နတ်ဘုရားက ကြင်နာခြင်း
Vol. 2 Ch. 28
အဘွားရှားသည် ဤအခင်းအကျင်းကို တွေတွေကြီး စိုက်ကြည့်နေသည်။ ချန်ရှီ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး သိုးဦးချိုကို ကြေးနီမီးခွက်ကို ကျောပေါ်ကနေ ချွတ်လိုက်သည်။
"အဘွား.... အဘွားဆုံးသွားတဲ့ ကြေးနီမီးခွက်ကို ပြန်ရပြီ!"
ရုတ်တရက် အဘွားက တုန်တုန်ယင်ယင် ပြေးလာကာ သူ့ကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။ သူ့ခန္ဓာကိုယ်ကြောင့် တုန်တုန်ယင်ယင် ဖြစ်နေသော အသံဖြင့် ရှိုက်ရှိုက်ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ရင်း မျက်ရည်များကလည်း စီးကျလာတော့သည်။
"ကလေး...ငါ့ရဲ့လိမ္မာတဲ့ ကလေးလေး...အဘွား မင်းကို ဘယ်တော့မှ စွန့်စားခွင့်မပေးတော့ဘူး!"
အဘွားသည် အလွန်ဝမ်းနည်းစွာ ငိုကြွေးနေ၏။ သူမသည် မတိုင်ခင်က အလွန်လွမ်းဆွတ်သွားသော ကြေးမီးအိမ်အား မျက်ကွယ်ပြုကာ ချန်ရှီကိုသာ ပွေ့ဖက်ငိုနေတာကြောင့် ချန်ရှီ အနည်းငယ် ကြောက်သွားသည်။
အဘွားရှားသည် သူမ၏ အရင်းနှီးဆုံး ဆွေမျိုးကို ပွေ့ဖက်ထားသကဲ့သို့ ပွေ့ဖက်ထားကာ လွှတ်ပေးရန်ပင် တွန့်ဆုတ်နေသည်။
အချိန်အတော် ကြာပြီးနောက် အဘွားရှားက သူ့ကိုလွှတ်လိုက်သည်။ သူ့မျက်နှာပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး ချန်ရှီကိုယ်ပေါ်မှာ ထိခိုက်မှု တစ်စုံတစ်ရာရှိမရှိကို ထပ်ခါတလဲလဲ စစ်ဆေးကြည့်တော့ ဘာမှမဖြစ်တာ တွေ့ရတော့မှ စိတ်သက်သာသွား၏။
"အဘွား အဆင်ပြေလား"
ချန်ရှီက အစမ်းသဘောနဲ့ မေးလိုက်သည်။ အဘွားရှားက သူ့အသံကိုကြားသောအခါ သူ့ကလေးအကြောင်း တွေးပြီး မျက်ရည်ကျပြန်သည်။
"ငါ့သား ထျန်းယွီဆို အရမ်းမိမိုက်ပြီး ချစ်ဖို့ကောင်းတယ် သူသာ အသက်ရှင်နေသေးရင် သူ့မှာ မိသားစုနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်လည်းရှိ... မြေးတစ်ယောက်လည်း ရနိုင်လိမ့်မယ်... ငါ့မြေးက တစ်ဆယ်လေးနဲ့ အသက်တူတူလောက်ပဲ..."
ချန်ရှီ သေရတော့မည်ကို မြင်လိုက်ရသောအခါ အဘွားအိုသည် သူ့သား ရှန့်ထျန်းယွီ မသိစိတ်မှ သတိရမိသွားသည်။
ရှန့်ထျန်းယွီက ဉာဏ်ကောင်းသည်။ အထူးသဖြင့် ထက်မြက်ပြီး ချစ်ဖို့ကောင်းသည်။ ထိုအချိန်က ဆယ်ကျော်သက်အရွယ်သာ ရှိသေးပေမယ့် နားလည်မှု မြင့်မား၏။ ယောက်ျားလေးတွေက အမြဲတမ်း မိုက်မဲတတ်ပေမယ့် ရှန့်ထျန်းယွီကတော့ ဉာဏ်အရမ်းကောင်းလေသည်။
ဆိုးသွမ်းတဲ့အခါ ဖမ်းကာ ရိုက်နှက်ဆုံးမချင်ပေမယ့် ဉာဏ်ကောင်းလာတဲ့အခါ အထူးထောက်ထား စာနာတတ်ပြီး သူမကို နွေးထွေးမှု ပေးစေချင်လာအောင် လုပ်ပေး၏။
သူ့သားကို အရမ်းချစ်ပေမယ့် အဲဒီအချိန်တုန်းကလည်း သူ့မှာ ရည်မှန်းချက်တွေ ရှိခဲ့သည်။ သူမစိတ်ဝိညာဉ်ထဲက အောင်မြင်မှုများဟာ အလွန်မြင့်မား၏။ သူမသည် ဒီလောကထဲ ပို၍သွားချင်သော်လည်း အကြောင်းတစ်ခုခုကြောင့် ဖြတ်ကျော်သွားရန် အမြဲခက်ခဲခဲ့သောကြောင့် သူမတွင် ရဲရင့်သော အကြံဥာဏ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
အဲဒါကတော့ မြေအောက်ကမ္ဘာမှာသာ ရှာတွေ့နိုင်တဲ့ ထူးဆန်းတဲ့ သုံးဘဝကျောက်တုံး ဆိုတဲ့ ကျောက်တစ်မျိုးကို ရှာဖွေဖို့ မြေအောက်ကမ္ဘာထဲကို ခိုးဝင်ခဲ့ခြင်းပါပဲ။
သုံးဘဝကျောက်တုံးနဲ့ ကျင့်ကြံနိုင်ရင် အဲဒါကိုယူပြီးရင် အတိတ်ဘဝက မှတ်ဉာဏ်တွေကို နိုးထနိုင်ပြီး ယခင်ဘဝက ကျင့်ကြံမှုကို လက်ရှိဘဝရဲ့ ကျင့်ကြံမှုအဖြစ် ပြောင်းလဲနိုင်စေကာ နောက်ထပ်နယ်ပယ်ကို ဖြတ်ကျော်သွားနိုင်ပါ၏။
သို့သော် လူတိုင်း မြေအောက်ကမ္ဘာကို သွားနိုင်ကြတာမျိုး မဟုတ်ပေ။ ဝင်သွားသူသည် အပျိုစင်ယောက်ျားဝိညာဉ် သို့မဟုတ် အပျိုစင် မိန်းကလေးဝိညာဉ် ဖြစ်ရသည်။
ကောင်လေးဝိညာဉ်သည် သန့်ရှင်းသော ယန်စွမ်းအင် ဖြစ်သည်။ ၎င်းသည် မြေအောက်ကမ္ဘာရှိ ယင်စွမ်းအင် ကျူးကျော်မှုကို တွန်းလှန်နိုင်ပြီး သူ့ဝိညာဉ်ကို မပျက်စီးအောင် တားဆီးနိုင်သည်။
အပျိုကညာကလည်း ယင်ဓာတ်ဖြူစင်ပြီး မြေအောက်ကမ္ဘာတွင် လျင်မြန်စွာ ပျက်စီးသွားလိမ့်မည် မဟုတ်ပေ။
သူမသည် အပြင်လူများကို မယုံချေ။ သုံးဘဝကျောက်တုံးသည် အလွန်အဖိုးတန်သောကြောင့် သူမသား ရှန့်ထျန်းယွီကိုသာ သူမအတွက် သုံးဘဝကျောက်တုံးကို ခိုးယူရန် မြေအောက်ကမ္ဘာထဲသို့ ခိုးဝင်စေခဲ့သည်။ ရှန့်ထျန်းယွီ ဘေးကင်းရေးအတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ပြီး သူမသည် အသက်ကယ် မှော်အတတ်အမျိုးမျိုး၊ အဖိုးတန်သော အဆောင်လက်ဖွဲ့တွေလည်း ပြင်ဆင်ခဲ့သည်။
ရှန့်ထျန်းယွီက အလွန်ဉာဏ်ကောင်းသည့် ကလေးတစ်ဦးဖြစ်ပြီး သူမအတွက် တစ်စုံတစ်ရာ ငြီးညူခြင်း သို့မဟုတ် ငြင်းဆိုခြင်းမရှိဘဲ သူမအတွက် အန္တရာယ်ရှိသော အရာတစ်ခုကို ပြုလုပ်ပေးရန် မြေအောက် ကမ္ဘာသို့ ဝင်ရောက်ခဲ့သည်။
သို့သော် ရှန့်ထျန်းယွီ ပြန်ရောက်မလာခဲ့ပေ။ သူမသည် ခုနစ်ရက်ကြာအောင် စောင့်ခဲ့သော်လည်း ရှန့်ထျန်းယွီက ပြန်ရောက်မလာတော့ပေ။ လူတစ်ယောက်ရဲ့ ဝိညာဉ် ခန္ဓာကိုယ်မှ ထွက်သွားပြီးသည်နှင့် ခုနစ်ရက်အတွင်း ရုပ်ခန္ဓာက ရှင်သန်နေနိုင်သည်။
သူ့သားသေလေပြီ။
ဆိုးသွမ်းပြီး ဉာဏ်ကောင်းလွန်းတဲ့ ကလေးလေး သေဆုံးသွားခဲ့သည်။
ဝိညာဉ်သည် မရဏကမ္ဘာတွင် ပျောက်ဆုံးနေခဲ့ပြီး အိမ်ပြန်လမ်းကို ရှာမတွေ့ခဲ့ချေ။
ဒီအဖြစ်အပျက်ကြောင့် သူမရဲ့သားဖြစ်သူ သေဆုံးမှုက သူမအတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့သည်။ သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲခဲ့ရပြီး သူမဟာ သူစိမ်းဖြစ်သွားတာကြောင့် သူမ ဘဝတစ်ခုလုံး အပြစ်တင်ရင်း နောင်တရသွားခဲ့သည်။
ထိုအချိန်တွင် ချန်ရှီ၏အဖိုးဖြစ်သူ ချန်ယင်တုသည် သူမကို လာတွေ့ပြီး အကူအညီ တောင်းခဲ့သော်လည်း သူမသည် ချန်ရှီမျက်နှာကို မြင်ပြီးတာနဲ့ သူ့သားကို စဉ်းစားမိကာ ယင်းယန်ကမ္ဘာကို ဖြတ်ကျော်၍ ချန်ရှီဝိညာဥ်ကို ကယ်တင်ရန် အသက်စွန့်စားခဲ့သည်။
ထိုအချိန်တွင် သူမသည် မြေအောက်ကမ္ဘာကြီးက ဘီလူးများကို စော်ကားပြီး ရန်သူများစွာနဲ့လည်း ရန်ငြိုးဖွဲ့ခဲ့သည်။ ထို့နောက် သူမသည် မြေအောက်ကမ္ဘာသို့ ခြေချလို့ မရတော့အောင် ဖြစ်သွားခဲ့၏။ သူမ ခြေချလိုက်တာနဲ့ ဝိုင်းရံခံရလိမ့်မည်။
အဘွားရှား ငြိမ်သက်စွာ သက်ပြင်းချ၍ ချန်ရှီရဲ့ ခေါင်းကို ထိလိုက်သည်။
"အဘွား မင်းကို အန္တရာယ်ရှိမယ့် ကိစ္စမျိုး ဘယ်တော့မှ ခွင့်မပြုတော့ပါဘူး..."
အဘွားရှား တိုးတိုးလေး ပြောလိုက်သည်။ ချန်ရှီက ဦးချို ကြေးနီမီးခွက်ကို မြှောက်လိုက်ပြီး။
"ဒါက အဘွားရှာနေတဲ့ မီးအိမ်လား"
အဘွားရှားက အားရပါးရ ခေါင်းညိတ်ပြသည်။
"ဒီအစုတ်အပြတ် ကြေးနီးမီးခွက်ကြောင့် မင်း အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်... ရှောင်ရှီ... မင်းအဘွားကို မုန်းလား"
ချန်ရှီ ခေါင်းခါလိုက်ပြီး "ဟိုတုန်းက အဘွား ကျွန်တော့်အတွက် အများကြီး လုပ်ပေးခဲ့တယ် အဘွားရဲ့ကျေးဇူးကို ပြန်ဆပ်ရမယ်လို့ အဘိုးပြောဖူးတယ်"
အဘွားရှားလည်း သူ့ရင်ထဲမှာ နွေးထွေးလာပြီး မျက်ရည်တွေတောင် ထပ်ကျချင်လာ၏။
"မှောင်တော့မယ်... အရင်ပြန်ကြရအောင်"
သို့နှင့် နှစ်ယောက်သား အမြန် ပြန်လာခဲ့ကြသည်။
"ဒီမီးအိမ်က ယင်တောထဲက တစ္ဆေဘုရင် တစ်ပါးတည်းက ပိုင်ဆိုင်နိုင်တဲ့ ရတနာတစ်ခုပဲ... သိုးဦးချို ကောင်းကင်ဝိညာဉ်မီးအိမ်လို့ ခေါ်တယ်.... ယင်းယန်ရဲ့ နယ်ပယ်နှစ်ခုကို လင်းထိန်စေပြီး မြေအောက်ကမ္ဘာကိုလည်း မြင်နိုင်တယ်။ စွမ်းအားကြီးတယ်...."
အဘွားက သိုးဦးချိုကောင်းကင်ဝိညာဥ်မီးအိမ်ရဲ့ မူလအစကို ပြောပြလာသည်။
“အဲဒီတုန်းက သိုးဦးချိုကောင်းကင်ဝိညာဥ်မီးအိမ်ရဲ့ အစွမ်းကို တွန်းလှန်ဖို့ အဘွား လူအိုတချို့နဲ့ ပေါင်းပြီး မြင်းမျက်နာတစ္ဆေဘုရင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့တယ်...အဲ့တစ္ဆေဘုရင်က မီးအိမ်ကိုယူပြီး မေ့လျော့ခြင်းမြစ်ထဲ ပြုတ်ကျသွားတာ...သူ သေရမှာ သေချာပေမယ့် အဲ့မြစ်ရဲ့ အထူးစွမ်းအင်တွေကြောင့် ဒီနေ့အထိ ရှင်သန်နိုင်လိမ့်မယ်လို့ မထင်ထားဘူး..."
သူမ ကူကယ်ရာမဲ့စွာ အနည်းငယ် ကြောက်ရွံ့နေမိသေးသည်။
မြင်းမျက်နှာ တစ္ဆေဘုရင်ဟာ ခွန်အားအနည်းငယ်သာ ကျန်ရှိနေသေးလျှင်ပင် စစ်မှန်သော ချီစွမ်းအင်ရောင်ခြည်က ချန်ရှီကို အပိုင်းပိုင်း ပြိုကွဲသွားစေနိုင်သည်။
"အဘွားက ဒီမီးခွက်ကို မင်းအတွက် အရင်သိမ်းထားမယ်...မင်းနောက်ကျရင် အချိန်မရွေး ယူသွားနိုင်တယ်"
နှစ်ယောက်သား ကုန်းကျစ်ရွာကို ပြန်ရောက်တော့ နောက်ကျနေပြီ။ ရွာအဝင်ဝမှာလည်း ခွေးနက်ကြီး စောင့်နေတာကို တွေ့လိုက်ရသည်။ ချန်ရှီ အရှေ့ကို အမြန်လျှောက်သွားလိုက်ပြီး။
"ဟေးကော်... အဘိုးက မင်းကို ညစာစားဖို့ အိမ်ပြန်ခေါ်ခိုင်းလိုက်တာလား"
ဟေးကော်က သူ့အမြီးကို ယမ်းပြသည်။
အဘွား: "ရှောင်ရှီ... မင်း ဟေးကော်နဲ့ အရင်အိမ်ပြန်လိုက်ဦး... မနက်ဖြန် ဒီကိုထပ်လာခဲ့ အဲဒီရှေးဟောင်း ဘုရားကျောင်းကို ခေါ်သွားပေးမယ်..."
ချန်ရှီလည်း သူ့ကို ကျေးဇူးတင်စကားဆိုရင်း ထွက်သွားသည်။ အဘွားရှားလည်း ထိုလူနှင့်ခွေး ထွက်သွားတာကို ကြည့်ပြီး စိတ်ခံစားချက်များဖြင့် သက်ပြင်းချလေ၏။
"ထျန်းယွီ ကလေးဘဝတုန်းကနဲ့ အတူတူပဲ.... သူက အရမ်းထက်မြက်တယ် သွက်လက်တယ် ခေါင်းမာတယ်။ တခြားသူတွေကို ကတိပေးထားတဲ့ ကိစ္စကိုလည်း ပြီးအောင် လုပ်တတ်တယ်"
သူမသည် နေထိုင်ရာသို့ ပြန်သွားပြီး သိုးဦးချိုကောင်းကင်ဝိညာဥ်မီးအိမ်ကို စားပွဲပေါ်တင်လိုက်လိုက်ရာ စားပွဲသည် မီးအိမ်၏ ဖိအားအောက်တွင် ပေါက်ကွဲသွားခဲ့သည်။ ချန်ရှီ သယ်လာတုန်းက ဒီကြေးနီမီးခွက်ဟာ လေးလံတဲ့ပုံ မပေါ်ပေမယ့် အလေးချိန် ကီလိုဂရမ်သုံးရာကျော် ရှိနေ၏။
အဘွားရှားသည် ငွေရောင်ဆံညှပ်ကို ထုတ်ကာ မီးစာရှည်ကို ဆွဲလိုက်သည်။ မီးစာကို သိုးနောက်ကျောက ကြေးနီလူသား ကောင်းကင်ဝိညာဉ်၏ ဦးထုပ်ထဲသို့ ထည့်လိုက်သည်။ ကြေးနီလူသားသည် နှစ်ပေါင်းများစွာ ကြာပြီးတာတောင် ဆီမီးခွက်ဆီက အလွန်လုံလောက်စွာ ရှိနေသေးသယောင် ခန္ဓာကိုယ်အတွင်း ဆီမီးခွက်ဆီများ လောင်းနေသည်။
မီးစာချို့ကို ဆွဲဆန့် ယူလိုက်သောအခါ ကြေးနီရုပ်ကြီး၏ အမူအရာမှာ ထူးဆန်းလာကာ အခန်းတွင်း၌ အလွန်ကြမ်းတမ်းသော အော်သံများ ဖွင့်ဟလိုက်လေသည်။ မီးတောက် တည်ငြိမ်သွားတဲ့အခါ ၎င်းက နာကျင်မှုကို ကျင့်သားရသွားပုံဖြင့် အော်ဟစ်နေတာကို ရပ်လိုက်ပြီး သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာ၏။
အဘွားရှာသည် သိုးထီးဦးချို ကောင်းကင်ဝိညာဉ်မီးခွက်ကို အသက်သွင်းလိုက်ပြီး နောက်အခိုက်အတန့်တွင် သူမအိမ်၊ လမ်း၊ ကုန်းကျစ်ရွာနှင့် ချန်ယန်တောင်ပါ ပျောက်ကွယ်သွားပုံရသည်။
အရာခပ်သိမ်းကို ထိုးဖောက်ဝင်ရောက်ကာ အိမ်များ၊ လမ်းများ၊ ရွာများ၊ တောင်တန်းများနှင့် မြစ်များကလည်း အမှောင်ကမ္ဘာထဲသို့ ရောက်ရှိသွားသလိုပင် ဖြစ်သွားသည်။
အဘွားရှားသည် အလင်းထဲမှတဆင့် အဆုံးမဲ့အမှောင်ထုထဲသို့ မျှော်ကြည့်နေသည်။ သူမက မြူခိုးများနှင့် မြေရိုင်းများ၊ သေခြင်းတရားနှင့် တိတ်ဆိတ်ခြင်းကို ဖြတ်သန်းကာ မရေမတွက်နိုင်သော သရဲတစ္ဆေများကို မျက်စိဒေါက်ထောက်ကြည့်ကာ ထိုရုပ်သေးသေးလေးကို ရှာဖွေနေသည်။
"ထျန်းယွီ... မင်း ဘယ်မှာလဲ မင်း လမ်းပျောက်နေတာလား မေမေ မင်းကိုရှာဖို့ လာပြီ..."
.......
ချန်ရှီ အိမ်ပြန်ရောက်သောအခါ သူ့အဘိုးက သူ့အတွက် အသင့်စောင့်နေသည်။ အစားအစာကိုလည်း ပြင်ထားတာကြောင့် ချန်ရှီ ထိုင်လိုက်ပြီး လက်ကို အမြန်ဆေးလိုက်သည်။
"မင်းအဖွားရှားဆီ သွားတာ...မင်းကို အန္တရာယ်ရှိတဲ့ အရာတစ်ခုခု လုပ်ခိုင်းသေးလား"
ချန်ရှီ ခေါင်းခါလိုက်ပြီး "မလုပ်ခိုင်းပါဘူး အဘိုး...အဘွားရှားက အရမ်းတော်တဲ့လူနော် ကျွန်တော့်ကိုလည်း အရမ်းကြင်ကြင်နာနာ ဆက်ဆံတယ်"
"အဲဒါကောင်းတယ်။"
အဘိုးက သူ့ဘက်လှည့်ပြီး ဖယောင်းတိုင်ကို ဖြည်းညှင်းစွာ ဝါးစားနေလေသည်။
"အဘွားရှာက လူကောင်းဆိုပေမဲ့ သူမက အရမ်းစွဲလန်းပြီး ဒေါသတကြီး လုပ်တတ်တယ်... သူ မင်းကို မြေအောက်ကမ္ဘာ သွားခိုင်းရင် မလုပ်နဲ့...ငါ သူမကို သဘောမတူထားဘူး"
ချန်ရှီမှာ အံ့သြထိတ်လန့်စွာ ပြန်ကြည့်ကာ စိတ်ထဲမှ "နောက်ကျသွားပြီ... ငါက သွားတောင်သွားပြီးပြီ" ဟုတွေးလိုက်သည်။
ဒီကိစ္စကို အဘိုးကို မပြောပြတာ ကောင်းပေလိမ့်မည်။ မဟုတ်ရင် အဘိုးက အဖွားရှားဆီ သွားခွင့်မပေးလောက်တော့ချေ။
တစ်ညလုံး ဘာမှမဖြစ်ခဲ့ချေ။
မနက်အစောရောက်တော့ ချန်ရှီ မနက်စာ စားပြီးတာနဲ့ ကန့်ညောင်ကို သွားကန်တော့သည်။ ထို့နောက် အဘိုးကို တစ်ခုခုပြောပြီး ပျော်ရွှင်စွာနဲ့ ကန်းကျစ်ရွာကို တည့်တည့် ပြေးထွက် သွားလိုက်လေသည်။
"ဝုတ်!"
ရွာအဝင်ဝတွင်တော့ ဟေးကော်သည် သစ်ပင်တစ်ပင်အောက်တွင် ထိုင်ကာ ချန်ရှီ ပြေးထွက်သွားတာကို ကြည့်လျက် အော်ဟစ်လိုက်သည်။
"ငါသိတယ် သူလိမ်နေတာ..."
အဘိုးအိုက ဟေးကော်နောက်တွင် ညိုးငယ်သော အမူအရာဖြင့် ရပ်နေသည်။
"မနေ့က သူပြန်လာတော့ ရေထဲမှာ လွှမ်းခြုံထားတဲ့ ယင်စွမ်းအင်တွေ သယ်လာတာ အသိသာကြီး... အဘွားရှားက သူ့ကို မြေအောက်ကမ္ဘာကို သွားခွင့်ပေးလိုက်တယ် သူက အဲ့အဘွားကြီးကိုလည်း ကာကွယ်ပေးခဲ့သေးတယ်"
ဟေးကော်က အဘိုးကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်ပြီး။
"ဝုတ်ဝုတ်!"
အဘိုးအို: "မင်းပြောတာ မှန်တယ် ကောင်လေးက ပြင်သင့်တယ်... ဒါပေမယ့် လိမ်တတ်လာတယ်။ အဘွားရှားလည်း ငါ့မြေးကို အန္တရာယ်ထပ်မပေးနိုင်အောင် သင်ခန်းစာပေးသင့်တယ်...ပိုတောင် စိတ်ဆိုးချင်စရာက သူ ငါ့မြေးကို ခိုးချင်နေတာပဲ!"
ဟေးကော် သံသယဖြင့် ခေါင်းကို မြှောက်လိုက်သည်။ သူ ဆိုလိုချင်တာက ဒီအဓိပ္ပာယ်မျိုး မဟုတ်ပေ။ အဘိုးက ချန်ရှီကို အနိုင်ယူချင်ရင် သူကိုယ်တိုင် လုပ်လိုက်လို့ ရတယ်မလား။ ဘာကြောင့် သူ့ကိုပြောပြနေတာလဲ။
"ကိုယ့်အပြစ်ကို ခံရမှာပဲ"
.......
ချန်ရှီ ကန်းကျစ်ရွာကို ရောက်တဲ့အခါ အဘွားရှားက စောစောထပြီး ချက်ပြုတ်ထားလေသည်။ သို့သော် သူမကိုယ်တိုင် မစားသေးဘဲ ထိုင်စောင့်နေ၏။
"ချန်ယင်တု ချက်ပြုတ်ထားတဲ့ အစားအစာကို ခွေးတစ်ကောင်တောင် မစားနိုင်ဘူး...မင်း အဲဒါကို နှစ်ပေါင်းများစွာ စားလာရတာ ခက်ခဲမှာပဲ"
အဘွားရှားက ဟင်းခွက်အနည်းငယ်ကို ယူကာ ပန်းကန်လုံးများနှင့် တူများကို ချပေးသည်။ ချန်ရှီသည် ဝံပုလွေလိုအပြုံးဖြင့် အားရပါးရ စားလေတော့၏။ ဘယ်လိုမှ မတတ်နိုင်ဘူးလေ။ အဘိုးလုပ်ထားတဲ့ အစားအသောက်တွေက တကယ့်ကို အရသာမရှိပေ။
"ဖြည်းဖြည်းစားပါ... ဖြည်းဖြည်းစား မနင်စေနဲ့..."
အဘွားရှားက ပြုံး၍: "အိုးထဲမှာ ကျန်သေးတယ်... အဘွား မင်းအတွက် ထပ်ထည့်ပေးမယ်"
အဘွားရှား ကျွေးလိုက်မှ ချန်ရှီဗိုက်သည် ဤနှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ပြည့်ပြည့်ဝဝ ဖောင်းကားသွားခဲ့သည်။ စားပြီးနောက် သူက အမြန်ထကာ အဖွားရှားကိုကူကာ သန့်ရှင်းရေးလုပ်ပြီး ပန်းကန်များ ဆေးပေးခဲ့သည်။
"အဲဒါကို ထားခဲ့လိုက်ပါ... အဘွားဘာသာ လုပ်မယ်... ဒီကလေးကတော့..."
ချန်ရှီသည် သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် သန့်ရှင်းရေး လုပ်နေ၏။ ခြံကို သန့်ရှင်းရေး လုပ်ပြီးပါ ကူညီပေးခဲ့ပြီး အဘွားရှားကို စိတ်အားထက်သန်စွာ ကြည့်ခဲ့သည်။ အဘွားရှားကလည်း သပ်သပ်ရပ်ရပ် ၀တ်စားထားပြီး ပန်းပွင့်ပဝါတစ်ထည်ဖြင့် ဖုံးထားသော တောင်းသေးသေးလေးကို ကိုင်ဆောင်ကာ ပြုံးပြုံးလေး ပြောလိုက်ပါသည်။
"မင်း စိတ်မရှည်မှန်း သိပါတယ်... အခု ထွက်ရအောင်"
အဘွားအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့ တောင်ပေါ်သို့ ထွက်ခွာသွားကြသည်။
ကန်းကျစ်ရွာမှ တောင်များသို့ သွားသော လမ်းသည် ဟွမ်ဖောရွာကနေ တောင်တန်းတွေဆီ သွားသော လမ်းနှင့် မတူချေ။ ဟွမ်ဖောရွာကနေ တောင်သို့သွားသော လမ်းသည် အတော်လေး နူးညံ့သော်လည်း ဒီနေရာက လမ်းတွေကတော့ အတော်လေး မတ်စောက်သည်။
တောင်တက်လမ်းသည် ချောက်ကမ်းပါးမှ ထွင်းထုထားသော လမ်းဖြစ်ပြီး လူတစ်ယောက်တည်း လမ်းမသိဘဲ လျှောက်သွားပါက အလွန်အန္တရာယ်များပါသည်။
အဘွားရှားက အသက်ကြီးသော်လည်း သူမ ခြေလှမ်းများက အလွန်တည်ငြိမ်နေပြီး ချောက်ကမ်းပါးကို လုံးဝ မကြောက်သော်လည်း ချန်ရှီမှာတော့ အနည်းငယ် ထိတ်လန့်သွားသည်။
"ယောင်းမ... ရှောင်ရှီနဲ့ ငါ ဖြတ်သွားချင်လို့ လမ်းငှားပါရစေ..."
အဘွားရှားက ရပ်ပြီး အမြစ်လိမ်နေတဲ့ သစ်ပင်ကြီးကို ပြုံးပြလိုက်သည်။ သူမသည် သစ်ပင်ရှိရာသို့ လာကာ တောင်းထဲမှ နံ့သာပေါင်းအနည်းငယ်ကို ထုတ်ကာ မီးညှိ၍ သစ်ပင်အောက်တွင် စိုက်ထားလိုက်သည်။
ချန်ရှီလည်း စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ ရှေးဟောင်းသစ်ပင်သည် နှစ်ထောင်ပေါင်းများစွာ ရှင်သန်ခဲ့ပုံပင်။ ချောက်ကမ်းပါးများကို ဖုံးအုပ်ထားသော တစ်ခုတည်းသော အမြစ်မှ ပေါက်နေသော တစ်ခုတည်းသော အမြစ်သည် မြေတစ်ဧက သို့မဟုတ် နှစ်ဧကကို ဖုံးလွှမ်းထား၏။
သို့သော် ဤသစ်ပင်ကြီး၏ ပင်မပင်စည်သည် မိုးကြိုးထိမှန်ထားပုံလည်း ပေါ်သည်။ သစ်ငုတ်ပေါ်တွင် လျှပ်စီးကြောင်းများ ဖြာလျှက်ထားဟန်ဖြင့် မီးတောက်လောင်ထားတဲ့ အရာတွေ ရှိသည်။ သူတို့ ယခုမြင်ရသော သစ်ပင်ကိုယ်ထည်မှာ ပင်မပင်မဘေး၌ အသစ်စိုက်ပျိုးထားသည့် သစ်ပင်တစ်ပင် ဖြစ်သည်။
အသစ်စိုက်ပျိုးထားသည့် သစ်ပင်ဖြစ်သော်လည်း ၎င်းသည် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိပုံရသည်။
ဤရှေးဟောင်းသစ်ပင်၏ ဝိညာဉ်သည် သစ်ပင်တွင်း၌ နေထိုင်သော အဘွားအိုတစ်ဦး ဖြစ်လေ၏။ သူမသည် ချန်ရှီထက် ဦးခေါင်းတစ်လုံးစာ ပုကာ ဆံပင်ဖြူဖြူဖြင့် အပင်ပေါ်တွင် မှီကာ ကြင်နာသော မျက်လုံးများနှင့် ချန်ရှီတို့ကို ယကြည့်နေသည်။
သူမ ပြုံးလိုက်သောအခါ သွားနှစ်ချောင်းသာ ပေါ်တော့၏။
"ရှောင်ရှီ.... ဘွားဘွားကျွမ်းကို လာနှုတ်ဆက်လိုက်ဦး!"
ချန်ရှီရှေ့သို့ လျင်မြန်စွာ လှမ်း၍ နံ့သာပေါင်းဖြင့် ပူဇော်လိုက်သည်။
"ချန်ရှီ ဘွားဘွားကျွမ်းကို ဂါဝရပြုပါတယ်!"
"လိမ်မာတဲ့ ကောင်လေးပဲ....လိမ်မာတဲ့ ကောင်လေး"
ဘွားဘွားက သူ့ကို ပြုံးပြသည်။ နှစ်ယောက်သား သစ်ပင်ပေါက်ဝကနေ ဖြတ်သွားကြသည်။
"ဒီတောင်တွေက အံ့သြဖို့ကောင်းတယ်... ဘုရားတွေကို ကြည်ညိုသလို တောင်တွေကိုလည်း ရိုသေသင့်တယ်...တောတွေ၊ သစ်ပင်တွေ၊ ကျောက်ဆောင်တွေ၊ တွားသွားသတ္တဝါတွေ အပါအဝင် ချန်ယန်တောင်မှာ နတ်တွေ အများကြီးရှိတယ်... တောင်ချောင်းနဲ့ စမ်းချောင်းတွေမှာတောင် နတ်တွေ ရှင်သန်နေကြတယ်"
အဘွားရှားက လမ်းလျှောက်လာရင်း ချန်ရှီကို ရှင်းပြနေသည်။
"မင်းရဲ့စိတ်နှလုံးထဲမှာ ကြောက်ရွံ့မှုတွေ လေးစားမှုတွေ ရှိနေရင် လမ်းတွေ အကုန်ပွင့်လာမယ်... မင်းနှလုံးသားထဲမှာ မလေးစားမှုတွေရှိနေရင် မင်းရဲ့ရှင်သန်ရာလမ်းက သေမင်းရဲ့လမ်း ဖြစ်သွားလိမ့်မယ်"
သူတို့သည် မတ်စောက်သော တောင်စောင်းသို့ ရောက်သောအခါ အရှေ့မှ တောင်တက်လမ်းသည် ရုတ်တရက် အနက်ရောင် ကျောက်ခဲများဖြင့် ပြည့်သွား၏။ အဘွားရှား ရှေ့ကိုလှမ်းပြီး အမွှေးတိုင်တွေနဲ့ ပူဇော်လိုက်သည်။
"အစ်ကိုတောက်...ရှောင်ရှီနဲ့ ငါ ဖြတ်သွားချင်တာ အဆင်ပြေအောင် လုပ်ပေးပါဦး"
ချန်ရှီ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုကျောက်တုံးနက်များသည် မတ်စောက်သော ချောက်ကမ်းပါးပေါ်မှ တဖြည်းဖြည်း ရွေ့လျားသွားတာ မြင်လိုက်ရသည်။
ထိုကျောက်တုံးနက်များ ဝေးကွာသွားသောအခါတွင် ချန်ရှီသည် အလွန်ကြီးမားသော မြွေနက်ကြီး၏ အကြေးခွံများအဖြစ် ပြောင်းလဲသွားတာ တွေ့လိုက်ရသည်။ ၎င်းက မြွေနက်ကြီးတစ်ကောင် ဖြစ်သော်လည်း အဝေးကကြည့်လျှင် အနက်ရောင် ကျောက်တုံးများလို ဖြစ်နေ၏။
ချန်ရှီသည် အဘွားရှားနဲ့အတူ လေးမိုင်ခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် မြွေနက်ကြီးကို တွေ့လိုက်ရသည်။ မြွေနက်သည် သူတို့ရှိရာ တောင်ထွတ်ပေါ်တွင် ခေါင်းကို မြှောက်ကာ အထီးကျန်စွာဖြင့် တိမ်များထဲက လေထဲသို့ ရှူသွင်းနေ၏။ ထိုအခါ ချိုင့်ထဲက လေထုကလည်း အလွန်ပြောင်းလဲသွားလေသည်။
အနက်ရောင် မြွေကြီးသည် တောင်ပေါ်ရှိ နတ်သားရဲတစ်ကောင် ဖြစ်၏။ ၎င်း၏ဆာလောင်မှုကို ပြေပျောက်စေရန်အတွက် လေကိုစား၊ နှင်းရည်ကို သောက်ကာ တိမ်များတွင် အိပ်ပျော်နေသည်။ ၎င်းဟာ ကမ္ဘာကြီးနဲ့ အဆက်အစပ် မရှိသည့်အတိုင်းပင်။