မေ့လျော့ခြင်းမြစ်အောက်ခြေ၊ ဦးချို ကြေးနီမီးပုံးတစ်ခု
Vol. 2 Ch. 26
အဘွားရှား၏ မျက်နှာ အတော်လေး မည်းမှောင်သွားသည်။ ချန်ရှီ ကွမ်ကြီးဆီက အကိုက်မခံခဲ့လျှင်ပင် မေ့လျော့ခြင်းမြစ်ထဲတွင် ပျောက်ဆုံးသွားပါကလည်း သူမ ချန်ယင်တုကို မရှင်းပြနိုင်တော့ပေ။
"လျှော်ကြိုးမရှိရင် မေ့လျော့ခြင်းမြစ်ကနေ ပြန်မလာနိုင်တော့ဘူး... ဒါက လောဘကြီးမိတဲ့ ငါ့အပြစ်ပဲ.... ငါ ဒီကလေးကို ရတနာရှာဖို့ မေ့လျော့ခြင်းမြစ်ထဲ သွားဖို့ သုံးချင်ခဲ့တာ ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် အဲဒီရှေးဟောင်းဘုရားကျောင်းရဲ့ ရတနာအကြောင်း သူ့ကို တိုက်ရိုက် ပြောပြလိုက်ပါတယ်..."
သူမဟာ နောင်တရမှုတွေနဲ့ ပြည့်နှက်နေပေမယ့် ဖြစ်ပျက်ခဲ့တဲ့ အရာတွေက ဖြစ်ပြီးသွားပြီမလို့ စိတ်မကောင်းဖြစ်မိရုံသာ တတ်နိုင်တော့၏။ အခုလုပ်ရမယ့် အရာကတော့ ချန်ရှီ တကယ် သေဆုံးသွားခြင်း ဟုတ်မဟုတ် စစ်ဆေးဖို့ပါပဲ။
မသေရင် ကယ်ဖို့ပြင်ရမယ်။
သေရင်...။
"ဒါဆို ငါ အဘိုးကြီးချန်ကို အသက်ပေးတာနဲ့ပဲ တောင်းပန်နိုင်တော့တယ်!"
အဖွားရှားသည် သူမညာလက်ညိုးကို ကိုက်လိုက်ကာ သူမ၏ ကိုယ်သွေးဖြင့် လေထဲတွင် အဆောင်စာလုံးကို ဆွဲလိုက်သည်။ ထူးဆန်းသည်မှာ သူမသွေးများသည် ထူးဆန်းသော စွမ်းအားဖြင့် ချည်နှောင်ထားသကဲ့သို့ လေထဲ၌ ရပ်တန့် လွင့်မျောနေသည်။ လက်ချောင်းများကို ရွှေ့လိုက်သောအခါတွင် အလျားသုံးပေနှင့် အနံနှစ်လက်မ ရှိသော အဆောင်လက်ဖွဲ့ကို သူမရေးသားခဲ့သည်။
အထက်ပိုင်းသည် စင်ကြယ်သော နာမ်တရားသုံးပါး၏ ဧကရာဇ်အမိန့်တော် ဖြစ်ပြီး အောက်ပိုင်းသည် ဝိညာဉ်သုံးပါးနှင့် ဆန္ဒဝိညာဉ် ခုနစ်ပါးတို့၏ ဧကရာဇ်အမိန့်တော် ဖြစ်သည်။ လေထဲမှာ အဆောင်လက်ဖွဲ့ ဆွဲနိုင်တာက အံ့ဩစရာ အောင်မြင်မှု တစ်ခုဖြစ်၏။ ၎င်းသည် မှော်ဆရာတစ်ဦး၏ အိပ်မက်ပင် ဖြစ်သော်လည်း အဘွားကတော့ ဒါနဲ့ပတ်သက်သည့် ထူးခြားမှုတစ်စုံတစ်ရာ မရှိပေ။
ဤဝိညာဉ်ခေါ်ခြင်း တန်ခိုးသည် ပြင်းထန်လွန်းသဖြင့် ယင်းယန်ဘုံနှစ်ခုကို ချက်ချင်း ဖြတ်ကျော်ကာ မရဏကမ္ဘာသို့ ရောက်ရှိသွားသည်။
အဘွားရှားသည် သူမ အမှားကြီးတစ်ခုကို ကျူးလွန်မိကြောင်း သိထားလေ၏။ ထို့ကြောင့် သာမာန် ဝိညာဉ်ခေါ်သည့် စာလုံးများနှင့် မတူဘဲ ယခုတစ်ကြိမ် သူမ ဆွဲသော ဝိညာဉ်ခေါ်သည့် သင်္ကေတသည် သူ့ကိုယ်ပိုင် နှလုံးသွေးကို အသုံးပြုထားခဲ့သည်။
နှလုံး၏ အနှစ်သာရနှင့် သွေးက အလွန်အားကောင်းသည်။ ပမာဏမှာ အလွန်သေးငယ်သော်လည်း စွမ်းအားက ထူးခြားသည်။ အကယ်၍ ချန်ရှီ တကယ်သေသွားခဲ့ပါက သူသည် ယမမင်းနန်းတော်ထဲတွင် ဖမ်းမိလိုက်လျှင်ပင် သူမသည် ချန်ရှီဝိညာဉ်ကို ငရဲဘုရင်လက်ထဲမှ ပြန်လည်ရယူနိုင်မည် ဖြစ်သည်။
သို့သော် အဆောင်လက်ဖွဲ့က မီးလောင်ကျွမ်းသွားပြီး အဘွားရှားသည် ချန်ရှီရဲ့ဝိညာဉ်ကို မခေါ်နိုင်ခဲ့ပါ။
"မင်း မသေတာ ကောင်းပါတယ်.... မင်း မသေတာ ကောင်းပါတယ်!"
ဤတော့မှ အဘွားရှာ သက်ပြင်းတစ်ချက် ချနိုင်၏။ ခေတ္တရပ်ကာ အဘွားကြီး အရိပ်သည် အကိုင်းအခက်များကဲ့သို့ မြေပြင်ပေါ်တွင် ရုတ်ချည်း ကြီးထွားလာကာ မျက်နှာစိမ်းနှင့် အစွယ်ရှိသော တစ္ဆေဘုရင်ငါးပါး ထွက်လာသည်။ သူတို့လက်တွေက အမိန့်နာခံဖို့ အဆင်သင့် ဖြစ်နေကြသလိုပင်။
အဘွားရှားရဲ့ အတွေးများသည် အနည်းငယ် ရွေ့လျားသွားတာနဲ့ သရဲငါးကောင် လန့်သွားသည်။ ခဏအကြာတွင် မရေမတွက်နိုင်သော အုတ်ခဲများနှင့် ကျောက်တုံးများ ပျံတက်သွားပြီး အချိန်တိုလေး အတွင်းမှာပင် တဲကျန်းမြစ်ကမ်းဘေး၌ အလျား ၃၆ ပေ၊ အကျယ် ပေ ၃၀ နှင့် အမြင့် ၁၂ ပေရှိသည့် ယဇ်ပလ္လင်တစ်ခုကို တည်လိုက်သည်။
တစ္ဆေဘုရင် ငါးပါးတို့သည် အလံကြီးများကို ကိုင်ဆောင်ကာ ယဇ်ပလ္လင်၏ ထောင့်ငါးထောင့်၌ ရပ်ကာ ဒြပ်ငါးပါးကို သိမ်းပိုက်ထားလိုက်ကြသည်။
အဘွားရှားက စာလုံးဘုရင်ဗုံကို ထုတ်လိုက်တယ်။
ဤဗုံသည် ဒရမ်နှင့်တူသော်လည်း ဒရမ် မဟုတ်သော ထူးဆန်းသည့် တူရိယာတစ်မျိုးသာ ဖြစ်သည်။ မောင်းထုရတဲ့ တူရိယာနှင့် တူပြန်သော်လည်း မောင်းတစ်ဖက်တွင် အရေခွံဖုံးထားကာ အခြားတစ်ဖက်မှာ ဗုံကြိုးများ ရှိပြီး လက်ဖြင့် ဆုပ်ကိုင်နိုင်သည်။
ဒါက ချန်ရှီ နောက်ဆုံးအကြိမ် မြေအောက်ကမ္ဘာတွင် ကြားခဲ့သည့် သံပြောင်သော ဒရမ်ရိုက်သံမှာ ဤတူရိယာဖြင့် ပြုလုပ်ထားသည့် အသံဖြစ်သည်။
အဘွားရှား စာလုံးဘုရင်ဗုံကို လှုပ်ခါလိုက်ရာ တစ်ခဏချင်းတွင် အုံ့မှိုင်းသော လေထုသည် တဲကျန်းမြစ်ပေါ်တွင် မှောင်မိုက်နေသော ရာသီဥတုကြီး ဖန်တီးပစ်သည်။ နေရောင်ခြည်များပင် ထိုအမှောင်ထဲသို့ မလင်းနိုင်ချေ။
"ငါ့ဘဝမှာ မရေမတွက်နိုင်တဲ့ သရဲတစ္ဆေတွေကို ဆင့်ခေါ်ပြီး နတ်ဆိုး တစ္ဆေဘုရင်တွေ အများကြီးကို စော်ကားခဲ့ဖူးတယ်.... ဒီတစ်ကြိမ်က ရန်သူဟောင်းတွေရဲ့ အာရုံစူးစိုက်မှုကို စွဲဆောင်ပြီး လက်စားချေ ခံရဖို့ အခွင့်အရေး ယူသွားကြမှာ ကြောက်ရတယ် ဒါပေမဲ့ အဲ့လောက်ထိ ဂရုမစိုက်နိုင်တော့ဘူး!"
အဘွားရှား အော်လိုက်သည်။ ဗုံသံတွေက တဗုန်းဗုန်း မြည်ပြီး အမှောင်ထဲမှာတော့ အပြာရောင် ကျောက်တုံးလမ်းက ယဇ်ပလ္လင်ဆီကနေ မြစ်ထဲကို ပြေးဆင်းသွားလေသည်။
ဤအဘွားကြီးသည် သူမကိုယ်ပိုင် မှော်စွမ်းအားကို အမှန်တကယ် အသုံးပြုကာ ယင်းယန် နယ်ပယ်နှစ်ခုကို ဆက်သွယ်ထားသည့်လမ်းကို ဖွင့်ကာ မရဏကမ္ဘာ၊ မေ့လျော့ခြင်းမြစ်ထဲက ချန်ရှီကို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းနေခဲ့သည်။
"တစ်ဆယ်လေး!"
သူ့အသံက "ငါ့ဗုံသံကို လိုက်နာ... မင်းကို မြေအောက်ကမ္ဘာကနေ ငါပြန်ခေါ်မယ်"
ငါးကြီးရဲ့ ပါးစပ်ထဲမှာတော့ ချန်ရှီသည် ငါးမျှားချိတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ငါးကြီး၏ လည်ချောင်းအရိုးဘေးရှိ နူးညံ့သော အသားထဲတွင် ငါးမျှားချိတ်ကို နက်နက်နဲနဲ မြှုပ်နှံထားသည်။
ချန်ရှီ လည်ချောင်းအရိုးအနား ရောက်နေပြှ။ ဤငါးကြီးက ၎င်းရဲ့ နောက်ဘက် အံသွားကို ကြိတ်လိုက်သောအခါတွင် အလေးချိန် ကီလိုဂရမ်တစ်သောင်း အလေးချိန်ရှိသော သံတုံးကြီးနှစ်ခုကို ရိုက်လိုက်သလိုပဲ ကြမ်းတမ်းတာကြောင့် ချန်ရှီလက်များပင် လှုပ်ယမ်းသွားသည်။
ဒါပေမဲ့ ငါးကြီးရဲ့ ပါးစပ်ထဲမှာ ရှိနေတာဖြစ်လို့ မလွှတ်ဝံ့ပေ။ ငါးကြီးရဲ့ သွားနှစ်ချောင်းက ကိုက်လိုက်တာနဲ့ လည်ချောင်းထဲ ပါမသွားအောင် အသည်းအသန် ကြိုးစားနေရသည်။ လွှတ်လိုက်လျှင် မရေမတွက်နိုင်သော အသားစများ အစိတ်စိတ်အမြွှာမြွှာ ပြတ်တောက်သွားလိမ့်မည်။
ကွမ်ငါးကြီး ခုန်ချလိုက်တာနဲ့ ရုတ်တရက် ရေတွေဒလဟော ဝင်ရောက်လာသည်။ ချန်ရှီလည်း အကိုက်ခံရမယ့် ကံကြမ္မာကို မနည်းကြီး ရှောင်နေခဲ့ရ၏။ ဒါပေမဲ့ ငါးမျှားချိတ် ပြုတ်သွားရင် သူ့အခြေအနေက တော်တော်ဆိုးပြီး အကိုက်ခံရမှာကိုတောင် ကြောက်ရလေသည်။
ရုတ်တရက် ချန်ရှီ အပြာရောင် အလင်းတန်းကို မြင်လိုက်ရသည်။ သူ့မျက်လုံးထဲက ငါးကြီးကြီးပေါ်ရှိ အသွေးအသားများ အားလုံး ပျောက်ကွယ်သွားကာ ငါးအရိုးကြီးများသာ ရေထဲတွင် ကူးခတ်နေခဲ့သလို ဖြစ်လာသည်။
ချန်ရှီ သူ့လက်ကို မြှောက်ကြည့်လိုက်တဲ့အခါ သူ့လက်မောင်းရှိ အသွေးအသား အားလုံး ပျောက်ကွယ်သွားပြီး အရိုးဖြူများအဖြစ် ပြောင်းလဲသွားတာ တွေ့လိုက်ရသည်။ တစ်ချက် ငုံ့ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်မှာလည်း အသွေးအသား လုံးဝ ကင်းစင်ကာ အဖြူရောင်အရိုးစုများ ဖြစ်သွားတာ မြင်လိုက်ရသည်။
"ငါ မေ့လျော့ခြင်းမြစ်ထဲ ရောက်သွားတာလား"
ချန်ရှီ အံ့သြသွားသည်။
ငါးမျှားချိတ်ကြီးသည် မူလက ကွမ်ကြီး၏ အသွေးအသားပေါ်တွင် ချိတ်ထားခဲ့သည်။ အခု ကွမ်ငါးကြီးက ငါးအရိုးစု ဖြစ်သွားပြီမလို့ ငါးမျှားချိတ်က လွတ်သွားပြီ။ ချန်ရှီခမျာ ငါးမျှားချိတ်ကို ဆုပ်ကိုင်လိုက်ရင်း နှလုံးခုန်သွားသည်။
လျှော်ကြိုး ပြတ်သွားပြီ။
"ဘယ်လိုပြန်ရမလဲ... အဘွားရဲ့ နည်းလမ်းတွေက အံ့ဩစရာ ကောင်းတယ် သူသေချာပေါက် နည်းလမ်းရှာတွေ့မှာပဲ အခု အဘွားရှား ပျောက်သွားတဲ့ ကြေးနီမီးခွက်ကို ရှာတွေ့ဖို့ အရေးကြီးတယ်!"
ချန်ရှီသည် သူ့ကိုယ်ပေါ်ရှိ သံကြိုးကို ချွတ်ကာ လေးလံသော ငါးမျှားချိတ်ကို သံကြိုးဖြင့် ချည်နှောင်လိုက်၏။ ကွမ်ငါးကြီး၏ လည်ချောင်းအရိုးပေါ်တွင် ချိတ်ကို ချိတ်ဆွဲလိုက်ကာ ရွှင်မြူးနေသော ကွမ်ငါးကြီး၏ ပါးဟက်အရိုးများကြားမှ ခုန်ထွက်သွားလိုက်သည်။
ငါးကြီးသည် အသွေးအသား မရှိသဖြင့် သူ့ကို တားဆီးနိုင်ခြင်း မရှိပေ။ ပိုထူးဆန်းတာက ငါးကြီးသည် အရိုးအခြေအနေရှိတဲ့ ချန်ရှီကို တစ်ချက်မှ မျိုမချဘဲ ကူးခတ်သွားတာပါပဲ။
"ကွမ်က အထက်ကမ္ဘာကနေ မရဏကမ္ဘာအထိ ကူးခတ်နိုင်တယ် ဆိုတော့ မရဏကမ္ဘာကနေလည်း အထက်ကမ္ဘာကို ပြန်ကူးနိုင်ရမယ်!"
ချန်ရှီ: "အဘွားရဲ့ ကြေးနီးမီးအိမ် ရှာမတွေ့ရင် ဒီငါးကြီးကြီးကို ဖမ်းပြီး ငါနဲ့အတူ ကမ္ဘာဆီ ပြန်ကူးသွားခိုင်းရမယ်... ဒါပေမယ့် ဒီငါးကြီး ဘယ်တော့ ပြန်သွားမလဲဆိုတာ ငါ မသိဘူးလေ..."
ငါးကြီးသည် ပစ်မှတ်မဲ့ ခုန်ဆင်းသွားကာ အနောက်သို့ အမြန်ပြန်ရန် အရိပ်အယောင် မပြတော့ပေ။ ချန်ရှီလည်း စိတ်သက်သာရာရသွားပြီး မေ့လျော့ခြင်းမြစ်ထဲတွင် ရှာဖွေခဲ့လေ၏။
မြစ်ထဲတွင် အပြာရောင် အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် လင်းနေသည်။ သစ်သားလှေများကဲ့သို့ မြစ်ပေါ်တွင် ဖြတ်သန်းသွားလာနေသော လှေများလည်း ရှိပြီး ၎င်းတို့ဟာ အပေါ်စီးမှ ရေအောက်ထဲသို့ ဖုံးလွှမ်းနေသည်။
မြစ်အောက်ခြေတွင် ထူးဆန်းသောသန္တာကျောက်များ၊ ကျောက်ထွတ်များ ပေါက်ရောက်လျက်ရှိပြီး အလွန်ထူထပ်သော အရိုးငါးများက ပတ်လည်တွင် ကူးခတ်နေသည်။ ဒီအကောင်တွေက ဧရာမကွမ်ကြီး၏ အရွယ်မရောက်သေးသော ပုံစံသာ ဖြစ်ရမည်။
ဤကွမ်များဟာ အရွယ်အစား သေးငယ်သောကြောင့် လူ့ကမ္ဘာသို့ သွားမည့်အစား မေ့လျောခြင်းမြစ်ထဲ၌ နေထိုင်နေကြသည်။ ချန်ရှီ အချိန်အတော်ကြာအောင် လှည့်ပတ်ကြည့်သောအခါ သူ့ကိုယ်သူမှလွဲ၍ အခြားအရိုးစုများ မရှိတာကို တွေ့ရသည်။
"ဒီအခွံမျိုးက ယင်းယန်ဘုံကြားမှာလည်း သွားလာလို့ ရတယ်လား?"
ချန်ရှီသည် ကြီးမားသော အခွံကို ဖွင့်လိုက်သော်လည်း အခွံထဲတွင် ထိတ်လန့်တကြား ဖြစ်နေသော အသားမပါသော ဆယ်ကျော်သက် အရွယ် ကလေးလေးတစ်ယောက် ရှိနေသည်။ ၎င်းက သူ့ဆီသို့ တိတ်တဆိတ် နေဖို့ အမူအရာပြကာ ဘူးခွံကို ကိုင်ကာ ပြန်ဖုံးလိုက်သည်။ ချန်ရှီ အံ့သြသွား၏။ ဒီကောင်လေးမှာ အသွေးအသားတွေ ရှိနေသည်။
"ဒါပေမဲ့ ဒါက မေ့လျော့ခြင်း မြစ်ရဲ့ တခြားအကျိုးသက်ရောက်မှု ဖြစ်လိမ့်မယ်...ငါးကြီးနဲ့ ငါက အသွေးအသားတွေ ဖြစ်ပေမယ့် မြစ်ထဲရောက်တော့ အရိုးဖြူတွေ ဖြစ်သွားတယ်... ဒီကလေးက အဖြူရောင်အရိုးစု ဖြစ်သင့်တာကို ဘာလို့ အသွေးအသားတွေ ရှိနေတာလဲ"
ချန်ရှီလည်း မေးစရာတစ်ခုရှိလို့ အခွံကို ပြန်ဖွင့်လိုက်တော့ အခွံနှစ်ခုကြားမှာ လဲလျောင်းနေတဲ့ ကလေးလေးဟာ ထိတ်လန့်သွားပြန်ပြီး လက်ညှိုးကို အပေါ် ညွှန်ပြကာ ဘူးခွံနဲ့ တစ်ဖန် ဖုံးထားချင်ပြန်၏။
ချန်ရှီ ပြုံးပြီး "အပေါ်မှာ ဘာရှိလို့လဲ"
ရုတ်တရက်ဆိုသလို အပေါ်ကနေ အစိမ်းရောင်အလင်းတန်းတွေ တောက်ပလာပြီး မြစ်အောက်ခြေကို ဖြတ်ကျော်သွားတော့ ကလေးလေးဟာ သိပ်ဂရုမစိုက်တော့ဘဲ ချန်ရှီရဲ့လက်မောင်းကို ဆွဲကိုင်ကာ ဘူးခွံထဲကို ဆွဲထည့်လိုက်ပြီး အခွံကို အမြန်ဖုံးပစ်လိုက်သည်။
မီးစိမ်းသည် ကျယ်လောင်သော အသံနှင့်အတူ မြစ်အောက်ခြေကို ဖြတ်ကျော်သွားကာ အလင်းရောင်တောင် မြစ်မျက်နှာပြင်ဆီသို့ ရိုက်ခတ်လာ၏။ ချန်ရှီ မျှော်ကြည့်လိုက်တော့ ဖြတ်သွားသော သစ်သားလှေမှ မီးစိမ်းဖြစ်နေတာ တွေ့လိုက်ရသည်။
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့လူက သစ်သားလှေပေါ်တွင် မတ်တပ်ရပ်ကာ သူ့မျက်လုံးများမှာ အစိမ်းရောင်မီး လင်းနေသည်။ ချန်ရှီနှလုံးခုန်သံက ခုန်ပေါက်သွားသည်။ ကတိုးလှေပေါ်တွင် အရပ်ရှည်ပြီး ပိန်လှီသော အသွင်အပြင်ရှိသူသည် ရေအောက်ထဲ၌ လှုပ်ရှားနေတာကို သတိပြုမိသလိုမျိုး မျက်လုံး ဖွင့်ကြည့်လိုက်သည်။
'မျက်လုံးတွေက အရမ်းကြောက်စရာကောင်းတယ်... သူ့မျက်လုံးတွေဆီက ဖမ်းမိရင် အန္တရာယ်ရှိမှာ သေချာတယ်'
ချန်ရှီသည် ကလေးငယ်အား ကျေးဇူးတင်စကား ပြောလိုက်ပေမယ့် ဘူးခွံအတွင်းမှ ကလေးငယ်၏ ချက်ချင်း ကန်ထုတ်တာကို ခံလိုက်ရတာကြောင့် ဘူးခွံထဲမှ လွင့်ထွက်သွားသည်။ ချန်ရှီ သူ့ဆီ ပြန်သွားပြီး ကျေးဇူးတင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ကလေးက အခွံကို အတင်း ပိတ်ထားပြီး အထဲမှာ ပုန်းနေခဲ့ကာ ပေါ်လာဖို့လည်း ငြင်းဆန်နေ၏။
"မင်္ဂလာပါ... ငါ့နာမည်က ချန်ရှီ.... မင်းအိမ်ကို လုယက်ဖို့ မကြိုးစားပါဘူး လွန်ခဲ့တဲ့ ကိုးနှစ်က မေ့လျော့ခြင်းမြစ်ထဲကို ကျသွားတဲ့ ကြေးနီမီးခွက်ကို ရှာနေတာ... အဲဒီမီးအိမ်က ဘယ်မှာလဲဆိုတာ မင်းသိလား"
ချန်ရှီက ယဉ်ကျေးစွာနဲ့ လမ်းမေးလိုက်သည်။
လက်တစ်ဖက်က အခွံကနေ ဆန့်ထွက်ပြီး အဝေးကို လှည့်ညွှန်ပြလေ၏။
"ကျေးဇူးတင်ပါတယ်"
ချန်ရှီလည်း ကလေးလေး၏ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း လိုက်လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် အခွံများစွာကို တိတ်တဆိတ်ဖွင့်ကာ ယောက်ျားလေးရော မိန်းကလေးပါ လျှို့ဝှက်စွာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရံဖန်ရံခါတွင် အရွယ်ရောက်ပြီးသော အမျိုးသား၊ အမျိုးသမီး အနည်းငယ်ရှိသော်လည်း အသက်ကြီးသူများကတော့ နည်းပါးသည်။ ဒါပေမဲ့ ကတို့လှေက ရေပေါ်ဖြတ်သွားတိုင်း ကတို့လှေပေါ်က အရပ်ရှည်ရှည် ပိန်ပိန်ရုပ်လေးကို ကြောက်သလို အခွံတွေကို အလျင်အမြန် ပိတ်လိုက်ကြ၏။
"ဝှီ!"
နောက်ထပ် အလင်းတန်းတစ်ခု လင်းလက်သွားသည်။ ၎င်းမှာ သစ်သားလှေပေါ်မှ အရပ်ရှည်ရှည် ပိန်လှီသော ရုပ်အလောင်းဆီက ဖြစ်၏။ သူက ငေးကြည့်ရင်း အစိမ်းရောင် အလင်းတန်းကို မေ့လျော့ခြင်းမြစ်ထဲ ထိုးဖောက်ဝင်ရောက်သွားကာ မြစ်ကြမ်းပြင်၌ မလွတ်မြောက်နိုင်သော ကောင်လေးတစ်ယောက်အပေါ်တွင် တောက်ပစွာ လင်းလက်နေသည်။
ကောင်လေးဟာ အလင်းတန်းထဲ ဖမ်းမိသွားတာကြောင့် မြစ်ထဲက ပျံထွက်သွားပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ လူလက်ထဲ ရောက်သွားတော့သည်။
မော့ကြည့်လိုက်တော့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူဟာ သူ့ပါးစပ်ကို အလယ်ကနေ ဟပစ်လိုက်ပုံက ခေါင်းကို ခွာပစ်လုနီးပါးပင်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးက သူ့မေးစေ့ကို အပေါ်အောက် ရွှေ့လိုက်ကာ ကောင်လေးကို မျိုချပစ်လေ၏။
ချန်ရှီ တုန်လှုပ်ခြောက်ခြားသွားသည်။ မနေနိုင်တော့ လက်နှစ်ဘက်ဖြင့် အခွံတစ်ခုကို ကိုင်ထားရင်း သစ်သားလှေကို ဖြတ်သွားသောအခါတွင် ထိုင်ချလိုက်ပြီး အခွံအောက်တွင် သူ့ကိုယ်သူ ဖုံးထားလိုက်သည်။
"ကတို့လှေပေါ်က လူက ဘယ်သူလဲ... ဒီအခွံအောက်မှာ ပုန်းနေတဲ့ ကလေးတွေကရော ဘယ်သူတွေလဲ"
ဤအခိုက်အတန့်တွင် သူရုတ်တရက် ရပ်လိုက်ပြီး ဘူးခွံအတွင်းရှိ ကလေးများကို ကြည့်ကာ အတွေးတစ်ခု ပေါ်လာသည်။
"ငါသိပြီ! ဘာလို့ အခွံတွေထဲ ပုန်းနေကြတာလဲ ငါသိပြီ... သူတို့က တဲကျန်းမြစ်ထဲမှာ ရေနစ်သေသွားတဲ့ ကလေးတွေပဲ"
တဲကျန်းမြစ်၏ လက်တက်ဖြစ်သော ယွိတိုက်မြစ်၌ နှစ်စဉ် မြစ်ထဲတွင် ရေသွားကူးကြသော ကလေးအများအပြား ရေနစ်သေဆုံးခဲ့ကြသည်။ ဒါဆို တဲကျန်းမြစ်ထဲမှာ ကလေးတွေ အများကြီး ရေနစ်သေထားပြီပေါ့။
ရေနစ်သေဆုံးသွားသော ကလေးငယ်များသည် သရဲတစ္ဆေများအဖြစ် ပြောင်းလဲကာ မေ့လျော့ခြင်းမြစ်ထဲသို့ လျှောက်သွားခဲ့ကြရာ လှေပေါ်ရှိလူများကို ကြောက်လန့်သဖြင့် ဤအခွံများထဲတွင် ပုန်းနေခဲ့ကြတာပဲ ဖြစ်မည်။
အရွယ်ရောက်ပြီးသူ ယောက်ျား၊ မိန်းမ နှင့် သက်ကြီးရွယ်အို အရေအတွက် နည်းပါးသော အကြောင်းရင်းမှာ အရွယ်ရောက်ပြီးသူ အနည်းငယ်ကသာ ရေနစ်ခြင်းကြောင့် ဖြစ်သည်။ ချန်ရှီသည် မြစ်ကြမ်းပြင်ရှိ အခွံကြီးများနှင့် သေးငယ်သော အခွံများကို ကြည့်ကာ ရေရွတ်လိုက်မိ၏။
"ဘာလို့ ဒီလောက်များနေတာလဲ..."
ချန်ရှီ ငြိမ်သက်သွားပြီး တစ်ဖန်ရှေ့ကို ဆက်သွားကာ နောက်ဆုံးတွင် အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။ အလင်းရောင်က သိပ်တောက်ပတာမျိုး မဟုတ်ပေမယ့် ထူးဆန်းစွာနဲ့ အဝေးကို အရမ်းထိုးဖောက်နိုင်သလိုမျိုး လှမ်းမြင်နိုင်လေသည်။
ထိုစဥ် သူ့ပတ်ဝန်းကျင်ရှိ ဖိအားများ ပိုမိုအားကောင်းလာတာကို ခံစားရလာသည်။ သူ့အရိုးများ အက်ကွဲသွားကာ ခြေနှစ်ချောင်း အရိုးများ မြေကြီးထဲသို့ နစ်မြုပ်တော့မလိုပင်။ သူလမ်းလျှောက်လာလေလေ များမကြာမီ မြေဆီလွှာက ဒူးအထိ တက်လာကာ ခြေလှမ်းတိုင်းကို အလွန်ခက်ခဲစေသည်။
ချန်ရှီ မော့ကြည့်လိုက်တော့ အလင်းရောင်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ။ အလင်း၏ရင်းမြစ်မှာ ကြေးနီမီးခွက် တစ်ခုဆီကနေ ဖြစ်ပြီးတော့ လက်ကိုင်ပါ၏။ အောက်ခြေတွင် သိုးတစ်ကောင်ရဲ့ ချိုလိုအရာလည်း ပါသေးသည်။ လက်ကိုင်က သိုးဦးချိုများဖြစ်ပြီး သိုးနောက်ကျောတွင် လူတစ်ယောက် ထိုင်နေသည်။
အရုပ်ဦးခေါင်းထိပ် အဖုံးပေါ်၌ ကောင်းကင်ဝိညာဉ်လို မီးတောက်များ ပေါ်ထွက်နေကာ တစ်ယောက်ယောက်က မီးလာထွန်းထားသလိုပင်။ ဒီလိုပုံသဏ္ဌာန်ရှိသော မီးခွက်၊ အထူးသဖြင့် မြစ်ရေတွင် တောက်လောင်ပြီး အလင်းထုတ်လွှတ်နိုင်တယ် ဆိုတဲ့ အချက်နဲ့တင် အလွန်ထူးဆန်းနေပြီ။ ဤကြေးနီမီးအိမ်က အတော်လေး ထူးကဲလိမ့်မည်။
သို့သော်လည်း ကြေးနီမီးခွက်ကို အရိုးကြီးကြီးတစ်ခုက ကိုင်ထားသည်။ ၎င်းအရိုးဖြူ လက်ဖဝါးပေါ်၌ အသားအစအန အနည်းငယ်မျှပင် မရှိပေ။ သေးသွယ်သော လက်ဆစ်များရှိသော သာမန်လူတစ်ယောက်ထက် လေးဆမှ ငါးဆအထိ အရွယ်အစား ရှိသည်။
ချန်ရှီ အရိုးစုလက်ဖဝါးကို လှမ်းကြည့်လိုက်ရာ မြစ်ကုတင်ပေါ်တွင် ထိုင်နေသည့်အလား ကြီးမားသော အရိုးစုတစ်ခုကို တွေ့လိုက်ရသည်။ ပိုထူးဆန်းတာက ၎င်းဟာ လူ့အရိုးတွေနဲ့ လုံးဝ မတူတဲ့ ဦးခေါင်းခွံအရိုးစုပင်။ ငှက်ဦးခေါင်းကဲ့သို့ ရှည်လျား၊ ကြီးမားသော ဦးခေါင်းက နှုတ်သီးမပါသောလည်း ခပ်ရှည်ရှည် အစွယ်ရှိသည်။
ဦးခေါင်းခွံ၏ မျက်လုံးစွပ်များက အလွန်ကြီးမားသောကြောင့် အရွယ်ရောက်ပြီးသူ၏ လက်သီးများကိုပင် အတွင်းပိုင်းထိ အံဝင်ခွင်ကျ ထိုးထည့်ထားစေနိုင်သည်။
ဦးခေါင်းခွံရဲ့ နှာခေါင်းပေါက်များကလည်း ကြီးမားပြန်သည်။ ဒါကို မြင်တော့ ချန်ရှီဟာ သစ်သားလှေပေါ်က အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးရုပ်သွင်ကို တွေးတောင်မတွေးနိုင်ခဲ့ပါဘူး။
"ဒါက အရပ်ရှည်ပြီး ပိန်တဲ့လူရဲ့ ပုံစံလား!"
ဒါကို သူတွေးပြီးတာနဲ့ အဘွားရှားရဲ့ အသံက ရုတ်တရက် ထွက်လာသည်။
"တစ်ဆယ်လေး... ငါ့ဗုံသံအတိုင်း လိုက်ခဲ့... ငါ မင်းကို မရဏကမ္ဘာက ပြန်ခေါ်မယ် "
ချန်ရှီ ထိုစကားကို ကြားသောအခါ ရုတ်တရက် သူစိတ်အားထက်သန်လာ၏။
"အဘွား ငါ့ကိုခေါ်နေပြီ!"
နောက်ဆုံးတော့ ကြေးနီမီးခွက်ကို လှမ်းကိုင်လိုက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။
သူ့လက်ဖဝါးသည် ကြေးနီမီးခွက်၏ ဦးချိုလက်ကိုင်ကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် အရပ်ရှည်ရှည်နှင့် ပါးလွှာသော အရိုးစုများက ရုတ်တရက် တုန်ခါသွားကာ ၎င်းကိုယ်ပေါ်ရှိ ဖုန်မှုန့်များကလည်း လွင့်စင်သွားသည်။