← Chapters

ပိုက်ဆံ ဘယ်လို ဖြုန်းရမလဲ မသိဘူး

Vol. 94 Ch. 1396

ပိုက်ဆံ ဘယ်လို ဖြုန်းရမလဲ မသိဘူး

Vol. 94 Ch. 1396

ခေတ္တကြာပြီးနောက်တွင် လင်းရီနှင့် ကျန်သူများအားလုံး အိမ်ပြန်လာခဲ့ကြသည်။

ကျီချင်းရန်က လင်းရီကို သင်ခန်းစာ ပေးချင်နေသည် ဖြစ်ရာ သူ ချင်းဟန်တို့နှင့် လိုက်ပြီး သဝေမထိုးရဲတော့ချေ။ သို့သော် ကော်နင်ယွဲ့နှင့် ချွီရွှမ့်ဟော်တို့ကလည်း ယနေ့ည အိမ်တွင် အိပ်ကြပေမည်။

ထို့ကြောင့် သင်ခန်းစာပေးမည့်ကိစ္စကို အချိန်တစ်ခုလောက်အထိ ရွေ့ဆိုင်းထားရတော့၏။

ဗီလာ နံပါတ်တစ်၏ အတွင်းပိုင်း အပြင်အဆင်ကို မြင်တော့ ကော်နင်ယွဲ့ အချိန်အတော်ကြာသည်အထိတိုင်အောင် မှင်တက်နေမိသည်။ သူမ အိပ်မက်မက်နေသည်ဟုတောင် ခံစားနေရလေသည်။

ဤသည်က .... သူမ စိတ်ကူးယဉ်ထားသည်ထက်ကို အများအပြား ခမ်းနားလွန်းနေသည်။

ဒီ မကောင်းတဲ့ အစ်ကိုက ဘဝကို ဘယ်လိုနေရမလဲဆိုတာ တော်တော်တော့ သိသားပဲ…

“ နင် ပြောတာ နင် မြောက်ပိုင်းကို သွားမယ်မလား… ဘယ်အချိန် သွားဖို့ စီစဉ်ထားလဲ…” အခန်းထဲတွင် ကျီချင်းရန်ကနေပြီး မေးလာသည်။

“ မနက်ဖြန်ပဲ… လူတိုင်းကလည်း ဒီရောက်နေပြီ… ငါ့ကြောင့်နဲ့ သူများတွေကို အကြာကြီး စောင့်ခိုင်းထားလို့တော့ မသင့်ဘူးလေ… ဟုတ်တယ်ဟုတ်…”

ကျီချင်းရန် နှုတ်ခမ်းကို ဖွဖွကိုက်ထားမိ၏။ “ ဒီတစ်ခေါက်ရော ဘယ်လောက်ကြာမှာလဲ…”

လင်းရီ ခေတ္တ ရပ်တန့်သွားခဲ့ပြီး “ အဲ့တာက ပြောဖို့ခက်တယ်… လဝက်အတွင်းလောက် ပြန်လာဖြစ်ရင်လည်း ပြန်လာဖြစ်မှာ…”

“ လဝက်က အဆင်ပြေတယ်…”

“ နင်ယွဲ့က လက်ထပ်တော့မှာ… အစ်ကိုကြီး တစ်ယောက်အနေနဲ့ နင့်ဘက်က ခန်းဝင်ပစ္စည်း တစ်ချို့ ပေးသင့်တယ်မလား…”

“ ဘာပေးရမှာ…”

“ သူ့ကောင်လေးက နောင်ကျရင် သူတို့မိသားစုရဲ့ လုပ်ငန်းတွေကို ဦးစီးဦးဆောင် ပြုရမှာဆိုတော့ ရန်ချိန်မှာပဲ နေဖြစ်ဖို့ များတယ်… ငါတို့ဘက်က ဗီလာရယ်၊ ကားတစ်စင်းလောက်ရယ်၊ ပိုက်ဆံနည်းနည်းရယ်ဆို အဆင်ပြေမှာပါ…”

“ မင်းက ငါ့ထက်ပိုသိတာပဲ… မင်းပြောတဲ့အတိုင်းပဲပေါ့…”

“ အွန်း… နင်က နင့်အလုပ်ကိုနင်ပဲ အာရုံစိုက်ထားလိုက်… ဒီကိစ္စတွေကိုတော့ ငါနဲ့လွှဲထားလိုက်…”

“ အင်း… တော်လိုက်တာ.. လာပါဦး… မွှေးမွှေးပေးချင်လို့…”

“ တော်ပါ…” ကျီချင်းရန် လင်းရီကို အဝေးသို့ တွန်းထုတ်လိုက်ပြီး “ ဒီနေ့ ကိစ္စတောင် နင်နဲ့ ရှင်းရသေးတာ မဟုတ်ဘူး…”

“ အာ… အဲ့ မိန်းကလေးတွေက ငါနဲ့ ဘာမှကို မဆိုင်တာ ဟုတ်ပြီလား… အကုန်လုံးက ဟို နှာခေါင်း ၊ ချင်းဟန် ခေါ်ထားတဲ့လူတွေ…” လင်းရီ ပြောလိုက်သည်။

“ ပြီးတော့ အဲ့ မိန်းကလေးတွေကို ကြည့်ကြည့်လိုက်… ဘယ်သူပဲ ဖြစ်ဖြစ် ဒီကောင်မလေးနဲ့ ယှဉ်ဖို့ မပြောနဲ့ မှီဖို့ကို အဝေးကြီး… နော်… ကြည့်ဖို့ကို စိတ်မပါတာ… တကယ်… နှမ်းစေ့လေးကောက်ဖို့ လက်ထဲက ဖရဲသီးကြီး ဘာလို့ လွင့်ပစ်ရမှာလဲ ဟုတ်တယ်မလား…”

“ နင်က စကား ဘယ်လိုပြောရမလဲတော့ သိသေးသားပဲ…”

ကျီချင်းရန် စောင်ကို ဆွဲခြုံလိုက်ပြီး အိပ်ဖို့ ဟန်ပြင်သည်။ “ မြန်မြန်အိပ်တော့ … မနက်ဖြန် မနက်ကျရင် အစောကြီး ထရဦးမှာ…”

“ မနက်ဖြန် ရှော့ပင်းသွားမှာ မဟုတ်ဘူးလား… အစောကြီးထပြီး ဘာလဲလုပ်မှာ…”

“ ထမင်းဟင်းချက်ဖို့ပေါ့…” ကျီချင်းရန် ချက်ကျလက်ကျဖြင့် ပြန်ပြောလိုက်ပြီး “ ငါတို့နှစ်ယောက်တည်းဆို ဘယ်လိုပဲ စားစား အဆင်ပြေတယ်.. ဒါပေမယ့် ဧည့်သည်တွေ ရှိနေတော့ ပိုပြီး ကောင်းကောင်းမွန်မွန်လေး ချက်ရမှာပေါ့….”

“ အရူးမလေး… ငါ့အတွက် ချက်ပေးတာက အဆင်ပြေတယ်… ဒါပေမယ့် လူတိုင်းအတွက် လိုက်ချက်ပေးနေလို့တော့ မဖြစ်သေးဘူးလေ…. ငါတို့ ဒီတိုင်း အပြင်ထွက်စားလည်း အဆင်ပြေနေတာပဲ… ထမင်းဟင်းချက်တာက အရမ်းပင်ပန်းတယ်…”

“ ငါ အရမ်းပင်ပန်းမှာကို နင်စိုးရိမ်နေတာလား..” ကျီချင်းရန် အပြုံးတစ်ပွင့်ဖြင့် မေးလာသည်။

“ ဒါပေါ့… မင်း တခြားသူတွေအတွက် ချက်ပေးစရာ မလိုဘူး… ငါ့တစ်ယောက်တည်းကိုပဲ…”

“ ခစ်ခစ်… မွ…”

နောက်တစ်နေ့ နံနက်ခင်းတွင် သူတို့ လေးယောက်စလုံး အပြင်သို့ ထွက်ပြီး မနက်စာ ရောင်းသည့် စားသောက်ဆိုင်သို့ ရောက်လာခဲ့ကြလေသည်။

“ မွန်းလွဲပိုင်းကျရင် ငါ တစ်နေရာ သွားဖို့ ရှိတယ်… ဒီတော့ မင်းတို့ နှစ်ယောက်ကို အဖော်မလုပ်ပေးနိုင်တော့ဘူး… လိုအပ်တာ ရှိရင် မင်းတို့ အစ်မကို ပြောလိုက်… သူ စီစဉ်ပေးလိမ့်မယ်…”

“ ကိုကြီး သွားချင်တဲ့ နေရာသွား… ဘာပဲ ဖြစ်ဖြစ် ပိုက်ဆံက ယောင်းမလေးနားမှာပဲကို… ဒီကလည်း လိုမနေပါဘူးနော်…”

လင်းရီ “ ….. “

ကိုယ့်ဘက်က ပိုက်ဆံလည်း အကုန်ခံ ရသေးတယ်၊ အပြောကလည်း ခံရသေးတယ်…. ၊ ဒီဘက်ခေတ်မှာ အစ်ကိုတစ်ယောက်ဖြစ်ရတာ မလွယ်တော့ဘူးပဲ…

စားသောက်ပြီးနောက် လေးယောက်သား ကိုယ်စီ လမ်းခွဲလိုက်ကြသည်။ လင်းရီ လီစီကျင်းထံ ဖုန်းဆက်ကြည့်လိုက်တော့ သူမ လီချင်းခိုင်၏ သားတော်မောင်၊ လီနင်ရွေ့ အတွက် လိုအပ်သည်များအား ဝယ်ယူနေပြီ ဖြစ်ကြောင်းကို သိရှိလိုက်ရသည်။ ယခု လင်းရီ အားလပ်နေသည်။ ထို့ကြောင့် လျန်ရူရွှယ်၏ နေရာသို့ ဦးတည် မောင်းချလာခဲ့လိုက်သည်။

“ နင် ဒီရောက်လာမယ်ဆိုတာ ငါသိသားပဲ…”

ယခုလေးတွင်မှ အလုပ်သို့ ရောက်လာသည့် လျန်ရူရွှယ်သည် လင်းရီ သူမ၏ ထိုင်ခုံနေရာတွင် ထိုင်နေသည်ကို အံ့အားသင့်ဟန် မပြဘဲ ပြောလိုက်၏။

“ ဟင်…. မင်းဘယ်လိုသိသွားခဲ့တာ..”

“ ဝန်းထဲမှာ Rolls Royce တစ်စင်း ရပ်ထားတာ မြင်တယ်လေ… နင်က လွဲပြီး ငါတို့ ရုံးမှာ ဘယ်သူကများ အဲ့လောက် ကားအကောင်းစားကြီး မောင်းနိုင်မှာမို့လို့…”

လျန်ရူရွှယ် ပြောပြီးနောက် စပြီး အပြစ်တင်တော့သည်။

“ ငါနင့်ကို ပြောခေါက်ပေါင်းလည်း များပြီ.. ကိုယ်လာရင် အဲ့လိုကားမျိုး မောင်းမလာခဲ့ပါနဲ့ဆိုတာကို ဘယ်တော့မှလည်း နားမထောင်ဘူး…”

“ ငါ လုပ်စရာလေးရှိလို့ တစ်နေရာသွားရတော့မှာ… အဲ့တာ မင်းဆီ လာတွေ့တာ…”

“ ငါ့ကို လာတွေ့တယ်…. “ လျန်ရူရွှယ် လင်းရီကို ကြည့်လျက် “ ငါတော့ နင် ငါ့ကို လာပြီး စစ်ဆေးနေတယ်လို့ ခံစားနေရပါလိမ့်…”

“ အဲ့လို တွေးလိုက်လည်း ရတယ်…”

“ ဒီလိုတွေ လုပ်စရာ မလိုပါဘူးဟယ်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါက ကျိုးဟိုင်မှာ အလုပ်လုပ်နေတာ… ပြီးတော့ ငါ့ကို စောင့်ကြည့်နေတဲ့ မမြင်ရတဲ့ မျက်လုံးတွေကလည်း အများကြီး… နည်းနည်းလေး ဖောက်မယ် ကြံရင်တောင် တစ်စုံတစ်ယောက်က ဖော်ထုတ်လိမ့်မယ်… ဒီတော့ နင့်မှာ ခွန်အားတွေ ရှိသေးတယ်ဆိုရင် တခြား မိန်းကလေးတွေ အပေါ်မှာပဲ သုံးလိုက်… နင့်ကိုယ်စား စောင့်ကြည့်ပေးနေတဲ့ လူတွေမှ အများကြီး..”

“ ကောင်းပြီ… ငါအခု နားလည်သွားပြီ…”

“ နင်ရော… ဘာလို့ ဒီအချိန်ကြီးလာခဲ့တာ… ဒုက္ခရောက်နေပြန်ပြီလား..”

“ မြောက်ပိုင်းဒေသကို လေ့လာခရီးထွက်မယ်လို့ ငါ တစ်ခါပြောဖူးတယ်မလား… ဒီ မွန်းလွဲပိုင်းကျရင် သွားတော့မှာ…. ခု အားနေလို့ မင်းဆီ လာခဲ့တာ..”

“ နင် ဒီလာခဲ့တာက ဘာမှ လုပ်စရာ မရှိလို့ အချိန်လာဖြုန်းတာပေါ့ ဟုတ်လား…”

“ ကျေနပ်လိုက်စမ်းပါ… သူများတွေဆို ဒီလို အခွင့်အရေးမျိုး ရချင်လွန်းလို့တောင် မရကြတဲ့လူတွေ တပုံကြီးနော်…”

“ ဒါဆိုလည်း ကျွန်မက ကျေးဇူးတင်ရမှာပေါ့… ဟုတ်ရဲ့လား ဥက္ကဌလင်းရှင့်…”

“ စိတ်ထဲ ကျေးဇူးတင်ရုံနဲ့တင် ရပြီ… ဒီလို မျက်နှာတည့်တည့်ကြည့်ပြီး ပြောတာကျတော့ လေးနက်မှု မရှိတော့ဘူးလေ…”

“ နင်ကတော့ တကယ့်ကို မျောက်လို လူစားမျိုး… နင်ကို တုတ်တစ်ချောင်း ချပေးလိုက်ရင် တကယ်ကြီး တွယ်တက်လာမယ်ဆိုတာ ငါယုံတယ်…”

လျန်ရူရွှယ် အခြား ခုံတစ်လုံး ဆွဲယူ၍ စားပွဲဘေးတွင် ဝင်ထိုင်လိုက်သည်။

“ ငါ ပင်းချိန်မြို့က စိုက်ပျိုးရေး သုတေသန ဌာနနဲ့ စကားပြောပြီးသွားပြီ… နင့်မှာ တောင်းဆိုစရာ ရှိတယ်ဆိုရင် ဒီတိုင်း ပြောလိုက်… သူတို့က နင်နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြလိမ့်မယ်… ဒါပေမယ့် ဒါရိုက်တာချိန်က အလုပ်ကိစ္စနဲ့ ခရီးထွက်နေရတာဆိုတော့ နင် မနက်ဖြန်လောက်မှ သူ့ကို တွေ့ရလောက်တယ်…”

“ အတွင်းရေးမှူးလျန်က သိပ်တော်တာပဲ…. အတွင်းရေးမှူးလျန်က သိပ် ဩဇာရှိတယ်…”

“ ကျစ်… စကားလုံးတွေက ဘာသုံးစားရလို့… နင်က နှစ်ခုကို တစ်ပြိုင်တည်း ကိုင်တွယ်နေတာနော်… အချိန်တွေ အဲ့လောက်ပေါနေရင် ပီပီပြင်ပြင် တစ်ခုလောက် လုပ်ပါဦးလား…”

လျန်ရူရွှယ် ဆိုလိုရင်းကို နှစ်ယောက်လုံး နားလည်ကြသည်။ သို့‌သော် မည်သူကမျှ ထုတ်ဖော်ပြောဆိုကြခြင်း မရှိချေ။

ကလင် ကလင် ကလင်…

ဆယ်နာရီ ဝန်းကျင်လောက် ရောက်တော့ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။ လီစီကျင်းက ဆက်သွယ်လာခဲ့ခြင်းပင်။

“ အစ်ကိုရီ… ကျွန်မအားလုံး ဝယ်ပြီးသွားပြီ… ဘယ်တော့လောက် သွားကြမှာလဲ…”

“ မင်း အခု ဘယ်မှာတုန်း… ငါ မင်းဆီ လာခဲ့လိုက်မယ်…”

“ ဝမ်သ ပလာဇာရဲ့ ဂိတ်အေမှာ…”

“ အဲ့မှာစောင့်နေ… ခုချက်ချင်း လာခဲ့မယ်..”

“ နင် သွားတော့မှာလား…” လင်းရီ ဖုန်းချလိုက်သည်ကို မြင်တော့ လျန်ရူရွှယ် မတ်တပ်ရပ်လိုက်ပြီး မေးသည်။

“ အင်း… ငါ အခု သွားတော့မှာ…”

“ ငါ ပြန်လာတဲ့ထိစောင့်… ပြီးရင် အလိုလိုက်မယ်..”

“ လစ်လစ်လစ်… ငါ့ကို လာရှုပ်မနေနဲ့…”

လင်းရီ လက်ဆန့်ထုတ်၍ လျန်ရူရွှယ်၏ ချပ်ရပ်နေသည့်ခါးကို ဖက်ရင်း နှုတ်ခမ်းကို တပ်မက်ကို နမ်းရှိုက်လိုက်၏။

စစချင်းတုန်းကတော့ လျန်ရူရွှယ် အနည်းငယ် ရုန်းကန်နေသေးသည်။ သို့သော် မလွတ်မြောက်နိုင်မှန်းသိတော့ လင်းရီကို လိုက်လျောပေးလိုက်ရတော့၏။

မိနစ်ဝက်လောက်ကြာပြီးနောက် လင်းရီရဲ့ လက်က လျန်ရူရွှယ်၏ နူးညံ့သည့် ကိုယ်ပိုင်နေရာလေးထံ ဖြည်းဖြည်းချင်း ကျူးကျော်လာနေသည်။ ချက်ချင်းဆိုသလို လျန်ရူရွှယ်၏ စိတ်တစ်ပြင်လုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့သလို ခံစားလိုက်ရသည်။

သူမ လင်းရီကို အလိုလိုက်လို့ မဖြစ်သေးချေ။ ဤနေရာက ရုံးခန်း ဖြစ်ပြီး မတော်တဆ တစ်ယောက်ယောက်ကနေ မြင်တွေ့သွားနိုင်သည်။ အားတင်းထားသည့် အသိစိတ်ဖြင့် လင်းရီကို အားနှင့် တွန်းထုတ်လိုက်ပြီး ရင်ဘက်ကြီး တစ်ခုလုံး တလှပ်လှပ် ခံစားနေရကာ မျက်နှာ တစ်ပြင်လုံးလည်း ရဲတောက်နေတော့သည်။

“ တော်တော့… ငါတို့ ရောက်နေတာ ရုံးခန်း… နင် ဇယား မရှုပ်နဲ့…”

လင်းရီ ရယ်မောလိုက်ရင်း “ ဒါဆိုလည်း ငါ ပြန်လာတာ စောင့်နေ….”

“ ထွက်သွား… ထွက်သွား… “

လျန်ရူရွှယ်သည် လင်းရီကို ရုံးခန်းပြင်ပသို့ ရောက်သည်အထိ ဆက်တိုက် တွန်းထုတ်လိုက်ပြီး တံခါးကို ဘန်းကနဲ မြည်အောင် ပိတ်လိုက်သည်။ ရင်ဘက်ကို လက်တစ်ဖြင့် ဖိနှိပ်ထားရင်း တောက်လောင်နေသည့် ရင်ဘက်ထဲရှိ အပူမီးကို ငြိမ်းသက်ရန် တခဏမျှ အချိန် ယူလိုက်ရ၏။

ရုံးခန်းထဲတွင် ထိုသို့ ပြုလုပ်ရသည်က ပြောပြဖို့ မတတ်နိုင်လောက်အောင် စိတ်လှုပ်ရှား ရင်ဖိုစရာ ကောင်းလှသည်။

လျန်ရူရွှယ်ရဲ့ ရုံးခန်းထဲကနေ ထွက်လာခဲ့ပြီးနောက် လင်းရီ ကားကို ဝမ်သ ပလာဇာသို့ မောင်းလာခဲ့ပြီး လီစီကျင်းက အိတ်ကြီးငယ်တို့ဖြင့် စောင့်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူမ ဝယ်ထားသည်က ပစ္စည်း ဆယ်ခုကျော်လောက် ရှိပြီး အကုန်လုံးကလည်း နာမည်ကြီး ဘရန်းများသာ ဖြစ်လေသည်။

“ ခက်ခဲလိုက်တာ အစ်ကိုရီရေ…. ရှင် ပေးတဲ့ ပိုက်ဆံက အဲ့လောက်များတာ ဒီလောက် သုံးထားတာတောင် ယွမ် ခြောက်သောင်းပဲ သုံးလိုက်နိုင်တယ်… “ လီစီကျင်းကနေ ပြောလာခဲ့ပြီး “ တကယ်လို့သာ ဖုန်းဝယ်ပေးဖို့ အကြံပေးတဲ့ ထင်ထင်ကြောင့်မို့ မဟုတ်ရင် ယွမ် ခြောက်သောင်းတောင် ကုန်ချင်မှ ကုန်မှာ… “

လင်းရီ ပြုံးလိုက်၏။ သူမက မိန်းမကောင်းလေး ဖြစ်သည်မှာ သိသာလှသည်။ ပိုက်ဆံ ဘယ်လိုဖြုန်းရမှန်းတောင် ကောင်းကောင်း မသိရှာပေ။

“ အကုန်လုံး မသုံးလိုက်ရလည်း အဆင်ပြေတယ်.. … ကိုယ့်ရဲ့ ရည်ရွယ်ချက်က ရိုးသားနေရင် ရပြီပဲလေ…. ဘယ်လောက် သုံးထားလဲ ဆိုတဲ့ ပမာဏအပေါ် စိတ်ထားမနေနဲ့…”

လင်းရီ အိတ်များအားလုံးကို ကားထဲထည့်လိုက်၏။

ခမ်းနားပြီး လွှမ်းမိုးနိုင်စွမ်းရှိလှသော Rolls Royce ကားကို မြင်တော့ လီစီကျင်း အင်မတန်မှ စိတ်လှုပ်ရှားနေမိသည်။

ယခုလို ကားအကောင်းစားကြီးအတွင်း ထိုင်ဖူးသည်က သူမ၏ ပထမဆုံး အကြိမ် ဖြစ်၏။ အကယ်လို့ တစ်ခုခု ခြစ်ရာလေးများ ပြုလိုက်မိမည် ဆိုပါက လျော်ပေးဖို့ရာ တတ်နိုင်မည်မှာ မဟုတ်ချေ။ စိတ်တစ်ခုလုံးက တော်တော်လေးကို ကျဉ်းထဲကြပ်ထဲ ရောက်နေတော့၏။

“ အစ်ကိုလီရဲ့ သားဆီ ဖုန်းဆက်ပြီး ငါတို့ကို ကျောင်းဂိတ်ပေါက်ဝမှာ စောင့်နေဖို့ ပြောလိုက်…”

“ အိုကေ အစ်ကိုရီ…”

*******

ကျိုးဟိုင် အင်ဂျင်နီယာ တက္ကသိုလ် ဝင်ပေါက်ဝတွင် လူငယ် ကောင်လေး တစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့သည် လူအုပ်ကြီးထဲ တစ်စုံတစ်ရာကို လိုက်ရှာနေလျက် ရှိ၏။

“ လာမှာလား မလာဘူးလား… ငါ ခဏနေကျရင် လုပ်စရာတွေ ရှိသေးတယ်…”

ကောင်မလေးကနေပြီး စောဒကတက်လိုက်၏။

All Chapters