← Chapters

အဖမ်းခံလိုက်ရပြီ

Vol. 94 Ch. 1407

အဖမ်းခံလိုက်ရပြီ

Vol. 94 Ch. 1407

အင်တာနက် ကဖေး၏ တတိယထပ်တွင် ဘက်ဂျင်ဝူ၏ ဖန်များက အင်တာနက်ပေါ်တွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြဆဲပင်။

“ နင်တို့တွေ ဂျင်ဝူ အိုပါးရဲ့ ဝေ့ပေါ် ပို့စ်ကို မြင်ကြလား… အိုပါးက အတိအကျကြီး မပြောသွားဘူးဆိုပေမယ့် ငါတို့ကို အားပေးနေတာ သိသာတယ်…” ကျန်းရိရိ စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး “ အိုပါးက ငါတို့ကို နောက်ကွယ်ကနေ တိတ်တိတ်လေး အားပေးနေတယ်… ငါတို့ အလုပ်ကြိုးစားပြီး အဲ့ စက်ဆုပ်ဖို့ကောင်းတဲ့ ကောင်ကို ဒဏ်ခတ် အရေးယူရမယ်... “

“ ဟူးရေး…. ကြိုးစားကြမယ်….”

ဦးနှောက်မရှိကြသည့် ဖန်များအုပ်စုက အင်မတန်ပင် ရင်ထဲ ထိရှသွားခဲ့ကြာ ငိုကြွေး၍ပင် အော်ဟစ်နေကြတော့၏။ ထို့နောက် အင်တာနက်ပေါ်တွင် ယုံကြည်ချက် အပြည့်နှင့် လှုပ်ရှား တက်ကြွလာခဲ့လေသည်။ အိပ်စက်အနားယူခြင်း မရှိကြသည့် ကျိုးကောင်များကဲ့သို့ပင်။

တက် တက် တက်….

ထိုအချိန်တွင် လှေကားထစ်ကနေပြီး အလျင်လိုသည့် ခြေလှမ်းသံများက ထွက်ပေါ်လာခဲ့၏။

သက်လတ်ပိုင်း စုံတွဲ တစ်တွဲက တတိယ အထပ်သို့ တက်လာခဲ့လေသည်။

သူတို့နှစ်ယောက်က သားနားစွာ ဝတ်ဆင်ထားကြပြီး အမြင်မှုန်ဝါးနေသည့်လူပင် ၎င်းတို့က တန်ကြေးအများအပြား ရှိမည် ဖြစ်ကြောင်းကို ပြောပြနိုင်ပေသည်။

“ ဒယ်ဒီ … မာမီ… ဘယ်လိုလုပ်ပြီး ဒီရောက်လာခဲ့တာလဲ…”

ကျန်းရိရိ အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည်။

ထိုစုံတွဲကတော့ ကျန်းရိရိ၏ မိဘများဖြစ်ကြသည့် …

ကျန်းမင်ဟွာနှင့် လီရှုမေတို့မှ လွဲ၍ အခြားသူ မဟုတ်ခဲ့ပေ။

“ ဒီအချိန်ကြီး အိမ်မှာ မရှိဘူးဆိုကတည်းက ဒီမှာ ရှိနေမယ်မှန်း ငါသိသားပဲ…”

မိဘများအနေနှင့် သူတို့ သမီး အကြောင်း သူတို့ အသိဆုံးပင်။

သူမ၏ ဖုန်းထဲတွင် ခြေရာခံ ဆော့ဖ်ဝဲ ထည့်ထားပြီး သူတို့ ဆန္ဒရှိသရွေ့ လွယ်လင့်တကူ ရှာဖွေနိုင်သည်။ သို့သော် ဤ အင်တာနက် ကဖေး၏ တတိယတစ်ခုလုံးက ၁၇၊ ၁၈ အရွယ် ဆယ်ကျော်သက်လေးများနှင့် ပြည့်နှက်နေသည်ကတော့ သူတို့နှစ်ယောက်ကို တော်တော်လေး ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။

“ နင် ကိုးရီးယား နာမည်ကြီး သရုပ်ဆောင် ဘက်ဂျင်ဝူကို ကြိုက်တယ်မလား.... ”

ကျန်းရိရိ မျက်လုံးအရောင် လက်ခနဲ ဖြစ်လာသည်။ “ ဒယ်ဒီ … ဒယ်ဒီလည်း သူ့ကို သိတာပဲလား.. သူက သိပ်ချောတယ်လို့ ဒယ်ဒီရော မထင်ဘူးလား… သမီးပြောပြမယ်နော် ---- “

“ သောက်ပေါက်ကရတွေ…” ကျန်းမင်ဟွာ ကြမ်းတမ်းစွာဖြင့် ကျန်းရိရိ ပြောမည့် စကားကို ကြားဖြတ်ပြောဆိုလိုက်ပြီး “ အင်တာနက်ပေါ်မှာ တစ်ခုခု ဖြစ်နေပြီ… အဲ့ဒီ ဘက်ဂျင်ဝူဆိုတဲ့ သရုပ်ဆောင်က မကြာဘူး.. သေတော့မှာ… နင် ပြဿနာ မရှာတာ ကောင်းမယ်…”

သူ့သမီး ဘက်ဂျင်ဝူ ဆိုသည့် ဆယ်လီကို နှစ်သက်နေမှန်း ကျန်းမင်ဟွာ ဟိုတုန်းကနေ သိထားပြီး ဖန်ကလပ် တစ်ခု တည်ထောင်ထားမှန်းလည်း သူသိသည်။ သို့သော် ဤသည်က ကလေးတွေ စခန်းချတန်း ကစားနေသည်ဟုသာ မှတ်ယူထားပြီး စိတ်ဝင်စားမှုတို့ ပျောက်ဆုံးနေသည်။ ထို့ကြောင့်ပဲ ဝင်ရောက်တားမြစ်မှုတို့ မပြုခဲ့ချေ။

သို့သော် ဤ ကိစ္စက အင်တာနက်ပေါ်တွင် ဟိုးလေး တကြော်ကြော် ဖြစ်လာခဲ့ပြီး လှံတံများ အကုန်လုံးက ကျိုးဟိုင်၏ ဘဏ္ဍာရေး ဂျိုင်းရက်ကြီး ၊ လင်းယွင်အုပ်စုကို ချိန်ရွယ်လာနေသည်။ အကယ်လို့ သူ့သမီးလေးသာ ယခု ကိစ္စတွင် ပါဝင်ပတ်သက် ဆက်နွယ်နေသည်ဆိုပါက သူသည်လည်း အလိုအလျောက် ငြှိစွန်းသွားရလိမ့်မည်။

ထို့ကြောင့်ပဲ မလိုလားအပ်သည့် ပြဿနာများကို ရှောင်ရှားရန်အတွက် စုံတွဲနှစ်ဦးက ချက်ချင်း ပြေးလာကြခြင်း ဖြစ်၏။

“ ဒယ်ဒီ ဘာတွေ လာပြီး ပြောနေတာလဲ… တစ်စုံတစ်ယောက်က သမီးရဲ့ ဂျင်ဝူ အိုပါးကို အနိုင်ကျင့်သွားတယ်… သူ့ရဲ့ ဖန်တစ်ယောက်အနေနဲ့ သူ့အတွက် တရားမျှတမှုကို ရှာပေးရမှာပေါ့…” ကျန်းရိရိ ပြောလိုက်ပြီး “ ဂျင်ဝူ အိုပါးက ငါတို့ကို သူ့ရဲ့ မိသားစုဝင်တစ်ယောက်လိုမျိုး ဆက်ဆံပေးတယ်… ငါတို့ သေတဲ့ အထိ တိုက်ခိုက်သွားမယ်…”

“ ဟုတ်တယ်… ဂျင်ဝူ အိုပါးအတွက် သေတဲ့အထိ တိုက်ခိုက်မယ်လို့ ကျိန်ဆိုတယ်….”

အကုန်လုံးက မတ်တပ်ရပ်၍ ဘက်ဂျင်ဝူဆိုသည့် လူကို ပံ့ပိုးပေးရန် ကျယ်လောင်စွာ အော်ဟစ် ထောက်ခံလိုက်ကြသည်။

ကျန်းမင်ဟွာနှင့် သူ့ဇနီးတို့ ထိတ်လန့်အံ့အားသင့်သလို ခံစားသွားခဲ့ရလေသည်။

“ ဒီ… ဒီလူတွေက….. “

“ သူတို့ အားလုံးက ဖန်ကလပ်ရဲ့ အဖွဲ့ဝင်တွေလေ… သူတို့က ဂျင်ဝူအိုပါးကို အနိုင်ကျင့်သွားတဲ့လူကို လိုက်ရှာပြီး အွန်လိုင်းပေါ်မှာ ထုတ်ဖော်နေတာ…”

“ နင်တို့က အွန်လိုင်းပေါ်က ကိစ္စတွေကို ဖန်တီးနေတဲ့ လူတွေပေါ့..”

ကျန်းမင်ဟွာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သည်အထိ ဒေါသထွက်နေပြီး မျက်နှာလည်း ဖြူဖျော့သွားခဲ့တော့သည်။

သူလည်း ကုမ္ပဏီ တစ်ခု တည်ထောင်ထားပြီး နယ်ပယ်အတွင်း၌ အသိအမှတ်ပြုမှု တော်တော်များများ ရရှိထားသည်။ ဤ ကိစ္စ၏ ပြင်းထန် လေးနက်မှုကို သူ ကောင်းစွာ သတိပြုမိလေသည်။

ထို့ပြင် ဤ ကိစ္စများအားလုံး၏ တရားခံက သူ့သမီးလေး ဖြစ်နေသည်တဲ့လော။

“ ဒါပေါ့ ဒယ်ဒီရဲ့…”

ကျန်းရိရိ သူ့ခေါင်းကို ဂုဏ်ယူစွာ မော်ကြွားလိုက်ပြီး “ ခစ်ခစ် ခစ်… ဒယ်ဒီ့သမီးက တော်တယ်မလား… ဒါတောင် အထက်တန်းပဲ ပြီးသေးတာနော်… ဒီလိုမျိုး စစ်ဆင်ရေးကြီး တစ်ခုလုံးကို စီစဉ်နိုင်နေပြီ.. တခြား ဘာမှတော့ မပြောဝံ့ဘူး ဒါပေမယ့် နောင်ကျရင် ကုမ္ပဏီကို လက်လွှဲယူဖို့ ပြဿနာ မရှိ --- ”

ဖြောင်း….

ကျန်းရိရိ စကားမဆုံးသေးခင်မှာပဲ ကျန်းမင်ဟွာ သူ့သမီးရဲ့ မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သည်။

ဤရိုက်ချက်ကြောင့် ကျန်းရိရိ ကြက်သေသေသွားခဲ့၏။ သူမ မျက်နှာကို လက်ဖြင့် အုပ်ထားပြီး မျက်ရည်များ စီးကျလာလေသည်။

“ ဘာလို့ သမီးကို အလကားနေ လာရိုက်နေတာလဲ…”

“ ငါ နင့်ကို သေအောင် ရိုက်သတ်ပစ်လိုက်ချင်တယ် သိလား…” ကျန်းမင်ဟွာ လက်ညိုးထိုးကြိမ်းမောင်းလျက် ကျန်းရိရိကို မုန်းတီးစွာ ပြောလိုက်ပြီး “ နင် ဒီလို ဆက်လုပ်နေရင် မင်း ထောင်ထဲ ဝင်ရတော့မှာ မကြာဘူး… မြန်မြန် ဒယ်ဒီတို့နဲ့ ပြန်လိုက်ခဲ့…”

ကျန်းမင်ဟွာ၏ အော်ဟစ်ဆဲဆိုမှုက အင်တာနက် ကဖေးအတွင်းရှိ လူများအားလုံးကို ကြက်သေသေသွားစေခဲ့သည်။ ထိုဦးလေးကြီးက အဘယ်ကြောင့် ယခုလို စကားလုံးတွေ လာပြီး ပြောနေလဲဆိုတာ နားမလည်နိုင် ဖြစ်နေသည်။

“ ဒယ်ဒီ ဘာတွေ လာပြီး ပြောနေတာလဲ… သူက ဒီတိုင်း ကုမ္ပဏီ တစ်ခုရဲ့ သူဌေးပဲ မလား… ဘာလို့ သူ့ကို ကြောက်နေရမှာလဲ…”

ကျန်းရိရိ ပြဿနာ၏ ပြင်းထန် လေးနက်မှုကို သတိမမူမိသေးဘဲ ဆက်လက် ငြင်းခုန်နေလျက် ရှိသည်။

“ ငါနင့်ကို ပြောပြမယ်… အဲ့လူရဲ့ အစွမ်းအစတွေက သာမန်မဟုတ်ဘူး… နင်တို့ရဲ့ အိုင်ဒေါကို မပြောသေးနဲ့… နင်တို့ အိုင်ဒေါရဲ့ ကုမ္ပဏီ သူဌေးဆိုရင်တောင် အဲ့လူကို မြင်ရင် ခေါင်းညိမ့်ပြီး ဦးညွှတ်ရမယ်လူ…. နင့် အဖေ တခြားတော့ အာမ မခံရဲဘူး… ဒါပေမယ့် နင်တို့ရဲ့ အိုင်ဒေါက တစ်လမကြာခင်မှာပဲ အင်တာနက်ပေါ်ကနေ ပျောက်ကွယ်သွားမယ်ဆိုတာတော့ ပြောရဲတယ်…”

သူ့ရှေ့ရှိ ၁၇၊၁၈ အရွယ် ဆယ်ကျော်သက်လေးများက သူ၏ စကားလုံးများကို နားလည်နိုင်ခြင်း ရှိမရှိ ကျန်းမင်ဟွာ ဂရုမစိုက်တော့ချေ။

သို့သော် ဤကိစ္စ၏ ပြင်းထန်လေးနက်မှုကိုတော့ သူတို့သိအောင် ပြောပြရပေမည်။ သူ လေးနက်မှကို ရမည်။

“ ပြီးတော့ ထပ်ပြောလိုက်ဦးမယ်… သူ့ကုမ္ပဏီက ထုတ်တဲ့ ပစ္စည်းတွေက စစ်တပ် လျှို့ဝှက် ထုတ်ကုန်တွေလည်း ပါတယ်… မင်းတို့ အခု လုပ်နေတာကြီးက ဥပဒေကို လုံးလုံးလျားလျား ဆန့်ကျင်နေတယ်ဆိုတာ သတိထားမိလား… မင်းတို့ အခု လုပ်နေတာတွေကို မရပ်တန့်ဘူးဆိုရင် တစ်စုံတစ်ယောက်က လာပြီး ဖမ်းတော့မှာ… မြန်မြန် အကုန်လုံး အိမ်ပြန်ကြတော့… တခြား ကိစ္စတွေ သွားလုပ်ကြစမ်းပါ… လုပ်စရာတွေ ဒီလောက်ပေါနေတာကို... ”

ကျန်းမင်ဟွာ၏ စကားလုံးများက ရှိနေကြသည့် လူတိုင်းကို ကြက်သေသေသွားစေခဲ့သည်။ သို့သော် ကျွဲပါးစောင်းတီး ဖြစ်နေဟန်ပင်။

“ အန်ကယ်… သမီးတို့ကို လာပြီး ခြိမ်းခြောက်မနေနဲ့… သမီးတို့ ဘယ်ကိုမှ သွားမှာ မဟုတ်ဘူး…”

“ အဲ့တာ ဟုတ်တယ်… ငါတို့ ဘာမှားယွင်းတာမှ မလုပ်ထားဘူး… ဘာလို့ ရဲတွေက ငါတို့ကို လာဖမ်းရမှာ… ပြီးတော့ ငါတို့က အမှန်တရားတွေ ထုတ်ပြောနေတာ… ငါတို့မှာ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဆိုတာ မရှိတော့ဘူးလား…”

“ သမီးတို့တော့ အဲ့လူကို ရှာတွေ့တဲ့အထိ ထွက်မသွားပေးနိုင်ဘူး အန်ကယ်… ဂျင်ဝူ အိုပါးရဲ့ တရားမျှတမှုအတွက် ရပ်တည်ပေးရမှာ…”

“ မင်းတို့ ထွက်သွားတာ မသွားတာ ငါ့သောက်ပူမပါဘူး… မင်တို့ထိုက်တဲ့ မင်းတို့ကံပဲ…” ကျန်းမင်ဟွာ ပြောလိုက်ပြီး “ နောက်တစ်ခု ထပ်ရှိသေးတယ်… မင်းတို့ အခု လုပ်နေတာတွေက သူ့ကို ကူညီရာ ရောက်မနေဘူး… သူ့ကို နစ်နေတာနဲ့ တူတယ်… ဘာဆက်လုပ်မလဲဆိုတာတော့ မင်းတို့ဘာ မင်းတို့ ဆုံးဖြတ်ကြပေါ့…”

“ ကျစ်… မယုံပါဘူး…”

ကျန်းမင်ဟွာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းမိလိုက်သည်။ သူ့ သမီးလေး၏ လက်ကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း အပြင်သို့ ထွက်လာခဲ့လိုက်၏။

“ ဒယ်ဒီတို့နဲ့ လိုက်ခဲ့တော့….”

“ မဟုတ်ဘူး… သမီးကိုလွှတ်… သမီးမသွားဘူး… သမီးတို့ မစ်ရှင်ကို ပြီးဆုံးအောင် ခုထိ မလုပ်ရသေးဘူး…”

“ သမီးမိုက်… ငါနင့်ကို တော်တော်‌လေး အလိုလိုက်ခဲ့မိတာပဲ… နင် အခု မလိုက်ခဲ့ဘူးဆိုင် ဘယ်သူကမှ နင့်ကို မကယ် ---- “

ဒုန်း ဒုန်း ဒုန်း…

ကျန်းမင်ဟွာ စကားမဆုံးခင်မှာပဲ အလျင်လိုနေသည့် ခြေလှမ်းသံများကို ကြားလိုက်ရလေသည်။

ရဲ အရာရှိ အယောက် နှစ်ဆယ်ကျော်က အောက်ထပ်ကနေ ပြေးတက်လာပြီး ရှိနေကြသည့် လူတိုင်းကို ကြည့်၍ အော်ပြောလိုက်၏။

“ မင်းတို့ လက်တွေ လေပေါ်မြောက်ထား… တစ်ယောက်မှ မလှုပ်နဲ့….”

ရဲအရာရှိများ ရောက်လာသည်ကို မြင်တော့ ဖန်များအားလုံး ကြက်သေသေသွားခဲ့ကြလေသည်။

သူတို့က ၁၇၊၁၈ ဆယ်ကျော်သက် ကလေးများသာ ဖြစ်ပြီး ယခုလို မြင်ကွင်းမျိုးနှင့် တခါမျှ မကြုံဖူးသေးချေ။ နာနာခံခံနှင့် လက်အစုံကို လေပေါ်သို့ မြောက်လိုက်ပြီး ခြေတစ်လှမ်း မလှုပ်ဝံ့သည်အထိ ထိတ်လန့်ကြောက်ရွံ့နေလေသည်။

ကျန်းမင်ဟွာနှင့် သူ့ဇနီးသာလျှင် အင်မတန် အကျည်းတန်နေသည့် အမူအရာများဖြင့် ဖြစ်နေကြ၏။ သူတို့တွေ ဤပြဿနာ၏ ပြင်းထန်သည့် အကျိုးဆက်ကို သတိပြုမိပြီး ဖြစ်သည်။

“ မင်းတို့တွေက ဂျင်ဝူ ဖန်ကလပ်ရဲ့ မန်ဘာတွေလား…” ဦးဆောင်လာသည့် ရဲအရာရှိက‌ မေးလိုက်သည်။

“ ဟုတ်ကဲ့..” ကျန်းရိရိက အသံကျယ်ကျယ်ဖြင့် ပြောလိုက်ပြီး “ ဘာလို့ ကျွန်မတို့ကို လာဖမ်းနေရတာလဲ…”

“ မင်းတို့ အွန်လိုင်းပေါ်မှာ ဖြန့်ဖြူးခဲ့တဲ့ သတင်းအမှားတွေကြောင့်မို့ လာဖမ်းရတာပဲ… ညီညီညာညာ တန်းစီပြီး အောက်ကို လိုက်ခဲ့ကြ…”

ဖန်အဖွဲ့ဝင်များအားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ ဤကိစ္စကြောင့် ရဲအရာရှိများ လာဖမ်းလိမ့်မည်လို့ သူတို့တွေ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

All Chapters