မြင့်မြတ်စွမ်းအား၏ လေးနက်မှု
Vol. 23 Ch. 338
Child of light (ကျန်းကုန်း)
Volume 12: Chapter 13 -The Profound Divine Powers
မြင့်မြတ်စွမ်းအားတွေကို ဆက်တိုက်ပျံ့နှံသွားအောင် ဖြည်းဖြည်းချင်း လုပ်နေရတယ်။ ပျံ့နှံ့နေတဲ့ အချိန်မှာပဲ အသုံးချနိုင်တာတွေကို လေ့လာနေတယ်။ တွေးတောဆင်ခြင်ရင်းနဲ့ မီကျားလီရဲ့ စိတ်စွမ်းအားတွေ စိတ်ထဲမှာ ပေါ်လာတယ်။ သူ့ မှတ်ဉာဏ်တွေ ကျုပ်ဆီကို ဖြတ်စီးလာပြီး ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားတွေနဲ့ သုံးရမယ့် နည်းလမ်းအသစ်တွေ နာလည်နိုင်လာတယ်။ အဲ့စွမ်းအားတွေနဲ့ နည်းစနစ်တွေကို သန့်ရှင်းသောဓားရဲ့ စွမ်းအားနဲ့ ပေါင်းစပ်နိုင်မယ်ဆို အထွတ်အထိပ်ရောက်သွားမှာ။ သူ့မှတ်ဉာဏ်ကို ကြည့်လိုက်မှ သန့်ရှင်းသောဓားရဲ့ စွမ်းအားက ဘာလို့ ဒီလောက် ကြီးမားနေတယ်ဆိုတာ သဘောပေါက်သွားတယ်။ ကျာစစ်ခယ်လီသောင် ကိုင်ထားတဲ့ အမှောင်မိစ္ဆာဓားတောင် နတ်ဘုရား စွမ်းအားတွေရဲ့ ပြင်းထန်အားကို မယှဉ်နိုင်ဘူး။ သန့်ရှင်းသောဓားက တစ်ချိန်တုန်းက နတ်ဘုရားဘုရင်ရဲ့ လက်နက်ဆိုတော့ နတ်ဘုရားနယ်ပယ်မှာ စွမ်းအား အကြီးဆုံး နတ်ဘုရားလက်နက်ပဲလေ။
နတ်ဘုရားစွမ်းအားတွေ အရှိန်အဟုန်မြင့်လာတော့ ကျုပ်တောင် မသိလိုက်ဘဲ လေထုထဲကို ပျံ့ပြီး အခန်းရဲ့ အလယ်မှာ စွမ်းအားတွေ ပေါင်းစပ်သွားတယ်။ ကံကောင်းတာက ကျုပ်ဖိနှိပ်ထားတဲ့ အောက်မှာ စွမ်းအား ပြင်းပြင်းတွေ (၃)မီတာပတ်ပတ်လည်ကိုပဲ ရောက်သွားတယ်။ အဲ့လိုမှ မဟုတ်ရင် အခန်းပွင့်ထွက်သွားလိမ့်မယ်။ တနေလဲကုန်ရောက် နောက်ဆုံးတော့ မီကျားလီရဲ့ မှတ်ဉာဏ်တွေထဲက အချက်အလက်တွေ နားလည်သါားပြီး ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားတွေအပေါ် တော်တော်လေး ကျွမ်းကျင်လာတယ်။ မူကျီနဲ့ ဟိုင်ရှင်း ပြန်လာတာ ကျုပ်မသိလိုက်ဘူး။ ရိုးရိုးသားသား ပြောရရင် သူတို့လဲ အခန်းထဲ မဝင်နိုင်ဘူးဗျ။ စွမ်းအား ကြီးလွန်းတဲ့ နတ်ဘုရားစွမ်းအားက ကျုပ်ကို ကာကွယ်ပေးထားပြီး ရွှေရောင်တွေ တခန်းလုံး ပြည့်နေတာလေ။
“အစ်မ မူကျီ.. ငါတို့ ဝင်လို့မရသေးဘူး.. ဘယ်လိုလုပ်မလဲ..”
ဟိုင်ရှင်း စိတ်လှုပ်ရှားပြီး မေးလာတယ်။
မူကျီလဲ မှောင်မည်းနေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး..
“သူ နိုးမလာလောက်ဘူးထင်တယ်.. သူ့ကို မနှောက်ယှက်ဘဲ ဧည့်ခန်းမှာပဲ တစ်ည အိပ်လိုက်ကြတာပေါ့.. သူပြောတာ မှန်တယ်.. အဲ့အခန်းက ကာကွယ်စရာမလိုဘူး.. ကျန်းကုန်း စွမ်းအားနဲ့တင် လုံလောက်တယ်.. အခုချိန်ကစပြီး ငါတို့တွေ ကျင့်ကြံဖို့ လိုမယ့်ပုံပဲ.. မဟုတ်ရင် ကွာခြားချက် တော်တော်ကို ကြီးသွားမှာ..”
ဟိုင်ရှင်း ခပ်ဟဟ ရယ်ရင်းနဲ့..
“အစ်မ ဘာကို စိတ်ပူနေတာလဲ.. သူအရမ်း သန်မာတော့ အခုကျင့်ကြံစရာ မလိုတော့ဘူးလေ.. သူ ငါတို့ကို ကာကွယ်ပေးမှာ မဟုတ်ဘူးလား..”
မူကျီ မျက်နှာလေး ရဲသွားပြီး..
“သူပြန်လာတာ မြင်ရလို့ ဝမ်းသာရသလို.. ငါ့ကို မထားခဲ့ဘူးလို့ ကတိပေးတယ်.. နင်အခု အေးအေးဆေးဆေး နေလို့ရပြီ.. နင် အရင်က စိတ်ဓာတ်ကျနေတော့ ငါစိတ်ပူခဲ့ရတာ.. အခု ငါတို့တွေ မိစ္ဆာမျိုးနွယ်ကို အောင်အောင် မြင်မြင်နဲ့ အနိုင်ယူဖို့ မျှော်လင့်ချက် ရှိလာတော့ ငါတို့တွေ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလို့ရပြီ.. မိစ္ဆာမျိုးနွယ်အတွက် ဘယ်လောက် အရေးကြီးလဲ.. အဖေက မိစ္ဆာမျိုးနွယ်ရဲ့ တိုက်ခိုက်မှုတွေကို ခုခံနိုင်ပါ့မလား မသိဘူး.. အစောက ပင်လယ်ကို ကြည့်လိုက်တော့ ငြိမ်နေပြီး နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေကို ကျူးကျော်တဲ့ မိစ္ဆာတွေကို မကြာခင် ဒါမှမဟုတ် နောက်ဆို ဖယ်ရှားနိုင်မယ် ထင်တာပဲ..”
“အစ်မ.. နင့်ကိုငါ စိတ်ပူအောင် လုပ်လိုက်မိတာပဲ.. နတ်ဆိုးမျိုးနွယ်တွေ အဆင်ပြေလောက်မှာပါ.. စိတ်ပူနေလဲ အသုံးမဝင်ဘူးလေ.. စောင်သွားရှာရအောင်.. နည်းနည်း အေးလာပြီ..”
............
ကျုပ်အသိစိတ်က ကျင့်ကြံမှုမှာ နစ်မြုပ်ထားပြီး အချိန်ဘယ်လောက်ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ နောက်ဆုံးတော့ နတ်ဘုရားစွမ်းအားတွေ သုံးနိုင်တဲ့ နည်းလမ်းတွေ ကျုပ်နားလည်သွားတယ်။ အော်သံအကျယ်ကြီး တစ်ခုနဲ့အတူ ကျုပ်အသိစိတ်တွေ ပြန်နိုးလာပြီး အာရုံ(၅)ပါး ပြင်ဝင်စားလာတယ်။ ခန္ဓာကိုယ်က ထုတ်လွှနေတဲ့ နတ်ဘုရား စွမ်းအားတွေကို တဖြည်းဖြည်း ပြန်သိမ်းလိုက်ပြီး ရွှေရောင် မျက်လုံးကလဲ မူလပုံစံ ပြန်ဖြစ်သွားတယ်။
“ဟမ်..”
ကျုပ်စွမ်းအားတွေ ပြန်ရုပ်သိမ်းထားတာတောင် အခန်းက လင်းထိန်နေတယ်။ ပြတင်းပေါက်လဲ တစ်ခုထဲရှိတာ မှတ်မိနေပါတယ်။ စပ်စုချင်တာနဲ့ ခေါင်းမော့ကြည့်လိုက်တော့ အမိုးမရျိတော့ပဲ နေရောင်က အခန်းထဲ ဝင်နေတာလေ။ ဘာလို့လင်းနေလဲ မသိချင်တော့ပါဘူးဗျာ။ သေချာတာတော့ ကျုပ်ရဲ့ နတ်ဘုရားစွမ်းအားကြီး ကြောင့်ပေါ့ဗျာ။ ဒါလဲ သိပ်တော့ မဆိုးပါဘူး။ နံရံတွေ အကောင်းအတိုင်း ကျန်ပါသေးတယ်။ အဟီး..။
“ကျန်းကုန်း.. နင်နိုးလာပြီပေါ့..”
မူကျီရဲ့ မရွှင်မပျအသံ အခန်းအပြင်က ထွက်လာတယ်။ တံခါးဖွင့်ပြီး မူကျီနဲ့ ဟိုင်ရှင်း ဝင်လာတယ်။
သူတို့ကို မြင်လိုက်ရတော့ ကျုပ်စိတ်ထဲ နွေးသွားတာပေါ့။
“ငါနိုးလာတာ နင်ဘယ်လိုလုပ်သိလဲ.. နင်အချိန်မှန်းတာ တိကျလိုက်တာ..”
ဟိုင်ရှင်း ရယ်ပြီး..
“ငါတို့ ဘယ်လိုမှ မသိဘူး.. ခေါင်မိုး ပြိုကျပြီး နတ်ဘုရားအလင်းရောင် ကောင်းကင်ကို ထိုးတက်သွားတာ ခံတပ်က လူတွေအကုန် နင့်ကိုလာကြည့်ကြတာ.. နင့် ကျင့်ကြံနေတာ အနှောက်အယှက် ဖြစ်မှာစိုးလို့ ငါတို့မှာ မနည်းထိန်းလိုက်ရတာ.. အဲ့နတ်ဘုရား အလင်းရောင်း ပျောက်သွားတော့ နင်နိုးပြီဆိုတာ သိတာပေါ့.. နင် တကယ်ကြီး (၅)ရက်ကြာအောင် ထိုင်နေတာ..”
“ဘာကြီး.. (၅)ရက်တောင် ရှိသွားပြီလား..”
မူကျီက..
“မြန်မြန်ထတော့.. အပျင်းကောင်.. နင့်ဒဏ်ရာ ဘယ်လိုနေသေးလဲ..”
မေးခွန်းနဲ့အတူ မူကျီမျက်နှာနှာ စိုးရိမ်မှုတွေ ဂရုစိုက်မှုတွေ အပြည့် မြင်နေရတယ်။
သူတို့ကြားထဲ အမြန်သွားပြီး နုအိအိ ခန္ဓာကိုယ်တွေကို တစ်ဖက်တစ်ချက် ဖက်ထားလိုက်တယ်။
“အေးပါ. အေးပါ.. ငါ့အတွက် စိတ်မပူနဲ့တော့.. ဟုတ်သားပဲ.. မိစ္ဆာမျိုးနွယ်တွေ လှုပ်ရှားမှု ရှိသေးလား.. ပင်လယ်လက်က မိစ္ဆာတွေ ထွက်လာသေးလား..”
မူကျီ မျက်မှောင်ကြုတ်ပြီး..
“ငါလဲ အံ့ဩနေတာ.. နင်ကျင့်ကြံပြီးနောက်ပိုင်း မိစ္ဆာမျိုးနွယ် နည်းနည်းလေးတောင် လှုပ်ရှားတာ မရှိဘူး.. ပင်လယ်လဲ ဘာမှမဖြစ်သလို ငြိမ်နေတာပဲ..”
“မိစ္ဆာဘုရင် ပြန်ရှင်တာကို စောင့်ရင်း သူတို့စွမ်းအားတွေ စုနေတဲ့ပုံပဲ.. နောက်တစ်ကြိမ်ပေါ်လာရင် မိစ္ဆာမျိုးနွယ်နဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်လောက်တယ်.. အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေရော ဘယ့်နှယ့်လဲ”
“သူတို့တွေ ဒဏ်ရာ ပြန်ကောင်းလာပေမယ့် အားနည်းနေတုန်းပဲ..”
“ကောင်ပြီ.. ငါသူတို့ကို သွားကြည့်လိုက်အုံးမယ်.. အန္တိမ တားမြစ်မန္တန်သုံးပြီး မိစ္ဆာဘုရင်ကို သုတ်သင်ဖို့ စွမ်းအားတွေ လုံလောက်အောင် သူတို့ကို နတ်ဘုရားစွမ်းအားတွေ အမြန်ဆုံး ပေးမှ ဖြစ်မယ်”
မူကျီ၊ ဟိုင်ရှင်းနဲ့ ကျုပ် အခန်းထဲက ထွက်လာတော့ ကျန်းဟူနဲ့ ကျန်တဲ့သူတွေ ခြံဝန်းထဲမှာ အလုပ် လုပ်နေကြတယ်။ သူတို့ စွမ်းအားနဲ့ အရှိန်အဝါတွေအရဆို ဒဏ်ရာတွေ ပျောက်ကုန်ပြီပေါ့။
ကျန်းဟူ ထရယ်ပြီး..
“ကျန်းကုန်း.. မင်းနိုးပြီလား.. မင်း တံခါးပိတ် ကျင့်ကြံတာ ကောင်းပါတယ်.. ဒါပေမယ့် ကောင်မလေး (၂)ယောက်ကို အပြင်ထုတ်ထားဖို့ မလိုပါဘူးဟ..”
ကျုပ် လန့်သွားပြီး မူကျီနဲ့ ဟိုင်ရှင်းကို လှည့်ကြည့်လိုက်တယ်။ မူကျီ ကျုပ်ကို မျက်လုံးပြူးပြပြီး..
“စကားမရှည်နဲ့တော့.. နင် သူတို့ကို နတ်ဘုရား စွမ်းအား ပေးမှာ မဟုတ်ဘူးလား..”
မူကျီနဲ့ ဟိုင်ရှင်းကို လွှတ်ပေးပြီးမှ ညီအစ်ကိုတွေဆီ လျှောက်သွားလိုက်တယ်။
“ငါ့ဒဏ်ရာတွေ လုံးဝသက်သာသွားပြီ။ မင်းတို့ရော ဘယ်လိုလဲ..”
ကျန်းဟူ လက်သီးလက်မောင်း တန်းပြီး..
“ငါတို့ နေကောင်းနေပြီ။ နတ်ဘုရား လက်နက် ရပြီးကတည်းက ငါတို့ ပြန်လည်ကုသနိုင်စွမ်းတွေ အရမ်းကောင်းလာတာကွ”
============= (*^*)=============
အပိုင်း( ၃၃၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား