← Chapters

အထောက်အထား ထုတ်ဖော်ခံလိုက်ရပြီ

Vol. 94 Ch. 1403

အထောက်အထား ထုတ်ဖော်ခံလိုက်ရပြီ

Vol. 94 Ch. 1403

“ ဘာပြောတယ်… ဘက်ဂျင်ဝူက ဒီရောက်နေတယ် ဟုတ်လား…”

အတွင်းရေးမှူး မိန်းကလေးမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူမလည်း ဘက်ဂျင်ဝူ၏ ဖန်တစ်ဦး ဖြစ်နေသောကြောင့် ဖြစ်လေသည်။

“ သူက ရန်ကျင်းကနေ ကျိုးဟိုင်ကို နေ့လည် လေယာဉ်နဲ့ လာခဲ့တာ..”

“ ဒါပေမယ့် အပြင်ထွက်လာတော့ အပင်စိုက်တဲ့ ငနုံတစ်သိုက်ရဲ့ နှောင့်ယှက်တာကို ခံရတယ်လေ… အဲ့နောက် နှစ်ဦးနှစ်ဖက် စကားတွေ များကြရော… အဲ့လူက ဘက်ဂျင်ဝူရဲ့ ဘော်ဒီဂတ်တွေကို ရိုက်နှက်ပြီးမှ ငါတို့ ဟွာရှကို မျက်နှာပျက်စေတယ်…”

“ အဲ့လူ အရမ်း လွန်တာပဲ…” အတွင်းရေးမှူး မိန်းကလေးကနေ ပြောလိုက်ပြီး “ နင် နောက်ဆုံး ဘာလုပ်လိုက်လဲ…”

“ ငါလည်း ဘာမှမလုပ်လိုက်နိုင်ဘူး… ငါတို့ လုံခြုံရေး အစောင့်တွေလည်း အဲ့လူ ရိုက်တာ ခံလိုက်ရတာပဲ… ဒါနဲ့ ငါတို့လည်း သွားခွင့်ပေးလိုက်ရတယ်…” ကျိုးလိလိ ပြောလိုက်ပြီး “ ဒါပေမယ့် ငါတော့ အဲ့လူရဲ့ အချိန်ကောင်းလေးတွေက ဆက်ပြီး ရှိဦးမယ်လို့ မထင်ဘူး… ဘက်ဂျင်ဝူရဲ့ ဖန်တွေက သူ့ကို အွန်လိုင်းပေါ်တင်ပြီး အရှက်ခွဲဖို့ ပြင်ဆင်ထားကြပြီးပြီ… သူ့ရဲ့ အချက်အလက်တွေ ဖော်ထုတ်ခံရပြီးမှ ဆိုရှယ်မှာ အသတ်ခံရဖို့ သိပ်အကြာကြီး လိုတော့မှာ မဟုတ်ဘူး…”

“ အဲ့တာ လုပ်ကို လုပ်သင့်တဲ့ ကိစ္စပဲလေ…” အတွင်းရေးမှူး မိန်းကလေးက ပြောလိုက်ပြီး “ သူက ဘယ်လိုတောင် ဂျင်ဝူ အိုပါးရဲ့ ဘော်ဒီဂတ်တွေကို ထိခိုက်ဝံ့နေတာ… သူ သေသင့်တယ်…”

“ ဒါဆို ငါ့ကိုပြောပြ… ဘာလို့ ဥက္ကဌလျန်က ငါ့ကို လိုက်ရှာနေတာလဲတဲ့… ဧကန္တ ဒီကိစ္စကြောင့်များလား..”

“ ဖြစ်နိုင်လောက်တယ်…” အတွင်းရေးမှူး မိန်းကလေးက ခေါင်းညိမ့်လိုက်ပြီး “ ဘက်ဂျင်ဝူဆိုတာ ကမ္ဘာက သိတဲ့ နာမည်ကြီး ပုံရိပ် တစ်ယောက်လေ… အဲ့လို ကိစ္စကြီးက ငါတို့ လေကြောင်းလိုင်းမှာ ဖြစ်သွားခဲ့တယ်ဆိုတော့ ဖော်ထုတ်ခံရဖို့ သိပ်ကြာမှာ မဟုတ်ဘူး… တကယ်လို့ ကောင်းကောင်းမွန်မွန် မကိုင်တွယ်ဘူးဆိုရင် ငါတို့ ကုမ္ပဏီရဲ့ ဂုဏ်သတင်းအပေါ်မှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်… အွန်း… ဟုတ်လောက်တယ်… ဥက္ကဌလျန်က အဲ့ကိစ္စကြောင့် ရောက်လာတာ ဖြစ်နိုင်တယ်…”

“ ဒါဆို ငါ ကိုင်တွယ် ဖြေရှင်းလိုက်တဲ့ ပုံစံက မှန်တယ်လို့ နင်ထင်လား… ငါ့ကို ပြောကြည့်..”

“ ငါတော့ ပြဿနာ ရှိမယ် မထင်ပါဘူး.. နင် ကောင်းကောင်း ကိုင်တွယ်ခဲ့တာပဲလေ…” အတွင်းရေးမှူး မိန်းကလေးက ပြောလိုက်ပြီး “ စီအီးအိုလျန်က နင့်ကို ရာထူးတိုးပေးတာ ဒါမှမဟုတ် လစာတိုးပေးပြီး ဆုချတာမျိုးတောင် ဖြစ်ရင် ဖြစ်နိုင်သေးတာပဲ…”

ကျိုးလိလိ၏ မျက်လုံးအရောင် တောက်ပလာခဲ့ပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် လေသံဖြင့် “ တကယ်တမ်းကျ ငါလည်း ဘာမှတောင် မလုပ်လိုက်ရဘူး… ငါ အရမ်း ရှက်တာပဲဟာ…”

“ အစ်မကျိုးရယ်…. နင် နှိမ့်ချနေစရာ မလိုပါဘူး… ရာထူးတိုးသွားရင် ဒီညီမလေးကို မမေ့သွားရဘူးနော်…”

“ သေချာပေါက်ပဲပေါ့… ရာထူးတိုးပြီးသွားရင်လည်း နင့်ကို မမေ့ဘူး…”

“ ခစ်ခစ် ခစ် … ကျေးဇူးတင်ပါတယ် အစ်မကျိုး…”

မကြာမီ သူတို့နှစ်ယောက် လျန်ကျင်းမင်၏ ရုံးခန်းထဲ ရောက်လာခဲ့ကြ၏။

လျန်ကျင်းမင်က ထိုင်ခုံကို နောက်သို့ မှီထိုင်နေပြီး စားပွဲပေါ် ခြေထောက်တင်ထားကာ လက်တစ်ဖက်က ဖုန်းကို ပွတ်၍ အွန်လိုင်းပေါ်ရှိ သတင်းများအား ဖတ်ရှုနေလေသည်။ နှုတ်ခမ်းတွင်တော့ သောက်နေကျ ဆေးလိပ် တစ်လိပ်အား ခဲထား၏။

“ ဥက္ကဌလျန်ရှင့်…”

ဝင်ရောက်ပြီးနောက် နှစ်ယောက်လုံး တံခါးနားတွင် ရပ်ပြီး နှုတ်ဆက်၏။

လျန်ကျင်းမင် မျက်ခုံးပင့်၍ ကျိုးလိလိကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူ စကားတစ်ခွန်း မပြောသေးချေ။

နောက် မိနစ် အနည်းငယ် ကြာသည်အထိ ရှည်လျားကြာရှည်သည့် တိတ်ဆိတ်မှုက ကြီးစိုးနေပြီး ရုံးခန်းတွင်းရှိ လေထုကို သိပ်သည်း လေးလံလာစေသည်။

အထူးသဖြင့်တော့ ကျိုးလိလိ ၊ သူမ တစ်ကိုယ်လုံး ကြက်သီး မွေးညင်းတို့ ထောင်ထနေကာ အသက်ရှုရ ခက်ခဲချင်သလို ဖြစ်လာခဲ့၏။

သူက ငါ့ကို ချီးမွမ်းဖို့ ဒီခေါ်လိုက်တာ မဟုတ်ဘူးလား… ဘာလို့ စကားတစ်ခွန်းမှ မပြောသေးတာလဲ…

ဆေးလိပ် တစ်ဝက်ကျိုးခါနီးလောက်ကျတော့ လျန်ကျင်းမင် မတ်တပ်ရပ်၍ စီးကရက် ဖင်ကို ဖိချေလိုက်သည်။ ဖုန်းကို စားပွဲဘေးသို့ ချထားလိုက်ပြီး ကျိုးလိလိကို ကြည့်နေလိုက်၏။

“ ငါကြားတာ ဒီနေ့လည်ခင်းတုန်းက လေဆိပ်မှာ တစ်ခုခု ဖြစ်သွားခဲ့တယ် ဟုတ်လား…”

လျန်ကျင်းမင်၏ စကားလုံးကို ကြားတော့ ကျိုးလိလိနှင့် အတွင်းရေးမှူးတို့ နှစ်ယောက်လုံး စိတ်သက်သာ ရသွားခဲ့ကြသည်။

“ စီအီးအိုလျန်… ဒီလိုပါရှင့်…” ကျိုးလိလိ ပြောလိုက်ပြီး “ နေ့လည်ခင်းမှာ မစ္စတာဘက်က ရန်ကျင်းကနေ ကျိုးဟိုင်ကို ကျွန်မတို့ ကုမ္ပဏီကနေပြီး လာပါတယ်… သူ ဂိတ်ကနေ ထွက်တော့ ဘာမှ နားမလည်တဲ့ ရွာသားတစ်အုပ်စုရဲ့ နှောက်ယှက်ခြင်းကို ခံရပါတယ်… အဲ့နောက် အုပ်စုနှစ်ခုက အချင်းချင်း စကားများကြပြီး ဘက်ဂျင်ဝူရဲ့ ဘော်ဒီဂတ် တစ်ယောက်လည်း အရိုက်ခံလိုက်ရပါတယ်…. မြင်ကွင်းက တော်တော်လေးကို အကျည်းတန်တာပါ…”

“ အဲ့နောက်ရော…” လျန်ကျင်းမင် အမူအရာ ကင်းမဲ့နေဆဲ ဖြစ်ကာ သူ၏ လေသံက အနည်းငယ် အေးစက်စက် ဖြစ်နေခဲ့၏။

“ ကျွန်မကတော့ စီအီးအိုလျန် ဒီကိစ္စကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်… အဲ့လူကို ရှာပြီး ဒီကိစ္စ ဘယ်လောက်တောင် ပြင်းထန်လဲ ဆိုတာ သိအောင် ပြရပါမယ်…”

လျန်ကျင်းမင် ခေါင်းညိမ့်လိုက်သည်။ “ ငါ အဲ့လူကို ရှာတွေ့ပြီးသွားပြီ…”

ထိုစကားကြားတော့ သူတို့ နှစ်ယောက်လုံး ဝမ်းသာ ကြည်နူးသွားခဲ့ကြ၏။

“ ကျွန်မကတော့ စီအီးလျန်ကို မှီဖို့ အဝေးကြီး လိုနေတာပဲ….”

တောက် … တောက်… တောက်…

လျန်ကျင်းမင် စားပွဲကို တတောက်တောက် ခေါက်နေပြီး “ ဒါပေမယ့် အဲ့လူက ဘယ်သူလဲ မင်းသိလား…”

“ ရှင်…”

နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးစွာ ကြည့်မိလိုက်ကြပြီး မသိစိတ်အလျောက် ခေါင်းခါရမ်းလိုက်ကြ၏။

လျန်ကျင်းမင် ထိုင်ခုံနောက်သို့ ပြန်မှီလိုက်ပြီး သူ၏ လက်က ဇစ်ပို မီးခြစ်ကို ကစားနေကာ “ သူ့နာမည်က လင်းရီ…. လင်းယွင် အုပ်စုရဲ့ ဥက္ကဌပဲ…” လျန်ကျင်းမင် ပြောလိုက်သည်။ ထို့နောက် “ ငါ လင်းယွင် အုပ်စုအကြောင်း အများကြီး ပြောပြဖို့ လိုမယ်မထင်ဘူး… အာလီဘာဘာလို ကုမ္ပဏီကြီး တစ်ခုပဲ…”

ဟစ်…..

ထိုစကားကို ကြားတော့ နှစ်ယောက်လုံး ပင့်သက်ရှိုက်မိသွားခဲ့ကြသည်။

သူမတို့၏ ဟိုး အဆုံးစွန်သော မသိစိတ် အတွင်း၌ပင် ထိုရွာသား အုပ်စုကို ဦးဆောင်လာခဲ့သူထံ၌ ဤသို့သော အထောက်အထား ရှိနေလိမ့်မည်လို့ လုံးဝ ထင်မှတ်မထားခဲ့ချေ။

အကယ်လို့ စီအီးအိုလျန် ပြောသည်သာ မှန်ကန်ပါက ဘက်ဂျင်ဝူသည် ထိုလူကို မည်သို့မျှ နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

“ ဒါပေမယ့် အဲ့တာအပြင်ကို သူက ငါ့ရဲ့ ညီကိုကောင်းဆိုလည်း ဟုတ်တယ်… ငါ့ရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးတဲ့ ကျေးဇူးရှင်.. ငါတောင် သူ့ကို မြင်ရင် အစ်ကိုကြီးဆိုပြီး ခေါ်ရတဲ့လူ… ငါ ဒီကိစ္စကို ဘယ်လိုလုပ်သင့်တယ်လို့ မင်းထင်လဲ…”

“ ဒါကကျ…..”

ကျိုးလိလိ ကြက်သေသေသွားခဲ့တော့၏။ ဖိချေခံလိုက်ရသကဲ့သို့ စိတ်တစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်သွားခဲ့လေသည်။

ထို အမျိုးသား မည်သူမည်ဝါ ဆိုသည့် အထောက်အထားကို ဘေးချိတ်ထားလျှင်ပင် ဥက္ကဌလျန်နှင့် ပတ်သက်ဆက်နွယ်မှု တစ်ခုတည်းဖြင့် သူမကို အဆုံးသတ်မလှအောင် ပြုလုပ်လိုက်၍ရသည်။

“ ဥက္ကဌလျန် … ကျွန်မက…..”

ဘန်း…

ဇစ်ပို မီးခြစ်ကို ကျိုးလိလိထံ ကောက်ပေါက်လိုက်ပြီး လျန်ကျင်းမင် ကြိမ်းမောင်းလိုက်၏။

“ မင်း သေချင်နေလို့လား…”

“ မင်းက မြင်လိုက်တာနဲ့ နာမည်ကြီး မင်းသားရဲ့ ဖင်ကို သွားနမ်းတော့တာပဲ… မင်း ဘာလုပ်နေလဲဆိုတာ မင်းကိုယ်မင်း သတိရသေးရဲ့လား… မင်းကများ ငါ့အစ်ကိုကြီးလင်းကို ဦးညွှတ်ပြီး တောင်းပန်ဖို့တောင် စေခိုင်းလိုက်သေးတယ်… မင်းက ခွေးမပဲ...”

ကျိုးလိလိ ကြောက်လန့်တုန်လှုပ်စွာဖြင့် တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ အတွင်းရေးမှူး မိန်းကလေးသည်လည်း အသံတစ်သံ မထွက်ဝံ့သည်အထိ ထိတ်လန့်နေမိတော့၏။

ကံကောင်းစွာဖြင့် သူမ ယခုလေးတင် စကားတစ်ခွန်း ဝင်မပြောခဲ့မိ၍ပင်။ မဟုတ်ပါက သူမတော့ ကောင်းကောင်းကြီး သင်ခန်းစာ ပေးခံရလောက်၏။

“ မင်းရဲ့ ပစ္စည်းတွေ သိမ်းပြီး ထွက်သွားလိုက်တော့… မင်းမျက်နှာကို ငါ့ရှေ့မှာ နောက်ထပ် မမြင်ရစေနဲ့…”

“ နားလည်ပါပြီ… နားလည်ပါပြီ ဥက္ကဌလျန်…”

ကျိုးလိလိ ထွက်ခွာသွားပြီးနောက် လျန်ကျင်းမင် ကျီချင်းရန်ထံ ဖုန်းခေါ်လိုက်သည်။

“ မရီး… နင် အခု ကုမ္ပဏီမှာလား…”

“ ငါပြောစရာလေးရှိလို့ အခု လာနေပြီ… တွေ့ရင် စကားပြောကြတာပေါ့…”

ပြောပြီးနောက် လျန်ကျင်းမင် ဖုန်းချ၍ ချောင်ရန် အုပ်စုထံ မောင်းနှင်လာခဲ့လိုက်သည်။

တစ်ချိန်တည်းတွင် လင်းရီ လေဆိပ်၌ ပြဿနာ ရှာထားသည့် သတင်းများက အွန်လိုင်းပေါ်တွင် ဖြည်းညင်းစွာ ပျံ့နှံ့လာနေလေသည်။

အထူးသဖြင့် ဗွီဒီယို အတိုလေးများ နယ်ပယ်၌ သတင်းတို့က ပျံ့နှံ့ဖို့ ပိုမို လွယ်ကူသည်။

ရလဒ်အနေဖြင့် လူတော်တော်များများက ဤအကြောင်းကို ချက်ချင်း လက်ငင်း သိရှိသွားခဲ့ကြတော့သည်။ ဖြတ်သွားဖြတ်လာ လူတစ်ချို့ကတော့ ကာယကံရှင် နှစ်ဦး၏ မျက်နှာများကို ဝေဝါးနေအောင် ပြုလုပ်ပြီး တင်ကြ၏။ သို့သော် အရူးအမူး စွဲလမ်းနေသည့် ဖန်များကတော့ ဘာကိုမျှ ဂရုစိုက်မနေတော့ပဲ လင်းရီကို ဖော်ထုတ်လိုက်ကြ၏။

ထို့ပြင် ကွန်းမန့် ဆက်ရှင်၌ လင်းရီကို ရည်ရွယ်ပြီး တိုက်ခိုက်ထားသည့် မကောင်းသည့် ကွန်းမန့်များကလည်း ပွတ်ဆွဲ၍ မဆုံးနိုင်အောင် ရှိနေလေသည်။

နှစ်နာရီနီးပါးခန့် ကြာပြီးနောက် လင်းရီ၏ အခြေခံ သတင်း အချက်အလက်များအားလုံး အွန်လိုင်းပေါ် ပျံ့နှံ့သွားခဲ့တော့၏။

ယေဘုယျအားဖြင့်

“ ရန်ချိန် ၊ လန်ထျန်း မိဘမဲ့ ဂေဟာက ကလေး….“

“ ရန်ချိန် အရုဏ်ဦး မူလတန်းကျောင်းမှာ တက်ခဲ့တယ်…”

“ ရန်ချိန် အမှတ် ၈၇ အထက်တန်းကျောင်းမှာ အလယ်တန်း တက်ခဲ့တယ်….”

“ ရန်ချိန် အမှတ် ၇ အထက်တန်းကျောင်းမှာ အထက်တန်း တက်ခဲ့ပြီး ကျိုးဟိုင် နည်းပညာ တက္ကသိုလ်မှာ မားကတ်တင်း မေဂျာနဲ့ ကျောင်းပြီးခဲ့တယ်…”

ဒေတာ အချက်အလက် အတန်းလိုက်ကြီးက တစ်ခုပြီး တစ်ခု အွန်းလိုင်းပေါ် ရောက်ရှိလာခဲ့တော့သည်။

လင်းရီ ချောင်ရန် အုပ်စု၌ အလုပ်ဝင်ခဲ့ဖူးသည်ကိုပင် ဆရာသမားများက နှိုက်လှန်နိုင်ခဲ့ကြ၏။

ဘက်ဂျင်ဝူ၏ ဖန်များက ချောင်ရန် အုပ်စု၏ တရားဝင် ဝက်ဘ်ဆိုဒ်နှင့် ဝေ့ပေါ်တွင် လင်းရီကို အလုပ်ဖြုတ်ပေးဖို့ရာ ကွန်းမန့်များ ရေးသားလာကြလေသည်။

မကောင်းသည့် ကွန်းမန့်များကို မြင်တော့ ကျီချင်းရန် မျက်မှောင်နှစ်ခုကို ပွတ်သပ်မိလိုက်သည်။

“ မရီး… မင်း မျက်မှောင်လောက်ပဲ ပွတ်မနေနဲ့လေ… ဒီကိစ္စ ဖြေရှင်းဖို့ ငါတို့ နည်းလမ်းတစ်ခုခုတော့ ရှာမှ ဖြစ်တော့မှာ…” လျန်ကျင်းမင် ပြောလိုက်သည်။

“ မပူနဲ့… ငါ အခု စဉ်းစားနေတယ်…” ကျီချင်းရန် အခက်တွေ့နေသည့်ပုံ ပေါက်နေတော့သည်။

All Chapters