← Chapters

အဆောင်က နှလုံးမှ ဖြစ်ပေါ်လာစဥ် လေညင်းက သူ့အလိုလို ထွက်လာတယ်

Vol. 2 Ch. 24

အဆောင်က နှလုံးမှ ဖြစ်ပေါ်လာစဥ် လေညင်းက သူ့အလိုလို ထွက်လာတယ်

Vol. 2 Ch. 24

ချန်ရှီမျက်လုံးထဲမှာ ဒီမြင်ကွင်းက ထပ်ခါထပ်ခါ ပြန်ဖြစ်နေကာ စွဲလန်းသွားလေသည်။ သူ အရမ်းမနာလို ဖြစ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"အဲဒီလို ကျွန်တော်လည်း လုပ်နိုင်ရင် နောက်တစ်ခါ ခေါင်းတလားထဲမှာ လှဲနေတဲ့အချိန်ကျ အရမ်း ချောမောနေမှာလား...."

အဘိုးက အိမ်မြှောင်ကို ဖွင့်လိုက်ပြီး သစ်သားလှည်းကို အပြင် မောင်းထွက်သွား၏။

"အဘိုး... ဒီမင်းသားငယ်က အလောင်း ပြုစုပျိုးထောင်ရေးမှာ ပြန်လည် ထူထောင်ဖို့ လိုအပ်လို့လား"

ချန်ရှီက ခေါင်းကို မော့လိုက်သည်။ အဘိုးက သံလိုက်အိမ်မြှောင်ကို စိုက်ကြည့်ရင်း ပြန်ဖြေလာသည်။

"မင်း ကုန်း​မြင့်ကိုရောက်ရင် ဘယ်သူ့အကြောင်းကိုမှ မမေးရဘူး"

ဒါကိုကြားတော့ ချန်ရှီလည်း မေးချင်တာကို ရပ်တန့်လိုက်သည်။ သူ့ဘာသာသူ သိချင်စိတ်အပြည့်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒီတောင်တန်းကြီးကို ပြန်ကြည့်လိုက်၏။

ဤအိမ်​တော်ကြီးကို အဘိုးအိုနှင့် လျှို့ဝှက်ဆန်းကြယ်သော အထောက်အထားများဖြင့် လူတစ်စုက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဤနေရာသို့ ရောက်ရှိလာသူတိုင်းဟာ ၎င်းတို့၏ မူလအစ သို့မဟုတ် ၎င်းတို့၏ အတိတ်အကြောင်းကို မမေးကြပေ။

"​ဒါကြီးက ရာဇ၀တ်ဂိုဏ်းနဲ့ ပိုတူတယ်ရော..."

ချန်ရှီ မျက်တောင်ခတ်ပြီး သူ့ကိုယ်သူ ​ပြန်တွေးကြည့်နေသည်။

.

"ငါ့အဘိုးက အရင်တုန်းက မကောင်းတာတွေ သိပ်မလုပ်ခဲ့ဘူးလား... ဆိုးတာတွေ အများကြီး လုပ်ခဲ့ဖူးတာတော့ သေချာတယ် ဒါပေမဲ့ ဘယ်လောက်ပဲ မကောင်းမှုတွေ လုပ်ခဲ့ပါစေ သူက ငါ့အဘိုးပဲ"

မြေးအဘိုးနှစ်ယောက် ဟွမ်ဖောရွာ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ချန်ရှီရဲ့ အခန်းထဲကနေ အော်ဟစ်သံ အကျယ်ကြီးကို ကြားလိုက်ရလေသည်။

"ငါ့ရဲ့ သကြားလုံးတွေ ဘယ်မှာလဲ ငါ့ကောက်ညှင်းကိတ်က ဘယ်မှာလဲ... ငါ့သကြားလုံးလေးကို ဘယ်သူခိုးတာလဲ... ငါ့ကလေးတွေကို ဘယ်သူက ခိုးသွားတာလဲ?"

ချန်ရှီ ဒေါသတကြီးနဲ့ လူသတ်ချင်​နေတဲ့ မျက်နှာမည်းကြီးဖြင့် အခန်းထဲက ထွက်လာတာကို မြင်တဲ့အခါ အဘိုးက အဆောင်လက်ဖွဲ့တွေ ဆွဲနေခဲ့သည်။

"ရွာက တခြားကလေးတွေက ငါ့ကိုအဘိုး သွားတုန်းက ကောက်ညှင်းကြော်တွေ၊ မုန့်တွေနဲ့ သကြားရုပ်တွေ ခိုးသွားကြတာပဲ ဖြစ်မယ်...ငါ့မှာတော့ နှမြောလို့ ချန်ထားတာကို သူတို့က စားပစ်တယ်... အကုန်လုံးကို ဖမ်းရမယ်!!"

ချန်ရှီ ဒေါသတကြီးနဲ့ ခြေစောင့်ကာ ထွက်လာသည်။

"နှိပ်စက်ပစ်မယ်!"

အဘိုးက : “မင်းဆီက ဘယ်သူမှ မခိုးဘူး... ငါလွင့်ပစ်တာ! မင်း အိပ်နေတာ ခုနစ်ရက်ရှိပြီလေ... မကောင်းတော့တာ ကြာပြီ”

ချန်ရှီ ရုတ်တရတ် စိတ်ညစ်လာပြီး။

"အဘိုး... နောက်ဆုံးဝယ်ခဲ့တဲ့ အရသာရှိတဲ့ မုန့်ကို ကျွန်တော် မစားပစ်ရဲဘူး... တစ်နေ့ကို နည်းနည်းစီကိုက်ပြီး နည်းနည်းစီ စားဖို့ စိတ်ကူးထားတာ... နောက်ရက်တွေကျ ထပ်ဝယ်ပေးလို့ ရတယ်မလား.."

"ပိုက်ဆံ မရှိဘူး"

အဘိုးအိုက စာမရေးတော့ဘဲ ခေါင်းကို မော့ကာ ကြည့်လာသည်။

"မင်း ဟွမ်ယန်ရွာမှာ နတ်ဆိုးတွေ သွားနှင်တုန်းက ငွေလေးစ ရတယ်မလား... မယားစရိတ် မဆုရင် စားစရာ ဝယ်​ပေးမယ်"

"ကျွန်တော် နတ်ဆိုးတွေ ဖယ်ရှားဖို့ ကူညီပေးခဲ့ပေမယ့် ပိုက်ဆံလည်း မတောင်းခဲ့ပါဘူး"

အဘိုးက ခေါင်းငုံ့ပြီး အဆောင်လက်ဖွဲ့ကို ဆက်ဆွဲနေသည်။

"မင်းရဲ့အဝတ်တွေကို လျှော်နေတဲ့ အချိန်မှာ အိတ်ကပ်ထဲက ငွေလေးစ တွေ့တယ်... အဲဒါက မင်းပိုင်တာ မဟုတ်ရင် ငါ့ဥစ္စာပေါ့"

ဒုန်း!

ချန်ရှီမျက်နှာ ဖြူဖျော့လာပြီး ဒူးများ ပျော့ခွေသွားကာ မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား ဖြစ်သွားသည်။ သူ့မျက်နှာမှာ မြင်နေရသမျှမှာ "သက်မဲ့" ဟူသော စကားလုံးများသာ။ ခဏကြာတော့ အဘိုးလည်း သည်းမခံနိုင်တော့တဲ့ပုံဖြင့် စုတ်တံ ချလိုက်ပြီး ငွေစ​လေးကို ​ပေးလိုက်သည်။

"မင်းကို တစ်ခု နှစ်ခုလောက် ပေးမယ် ဟုတ်ပြီလား... မြန်မြန်ထ!!"

ချန်ရှီလည်း ပျောက်ဆုံးသွားသော ငွေအပိုင်းအစများကို ကိုင်ဆောင်ကာ ဝမ်းသာအားရ အော်ဟစ်ရင်း ခပ်သုတ်သုတ်လေး ထရပ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အဘိုး... ကျေးဇူးတင်ပါတယ် အဘိုး!"

ဟေးကော်သည် ထောင့်စွန်းတွင် အိပ်ပျော်နေပြီး မျက်လုံးများကို မှိတ်ထားကာ "သခင်ငယ်... မင်းဘဝနဲ့ ဒီငွေကို ဘယ်သူရခဲ့တာလဲဆိုတာတောင် မစဉ်းစားမိဘူးလား... အစကတည်းက ငွေလေးစက မင်းဟာ ဒါပေမယ့် အခု မင်းကို ၂စပဲ ပြန်ပေးတယ်... အဘိုးအိုက မင်းကို အခွင့်ကောင်းယူနေတာတောင် မသိဘူးလား” ဟု တွေးနေသည်။

ချန်ရှီသည် လက်တစ်ဖက်ကို ကျောနောက်သို့ကပ်ထားပြီး ကျန်တစ်ဖက်တွင် တိရိစ္ဆာန်အသားတစ်ပိုင်းကို ကိုင်ဆောင်ကာ လျှောက်လာ၏။ ဟေးကော်လည်း ပျင်းရိစွာ မတ်တပ်ရပ်လျက် သူ့ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

ချန်ရှီက ဒါကိုမြင်တော့ သူ့နောက်ကျောတွင် ဝှက်ထားသော ဓားကိုထုတ်ပြပြီး ဟေးကော်ကို ဆွဲယူကာ ရက်စက်သော အပြုံးတစ်ပွင့် ပေးလိုက်သည်။ ဟေးကော်လည်း အသားကို ကိုက်ရင်း သူ့ကံကြမ္မာကို ဝမ်းနည်းစွာနဲ့ လက်ခံရဘေ၏။

ချန်ရှီ ခွေးနက်သွေးတွေ ရခဲ့ပြီးနောက် အခန်းထဲမှာ ပုန်းအောင်းနေခဲ့သည်။ ဟေးကော်ပင် သူဘာလုပ်နေတာလဲ မသိ။ သူသည် ချန်ရှီဟာ အဆောင်လက်ဖွဲ့များကို ထုတ်ကာ ၎င်း၏ခြေထောက်လေးချောင်းတွင် ကောက်ရိုးကြိုးများဖြင့် ချည်နှောင်လာတဲ့ အချိန်အထိ ထိုကိစ္စကို လုံးဝမသိချင်ခဲ့ပါ။

ချန်ရှီက သူ့​ခြေထောက်ပေါ်တွင် အဆောင်လက်ဖွဲ့များ ချည်ထားတာ မြင်လိုက်ရသောအခါမှ ဟေးကော်လည်း လန့်သွားတော့သည်။

အလယ်တွင် "ချန်ယွင်" ဟူသော စာလုံးဖြင့် လေထဲတွင် ရေးထားသော စာလိပ်၊ အလယ်တွင် လေညှင်းဟူသော အဆောင်လက်ဖွဲ့၊ ထို့နောက် ခုနှစ်စင်ကြယ်၊ ခုနှစ်စင်ကြယ်အောက်တွင်တော့ သံချပ်ကာ ၆ချပ်၊ နောက်ဆုံး၌ လေညှင်းအဆောင်လက်ဖွဲ့နှင့် မြောက်အရပ်ခုနှစ်စင်ကြယ် အဆောင်လက်ဖွဲ့ကို ပေါင်းစပ်ထားသည်။

ဒါက ချပ်ဝတ်တန်ဆာ မြင်းအဆောင်လက်ဖွဲ့ရဲ့ ဖွဲ့စည်းပုံ အတိအကျ ဖြစ်သည်။

ချန်ရှီ ကျဉ်းမြောင်းသော လမ်းတွင် တျယ်ပီဝမ်းကို တွေ့ဆုံသည်။ ထိုလူကို သူ့ကိုယ်ပိုင်အရှိန်ဖြင့် သတ်ပစ်လိုက်သော်လည်း ၎င်းတို့ရဲ့ သံချပ်ကာမြင်း အဆောင်လက်ဖွဲ့ကိုတော့ အလွန်မနာလို ဖြစ်ခဲ့သည်။ ထို့ကြောင့် ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်လာပြီးနောက် သံချပ်ကာ မြင်းအဆောင်လက်ဖွဲ့ကို စမ်းသပ်ဖို့ စီစဉ်ခဲ့သည်။

၎င်းက ချန်ရှီ၏ ပျောက်ကွယ်တော့မည့် ဒေါသစွမ်းအင်ကို လှုံ့ဆော်ပေးလေ၏။ သူသည် အိုးမည်းလေး၏ ခြေထောက်ပေါ်ရှိ ချပ်ဝတ်တန်ဆာနှင့် မြင်းရုပ်များကို အသက်သွင်းကာ တစ်ချိန်တည်းမှာပင် သူ့ခြေထောက်ပေါ်ရှိ ချပ်ဝတ်တန်ဆာ မြင်းအဆောင်လက်ဖွဲ့ကို အသက်သွင်းခဲ့သည်။

"အပြစ်တင်ရင်တောင် ကောင်းတာတွေ မျှဝေပေးရမယ်တဲ့!"

ချန်ရှီ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဆိုလိုက်သည်။

"ဒါက မင်းရဲ့သွေးနဲ့ လုပ်ထားတဲ့ အဆောင်လက်ဖွဲ့ ဆိုပေမယ့် မင်းအတွက်လည်း မရှိမဖြစ် လိုအပ်တာဘဲလေ ဟုတ်တယ်မလား!"

ခြေလှမ်းကို လှမ်းကြည့်လိုက်တော့ သူ့ခြေဖဝါးအောက်က လေပြေလေးတွေ လွင့်ထွက်သွားသလို ခံစားလိုက်ရပြီး ခြေတစ်လှမ်းက ခြောက်ပေခုနှစ်ပေ အကွာအဝေးအထိ လွယ်လွယ်လေး ရောက်ရှိသွား၏။

ပိုထူးဆန်းတာက သူ့ခြေလှမ်းတွေက မြေပြင်ကိုမထိခင်မှာ ခြေဖဝါးကနေ လေပြင်းတွေ ရိုက်ခတ်သွားကာ ခန္ဓာကိုယ်ကို မြှောက်လိုက်ပြီးသား ဖြစ်သွားသည်။ သူ မြေပြင်ပေါ်ကနေ သုံးလေးလက်မလောက်အထိ ရောက်နိုင်တဲ့အပြင် အလွန်သက်သာစေတဲ့ နည်းလမ်းကို ရသွားလေပြီ။

ချန်ရှီသည် အံ့အားသင့်ကာ ပျော်ရွှင်ကာ ဒုတိယခြေလှမ်းကို လှမ်းလိုက်သည်။ ဒီဒုတိယခြေလှမ်းက ပိုဝေးသွား၏။ သူ့ခြေဖဝါးများသည် လေပေါ်တွင် လမ်းလျှောက်နေရသလို ပေါ့ပါးနေကာ ရေခဲပြင်ပေါ်တွင် လျှောက်သွားနေရသလိုလည်း ခံစားရသည်။ ပို၍အရေးကြီးသည်မှာ ရေခဲက ပျော့သွားသလိုပင်။

မူလ ခြေလှမ်းတစ်လှမ်းက အခု ခြောက်လှမ်း သို့မဟုတ် ခုနစ်လှမ်း​လောက်အထိ သွားနိုင်နေပါပြီ။

ဟေးကော်သည် တည်ငြိမ်နေသော်လည်း ချန်ရှီက လေပြေခြေဖဝါးဖြင့် ကစားနေကာ သူ့ခန္ဓာကိုယ် အလွန်လျင်မြန်သွားတာ သတိထားမိလိုက်တော့ သူလည်း ဆော့ကစားရန် ခြေလေးချောင်းကို ဆန့်ကာ ပြေးထွက်သွားလိုက်သည်။

"ဝုန်း---"

အနက်ရောင် အလင်းတန်းတစ်ခု ရှေ့သို့ ပစ်ခတ်လိုက်၏။ လေပြင်းက ရုတ်တရက် တိုက်ခတ်သွားသလိုမျိုး ဟွမ်​ဖောကျေးရွာရှိ လမ်းဘေးနှစ်ဘက်ရှိ အိမ်ပြတင်းပေါက်များကို အမှန်တကယ် မှုတ်ထုတ်သွားခဲ့သည်။

အကွာအဝေး တစ်ခု၌ ဗုန်းကနဲ လေသံတစ်ခုထွက်ပေါ်လာရာ ချန်ရှီလည်း ဟေးကော်တော့ မြေသားနံရံကို ထိမှန်သွားမှန်း သဘောပေါက်လိုက်၏။

ချန်ရှီ လန့်သွားပြီး ရှေ့ကို အမြန် ပြေးထွက်သွားသည်။ ခွေးက သူ့​ခေါင်းကို နံရံထဲကနေ ​ပြန်ဆွဲထုတ်လိုက်တာကို တွေ့လိုက်ရသည်။ ခွေးခေါင်းသည် မြေသားနံရံထဲ ဝင်သွားတာကြောင့် အပေါက်တစ်ပေါက် ဖောက်ပြီးသား ဖြစ်သွားခဲ့သည်။

မြေသားနံရံက လောင်ကျိုးတို့ မိသားစုပိုင် ဖြစ်သည်။ လောင်ကျိုသည် သူ့မိသားစု အိမ်နံရံကို ဖြတ်သွားတာက ခွေးတစ်ကောင် ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဒေါသထွက်သော်လည်း ဘာမှ မပြောရဲပေ။

ဟေးကော်ကတော် သူ့ခေါင်းကို ထုတ်လိုက်ပြီး ပလုတ်တုတ်ကဲ့သို့ ခေါင်းယမ်းလိုက်သည်။ ချန်ရှီမှာ ခွေးလေး ဒဏ်ရာရသွားတာကို မြင်တော့ ၎င်းကို ဆွဲခေါ်ပေမယ့် ရုတ်တရက် ခွေးက စိတ်လှုပ်ရှားသွားပုံဖြင့် ခြေထောက်လေးဖက်ကို မြှောက်ကာ လေပြင်းနဲ့အတူ ပြေးထွက်သွားပြန်၏။

"ဝူး ဝူး ဝူး ဝူး ဝူး!"

ချန်ရှီ ခွေးနောက်ကို အလျင်အမြန် လိုက်သွားရတော့သည်။ ခွေးလေးရဲ့ လေနဲ့ လျှပ်စီးကြောင်းလို လေထဲမှာ ပြေးနေပုံက သူ့ထက်တောင် ပိုမြန်နေသေးသည်။

"ဝှစ်!"

ချန်ရှီဘေးတွင် လေထုကို ခွဲထုတ်လိုက်သော စူးရှသော အသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ဟေးကော် ဖြတ်သွားခြင်းပင်။ ချန်ရှီ ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပဲ နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြန်၏။ ဟေးကော် ရွာထဲကို ပြေးဝင်သွားရာ ဟွမ်ဖောရွာရဲ့ ပတ်ပတ်လည်မှ ကြက်တွေနဲ့ ခွေးတွေ အားလုံး တုန်လှုပ်ခြောက်ခြားသွားကုန်သည်။

နောက်အခိုက်အတန့်တွင် ခွေးသည် ရွာထဲမှ အပြင်သို့ ပြေးထွက်သွား၏။ မကြာမီ တောင်ပေါ်ရှိ ငှက်များ အလန့်တကြား ထပျံကာ လေပြင်းများ တိုက်ခတ်၊ သစ်ပင်များ လှုပ်ယမ်းသွားကြသည်။ ချန်ရှီလည်း ထိုအကောင် အန္တရာယ်ဖြစ်မှာကို စိုးရိမ်ပြီး ကမန်းကတန်း လိုက်ခဲ့ပေမဲ့ လိုက်မမီနိုင်ခဲ့ပါဘူး။

"ခြေလေးချောင်းက ခြေနှစ်ချောင်းထက် ပိုမြန်တယ်ဟ!"

ဒါကို တွေးပြီးတာနဲ့ ပြင်းထန်တဲ့ လေပြင်းက သူ့မျက်နှာကို ရုတ်တရက် တိုက်ခတ်သွားတဲ့အခါ ဟေးကော် သူ့ရှေ့မှာ ပေါ်လာ၏။ ၎င်းကလျှာကို စိတ်လှုပ်ရှားစွာ ထုတ်ထားကာ သူ့အမြီးကို အရူးအမူး လှုပ်ယမ်းနေတာကို တွေ့လိုက်ရသည်။

ချန်ရှီ ၎င်းရည်ရွယ်ချက်ကို မဆုံးဖြတ်နိုင်မီတွင် ဟေးကော်က ရုတ်တရက် လေပြင်းတစ်ခုဖြင့် ပျောက်သွားပြန်သည်။ ထို့နောက် ခွေးနက်က ပါးစပ်ထဲက ဓားတစ်ချောင်းနဲ့အတူ ချန်ရှီရှေ့တွင် ပေါ်လာပြန်သည်။ ပြီးတော့ ပါးစပ်ထဲမှာ မှင်ကျောက်တစ်ခုနဲ့ ပြန်ပေါ်လာ၏။

အချိန်တိုလေး အတွင်းမှာပဲ ဟေးကော်သည် အဆောင်လက်ဖွဲ့ ဆွဲဖို့အတွက် ချန်ရှီသုံးတဲ့ အရာအားလုံးကို ယူဆောင်လာပါတော့သည်။

ချန်ရှီ သဘောပေါက်သွားပြီး "မရဘူး... မင်းရဲ့သွေးက အခုမှ ထုတ်ထားတာ ငါ့အဖိုးကလည်း အဆောင်ဆွဲပြီး မနက်က တစ်ကြိမ် ထုတ်ယူလိုက်တယ်မလား... ဒီနေ့ တစ်နေ့တည်းမှာတင် သွေးတွေ အများကြီး ထွက်ပြီးပြီ... မင်းခန္ဓာကိုယ်က မခံနိုင်တော့ဘူး."

"ဝုတ် ဝုတ်!"

ဟေးကော်သည် စိတ်လှုပ်ရှားစွာ အော်ကာ ချန်ရှီအား ချပ်ဝတ်တန်ဆာနှင့် မြင်းအဆောင်လက်ဖွဲ့ကို ဆွဲပေးရန် တိုက်တွန်း​နေသည်။ ၎င်းခြေထောက်ပေါ်ရှိ ချပ်ဝတ်တန်ဆာနှင့် မြင်းရုပ်များသည် ခွန်အားထက်ဝက်ကျော် ဆုံးရှုံးသွားပြီမလို့ စစချင်းကလောက် ထိရောက်မှု မရှိ​တော့ပေ။

ချန်ရှီမှာ နောက်ဆုံးတော့ ၎င်းဆန္ဒကို လိုက်လျောပေးရန် ခွေးနက်သွေးကို ယူ၊ သစ်ကြံပိုးခေါက်နဲ့ သံချပ်ကာမြင်းအဆောင်တွေကို ဆွဲပေးရန်မှတပါး ရွေးချယ်စရာ မရှိတော့။

ဟေးကော် လျင်မြန်စွာ ပြေးထွက်သွားပြန်ကာ သူ့မြင်ကွင်းထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ အဝေးကြီးမှ လေပြင်းများ ရုတ်ခြည်း အရှိန်ပြင်းပြင်း ဝင်လာကာ ခွေးနက်ကြီးက ပြန်ပြေးလာပြန်၏။ အဲဒီလို ပြေးလာပြီးနောက်တွင် ဟေးကော်ခန္ဓာကိုယ်မှာ မောပန်းနွမ်းနယ်နေသော်လည်း ခွန်အားများ ပြည့်လာခဲ့သည်။

ချန်ရှီသည် ကျန်ရှိသော ချပ်ဝတ်တန်ဆာနှင့် မြင်းအဆောင်ကို ကြည့်ရင် ရုတ်တရက် အကြံတစ်ခုရသွားသည်။ မကြာမီတွင် သူသည် သူ၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ လျိုဖူကွေ့ထံ သွားရောက်လည်ပတ်ရန် ဟွမ်ယန်ရွာသို့ ရောက်ရှိလာခဲ့သည်။

လျိုဖူကွေ့ဟာ တော်တော် သက်သာလာပေမယ့် ဒီတစ်ကြိမ်မှာတော့ မသိရတဲ့အကြောင်းရင်း တစ်ခုကြောင့် သူ့ကို လေးလေးစားစားနဲ့ အကြောက်အလန့် နည်းနည်းနဲ့ ဆက်ဆံခဲ့ပြီး အရင်ကလို စိတ်အေးလက်အေး မရှိတော့ပေ။

ချန်ရှီ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့သည်။

"ဖူကွေ့က ငါ့ကိုကြောက်သွားပြီ... ငါ့သူငယ်ချင်းလည်း မဟုတ်တော့ဘူး သူက ငါ့ကို ဒူးထောက်ပြီး ကန့်​​တော့ဖို့တောင် စီစဉ်နေတာ သူ့မျက်လုံးတွေက ထိတ်လန့်နေတာ အသိသာကြီး... သူလည်း တခြားကလေးတွေလိုပဲ ငါ့ကို ကြောက်နေပြီ"

ကန်းကျစ်ရွာ။

အဘွားရှားသည် အနီးနားရှိ နာမည်ကြီး နတ်ဆရာမတစ်ပါး ဖြစ်ပြီး ဆယ်မိုင်ပတ်ဝန်းကျင်က လူတိုင်း သူမကိုသိသည်။ ကန့်ညောင်က ရွာသားများကို ကာကွယ်နိုင်သော်လည်း အဘွားရှားကတော့ သေဆုံးသွားသော ဝိညာဉ်များကို ဆင့်ခေါ်နိုင်သည်။

သူငယ်ချင်းဟောင်းကို သတိရရင် အဘွားရှားကို ရှာပြီး သူငယ်ချင်းဟောင်းရဲ့ ဝိညာဉ်ကို မြေအောက်ကမ္ဘာကနေ ဆင့်ခေါ်ခိုင်းဖို့ တောင်းဆိုနိုင်၏။

မိသားစုအတွင်း သက်ကြီးရွယ်အိုတစ်ဦး ရုတ်တရက် သေဆုံးသွားသည့် ကိစ္စများ ရှိတတ်သည်။ စုဆောင်းထားသော ငွေ ဘယ်မှာဝှက်ထားလဲ ပြောပြရန် အချိန်မရှိသဖြင့် မိသားစုဝင်များက အဖိုးအို၏ ဝိညာဉ်ကို ခေါ်ခိုင်းရန် အဘွားရှာထံ ရောက်ရှိလာတတ်သည်။

လက်စားချေလိုသူများနှင့် လူကိုသတ်ချင်သူများလည်း ရှိသောကြောင့် ရန်သူများ၏ ဝိညာဉ်များကို ခေါ်ရန် အဘွားရှားဆီ လာကြသည်။ ဓါးဖြင့်ထိုးရန်၊ ရေနစ်သတ်ရန်၊ နှလုံးသားအတွင်းရှိ မုန်းတီးမှုများကို ဖယ်ရှားပစ်ရန် လာရောက်ကြသည်။

ဒီနေ့မှာပဲ အဘွားရှားဆီ အမျိုးသမီးတစ်ဦး ရောက်လာသည်။ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက သေဆုံးသွားပါပြီ။ အဲဒီအမျိုးသမီးဟာ သူမရဲ့ ပိုင်ဆိုင်မှုကို ရောင်းချပြီး တခြားရွာကို လက်ထပ်ဖို့အတွကိ သေဆုံးသွားသူနဲ့ ဆွေးနွေးချင်ခဲ့သည်။ သားသမီးများ၏ မျိုးရိုးအမည် ပြောင်းလဲခြင်း အကြောင်းလည်း ပါသေးသည်။

ကွယ်လွန်သူ ခင်ပွန်းဖြစ်သူက ကန့်ကွက်တယ် ဆိုရင်တောင် သူမကို ဘာမှလုပ်လို့ မရပါဘူး။

ထိုအချိန်တွင် ရုတ်တရက် တောက်ပသော အလင်းတန်းတစ်ခုက အမှောင်ခန်းထဲသို့ ဝင်လာရယ သေဆုံးသွားသော ခင်ပွန်းတစ္ဆေကို စိတ်အနှောင့်အယှက် ဖြစ်သွားစေ၏။ တစ်ဆက်တည်း လူသေတစ္ဆေရဲ့ စူးစူးဝါးဝါး အော်သံကြီး ထွက်လာတော့သည်။

အဘွားရှား လှမ်းကြည့်လိုက်တော့ တံခါးပေါက်ထဲက ခေါင်းလေးတစ်ခု ထွက်လာတာကို တွေ့လိုက်ရ၏။ ချန်ရှီ အဘွားရှားကို မြင်တာနဲ့ ဖြူစင်သောသွားများကို ပြသသည့် အနေဖြင့် ပြုံးပြလိုက်သည်။

အဘွားရှားလည်း ရုတ်တရက် တွေးပြီး နောက်အိမ်ထောင်ပြုချင်တဲ့ အမျိုးသမီးကို အမြန် ပြန်လွှတ်လိုက်သည်။

"တစ်ဆယ်လေး... ဘာလို့ ဒီကို ရောက်နေတာလဲ မင်းအဘိုးရော?"

ချန်ရှီကို တစ်ယောက်တည်း ရင်ဆိုင်ရတာက သူမကို စိတ်မသက်မသာ ဖြစ်စေပြီး အနည်းငယ်လည်း ကြောက်သွား​စေသည်။ ချန်ရှီက သူ့လက်ထဲမှာ ခြင်းတောင်းတစ်လုံးကို ကိုင်ထား၏။ ဘဲဥစိမ်းတွေ မက်မွန်သီး နဲ့ ဇီးသီးတွေတောင် ပါနေသေးသည်။

"ကျွန်တော်တို့ရွာက ဒေသထွက်ကုန်​လေး တချို့..."

အဘွားရှားမှာ အံ့သြလွန်းလို့ မြန်မြန်ပဲ ယူလိုက်သည်။

"မင်းအဘိုးက ဒီပစ္စည်းတွေကို ပေးလိုက်တာလား... သူ့အတွက် ခက်ခဲတယ်နော်..."

"အဘိုးက မပြောပါဘူး... အဲဒါက ကြင်နာတတ်တဲ့ အိမ်နီးချင်းဆီက လက်ဆောင်..."

ချန်ရှီရဲ့ ပါးစပ်က အရမ်းချိုတာမို့ သူမကလည်း ဇီးသီးတစ်လုံးကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။

"အဘွား စမ်းစားကြည့်ပါလား... နည်းနည်းချဉ်ပြီးရင် ချိုသွားတယ်!"

အဘွားရှားလည်း သူ့ကို မကြောက်တော့ဘဲ "ချန်ယင်တုက စကားကောင်းကောင်း ပြောရမှန်း ဘယ်တော့မှ မသိတဲ့ သံမဏိလို လူတစ်ယောက်ပါ.... သူ့မှာ စကားပြောနည်း ကောင်းကောင်းသိတဲ့ မြေးတစ်ယောက် ဘယ်လိုလုပ်များ ရှိလာပါလိမ့်!"

ဇီးသီးကို ကိုက်စားလိုက်သည်နှင့် သူမခံတွင်းထဲတွင် အချဉ်အရသာ မရှိတာကို ခံစားလိုက်ရသည်။ သို့သော် သူမသည် ချန်ရှီကို အနည်းငယ်ကြောက်နေသေးပြီး အမှောင်ခင် အိမ်အမြန်ပြန်ရန် တိုက်တွန်း​နေခဲ့သည်။

ချန်ရှီက ပြုံးပြီး။

"အဘွား စိတ်မပူပါနဲ့ ကျွန်​တော့်ခြေထောက်မှာ သံချပ်ကာမြင်းအဆောင် ကပ်ထားတယ်... အရမ်းမြန်နေပြီ ခဏလေးနဲ့ အိမ်ပြန်ပြေးနိုင်တယ်... အဘွား ဟိုကရေစည်ထဲမှာ ရေမရှိတော့ဘူးမလား... ကျွန်တော် ရေခပ်ကူပေးမယ်"

အချိန်တိုအတွင်း ချန်ရှီသည် အဖွားရှား၏အိမ်ရှိ ရေကန်ကို ရေဖြည့်ပေးခဲ့သည်။ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်၊ အိုးခွက်ပန်းကန်များ ဆေးကြော၊ အဝတ်လျှော်ပြီး အဝတ်လှန်းတာတွေအထိ အလွန်ဂရုစိုက်​​နေခဲ့သည်။

အဘွားရှားလည်း သူ့ကို အလျင်အမြန် ပြန်ခေါ်ရလေ၏။

"မင်က မင်းရဲ့သိက္ခာကို ပြဖို့ သူခိုးလုပ်မှာ မဟုတ်ဘူး... ငါ့ကိုပြော...ဒီအဖွားရဲ့ နေရာကို ဘာလို့ လာတာလဲ"

ချန်ရှီသည် သူ့တင်ပါးပေါ်က ရေတွေကို သုတ်ရင်း တောက်ပစွာ ပြုံးပြပြီး ချော့မော့တဲ့ အကြည့်နဲ့ ဆိုလေသည်။

"အဘိုးက ပြောတယ်... အဘွားရှားက ကျွန်တော့်ကို အချစ်ဆုံးပဲတဲ့ ငယ်ငယ်က ကျွန်တော့်ကို ပွေ့ဖက်တယ်။ ဒဏ်ရာရတုန်းကလည်း နည်းမျိုးစုံနဲ့ ကြိုးစားကုပေးတယ်...အဘွား ဒီတစ်ခါ ကယ်တင်ခဲ့တာကလည်း ပိုပြီး လုံ့လဝီရိယ စိုက်ခဲ့တာဆို..."

အဘွားရှားက လှောင်ပြောင်ပြီး "ချန်ယင်တုက ပိုက်ဆံပေးပြီးပြီမို့ ငါမင်းကို ကယ်လိုက်တာ... ငါတို့ လုပ်ငန်းက တရားမျှတတယ်.... မင်း ယဉ်ကျေးဖို့ မလိုပါဘူး အမြတ်အစွန်းတွေအတွက် ငါက စီးပွားရှာတာ... မင်းလာတာ ဘာကိစ္စရှိလို့လဲ"

ဒါကိုမြင်တော့ ချန်ရှီလည်း သူ့လာရင်း ရည်ရွယ်ချက်ကို ရှင်းပြဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

"အဘွား.... ချန်ယန်တောင်အနီးက စိမ်းစိုနေတဲ့ တောင်ကုန်းတွေမှာ ဘုရားကျောင်းတွေ ရှိတယ်မလား.... ရုတ်တရက် ပေါ်လာတာလေ... ဒါပေမဲ့ အမွှေးတိုင်တွေ လာလှူတဲ့လူလည်း မရှိဘူး ထူးဆန်းတယ်နော်"

အဘွားရှားရဲ့ နှလုံးက အနည်းငယ် လှုပ်ခတ်သွားသည်။

"မင်း ဘာလို့ အဲဒီလိုနေရာကို ရှာနေတာလဲ?"

All Chapters