← Chapters

ကင်မ်ချီစားပြီး အားမရှိသူ

Vol. 94 Ch. 1402

ကင်မ်ချီစားပြီး အားမရှိသူ

Vol. 94 Ch. 1402

လင်းရီ ဘက်ဂျင်ဝူနှင့် သူ၏ ဦးနှောက်မပါကြသည့် ဖန်များအား လျစ်လျူရှုထားလိုက်ပြီး လီစီကျင်းနှင့် ရွာသူရွာသားများအား ဦးဆောင်၍ ထွက်ခွာသွားခဲ့လိုက်သည်။

သို့သော် အဆိုပါ ဦးနှောက်မပါကြသည့် ဖန်များက လင်းရီကို လွယ်လွယ်နှင့် အလွတ်ပေးချင်ကြသည့်ပုံ မပေါ်ချေ။ သူတို့အားလုံး ဘက်ဂျင်ဝူထံသို့ ပြေးဝင်လာကြ၏။

သို့သော် ဘော်ဒီဂတ် ခြောက်ယောက်က တာဝန်ကျေပွန်စွာဖြင့် ဘက်ဂျင်ဝူကို ဝန်းရံထားလိုက်ပြီး အဆိုပါ ဦးနှောက်မပါသည့် ဖန်များအား အနားသို့ အကပ်မခံကြချေ။

“ ဂျင်ဝူ အိုပါး… ဘာမှ မစိုးရိမ်နဲ့နော်… ငါတို့ သူ့ရဲ့ နောက်ခံကို ကျိန်းသေပေါက်ရှာနိုင်တယ်… ပြီးရင် သူ့ကို ဒီရဲ့ လူ့အသိုင်းအဝိုင်းထဲမှာ အသက်ရှင်ချင်စိတ် ပျောက်သွားအောင် လုပ်ပေးမယ်…”

“ အဲ့လို လုပ်စရာ မလိုပါဘူး… မင်းတို့က ငါ့ရဲ့ ဖန်တွေ … ငါ့ရဲ့ မိသားစုဝင်တွေ… ငါကသာ မင်းတို့ကို ကာကွယ်ပေးသင်တာ… ငါ့ကို ကာကွယ်ပေးဖို့ မတောင်းဆိုဘူး..”

ဘက်ဂျင်ဝူ၏ စကားလုံးများကို ကြားတော့ ဖန်များအားလုံး မျက်ရည်လည်လာကြတော့သည်။

“ မဟုတ်ဘူး… သူက ငါတို့ကို အနိုင်ကျင့်နေတာ… ငါတို့ အိုပါးကို ကာကွယ်ကြရမယ်… ဒါငါတို့ တာဝန်ပဲ…”

ထိုအခိုက်အတန့်တွင် အမျိုးသမီး မန်နေဂျာသည် ရှေ့သို့‌ ရောက်လာပြီး ဘက်ဂျင်ဝူကို တောင်းပန်တိုလျှိုးစွာ ကြည့်၍ “ မစ္စတာဘက် … ကျွန်မ တကယ့်ကို တောင်းပန်ပါတယ်… ဒီလိုမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ကို ထင်မထားခဲ့တာ… ဒီခု ဖြစ်ရပ်က ရှင့်ကို ဟွာရှအပေါ်မှာ မကောင်းတဲ့ အမြင်တွေ အကျိုးသက်ရောက်မှု မရှိသွားစေဖို့ မျှော်လင့်ပါတယ်….”

“ ရပါတယ်… “ ဘက်ဂျင်ဝူ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ခုလို ကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ… ငါ မှတ်မိနေမှာပါ…”

ဘက်ဂျင်ဝူ၏ စကားလုံးများက သူ၏ ဦးနှောက်မပါသည့် အမာခံဖန်များကို တစ်ဖန် စိတ်လှုပ်ရှားသွားစေသည်။ အမျိုးသမီး မန်နေဂျာဆိုလည်း သူ့ကို တောက်လောင်နေသည့် အကြည့်ဖြင့် ကြည့်နေတော့၏။

“ မစ္စတာဘက်… ကျွန်မလည်း ရှင့်ဖန်တွေထဲက တစ်ယောက်ပါပဲ… ကျွန်မကို လက်မှတ်ထိုးပေးလို့ ရမလားဟင်….”

“ ရတာပေါ့ ”

………….

ဂိတ်ကို ဖြတ်ကျော်လာခဲ့ပြီးနောက် လင်းရီနှင့် ကျန်သူများအားလုံး ကိုယ်ပိုင် လေယာဉ်ထံ လျှောက်လှမ်းလာခဲ့ကြသည်။

“ ဒါရိုက်တာလင်း… ငါတို့ တကယ့်ကို တောင်းပန်ပါတယ်… ငါတို့ကြောင့်နဲ့ နာမည်ကြီး အနုပညာရှင် တစ်ယောက်ကို အပြစ်ပြုမိသလို ဖြစ်သွားခဲ့ပြီ… ငါတို့ ကြုံသလို ဓာတ်ပုံတွေ လျှောက်မရိုက်ခဲ့သင့်ဘူး….”

“ အဆင်ပြေပါတယ်… အဲ့ လူတွေကိုက ဦးနှောက် မရှိလွန်းတာ… ဘေးမဲ့ပေးထားလိုက်…”

“ ငါတို့ရဲ့ လေယာဉ်ချိန်ကိုတော့ အကျိုးသက်ရောက်မှု မရှိဘူးမလား…”

“ ငါတို့က ကိုယ်ပိုင် လေယာဉ်နဲ့ သွားကြမှာလေ… ဘယ်လိုလုပ်ပြီး အကျိုးသက်ရောက်မှု ရှိမှာ…”

“ ကိုယ်ပိုင်လေယာဉ်နဲ့လား….”

တုံးစန်းကောင်တီ၏ ရွာသူရွာသားများအားလုံး တစ်ဖန် ရှော့ခ်ရသွားခဲ့ကြပြန်သည်။

တစ်ကြိမ် တစ်ခါမျှ လေယာဉ်စီးနိုင်သည်ကပင် သူတို့အတွက် အင်မတန် ခမ်းနားကြီးကျယ်သည့် ဖြစ်ရပ်ကြီး တစ်ခု ဖြစ်နေပြီးသားပင်။ ယခုလို ကိုယ်ပိုင် လေယာဉ်ကို စီးခွင့်ကြုံရလိမ့်မည်လို့ သူတို့ လုံးဝ မမျှော်လင့်ထားသည်မှာ အမှန်ပင်။

ဤသည်က TV ဒရာမာကားများထဲ၌သာ မြင်တွေ့နိုင်သည့် အရာကြီး ဖြစ်လေသည်။

မကြာမီ သူတို့ရင်ထဲရှိ အုံ့ဆိုင်းနေမှုများအားလုံး နေလာနှင်းကဲ့သို့ ပပျောက်သွားခဲ့ပြီး ကိုယ်ပိုင် လေယာဉ်စီးရတော့မည် ဟူသည့် အတွေးကြောင့် အကုန်လုံးက ပျော်ရွှင်နေကြ၏။

လီစီကျင်းသည်သာလျှင် အနည်းငယ် စိုးရိမ် ပူပန်နေခဲ့သည်။ မည်သို့ပင်ဆိုစေ တစ်ဖက်သူက နာမည်ကြီး ပုံရိပ် တစ်ခု ဖြစ်ပြီး သူမကဲ့သို့သော နာမည်ကြီးများနောက် လိုက်စားလေ့ မရှိသူပင် ဘက်ဂျင်ဝူ၏ နာမည်ကို ကြားဖူးနားဝ ရှိ၏။

ဧရာမ များပြားလှသည့် ဖန်ဘေ့စ်ကြီး တစ်ခုကို ထည့်သွင်းစဉ်းစားကြည့်လိုက်မည်ဆိုပါက ဤကိစ္စကို ကောင်းကောင်းမွန်မွန် မကိုင်တွယ်ဘူးဆိုလျှင် အစ်ကိုရီ၏ စီးပွားရေး လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှု အချို့ ရှိလာနိုင်ပေသည်။

“ အဆင်ပြေတယ်… ဖြုတ်ကလေးခုန်လို့ ဖုန်မထပါဘူး…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ဒီရဲ့ လေကြောင်းလိုင်းကလည်း ငါ့ ဘော်ဒါ တစ်ယောက်ရဲ့ မိသားစုက ပိုင်တာလေ… ငါ ခဏနေကျရင် သူ့ကို ဖုန်းဆက်ပြီး ကြည့်ကြပ် ကိုင်တွယ်ဖို့ ပြောလိုက်မယ်… “

လီစီကျင်း ပြောစရာ စကား ကင်းမဲ့သွားခဲ့တော့၏။

အစ်ကိုရီရဲ့ သူငယ်ချင်းတွေ အကုန်လုံးက ဒီလိုမျိုး ဩဇာအာဏာကြီးတဲ့ လူတွေချည်းပဲလား..

ဂိတ်ထဲကနေ ထွက်လာခဲ့ပြီးနောက် လင်းရီ အုပ်စုကို ကိုယ်ပိုင် လေယာဉ်ရပ်ထားသည့် နေရာသို့ ခေါ်ဆောင်လာခဲ့သည်။ ဖြတ်သွားဖြတ်လာ လူတစ်ချို့က သူတို့ အုပ်စုဘက်သို့ မသိမသာ ကြည့်ရင်း ခပ်နွမ်းနွမ်း အဝတ်အစားများကို မြင်တော့ မျက်ဝန်းများက အထင်သေးမှုတို့ဖြင့် ပြည့်နှက်သွားခဲ့ကြသည်။

“ ကမ္ဘာကြီးက ဘာတွေ ဖြစ်ကုန်တာတုန်းဟ… အပင်စိုက်တဲ့ကောင်တွေတောင် လေယာဉ်စီးနိုင်တဲ့ အထိ လက်မှတ်တွေက ဈေးပေါကုန်ပြီလားတဲ့…”

“ ဈေးအပေါဆုံး economy class လက်မှတ် ဝယ်ပြီး ကြားထဲမှာ အဆင့်တွေ အများကြီး စီးရတဲ့ ဥစ္စာ နေမှာပေါ့.. ဒါမှ လက်မှတ်က ရထားစီးရတာထက် ပိုသက်သာမယ်လေ… အဲ့လို တွေးကြည့်လိုက်ရင် သူတို့အတွက်က ပေးပျော်ပါတယ်…”

“ မင်း ပြောသလိုသာဆို economy class က ကြောက်စရာကြီးပဲ… တောင်တန်းနဲ့ ကျေးလက်ဘက်က လူတွေနဲ့ ပြည့်နေမယ်ထင်တယ်… ကံကောင်းချင်တော့ ငါက လေယာဉ်စီးရင် အမြဲတမ်း business class နဲ့ first class ကနေပဲ အမြဲစီးတဲ့သူလေ… တစ်ထောက်နားရတဲ့ လေယာဉ်ဆို ဘယ်တော့မှ မစီးဘူး.. တကယ်လို့ လေယာဉ်ပေါ်မှာသာ ဒီလို လူမျိုးတွေနဲ့ လာတိုးလို့ကတော့ စီးချင်စိတ်တောင် ပျောက်သွားမယ်ထင်တယ်…”

“ အမှန်ပဲ… ကျေးတောသား တစ်အုပ်စုရဲ့ အလယ်မှာ ရှိနေမှာကို တွေးကြည့်ရုံနဲ့တင် အမယ်လေး…. ကြောက်ဖို့ကောင်းလိုက်တာ…”

“ ငါတော့ ဒီ လေကြောင်းလိုင်းတွေကနေ လေယာဉ်စီးရင် အမြဲလိုလို first class ကနေပဲ လိုက်စီးတာများတယ်.. ဒါပေမယ့် တစ်ခါမှတော့ ကိုယ်ပိုင်လေယာဉ်တွေ မစီးကြည့်ဖူးသေးဘူး… တစ်ခါလောက်လေးများသာ အခွင့်အရေး ရလို့ကတော့လေ….”

“ နင် ဟိုနားလေးနားမှာ ရပ်ထားတဲ့ Gulfstream G650 ကို မြင်လား…”

“ မမြင်ရအောင် ငါက ကန်းနေလို့လားဟဲ့… အဲ့တာက ကမ္ဘာ့ထိပ်တန်း ကိုယ်ပိုင်ဂျက်ထဲ ပါတယ်တဲ့နော်… ဟွာရှ တစ်ခုလုံးမှာတောင် ဒီလို လေယာဉ်မျိုး ပိုင်ဆိုင်ထားတဲ့လူက လက်ချိုးရေလို့ ရတယ်… ငါသာ တစ်ခါလောက်လေး အဲ့ထဲမှာ လိုက်စီးခွင့်ရမယ် ဆိုလို့ကတော့ ပိုင်ရှင်က ဘာကြီးပဲ ဖြစ်နေ ဖြစ်နေပါစေ… တစ်လလုံး အလကား ပေးအိပ်ပစ်လိုက်မယ်….”

“ အိပ်မက်လေးကတော့ လှပါပေရဲ့… အဲ့လို လေယာဉ်မျိုး ပိုင်တဲ့လူတွေက ဟွာရှရဲ့ ထိပ်တန်း တိုင်ကွန်းကြီးတွေချည်းပဲ… နင့်လို လူစားမျိုးကို ဘယ်သူကမှ မျက်စိထဲ ထည့်နေမှာ မဟုတ်ဘူး… “

“ အဲ့တာ နင်မှားတာပဲ… ကိုယ့်ဘက်က လုံလောက်အာင် ကြိုးစားမယ်ဆိုရင် မဖြစ်နိုင်တာ မရှိဘူး… ငါ ကြံရင် အကုန်ဖြစ်ပါတယ်နော်…”

“ ခစ်ခစ်… ဟုတ်ပါပြီ ဟုတ်ပါပြီ ယုံပေးလိုက်ပါ့မယ်…”

လမ်းတစ်လျှောက် စကားသံ အမျိုးအမျိုးကို လင်းရီ ကြားနေရသော်လည်းပဲ အားလုံးကို မသိကျေးကျွံ ပြုထားပြီး သူ၏ Gulfstream G650 ထံသို့သာ တန်းတန်းမတ်မတ် ဦးတည်နေသည်။

ထိုအခိုက်အတန့်တွင် ဝန်ထမ်းများက တံခါးဝတွင် ကြိုတင် စောင့်ဆိုင်းနေပြီး ဖြစ်၏။

“ ဥက္ကဌလင်း… လေယာဉ်က အဆင့်သင့်ဖြစ်ပါပြီ… အချိန်မ‌ရွေး ပျံသန်းဖို့ အသင့်ပါပဲ…”

“ ကောင်းပြီ… အဆင်သင့် လုပ်ထားဦး… ငါတို့ ခဏနေဆို ထွက်ကြမယ်…”

“ ဟုတ်ကဲ့ ဥက္ကဌလင်း…”

ဝန်ထမ်းများ၏ ပျူငှာမှုနှင့်အတူ လင်းရီနှင့်တုံးစန်းကောင်တီက လူများအားလုံး လေယာဉ်ပေါ်သို့ ရောက်လာခဲ့ကြလေသည်။

ဤမြင်ကွင်းက လူတိုင်းကို ကြက်သေသေသွားစေခဲ့၏။

ဟာ… ဘာတွေ ဖြစ်နေတာလဲ… အဲ့ အပင်စိုက်တဲ့ အုပ်စုက တကယ်ကြီး ကိုယ်ပိုင် လေယာဉ်ပေါ် တက်သွားကြတယ်ပေါ့…

ကောင်းကင်ဘုံ….

ဒီလို အပင်စိုက်တဲ့ ကောင်တွေကို လေယာဉ်အကောင်းစားကြီးထဲ ပေးဝင်နေတယ်… ဘယ်လိုတောင် ဖြုန်းတီးလိုက်သလဲ…

နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက သူတို့သည် အဆိုပါ အပင်စိုက်ကြသည့် ကျေးတောသား အုပ်စုနှင့် တကယ်ကြီး အလှမ်းဝေးနေသည့်ပုံပင်။

သို့သော် အုပ်စုထဲ ရှိနေကြသူများကတော့ ထိုမြင်ကွင်းကို ဂရုမစိုက်အားတော့ချေ။ လေယာဉ်တွင်း ခမ်းနားသည့် အပြင်အဆင်များက သူတို့၏ အာရုံကို လုံးဝဥဿုံ ဆွဲဆောင်သွားခဲ့တော့သည်။

ဘယ်ကြည့်လိုက် ၊ ညာကြည့်လိုက် ၊ အပေါ်ကြည့်လိုက် ၊ အောက်ကြည့်လိုက်နှင့် အရာအားလုံးက စိတ်ဝင်စားဖို့ ကောင်းနေတော့၏။

လီစီကျင်းပင် မနေနိုင်ပဲ ဆယ်လ်ဖီပုံ အနည်းငယ် ရိုက်ကာ ဝမ်ထင်ထံ ပို့ပေး၍ ကြွားဝါလိုက်သေး၏။

အခြားတစ်ဖက်ရှိ ဝမ်ထင်ကတော့ မည်သို့မျှ မနေချေ။ လင်းရီက သိပ်ကို အံ့အားသင့်ဖို့ ကောင်း၏။ အင်မတန် အံ့အားသင့်ဖို့ ကောင်းလွန်း၍ လူကို လက်မှိုင်ချထားစေသည်အထိပင်။

အားလုံးက ထိုင်ခုံကိုယ်စီတွင် ထိုင်လိုက်ကြပြီးနောက် လေယာဉ်သည် အလျင်အမြန် စတင်ထွက်ခွာပြီး မြောက်ပိုင်းသို့ ဦးတည် ပျံသန်းသွားတော့၏။

……

ရှင်းဟွာ လေကြောင်းလိုင်း ကုမ္ပဏီ၏ ပါကင်နေရာတွင် အက်စတွန် မာတင် ဝမ်းဆဲဗင်းဆဲဗင်း တစ်စင်းက ရုံးအဆောက်အဦး၏ ရှေ့မှောက်တွင် နေရာယူထားသည်။

လျန်ကျင်းမင် စီးကရက်တိုကို ကောက်ပစ်၍ ကားထဲကနေ ထွက်လိုက်၏။

သူ၏ အမူအရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်စက်နိုင်နေသည်။

“ ဥက္ကဌလျန်…” ကြိုတင် စောင့်ဆိုင်းနေပြီး ဖြစ်သည့် အတွင်းရေးမှူးမလေးက ချိုသာသည့် လေသံဖြင့် နှုတ်ဆက်၏။

“ လေဆိပ်မှာ ကျိုးလိလိဆိုတဲ့ နာမည်နဲ့ မန်နေဂျာ ရှိလား…”

“ အွန်း … သူက လက်ရှိ လေဆိပ် လုံခြုံရေးကို တာဝန်ယူနေတဲ့သူလေ…”

“ သူ့ကို ငါ့ရုံးခန်းထဲ လာခဲ့ဖို့ ပြောလိုက်…”

“ နားလည်ပါပြီ ဥက္ကဌလျန်… ကျွန်မ အခုပဲ သွားပြောလိုက်ပါ့မယ်…”

လျန်ကျင်းမင် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် ရုံးအဆောက်အဦးထဲသို့ ဝင်သွားပြီး သူ၏ ရုံးခန်းထဲ ဦးတည်လိုက်၏။

မိနစ် နှစ်ဆယ်ကြာပြီးနောက် ရုံးအပြင်ဘက် ကော်ရစ်ဒါတွင် စုံပြိုင်သည့် ဒေါက်ဖိနပ်သံများ ထွက်ပေါ်နေသည်။

“ အတွင်းရေးမှူးဝမ်… နင် ငါ့ကို သတင်း နည်းနည်းလောက် ပြောပြပေးလို့ရလား… ဥက္ကဌလျန်က ဘာလို့ ငါနဲ့ တွေ့ချင်နေရတာလဲတဲ့…”

အမျိုးသမီး မန်နေဂျာ ၊ ကျိုးလိလိက စကားအစ်ကြည့်လိုက်လေသည်။

“ ငါလည်း မသိဘူး… ဥက္ကဌလျန်က တော်တော်လေး အလျင်လိုနေတဲ့ပုံပဲ… ကားထဲက ထွက်လာပြီးတာနဲ့ နင့်ကို ရုံးခန်းထဲ လာခဲ့ဖို့ ချက်ချင်း ပြောတော့တာပဲ… တခြား ဘာမှလည်း မပြောဘူး…”

“ နည်းနည်းတော့ ထူးဆန်းတယ်.. ငါ့လို ပါမွှား ယင်ကောင်လေးက ဥက္ကဌလျန်ကို သတိပြုမိစေလောက်တဲ့အထိတော့ မဖြစ်သင့်ဘူးလေ ဟုတ်တယ်မလား….”

“ ငါတော့ ဥက္ကဌလျန်က နင့်ကို တခြား ကိစ္စကြောင့်နဲ့ တွေ့ချင်နေတာလို့ ထင်တယ်…” အတွင်းရေးမှူး မိန်းကလေးက ပြောလိုက်ပြီး “ သေချာ တွေးကြည့်ကြည့်… နင် ခုတလော ဥက္ကဌလျန် နင်နဲ့ တွေ့ချင်လောက်တဲ့အထိ ထိုက်တန်နဲ့ တစ်ခုခု လုပ်ထားလားလို့….”

ကျိုးလိလိ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခဏကြာတော့ သတိပြုမိသွားခဲ့သည့် အသွင်က သူမ မျက်နှာထက် ပေါ်ပေါက်လာခဲ့လေသည်။

“ ငါ အခု မှတ်မိပြီ.. ခုလေးတင် ဘက်ဂျင်ဝူက ဖန်မီတင် လာတက်ဖို့ ငါတို့ ရှင်းဟွာလေကြောင်းလိုင်းကို စီးခဲ့တာ…. ဒါပေမယ့် တစ်ယောက်ယောက်နဲ့ အချင်းများပြီးမှ ကြားထဲကနေ ငါ ဝင်ပြီး ဖြန်ဖြေခဲ့ပေးတယ်လေ… ဒီကိစ္စကြောင့်နဲ့ တွေ့ချင်နေတာလား မသိဘူး…”

All Chapters