← Chapters

ပါးကွာ့က မုန်တိုင်းကို နှိုးဆော်လို့ ကမ္ဘာနှစ်ခုဟာ နဂါးတံခါးကို ဖြတ်၍ ပြေးသွားခဲ့

Vol. 2 Ch. 27

ပါးကွာ့က မုန်တိုင်းကို နှိုးဆော်လို့ ကမ္ဘာနှစ်ခုဟာ နဂါးတံခါးကို ဖြတ်၍ ပြေးသွားခဲ့

Vol. 2 Ch. 27

"အရိုးတွေ​တောင် ဖြစ်သွားပြီကို အသက်ရှင်နေသေးတာလား"

ချန်ရှီ၏ နှလုံးခုန်သံက ပြင်းထန်စွာ ခုန်သွားသည်။ ကြေးနီမီးခွက်ကို ကိုင်ဆောင်ထားသည့် လက်ချောင်းများ၏ ပါးလွှာသော အဖြူရောင်အရိုးများကို ဖယ်ထုတ်ကာ ကြေးနီမီးခွက်ကို ယူ၍ မြစ်ထဲသို့ သယ်ဆောင်သွားခဲ့သည်။

ကြေးနီမီးခွက်သည် ပိန်ပိန်ပါးပါးနှင့် အရိုးစု ကိုင်ထားစဉ်က ကြီးမားပုံမပေါ်သော်လည်း ချန်ရှီလက်ထဲသို့ ရောက်သွားသောအခါတွင် ၎င်းက ကြောက်စရာ ကောင်းလောက်အောင် ကြီးမားပြီး အလွန်လေးလာသည်။

ခပ်ပိန်ပိန် အရိုးဖြူများက လုံးလုံး နိုးထလာပြီ။ အရိုးမျှသာရှိသော သူ့ခြေထောက်များက မြစ်ကုတင်ပေါ်ကနေ ငုတ်တုတ်ထလျက် ခုန်ထလာတာကို မြင်လိုက်ရသည်။ ပြတ်သားသော အသံတစ်ခုသာ ကြားရပြီးနောက် ရှည်လျားသော ပေါင်ရိုးတစ်ချောင်းက ကျိုးသွားကာ ခုန်ချ​နေတဲ့ လမ်းကြောင်းမှာတင် တစ်ဖက်သို့ လဲကျသွားသည်။

ချန်ရှီ အသေ တုန်လှုပ်ခြောက်ခြားသွားသည်။

ပါးလွှာသော အဖြူရောင် အရိုးများသည် ချွန်ထက်သော လက်နက်ဖြင့် ထိုးသွင်းခံထားရသော ဒဏ်ရာများ၊ တုံးထားသော အရာများနှင့် မီးလောင်ဒဏ်ရာများ အပါအဝင် အမာရွတ် အမျိုးမျိုးနှင့် ဖုံးလွှမ်းထားသည်။

၎င်းက အင်အားကို မသုံးနိုင်ဘဲ ဖြစ်နေသည်။ မဟုတ်ပါက ပျက်စီးနေသော အရိုးများက ကျိုးသွားလိမ့်မည်။ ဒါတင်မကဘဲ ချန်ရှီလည်း သူ့ရဲ့နံရိုးတော်တော်များများ ကျိုးသွားတာကို တွေ့လိုက်ရပြီး ဘယ်မှာ ပြုတ်ကျခဲ့မှန်းလည်း မသိတော့ချေ။

အခုနောက်ထပ် ခြေထောက်က ကျိုးသွားတော့ ခြေထောက်သုံးချောင်းလို ကူးခတ်နေရပြီး သူ့ရဲ့ကိုယ်ဟန်အနေအထားက ဖော်မပြနိုင်လောက်အောင် ရယ်စရာကောင်းလာ၏။ ဒါဟာ တကယ် ရယ်စရာကောင်းပေမယ့် သူ့ရဲ့ ရေကူးနှုန်းက အရင်ကထက် အများကြီး ပိုမြန်နေပါသေး၏။

ချန်ရှီ လျစ်လျူမရှုဝံ့ဘဲ မြစ်ဆီသို့ ကူးခတ်ရန် ခွန်အားကို အသေအလဲ သုံးနေစဥ် အတွေးများစွာကလည်း ထွက်ပေါ်လာသည်။

“ဒီအရပ်ရှည်ရှည်နဲ့ ပိန်လှီတဲ့အရိုးဖြူတွေ အသက်ရှင်နေသေးရတဲ့ အကြောင်းရင်းက ငါလို့ပဲ သူလည်း အထက်ကမ္ဘာကနေ မြေအောက်ကမ္ဘာကို ခရီးဆက်လာတဲ့အတွက် သူ့အသားနဲ့ သွေးတွေ အရည်ပျော်သွားပြီး အရိုးဖြူတွေ ဖြစ်သွားလို့များလား...."

"ဒီကြေးနီမီးခွက်က အဘွားရှားရဲ့ ရတနာမဟုတ်ဘဲ သူ့ရတနာကြီး ဖြစ်နေမှာ ကြောက်ရတယ်...."

"အဘွားရှားကတောင် ဒီကြေးမီးခွက်အကြောင်း တွေးနေတယ် ဆိုတော့ ဒီဟာက ထူးထူးခြားခြား အစွမ်းရှိရမယ်... ဒါပေမဲ့ ကြေးနီမီးခွက် မေ့လျော့ခြင်းမြစ်ထဲ ကျသွားတယ် ဆိုတာကို အဘွားက ဘာလို့ သေချာနေတာလဲ... အဲဒီလူက အဲဒီအချိန်တုန်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့တာ ဖြစ်မယ်...ပြီးတော့ ကြေးနီမီးခွက်နဲ့ ဒီမြစ်ထဲကို ကျသွားလိမ့်မယ်..."

“အဘွားရှားက ဒီလူသေလား မသေလား မသေချာဘူး...အဲဒါကြောင့် ကိုးနှစ်လောက် စောင့်ခဲ့ရတယ် ကိုးနှစ်ကြာ​ပြီးရင် ဒီလူ သေမှာ သေချာတယ်လို့ ထင်လိမ့်မယ် အဲဒါကြောင့် မီးခွက်ရှာဖို့ မြစ်ထဲကို ဆင်းခိုင်းတာ..."

"ဒီလူ မြစ်ထဲကို ဝင်လိုက်တာနဲ့ သူ့အသွေးတွေ ပျောက်သွားပြီး အရိုးတွေပဲ ကျန်တော့တာလား... သေသွားတာတောင် ဒဏ်ရာတွေက ပျောက်မသွားမှာကို အဘွားရှားက မမျှော်လင့်ထားလောက်ဘူး...သူ မြစ်ထဲက မရုန်းထွက်နိုင်ခဲ့လို့ မြစ်အောက်ခြေမှာပဲ အိပ်ခဲ့ရတာဖြစ်မယ်...”

ဒါကို သူတွေးပြီးနောက် မြစ်ထဲမှာ ယက်ကန်ယက်ကန် လုပ်နေတုန်း သစ်သားလှေတွေကို နေရာပေါင်းစုံကနေ လှမ်းမြင်လိုက်ရသည်။ သစ်သားလှေပေါ်တွင် မတ်တပ်ရပ်နေသော အရာက အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး ထူးဆန်းသော အကောင်ကြီးမှလွဲ၍ တခြားမဟုတ်ချေ။

ချန်ရှီ အံ့အားသင့်သွားသည်။ အခုတက်သွားရင်တော့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး ထူးဆန်းတဲ့ အကောင်တွေဆီက အဖမ်းခံရပြီး အကောင်လိုက် မျိုချခံရလိမ့်မည်။ အရပ်ရှည်ရှည် ပိန်လှီသော မကောင်းဆိုးဝါးက ချန်ရှီနောက်က အဖြူရောင် အရိုးစုကို မြင်လိုက်ရသောအခါ လှည့်ကြည့်လိုက်တော့မလို ပြင်နေ၏။

ချန်ရှီ ကြေးနီမီးခွက်ကို လက်နှစ်ဘက်နဲ့ကိုင်ထားပြီး ခြေထောက်နဲ့ ပိန်ပိန်အရိုးတွေကို ရှောင်ဖို့ ကြိုးစားပေမယ့် အရပ်ရှည်ရှည်နဲ့ ပိန်ပိန်အရိုးတွေက သူနဲ့ ပိုနီးကပ်လာနေဆဲပါပဲ။

အထက်မြစ်ပေါ်တွင်တော့ မြေအောက်ကမ္ဘာမှ အပြာရောင် ကျောက်လမ်းသည် မေ့လျော့ခြင်းမြစ်ဆီသို့ တည့်တည့်သွား​နေသည်။ အပြာရောင် ကျောက်လမ်း အဆုံးတွင် အဘွားရှား၏ သေးငယ်သော ခန္ဓာကိုယ်သည် ယဇ်ပလ္လင်ပေါ်တွင် ကြီးကျယ်ခမ်းနားစွာ ရပ်နေ၏။

သစ်သားလှေတွေ အစီအရီ ဝင်လာတာတွေ့တော့ သူမ နှလုံးသားက တင်းတင်းကျပ်ကျပ် ဖြစ်သွားသည်။

"ဆိုးလိုက်တာ.... ဒီရန်သူဟောင်းတွေ လာတာ မြန်ချက်!"

သူ့လမ်းကြောင်းကို ဤနတ်ဆိုးများက သိမ်းပိုက်ထားပါက ချန်ရှီ အပြာရောင် ကျောက်လမ်းထဲ ဝင်လာဖို့ ခက်ခဲလိမ့်မယ် ဆိုတာ သူမ စိတ်ထဲတွင် သိနေသည်။ သူမ ပေါ်လာသည်နှင့် နတ်ဆိုးများက သူမကို ဖမ်းစားလိမ့်မယ် ဆိုတာကိုလည်း သူမ ချက်ချင်း ခံစားမိ၏။ သူမစိတ်ထဲကအတိုင်း အမှန်တကယ် ခြေလှမ်းထွက်ကာ အပြာရောင် ကျောက်တုံး လမ်းမကြီးပေါ်သို့ လျှောက်သွားခဲ့သည်။

"ကောင်းကင်ဧကရာဇ်က ငါ့ကို မွေးထုတ်ပေးတယ်.... ဧကရာဇ်ဟွမ်က ငါ့ကို ချီးမြှောက်ပေးတယ်၊ နေနဲ့လက ငါ့အပေါ် ထွန်းလင်းတယ်၊ ရေငုပ်သမားက ငါ့ကို ကူညီပေးတယ်၊ တောင်တွေနဲ့ မြစ်တွေက ငါ့ကို လမ်းပြတယ်၊ နတ်ဘုရားတွေက ငါ့ကို ဝတ်ပြုခွင့်​ပေးတယ်၊ ယင်းနဲ့ ယန်က ငါ့ကို ချိတ်ဆက်ထားတယ် လေနတ်ဘုရားက ငါ့ကို ပို့ပေးတယ်၊ ကောင်းကင်မီးက ငါ့ကို ထောက်ပံ့ပေးတယ်၊ ခရမ်းရောင် တိမ်တွေက ငါ့ကို ဖုံးနေတယ်... ​​မှော်ဆေးက ငါ့ကို ကုပေးတယ်!"

အဘွားအိုသည် ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။

“အချင်းချင်း အဆုံးမရှိ၊ ပင်လယ်ထဲသို့ ဝင်သောအခါ... ကောင်းကင်တံခါးကို စွန့်၍ မြစ်ထဲသို့ ဝင်သောအခါ... မြေကြီးပေါ်က အိမ်သူအိမ်သားတို့ကို စွန့်ရလိမ့်မည်... မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်လာလေမလား?"

သူမတစ်ကိုယ်လုံးသည် နတ်အလင်းရောင်များဖြင့် ပြည့်နှက်နေ၏။ သူမခန္ဓာကိုယ်ကို ရေမစိုအောင် ဝန်းရံထားကာ နေနဲ့လလို့ တောက်ပစွာ ထွန်းလင်းနေသည်။ ယင်းယန်တို့က ဆက်စပ်နေပြီး၊ ခရမ်းရောင်တိမ်တိုက်များ ဖုံးလွှမ်းသွားကာ၊ ထိုးဖောက်ဝင်ရောက်လာသော နတ်အလင်းရောင်သည် မှော်ဆေးတစ်လက်အဖြစ် ပေါင်းစပ်သွားသည်။ သူမနောက်၊ သူမကိုယ်ခန္ဓာ အပြင်ဘက်တွင် ပါးကွာ့ မီးဖို၏ ပုံသဏ္ဍာန်နှင့် ပေါင်းစပ်ထားသော အစီအရင်များ ရှိ​နေသည်။

မဟာပါးကွာ့ခန္ဓာကာကွယ်ခြင်း အစီအရင်သည် အမှန်တကယ်တွင် သူမ၏ ရိုးရှင်းသော အစီအရင်၏ ရိုးရှင်းတစ်ခုသာ ဖြစ်သည်။ အဘွားရှားက ထိုသစ်သားလှေများကို နှုတ်ဆက်လိုက်သည်။

"တစ်ဆယ်လေး.... ငါ့ဗုံသံအတိုင်း လိုက်ပြီး ပြန်လာခဲ့!"

မိုးခြိမ်းသံကြီး ဝုန်းကနဲ ပေါက်ကွဲသည်။ ရုတ်တရက် အလွန်ပြင်းထန်သော မိုးခြိမ်းသံတစ်ခုသည် ရေမျက်နှာပြင်မှ လင်းလက် တောက်ပလာပြီး မြစ်အောက်ခြေအထိ လင်းထိန်သွားသည်။

ချန်ရှီသည် ရေထဲတွင် အရပ်ရှည်ရှည် အရိုးများကို ရှောင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေ၏။ ခေါင်းမော့ကြည့်လိုက်တော့ မြစ်ပေါ်တွင် တောက်ပနေသော ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းထားသော ဧကရာဇ်သမီးတော် တစ်ဦးကို တွေ့လိုက်ရသည်။

ကိုယ်လုံးကိုယ်ပေါက်သည် ခမ်းနားထည်ဝါကာ အမူအရာတိုင်းက မြစ်ကို မှောက်လှန်တော့မလိုပင်။ လူမဆန်သော ကတို့လှေနှင့် ထူးဆန်းသော မကောင်းဆိုးဝါးများနှင့် ထိပ်တိုက်တွေ့သည်။ ဗုံသံများက တုန်ခါလာပြီး ရေအောက်ထဲ၌ ပို၍ပို၍ ပြင်းထန်လာသည်။

ဗုံသည် အထက်ကမ္ဘာကနေ ထွက်ပေါ်လာကာ ချန်ရှီကို လမ်းညွှန်ကာ အထက်ကမ္ဘာသို့ အမြန်သွားရန် တိုက်တွန်း​နေသည်။

"ဗုန်း--"

ကြီးမားသော ပါးကွာ့အစီအရင်သည် မေ့လျော့ခြင်းမြစ်ကိုဖြတ်၍ အလင်းတန်းအသွင်ဖြင့် ​မြေအောက်မြစ်ကို တုန်လှုပ်သွား​စေပြီး ရေကို နှစ်ခြမ်းခွဲကာ ချန်ရှီနဲ့ အရပ်ရှည်ရှည် အရိုးစုကို မတည်မငြိမ် ဖြစ်သွားစေသည်။

ပါးကွာ့အစီအရင်သည် ရုတ်တရက် ရေမှ ကောင်းကင်သို့ တက်လာပြီး တောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သစ်သားလှေပေါ်မှ လူစိမ်းတစ်ဦးကို နှိမ်နင်းခဲ့သည်။ အဘွားရှားရဲ့အသံပလည်း မြစ်ပေါ်သို့ ဆင်းသက်လာသည်။

"လာစမ်းပါ! လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ငါတစ်ယောက်တည်း မရဏကမ္ဘာထဲကို သွားပြီး ကလေးရဲ့ ဝိညာဉ်ကို လုယူခဲ့တာ... အဲဒီတုန်းက မင်းတို့ကို မကြောက်ခဲ့ဘူး.. ဒီနေ့လည်း မင်းတို့ကို ငါ မကြောက်ဘူး !"

"ဟူး--"

ရုတ်တရက် ပါးကွာ့အစီအရင်ထဲမှ စာလုံးတွေ သွယ်တန်းထားသော အလင်းတန်းများက ရေထဲသို့ ပစ်ဝင်လာစဥ် မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတို့ မြစ်မျက်နှာပြင်ကို ရိုက်ခတ်သွားကာ မြစ်ရေမျက်နှာပြင်ထက်၌ မိုးခြိမ်းသံများနှင့် မီးလုံးများ တောက်လောင်လာသည်။

ပါးကွာ့အစီအရင်ထဲရှိ လီကွာ့အကွက်ဟာ မီးတောက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ရွှင့်ကွာ့အကွက်က ဟိန်းဟောက်သော အနက်ရောင်လေ အဖြစ်သို့ ပြောင်းလဲသွားကာ ခွမ်းကွာ့အကွက်က ထူထဲသော ကြာပွတ်အဖြစ် ပြောင်းလဲသွားသည်။ ချန်းကွာ့အကွက်ဟာ အပြာရောင်ကောင်းကင်ကြီး ဖြစ်သွားခဲ့ကာ မေ့လျော့ခြင်းမြစ်ပေါ်တွင် ကောင်းကင်နှင့် မြေကြီးကို မည်းမှောင်သွားစေသည်။

မြစ်ရေသည် ဤကြောက်စရာ ကောင်းသော စွမ်းအင် အတက်အကျကြောင့် စီးဆင်းသွားခဲ့ပြီး ချန်ရှီနဲ့ လှေပေါ်က ပိန်လှီသော ရုပ်အလောင်းများကို မတည်မငြိမ် ဖြစ်သွားစေခဲ့သည်။

သူတို့ခန္ဓာကိုယ်မှာ အသွေးအသားမရှိတာကြောင့် အရိုးတွေနဲ့ မြစ်ထဲမှာ လှော်ရတာ အဆင်မပြေသလို၊ ရေစီးကြောင်းရဲ့ သက်ရောက်မှုနဲ့အတူ ပိုလို့တောင် ယိမ်းယိုင်ကုန်ကြ၏။

ကံကောင်းထောက်မစွာနဲ့ ချန်ရှီသည် အရိုးစုဖြစ်နေတာကြောင့် အသက်ရှုရန် မလိုအပ်ပေ။ မဟုတ်ပါက သူသည် အသက်ရှူမဝလို ရေထဲ နစ်မြုပ်သွားခဲ့တာ ကြာလှပြီဖြစ်သည်။

"ဘွားဘွားက အဲ့လောက်တောင် သန်မာတာလား?"

ချန်ရှီသိထားသမျှက အဘွားရှားသည် ကျေးလက်မှ အဘွားအိုတစ်ဦးမျှသာ ဖြစ်ပုံရပြီး သူမသည် ဝိညာဉ်များကို ခေါ်ယူသည့် နည်းလမ်းအချို့ကိုသာ သိရှိထားသည်။ သူမ ဒီလောက်အထိ စွမ်းအားကြီးမားမယ်လို့ ချန်ရှီ မမျှော်လင့်ထားပေ။

အပြာရောင် ကျောက်လမ်းတစ်ခုက ယင်းယန်နယ်ပယ်နှစ်ခုကို လမ်းဖွင့်ပေးခဲ့၏။ အဘွားရှားက သူ့ကိုကယ်တင်ဖို့ အတွက် မြေအောက်ကမ္ဘာရှိ မေ့လျော့ခြင်းမြစ်ပေါ်က တိုက်ခိုက်ရန် ကျောက်လမ်းပေါ်တွင်ပင် လျှောက်လှမ်းခဲ့သည်။

ဒါက ကျေးလက်က အဘွားကြီး လုပ်နိုင်တဲ့အရာလား။

"အဘိုးပြောသေးတယ်...ငါ ဒဏ်ရာရသွားတဲ့အခါတုန်းက အဘွားက ငါ့ဆီ ပြေးလာပြီး ငါ့ဝိညာဉ်ကို ခေါ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်တဲ့"

ချန်ရှီသည် အဘွားက သူ့ဝိညာဉ်ကို ခေါ်ဆောင်ရန် သူမခွန်အားရှိသမျှကို အသုံးပြုခဲ့မည် ဆိုပါက ထိုမြင်ကွင်းက ဘယ်လောက်တောင် အံ့မခန်းဖြစ်နေလိုက်မလဲလို့ ချန်ရှီ ရုတ်တရက် တွေးလိုက်မိသည်။

ခက်တာက သူဘာမှ မမှတ်မိတော့တာပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အမှတ်ရစရာတွေ အားလုံးဟာ အိမ်မက်တွေလို ကွက်လပ်တွေသာ ဖြစ်သွားခဲ့သည်။ ချန်ရှီသည် အပြာရောင် ကျောက်တုံးလမ်းဆီသို့ ကူးခတ်ရန် ကြိုးစားသော်လည်း အရှိန်ပြင်းပြင်းကြောင့် အကြိမ်ကြိမ် ခေါက်ခံခဲ့ရသည်။

ဤနေရာက လက်ရှိ ရေစီးကြောင်းသည် ပိုမြန်လာသည်။ ရေနှင့် နီးကပ်လေလေ၊ ကတို့လှေ ခွန်အားမှာလည်း သန်မာလာလေပင်။ ပိုဆိုးတာကတော့ အရေအတွက်က များစွာရှိသဖြင့် အခေါက်ခံနေရတဲ့အားက ပို၍ပို၍ တိုးလာသည်။

နောက်ထပ် သစ်သားလှေများသည် အဝေးမှ ပြေးထွက်လာပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး မကောင်းဆိုးဝါးများက ထူးဆန်းသော လှေတစ်စီးစီဖြင့် တိုက်ပွဲဝင်ကာ အဘွားရှားကို ဝိုင်းထားကြသည်။

မဟာပါးကွာ့ ခန္ဓာကိုယ်ကာကွယ်သည့် အစီအရင်က အလွန်အစွမ်းထက်သလို အဘွားရှားကလည်း အလွန်ပင် ပြင်းထန်သည်။

ချန်ရှီသည် အောက်ခြေမှ မျှော်ကြည့်လိုက်ရာ အပြာရောင် ကျောက်တုံးများ လွင့်ပျံလာကာ အပြာရောင် ကျောက်တုံးလမ်းဟာ တဖြည်းဖြည်း အက်ကွဲနေတာ တွေ့လိုက်ရပြီး ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားသည့် လမ်းသည်လည်း တိုသွား၏။

ရယ်စရာ မကောင်းသော ထူးဆန်းတဲ့ အကောင်တွေ အများကြီးက လာနေဆဲ။ ပြီးတော့ အဘွားရှား ဆက်မထိန်းနိုင်တော့မှာကို ကြောက်ရသည်။ ဗုံသံက ပိုပိုပြီး အရေးတကြီး ဖြစ်လာရာ အဘွားရှား အလွန်အမင်း စိုးရိမ်နေတယ်ဆိုတာ ထင်ရှားပါသည်။

ချန်ရှီဆီကိုလည်း ရေအောက်ထဲက အရပ်ရှည်ရှည် ပိန်လှီနေသော အဖြူရောင်အရိုးစုကြီးက သူ့ထံသို့ အဆက်မပြတ် ချဉ်းကပ်လာသည်။ ရုတ်တရက် ရေစီးကြောင်းထဲတွင် ဆယ်ပေကျော်ရှည်သော အရိုးငါးတစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်းက ကွမ်ဖြစ်၏။ ချန်ရှီလည်း ရေစီးကြောင်းကို မခုခံနိုင်တော့ဘဲ ကွမ်ဆီသို့သာ ကူးခတ်သွားခဲ့​လေသည်။

ကွမ်ကြီးသည် အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားသော်လည်း ၎င်း၏ခန္ဓာကိုယ်ရှိ ငါးအရိုးများနှင့် ဆူးတောင်များသည် ငါးတစ်ကောင်၏ပုံသဏ္ဍာန်ကို ဆက်လက် ထိန်းသိမ်းထားဆဲပင်။ ၎င်း၏ကူးခတ်မှု အမြန်နှုန်းမှာ ချန်ရှီနှင့် ပျော့ပျောင်းသော အရိုးစုတို့ထက် များစွာပိုမြန်သည်။

ကွမ်က သူ့ဆီသို့ ချက်ချင်း ရောက်လာသည်။ ချန်ရှီလည်း ကြေးနီမီးခွက်ကို လက်တစ်ဖက်နှင့်ကိုင်ကာ ငါးဆူးတောင်ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်ရာ ရုတ်တရက် သူ့လက်ပေါ်တွင် ကြီးမားသော ဆွဲငင်အားကို ခံစားလိုက်ရပြီး ရေအောက်ထဲ ပြင်းထန်စွာ ဆောင့်တွန်းခံလိုက်ရလေသည်။

ချန်ရှီလည်း အံ့အားသင့်သွား၏။ ထိုစဥ် ကွမ်ရဲ့ အရှိန်က အနည်းငယ် နှေးကွေးသွားသည်။ နောက်သို့ ကြည့်လိုက်ရာ အရပ်ရှည်ရှည် ပိန်လှီသော အရိုးဖြူ အမျိုးသားသည် ကွမ်ကြီးရဲ့ ငါးအမြီးကို ဆုပ်ကိုင်ကာ လက်နှစ်ဖက်ဖြင့် တွဲလျက် ပါလာလေပြီ။

"တစ္ဆေကောင်!"

ချန်ရှီ သွားများ အံကြိတ်ကာ သိုးချိုကြေးနီးမီးခွက်ကို လက်မောင်းနဲ့ စလွယ်သိုင်းကာ သူ့နောက်ကျောဘက်သို့ ပို့လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် ရှေ့သို့ ကူးခတ်သွားသည်။ ထိုအရိုးစုက ပိုမြန်နေ၏။ ကွမ်ရဲ့ကိုယ်ထည်က ဆယ်ပေလောက်ပဲ ရှည်ပြီး ထိုအရိုးတွေက သူ့ကိုဖမ်းမိဖို့ အချိန်အတော်ကြာမှာ မဟုတ်ချေ။

ချန်ရှီသည် ရှေ့သို့ လှမ်းတက်ရန် စိတ်နှစ်မြှုပ်ထားသော်လည်း ငါးနောက်ကျောရှိ ငါးအရိုးများက ထူထဲလွန်းသဖြင့် သူ့လက်ကလေးများနှင့် ငါးအရိုးများကို ကိုင်ထားရတာ ချော်လဲလုနီးပါးဖြစ်သွားတာကြောင့် ကျောရိုးသို့ရောက်သည်အထိ ခက်ခက်ခဲခဲ တက်ခဲ့ရသည်။ ငါးဗိုက်ပေါ်ရှိ အရိုးကြီးများကို နင်းပြီး ပါးဟက်ဆီသို့ တက်ရန် ကြိုးစားသည်။

အရပ်ရှည်ရှည်နှင့် ပိန်လှီသော အရိုးဖြူဖြူသည် သာမန်လူများထက် လေးဆပိုကြီးသော ကွမ်ကြီးပေါ်ကနေ တွယ်တက်လာရင်း လက်ကြီးများက ပွင့်လာပြီး ချန်ရှီနောက်ခြေထောက်များကို ဆုပ်ကိုင်လိုက်သည်။

ချန်ရှီကလည်း အမြန် ရှောင်ရှားရင်း သူ့ခြေထောက်များကို အမြန်ပြန်ဆွဲထုတ်ရသည်။ နောက်ဆုံးတွင် ငါးပါးဟက်များဆီသို့ ရောက်ရှိသွားတာမို့ အမြန်ဝင်သွားခဲ့သည်။ အရိုးလက်များက ရှည်လွန်းတာကြောင့် သူ့ကို ဖမ်းဆုပ်ရန် အစွမ်းကုန် ကြိုးစားနေ၏။ ချန်ရှီလည်း ငါးပါးစပ်ထဲတွင် ပုန်းနေပြီး အရိုးကြီးများကို ရှောင်ရန် အစွမ်းကုန် ကြိုးစားသည်။

အရိုးဖြူကြီးရဲ့ ထိပ်ဖျားက ချွန်ထက်လွန်းနေပါက သူ့အရိုးတွေကို ဖြတ်မိသွားလိမ့်မယ်။

ရုတ်တရက် ချန်ရှီရဲ့ မျက်လုံးများဟာ ကွမ်လည်ချောင်းအရိုးပေါ် ရောက်သွားသည်။ ငါးမျှားချိတ်နှင့် သံကြိုးသည် သူ မေ့လျော့ခြင်းမြစ်ထဲ ဝင်သောအခါတွင် ချိတ်ဆွဲထားခဲ့သည့်အတိုင်း အတိအကျ ဖြစ်နေသည်။

ချန်ရှီသည် ငါးမျှားချိတ်ကို ချက်ချင်း ချွတ်လိုက်ပြီး သံကြိုးကို သူ၏ ပါးလွှာသော ညာလက်မောင်းရိုးတွင် ချည်နှောင်ကာ ရန်သူ၏အရိုးလက်ကြီးကို ရိုက်ခွဲလိုက်သည်။ ထိုအရိုးကြီးကြီးတွင် ဒဏ်ရာနက်နက်သာ ကွဲထွက်နိုင်လျှင် သူ့အပေါ် ကြီးမားသော ခြိမ်းခြောက်မှုက နည်းပါးသွားလိမ့်မည်။

မထင်မှတ်ပဲ သူ့လက်သီးဆုပ်တွေက လက်ကြီးရဲ့ လက်မောင်းရိုးကို ထိလိုက်တာနဲ့ တပြိုင်နက် သူ့ခန္ဓာကိုယ်ထဲက အရိုးတွေအားလုံးကသာ ကွဲအက်သွားသလို ပြင်းထန်စွာ တုန်လှုပ်သွားတာကြောင့် အလွန်တရာ စိတ်မသက်မသာ ဖြစ်သွားရသည်။

လက်ကြီးသည် အထိအတွေ့ကို သတိထားမိသွားပြီး ချန်ရှီကို ဖမ်းဆုပ်ရန် ချက်ချင်း လှည့်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကွမ်ကလည်း ခပ်မြန်မြန် ကူးခတ်နေခဲ့သည်။ ရုတ်တရက် အပြာရောင် အလင်းတန်းသည် ဘယ်နေရာက ထွက်ပေါ်လာတယ်မသိ ချန်ရှီ၊ အရိုးစုနဲ့ ကွမ်တို့ အတူတကွ နစ်မြုပ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အဘွားရှားရဲ့ အပြာရောင်ကျောက်လမ်းသည်လည်း ပြိုကျသွားခဲ့သည်။ ကျောက်လမ်း၏ အဆုံးတွင် ရပ်နေသော အဘွားရှားသည် အားကိုးရာမဲ့ သက်ပြင်းတစ်ချက် ချလိုက်လေ၏။ သူမခန္ဓာကိုယ်အား မမြင်နိုင်သော စွမ်းအားဖြင့် ဆွဲထုတ်ကာ အထက်ကမ္ဘာဆီသို့ ဆုတ်ခွာသွားခဲ့သည်။

"ဗုန်း!"

တဲကျန်းမြစ်အနီးရှိ ယဇ်ပလ္လင်ပေါ်က နေရာတစ်ခုဟာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ အဘွားရှား၏ ရုပ်လွှာသည် ယဇ်ပလ္လင်ပေါ်တွင် ရုတ်တရက် ပေါ်လာပြီး သူမအသက်ရှူသံက လျင်မြန်စွာ ပြန်ကျသွားခဲ့သည်။

လေထု တုန်လှုပ်မှုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများသည် တစ္ဆေဘုရင်ငါးပါးကို ဟန်ချက်ပျက်သွား​​စေတဲ့အထိ ယိမ်းယိုင်သွားစေကာ ယဇ်ပလ္လင်တစ်လုံးစီကလည်း ကြေမွ ပြိုကျသွားသည်။

ရှေ့တည့်တည့်ကို လှမ်းကြည့်လိုက်ရာ အနက်ရောင် လေထုသည် လွင့်စင်သွားကာ အပြာရောင် ကျောက်တုံးလမ်းသည် လုံးဝ ပြိုကျ ပျောက်ကွယ်သွား​ပြီ။

သူမခန္ဓာကိုယ်ဟာ တသိမ့်သိမ့် တုန်ယင်နေပြီး မထိန်းနိုင်ဘဲ မျက်ရည်များပင် စီးကျလာခဲ့သည်။

နောက်ဆုံးတော့ သူမဟာ ကလေးကို မကယ်နိုင်သေးပါဘူး။

ဟိုတုန်းကလိုပဲ။

ထိုအချိန်တွင် မြစ်ရေမျက်နှာပြင်က ရုတ်တရက် ကွဲထွက်သွား၏။ တစ်ဆက်တည်း နက်ပြာရောင် အလင်းတန်းများနှင့်အတူ ငါးကြီးတစ်ကောင် ရေထဲမှ ခုန်ထွက်လာကာ ချွန်ထက်သော သွားများဖြင့် ပြည့်နေသော ပါးစပ်ကို ဖွင့်ဟရင်း အနက်ရောင် အရိပ်တစ်ခုကို ထွေးထုတ်လိုက်သည်။

ထိုအနက်ရောင် အရိပ်သည် လေထုထဲတွင် သေးငယ်စွာ ထွက်ပေါ်လာ၏။ ချန်ရှီသည် သူ့နောက်ကျောတွင် သူနဲ့ တစ်ရွယ်တည်း သိုးချိုကြေးနီမီးခွက်ကို ကိုင်ဆောင်ထားသည်။ ကြေးနီမီးတိုင်က လင်းနေသေးသည်။

ချန်ရှီ သူ့ခန္ဓာကိုယ်ကို လေထုအလယ်တွင် ဆိုင်းငံ့ထားရာမှ ရုတ်တရက် ကမ်းစပ်ဆီသို့ လဲကျသွားသည်။ သံကြိုးတစ်ချောင်းကို သူ့လက်ထဲတွင် ကိုင်ဆောင်ဆဲပါ။ သံကြိုး၏ အဆုံးတွင်တော့ ငါးမျှားချိတ်ကြီးတစ်ခု ရှိနေသည်။ ငါးမျှားချိတ်သည် ကွမ်၏ လည်ချောင်းတွင် ကပ်နေခဲ့ကာ မျိုချ၍လည်း မရသောကြောင့် ထွေးထုတ်ပစ်ရခြင်း ဖြစ်သည်။

အမှန်တော့ ကွမ်၏ ပါးဟက်များပေါ်တွင် တွားသွားနေသော မြင်းတစ်ကောင်၏ ဦးခေါင်းနှင့် လူတစ်ယောက်လည်း ကပ်နေသေးသည်။ အရပ်မြင့်မြင့်နဲ့ အရွယ်ရောက်ပြီးသူ သုံးဦး သို့မဟုတ် ငါးဦးလောက်လည်း ရှိပေမယ့် သွေးများ ဖုံးလွှမ်းကာ ဒဏ်ရာများလည်း ရနေလေသည်။

ဤမြင်းခေါင်းသတ္တဝါသည် ချန်ရှီကို လိုက်ဖမ်းနေသည့် ပျော့ပျော့ပြောင်းပြောင်း အဖြူရောင်အရိုးစု ဖြစ်သည်။ သူသည် ပြင်းထန်လွန်းသောကြောင့် ချန်ရှီခမျာ သူ့အသက်ကို ကယ်တင်နိုင်ဖို့ အသည်းအသန် ပုန်းနေခဲ့ရသည်။ သိုးဦးချိုကြေးနီ မီးခွက်ကို ပြန်ယူဖို့အတွက် ဒဏ်ရာကို ဂရုမစိုက်ဘဲ ထလာ၏။

ချန်ရှီတို့လိုပဲ သူဖြတ်သန်းလာစဉ်တွင် သူ့အသွေးအသားကို ပြန်လည်ရရှိခဲ့သည်။ ခန္ဓာကိုယ်က ပြန်လည် ကောင်းမွန်လာပြီး ဒဏ်ရာတွေလည်း ပြန်ကောင်းလာပါပြီ။ ၎င်းရဲ့ဒဏ်ရာသည် လွန်ခဲ့သော ကိုးနှစ်က ဒဏ်ရာထက် ပိုမိုပြင်းထန်လာတာတော့ အမှန်ပဲ။

မြင်းခေါင်းနဲ့ မကောင်းဆိုးဝါးသည် သိုးဦးချိုကြေးနီမီးခွက်ကို ခိုးယူခွင့်မပြုလိုတာကြောင့် ခြေထောက်တစ်ဖက်ဖြင့် ချက်ချင်းခုန်တက်ကာ ချန်ရှီဆီသို့ ပြေးဝင်သွားခဲ့သည်။

အဘွားရှားလည်း အံ့ဩသွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ ထိုဟောက်သံကို ကြားတော့ ချန်ရှီ ဒူးကိုကွေးပြီး ကြမ်းပြင်ပေါ် လှဲချလိုက်သည်။

သူ့နောက်မှာတော့ ကွမ်ကြီးက ရေပေါ်ကနေ ခုန်တက်လာသည်။ ၎င်းက ပါးစပ်ကြီးကို ဖွင့်ပြီး လေထဲမှာရှိတဲ့ မြင်းခေါင်းတစ်ကောင်ကို မျိုချလိုက်ပြီး ပေအနည်းငယ်မြင့်တဲ့ ရေမှုတ်ထုတ်မှုနဲ့အတူ ရေထဲကို ​ပြန်ထိုးကျသွားခဲ့သည်။

All Chapters