← Chapters

အွန်လိုင်းပေါ်မှာ အရှက်ခွဲမယ်

Vol. 94 Ch. 1401

အွန်လိုင်းပေါ်မှာ အရှက်ခွဲမယ်

Vol. 94 Ch. 1401

“ ဟမ်…. မင်းက ငါ့ကို အဲ့ကိစ္စ စကားပြောချင်တယ်ပေါ့….”

“ ဒါပေါ့… ငါ့ဖန်တွေက ငါ့မိသားစုဝင်တွေပဲ… ငါ့မှာ သူတို့ဘက်ကနေ ရပ်တည်ပေးဖို့ တာဝန်ရှိတယ်…” ဘက်ဂျင်ဝူ ပြောလိုက်ပြီး “ သူတို့က မင်းရဲ့ ဖုန်းကို ခွဲလိုက်တယ်… ငါ့ဘက်က လျော်ကြေးပေးဖို့ တာဝန်ရှိတယ်… ဒါပေမယ့် မင်းက ငါ့ဖန်တွေကို ရိုက်နှက်ခဲ့တယ်… ဒီအတွက် မင်းဆီကနေ လျော်ကြေးပြန်တောင်းပေးဖို့ ငါ့မှာ တာဝန်ရှိတယ်….”

ဘက်ဂျင်ဝူက သူတို့ကို မိသားစုဝင်များ အဖြစ် မှတ်ယူထားသည်ဟု အသံကြားတော့ သူတို့ခမျာမှာ ရင်ထဲ ထိရှလွန်း၍ မျက်ရည်ပင် ဝဲတက်လာခဲ့တော့သည်။

လင်းရီကြောင့် ဘေးသို့ တွန်းထုတ်ခံလိုက်ရသည့် ကောင်လေးမှာ မတ်တပ်ရပ်၍ “ အစ်ကို ဂျင်ဝူ … သူ ငါ့ကို ခုလေးတင် ရိုက်နှက်ခဲ့တာ ခုထိ နာနေတုန်းပဲ…”

“ မပူနဲ့… ငါ မင်းအတွက် တရားမျှတအောင် လုပ်ပေးမယ်…”

“ ကျေးဇူးတင်ပါတယ် အစ်ကို ဂျင်ဝူ…”

ဘက်ဂျင်ဝူ လင်းရီကို ကြည့်လိုက်ပြီး “ မင်း ငါ့ဖန်တွေကို ဖြေရှင်းချက် တစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်တယ်… သူတို့ကို ချက်ချင်း တောင်းပန်လိုက်…”

“ ဖက်ခ်….”

လင်းရီ ရယ်မောလိုက်ပြီး “ ဦးညွှတ်ပြီး တောင်းပန် ရမယ်ပေါ့... စိတ်၀င်စားစရာပဲ... ငါ့ကို ဦးညွှတ်ပြီး တောင်းပန်ခိုင်းဝံ့တဲ့လူ တစ်ခါမှ မကြုံဖူးသေးဘူး…”

“ ဒါဆိုလည်း ဒီနေ့ ပထမဆုံးအကြိမ်ပေါ့… မင်း ငါ့ဖန်တွေကို ကိုယ်ထိလက်ရောက် ပြုမူခဲ့တယ်… ဒီတော့ မင်း သူတို့ကို တောင်းပန်ရမယ်…”

“ တောင်းပန်….”

“ တောင်းပန်…. “

“ တောင်းပန်….. “

ဘက်ဂျင်ဝူရဲ့ ဖန် အရေအတွက်က တော်တော်လေးကို များ၏။ အားလုံးစုပေါင်းလိုက်လျှင် ခန့်မှန်းချေ တစ်ရာကျော်ခန့်လောက် ရှိမည်ဖြစ်ပြီး အကုန်လုံးက လင်းရီတို့အုပ်စုကို ဝိုင်းရံထားကြကာ တကယ်လို့ မတောင်းပန်ဘူးဆိုပါက လုံးဝ အလွတ်မပေးကြတော့မည့် ဟန်ပင်။

ဤနေရာရှိ ရုန့်ရင်းဆန်ခတ်ဖြစ်မှုက လေဆိပ် တစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့ပြီး ထိုင်ခုံတွင် စောင့်ဆိုင်းနေကြသူများလည်း စူးစမ်းစွာဖြင့် လှည့်ကြည့်လာခဲ့ကြတော့၏။

နောက်ပိုင်း၌ မိန်းမငယ်လေး တော်တော်များများလည်း ယောင်တောင် ကြောင်တောင်ဖြင့် ဖန်အုပ်စုထဲ ဝင်ရောကာ ဘက်ဂျင်ဝူကို ဝန်းရံလိုက်ကြသည်။ သို့သော် အဆိုပါ ဦးနှောက်မပါကြသည့် ဖန်များနှင့်တော့ မတူညီချေ။ သူတို့၏ နှစ်သက်မှုက ထိုအဆင့်ထိတိုင် မရောက်သေးချေ။

သို့သော် သူတို့၏ အိုင်ဒေါက ကျေးတောသား တစ်အုပ်စု၏ နှောင့်ယှက်ခြင်း ခံနေရသည်ကို မြင်တော့ ဒေါသတကြီးဖြင့် လက်ညိုးထိုကုန်ကြတော့၏။ လူတော်တော်များဆိုလျှင် ဖုန်းများထုတ်ကာ ဤဖြစ်ရပ်အား မှတ်တမ်းတင်ထားကြလေသည်။

အတွင်းနှင့် အပြင်ရှိ လူများကို မြင်တော့ ဘက်ဂျင်ဝူ တော်တော်လေးကို အံ့အားသင့်သွားခဲ့ရသည်။

သူကိုယ်တိုင်ပင် ဟွာရှ၌ ထိုမျှ လွှမ်းမိုးမှု ရှိလိမ့်မည်လို့ ထင်မထားခဲ့ချေ။ ကြည့်ရသည်မှာတော့ သူ၏ ယနေ့ ရပ်တည်ချက်က မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့သည့်ဟန်ပင်။ အနှီ ဟွာရှရှိ အမျိုးသမီး ဖန်များက အရူးလုပ်ဖို့ လွယ်ကူလွန်းလှ၏။

“ အစ်ကိုရီ…”

ဧရာမ လူအုပ်ကြီး၏ ဝန်းရံခြင်းကို ခံလိုက်ရတော့ လီစီကျင်း စိတ်ထဲ၌ အနည်းငယ်တော့ စိုးရိမ်မိ၏။

သူမက ငယ်စဉ်ကတည်းကပင် စည်းကမ်းလိုက်နာပြီး မိဘစကား နားထောင်သည့် သမီး အလိမ္မာလေး တစ်ဦး ဖြစ်ခဲ့ကာ ယခုလို ဦးနှောက်မပါကြသည့် ဖန်များနှင့် တစ်ခါမှ မကြုံခဲ့ဖူးပါချေ။ ထို့ကြောင့် လန့်လည်း လန့်သလို အံ့လည်း အံ့အားသင့်သွားမိခဲ့သည်။

“ လမ်းဖယ်စမ်း… လမ်းဖယ်စမ်း…”

အခြေအနေက မတိုးသာ မဆုတ်သာ အခြေအနေသို့ ကျရောက်နေစဉ်မှာပဲ လူအုပ်အပြင်ဘက်မှ ကျယ်လောင်သည့် အသံတစ်သံ ပျံ့လွင့်လို့ လာခဲ့သည်။

လင်းရီကို ဝိုင်းရံနေကြသူများလည်း လူခွဲသွားခဲ့ကြပြီး ၎င်းက လေဆိပ် မန်နေဂျာတစ်ဦး ဖြစ်သည်ကို သတိထားမိလိုက်လေသည်။ သူမက လုံခြုံရေး အစောင့် ဆယ်ယောက်နှင့်အတူ ရောက်ချလာခဲ့၏။

ဘက်ဂျင်ဝူကို မြင်တော့ အမျိုးသမီး မန်နေဂျာ၏ မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့သည်။ ကျိုးဟိုင်ကို လာသည့် ခရီး၌ ရှင်းဟွာလေကြောင်းလိုင်းကို ရွေးချယ်လိမ့်မည်လို့ သူမ မမျှော်လင့်ထားခဲ့ချေ။

သူမလည်း ဘက်ဂျင်ဝူ၏ ဖန်တစ်ယောက် ဖြစ်နေသည်မှာ တစ်နှစ်ခွဲ သက်တမ်း ရှိနေပြီး ယခုလို လူကိုယ်တိုင် အပြင်၌ မြင်တွေ့ဖူးသည်ကတော့ ပထမဆုံး အကြိမ်ဖြစ်လေသည်။

“ မစ္စတာ ဘက်…. ဘာတွေ ဖြစ်နေလဲ ဆိုတာ ရှင်းပြပေးလို့ ရမလားရှင့်…” အမျိုးသမီး မန်နေဂျာကနေပြီး နှာသံလေးဖြင့် ယဉ်ယဉ်ကျေးကျေးမေးလာသည်။

“ ဒီလူ ငါ့ရဲ့ ဖန်တွေကို ကိုယ်ထိလက်ရောက် ပြုမူခဲ့တယ်… သူ ငါ့ဖန်တွေကို ပြန်တောင်းပန်လိမ့်မယ်လို့ မျှော်လင့်တယ်…”

“ ကျွန်မ နားလည်ပြီ…”

အမျိုးသမီး မန်နေဂျာကနေ တုံ့ပြန်၍ လင်းရီကို ကြည့်လိုက်၏။

“ လူကြီးမင်းရှင့်.. ဒါက လေဆိပ်ပါ… အများပြည်သူ သွားလာလှုပ်ရှားတဲ့ နေရာပါ… လူကို ကိုယ်ထိလက်ရောက် ပြုမူတယ်ဆိုတာ အစကတည်းကနေ မှားယွင်းတယ်… ရှင် မစ္စတာဘက်နဲ့ သူ့ပရိသတ်ကို တောင်းပန်မယ်လို့ မျှော်လင့်ပါတယ်…”

“ မင်းက ငါ့ကို တောင်းပန်စေချင်တယ်ပေါ့…” လင်းရီ မျက်ခုံးတစ်ချက်ပင့်၍ မန်နေဂျာကို ကြည့်လိုက်ပြီး “ မင်း ဒီမှာ အလုပ်လုပ်ချင်သေးရင် ဒီခုကိစ္စထဲ ဝင်မပါနဲ့…”

“ ရှင် ကျွန်မကို လာပြီး ခြိမ်းခြောက်နေတာလား…..” အမျိုးသမီး မန်နေဂျာကနေ ဒေါသတကြီးဖြင့် ပြောလိုက်ပြီး “ ရှင်းဟွာ လေကြောင်းလမ်းက ရှင်တို့ လုပ်ချင်တိုင်း လုပ်လို့ရတဲ့ နေရာမဟုတ်ဘူး…. ရှင် မတောင်းပန်ဘူးဆိုရင် လုံခြုံရေးတွေနဲ့ အရေးယူရလိမ့်မယ်… ပြီးရင် ရှင့်ကို သက်ဆိုင်ရာ လက်ထဲ အပ်မယ်…”

“ ဒါဆိုလည်း လာလေ….”

“ လူကြီးမင်း.. ကျွန်မတို့ အကြမ်းနည်း မသုံးချင်ဘူး… လူကြီးမင်းဘက်က မာနကို တစ်ထစ်ချပေးဖို့ မျှော်လင့်တယ်.. ပြီးတော့ ကျိုးကြောင်းဆက်စပ်မှု ရှိမယ်လို့လည်း မျှော်လင့်ပါတယ်…”

လင်းရီ ရယ်မောလိုက်သည်။ “ ဒီမှာ ကျိုးကြောင်းဆက်စပ်မှု မရှိတဲ့ လူတွေက မင်းတို့လို့ပဲ ငါတော့ ထင်တယ်… မန်နေဂျာ မိန်းကလေး… မင်းက နိုင်ငံရေးမှာ မပါသင့်တဲ့ဘက်ကနေပြီး ဝင်ပါနေတာနော်…. မင်းက တောင်ကိုးရီးယားက အကောင်တစ်ကောင်အတွက် ကူပြောပေးနေတယ်ပေါ့ ဟုတ်လား… ရှင်းဟွာ လေကြောင်းလိုင်းက ဘာလို့များ မင်းလို လူကို ခန့်ထားလဲ ဆိုတာ ငါသိချင်လိုက်တာ…”

“ ရှင်….”

အမျိုးသမီး မန်နေဂျာမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သည်အထိ ဒေါသထွက်နေမိ၏။

“ ရှင့်ဘက်က သတိပေးတာကို နားမထောင်ချင်ဘူး ဆိုမှတော့ ကျွန်မကို အဆိုးမဆို နဲ့ပေါ့… လုံခြုံရေးတွေ … သူ့ကို ဖမ်းလိုက်…”

ပြောပြီးသည်နှင့် အမျိုးသမီး မန်နေဂျာသည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ သူမ နောက်ရှိ လုံခြုံရေး အစောင့်များက လင်းရီထံသို့ ကြမ်းတမ်းစွာဖြင့် တိုးဝင်လာကြလေသည်။

ဝှစ်….

လင်းရီ ခြေထောက်မြှောက်၍ ရှေ့ဆုံးက တစ်ယောက်ကို ကန်ကျောက်လိုက်သည်။

တစ်ဖက်သူမှာ အငိုက်မိသွားခဲ့ပြီး အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိတော့ပဲ သူ၏ ခန္ဓာကိုယ်က ကိုယ်ပိုင် ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားခဲ့ကာ အဝေးသို့ လွင့်ထွက်သွားလေတော့သည်။

သို့သော် သူ့အနောက်ရှိ လူများက ဖမ်းထားပေးလား ဆိုတော့ ဖမ်းထားမပေး။ အကုန်လုံးက လူစုခွဲလိုက်ကြပြီး သူ့ကို ကြမ်းပြင်ပေါ် ပြင်းပြင်းထန်ထန် ပြုတ်ကျသွားစေခဲ့၏။

လင်းရီ၏ ခြေကန်ချက်က တိုးဝင်လာနေသည့် လုံခြုံရေး အစောင့်များ အားလုံးကို ကြက်သေသေသွားစေခဲ့သည်။ သူတို့ မသိစိတ်အလျောက် အရှိန်လျော့သွားခဲ့ကြပြီး သူတို့လက်ထဲ၌ ရဲဘက်တံ တုတ်များ ရှိနေလင့်ကစား ရှေ့သို့ ခြေတစ်လှမ်း ဆက်မတိုးဝံ့ကြဘဲ ဖြစ်နေလေသည်။

“ သွားစို့…”

လင်းရီ လီစီကျင်းနှင့် ကျန်သူများ အားလုံးကို စုစည်း၍ လေယာဉ်စီးမည့် ဂိတ်သို့ ဦးတည်သွားလိုက်သည်။

သို့သော်လည်းပဲ သူ ခြေလှမ်း အနည်းငယ်မျှ လှမ်းလို့ မပြီးသေးခင်မှာဘဲ ဘက်ဂျင်ဝူရဲ့ ဘော်ဒီဂတ်များ၏ ပိတ်ပင် တားဆီးခြင်းကို ခံလိုက်ရ၏။

“ ဆာ… မင်း မစ္စတာဘက်နဲ့ သူ့ဖန်တွေကို မတောင်းပန်ရသေးဘူး… ဒီတော့ မင်း ထွက်သွားလို့ မရသေးဘူး…”

“ လုံခြုံရေး အစောင့်ကတောင် မှောက်နေပြီကို မင်းတို့က ကိုယ့်အရှက်ကိုယ် ခွဲချင်ကြသေးတာလား…”

ဘက်ဂျင်ဝူနှင့် သူ့မန်နေဂျာတို့ မရယ်မောဘဲ မနေနိုင်ကြတော့ချေ။

အဲ့ လုံခြုံရေး အစောင့်က ဘာမို့လို့… သူတို့က သူ့ရဲ့ ကိုယ်ပိုင် သက်တော်စောင့်တွေနဲ့ ယှဉ်နိုင်မှာတဲ့လား….

ဒီကောင်က တုံးအလိုက်တာ…

“ သူတို့က လုံခြုံရေး အစောင့်… ငါတို့က ပရော်ဖက်ရှင်နယ် ဘော်ဒီဂတ်… ငါတို့နှစ်ခုက မတူညီတဲ့ လူအမျိုးအစား နှစ်ခုတွေပဲ … ကျေးဇူးပြုပြီး မရောထွေးလိုက်ပါနဲ့… အဲ့တာက မင်း ဘယ်လောက်တောင် အသိဉာဏ်ခေါင်းပါးလဲဆိုတာ ပြသရာ ရောက်နေလိမ့်မယ်…”

အလင်းကဲ့သို့ အလျင်နှုန်းဖြင့် လင်းရီ သူ၏ လက်ကို ဆန့်ထုတ်၍ ဘော်ဒီဂတ်၏ လက်မောင်းကို ဆွဲယူလိုက်ကာ နောက်ပြန်ဆွဲလိုက်၏။

ပရော်ဖက်ရှင်နယ် ဘော်ဒီဂတ် တစ်ယောက်အနေဖြင့် တစ်ဖက်သူ၏ လှုပ်ရှားမှုက အလွန်တရာကို လျင်မြန်သည်။ သူ အလျင်အမြန် နောက်သို့လှည့်လိုက်ပြီး လင်းရီလက်ထဲကနေ ရုန်းထွက်ဖို့ ကြိုးစားလိုက်၏။

ထိုသို့ ဆိုလျှင်တောင်…

လင်းရီက သူ့ကို အခွင့်အရေး ပေးလိမ့်မည်လော…

သူ၏ ခြေထောက်ကို မြှောက်၍ ဒူးဆစ်ကွေး နေရာကို ကန်ကျောက်လိုက်သည်။ တစ်ဖက်သူမှာ ရုတ်ချည်းဆိုသလို ဟန်ချက် ပျက်ပြားသွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်လျက်သား ဖြစ်သွားခဲ့တော့၏။

ဘက်ဂျင်ဝူနှင့် ကျန်သူများ အားလုံး အံ့အားသင့်သွားခဲ့ကြလေသည်။ ကုမ္ပဏီက ခန့်အပ်ထားပေးသည့် ကျွမ်းကျင် ဘော်ဒီဂတ် တစ်ယောက်က ယခုလို ရှုံးနိမ့်သွားလိမ့်မည်လို့ သူ ထင်မှတ်မထားခဲ့ချေ။

ထို့ပြင် သူက ယခုလို လူမြင်ကွင်းကြီး၌ပင် တစ်ဖက်လူကို ဒူးထောက်နေရလေသည်။

ဤသည်က ဧရာမ အနိုင်ကျင့် စော်ကားမှုကြီး ဖြစ်၏။

လင်းရီ ကျန်သည့် ဘော်ဒီဂတ်များထံ ကြည့်လျက် “ မင်းတို့ ရှေ့တက်လာဝံ့ရင် ငါမင်းတို့ကို ဒူးထောက်ခိုင်းထားမယ်…”

“ တက်ကြ….”

ပရော်ဖက်ရှင်နယ် ဘော်ဒီဂတ်များက လေဆိပ်ရှိ လုံခြုံရေး အစောင့်များနှင့် မတူညီချေ။ သူတို့ထဲက တစ်ယောက် အမှောက်သိပ်ခံလိုက်ရလျှင်ပင် သူတို့ ကာကွယ်ပေးနေရသည့်သူကို စွန့်ပစ်ပြီး ထွက်ပြေးသွားကြမည့် လူစားမျိုး မဟုတ်ကြချေ။

ဘော်ဒီဂတ် ငါးယောက်လုံးက လင်းရီရှေ့ ပြေးတက်လာပြီး သူ့ကို ဝန်းရံလိုက်ကြ၏။

“ တစ်ယောက်တည်းကို လူတွေ အများကြီးက ဝိုင်းပြီး တိုက်ခိုက်နေကြတယ်… ဒါ အနိုင်ကျင့်နေတာ မဟုတ်ဘူးလား…” ရွာသား တစ်ယောက်က ပြောလိုက်သည်။

“ လူတိုင်းပဲ… အတူတိုက်ခိုက်ကြမယ်… ငါတို့ ဒါရိုက်တာလင်းကို သူတို့ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ မရစေရဘူး…”

“ ဟမ့်..”

ဘော်ဒီဂတ် တစ်ယောက်က နှာခေါင်းရှုံ့လိုက်ပြီး “ မင်းတို့လို အပင်စိုက်တဲ့ကောင်တွေကများ ငါတို့ကို ဆန့်ကျင်ချင်နေတယ်ပေါ့ ----- “

ဝှစ်….

လင်းရီ ဘော်ဒီဂတ်ရဲ့ ဒူးဆစ်ကွေးကို ကန်လိုက်၏။

တစ်ဖက်သူက ချက်ချင်းဆိုသလို ဒူးထောက်လျက်သား ဖြစ်သွားခဲ့လေသည်။ အကန်ခံလိုက်ရသည်က အင်မတန် နာကျင်လွန်းလှကာ မတ်တပ် ပြန်မရပ်နိုင်လောက်တော့သည် အထိပင်။

“ အပင်စိုက်တဲ့ကောင်တွေ ဟုတ်လား… မင်းတို့လို ကင်မ်ချီလောက် နေ့တိုင်း စားနေတဲ့ ကောင်တွေကများ ငါတို့ကို လာပြီး အထင်သေးနေတယ်ပေါ့….” ကျန်သည့် လူလေးယောက်လုံး အရမ်းကာရော မတိုက်ခိုက်ဝံ့ကြတော့ချေ။ သူတို့ရှေ့ ရပ်နေသည့် ကောင်လေး၏ အရည်အချင်းက သူတို့ထက် အများအပြား သာလွန်နေသည်။ သေချာပေါက် သတိထားရလိမ့်မည်။

“ ရပ်ကြတော့…”

ဘက်ဂျင်ဝူ အချိန်ကိုက် ဝင်ပြီး ဟန့်တားလိုက်သည်။

ဤကိစ္စတွင် သူက ဒီတိုင်း စကားနည်းနည်းပါးပါး ဝင်ပြော၍ နာမည်ကောင်း ယူချင်ရုံမျှသာ ဖြစ်ပြီး သူ၏ ဘော်ဒီဂတ်များကို မထိခိုက်စေချင်ပေ။ အထူးသဖြင့် ယခုလို နည်းလမ်းမျိုးဖြင့်ပင်။

“ ဂျင်ဝူ အိုပါး… အိုပါး ငါတို့အတွက် တွေးပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ… သူတို့လို အဆင့်ရောက်အောင် ကိုယ့်ကိုယ်ကို နှိမ့်ချမနေနဲ့…”

“ ဟုတ်တယ် ဟုတ်တယ်… သူက ဒီတိုင်း တောသား အရိုင်းအစိုင်းကောင်ပဲ… သူ့ကို လျစ်လျူရှုထားကြစို့…”

“ ဟွန့်… ငါတို့ ဂျင်ဝူ အိုပါးကိုများ ဘယ်လိုတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြောဝံ့နေတာ… ငါ ခဏနေကျရင် သူ့ကို အွန်လိုင်းပေါ်မှာ အရှက်ခွဲမယ်… လူတိုင်းက သူ့ကို ကြမ်းကြမ်းတမ်းတမ်း ပြောတဲ့အခါကျ သူ ဘယ်လို ခံစားရမလဲ ကြည့်ကြသေးတာပေါ့….”

All Chapters