← Chapters

မိသားစုနဲ့ သူငယ်ချင်းတွေ

Vol. 23 Ch. 335

မိသားစုနဲ့ သူငယ်ချင်းတွေ

Vol. 23 Ch. 335

Child of light (ကျန်းကုန်း)

Volume 12: Chapter 10 - Family and Friends

ခြံဝန်းတံခါး သော့ခတ်ထားတာ မဟုတ်တော့ တုန်းရီ တွန်းဖွင့်ပြီး ကျုပ်ကို ဝင်ဖို့ တွန်းထည့်လိုက်တယ်။ ခြံဝန်းက တော်တော် ကျယ်တာပဲ။ ဘာအပြင်အဆင်မှ မရှိဘဲ သိုင်းလေ့ကျင့်ရေး ကွင်းတစ်ခုလိုပဲဗျ။ ပတ်ဝန်းကျင်မှာလဲ ငြိမ်းချမ်းပြီး ဆေးဝါးရနံ့တွေ ရလိုက်သေးတယ်။ ဟမ်၊ ဘာလို့ ဆေးရနံ့တွေ ရနေပါလိမ့်။ အားလုံး ဒဏ်ရာ ရတယ်ဆိုရင်တောင် မှော်ပညာနဲ့ ကုတာ ပိုကောင်းတယ် မဟုတ်ဘူးလား။ ခံတပ်မျာ ကုသနိုင်တဲ့ မှော်ပညာတွေ မရှားလောက်ပါဘူး။

ကျုပ်စိတ်ထဲမှာ သံသယတွေမြင်တော့ တုန်းရီက..

“အဲ့ဒါ အကြီးအကဲတွေအတွက် ဆေးဝါးတွေပေါ့.. မှော်ပညာမှာ ဘေးထွက်ဆိုးကျိုးတွေရှိလို့ ဆေးက ပိုကောင်းတယ် ပြောတယ်.. အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့ ညီအစ်ကိုတွေ ခြံဝန်း အရှေ့ဘက်မှာ နေကြတယ်.. မူကျီနဲ့ ဟိုင်ရှင်းကတော့ ခြံဝန်းအနောက်ဘက်မှာပေါ့.. မင်းဘယ်ကို အရင်သွားမလဲ..”

“အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို အရင်သွားတွေ့တာပေါ့ကွာ.. “

မူကျီနဲ့ ဟိုင်ရှင်းကို တွေ့ချင်စိတ်ပြင်းနေပေမယ့် လက်ရှိအခြေအနေမှာ ဒဏ်ရာအပြင်းအထန်ရထားတဲ့ ညီအစ်ကိုတွေကို အရင်တွေ့သင့်တယ်လေ။ တုန်းရီ ဦးဆောင်ပြီး ခြံဝန်း အရှေ့ဘက်ကို ရောက်သွားရော။

တုန်းရီ တံခါးဖွင့်ပြီးတာနဲ့ ဝမ်းသာအားရ အော်တော့တာပဲ..

“ငါ ပြန်လာပြီဟေ့..”

ရှို့စစ်ရဲ့ အသံနဲ့နဲ့လေး အရင်ဆုံး ကြားလိုက်ရတယ်..

“မင်းပျော်နေတာ မြင်တော့ မိစ္ဆာကောင်တွေ ပြန်ဆုတ်သွားပြီများလား.. နဂါးမျိုးနွယ်ရော ပြန်ရောက်လာပြီလား.. သူတို့မရှိရင် ငါတို့လူသားတွေ အနိုင်ရဖို့ ခက်လိမ့်မယ်..”

“မဟုတ်ဘူး.. အဲ့ဒါ နဂါးမျိုးနွယ်မဟုတ်ဘူး.. သူ့ထက်ပိုသာတဲ့ စစ်ကူ ရောက်လာတာ..”

အခန်းထဲမှာ အသံတိတ်သွားကြပြန်တယ်။ ပြီးမှ ကျန်းဟူ အသံတုန်တုန်ရင်ရင်နဲ့..

“ဒါဆို.. ဒါဆို.. ဖြစ်နိုင်မလား..”

ကျုပ်လဲ မီးခိုးအလင်းတန်း တစ်ခုလိုမျိုးနဲ့ အခန်းထဲ ပြေးဝင်သွားပြီး..

“အစ်ကိုကြီး .. ငါပါ.. ငါပြန်လာပြီကွ…”

အခန်းထဲမှာ ဖရိုဖရဲနဲ့ပါဗျာ။ ကုတင်တွေဆို ကြုံသလို ချထားတဲ့အတိုင်းပဲ။ ကျန်းဟူ၊ ရှို့စစ်၊ ကောင်းသဲ၊ ရှင်းအောင်းနဲ့ ကျန်နေတဲ့ အကြီးအကဲ အဘိုးကြီး(၃)ယောက် ကုတင်ပေါ်မှာ လှဲနေကြတယ်။ ဖြူရော်ရော် အသားအရေနဲ့ မျက်လုံ(၇)စုံ ကျုပ်ပေါ်လာမှ ထူးထူးခြားခြား ဖြစ်သွားကြတယ်။ ဘာသံမှ ထွက်မလာဘဲ အားလုံး အံ့အား သင့်နေကြတာလေ။

ခနကြာမှ ကျန်းဟူက.

“ကျန်းကုန်း.. တကယ်ကို မင်းပဲဟ.. ကျန်းကုန်း .. မင်းတော်တော် ဆိုးတဲ့ကောင်.. နောက်ဆုံးတော့ ပြန်လာပြီပေါ့..”

ကျုပ်လဲ ခံစားချက်အပြည့်နဲ့..

“အစ်ကိုကြီး ငါနောက်ကျသွားလို့ တောင်းပန်ပါတယ်ကွာ.. အကြီးအကဲတို့ ကျုပ်ကို ခွင့်လွှတ်ကြပါ..”

ကျုပ်ဒူးထောက်လိုက်တော့ ဒဏ်ရာသိပ်မရတဲ့ အကြီးအကဲ (၃)ယောက် ထလာပြီး ကျုပ်ရှေ့လာရပ်ပြီး မျက်ရည်တွေနဲ့အတူ..

“မင်းပြန်လာတာနဲ့တင် လုံလောက်ပါပြီကွာ.. ဒီလောက်ပါပဲ..”

“ဒါပေမယ့်ဗျာ.. အကြီးအကဲ(၁).. အကြီးအကဲ(၃)နဲ့(၄)တို့အတွက်..”

“ဒါဆို မင်းသိပြီးပြီပေါ့.. အဘိုးကြီး (၃)နဲ့(၄) ဆုံးပါးသွားပေမယ့် ဂုဏ်ယူစွာနဲ့ ဆုံးပါးကြတာပါကွာ.. ငါတို့ တာဝန်က ကမ္ဘာကြီးကို ကာကွယ်ဖို့ဆိုတော့ သူတို့တွေ ကာကွယ်ရင်း ကျဆုံးသွားတာလေ.. ကျန်းကုန်း အဲ့အတွက် မင်းကို စိတ်ဆိုးနေဖို့မှ မလိုတာ.. ငါတို့ အသက်အရွယ်အရ သေခြင်းတရားဆိုတာ ဘာမှကို မဟုတ်တာ.. ကံအကောင်းဆုံးကတော့ တိုက်ပွဲထဲမှာ သေဖို့ပဲ..”

အကြီးအကဲ(၁) ကျုပ်ထင်ထားတာထက်ကို တည်ငြိမ်နေတာ။ ကျုပ်စိတ်ထဲ လန့်သွားပြီး..

“အကြီးအကဲ.. ဒါပေမယ့်.. ကျုပ်…”

အကြီးအကဲ(၁)ကျုပ်ကို ဆက်မပြောဖို့ တားပြီး..

“တော်တော့.. ဒီအချိန် မင်းပြန်လာကတည်းက မိစ္ဆာမျိုးနွယ်တွေ သုတ်သင်ဖို့ု လေးနက်တဲ့ တာဝန်က အခုဆို မင်းပခုံးပေါ် ရောက်သွားပြီ.. မင်းခန္ဓာကိုယ်ကနေ မြင့်မြတ်စွမ်းအားတွေ အရှိန်အဝါအရ ပြောရရင် နတ်ဘုရား အမွေ လက်ခံပြီးပြီဆိုတာ ငါပြောနိုင်တယ်.. ကျန်းကုန်း.. မင်း ငါတို့ကို စိတ်မချ ဖြစ်နေတာလေ.. ဒီလောက်နဲ့ပဲ ငါတို့ ပေးဆပ်ခဲ့ရသမျှ ထိုက်တန်ပါတယ်ကွာ..”

ကျုပ်လဲ ရှိုက်ကြီးတငင်နဲ့..

“အကြီးအကဲ(၁)… အခုလောက်ထိ အချိန်အများကြီး ထိန်းပေးထားတာကိုပဲ ကျေးဇူးတင်ပါတယ်.. စိတ်မပူနဲ့.. ကျုပ် အသက်ရှူနိုင်သေးသ၍ မိစ္ဆာမျိုးနွယ် အောင်ပွဲမခံနိုင်စေရာဘူးဆိုတာ သေချာတယ်..”

“အဲ့စကားကြားတော့ ငါတို့ စိတ်အေးသွားပါပြီလေ.. နောက်ဆုံးမှာ ကျရှုံးသွားမယ်ဆိုရင်တောင် ငါတို့ တတ်နိုင်သလောက် ကြိုးစားပြီးပြီဆိုတော့ နောင်တရစရာ မရှိပါဘူးလေ..”

ကျန်းဟူက..

“ကျန်းကုန်း.. မင်း မိစ္ဆာမျိုးနွယ်တွေ နောက်ပြန်ဆုတ်သွားအောင် လုပ်ခဲ့တာလား..”

ကျုပ်မဖြေခင် တုန်းရီ ကြားဖြတ်ပြီး..

“ဒါပဲပေါ့.. အစ်ကိုကြီး ကျန်းဟူ.. အစ်ကိုကြီး ကျန်းကုန်း ဘယ်လောက် စွမ်းအားကောင်းတယ်ဆိုတာ မင်းမသိသေးလို့နော်.. မိစ္ဆာဘီလူး(၃)ကောင်ကိုတောင် နောက်ဆုတ်သွားတဲ့အထိ သူလုပ်ပစ်တာ.. မြင့်မြတ်သော အလင်းပိုင်းဖြတ်ခြင်း နဲ့ တွယ်လိုက်တာ မိစ္ဆာတွေ အများကြီး သေတဲ့ကောင်သေ၊ အားရုပ်တဲ့သူ အားရုပ်တွေ ဖြစ်သွားတာ။ ပြီးနောက် ငါတို့ ညီအစ်ကိုတွေ အဲ့အခွင့်အရေးယူပြီး မိစ္ဆာကောင်တွေကို သတ်ဖြတ်ဖို့ (၃)နိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့တွေ ဦးဆောင်ပြီး အကုန်ရှင်းပစ်လိုက်တာပေါ့..”

ကျုပ် တုန်းရီကို ကြည့်လိုက်တယ်။

“မင်း ပြောသလောက် ဘယ်လွယ်မှာလဲဟ.. ညီအစ်ကိုတွေ တတ်နိုင်သမျှ အမြန်ဆုံး သက်သာအောင် လုပ်သင့်တယ်.. မိစ္ဆာမျိုးနွယ် ကျူကျော်တာ နောက်ဆုံးအဆင့် ရောက်နေပြီ.. သိပ်မကြာခင် မိစ္ဆာဘုရင် ပေါ်လာမယ်လို့ ငါယုံတယ်.. အချိန်ကျလာရင် အဲ့ကောင်ကြီးကို အနိုင်ယူဖို့ ပေါင်းစပ်စွမ်းအားတွေ သုံးနိုင်မှ ဖြစ်မယ်..”

ရှို့စစ်က..

“မင်းပြောတာ ငါနားလည်တယ်.. တစ်ခုတည်းသော နည်းလမ်းက အစွန်းစွန် တားမြစ်မန္တန်သုံးဖို့ပဲ.. စိတ်မပူပါနဲ့.. ငါတို့ရဲ့ ဒဏ်ရာတွေ လုံးဝနီးပါး သက်သာနေပြီ.. ရက်ပိုင်းလောက်ဆို ငါတို့တွေ အပြည့်အဝ ပြန်ကောင်းလာမှာ.. အာ.. ကျန်းကုန်း မင်းပြန်လာတော မူကျီနဲ့ အိုက်ရှားက ဟိုင်ရှင်းတို့ကို သွားတွေ့ပြီးပြီလား.. မင်းအပေါ်ထားတဲ့ သူတို့ သံယောဇဉ်တွေက ငါတို့ထက် ပိုပြင်းတယ်ကွ.. မြန်မြန် သွားတွေ့လိုက်အုံး..”

မူကျီကို အားလုံးက လက်ခံတာတွေ့လိုက်ရတော့ ကြည့်ရတာ ကျုပ်မရှိတဲ့ ကာလမှာ ကျုပ်တာဝန်တွေ ထမ်းဆောင်ခဲ့ရတယ် ထင်တယ်။

ကျုပ်မျက်နျာ နီရဲသွားတယ်။ ခပ်ရှက်ရှက်နဲ့ပဲ..

“အစ်ကို ရှို့စစ်.. ငါ….”

ရှင်းအောင် ထရယ်ပြီး..

“မင်း ဘာလုပ်နေလဲ.. ဘာလို့ သွားမတွေ့သေးတာလဲ.. ကောင်မလေးတွေ မင်းအတွက်နဲ့ အများကြီး စွန်းစား ခဲ့ရတာကွ..”

အားလုံး တိုက်တွန်းနေတော့ မူကျီနဲ့ ဟိုင်ရှင်းကို တွေ့ချင်စိတ်တွေ ပိုကြီးလာတာပေါ့ဗျာ။ ခံစားချက်တွေ ပြင်းလာတော့ ကျုပ်နှလုံးသား ခုန်လာတာပေါ့။ အရှေ့ဘက်ခြမ်းက ထါက်လာတော့ တုန်းရီ ကျုပ်နောက် လိုက်မလာတော့ဘူး။ စိတ်ညိမ်အောင် အသက်ပြင်းပြင်း ရှူပြီးမှ အနောက်ဘက် ဆက်သွားလိုက်တော့တယ်။

နောက်ခြမ်းက တံခါးကို အသာလေး ခေါက်လိုက်တယ်။ ကျုပ်ရင်ခုန်သံတွေ မြန်နေပြီ။ ကျုပ်ကိုတွေ့ရင် ဘယ်လိုများ တုံ့ပြန်ကြမလဲ။ စကာတစ်ခွန်းမှ မပြောဘဲ ထွက်သွားတာ ခွင့်လွှတ်ပေးကြမလား။

“ဘယ်သူလဲ.. ဝင်ခဲ့လေ.. တံခါး သော့ခတ်မထားဘူး..”

တံခါး တွန်းဖွင့်ပြီး ဝင်လိုက်တော့ အနောက်ဘက်ခန်းက အရှေ့ဘက်ခန်းထက် အများကြီး ငယ်တယ်ဗျ။ အခန်း လွတ်ထဲမှာ ကုတင် (၂)လုံးပဲရှိတယ်။ မူကျီရဲ့ ပုံစံလေးက ကျုပ်ရှေ့မှာ။ သူ့ အိပ်ယာခင်းတွေ သပ်သပ်ရပ်ရပ်ခင်းပြီး ကျုပ်ကို ကျောပေးထားတာ။ တစ်ဖက်မှာ နှစ်နဲ့ချီကြာအောင် မတွေ့ဖြစ်တဲ့ ဟိုင်ရှင်းကတော့ ကျုပ်ကို စိုက်ကြည့်နေတယ်။ မျက်နှာဖုံး တပ်ထားပေမယ့် အကြည့်တွေက ကျုပ်ကို မှတ်မိနေမှန်း သိသာတယ်။

မူကျီကတော့ သူ့အိပ်ယာခင်းကို သေချာ ပြင်နေရင်း..

“အဲ့ဒါ တုန်းရီ ဖြစ်လောက်တယ်.. မိစ္ဆာမျိုးနွယ်နဲ့ တိုက်ပြီး ပြန်လာတာ နေမှာပေါ့..”

ကျုပ် အံ့ဩပြီး..

“နင် ဘယ်လိုလုပ် သိလဲ..”

============= (*^*)=============

အပိုင်း( ၃၃၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters