← Chapters

ကိုယ့်ကိုကိုယ် ငါးစာအဖြစ်သုံး

Vol. 2 Ch. 25

ကိုယ့်ကိုကိုယ် ငါးစာအဖြစ်သုံး

Vol. 2 Ch. 25

ချန်ရှီ ခဏတုံ့ဆိုင်းသွားပြီး အမှန်အတိုင်း ပြောလိုက်တော့သည်။

"ကျွန်​တော်တို့ရွာနားမှာ မြုံနေတဲ့တောင်ကြီး ရုတ်တရက် ပေါ်လာတယ်... တောင်ပေါ်မှာ ဘုရားကျောင်း တစ်ခုလည်း ရှိတယ် ဘုရားကျောင်းထဲမှာဆို ကျွန်တော် မြန်မြန်ဆန်ဆန် လေ့ကျင့်နိုင်တယ် ဒါပေမယ့် ဘုရားကျောင်းက ကျောက်တုံးတွေနဲ့ ရိုက်ခွဲခံလိုက်ရတယ်... ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို နောက်တစ်ကြိမ် ဆက်လုပ်ဖို့ စီစဉ်ထားတာ..."

"ရှေးဟောင်း ဘုရားကျောင်းမှာ လေ့ကျင့်နေတာ ဟုတ်လား?"

အဘွားရှားက အံ့သြသွားပြီး သူ့ကို လေးလေးနက်နက် ငုံ့ကြည့်လာသည်။

"တစ်ဆယ်လေး... မင်းမှာ နတ်သန္ဓေသား မရှိတော့ဘူး နတ်သန္ဓေသားမရှိတာ မင်းသိလား"

ချန်ရှီက သူ့မျက်နှာပေါ်မှ အပြုံးတစ်ခုဖြင့် ခေါင်းညိတ်လိုက်၏။

"သိပါတယ် အဘွား... ကျွန်တော် ခရိုင်စာမေးပွဲကို ပြန်ဖြေပြီး နတ်သန္ဓေသားလေး ပြန်ဖြစ်လာနိုင်စေဖို့ မြန်မြန်လေ့ကျင့်နိုင်တဲ့ နေရာကို ရှာချင်တာ... ကျွန်တော် စာမေးပွဲ ပြန်ဖြေတော့မယ်..."

အဘွားရှားက သူ့စကားကို အနှောင့်အယှက် ဝင်ပေးလေသည်။

"နတ်သန္ဓေသားလေး မရှိတာက မင်းရဲ့ စစ်မှန်တဲ့ ချီစွမ်းအင်ကို ဘယ်တော့မှ မွေးမြူ​စေ​နိုင်မှာ မဟုတ်ဘူး... ဆိုလိုတာက မင်း အသုံးမကျတဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်!"

ချန်ရှီရဲ့ မျက်နှာပေါ်က အပြုံးက အနည်းငယ် မာကျောကာ သူ့စကားတွေက ထစ်သွားသည်။

"ကျွန် ကျွန်တော် စာမေးပွဲ အောင်ရင် အလုပ်ကောင်းကောင်း ရနိုင်တယ်... အဘိုး အသက်ကြီးလာရင် အလုပ်ထွက်လုပ်စရာ မလိုတော့ဘူး....."

"မင်း နတ်သန္ဓေသားကို နောက်တစ်ခါ ပြန်တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး!"

အဖွားရှားသည် သူ့ကို လေးလေးနက်နက် ကြည့်ကာ နှောင့်ယှက်ပြန်၏။

"နတ်သန္ဓေသားကို ကျင့်ကြံလို့ရတာမျိုး မဟုတ်ဘဲ ကောင်းကင်က နတ်ဘုရားကပေးတာ... စစ်မှန်တဲ့ နတ်ဘုရားက ကောင်းချီးပေးတာ လူတစ်ယောက်က သူ့ဘဝမှာ အခွင့်အရေး တစ်ခုပဲရတယ်... ဒုတိယ အခွင့်အလမ်း မရှိဘူး... တစ်ဆယ်လေး အလကားအိပ်မက်ကို မမက်စမ်းပါနဲ့...."

ချန်ရှီ ဖြူဖျော့ဖျော့ ဖြစ်လာကာ သူ့ခြေထောက်ပေါ်မှာ ရပ်နေရတာတောင် မတည်မငြိမ်ဖြင့် အနည်းငယ် ယိမ်းနွဲ့သွားသည်။

“အဘွား.... ဘုရားကျောင်းကို ထပ်ဆောက်နိုင်မှာ သေချာတယ်... ကျွန်တော့်ခေါင်းထဲက နတ်ကွန်းကို ဆောက်ပြီးတာနဲ့ ကောင်းကင်က စစ်မှန်တဲ့ နတ်ဘုရားက မြင်မှာပဲ...ကျွန်တော် အရမ်းကြိုးစားပြီး လုံ့လစိုက်ထုတ်ရင် ကျွန်တော့်ကို ထပ်ပြီး ကောင်းချီးပေးလိမ့်မယ်……"

အဖွားရှားက ခေါင်းခါပြီး အေးစက်စက်နဲ့ပဲ။

"မဖြစ်နိုင်ပါဘူး.... ဒီလို လွဲမှား​နေတဲ့ အတွေးကို စွန့်လွှတ်လိုက်ပါတော့ တစ်ဆယ်လေး ဒီဘဝမှာ သာမာန်လူတစ်ယောက် ဖြစ်ရတာလည်း ကောင်းပါတယ်... အိမ်ပြန်ပါတော့"

ချန်ရှီ အလွန်စိတ်ပျက်သွားပြီး ခေါင်းငုံ့ကာ လှည့်ထွက်လာခဲ့သည်။ အဘွားရှားလည်း သူ့ကိုကြည့်လျက် ခေါင်းခါလိုက်လေ၏။

"ငတုံးလေး... မင်း နတ်သန္ဓေသားကို ပြန်ယူနိုင်မယ်လို့ ထင်နေတုန်းပဲလား..."

ချန်ရှီသည် တစ်ချိန်က ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့သော်လည်း သူ့နတ်ဘုရား သန္ဓေသားကို သူ့ထံမှ ဖယ်ထုတ်ခံလိုက်ရတာ သနားစရာပင်။ ယခုချန်ရှီဟာ မကျင့်ကြံနိုင်သော အသုံးမ၀င်သူ တစ်ဦးမျှသာ ဖြစ်သည်။

ခဏအကြာတွင် အဘွားရှား ခြံအပြင်သို့ ထွက်လာရာ တစ်ခါ အံ့အားသင့်သွားရပြန်သည်။ ချန်ရှီက သူ့အိမ်အပြင်ဘက်ရှိ ကျောက်လှေကားထစ်များပေါ်တွင် ထိုင်နေတာကို မြင်တွေ့ရပြီး အိမ်မပြန်သေးချေ။

"တစ်ဆယ်လေး ဘာလို့ ပြန်မ​သေးတာလဲ"

"အဘွား ကျွန်တော် မြန်မြန် ကြီးပြင်းလာချင်ပြီ... အဘိုးကို စိတ်မပူစေချင်ဘူး"

ချန်ရှီ သူ့ခေါင်းကို မော့ပြီး မြေပြင်ကို တစ်ဖန် စိုက်ကြည့်လိုက်သည်။

"အဘိုးက ဒီလောက် အသက်ကြီးမှ အလုပ်လုပ်နေရတယ်... ကျွန်တော့် ကြောင့် အခုသူလို ဖြစ်လာတာကို မလိုချင်ဘူး ကျွန်တော် အရည်အချင်းရှိပြီး အဘိုးကို ကောင်းကောင်း ဂရုစိုက်ချင်တယ်... အဘိုးကို ဒီလောက် အသက်ကြီးမှ မပင်ပန်းစေချင်ဘူး"

အဘွားရှားက ဒါကိုကြားတော့ သည်းမခံနိုင်တော့ဘဲ။

“အဲဒီနေရာကို သိချင်ရင် အဘွား ပြောပြနိုင်တယ်.. ဒါပေမဲ့ မင်း အဘွားကို တစ်ခုခု လုပ်ပေးရမယ်”

ချန်ရှီ ဒေါသတကြီးဖြင့် သူ့မျက်ရည်တွေကို အမြန်သုတ်လိုက်ပြီး။

"အဘွား ပြောပါ!"

အဘွားရှားက ပြုံး၍ "အဘွား ငယ်ငယ်က မေ့လျော့ခြင်မြစ်ထဲမှာ တစ်ခုခု ဆုံးရှုံးသွားတယ်... အံဒီရတနာက ငါ့အကြိုက်ဆုံးပဲ... အဲဒါပျောက်သွားပြီး နှစ်တွေကြာလာတာတောင် ပြန်စဥ်းစားတိုင်း စားရခက် သောက်ရခက်နဲ့...မင်း အဲ့မြစ်ထဲ သွားပြီး ယူလာပေးနိုင်ရင် ဘုရားကျောင်းက ဘယ်မှာလဲဆိုတာ ပြောပြမယ်...."

ချန်ရှီ တုံ့ဆိုင်းသွားသည်။ ထိုအခါ အဘွားရှားက လှောင်ပြောင်​လေသည်။

"ကြောက်သလား... ကြောက်ရင် သာမာန်လူတစ်ယောက် ဖြစ်အောင်လုပ်... ပြန်သွားတော့"

ချန်ရှီ အံကြိတ်ကာ ခေါင်းကို ဇတ်ကနဲ ပြန်မော့လိုက်သည်။

"ကျွန်တော် လုပ်မယ်!"

သူက လည်ပင်းကိုဆန့်ပြီး လည်ပင်းရဲ့ အထိခိုက်နိုင်ဆုံး အစိတ်အပိုင်းကို ထုတ်ပြလေသည်။

"အဘွား ကျွန်တော့်​​​ကို သတ်လိုက်ပါ.... တစ်ခုခုရဖို့ မေ့လျော့ခြင်းမြစ်ထဲ သွားရမယ်ဆို သေချာပေါက် သေနေမှရမှာ... အဘွား မြန်မြန်လုပ်သင့်တယ် ကျွန်တော် နာမှာ ကြောက်တယ်"

အဘွားရှားမှာ ဒေါသလည်းထွက်၊ ရယ်လည်း ရယ်ချင်သွားသည်။ ဒါ့အပြင် စိတ်ထဲလည်း အနည်းငယ် ထိမိသွားသည်။

'ငါကသူကြောက်နေတယ် ထင်တာ... ဒါပေမဲ့ သူတုံ့ဆိုင်းသွားရတဲ့ အကြောင်းရင်းက မေ့လျော့ခြင်းမြစ်ကို မသွားနိုင်ခင် သေရမယ်ဆိုတဲ့ ခံစားချက်ကြောင့်ကိုး... အသက်နဲ့ သေခြင်းကြားက ကြောက်စရာကြီးပဲ... သူအခု သေချင်စိတ် ပေါက်သွားတယ်။ နတ်သန္ဓေသားကို ပြနတည်ဆောက်ဖို့အတွက် သူ့ရဲ့ တာအိုနှလုံးသားက အရမ်းသန်မာတယ်... အနာဂတ်မှာ သူတကယ် အောင်မြင်လိမ့်မလား မပြောနိုင်ဘူး'

ဒီအချက်ကို တွေးပြီး အဘွားရှားက ပြောလိုက်သည်။

"မေ့လျော့ခြင်းမြစ် သွားဖို့ ဘာလို့ သေရမှာလဲ.... သေပြီးမှ မေ့လျော့ခြင်းမြစ်ကို သွားနိုင်ခဲ့ရင် ငါ့နာမည်ပျက်သွားမှာ မဟုတ်ဘူးလား... စိတ်မပူနဲ့ သေစရာမလိုပါဘူး"

ချန်ရှီ အံ့သြဝမ်းသာ ဖြစ်သွားသည်။

သူဟာ မေ့လျော့ခြင်းမြစ်ထဲကို တစ်ပိုင်းသေတစ်ပိုင်းရှင်ဖြင့် သွားဖို့ မဆုံးဖြတ်ခင်မှာ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုကြီးကို ဖြတ်သန်းခဲ့ရတာပဲ ဖြစ်သည်။ အဘွားရှားသည် အိမ်ထဲသို့ဝင်ကာ ကီလိုဂရမ်သုံးဆယ်ကျော် အလေးချိန်ရှိသော သံကြိုးကို ထုတ်ကာ ချန်ရှီကို ချည်နှောင်လိုက်သည်။

ချန်ရှီသည် ဤကာလအတွင်း အတော်လေး သန်မာလာတာကြောင့် သူ့​ခွန်အားနဲ့ ဒီသံကြိုးက ပြင်းထန်တယ်လို့ လုံးဝ မခံစားရပေ။

"မေ့လျော့ခြင်းမြစ်ကို သွားဖို့က မလွယ်ဘူး အဲဒီမြစ်က မြေအောက်ကမ္ဘာက လူသေတွေရဲ့မြစ်ပဲ... လူသေပြီးရင် သရဲတစ္ဆေတွေက မြေအောက်ကမ္ဘာကို ရောက်လာမှာ မြေအောက်ကမ္ဘာကို လွမ်းဆွတ်နေတဲ့ သရဲတစ္ဆေတွေရဲ့ မှတ်ဉာဏ်ကို ဖယ်ထုတ်ဖို့ သုံးတယ်.... မေ့လျော့ခြင်းမြစ်ကို ဖြတ်ပြီး မြေအောက်ကမ္ဘာထဲ ဝင်ရောက်ဖို့ လှေလိုတယ်..."

အဘွားရှားသည် ပေဒါဇင်များစွာရှည်ပြီး အလွန်ခိုင်ခံ့သော လျှော်ကြိုးတစ်ထုပ်ကို ယူလိုက်သည်။ လျှော်ကြိုး၏ အဆုံးတွင် ချိတ်ထားသော ချိတ်ကြီးတစ်ခု ရှိ၏။ ၎င်းသည် အလွန်ကြီးမားပြီး ငါးမျှားချိတ်လို ချွန်ထက်သော အဖျားရှိသော်လည်း အလေးချိန်မှာ ဆယ်ကီလိုဂရမ်ကျော်သာ ရှိသည်။

ချန်ရှီ ယခင်က ငါးမျှားဖူးသည်။ အရွယ်စုံ ငါးမျှားချိတ်ကို မြင်ဖူးသော်လည်း ဒီလောက် ကြီးမားသော ငါးမျှားချိတ်ကို မမြင်ဖူးပေ။

"အဘွား... ဒီလောက်ကြီးတဲ့ ငါးမျှားချိတ်ကြီးနဲ့ ဘာကို ဖမ်းမလို့လဲ... ချိတ်ကြီးရင် ငါးစာကလည်း အရမ်းကြီးရမယ်မလား"

အဘွားရှားသည် ငါးမျှားချိတ်နှင့် ကြိုးကို ထမ်းကာ ရွာမှ ထွက်လာခဲ့သည်။ ချန်ရှီလည်း အမြန်နောက်မှ လိုက်သွားခဲ့သည်။

ဤအဘွားအိုသည် အလွန်အသက် ကြီးသော်လည်း သူမ​ခြေလှမ်းများက ပေါ့ပါးကာ ချန်ရှီ အမီလိုက်နိုင်ဖို့ သူ့ခွန်အားရှိသမျှကို သုံးခဲ့ရသည်။

သူတို့နှစ်ယောက်သည် ဆယ်မိုင်ကျော်လောက် လမ်းလျှောက်ပြီး ယွိတိုက်မြစ်ရဲ့ နှုတ်ခမ်းဝကို ရောက်လာခဲ့သည်။ ဤနေရာက တဲကျန်းမြစ်ထဲသို့ ပေါင်းဆုံရာ နေရာဖြစ်ကာ တဲကျန်းမြစ်ရေသည် လှိုင်းထန်ပြီး မြစ်ကြောင်းတစ်လျှောက် လျင်မြန်စွာ စီးဆင်းသွားလျှင် ပင်လယ်ဝကိုရောက်ဖို့ မိုင်နှစ်ရာသာဝေးသည်။

"ကမ္ဘာပေါ်မှာ စီးဆင်းနေတဲ့ မြစ်တွေအားလုံးက မေ့လျော့ခြင်းမြစ်နဲ့ ဆက်စပ်နေတာမို့ ဒီမြစ်တွေကတဆင့် မေ့လျော့ခြင်း မြစ်ထဲကို ဝင်နိုင်တယ်"

အဘွားရှားက မြစ်ကမ်းနားက သစ်ပင်ကြီးတစ်ပင်ကို ရွေးပြီး သစ်ပင်မှာ ကြိုးချည်လိုက်သည်။

"မေ့လျော့ခြင်းမြစ်ထဲ သရဲတစ္ဆေတွေ ဝင်ဖို့က လွယ်ပါတယ် ဒါပေမဲ့ သက်ရှိလူတွေကို ဝင်ဖို့တော့ နည်းလမ်းတစ်ခု လိုတယ်"

အဘွားရှားက ငါးမျှားချိတ်ကို ဆွဲကိုင်လိုက်ရင်း မျက်လုံးတွေထဲ မှိန်ဖျော့ဖျော့ အလင်းလေး ဖြတ်ပြေးသွား၏။

"ဒီမြစ်ထဲမှာ ငါးကြီးတစ်ကောင်ရှိတယ်... ကွမ်လို့ခေါ်တယ်...ကွမ်က လူတွေစားရတာ ကြိုက်တယ်...သူမင်းကို မျိုချလိုက်ရင် ငါးမျှားချိတ်ကို နှိမ့်ချပြီး နာအောင်လိုက်... ငါးမျှားချိတ်က ကွမ်ကို နာအောင် လုပ်နိုင်ပြီဆိုရင် သူ မြေအောက်ကမ္ဘာနဲ့ မေ့လျော့ခြင်း မြစ်ထဲကို ပြေးဝင်သွားလိမ့်မယ်"

ချန်ရှီ၏ နှလုံးသားထဲ စိုးရိမ်မှု အနည်းငယ်ဖြင့် ရုတ်တရက် တွေးမိသည်။

"အဘွား ငါးမျှားချိတ်က ကျွန်တော့် ပါးစပ်ကနေ မေးစေ့အထိ ဖောက်ထားမှာလား"

သူကိုယ်တိုင်က ငါးစာဖြစ်မှန်းတော့ သိပါသေးသည်။ အဘွားရှားက ခေါင်းခါ၏။ ချန်ရှီ မျက်နှာ အရောင်ဖျော့ဖျော့လေးဖြင့် ကြည့်ပြီး။

"အဲဒါဆို ဗိုက်ထဲက ဖောက်မှာလား?"

အဘွားရှားသည် ရယ်စရာ ကောင်းလောက်အောင် ကြီးမားသော ငါးမျှားချိတ်က သံကြိုးများဖြတ်ကာ ပြုံးလျက် ဆို၏။

"ငါ မင်းကို သန်ကောင်လို ဖောက်ပစ်ပစ်လို့ မင်းထင်နေတာလား... ငါ ဒီလိုလုပ်ရင် မင်းအဘိုးက မင်းကို ရှာတွေ့မှာ မဟုတ်ဘူး... သူငါ့အသက်ကိုပါ ဆွဲနုတ်သွားမှာ"

ချန်ရှီ စိတ်သက်သာရာ ရသွားတော့သည်။

"အဘွား မြစ်ထဲမှာ ဘာပျောက်သွားတာလဲ"

အဘွားရှားရဲ့ မျက်လုံးတွေက အရောင်တွေနဲ့ တောက်နေသည်။

"လက်ကိုင်ပါ ကြေးနီမီးအိမ်ပါ... အလင်းရောင်က သိပ်မလင်းပေမယ့် အဝေးကနေတောင် လှမ်းမြင်ရတယ်"

"ဘယ်တုန်းကလဲ"

"လွန်ခဲ့တဲ့ ကိုးနှစ်..."

"လွန်​ခဲ့တဲ့ ကိုးနှစ်​က ​ပျောက်​ဆုံးသွားတဲ့ ​ကြေးနီမီးခွက်​​လေးကို ဘာ​လို့ အရင်​က မရှာဘဲ အခုမှ ရှာ​နေတာလဲ"

ချန်ရှီ ပိုပိုပြီး ပဟေဋ္ဌိဖြစ်လာသည်။

"ဘယ်မှာ ပျောက်သွားတာလဲ... ဒီကနေ ရေထဲဆင်းရင် မီးခွက်ကို ရှာတွေ့နိုင်မှာလား"

အဘွားရှားက မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ လှည့်အော်လိုက်သည်။

"ဘာတွေပြောနေတာလဲ... မင်း သွားမှာလား မသွားဘူးလား"

"သွားမယ်! သွားတာပေါ့!"

ချန်ရှီ ခဏတုံ့ဆိုင်းသွားပြီး ထပ်မေးပြန်သည်။

"ငါးကြီးတစ်ကောင် စားပြီးရင် ငါးရဲ့ပါးစပ်ထဲက ဘယ်လို ရုန်းထွက်မှာလဲ"

"ဘယ်လိုလုပ်သိမှာလဲ ငါ့မှာ အစားမခံဖူးတာ"

အဘွားရှားလည်း ပို၍ပို၍ အပြစ်ရှိသလို ခံစားလာရလေသည်။

"မင်းဆင်းသွားတဲ့ အခါကျရင် သိလိမ့်မယ်... စိတ်မပူပါနဲ့ မီးအိမ်တွေ့ရင် လျှော်ကြိုးကို ခပ်တင်းတင်းသာ ဆွဲလိုက်... ကမ်းပေါ်က လျှော်ကြိုးက တုံ့ပြန်ရင် ငါသိလိမ့်မယ် ကြိုးအတိုင်း ပြန်လာတာနဲ့ အထက်ကမ္ဘာကို ပြန်ရောက်ပြီ.... ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး”

"ကျွန်​​တော့်မှာ နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်...ဘွားဘွား ဒီရတနာ အမဲလိုက်နည်းကို အရင်က စမ်းဖူးလား"

"ဟုတ်တယ် ငါကြိုးစားခဲ့ဖူးတယ်!"

အဘွားရှားက သူ့မျက်နှာတစ်ပြင်လုံး တောက်ပသွားတဲ့အထိ ပြုံးပြလာ၏။

"မြန်မြန်သွားပြီး မြန်မြန် ပြန်လာခဲ့... မင်းအဘိုးကို စိတ်မပူ​စေနဲ့!"

ချန်ရှီသည် ရေကြောက်သောကြောင့် မဟုတ်ဘဲ သတိကြီးကြီးဖြင့် ရေထဲသို့ဝင်ကာ မေ့လျော့ခြင်းမြစ်ထဲ သွားနိုင်သော ငါးကြီးတစ်ကောင်ကို ဖမ်းရန် သူ့ကိုယ်သူ ငါးစာအဖြစ် အမြဲတမ်းလိုလို ခံစားလာရသောကြောင့် နည်းနည်းတော့ စိတ်မသက်သာသလို ဖြစ်နေသည်။

တဲကျန်းမြစ်အတွင်းက ရေစီးကြောင်းက လှိုင်းထန်နေသည်။ လူတစ်ဒါဇင်ကျော်လောက် သူ့ကို တွန်းထုတ်နေသလို ဖြစ်နေတာကြောင့် ရေထဲမှာ မတ်တပ်ရပ်ဖို့တောင် ခက်ခဲနေ၏။ ချန်ရှီ မြစ်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကြီးမားသော လှိုင်းလုံးငယ်များ ရိုက်ခတ်နေတာ တွေ့လိုက်ရသည်။ ရေထဲဆင်းသွားလေ ရေက ပို၍ နက်ရှိုင်းလာလေပင်။

"မင်း ရေနက်ထဲ ပိုသွားပြီး စမ်းကြည့်!"

အဘွားရှားက ကမ်းပေါ်ကနေ တိုက်တွန်းလိုက်သည်။ ချန်ရှီ ကျယ်လောင်စွာ ​​အော်ပြောလိုက်သည်။

"ဘွားဘွား ကျွန်တော် ရှာမတွေ့ရင်တောင် ဘုရားကျောင်းက ဘယ်မှာလဲဆိုတာ ပြောပြရမယ်နော်!"

အဘွားရှားက အကြိမ်ကြိမ် သဘောတူသည်။

ချန်ရှီ ရေနက်ပိုင်းထဲသို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ကီလိုဂရမ်များစွာ အလေးချိန်ရှိသော ငါးမျှားချိတ်ကို ဆွဲယူကာ ရေကူးနိုင်မည် မဟုတ်ကြောင်း သေချာတာကြောင့် မြစ်ထဲမှာ ရေနစ်သွာမှာကို စိတ်ပူစေ၏။

"ဘွားဘွားက ငါ့အတွက် ဝိညာဥ်တွေ ခေါ်​ပေးလိမ့်မယ်....ငါ သေမှာမဟုတ်ဘူး!"

ချန်ရှီ ပို၍ ရဲရင့်လာပြီး ရေနက်ပိုင်းထဲ ပိုပို၍ တိုးလာခဲ့သည်။ အဘွားရှားသည် ချန်ရှီ ရေထဲသို့ဝင်သွားတာ မြင်ရသောအခါ စိတ်လှုပ်ရှားစွာ အော်ပြောလာ၏။

“ရှေးစာအုပ်တွေထဲမှာ ယင်းယန်ဘုံကြား သွားတဲ့ ကွမ်ကို ဘယ်လို ဖမ်းရမလဲလို့ပဲ ရေးထားတာ... လူတွေက ဘယ်လိုလုပ်မှ ငါးပါးစပ်ထဲက ထွက်လာနိုင်မယ်လို့ မရေးထားဘူး...”

ကွမ်သည် ယင်းနဲ့ယန် ကမ္ဘာများကြားတွင် ခရီးထွက်နေသော ငါးကြီးတစ်ကောင် ဖြစ်သည်။ ကွမ်ကိုဖမ်းရန် လူသားများကို ငါးစားအဖြစ် သုံးရခြင်းအတွက် သူမ စိတ်မသက်မသာ ဖြစ်လာခဲ့ရသည်။ အောင်မြင်မလား ဆိုတာ သူမလည်း မသေချာခဲ့ပါ။

ရုတ်တရက် ချန်ရှီသည် ရေထဲသို့ နစ်မြုပ်သွားသဖြင့် အဘွားရှား ထိတ်လန့်သွားသည်။ သို့သော် နောက်အခိုက်အတန့်တွင် ချန်ရှီ ရေထဲမှ ထွက်လာပြန်သည်။

လေ့ကျင့်ရေး ကာလပြီးနောက် သူ့ခန္ဓာကိုယ်ဟာ အရင်ကထက် အများကြီး သန်မာလာသည်။ အရင်ကလို ကီလိုဂရမ် ဆယ်ဂဏန်းလောက်သာ အလေးချိန်ရှိနေရင် ရေအောက်ကို ဆွဲချခံရပြီး လှုပ်လို့မရတော့ဘဲ နစ်သွားလိမ့်မည်။ ဒါပေမဲ့ လွယ်လွယ်ကူကူ ရေကူးနိုင်ပါပြီ။

ထိုအချိန်မှ အဘွားရှားလည်း သက်ပြင်းတစ်ချက် ချနိုင်​လေ၏။ ရုတ်တရက် မြစ်ထဲတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး မြစ်ရေသည် နှစ်ပေသုံးပေခန့် မြင့်သော လှိုင်းလုံးကြီးတစ်ခုဖြင့် လှုပ်ခတ်သွားစဥ် ရေထဲ၌ အနက်ရောင် အကြေးခွံများသည် ရွှေနှင့် သံကဲ့သို့ ရောင်ပြန်ဟပ်နေသည်။

၎င်းရဲ့အမြီးက မြစ်ထဲက ငါးဖမ်းလှေထက်တောင် ပိုကြီးပေသည်။

"အဲ့လောက်ကြီးလား?"

အဘွားရှား မအံ့သြဘဲ မနေနိုင်တော့။

ချန်ရှီ အသံကိုကြားလို့ လျင်မြန်စွာ မျှော်ကြည့်ရာ သူသည် အဖြူရောင်ရေများကိုသာ မြင်နေရသည်။ မြစ်မျက်နှာပြင်ပေါ်တွင် တစ်စုံတစ်ခု ရွေ့လျားနေသည်ကို မမြင်နိုင်ပေ။ မြစ်ကမ်းဘက်ကနေ ထွက်လာတဲ့ အဘွားရဲ့ အသံကို ကြားလိုက်ရ၏။ သူမက အနည်းငယ် ထိတ်လန့်သွားပုံပင်။

"ကွမ်တစ်ကောင်ကို တွေ့လိုက်တယ်... ရေနက်ထဲကို ထပ်ကူးပြီး မင်းကို စားဖို့ မြှူဆွယ်လိုက်!"

"အဘွား...ကွမ်က ဘယ်မှာလဲ ကျွန်တော် မတွေ့ဘူး!"

အဘွားရှားသည် မြစ်ထဲသို့ လှမ်းကြည့်လိုက်ရာ လှိုင်းလုံးကြီးများက ရေအောက်မှ အရှိန်ပြင်းပြင်း တက်လာတာကို မြင်လိုက်ရကာ အိမ်ထက်ကြီးသော ခေါင်းတစ်လုံးကို မြင်လိုက်ရသည်။ အပေါ်နှင့်အောက် ဘက်တွင် ချွန်ထက်သော သံမဏိသွားနှစ်တန်းလည်း ရှိသည်။

အဘွားရှားရဲ့ နှလုံးသားက အဆမတန် ခုန်ပေါက်သွား၏။ ဒီကွမ်က သူမ မျှော်လင့်ထားတာထက် ကျော်လွန်သွားခဲ့ပြီ။ ထို့အပြင် ငါး၏သွားများကို ကြည့်ရင်း ချန်ရှီကို မျိုမချမီကပင် ဝါးစားသွားနိုင်သည်။

"ငါ့လက်ထဲက လျှော်ကြိုးက ဒီငါးကြီးနဲ့ မယှဉ်နိုင်တော့မှာကို ကြောက်ရတယ်... ဒီကွမ်ရဲ့ အရွယ်အစား အတိုင်းသာဆို ပေါ့ပေါ့တန်တန် ဆွဲလိုက်ရင်ကို ပြတ်သွားလိမ့်မယ်... သူ့သွားတွေ!"

ဒါကို သူမ တွေးလိုက်တော့ လျှော်ကြိုးကို လက်နှစ်ဘက်နဲ့ ချက်ချင်း ဆွဲကိုင်လိုက်သည်။ လျှော်ကြိုးကို ဘယ်ညာလက်နဲ့ တစ်လှည့်စီဆွဲကာ ချန်ရှီကို ရေထဲကနေ ကမ်းစပ်ဆီ ဆွဲထုတ်လိုက်လေ၏။

ချန်ရှီသည် ရေအောက်တွင် ရှိနေဆဲဖြစ်ကာ လျင်မြန်သော ကြီးကြီးမားမား အရာတစ်ခု ချဉ်းကပ်လာတာကို သတိပြုမိပြီး ထိတ်လန့်သွားသည်။ သူလည်း လျှော်ကြိုးတစ်လျှောက် ကမ်းစပ်ဆီသို့ ချက်ချင်း ကူးခတ်သွားခဲ့သည်။

"ဝုန်း!"

မြစ်ထဲမှ ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့ အသံကြီးသည် ချန်ရှီအား သူ့မျက်လုံးများကို မထိန်းနိုင်ဘဲ ပြူးကျယ်သွားအောင် လုပ်နိုင်ခဲ့သည်။ ရေထဲမှ နက်ပြာရောင် ငါးတစ်ကောင် ခုန်ထွက်လာတာ မြင်လိုက်ရသည်။ ပါးစပ်ကြီးက တွင်းနက်ကြီးလို ပွင့်လာကာ ချန်ရှီကို ကိုက်ချပစ်ပေ၏။

"ဝုန်း!"

ကွမ်ကြီး ရောက်လာတာနဲ့ အဖွားရှားသည်လည်း သူမလက်ထဲမှ လျှော်ကြိုးကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ သို့သော် သူမပါ မြစ်ထဲသို့ ဆွဲချခံလိုက်ရသလို ဖြစ်သွား၏။

နောက်အခိုက်အတန့်တွင် ချည်ကြိုးဖြင့်ချည်ထားသော သစ်ပင်ကြီးသည် ကြီးမားသောအင်အားကြောင့် ယိမ်းယိုင်သွားကာ သစ်ပင်ကိုယ်ထည်ကြီးပါ မြစ်ထဲသို့ ပြုတ်ကျသွားလေသည်။

အဘွားရှား လျှော်ကြိုးကို ဆွဲထုတ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူမ မတ်တပ်မရပ်နိုင်မီ ရုတ်တရက် လျှပ်တပြက်အတွင်းမှာပဲ ကြိုးသည် ရေထဲမှ ပျံထွက်ကာ ကမ်းစပ်ကို ထိသွားသည်။

အဘွားရှားမျက်နှာသည် မည်းမှောင်သွားသည်။ ရေထဲတွင် လျင်မြန်စွာ ကူးခတ်နေသော ငါးကြီးတစ်ကောင်ကို သူမ မြင်လိုက်ရသည်နှင့် ရုတ်တရက် အပြာရောင် အလင်းတန်းများ ရေထဲမှ ထွက်လာပြီး ငါးကြီးလည်း ပျောက်သွားတော့သည်။

"သွားပြီ သွားပြီ..."

အဘွားရှားနဖူးမှာ အေးစက်သော ချွေးများ စီးကျလာ၏။ သူမတစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် ကျန်နေသည့် လျှော်ကြိုးကို ပြန်ယူကြည့်လိုက်သော် လျှော်ကြိုး ပြတ်သွားသည့် နေရာက သွားဖြင့် ကိုက်ဖြတ်ခံထားရတာ မြင်လိုက်ရသည်။

"တစ်ဆယ်လေး... ကွမ်ကြီးဆီက အကိုက်ခံလိုက်ရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်... ဝိညာဉ်တွေကို ဆင့်ခေါ်နည်းကို သိရင်တောင်မှ သူ အသက်ပြန်ရှင်နိုင်မှာ မဟုတ်ဘူး... ငါ အဘိုးကြီးချန်ကို ဘယ်လိုရှင်းပြရမလဲ?"

All Chapters