မိစ္ဆာမျိုးနွယ်ကို တွန်းလှန်ခြင်း
Vol. 23 Ch. 333
Child of light (ကျန်းကုန်း)
Volume 12: Chapter 8 - Repelling the Monster Clan
“အမှောင်မိစ္ဆာ ကျီဆယ်ခြင်း..”
ကျာစစ်ခယ်လီသောင် သူ့ အမှောင်မိစ္ဆာဓာကို လှည့်ပတ်ရင်း မြင့်မြတ်သောအလင်းတမန်တော် ဆီ မီးခိုးရောင် အလင်းတန်း တစ်ခု ပစ်လွှတ်ပြီး စုန်းမိစ္ဆာ ဟာအာယွဲ့တိ ရဲ့ ခန္ဓာကိုယ်လှုပ်ယမ်းပြီး အော်ဂလီဆန်စရာ အရောင် အရိုးစုပုံစံ မြူခိုးတွေ ထွက်လာတယ်။ တန်ပြန် တိုက်ခိုက်မှုတွေပေါ့။ သွေးဘီလူး ခယ်အံသဲအာကျိ တိုက်ကွက်နဲ့ ပေါင်းလိုက်တော့ သူတို့ စွမ်းအားက ကျုပ်ရဲ့ မြင့်မြတ်သော အလင်းတမန်ကို တစ်ပြိုင်တည်း ထိသွားတာ။
ပေါက်ကွဲသံ အကျယ်ကြီး ကြားရပြီး ကျုပ်တို့ (၄)ယောက်စလုံး လွှင့်ထွက်သွားကြတယ်။ ကျုပ်တစ်ကိုယ်လုံး အားနည်းသွားသလို ခံစားရပြီး နောက်ထပ် သွေးအံလိုက်ရသေးတယ်။ ခန္ဓာကိုယ်ထဲမှာ အတွင်း ဒဏ်တွေ ပိုဆိုးသွားတာ သိလိုက်တယ်။ အဲ့ကောင်တွေ မိစ္ဆာဘီလူးတွေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပဲ။ အလင်းနတ်ဘုရား အမွေဆက်ခံပြီးတာတောင် သူတို့ရဲ့ ပူးပေါင်းတိုက်ကွက်ကို မဖြေရှင်းနိုင်သေးဘူး။ မီကျားလီ ခန့်မှန်းထားသလို သူတို့ စွမ်းအား (၃၀)ရာခိုင်နှုန်းကျော် ပြန်ရထားသလိုပဲ။ မိစ္ဆာဘုရင်သာ သူတို့နဲ့ ပူးပေါင်းလိုက်ရင် ကျုပ်တော့ သေဖို့ပဲရှိမယ်။
“ညကောင်းကင်ရဲ့ နှလုံးသားစိမ်း ပင်လယ်”
ကောင်းကင်လို့ ထင်ရတဲ့ အစိမ်းရောင် အလင်းတန်းတစ်ခုနဲ့ ကျုပ်ခန္ဓာကိုယ်ကို ဖြတ်ပြီး ကျာစစ်ခယ်သောင်ဆီ ကျော့ကျော့လေး ပြေးဝင်သွားတယ်။ ကျာစစ်ခယ်လီသောင် စောစောက တိုက်ကွက်မှာ ပြန်မကောင်းသေးတာ သိသာတယ်။ အထိတ်တလန့်နဲ့ တိုက်ကွက်ကို တားဖို့သူ့ အမှောင်မိစ္ဆာဓားကို ပြန်ရုတ်လိုက်တယ်။ ဒါပေမယ့် အစိမ်းရောင် အလင်းတန်းအရှိန်က အရမ်းမြန်တယ်။ အမှောင်မိစ္ဆာဓားနဲ့ နည်းနည်း တားနိုင်လိုက်ပေမယ့် အလင်းတန်းက ကျာစစ်ခယ်လီသောင်ရဲ့ ပခုံးကို ဖောက်ထွက်သွားတယ်။ ကျာစစ်ခယ်လီသောင်နဲ့ ကျန်တဲ့ မိစ္ဆာဘီလူး(၂)ကောင် ဒေါသတကြီးအော်ပြီး ပယ်လယ်ဘက်ကို မီးခိုရောင် အမှုန်တွေလိုမျိုး ပျံပြေးသွားကြတယ်။
ကျုပ်လဲ ဒဏ်ရာရနေတော့ သူတို့နောက် မလိုက်ဘဲ ကြည့်နေတော့ အစိမ်းရောင် အရုပ်လေး ပျံဝဲနေတာ တွေ့လိုက်ရတယ်။ ကျာစစ်ခယ်လီသောင်နဲ့ ဒဏ်ရာရပြီး အကြပ်အတည်း ဖြစ်နေတဲ့အချိန် ဝင်ကယ်လိုက်တာက တုန်းရီဗျ။ ဒီကောင့်မှာ နတ်ဘုရား အရှိန်အဝါတွေ သိပ်သည်းနေတာပဲ။ ကျုပ်နဲ့ယှဉ်ရင် တော်တော်လေး အားနည်းတယ် ထင်ရပေမယ့် တော်တော်ကို တိုးတက်လာတာပဲ။ လေနတ်ဘုရားလေးရဲ့ ပညာတွေ သူတတ်ပြီးလောက်ပြီ။ အဲ့လိုမှမဟုတ်ရင် ကျာစစ်ခယ်လီသောင်ကို ဒီလောက် နာကျင်အောင် လုပ်နိုင်မှာမဟုတ်ဘူး။
“တုန်းရီ..”
“အစ်ကိုကြီး ကျန်းကုန်း.. နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့.. မင်းသာ ရောက်မလာရင် ငါတို့တွေ ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး..”
တုန်းရီ စိတ်လှုပ်ရှားတကြီးနဲ့ ကျုပ်ရှေ့ ပြေးလာပြီး အတင်းစုပ်ကိုင်ထားတယ်။
ပင်လယ်ဘက်ကြည့်လိုက်တော့ ပုံမှန်အတိုင်း ငြိမ်သက်သွားတာ တွေ့လိုက်ရတယ်။ လောလောဆယ်တော့ မိစ္ဆာမျိုးနွယ်တွေ လှုပ်နိုင်တော့မယ် မထင်ဘူး။
“အားလုံး ဘယ်မှာလဲ.. ဘာလို့ မလာကြသေးတာလဲ..”
အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေသာ တုန်းရီနဲ့ လိုက်လာရင် မိစ္ဆာဘီလူး (၃)ကောင်ကို တားနိုင်မလားဆိုတဲ့ အတွေးနဲ့ မေးလိုက်တာလေ။
“သူတို့ လာချင်ပေမယ့် မလာနိုင်ဘူး.. အဲ့မိစ္ဆာဘီလူး(၃)ကောင် ခံတပ်ကို (၂)ခါတောင် ချောင်းတိုက်တိုက်တာ.. ငါက လွဲပြီး ကျန်းဟူ.. ရှို့စစ်.. ကောင်းသဲနဲ့ ရှင်းအောင်တို့ ဒဏ်ရာအပြင်းအထန် ရထားကြတယ်.. အကြီးအကဲ (၅)ယောက်မှာ (၂)ယောက်က သူ့တို့ကိုယ်သူတို့ စတေးပြီး၊ မူကျီလဲ ဒဏ်ရာနည်းနည်း ရထားတယ်။ လက်ရှိ ငါတို့မှာ အသေအပျောက်တွေလဲ ရှိတယ်။ မင်းသာ အချိန်မှီရောက်မလာရင် မိစ္ဆာဘီလူး(၃)ကောင် နောက်ထပ် လာတိုက်ရင် ခံတပ်မှာ ခုခံနိုင်မှု ပြိုသွားတော့မှာ”
သူ့စကားကြားတော့ ကျုပ်လဲ လန့်ပြီး..
“ဘာ.. အကြီးအကဲ (၅)ယောက်ထဲက (၂)ယောက် ကိုယ့်ကိုယ်ကိုယ် စတေးသွားရတယ်လား..”
ဒီကောင် ကျုပ်ကျောပြင်က အတောင်တွေကို မနာလိုတဲ့ပုံနဲ့ ကြည့်ပြီး သက်ပြင်းချရင်း..
“သွားကြစို့.. ငါတို့ ပြန်ရောက်မှ ဆက်လုပ်ကြတာပေါ့.. အားလုံး မင်းကို စောင့်နေကြတာ.. မင်း အလင်းနတ်ဘုရား အမွေ ရခဲ့ပြီပေါ့.. မဟုတ်ရင် ဟိုမိစ္ဆာ ဘီလူး(၃)ကောင်ကို နောက်ဆုတ်ဖို့ ဖိအားပေးနိုင်မှာ မဟုတ်ဘူး..”
လောလောဆယ် ကျုပ်ရင်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ ပူလောင်နေတယ်။ ကျုပ် ဘာမှ ပြန်ဖြေမနေတော့ဘဲ ခံတပ်ဆီကို ဒီအတိုင်းပဲ ဦးတည်သွားလိုက်တော့တယ်။
မိစ္ဆာတွေ ဆုတ်သွားပြီဆိုတော့ ခံတပ်ထဲမှာ အားရဝမ်းသာ အော်သံတွေ ဆက်တိုက် ထွက်နေတယ်။ မြို့ထဲမှာလဲ အလံရောင်စုံတွေနဲ့ ဝှေ့ရမ်းနေကြလေရဲ့။ လူသားတွေအနေနဲ့ မိစ္ဆာတွေကို ရင်ဆိုင်ပြီးတဲ့အချိန် ဘဝအသစ်တစ်ခု ရလိုက်ကြသလိုမျိုး စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန် ဖြစ်နေကြတယ်။ စစ်မြေပြင်က ငြိမ်သက်သွားပြီး သူ့တို့ စွမ်းအား ထက်ဝက်လောက် ဆုံးရှုံးသွားတဲ့ မိစ္ဆာတွေ အထိနာ။ လူသားစစ်တပ်က နတ်ဘုရား ကာကွယ်ရေးအဖွဲ့ ညီအစ်ကိုတွေရဲ့ ကာကွယ်မှုအောက်မှာ ခံတပ်ထဲကို စနစ်တကျ ပြန်ဆုတ်လာခဲ့လိုက်ကြတယ်။
အလင်းရောင် တစ်ချက်နဲ့အတူ ခံတပ် ထိပ်ပိုင်းကို ရောက်တာနဲ့ တုန်းရီကို ခေါ်သွားလိုက်တယ်။ (၃)နိုင်ငံက အဆင့်မြင့် အရာရှိကြီးတွေ ကျုပ်ကို ဝိုင်းထားကြတယ်။ ကျုပ်မှာသာ နတ်ဘုရားစွမ်းအား အကာအကွယ်မရှိရင် ဝိုင်းဖိသတ်ခံရမလား မသိဘူး။
“အားလုံးပဲ ကျေးဇူးပြုပြိး စိတ်မပူကြပါနဲ့.. စိတ်လျော့ထားကြပါ..”
ခံတပ်ထိပ်ကို ဆင်းလိုက်တာ မှားသွားပြီ ထင်ပါတယ်ဗျာ။ ကျုပ် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တော့ မူကျီနဲ့ နတ်ဘုရားကာကွယ်ရေးအဖွဲ့က ညီအစ်ကို တစ်ယောက်မှ မတွေ့ရဘူး။
“နတ်ဘုရား တမန်တော် နောက်ဆုံးတော့ ပြန်လာပြီပေါ့..”
“အာ.. လူသားတွေမှာ မျှော်လင့်ချက် ရောင်ခြည်တွေ ရှိလာပြီ.. ရန်သူတွေကို မောင်းထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..”
............
တုန်းရီက..
“ကြည့်မနေနဲ့တော့.. ဒီမှာ ဘယ်သူမှ မရှိဘူး.. ဒဏ်ရာတွေ ကုနေကြတယ်.. ညီအစ်ကိုတွေ ငါ့အမိန့်နဲ့ မိစ္ဆာတွေကို သွားသုတ်သင် နေကြတာဆိုတော့ မင်းတွေ့မှာမဟုတ်ဘူး..”
အဲ့သတင်းကြားတော့ ကျုပ်တော်တော် အံ့ဩသွားတယ်။
“ဘာလို့ စောစာက မပြောတာလဲ.. မူကျီနဲ့ ကျန်တဲ့သူတွေဘယ်မှာလဲ.. ငါ့ကို အမြန်ခေါ်သွားပေး..”
အားလုံး ဒဏ်ရာကိုယ်စီနဲ့ဆိုတော့ ကျုပ်စိတ်ပူသွားတာပေါ့။ မူကျီအနား တကယ်ကို ချက်ချင်း ပျံသွားချင်နေတာ။ အကြီးအကဲ (၂)ယောက လဲ ကိုယ့်ကိုကိုယ် စတေးခဲ့သေးတယ်။ အခု သူတို့တွေ ဘယ်လိုနေလဲ မသိသေးဘူး။ စိတ်ဆိုးနေကြပြီလား မသိဘူး။ အချိန်မှီပြန်မလာနိုင်တာ ကျုပ်အမှားပဲလေ။
“မင်းမှ မမေးတာကို.. လာ အခု မင်းကို ခေါ်သွားပေးမယ်..”
ကျုပ် ထွက်သွားမလို့လုပ်တုန်း အဘိုးကြီးတစ်ဘောက်အသံ ကြားလိုက်ရတယ်။ သူ့အသံ တုန်တုန်က ပတ်ဝန်းကျင်ကို လုံးဝကို ဖိနှိပ်ထားသလိုပဲ.။
“ကျန်းကုန်း.. မင်းဘယ်တုန်းက ဒီလိုမျိုး မရိုးမသား ဖြစ်သွားတာတုန်း.. ဒီအဘိုးကြီးကို နှုတ်ဆက်ဖို့ ဘာလို့ မလာတာလဲ..”
ကျုပ်အသံကြားရာ ကြည့်လိုက်တော့ တစ်ကိုယ်လုံးက သွေးတွေတောင် ငြိမ်သွားသလိုပဲ။ ကျုပ်မျက်နှာဖုံး အောက်မှာ မျက်ရည်တွေ ကျလာမိပြီး အဝတ်မှာတောင် ရွဲသွားတယ်။ အသံလာရာမှာ ရပ်နေတဲ့ လူနှစ်ယောက်က မှော်ဆရာ (၂)ယောက်လေ။ တစ်ယောက်က ကျုပ်ဆရာ အိုက်ရှားရဲ့ တော်ဝင်မှော်ပညာ အလယ်တန်းကျောင်းအုပ်ကြီး ဆရာလောင်လွင်တိနဲ့ ကျန်တဲ့တစ်ယောက်က တော်ဝင်မှော်ပညာ အထက်တန်းကျောင်းက ကျောင်းအုပ်ကြီး ချွဲစုန့်ကျန်း ဗျ။
အစောက ပြောလိုက်တာ ဆရာကျန်းဗျ။ ဆရာတိက သူ့ဘေးမှာရပ်နေပြီး တစ်ကိုယ်လုံး တုန်နေပြီး ဘာစကားမှ မပြောဘူး။ အချိန်ရဲ့ တိုက်စားမှုကြောင့် သူ့မျက်နှာပေါ်မှာ အရေးအကြောင်းတွေ သိသိသာသာ မြင်နေရတယ်။ ကျုပ်အတွက်တော့ ဆရာတိဆိုတာ ကျုပ်ကို ဂရုစိုက်ပြီး လူတစ်လုံး သူတစ်လုံး ဖြစ်အောင် သစ်ပေးခဲ့တဲ့ ဖခင် တစ်ယောက်လို ဆိုလဲ ဟုတ်တယ်လေ။ အဲ့အဘိုးကြီး ဘာလို့ အဲ့လောက် အိုစာသွားတယ်ဆိုတာ ကျုပ်သိချင်နေပြီ။ ကျုပ်ခံစားချက်တွေ မထိန်းနိုင်တော့ဘဲ ဆရာတိရှေ့သွား ဒူးထောက်ပြီး ငိုသံပါကြီးနဲ့..
“ဆရာ………”
============= (*^*)=============
အပိုင်း( ၃၃၄ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား