← Chapters

ကွယ်ဝှက်ပညာရှိ

Vol. 10 Ch. 94

ကွယ်ဝှက်ပညာရှိ

Vol. 10 Ch. 94

“ကြွေလွင့်သွားတဲ့ ဖန်တီးရှင်... ကြွေလွင့်သွားတယ်...” အယ်ဂျာဟာ အရူးရဲ့ စကားကို စဉ်းစားတွေးတောရင်း အတွေးရေယာဉ်ကြောထဲ မျောပါသွားပါတယ်။

သို့ပေမဲ့ အယ်ဂျာကို အတွေး အများစေဆုံးက အရူးရဲ့ စိတ်အေးလက်အေးပုံစံနဲ့ သာမန်ကိစ္စလေးတစ်ခုလို ဂရုမစိုက်တဲ့ အမူအရာပါ။

သူက သူတို့တွေ အဆင့်တူသလိုမျိုး ပြုမူပါတယ်။

သူသာ ပြီးခဲ့တဲ့ အစီအရင်ကို မစမ်းသပ်ခဲ့ဘူးဆိုရင် အရူးက ဟိတ်ဟန်ထုတ်ပြီး သူနဲ့ တရားမျှတမှုကို ခြောက်တာလို့ တွေးမိမှာပါ။ ဒါပေမဲ့ အခုတော့ သူဟာ အရူးက ဖန်တီးရှင်အစစ်ထက် နိမ့်ကျရင်တောင် အဲဒီအဆင့်နဲ့ နီးစပ်နေပြီလို့ ယူဆမိလိုက်ပါတယ်။

‘ဒါက အန္တရာယ်များတယ်... ဒါပေမဲ့ အခွင့်အ‌ရေးဆိုရင်လည်း မမှားဘူး...’ အယ်ဂျာဟာ စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ပြုံးလိုက်ပါတယ်။

“မစ္စတာအရူး... လူကြီးမင်းရဲ့ ဖော်ပြချက်က တကယ်ကို ထိမိတယ်... ကျွန်တော်တို့ရဲ့ လေ့လာမှုတွေအရ ဖန်တီးရှင်အစစ်ကို ယုံကြည်တဲ့... မှားလို့... ကြွေလွင့်ဖန်တီးရှင်ကို ယုံကြည်ကြတဲ့ သာလွန်သူတွေက သာမန် သာလွန်သူတွေထက် စိတ်လွတ်နိုင်ခြေ ပိုများတယ်... ကျန်တဲ့လူအများစုကလည်း စိတ်ဝေဒနာရှင်တွေ...”

‘ဒါက ညသိမ်းငှက်ရဲ့ သတင်းထဲမှာတောင် ပြောမထားတဲ့ဟာပဲ... ဒီစိတ်ဝေဒနာရှင်တွေက သိစိတ်ပျောက်သွားတာ မဟုတ်ဘူး... အတွေးအခေါ်တွေ ပရမ်းပတာ ဖြစ်ကုန်တာ...’ ကလိုင်းဟာ အမူအရာ မပျက်အောင် ထိုင်ရင်း ဘာမှ ဆက်မပြောတော့ပါဘူး။

သူဟာ လျှို့ဝှက်ဂိုဏ်းနဲ့ လူရွှင်ဆေးရည်အကြောင်းကို ဘယ်လို စုံစမ်းရမလဲဆိုတာ တွေးနေတုန်းပါ။ ဒါပေမဲ့ သူ့အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ မေးခွန်းမျိုးဖြစ်အောင် ဘယ်လိုမေးရမလဲဆိုတာ စဉ်းစားလို့ကို မရသေးပါဘူး။

‘တွေ့ဆုံပွဲက အင်တာနက်ဖိုရမ် မဟုတ်တာ နှမြောစရာပဲ... မဟုတ်ရင် ငါ နောက်တစ်ကောင့်နဲ့ တွေ့ဆုံပွဲထဲ ဝင်လို့ရတယ်... အဲဒီအကောင့်နဲ့ ငါ မေးလို့ အဆင်မပြေတာတွေကို မေးလို့ရတယ်... တစ်နေ့ကျလို့ ငါ ပုံရိပ်ဟပ်နိုင်တဲ့ မှော်ပညာကို ရရင် ဒါကို စမ်းကြည့်ရမယ်... ပြီးရင် ဒီက အဖွဲ့ဝင်တစ်ဝက်ကို ငါ့အကောင့်တွေ လုပ်ပစ်မယ်’

‘ဒီနေရာမှာ ကုလားထိုင် ၂၂ လုံး ရှိတယ်... တဲ‌ရော့မှာလည်း ၂၂ ကဒ်ပဲ... ကွက်တိ သွားတူနေတယ်... ဒါပေမဲ့ ဒီခန်းမကို ဖန်တီးတုန်းက ငါ့ကိုယ်ငါ အရူးလို့ နာမည်မပေးရသေးဘူး... တဲရော့ကလပ် လုပ်မယ်လို့လည်း စိတ်ကူး မရှိဘူး... အင်း... ဒါတွေက နတ်ဘုရားလမ်းကြောင်း ၂၂ သွယ်ကို ကိုယ်စားပြုတာများလား...”

‘ငါ ခန်းမလိုချင်တော့ ခန်းမ ပေါ်လာတယ်... ငါ နောက်တစ်ကောင့် လိုချင်ရင် နောက်တစ်ကောင့် ပေါ်လာမှာလား...’

အရူးက တိတ်ဆိတ်နေတာ တွေ့ရတဲ့အတွက် အော်ဒရီဟာ သိချင်စိတ်နဲ့ မေးပါတယ် “နားထောင်ရတာ ကြောက်ဖို့ကောင်းတယ်နော်... မစ္စတာ လူဇောက်ထိုး... ကျွန်မကို လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းတိုင်းရဲ့ သတင်းအချက်အလက်တွေကို အသေးစိတ် မျှဝေပေးလို့ရမလား... လျှို့ဝှက်ဂိုဏ်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေရော... ကျွန်မရဲ့ နေ့စဉ်ဘဝမှာ သူတို့နဲ့ ဆက်သွယ်နိုင်ဖို့က တော်တော်ခက်တယ်... အဲဒီတော့ ကျွန်မ ဒီတွေ့ဆုံပွဲကနေပဲ နားလည်အောင် လုပ်ရလိမ့်မယ်... အဲဒီအတွက် ကျွန်မ တန်ဖိုးရှိသလောက် ပေးပါ့မယ်... ရှင် ဘာလိုချင်လဲဆိုတာသာ ကျွန်မကို ပြောပြပါ”

‘မေးခွန်းကောင်းပဲ မစ္စတရားမျှတမှု... မင်းက ငါမေးချင်တဲ့ မေးခွန်းတွေကို မေးလိုက်တာပဲ... ဒီလိုဆို လူဇောက်ထိုးက လျှို့ဝှက်ဂိုဏ်းအကြောင်းကို သေချာပေါက် ပြောမှာပဲ... မင်းကို ချစ်သွားပြီ...’ ကလိုင်းဟာ ဒီစကားကို ကြားလိုက်ရတဲ့အခါ စိတ်ထဲမှာ ဂယက်ထသွားပေမဲ့ သူ့ခံစားချက်တွေ အပြင်ကို ထွက်ကျမလာအောင် ကိုယ်အမူအရာ ထိန်းသိမ်းပါတယ်။

အယ်ဂျာဟာ တစ်ခဏတွေးပြီး ဖြေပါတယ် “ကျွန်တော် ပိုက်ဆံလိုတယ်... ပေါင်တစ်ထောင်... နံပါတ်စဉ်မဟုတ်တဲ့ ပိုက်ဆံဆိုရင် အကောင်းဆုံးပဲ... အဲဒါမရရင်လည်း တူးဖော်ပြီးခါစ ကျောက်မျက်ရတနာတွေလည်း ရတယ်... ဈေးကတော့ ဘက်ကလင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးရဲ့ လစဉ်ပျမ်းဈေးနှုန်းပဲ”

‘ပေါင်တစ်ထောင်... ဒါတော်တော်များတဲ့ ပမာဏပဲ... ဒီပိုက်ဆံနဲ့ ထင်းဂန်မြို့မှာ အိမ်ကောင်းကောင်း ဝယ်လို့ရတယ်... ဒီလိုပိုက်ဆံပမာဏကို လူတိုင်း အလွယ်လေး ‌ပေးနိုင်မှာ မဟုတ်ဘူး... ငါ့အထင် ကပ္ပတိန်ရဲ့ တစ်နှစ်လစာပဲ ဒီလောက် ရှိလိမ့်မယ်... ဟေးလီ သေတာကို လျော်ကြေးပေးတာတောင် ပေါင် ၃၀၀ တည်း... မစ္စတရားမျှတမှုက သူ့မိသားစုရဲ့ ကြွယ်ဝမှုကို အမွေဆက်မခံရသေးဘူးဆိုတော့ ဒီပမာဏကို ပေးနိုင်ပါ့မလား... အင်း... လူဇောက်ထိုးက ကျောက်မျက်ရတနာလည်း ရတယ်လို့ ပြောတာ အံ့ဩစရာ မရှိတော့ပါဘူး”

ကလိုင်းဟာ ငွေရေးကြေးရေးဆို တော်တော်လေး သတိထားမိပါတယ်။ ကံကောင်းထောက်မစွာပဲ ထူထဲတဲ့ မြူခိုးတွေက သူ့ကို လုံးဝ လွှမ်းခြုံထားပါတယ်။

မိန်းမပျိုတစ်ယောက် ဒါမှမဟုတ် အမျိုးသမီးတစ်ယောက်ဟာ ပေါင် ၂,၀၀၀ ရှိရင် သူ့ဘဝကို အေးဆေး နေလို့ရပါတယ်။ ဒီပေါင် ၂,၀၀၀ ကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တစ်နှစ်ကို ပေါင်တစ်ရာကျော် ပြန်ရနိုင်ပါတယ်။

“ပေါင်တစ်ထောင်...” အော်ဒရီရဲ့ အသံဟာ အံ့ဩသံ ပေါက်နေပါတယ်။ အဲဒီနောက် သူမဟာ ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်ဖြေပါတယ် “ရတယ် ကိစ္စမရှိဘူး... အရင်လိပ်စာ အတိုင်းပဲလား...”

‘သူ့လေသံက တော်တော်တန်တယ်လို့ ထင်နေပုံပဲ’ ကလိုင်းဟာ လှမ်းတော့ မကြည့်ပါဘူး။

အော်ဒရီဟာ စက္ကန့်နှစ်ဆယ်လောက် တိတ်ဆိတ်သွားပြီးမှ... “အင်း... ပရစ်ဆိပ်ကမ်း နှင်းဆီဖြူမြို့နယ် ဖဲလကင်လမ်းမှာရှိတဲ့ စစ်သည်နဲ့ပင်လယ်ဘားကို ပို့ပေး... အဲဒီကသူဌေး ဝေလျံကို ဒါက ကပ္ပတိန် လိုချင်တာလို့ ပြောလိုက်...”

“ကောင်းပြီလေ...” အော်ဒီဟာ ကုလားထိုင်မှာ နောက်မှီထိုင်ပြီး ပွဲကြည့်သမားလိုမျိုး ပြုမူပါတယ် “မစ္စတာ လူဇောက်ထိုး... စလို့ရပြီ”

အယ်ဂျာဟာ အရူးကို တစ်ခဏ ကြည့်ပြီးမှ ဖြည်းဖြည်းချင်း စပြောပါတယ် “မိုးဇက်ဂိုဏ်းကနေ စပြောမယ်... မိုးဇက်ဂိုဏ်းက အစောဆုံး လျှို့ဝှက်အဖွဲ့အစည်းပဲ... တော်တော်များများကတော့ အစောဆုံး လျှို့ဝှက်အဖွဲ့အစည်းတွေက ထာဝရည နတ်ဘုရားမ ဘုရားကျောင်း၊ မယ်တော်မြေနတ်ဘုရားမ ဘုရားကျောင်းနဲ့ တိုက်ခိုက်ရေး နတ်ဘုရား ဘုရားကျောင်းလို့ ယူဆကြတယ်...”

“ဒီလူတွေက မုန်တိုင်းအရှင် ဘုရားကျောင်း... ထာဝရတောက်ပတဲ့ နေမင်း ဘုရားကျောင်းနဲ့ အသိဉာဏ်ပညာ နတ်ဘုရား ဘုရားကျောင်းက လူတွေ ဖြစ်ရမယ်...” အော်ဒရီက သူ့အမြင်ကို ပြောပါတယ်။

‘ထာဝရညနတ်ဘုရားမ ဘုရားကျောင်းက အစောဆုံး လျှို့ဝှက်အဖွဲ့အစည်းလား...’ ကလိုင်းဟာ ဒီလိုအယူအဆမျိုးကို ပထမဆုံး ကြားဖူးတာပါ။

‘စတုတ္ထယုဂ်နဲ့ တတိယယုဂ်မှာ တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ’

အယ်ဂျာဟာ ပြုံးပြီး ဆက်ပြောပါတယ် “အမှန်တရားက ရှေးဟောင်း သမိုင်းမှာ မြှုပ်နှံခံလိုက်ရပြီ... ဒါပေမဲ့ သေချာတာ တစ်ခုတော့ ရှိတယ်... မုန်တိုင်းအရှင် ဘုရားကျောင်း... ထာဝရ တောက်ပတဲ့နေမင်း ဘုရားကျောင်းနဲ့ အသိဉာဏ်ပညာ ဘုရားကျောင်းတွေက လျှို့ဝှက် အဖွဲ့အစည်း ဖြစ်ခဲ့ဖူးတယ်လို့ ဘယ်သူမှ မပြောဘူး”

“အင်း... အချိန်လည်း သိပ်မရဘူးဆိုတော့ အဓိကအကြောင်းကို ဆက်ပြောမယ်... မိုးဇက်ဂိုဏ်းကို ဘုရားသခင်စော်ကား ကျောက်ပြား ဖတ်ခဲ့တဲ့ လူသားတချို့က ပထမဆုံး စတည်ထောင်ခဲ့တာ... သူတို့တွေက လူသားပုံစံမဟုတ်တဲ့ နတ်ဘုရား ကွယ်ဝှက်ပညာရှိကို ယုံကြည်ကြတယ်”

“သူတို့တွေ နတ်ဘုရားကို ဖော်ပြတာက အတွေးအခေါ်တစ်ခုလိုမျိုး... သဘာဝ နိယာမတစ်ခုနဲ့ ပိုတူတယ်... ဥပမာ အရာဝတ္ထုအကုန်လုံးက ကိန်းဂဏန်းတွေ... ကွယ်ဝှက်ပညာရှိက ကိန်းဂဏန်း စိတ်ဝိညာဉ်ရဲ့ သရုပ်ပဲ... အဲဒီလိုမှ မဟုတ်ရင်လည်း အထွတ်အထိပ် အသိဉာဏ်ပညာလို့ ယူဆကြတယ်... ကွယ်ဝှက်ပညာရှိက အဲဒီအသိဉာဏ်ပညာပဲ... အဲဒါကြောင့် မူလမိုးဇက်ဂိုဏ်းက တော်‌တော်လေး လေးစားခံရတယ်... အဓိက ဘုရားကျောင်းတွေနဲ့လည်း ဆက်ဆံရေး ကောင်းတယ်”

“အဖွဲ့ဝင်တွေက ခြိုးခြံနေပြီး ဆေးရည်ရဲ့ လက်ကျန် ဘေးထွက်ဆိုးကျိုးကို ဖြေရှင်းကြတယ်... ခြိုးခြံနေပြီး စိတ်လွတ်မှာကို ခုခံကြတယ်... သူတို့တွေက သူတို့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို တင်းတင်းကျပ်ကျပ် စောင့်စည်းပြီး ကိုယ်ကျင့်တရား ကောင်းတယ်... လူသားတွေက တစ်ဘဝပြီးတစ်ဘဝ ပြန်လည်မွေးဖွားတယ်လို့ ယုံကြည်ကြတယ်...”

“သူတို့ပိုင်တဲ့ ဆုံမှတ် ၉ က လျှို့ဝှက်ဆန်းကြယ် စပ်စုသမားပဲ... ‘စုန်း’ ဆိုတဲ့ စကားလုံးကလည်း အဲဒီအဖွဲ့အစည်းဆီကနေ စပျံ့ခဲ့တာ”

အော်ဒရီဟာ လူဇောက်ထိုးရဲ့ စကားကို သေချာ နားထောင်ပြီး အဓိကအချက်ကို ကောက်မေးပါတယ် “မိုးဇက်ဂိုဏ်းက လူလေးစားခံရတဲ့ အဖွဲ့ဖြစ်ခဲ့တယ်ဆိုတော့ အခု သူတို့က မလေးစားခံရတော့ဘူးလား”

အယ်ဂျာဟာ မသိမသာ ခေါင်းညိတ်ပါတယ်။

“ဟုတ်တယ်... အခု သူတို့တွေက တိုက်စားခံရပြီး မိစ္ဆာအဖွဲ့အစည်း ဖြစ်နေပြီ”

“ဘာဖြစ်လို့လဲ... သူတို့ရဲ့ ယုံကြည်မှုတွေက တော်တော် ကောင်းပါတယ်... ထူးဆန်းတာ ဘာရှိလို့လဲ” အော်ဒရီဟာ ဝေခွဲမရ မေးပါတယ်။

ကလိုင်းလည်း ဒီအချက်ကို နားမလည်နိုင်ပါဘူး။ သူရဲ့ လုံခြုံရေးအခွင့်အာဏာနဲ့ မိုးဇက်ဂိုဏ်း ဘာဖြစ်လို့ ကျဆုံးသွားရလဲ ဆိုတာကို သိဖို့ မလုံလောက်ပါဘူး။

အယ်ဂျာဟာ ခန့်မှန်းလို့မရ နက်နဲတဲ့ အရူးကို ကြည့်ပြီး တိုတိုတုတ်တုတ် ဖြေပါတယ်။

“ကျွန်တော်လည်း အကြောင်းရင်းမှန်ကို မသိဘူး... အဲဒီအကြောင်းက သမိုင်းထဲမှာ မြှုပ်နှံခံလိုက်ရပြီ... သို့ပေမဲ့ ကြောက်စရာကောင်းတဲ့ ရှင်းပြချက်တစ်ခုကိုတော့ ကြားဖူးတယ်”

“အဲဒီရှင်းပြချက်ထဲမှာ မိုးဇက်ဂိုဏ်း တိုက်စားခံရတာက သူတို့ယုံကြည်တဲ့ နတ်ဘုရား ကွယ်ဝှက်ပညာရှိ အသက်ရှင်လာလို့တဲ့”

“သူက မိစ္ဆာနတ်ဘုရားအသွင် ဖြစ်လာတယ်”

“အသက်ရှင်လာတယ်... ဒါ... ဘယ်လိုဖြစ်သွားတာလဲ...” အော်ဒရီဟာ သူ့နားကိုတောင် သူ မယုံနိုင်အောင် ဖြစ်သွားပါတယ်။ သူမ သတိမထားမိခင်မှာပဲ သူမဟာ ပွဲကြည့်သမား အခြေအနေကနေ ထွက်သွားပါတယ်။

‘သရဲပုံပြင်တစ်ပုဒ်လိုပဲ... ဒါပေမဲ့ သရဲက ဘုရားသခင် ဖြစ်နေတယ်...’ ကလိုင်းရဲ့ ရင်ထဲမှာလည်း ခံစားချက်တွေ လှိုင်းထန်သွားပါတယ်။

“စိတ်မရှိပါနဲ့... အဖြေကို ဘယ်သူမှ မသိဘူး” အယ်ဂျာဟာ ပထမတော့ ‘မစ္စတာအရူး သိလောက်တယ်’ လို့ ပြောချင်ပေမဲ့ သူ့ပါးစပ်ကို အချိန်မီ ထိန်းနိုင်လိုက်ပါတယ်။

သူဟာ အန္တရာဇုန် နယ်နိမိတ်မှာ တစ်ခါလျှောက် ပြီးပါပြီ။ ထပ်မလျှောက်ရဲပါဘူး။

မုန်တိုင်းစာအုပ် ၅:၇ မှာ အယ်ဂျာ သေချာမှတ်မိနေတဲ့ စာကြောင်းတစ်ကြောင်း ရှိပါတယ်။ ‘ဘုရားသခင်ကို မစမ်းသပ်နဲ့’ ဆိုတာပါ။

အော်ဒရီဟာ သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းပြီး ဆက်မမေးတော့ပါဘူး။ အဲဒီနောက် လူဇောက်ထိုးကို ဆက်ပြောဖို့ အချက်ပြပါတယ်။

ကလိုင်းကတော့ ထိပ်ဆုံးနေရာမှာ တိတ်တဆိတ် ဟန်မပျက်ထိုင်ရင်း လူဇောက်ထိုးရဲ့ စကားတွေကို နားထောင်ပါတယ်။

နောက်ဆုံးမှာ သူမှတ်ထားရမဲ့ အရာလေးခု ရှိတယ်ဆိုတာ သိလိုက်ရပါတယ်။

ပထမ။ နတ်ဆိုးမဂိုဏ်းက စတုတ္တယုဂ်မှာ နတ်ဆိုးမ မိသားစုလို့ လူသိများခဲ့ပါတယ်။ အဲဒီတုန်းက သူတို့တွေမှာ မိသားစုဝင် နည်းနည်းလေးပဲ ရှိပြီး သူတို့ရဲ့ ယုံကြည်မှုကို သူတို့ရဲ့ မျိုးဆက်တွေဆီပဲ လက်ဆင့်ကမ်းခဲ့ကြပါတယ်။ နောက်ပြီး သူတို့တွေက သူတို့ကလေးတွေရဲ့ အဖေတွေကို သတ်ဖြတ်ပြီး ယောက်ျားလေးမွေးရင် စွန့်ပစ်ပါတယ်။ အဲဒါကြောင့် နတ်ဆိုးမိသားစုဝင် အကုန်လုံးက မိန်းမတွေချည်းပါပဲ။ ဒါက အယ်ဂျာ ပြောပြသမျှပါ။ တကယ်ဟုတ် မဟုတ်တော့ လောလောဆယ်မှာ ကလိုင်း အတည်မပြုနိုင်သေးပါဘူး။

ဒုတိယ။ သေခြင်းတရားကို ယုံကြည်တဲ့ ဣဒ္ဓိပါဒ်ဂိုဏ်း၊ သွေးသံရဲရဲ ယဇ်ပူဇော်မှုတွေလုပ်တဲ့ နှင်းဆီအတွေးကျောင်း နှစ်ခုစလုံးရဲ့ မူလဇစ်မြစ်က တောင်ပိုင်းတိုက်ပါ။ ကိုလိုနီခေတ် ရောက်လာတော့ ဘုရားကျောင်း ၇ ကျောင်းရဲ့ တိုက်ခိုက်မှုအောက်မှာ သူတို့တွေ ပျောက်ကွယ်လုနီး ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒါကြောင့်ပဲ သူတို့တွေဟာ မြောက်ပိုင်းတိုက်မှာ စတင်ပျံ့နှံ့လာခဲ့ပါတယ်။

တတိယ။ လက်ရှိ စိတ်ဝိညာဉ် အဂ္ဂိရတ်သမားတွေက ကနဦး မိုးဇက်ဂိုဏ်းနဲ့ ဆင်တူပါတယ်။ သူတို့တွေက လူသားပုံစံမဟုတ်တဲ့ တည်ရှိမှုကို ယုံကြည်ကြပြီး လူသားစိတ်ဝိညာဉ်က အရာအားလုံးကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

စတုတ္ထ။ လျှို့ဝှက်ဂိုဏ်းက မြေအောက်အဖွဲ့အစည်းတွေထဲမှာ လှုပ်ရှားမှု အနည်းဆုံးမလို့ သူတို့အကြောင်းကို သိပ်မသိကြပါဘူး။ သူတို့တွေ ပေါ်လာတိုင်းမှာ တစ်ခုခုနောက်ကို မလိုက်ရင် တစ်ခုခုကို ရှာဖွေကြတာချည်းပါပဲ။

‘သူတို့တွေ ဘာကို ရှာနေကြတာလဲ...’ ကလိုင်းဟာ သူ စောစောကဖတ်ခဲ့တဲ့ ဒိုင်ယာရီစာရွက်ကို ရုတ်တရက် ပြန်တွေးမိလိုက်ပါတယ်။ လျှို့ဝှက်ဂိုဏ်းခေါင်း‌ဆောင် ဇာရဒို ရစ်ဆဲလ်နဲ့ ပူးပေါင်းတာက အန်တီဂိုနပ်မိသားစု ချန်ထားခဲ့တဲ့ ပစ္စည်းတစ်ခုကို လိုချင်တာကြောင့်ပါ။

ဒီတစ်ကြိမ် သူတို့တွေ ပေါ်လာတာကလည်း ပျောက်သွားတဲ့ အန်တီဂိုနပ်မိသားစုရဲ့ မှတ်စုစာအုပ်ကို ရှာဖို့ပါ။ ကလိုင်းဟာ လျှို့ဝှက်ဂိုဏ်း လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်က အဓိကအကြောင်းရင်းကို ရှာတွေ့ပြီလို့ ခံစားလိုက်ရတာကြောင့် မျက်လုံး မသိမသာ ကျဉ်းမိလိုက်ပါတယ်။

‘ဒီလျှို့ဝှက်ဂိုဏ်းက အန်တီဂိုနပ်မိသားစု ချန်ထားခဲ့တဲ့ ပစ္စည်းတွေနောက် လိုက်နေတာပဲ’ ကလိုင်းဟာ လက်တောက်ချင်စိတ်ကို နှိပ်ကွပ်ပြီး ဆက်တွေးပါတယ်။

‘မဟုတ်မှလွဲရော သူတို့က အန်တီဂိုနပ်မိသားစု ချန်ထားခဲ့တဲ့ သဲလွန်စတွေနောက် လိုက်နေတာလား...’

‘အဲဒါဆိုရင် ငါ လူရွှင် ဆေးရည် ဖော်မြူလာ ရဖို့ ဒီနယ်ပယ်တွေကို အာရုံစိုက်သင့်တယ်’

သတင်းအချက်အလက် လဲလှယ်ပြီးတဲ့နောက် ကလိုင်းဟာ တွေ့ဆုံပွဲ အဆုံးသတ်ကြောင်း ကြော်ငြာပါတယ်။

“လူကြီးမင်းရဲ့ အလိုအတိုင်းပါ” အော်ဒရီနဲ့ အယ်ဂျာဟာ အတူတူ မတ်တတ်ရပ်ပါတယ်။

ဆက်သွယ်မှုကို ဖြတ်လိုက်တဲ့အခါ သူတို့ရဲ့ ရုပ်သွင်တွေ ကွဲကြေပြီး ပျောက်ကွယ်သွားတာကို ကလိုင်း တွေ့လိုက်ရပါတယ်။ ကလိုင်းဟာ မျက်ခုံးလယ်ကို ပွတ်သပ်ရင်း နောက်တစ်ကောင့် ဖန်တီးဖို့ ကြိုးစားကြည့်ပါတယ်။

သူ တွေးလိုက်တယ်ဆိုရင်ပဲ ကြေးစားပွဲရှည်ရဲ့ တစ်ဖက်စွန်းမှာ ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။ အဲဒီရုပ်သွင်က အနက်ရောင် ထက်စီဒိုကို ဝတ်ဆင်ထားပြီး သက္ကလပ် ဦးထုပ်ဆောင်းထားပါတယ်။ ဒါပေမဲ့ သူ့မျက်နှာက ခံစားချက်မဲ့နေပါတယ်။ သူ့လှုပ်ရှားမှုတွေကလည်း ကိုးရိုးကားယားနိုင်ပြီး ဗလုံးဗထွေးနိုင်လှပါတယ်။ မြူခိုးတွေ လွှမ်းမိုးထားတာတောင် တစ်ခုခုမှားနေတယ်ဆိုတာ သိသာလှပါတယ်။

‘ဒီပုံစံနဲ့ မရဘူး...’ ကလိုင်းဟာ လေးငါးခါ စမ်းသပ်ကြည့်ပြီးနောက် သက်ပြင်းချကာ အကောင့်သစ် ဖန်တီးမဲ့အကြံကို လက်လျှော့လိုက်ပါတယ်။

သူဟာ တခြားအရာတွေကိုလည်း စမ်းကြည့်ပါတယ်။ သူဟာ မီးခိုးရောင် မြူခိုးထက်က ကြေးစားပွဲရှည်ရဲ့ ခေါင်းဆောင်နေရာမှာ ဆက်ထိုင်ပါတယ်။ သူဟာ အော်ဒရီ ပြောခဲ့တာကို ပြန်တွေးမိပြီး ဝိုးတိုးဝါးတား ကြယ်သွေးရောင်ကြယ်တွေဆီ အကြည့်ရောက်သွားပါတယ်။

တိတ်ဆိတ်မှု တဒင်္ဂ စိုးမိုးသွားပြီးနောက် ကလိုင်းဟာ အဲဒီကြယ်တွေနဲ့ မထိတွေ့ဘဲ တုံ့ပြန်တဲ့ပုံစံမျိုး ဆုတောင်းကြည့်ပါတယ်။

တိတ်ဆိတ် ငြိမ်သက် အေးချမ်းမှုအောက်မှာ သူဟာ အနီးအနားက ကြယ်သွေးရောင်ကြယ် ၁၀ လုံးကျော်ဆီကနေ ဘာတုံ့ပြန်မှုမှ မရပါဘူး။

‘တုံ့ပြန်မှုရဖို့ ငါ သူတို့ကို မီးခိုးရောင်မြူခိုးကမ္ဘာထဲ အရင်ဆုံးဆွဲသွင်းရမှာလား...’ ကလိုင်းဟာ တွေးတောရင်းနဲ့ ခေါင်းတညိတ်ညိတ် ဖြစ်သွားသလို နည်းနည်းလည်း စိတ်ပျက်မိသွားပါတယ်။

သူဟာ လူတစ်ယောက်ရဲ့ အလိုဆန္ဒကို ဆန့်ကျင်ပြီး သူတို့ကို ဒီလျှို့ဝှက်ဆန်းကြယ်နေရာထဲ အတင်းဆွဲမသွင်းချင်ပါဘူး။

‘ဟမ်...’ ထွက်သွားဖို့ ပြင်နေတဲ့ ကလိုင်းဟာ အနားက ဝိုးတိုးဝါးတား ကြယ်သွေးရောင် ကြယ်တစ်စင်းကို သူ့အကျင့်အတိုင်း တို့လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သူဟာ ကြယ်သွေးရောင်ကြယ်ရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ သေးဖွဲတဲ့ ဆုတောင်းတစ်ခု ရှိနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters