တောင်ကို မှီပြီး တောင်ကို စား
Vol. 2 Ch. 30
ဒါကို တွေးပြီးတာနဲ့ ချက်ချင်း ထခုန်ကာ နေထွန်းတောက်တဲ့ ကမ္ဘာကြီးဆီ ခုန်ကြည့်လိုက်သည်။
"ဗုန်း!"
သူသည် နေရောင်နှင့် အခြားကမ္ဘာကို ဖြတ်ကျော်ကာ ဘုံကျောင်းခေါင်မိုးကို ထိကြည့်လိုက်သည်။ ချန်ရှီ ပြန်ဆင်းလာပြီး ခေါင်းကို ပွတ်သပ်ကာ ထပ်မော့ကြည့်လိုက်သည်။ ဒီနေရောင်ခြည်က တခြားကမ္ဘာမှ ဆင်းသက်လာသလို ခံစားရလေ၏။
သူထပ်၍ ခုန်တက်ကြည့်ပြန်သည်။ သူ့လက်ဖဝါးများက နေရောင်ကို ညင်သာစွာ ဖြတ်သန်းသွားသော်လည်း နေရောင်နှင့် တခြားကမ္ဘာက မြင်နေရပေမယ့် အထိအတွေ့ကျတော့ မမြင်နိုင်သော အိပ်မက်တစ်ခုပင်။
"ကြည့်ရတာ ဘုံကျောင်ထဲက အချိန်နဲ့ နေရာက တခြားလောကဘက်က တခြားအချိန်နဲ့နေရာကိုး... ဘုံကျောင်ထဲမှာ ငါ့ကို တခြားလောကကို မြင်နိုင်စေတဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု ရှိနေတယ်... အဲဒီကမ္ဘာရဲ့ နေရောင်ခြည်နဲ့ လရောင်တွေက ငါ့ကို ကျင့်ကြံလို့ရအောင် လုပ်ပေးတယ်..."
သူသည် ချီသွေးကို စတင်လဲလှယ်ပြီးကတည်းက သူ့အဖိုး၏ ဆေးဖက်ဝင်ဟင်း သို့မဟုတ် အဖွားရှားလုပ်သော အစားအစာ၊ အစားအသောက်က မည်သို့ပင်ဖြစ်စေ သူသည် ၎င်းတို့အားလုံးကို စားပြီးသော်လည်း ခဏကြာတာနဲ့ ဆာလောင်နေဆဲ ဖြစ်သည်။
အခုလည်း ရက်ပေါင်းများစွာ အစာငတ်ခဲ့ရသလို နှစ်ရက်အတွင်း ငါးပေါင် သို့မဟုတ် ခြောက်ပေါင်ကျသွားသည်။ မူလက ပေါင်ခြောက်ဆယ်သာ အလေးချိန်ရှိသော်လည်း ငါးပေါင် သို့မဟုတ် ခြောက်ပေါင်ကျပြီးနောက် လူက ပိန်လှီလာ၏။
ချန်ရှီလည်း သူ့အတွက် အရေးကြီးသော ကာလတစ်ခုသို့ ရောက်နေပြီဟုလည်း သိထားသည်။ သူတော်စင် သန္ဓေသားကို သန့်စင်ရန် ပထမအဆင့်မှာ ခန္ဓာကိုယ်ထဲက ချီသွေးအစစ်ကို လဲလှယ်ရန် ဖြစ်သည်။
လူသားများသည် နို့စို့ကလေးအရွယ်မှာတင် စစ်မှန်သော ချီသွေးများ ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက သန့်စင်ပြီးသား ချီသွေးများကို သန့်စင်ရန် မလိုအပ်ပေ။ ကလေးငယ်သည် ပါးစပ်နှင့် နှာခေါင်းမှတစ်ဆင့် အသက်မရှူနိုင်စဥ် မိခင်၏ အသက်ရှုလမ်းကြောင်းထဲ သန္ဓေသားထွက်သက်ဟု ခေါ်သည့် ဆီးလမ်းကြောင်းမှတဆင့် ချိတ်ဆက် အသက်ရှူရသည်။
အသက်ရှုဖို့ လိုအပ်သော အငွေ့သည် မိခင်၏သွေးမှတဆင့် ကလေးဆီသို့ ပေးပို့ပြီး အညစ်အကြေးမပါဘဲ မိခင်ခန္ဓာကိုယ်မှ စစ်ထုတ်ပေးသည်။
ထိုအရာက ပင်ကိုယ်အစစ်အမှန် စွမ်းအင်ဖြစ်သည်။
မွေးဖွားပြီးနောက် ပါးစပ်နှာခေါင်းများဖြင့် ရှုရှိုက်ရင်း လောကထဲက ညစ်ညမ်းသော လေကို ရှူရှိုက်မိတဲ့အခါ ထိုအချိန်မှစ၍ ခန္ဓာကိုယ်သည် တဖြည်းဖြည်း လေးလံလာပြီး ညစ်ညမ်းလာရာ ခန္ဓာကိုယ်တွင်းရှိ ချီသွေးတွေကလည်း လျော့နည်းလာသည်။ သို့ဖြင့် အသက်ကြီးလာသောအခါ ပင်ကိုယ်စွမ်းအင်များ ကုန်ဆုံးသွားပြီး သေခြင်းတရားက ဖြစ်ပေါ်လာ၏။
လူတွေ ရောက်လာတဲ့အခါ ငယ်ရွယ်နုပျိုစေဖို့အတွက် ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကို သွေးတွေကို စုပ်ယူလေ့ရှိကာ အကျင့်ဆိုးတွေကို ကျင့်လာတတ်ကြသည်။
ထို့အပြင် ရှဲ့မကောင်းဆိုးဝါး လေ့ကျင့်နည်းကို သိသူများသည် ကိုယ်ဝန်ဆောင် မိခင်များ၏ အချင်းကို တူးဖော်ပြီး မမွေးသေးသော ကလေးငယ်များ၏ သွေးများကိုပင် ၎င်းတို့ခန္ဓာကိုယ်တွင်းသို့ ပြန်လည်ဖြည့်တင်းကာ အိုမင်းရင့်ရော်မှုကို နှောင့်နှေးသွားအောင် လုပ်ဆောင်ကြသည်။
ချန်ရှီကတော့ အစာရဲ့ အနှစ်သာရကို စုပ်ယူသည်။ အစာကနေတစ်ဆင့် ခန္ဓာကိုယ်ထဲက ပင်ကိုယ်ချီကို အားဖြည့်ပေးပြီး စစ်မှန်သော ချီသွေးကို သန့်စင်စေသည်။
သို့သော် သာမာန်အစားအစာများတွင် သာမန် အနှစ်သာရများသာ ပါရှိပြီး စွမ်းအင်ကလည်း အနည်းငယ်သာ ပါရှိ၏။ ဆန့်ကျင်ဘက် အနေဖြင့် အဘိုး၏ ဆေးဖက်ဝင် အစားအစာတွေထဲမှာလည်း စုပ်ယူဖို့သင့်လျော်သော ဆေးစွမ်းပကားများစွာ ပါရှိသည်။
ချန်ရှီ အလွန်လျင်မြန်စွာ လေ့ကျင့်နေခဲ့တာကြောင့် အစားအသောက်ထဲက အနှစ်သာရများက သူ့ရဲ့ စုပ်ယူနိုင်စွမ်းကို လိုက်မမှီနိုင်ကြချေ။ ဒါကြောင့် သူ့ကြွက်သားများနှင့် အတွင်းအင်္ဂါများကို ချီသွေး သန့်စင်ရန် စတင် စားသုံးခဲ့သည်။
အစာအလုံအလောက် မဖြည့်နိုင်ရင် "ငတ်သေ" လိမ့်မည်။ လေ့ကျင့်မှု ပိုမြန်လေ၊ မြန်မြန်သေလေ ငတ်လေလေ ဖြစ်သွားလိမ့်မည်။ ချန်ရှီသည် နေ့စဥ်အချိန်အများစုကို စားသောက်ပြီး အစာရှာနေသောကြောင့် ကျင့်ကြံမှုအရှိန်က နှေးကွေးလာခဲ့သည်။
အဘွားယွီကျူရဲ့ ဘဲများမှာ သူဖမ်းစားလွန်းလို့ ဥတောင် မဥနိုင်တော့ပေ။ အဘွားတစ်ယောက်ရဲ့ ဖရဲသီးလယ်ကွင်းထဲရှိ ဖရဲသီးများလည်း မရှိတော့သလို ယွိတိုက်မြစ်ထဲက ငါးတွေကလည်း လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းကပင် ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့သည်။ အစာကောင်းကောင်း စားနိုင်ရန် ကန်းကျစ်ရွာသို့ မကြာခဏ သွားလေ့ရှိရာ အဘွားရှားပင် သူ ပြေးလာတာ မြင်တိုင်း ခေါင်းကိုက်နေရပြီ။
ချန်ရှီသည် သူ့ကိုယ်သူ ငါးစာလုပ်ပြီး ကွမ်ကြီးတစ်ကောင်ကို ဖမ်းဖို့တောင် စဉ်းစားခဲ့သည်။
သူက ဗိုက်ဆာလွန်းလို့ သေတော့မလိုပင်။
အဲဒီနေ့မှာပဲ တောင်တန်းအရှင်ဘုံကျောင်းမှာ လေ့ကျင့်နေရင်း သိပ်မကြာခင်မှာပဲ သူဟာ ဆာလောင်မှုကို အလူးအလဲ ခံစားလာရတော့သည်။
ဗိုက်ဆာလွန်းလို့ ဟင်းပွဲ ဒါမှမဟုတ် တောရိုင်းအသီးအနှံတွေ ရှာဖို့ ကြံရွယ်ထားပေမယ့် ဒီဘုံကျောင်းထဲမှာ သစ်ပင်ကြီးတွေအပြင် တခြားအပင်တွေ မရှိတော့ချေ။ တောင်ကြီးအနားကို တခြား တိရိစ္ဆာန်များပင် မချဉ်းကပ်ချင်ကြ။
ချန်ရှီသည် တောင်ပေါ်လမ်းအတိုင်း လျှောက်သွားပြီး တောထဲရှိ ဖက်တီး ကလေးငယ်များထံ အရောက်လှမ်းရန် စဥ်းစားထားပေမယ့် ရုတ်တရက် ခြေလှမ်းအနည်းငယ် လှမ်းသွားရန် ကိုယ့်စိတ်ကို တွန်းအားပေးနေတုန်း မြေပြင်ပေါ်သို့ ဘုန်းကနဲ လဲကျသွားတော့သည်။
ကြောင်မှိန်းနေသော မျက်လုံးတွေထဲ ကောင်းကင်ပြာပြာနှင့် တိမ်ဖြူများကို မြင်လိုက်ရသည်။ သူ့ကိုယ်သူ လဲလျောင်းနေသလို ခံစားလိုက်ရသော်လည်း ရွေ့လျားနေသော သစ်ရွက်များနှင့် ပန်းပွင့်များကြောင့် သူ့ခန္ဓာကိုယ်ကလည်း လှုပ်ရှားနေသလို ခံစားလာရ၏။
သူ ဗိုက်ဆာလွန်းလို့ သေတော့မည်။
အချိန်မည်မျှ ကြာသွားသလဲ မသိသော်လည်း ချန်ရှီ မှိန်းခနဲ မျက်လုံးများ ပြန်ဖွင့်လိုက်ရာ တောင်ပေါ်မှ မိန်းကလေး၏ လှပသော မျက်နှာကို မြင်လိုက်ရပြီးနောက် မကြာမီမှာပင် အဘွားကျွမ်းရဲ့ မျက်နှာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ထတော့ ထတော့!"
အဘွားကျွမ်းရဲ့ အသံ ထွက်လာသောအခါ ချန်ရှီသည် သူ့ဆာလောင်မှုက အနည်းငယ် လျော့သွားသလို ခံစားလိုက်ရ၏။ သူအခု ဘွားဘွားကျွမ်းရဲ့ သစ်ပင်အတွင်း၌ လဲလျောင်းနေမိမှန်း သဘောပေါက်သွားသည်။ အတွင်း၌ မှိုပင်များ ထွက်နေကာ အလင်းရောင် အနည်းငယ်လည်း ရှိသည်။
တောင်ပေါ်မှ ကောင်မလေးကလည်း နံဘေးနားတွင် ငြိမ်သက်စွာ ထိုင်နေသည်။ ကျားခေါင်းနှင့် ဖက်တီး ကလေးငယ်များက သူ့ကုတင်ကို ဝိုင်းရံထားပြီး အနက်ရောင် မျက်လုံးကြီးများဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။
ဘွားဘွားကျွမ်းက ဖက်တီး ကလေးငယ် တစ်ယောက်ကို ဖမ်းဆုပ်ကာ သူ့ဆံပင်တွေကို ဆုပ်ကိုင်လိုက်သော် အနီရောင် အသီးအနှံအချို့ကို သူမ လက်ချောင်းများကြား၌ ပေါ်လာ၏။ ဖက်တီးလေးမှာ သူ့ခေါင်းမှ ဆွတ်ယူထားသော နာကျင်မှုကြောင့် အသံအကျယ်ကြီးဖြင့် အော်ဟစ်နေခဲ့သည်။
ချန်ရှီ မျက်လုံးများကို မှိတ်လိုက်သည်။ ထိုစဉ် အဘွားကျွမ်းက တခြားဖက်တီး ကလေးငယ်များ၏ ခေါင်းပေါ်ရှိ အနီရောင် အသီးအနှံများကို ခူးဆွတ်ပြီးနေပြီ ဆိုတာ တွေ့လိုက်ရသည်။
ဘွားဘွားကျွမ်း: "မင်း ဆာလွန်းလို့ မူးမေ့လဲသွားတာ... အဲဒါကြောင့် မင်းကို အသီးလေးတွေကို ဒီရောက်လာတဲ့အထိ သယ်လာပေတာ... စမ်းချောင်းမိန်းကလေးကကလည်း မင်းကို ငါးအသားနဲ့ ဂျုံယာဂုတစ်ပန်းကန် ချက်ပြုတ်ဖို့ ကူညီပေးခဲ့သေးတယ်... ဒါပေမဲ့ မင်းဗိုက်ဆာတာက အရမ်းမြန်ပြီး အသုံးမဝင်ဘူး... ဒီအဘွားကြီးက ဂျင်ဆင်းနဲ့ သစ်သီးတွေကို သုံးပြီး ဒါကို လုပ်ပေးထားတယ်...
ချန်ရှီ မတ်တပ်ထရပ်လိုက်သည်။ သူ့ဗိုက်က ဆာလောင်မှုကို လုံးဝ မခံစားရတော့တာကြောင့် သူတို့ကို အမြန်ပဲ ကျေးဇူးတင်လိုက်သည်။ စမ်းချောင်းမိန်းကလေးရဲ့ မျက်နှာသည် ရှက်ကိုးရှက်ကန်းဖြင့် နီရဲလာပြီး တခစ်ခစ် ရယ်မောကာ လှပစွာ ထွက်ခွာသွားခဲ့သည်။
ဝဝဖြိုးဖြိုး ကလေးငယ်များကလည်း ချန်ရှီထံ ရောက်လာကြသည်။ အချို့က ဒူးထောက်ကာ ကြည့်နေကြပြီး တချို့ကလည်း ခုန်ချကာ လေးလံသော ပုံစံများဖြင့် စိတ်အားထက်သန်စွာဖြင့် သူ့ကိုအချိန်မီစားရန်ပြောကာ ထွက်ခွာသွားကြသည်။
ချန်ရှီလည်း သူတို့ထွက်သွားတာကို ကြည့်ပြီး ဘွားဘွားကျွမ်းကို ထပ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။ သို့သော် ခြေလှမ်းတစ်လှမ်း လှမ်းဖို့ ပြင်လိုက်ချိန်၌ ရုတ်တရက် လဲကျလုနီးပါး ဖြစ်သွားတော့၏။ ထိုအခါ ဘွားဘွားကျွမ်းက ပြုံးပြီး ပြောလေသည်။
"မင်းခန္ဓာကိုယ်ထဲက ဂျင်ဆင်းအသီးရဲ့ ဆေးစွမ်းအင်တွေက အူနဲ့ အစာအိမ်ထဲကို ရောက်နေပြီ... ဒါပေမဲ့ တစ်ကိုယ်လုံးကို မပျံ့နှံ့သေးတော့ ခန္ဓာကိုယ်က အရင်လို မသန်မာသေးဘူး... မင်းမထွက်ခင် ခဏလောက် အနားယူသွား... ."
ချန်ရှီမှာလည်း ထိုင်နေဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။ ပြောရလျှင် သူ ဂျင်ဆင်းအသီးကို အများကြီး မစားထားပေ။ ဗိုက်ထဲက ဂျင်ဆင်းအသီးများသည်လည်း အစာကြေစပြုလာကာ ခန္ဓာကိုယ်အနှံ့ အပူလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို သက်တောင့်သက်သာ ဖြစ်လာစေသည်။
"ဘွားဘွား ပေးခဲ့တဲ့ ဂျင်ဆင်းအသီးက ဘာလဲ" ချန်ရှီက မေးသည်။
ဘွားဘွားကျွမ်းဟာ အရင်တုန်းက လူတွေနဲ့ စကားသိပ်မပြောပေမယ့် ချန်ရှီ အကြောင်းကို မေးကြည့်မိပြီးနောက် ချန်ရှီနဲ့စကားပြောဖို့ ဆန္ဒရှိလာသည်။
"ဒါက ကော်ကော်တို့ရဲ့ အသီးအနှံပဲလေ"
ချန်ရှီ ပိုပိုပြီး သိချင်လာသည်။
"ကော်ကော်တို့က ဘာတွေလဲ "
"တောင်တွေ သစ်တောတွေထဲ ဂျင်ဆင်းတွေက နှစ်ထောင်ချီ သက်တမ်းရှိတယ်... ဂျင်ဆင်း အသီးဆိုတာ သူတို့က မွေးထုတ်ပေးတဲ့ အသီးပဲ... အဲ့အသီးတစ်မျိုးက လူတစ်ယောက်ရဲ့ အသက်ကိုတောင် ကယ်တင်နိုင်တယ်... မင်းဗိုက်ဆာလွန်းနေတော့ အဘွားမင်းကို နောက်ထပ် နည်းနည်းပေးမယ်..."
ချန်ရှီ အံ့သြသွားသည်။ အဲဒီကိုးနှစ်အရွယ် ကလေးတွေက နှစ်ထောင်ချီ သက်တမ်းရှိနေပြီတဲ့လား။ လုံးဝ မထင်ရချေ။
"ဘွားဘွားကျွမ်း... တောင်တန်းအရှင်ဘုံကျောင်း အကြောင်း သိလား"
ချန်ရှီ ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။
"ငါသိပါတယ်... အဲဒီဘုံကျောင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းရောက်ဖူးတဲ့ နေရာမလား... အဲ့ဘုံကျောင်းက သိပ်မကြာခင်ကမှ တောင်ကြီးတွေနဲ့ အတူ မြေပြင်ပေါ်ကနေ ခုန်တက်လာတာ... ငါ့ထက် အများကြီး ပိုမြန်တယ် ညတွင်းချင်းကို ဒီအမြင့်ကို တိုးလာခဲ့တာ"
ဒါကိုပြောပြီးနောက် အဘွားကျွမ်းလည်း မနာလိုဖြစ်သွားသည်။ သူမရဲ့ ကြီးထွားမှုက နှေးကွေးလာသည်။ ချန်ရှီလည်း အားတက်သရော ပြုံးကာ ပြောလိုက်သည်။
"တောင်တန်းအရှင်ဘုံကျောင်း အရင်က ဒီမှာရှိခဲ့ပေမယ့် နောက်ပိုင်းမှာ မြေကြီးထဲ နစ်မြုပ်သွားခဲ့တယ် အဲ့လိုများလား... ဒါနဲ့ ဘွားဘွား တောင်တန်းအရှင်ဘုံကျောင်းကို အဲဒီတုန်းက မြင်ဖူးခဲ့လား"
ဘွားဘွားကျွမ်းက သေသေချာချာ စဥ်းစားပြီးမှ ခေါင်းခါပြလေသည်။
"တစ်ခါမှ မမြင်ဖူးဘူး... အဘွားရဲ့ မှတ်ဉာဏ်တွေထဲမှာတော့ အမြဲတမ်း မြေပြန့်ဖြစ်နေခဲ့တာ... သိပ်မကြာခင်ကမှ ဒီတောင်တန်းတွေ ပေါ်လာတာ.... "
ချန်ရှီအတွက် ဘွားဘွားကျွမ်းကလည်း သူမြင်ဖူးသမျှထဲ အကြီးမားဆုံး သစ်ပင်ဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိပြီ ဖြစ်သည်။ သို့သော် ဘွားဘွားကျွမ်း၏ ခန္ဓာကိုယ် သေဆုံးသွားပြီးနောက် သစ်ပင်ငုတ်တိုမှ အညှောက်ပေါက်သည့် သစ်ကိုင်းတစ်ခုမျှသာ ဖြစ်လာခဲ့သည်။
သူမခန္ဓာကိုယ်က ပိုလို့တောင် အိုနေပြီလေ။ ဒါဆို ဘွားဘွားကျွမ်း မမွေးခင် ဘုံကျောင်းက မြေအောက် နစ်မြုပ်သွားတာလို့ မဆိုလိုဘူးလား။
ဘယ်လောက်တောက် ရှေးကျလိုက်မလဲ?
"ငါ့ရဲ့ကိုယ်ခန္ဓာ အစစ်အမှန်က လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ထောင်လောက်က ပျက်စီးသွားတာ ဖြစ်မယ်...ငါ့ခန္ဓာကိုယ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ကျော်လောက်ကတည်းက ကြီးထွားခဲ့ဖူးတာ သေချာတယ်"
"ဘွားဘွားရဲ့ ခန္ဓာကိုယ် မပျက်စီးခင်က မှတ်ဉာဏ်တွေ ရှိသေးလား"
အဘွားကျွမ်းသည် ဤပြဿနာမျိုးကို ပထမဆုံးအကြိမ် စဥ်းစားဖူးတာ ဖြစ်သည်။ သူမက မှတ်မိရန် ခက်ခက်ခဲခဲ ကြိုးစားနေချိန် ရုတ်တရက် သူမမျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားကာ တုန်လှုပ်သွားခဲ့သည်။
"မီး ! မိုးခြိမ်းသံတွေ အများကြီးပဲ...အဲဒါတွေက ငါ့ခန္ဓာကိုယ်ကို ဖြတ်ပစ်လိုက်တာ!"
သူမ၏ ခန္ဓာကိုယ်သည် တုန်တုန်ယင်ယင် ဖြစ်လာကာ ကူကယ်ရာမဲ့ ကလေးမလေးကဲ့သို့ ထောင့်စွန်းသို့ ကျုံ့သွားသည်။ ချန်ရှီလည်း သူမကို နှစ်သိမ့်ပေးဖို့ အလျင်အမြန် ခြေလှမ်းလိုက်သည်။
"ဘွားဘွားကျွမ်းက တအားကို ထိတ်လန့်နေတာပဲ... လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ထောင်က ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုက အသေးအဖွဲ့ မဟုတ်ဘူးလို့ ထင်ရတယ်... အဲဒါက တောင်တန်းအရှင်ဘုံကျောင်း မြေကြီးထဲ နစ်မြုပ်သွားတဲ့ ကိစ္စနဲ့ ဆက်စပ်နေမလား မသိဘူး'
ချန်ရှီ အဲဒါကို တွေးနေပေမယ့် ထုတ်မပြောချေ။
"ငါက ဆယ်ကျော်သက်ပဲ ရှိသေးတာ... ဒီလူကြီးတွေရဲ့ ကိစ္စတွေကို ငါဘာလို့ ဂရုစိုက်ရမှာလဲ"
ဂျင်ဆင်းသစ်သီးများ၏ ဆေးဖက်ဝင်စွမ်းအားသည် အမှန်တကယ်ပင် အလွန်အားကောင်းပြီး လူအရိုးများကို ကုသပေးနိုင်သည့် အံ့ဖွယ်ဆေးတစ်လက်ပင် ဖြစ်သော်ငြားလည်း ချန်ရှီကတော့ ထိုဂျင်ဆင်းအသီးများကို စားပြီးနောက် အချိန်အတော် ကြာပြီးနောက် တစ်ဖန် ဗိုက်ဆာလာပြန်သည်။
"ဂျင်ဆင်းအသီးက အဖိုးရဲ့ဆေးထက် ပိုအစွမ်းထက်တယ် ဒါပေမယ့် အကန့်အသတ် ရှိတယ်"
ချန်ရှီ ရိုးရိုးသားသားပဲ ပြောလိုက်သည်။
နှစ်ရက်အကြာတွင် ချန်မိသားစု ဆင်းရဲမွဲတေကာ ဟွမ်ဖောရွာသည်လည်း မွဲတေသွားခဲ့သည်။ ကန်းကျစ်ရွာမှ အဘွားရှားလည်း သူ့အိုးခွက်တွေကို မဖွင့်နိုင်တော့ပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်တွင် အဘွားရှားသည် ချန်ရှီအား သားကောင်းတစ်ယောက်အဖြစ် မဟုတ်တော့ဘဲ အကြွေးစုဆောင်းသူအဖြစ်သာ ကြည့်ရှုလာခဲ့သည်။
"ငါဒီအတိုင်း စားသောက်နေရင် ရွာကလူတွေလည်း ငါနဲ့အတူ ငတ်သေကုန်လိမ့်မယ်"
ချန်ရှီလည်း သူ့ကိုယ်သူ ပြန်စဉ်းစားကြည့်နေသည်။ နောက်သီးနှံမရိတ်ခင်မှာ ကောက်ပဲသီးနှံ အသစ်တွေ ပြန်မစိုက်နိုင်ဘူး ဆိုတာ သိလိုက်ရတဲ့အတွက် တောင်ပေါ်မှာ အမဲလိုက်ဖို့ ဆုံးဖြတ်လိုက်၏။
မြွေနက်တောင်ကြီးသည် ချန်ယန်တောင်၏ တောင်ထိပ်တွင် ရစ်ပတ်လျက် အဝေးကို လှမ်းကြည့်လိုက်နေသည်။ ယခုအချိန်တွင် တောင်ပေါ်ရှိ တိမ်များက ကင်းစင်လျက်ရှိကာ ရာသီဥတု သာယာနေသည်။ ၎င်းက တိမ်များထဲသို့ လေတစ်ချက် ရှူထုတ်လိုက်ရာ တိမ်များကလည်း လေဖြင့် လွင့်ထွက်သွားသည်။
ထိုစဥ် ချိုင့်ဝှမ်းမြေပြင်က တုန်ခါသွားကာ တောင်သေးသေးလေးလောက် ကြီးမားသော သားရဲကြီးတစ်ယောက် တောထဲမှ ပြေးထွက်လာသည်။
အဲဒါ ဖုန်းရှီးပဲ။
တောဝက်သည် အနှစ်ငါးဆယ်ကြာ အသက်ရှင်ကာ ပေါင်ရှစ်ရာအထိ ကြီးထွားလာနိုင်သည်။ ဝက်ဟု ခေါ်ဆိုကြသော်ငြား ဝိညာဥ်သားရဲဟုလည်း ခေါ်ဝေါ်ကြသည်။ သူ့မှာ ဦးခေါင်းကြီးကြီး၊ ခန္ဓာကိုယ်သေးသေးနဲ့ အံ့သြစရာကောင်းလောက်အောင် ရိုင်းစိုင်းတဲ့ စွမ်းအားတွေ ရှိပြီး နွားတစ်ကောင်ကိုတောင် ခေါက်ချနိုင်ပါ၏။
ဖုန်းရှီးသည် အနှစ်တစ်ရာကျော် နေထိုင်နိုင်သော တောဝက်တစ်ကောင် ဖြစ်သည်။ ၎င်းခန္ဓာကိုယ်၏ သုံးပုံနှစ်ပုံခန့်က ဦးခေါင်း ဖြစ်ကာ ၎င်း၏ လည်ချောင်းများသည် သံမဏိနှင့်ပြုလုပ်ထားသလို ချွန်ထက်သော ဆူးများက ထိုးထွက်နေပြီး ၎င်းအစွယ်များက ဆင်အစွယ်နှင့်တူသည်။ အဆုံးမရှိ ရိုင်းစိုင်းသော စွမ်းအားများဖြင့် တိုက်ခိုက်နိုင်သည်။
အခုတော့ တောထဲမှ အရင်ပြေးထွက်လာသူက ဖုန်းရှီး ဖြစ်သည်။ သူ့ပုခုံးမှာ ကိုးပေကျော် အရပ်ရှည်ပြီး သူ့အစွယ်က နှစ်ပေကျော် ရှည်သည်။ ၎င်းက ကီလိုဂရမ်ထောင်ချီရှိသော ကျောက်တုံးကြီးများကို လွှင့်သွားအောင် တိုက်နိုင်သလို လူပေါင်းများစွာကို တိုက်နိုင်ကာ သစ်ပင်ကြီးတစ်ပင်ကိုလည်း ဖြိုချပစ်နိုင်သည်။
သို့သော် ၎င်းရှေ့တွင် အစွယ်နှစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အမှန်တကယ်ပင် ဖုန်းရှီးနှင့် နပန်းလုံးနေခဲ့သူ တစ်ယောက် ရှိလေ၏။ ၎င်းက ချန်ရှီကလွဲလို့ တခြားသူမဟုတ်ပေ။ ထိုလူငယ်က ပိန်လည်းပိန်သလို ငယ်လည်း ငယ်ပေမယ့် အံ့သြစရာကောင်းတာက သူတကယ်ကြီး ဖုန်းရှီးနဲ့ယှဉ်ရင် သေးငယ်လွန်းလေသည်။
လူတစ်ယောက်နှင့် ဝက်တစ်ကောင်တို့ လုံးပမ်းနေကြသည်။ ချန်ရှီသည် အားနည်းနေသောကြောင့် မဟုတ်ဘဲ ခြေနှစ်ဖက်သာရှိသောကြောင့် နောက်ပြန်တွန်းချ ခံလိုက်ရသည်။
"ခွန်အားနဲ့ စကားပြောမယ် ဆိုရင် မင်းက ငါ့လောက်မတော်ပါဘူး!"
ချန်ရှီ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ ဖုန်းရှီးရဲ့ ထူထဲတဲ့ အစွယ်နှစ်ချောင်းကို ဖြတ်ဖို့ လက်နှစ်ဖက်ကို သုံးပြီး သူ့ခါးကို အတင်းလိမ်ကာ ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ ထိုအကောင်ကြီးကို မြေပြင်ကို ခေါက်ချပစ်လိုက်သည်။
ဖုန်းရှီး မတ်တပ်ထရပ်တော့မည့် အချိန်တွင် ချန်ရှီသည် ခွန်အားဖြင့် ပေါက်ကွဲထွက်တော့မလို ဝက်ခေါင်းကို ကိုင်ကာ လက်သီးချက် အနည်းငယ်ဖြင့် ရိုက်ခွဲပစ်လိုက်သည်။ ဖုန်းရှီး အကြိမ်အနည်းငယ် တဆက်ဆက် တုန်သွားပြီးမှ လှုပ်ရှားတာတွေလည်း ရပ်တန့်သွားခဲ့သည်။
ချန်ရှီမှာတော့ ခြေတစ်လှမ်း နှေးလျှင် သူ အစာငတ်သေသွားမည်ကို စိုးရိမ်သဖြင့် အနီးနားရှိ တောင်ချောင်းဆီသို့ တည့်တည့် လျှောက်သွားခဲ့သည်။ ဆန်းကြယ်မြွေတောင်ကြီး အဝေးမှ လှမ်းကြည့် လိုက်သောအခါ ချန်ရှီတစ်ယောက် စမ်းချောင်းဘေးတွင် အလုပ်များနေတာ တွေ့လိုက်ရသည်။
သူလည်း အနှောင့်အယှက် ဝင်မပေးတော့ချေ။
သဘာဝ၏ ရွေးချယ်မှုကြောင့် တစ်ချိန်က ၎င်းအတွက်လည်း သွေးစားသော ခေတ်တစ်ခု ရှိခဲ့သည်။ အခြားဝိညာဉ် သားရဲများကိုလည်း လိုက်လံဖမ်းဆီး စားသောက်ခဲ့ဖူးသည်။ ၎င်းက ချန်ရှီကိုသာ ကြည့်နေသည်။
စမ်းချောင်းထဲတွင် ဝိညာဉ်သားရဲကို ဆေးကြောပြီး အရေစုပ်သည်။ နံရိုးငယ်များ၊ နံရိုးကြီးများ၊ ကျောက်ကပ်များ၊ ကြွပ်ဆတ်သော အရိုးများ၊ နားရွက်များ၊ ဦးခေါင်းအသား၊ တံတောင်ဆစ်၊ ခွာစသဖြင့် ခွဲခြားကာ ဂရုတစိုက် ပိုင်းခြားထားသည်။
သူသည် နောက်ထပ် သစ်ပင်ကြီးအချို့ကို ခုတ်လှဲကာ ကင်စားရန်အတွက် မီးဖိုလိုက်သည်။ သင့်တော်သော ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ပြီး စွပ်ပြုတ်ပြုလုပ်ရန် သင့်တော်သော ဟင်းခတ်အမွှေးအကြိုင်များကို သူ့ကိုယ်ပိုင်အိုးကြီးထဲတွင် ချက်ပြုတ်ခဲ့သည်။
သူသည် ချန်မိသားစု၏ ဆေးဝါးချက်ပြုတ်ရာတွင် အသုံးပြုသည့် အိုးကိုလည်း ယူဆောင်လာခဲ့သည်။ ထင်းရှူးတုတ်ပေါ်တွင် အဆီအသားများကို ရွှေရောင် အဆီထုတ်များရန် ကင်ပြီးနောက် နံရိုးပေါ်တွင် ဆားကြမ်းအနည်းငယ် ထပ်ဖြန်းသည်။
မြွေကြီး :"ဟိုတုန်းက ငါစားဖူးတာထက် ပိုစားနေတာပဲ.."
မြွေကြီးက ချန်ရှီကို ဆက်ကြည့်နေသည်။ ချန်ရှီက နံရိုးတို ကင်ထားတဲ့ အသားကို ကင်ပြီးလို့ စားပွဲအရွယ်လောက်ရှိ နံရိုးအပိုင်းအစလေးကို ဆက်ပြုတ်နေပြီ ဆိုတာ တွေ့လိုက်ရသည်။ ဖုန်းရှီးဟာ ဝိညာဉ်သားရဲ ဖြစ်သော်လည်း ၎င်းတွင် အနံ့ပြင်းသော သိုးသားနှင့် အသားထူသောကြောင့် ကိုက်ရခက်သည်။
ကံကောင်းထောက်မစွာပဲ ချန်ရှီဟာ ဒီရက်ပိုင်း သူ့ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ကာ သူ့သွားတွေကလည်း ပိုကောင်းလာတာကြောင့် ဘာပြဿနာမှ မရှိဘဲ စားနိုင်ပါ၏။
အထူးသဖြင့် ကြွပ်ဆတ်ပြီး အညိုရောင်ရှိသော အစိတ်အပိုင်းများကို ကိုက်လိုက်လျှင် အပြင်ဘက်တွင် ဖောင်းကြွနေသော အဆီများက ပါးစပ်အတွင်း ပေါက်ကွဲကာ လျှာပေါ်ရှိ အရသာခံဖုပေါင်း ရှစ်ထောင်ကို စိုစွတ်သွားစေပါသည်။
အသားထဲမှာ ဝိညာဉ်စွမ်းအားတွေ ဝမ်းဗိုက်ထဲ ရောက်သွားတဲ့အခါ ဝိညာဉ်စွမ်းအားတွေ ပေါက်ကွဲထွက်သွားသည်။ ချန်ရှီရဲ့ အတွင်းအင်္ဂါငါးခုကို အာဟာရအဖြစ် ပြောင်းလဲသွားစေပြီး သူ့ရဲ့ဆာလောင်မှုကို အများကြီး လျှော့ချပေးခဲ့၏။
ဆန်းကြယ်မြွေတောင်ကြီးက ဒီမြင်ကွင်းကို မြင်သောအခါ နှစ်သုံးထောင်လောက် တိမ်တွေကိုသာ စားသောက်လာတဲ့ ဗိုက်က အနည်းငယ် ဆာလောင်လာခဲ့သည်။
ခဏအကြာတွင် ဆန်းကြယ်မြွေတောင်ကြီးသည် ချန်ရှီတစ်ယောက် ဖုန်းရှီးရဲ့ နောက်ခြေထောက်ကို သယ်ကာ သူ့ဆီလျှောက်လာနေတာ တွေ့လိုက်ရသည်။
နောက်ခြေထောက်ရဲ့ အပြင်ဘက်ဘက်က မီးလောင်ကျွမ်းထားပြီး အတွင်းဘက်က နူးညံ့သည့်အထိ ကင်ထားသည်။ ချန်ရှီသည် သူ့အချက်အပြုတ် စွမ်းအင်အရသာက အလွန်ကြီးနေမည်ကို စိုးရိမ်သောကြောင့် နောက်ခြေထောက်တွင် ဆားကြမ်းများဖြင့် ပွတ်တိုက်သည်။ ဟင်းခတ်အမွှေးအကြိုင် အပင်များ၏မွှေးကြိုင်သော အရွက် အစုံအလင်ဖြင့်လည်း နှပ်ထားသေးသည်။
ဆန်းကြယ်မြွေတောင်ကြီးသည် ဖုန်းရှီး၏ နောက်ခြေထောက်များမှ ထွက်လာသော မွှေးရနံ့ကို ရလိုက်တဲ့အခါ နှစ်ပေါင်း သုံးထောင်ကျော် လေနှင့် နှင်းရည်တို့ကိုသာ စားခဲ့ရသော အစာအိမ်က သူ့ကို အနည်းငယ် လောဘကြီးလာစေတော့သည်။