← Chapters

ရဲတိုက်သို့ ရောက်ရှိခြင်း

Vol. 23 Ch. 331

ရဲတိုက်သို့ ရောက်ရှိခြင်း

Vol. 23 Ch. 331

Child of light (ကျန်းကုန်း)

Volume 12: Chapter 6 - Arriving at the Stronghold

“အခု သဘာဝ နတ်သူငယ်တွေ လူသားမျိုးနွယ်ဘက်မှာ တပ်ဆွဲထားတယ်.. ငါ့အဖေကတော့ နဂါးမျိုးနွယ်ကို ခံတပ်ဆီ ခေါ်သွားတယ်. အစ်မူကျီနဲ့ တွေ့နေလောက်ပြီ.. သူတို့တွေ ခံတပ်ကို ရက်ပိုင်းအတွင်း ရောက်လောက်တယ်.. ပင်လယ်ထဲမှာ မိစ္ဆာတွင်းတွေ (၁၀)ခု ကျော်နေပြီလို့ ကြားတယ်.. ခံတပ်က မှော်အမြှောက်တွေကြောင့်သာ မဟုတ်ရင် ခံတပ် ကျသွားလောက်ပြီ.. နတ်ဆိုးနဲ့ သားရဲမျိုးနွယ်ကတော့ ပိုဆိုးတာပေါ့.. သူတို့တွေ ဆုံးရှုံးမှု နည်းမှာ မဟုတ်ဘူး..”

“ကောင်းပြီလေ.. အခုငါ မှော်ဝင်္ကပါ ခင်းလိုက်အုံးမယ်.. ငါ့ကို ကာကွယ်ပေးထားအုံး..”

စကားဆုံးတာနဲ့ တတိယ အကြိမ် တာဝေး တည်နေရာရွှေပြောင်း ဝင်္ကပါ စဆွဲလိုက်တော့တယ်။

ရှောင်ကျင်းနဲ့ ရှောင်ရို့ကတော့ ဘေးမှာ သာသာယာယာ လှဲပြီး ကျုပ်ခန္ဓာကိုယ်ကနေ ရွှေရောင် အငွေ့အသက်တွေ ဖြာထွက်နေတာကို သဘောတွေ့နေကြလေရဲ့။ ဒီနေရာကို အဝေးကနေကြည့်ရင် ဘယ်လိုမှ မမြင်နိုင်တာဆိုတော့ သူတို့တွေ ပေါ့တိပေါ့လျော့နေတာ သွားအပြစ်ပြောလို့မရပြန်ဘူး။

ဝင်္ကပါဆွဲပြီးသွားတော့ ခံတပ်နဲ့ အနီးဆုံးနေရာကို သတ်မှတ်ထားလို့ ခံတပ်ရောက်ဖို့ဆို သိပ်ပျံသွားစရာ မလိုလောက်ဘူး။ တာဝေး တည်နေရာရွှေ့ပြောင်း ဝင်္ကပါပြီးသွားတော့ ကျုပ်နည်းနည်းလေး ပင်ပန်းသလို ခံစားရပေမယ့် စိတ်ထဲမထားလိုက်ဘူး။ အမွေရပြီးပြီဆိုတော့ တားမြစ်မန္တန် (၂)ခုကိုတောင် တာဝေး တည်နေရာ ပို့ဆောင်ခြင်း ဝင်္ကပါထဲ ထပ်ထည့်ဖို့ သန့်ရှင်းသောဓားစွမ်းအားတွေ သုံးလိုက်သေးတယ်။ ကျုပ်နည်းနည်း ပင်ပန်းသွားတာ ပုံမှန်ပဲပေါ့ဗျာ။ အစစ်အမှန် နတ်ဘုရား တစ်ယောက်လို မှ မဟုတ်တာကိုဗျာ။

အခုနေသာ တာဝေး တည်နေရာပြောင်းရွှေ့ဝင်္ကပါကို ရှောင်ကျင်း ခန္ဓာကိုယ်ကြီး သယ်သွားရင် နတ်ဘုရား စွမ်းအား လုံလောက်မှာ မဟုတ်တော့ဘူး။ ကျုပ်ဘာလုပ်သင့်လဲ။ အမြန်ဆုံး စဉ်းစားပြီး ခန္ဓာကိုယ်ထဲက နတ်ဘုရား စွမ်းအားတွေကို အမြန်ဆုံး ဖြန့်ကျက်ပစ်လိုက်တယ်။ ကျုပ်ကျောပြင်မှာ အတောင်(၆)ခု ပေါ်လာတာ တွေ့တော့ ရှောင်ကျင်းနဲ့ ရှောင်ရို့တောင် အံ့ဩသွားတယ်။ ကျုပ် မျက်လုံးတွေ မှိတ်ပြီး ပတ်ဝန်းကျင်က အလင်းဒြပ်စင်တွေ စုပ်ယူဖို့ အထောက်အကူစွမ်းအားတွေ အားကိုးနဲ့ နတ်စွမ်းအားမဖြစ်ကို ဆက်တိုက် ပြောင်းလဲ အားပြန်ဖြည့်တော့တာပေါ့။

အချိန် အတော်ကြာတော့ အထွတ်အထိပ်အခြေအနေ ပြန်ရောက်သွားတယ်။ အသက်ပြင်းပြင်း ရှူပြီး မျက်လုံး ဖွင့်ကြည့်လိုက်တော့ ရှောင်ကျင်းနဲ့ ရှောင်ရို့ သူတို့ လှဲနေတဲ့နေရာကနေ မီတာ(၁၀၀)လောက် ရောက်နေတာ တွေ့လိုက်ရတယ်။

“မင်းတို့ ဘာလို့ ဒီလောက် အဝေးကြီးသွားနေတာလဲ.”

“သခင်.. ငါတို့ နောက်ဆုတ်တာမဟုတ်ဘူး.. မင်းစွမ်းအားတွေ ငါတို့ကို တွန်းထုတ်လိုက်တာ..”

ရှောင်ကျင်း ကူကယ်ရာမဲ့ ဖြစ်နေပေမယ့် ရှောင်ရို့ကတော့..

“ကျေးဇူးတင်ပါတယ်.. သခင်.”

ကျုပ် စွမ်းအားတွေ ပြန်ရုပ်သိမ်းပြီး..

“ဘာကို ကျေးဇူးတင်တာတုန်း.. ထားလိုက်တော့.. မှော်ဝင်္ကပါ အသက်သွင်းမယ်.. ခံတပ်ကို သွားကြရအောင်..’

ရှောင်ရို့ စိတ်လှုပ်ရှားတကြီးနဲ့ ကျုပ်ပုခုံးပေါ် ခုန်တက်လာပြီး တိုးတိုးလေးနဲ့..

“သခင်.. အမြီး(၉)ခု ဖြစ်ပြီးကတည်းက ငါ့စွမ်းအားတွေ အထွတ်အထိပ်မရောက်ခင် အမြဲတမ်း ပိတ်မိနေတာ.. ဒီနေ့ နင့်စွမ်းအားကြီးတွေ နောက်ဆုံးအဆင့် အောင်မြင်အောင် ကူညီလိုက်တာ.. ငါ နင့်ကို ဘယ်လို ကျေးဇူးတင်ရမှန်းကို မသိတော့ဘူး..”

“ငါတို့က သူငယ်ချင်းတွေလေ.. ဘာကို ကျေးဇူးတင်နေတာတုန်း.. ကောင်းပြီ.. သွားကြစို့.. ရှောင်ကျင်း အချိန်ဆွဲမနေနဲ့ အထဲအမြန် ဝင်ခဲ့တော့ကွ..”

ရှောင်ကျင်း မှော်ဝင်္ကပါထဲကို မရဲတရဲနဲ့ ဝင်လာပြီး..

“သခင်.. ဒီဟာကြီး တကယ် အလုပ်ဖြစ်လောက်လား..”

“ဒါပေါ့.. ကိုယ့်ကိုကိုယ် ကာကွယ်ဖို့တော့ မင်းစွမ်းအားတွေ သုံးရလိမ့်မယ်.. ကျန်တာ ငါ့တာဝန်ထားလိုက်..”

“သခင်.. ကျေးဇူးပြုပြီး.. ခနလေး နေပါအုံး.”

ကျုပ် မှော်ဝင်္ကပါကို အသက်သွင်းမလို့ လုပ်တုန်း ရှောင်ရို့ ထပြောတာဗျ။

“ရှောင်ရို့.. ဘာ ပြဿနာ ရှိလို့လဲ..”

“သခင်.. ငါ အကူအညီ တစ်ခုလောက် တောင်းချင်လို့..”

“ပြောလေ..”

“သခင်.. ငါ နတ်ဆိုးမြေခွေး ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ.. နင် အားတဲ့အချိန် ငါ့နောက်ဆုံး ပြောင်းလဲခြင်းမှာ ကူညီနိုင်မလားလို့ပါ..”

အဲ့စကားကြားတော့ အရင်က တွေ့ဖူးတဲ့ ရှောင်ရို့ရဲ့ အသွင်ကူးပြောင်းခြင် စွမ်းရည်ကို သတိရပြီး မှင်တက် မိသွားမိတယ်။

“ရှောင်ရို့.. အဲ့နည်းလမ်းက အန္တရာယ်များတယ်လို့ နင်ပြောဖူးတယ်မို့လား.. ဘယ်လို ပုံစံ လိုချင်လို့လဲ..”

ရှောင်ရို့ နည်းနည်း တုံ့ဆိုင်းပြီး တောက်ပတဲ့ အကြည့်တွေနဲ့ ကျုပ်ကို ကြည့်ပြီး ..

“သခင်.. ငါ မြေခွေး ခန္ဓာကိုယ်ကို စတေးပြီး မူကျီနဲ့ ဟိုင်ရှင်းတို့လို လူသား တစ်ယောက် ဖြစ်ချင်တယ်.. သခင်.. ငါတောင်းဆိုတာ လက်ခံပေးပါနော်.. နင့် အခုစွမ်းအားတွေနဲ့ဆို ငါ့ခန္ဓာကိုယ် အသွင်းပြောင်းမှု အောင်မြင်အောင် ကူညီဖို့ဆိုတာ ဘာပြဿနာမှ မရှိလောက်ဘူး..”

ရှောင်ကျင်း စောစောက ပြောထားတာတွေက အပြည့်အစုံ မဟုတ်ပေမယ့် သူဆန္ဒလဲ သိပ်မဆိုးဘူးလို့ ခံစားမိလို့ ခေါင်းညိတ်လိုက်တယ်။

“ကောင်းပြီ.. ငါတို့တွေ မိစ္ဆာမျိုးနွယ်ကို ဖယ်ရှားပြီးရင် လူသားတစ်ယောက် ဖြစ်အောင် မင်းလိုအပ်တာတွေ စုဆောင်းပေးမယ်လို့ ကတိပေးတယ်..”

ရှောင်ရို့ ကျုပ်သဘောတူတာ ကြားတော့ ဝမ်းသာအားရ ထခုန်လိုက်သေးတယ်။

“အရမ်းကောင်းတာပဲ.. သခင်.. ကျေးဇူးတင်ပါတယ်..”

စကားလဲ ဆုံးရော သူ့ပျော့အိအိ ခေါင်းလေးနဲ့ ကျုပ်မျက်နှာကို ပွတ်သပ် ပေးနေလေရဲ့။ ကျုပ်နှလုံးသားတောင် နွေးထွေးသွားတဲ့အပြင် သူ့နှလုံးခုန်သံတွေ ဆူညံနေတာ ခံစားမိလိုက်ရတယ်။

ခနကြာမှာ ကျုပ်လဲ အမူအရာ ပြောင်းပြီး..

“ကဲ့.. အခု သွားကြရအောင်.. ရှောင်ကျင်း၊ ရှောင်ရို့.. အသင့်ပြင်ထား..”

ပြောပြီးတာနဲ့ မြင့်မြတ်စွမ်းအားတွေ မြှင့်တင်ရင်း ညာလက်ကို လေထဲ မြှောက်လိုက်တယ်။ ညာလက်က နတ်ဘုရား အကာအကွယ်ကနေ ရွှေရောင်အလင်းတန်းတွေ ချက်ချင်း ထုတ်လွှတ်လိုက်တယ်။ ရှောင်ရို့ကို ကြည့်လိုက်တဲ့အချိန် အလင်းရောင်တွေ ကျုပ်တို့ကို ဝိုင်းရံပြီး မှော်ဝင်္ကပါကို အသက်သွင်းလိုက်တော့တယ်။ အလင်းရောင် တစ်ချက် အလက်နဲ့အတူ လူတစ်ယောက်နဲ့ သားရဲ(၂)ကောင် ပျောက်သွားပါလေရော။

တည်နေရာရွှေ့ပြောင်း မန္တန်ထဲမှာ အရောင်စုံ နေပေမယ့် အဲ့ဒါတွေ ခံစားချိန် မရှိပါဘူးဗျာ တာဝေးတည်နေရာပို့ဆောင်ခြင်းဆိုတာ အရမ်းအန္တရာယ်များတာ။ တစ်ခုခု မှားသွားတာနဲ့ လေဟာနယ် ကွဲပြဲပြီး ကျုပ်တို့တွေ ဘာမှန်းမသိတဲ့ နေရာ တစ်ခုခုမှာ သွားပေါ်နိုင်တယ်လေ။ ရှောင်ကျင်းခန္ဓာကိုယ်ကြီးက တကယ်ကို ကြီးလွန်းတော့ အရင်တုန်းကထက်ကို ဖိအား(၃)ဆလောက် ခံစားနေရတာဗျ။ ကျုပ်မှာသာ နတ်ဘုရားစွမ်းအား မပြည့်ဝရင် ဒီဖိအားတွေ မခံနိုင်လောက်ဘူးဗျ။

နောက်ဆုံးတော့ ကျုပ်တို့တွေ မှော်ဝင်္ပါအဆုံးသတ်ကို ရောက်ပြီး နောက်ထပ် အလင်းတန်း တစ်ချက်နဲ့အတူ ကမ္ဘာကြီးပေါ်မျာ ပြန်ပေါ်လာတော့တယ်။

ဟမ်..။ ကျုပ်တို့တွေ ဘာလို့ ဆက်တိုက် ကျနေပါလိမ့်။ အာ.. တည်နေရာရွှေ့ပြောင်း ဝင်္ကပါက တကယ်ကြီး ကျုပ်တို့ကို လေထဲ ပို့လိုက်တာဗျ။ အောက်ငုံကြည့်လိုက်တော့ ရောက်နေတဲ့ နေရာဟာ ကျုပ်တို့တွေ အရင်တုန်းက ဖန်တီးခဲ့မိတဲ့ ပင်လယ်ကြီး ပေါ်ရောက်နေတာ တွေ့ရတော့ အံ့ဩသွားမိတယ်။ တကယ့် အကောင်ကြီးတွေမှ အများကြိး အဲ့နေရာကနေ ဆက်တိုက် တက်လာနေကြတာ။ ကျုပ်ပင်ပန်းသွားလို့ မှော်ဝင်္ကပါရဲ့ ထွက်ပေါက်အတွက် အမှားသေးသေးလေး တစ်ခုကြောင့် ဒီနေရာကို ပို့လိုက်တာဖြစ်လိမ့်မယ်။ ဒါပေမယ့် သိပ်တော့ မဆိုးပါဘူးလေ.. ခံတပ်နဲ့ နီးနေတာပဲကို။

ကျုပ်စိတ်တွေ စုစည်းပြီးတာနဲ့ ခန္ဓာကိုယ် တည်ငြိမ်သွားအောင် နတ်ဘုရား စွမ်းအားတွေ လွှင့်ထုတ်လိုက်တယ်။ ရှောင်ကျင်းကတော့ လေထုထဲ ရပ်အောင် သူ့အတောင်တွေ ဖြန့်ထားလိုက်တယ်။ ကျုပ်ခန္ဓာကိုယ်ကို သူ့ကျောနဲ့ ခံလိုက်တော့မှ ပါတ်ဝန်းကျင်ကို သေချာ လေ့လာမိတော့တယ်။

============= (*^*)=============

အပိုင်း( ၃၃၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters