူ့ဆံပင်တွေတောင် လွင့်ပျံသွားကာ ဖြောင့်တန်းသွား၏။

တစ်ချိန်တည်းမှာပင် တျယ်ပိဝမ်းနှင့် လူလတ်ပိုင်းတို့သည်လည်း အဲဒီဘက်သို့ လျှောက်လာနေကြပြီ။ မြင်းအဆောင်က လျင်မြန်နေပြီ ဖြစ်ပေမယ့် ချန်ရှီက တခဏချင်းပင် သူတို့ဆီသို့ ပြေးလာကာ မျက်နှာချင်းဆိုင် ဖြစ်ကာ ဆယ်ပေလောက်သာ ဝေးတော့၏။

ချန်ရှီဘက်က လက်သီးနဲ့ ထိုးလိုက်သည်။ သူ့လက်သီးတွေက လေတိုက်သံနဲ့အတူ စူးရှရှကျယ်လောင်ပြီး ဦးနှောက်ထဲအထိ စိမ့်ဝင်သွားနိုင်တဲ့ မှော်အစွမ်းတွေတောင် ရှိနေသယောင်။

"ငါ့မီးခွက်ဆီ ဖျက်စီးသွားတဲ့ ကလေး!"ဆိုတဲ့ စကားလုံး ပြောပြီးတာနဲ့ ချန်ရှီရဲ့ လက်သီးချက်က သူ့ရှေ့ကို ရောက်နေပါပြီ။ ချန်ရှီ အချက်တစ်ချက်ကို စိတ်ထဲမှာ မှတ်ထားပြီးသားပါ။ ဒါက သူ့အဖိုးရဲ့ သတိပေးချက်ပါပဲ။

သူ့မှာ မှော်အစွမ်းမရှိသောကြောင့် ဘယ်သူ့ကိုမဆို ခွန်အားနဲ့ သတ်နိုင်သော်လည်း ကျဉ်းမြောင်းတဲ့လမ်းမှာ ရန်သူနဲ့ဆုံလို့ အနိုင်ရချင်ရင် တစ်ဖက်လူကို အရင်လှုပ်ရှားဖို့ ခွင့်မပြုသင့်ချေ။

တျယ်ပိဝမ်းရဲ့ တုံ့ပြန်မှုအရှိန်မှာ ကျေနပ်ဖွယ်မရှိပေ။ သူ့တွင် အင်္ကျီလက်ထဲက အဝါရောင်စက္ကူများကို လွင့်ထွက်သွားစေသည်။ တစ်ချိန်တည်းမှာပင် သူ့​ဦးခေါင်းနောက်ဘက်ရှိ နတ်အလင်းရောင်က တဖျတ်ဖျတ် တုန်လှုပ်သွားကာ နတ်ကွန်းတစ်ခု ပေါ်ထွက်လာပြီး နတ်သန္ဓေသား ခြေရာများကိုပင် အတွင်း၌ မှုန်ဝါးဝါးမြင်နေရပြီ။

ခွန်အားကြီးသော ချီက ချက်ချင်းပင် သူ့နောက်ကွယ်မှ ပျံ့နှံ့သွားသည်။ ချီစွမ်းအင်က အလွန်ပြင်းထန်သလို ချန်ရှီ ၎င်းကို တစ်ခါမျှ မမြင်ဖူးသည့်အပြင် ပြင်းထန်သော ဖိနှိပ်မှုကိုပင် ခံစားရစေသည်။

ပထမ အဆောင်စာရွက်က တျယ်ပိဝမ်း ဘယ်ဘက်လက်ထဲမှ ပျံထွက်လာပြီး ချန်ရှီ၏ လက်သီးကို အကာအကွယ်ပေးသည့် ပါးကွာအစီအရင် ဖြစ်လာသည်။ တခြား အဆောင်စာရွက်ကို သူ မယုံပေ။

သို့သော် ပါးကွာအစီအရင် ချန်ရှီလက်သီးနှင့် ထိတွေ့လိုက်သည့်အခိုက်တွင် ချန်ရှီ၏ ညာဘက်ခြေထောက်က ပျံသန်းလာ၏။ သူ့ခြေဖဝါးက ချီသွေးတွေ ပြည့်လျှံနေကာ အားအပြည့်နဲ့ ကန်ထုတ်လိုက်သည်။

တျယ်ပိဝမ်းရဲ့ ခွန်အားက ရုတ်တရက် ဆုတ်ယုတ်သွားပုံရသည်။ မြင်းအဆောင်ကြောင့် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးလာသော်လည်း ချန်ရှီ ကန်ချက်ကြောင့် ရုတ်တရက် ရပ်တန့်သွားရာ မျက်လုံးများ ဝိုင်းစက်သွားကာ သံသယဝင်နေသကဲ့သို့ ဖြစ်နေသည်။

ချန်ရှီလက်သီးသည် ၎င်း၏ စွမ်းအားကို ထုတ်လွှတ်သည့် ပါးကွာ အကာအကွယ်ပေါ် ဖိချလိုက်ပြီး သူ့​​မျက်နှာကို ပြင်းပြင်းထန်ထန် ထိမှန်သွား၏။ အဘိုးအိုခမျာ အနောက်သို့ ပျံသန်းကာ သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ရသည်။

ကျောက်မိသားစုမှ ဘဏ္ဍာစိုး ကျောက်မင်ကလည်း အလျင်အမြန် တုံ့ပြန်သည်။ သူက နတ်ကွန်းကို ချက်ချင်း အသက်သွင်းကာ သူ့ချီစွမ်းအင်များကို စုစည်း၍ အစီအရင်ကို အသက်သွင်းနေချိန် ချန်ရှီက တျယ်ပိဝမ်းကို လက်သီးတစ်ချက် ကျွေးပြီးပြီ။ ချန်ရှီသည် သူ့ဘေးမှာ နတ်အလင်းတစ်ခု ထွက်လာတာကို ခြေလှမ်းတစ်လှမ်း လှမ်းပြီး ခါးကိုလှည့်ကာ ဘယ်ဘက်တံတောင်ကို နောက်ပြန် လှည့်တိုက်လိုက်တဲ့အခါ တံတောင်ထိပ်က ကျောက်မင်ရဲ့နံရိုးနှစ်ချောင်းဆုံတဲ့ အရိုးထိပ်ကို ထိသွား၏။

ဒီရိုက်ချက်ကြောင့် ကျောက်မင် အသက်ရှုမဝသလို ဖြစ်ပြီး ခါးကော့သွားရ၏။ သူက အရပ်ရှည်တာကြောင့် ငုံ့ကြည့်လိုက်တာနဲ့ ချီသွေးတွေ ပြည့်နှက်နေတဲ့ ချန်ရှီညာလက်က ဝက်ဝံခြေသည်းလို ထူထဲ ရောင်ရမ်းနေကာ သူ့လည်ချောင်းကို ဆုပ်ကိုင်​ပြီးသွားပြီ။

ဂျွတ်!

ကျောက်တုံးနှင့် သံကိုတောင် ချိုးနိုင်သော လက်သည်းက လည်ချောင်းအရိုးကို အသာလေး ချေမွပစ်တော့သည်။ ကျောက်မင် လည်ပင်းကို ဖိကာ သူ့ခန္ဓာကိုယ်နှင့် ရှေ့သို့ အပြေးအလွှား သွားကာ မြေကြီးပေါ်မကျသေးတဲ့ တျယ်ပိဝမ်းဆီ ပြန်လှည့်သွားခဲ့သည်။

ကျောက်မင်၏ ဦးခေါင်းသည် တျယ်ပိဝမ်း၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိမှန်ကာ ဦးခေါင်းချင်း တိုက်မှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

တျယ်ပိဝမ်းရဲ့ ဦးခေါင်းကြီးတစ်ပိုင်းက နစ်မြုပ်သွားကာ သူ့လက်နှစ်ဘက်ရှိ အဆောင်စာရွက်များက အဝါရောင် လိပ်ပြာများကဲ့သို့ လွင့်ပျံသွားသည်။ ၎င်းတို့အနက် ပါးကွာ အဆောင်လက်ဖွဲ့၊ ရွှေခေါင်းလောင်း၊ သတ္တုငါးပုံး၊ မကောင်းဆိုးဝါး ခြောက်ပါး၊ အသက်ကယ် အဆောင်လက်ဖွဲ့ နှင့် တခြားအရာများ ပါသည်။

တျယ်ပိဝမ်း လည်ချောင်းမှာ သွေးထွက်များနေဆဲပင်။ သူ့ခမျာ ဒူးများ ပျော့သွားကာ မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား ခေါင်းငိုက်စိုက်ကျနေပြီး ဦးနှောက်အရည်များပင် ထွက်ကျလာသည်။

တခဏချင်းမှာပဲ ရောင်စုံနတ်အလင်းတွေ ထွက်ပေါ်လာပြီး အမျိုးမျိုးသော အလင်းရောင်တွေဟာ တာအိုရဲ့ ပုံစံအမျိုးမျိုးကို ဖြစ်ပေါ်လာစေ၏။ အချို့က ပါးကွာအစီအရင်တွေလို၊ အချို့က ရွှေခေါင်းလောင်းလို၊ အချို့က မကောင်းဆိုးဝါးခြောက်ပါးလို ထွက်ပေါ်လာကြကာ တခြား ထူးဆန်းသော အရာများကလည်း အလယ်ဗဟိုရှိ တျယ်ပိဝမ်းကို ကာကွယ်ထားလိုက်​ကြသည်။

သို့သော် တျယ်ပိဝမ်းက သေ​တောင်နေပြီ။

All Chapters