မဟာမိစ္ဆာဘီလူး (၃)ကောင်
Vol. 23 Ch. 332
Child of light (ကျန်းကုန်း)
Volume 12: Chapter 7 - The Three Great Monster Lords
အောက်သို့ ငုံ့ကြည့်လိုက်တော့ လျှပ်စီးခံတပ်ရှေ့ ကွင်းပြင်ကြီးမှာ မိစ္ဆာတွေပုံစံမျိုးစုံနဲ့ ဖုံးလွှမ်းနေသည်ကို သတိထားမိလိုက်တယ်။ အဲ့မိစ္ဆာတွေ လျှပ်စီးခံတပ်ဆီကို လှိုင်းလုံးကြီးတွေလိုပဲ အားကြိုးမာန်တက် ချီတက်နေကြလေရဲ့။ ခံတပ်ရဲ့ မြို့ရိုးပေါ်မှာ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားနေရတယ်။ ခံတပ်က ကြီးခန်းနားလွန်းတဲ့ မှော်အလင်းရောင်တွေနဲ့အတူ မှော်အမြှောက်တွေနဲ့ မိစ္ဆာတွေကို ပစ်ခတ် ဖောက်ခွဲနေတာဖြင့် သတ်ကွင်းကြီးကို ဖြစ်လို့။ ခံတပ်ကနေ မီတာ(၃၀၀)အတွင်းထဲကို ထိုးဖောက်ဝင်နိုင်တဲ့ မိစ္ဆာကို မရှိဘူး။ ခံစစ်ပုံစံနဲ့ ထိန်းသိမ်းထားနိုင်တုန်းပဲ ဆိုတဲ့ သဘောပေါ့။ နတ်ဆိုးနဲ့ သားရဲ မဟာမိတ်ဘက်ကို ကြည့်လိုက်တော့ အဲ့ဘက်ကို သွားနေတဲ့ မိစ္ဆာအရေအတွက်က ဒီဘက်ထက် သိသိသာာ နည်းတာ တွေ့ရတယ်။ ဒါပေမယ့် မိစ္ဆာတွေ နယ်မြေနည်းနည်းချင်း ကျူးကျော်နိုင်နေတယ်။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေ ဘယ်လို ကိုင်တွယ်မလဲတော့ မသိဘူး။
ကျုပ် ရောက်ရောက်ချင်းပဲ အားလုံးကို ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။ ကျုပ် ရှောင်ကျင်း ခေါင်းကို ပုတ်ပြီး..
“ရှောင်ကျင်း.. ရှောင်ရို့ကို ခေါ်ပြီး ခံတပ်ထဲ အရင်သွား.. ငါရောက်ပြီဆိုတာ အားလုံးကို ပြောပြလိုက်.. ခံတပ်ထဲ မဝင်ခင် မိစ္ဆာတွေကို ငါ့အစွမ်းပြလိုက်အုံးမယ်..”
ပြောပြီးတာနဲ့ ခုန်တက်ပြီး ကျော်မှာ အလင်းအတောင်ပံ (၆)ခု ထုတ်ပြီး လေထဲမှာ ငြိမ်အောင် အရင်လုပ်လိုက်တယ်။ ရှောင်ကျင်းလဲ အတောင်တွေ ရုတ်ပြီး အောက်ဘက် ထိုးဆင်းရင်းနဲ့ သူ့နဂါးစွမ်းအားတွေ သုံးပြီး မိစ္ဆာတွေကို တဟုန်ထိုး သတ်လိုက်သေးတာ။
“နတ်ဘုရားဘုရင်ကိုယ်တိုင် ငါ့ကို သန့်ရှင်းသောဓားအပ်နှင်းထားတဲ့အတွက် ကောင်းကင်ဘုံထိ အရှိန်အဟုန်နဲ့ တောက်ပစေရမယ်ဟေ့…”
မန္တန်ရွတ်ပြီးတာနဲ့ ခန္ဓာကိုယ်ထဲကနေ အလင်းရောင်တွေ တောက်လာတယ်။ ငွေရောင် သန့်ရှင်းသောဓားလဲ ကျုပ်ရှေ့ ချက်ချင်းပေါ်လာလို့ အသာလှမ်းကိုင်လိုက်တော့ အရှိန်အဝါတွေ ပိုတောင် ပြင်းလာသေး။ ပတ်ဝန်းကျင်က အလင်းတန်းတွေ အမြန်ဆုံး စုလာတယ်။ ကျုပ်က အခုဆို ကောင်းကင်ပေါ်က နေမင်းကြီးလိုကို ဖြစ်နေတော့တာ။
မိစ္ဆာတွေရဲ့လှုပ်ရှားမှုတွေတောင် ကျုပ်အောက်မှာ နှေးသွားပုံပဲ။ ကျုပ်စွမ်းအားက မိစ္ဆာအားလုံးကို ချေမှုန်းဖို့ မလုံလောက်ပေမယ့် သူတို့ အခြေခံထိခိုက်နိုင်တယ်လေ။ ဒေါသတကြီး ကြည့်ရင်း ဟိန်းသံတစ်ချက် နဲ့အတူ ပတ်ဝန်းကျင်က အလင်းတန်းတွေ လေဆင်နှာမောင်း တစ်ခုလို လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ ကျုပ်ကို ဗဟိုထားပြီး အပြင်ဘက်ကို စွမ်းအားတွေ လှိုင်းထနေလေရဲ့။ မိစ္ဆာတွေကကတော့ ကျုပ်စွမ်းအား အောက်မှာ တစ်ကောင်ပြီးတစ်ကောင် ပျောက်သွားနေတဲ့အချိန် ဝမ်းနည်း ပူဆွေးသံတွေ ဆက်တိုက် ကြားနေရတယ်။
ကျုပ်ခန္ဓာကိုယ်တဝိုက်မှာ ပေါင်းစပ်အလင်းရောင်နဲ့အတူ ကျုပ်ခန္ဓာကိုယ်က ရွှေရောင် ပြောင်းသွားပြီ။ ပတ်ဝန်းကျင်မှာ အရူးအမူး လှည့်ပတ်နေတဲ့ အလင်းဓာတ်တွေကနေ နည်းနည်းလေး ထိခိုက်မခံရတော့ဘူး။
သန့်ရှင်းသောဓားကို လက်နှစ်ဖက်နဲ့ကိုင်ပြီး နတ်ဘုရားအစောင့်က ကြည်လင်နေတဲ့ ရတနာကနေ ထူးခြားတဲ့ မီးတောက်တွေ ထုတ်ပေးနေတယ်။ နတ်ဘုရား အစောင့်ကနေ သန့်ရှင်းသောဓားထဲကို မြင့်မြတ်စွမ်းအားတွေ ထပ်ထည့်လုက်တော့ သန့်ရှင်းသောဓားက ပိုတောင် အားပြင်းလာသေးတယ်။ အံ့ဩဖို့ ကောင်းတာနဲ့အမျှ လှည့်ပတ်နေတဲ့ အလင်းဒြပ်စင်တွေ တဖြည်းဖြည်း ပေါင်းစပ်သွားတယ်။
မသိလိုက်ခင်မှာပဲ ကျုပ်မျက်လုံးတွေ ရွှေရောင် ပြောင်းသါားပြီး..
“သန့်ရှင်းသော အလင်းဓား… မြင့်မြတ်အလင်း ပိုင်းဖြတ်ခြင်း..”
အောက်ဘက်ကို လွှဲခုတ်လိုက်တော့ သန့်ရှင်းသောဓားကနေ ကောင်းကင်နဲ့ မြေကြီးကိုချိတ်ဆက်နိုင်တဲ့ စွမ်းအားကြီး ပါလာတဲ့ပုံပဲ။ ပင်လယ်အနက်ပိုင်းဘက်ကို စက်ဝိုင်ခြမ်းသဏ္ဍာန်တစ်ခု ပစ်ဝင်သွားတယ်။
သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ မြေပြင်ကို ရောက်တော့ မီတာ(၅၀၀)အတွင်းထဲက မိစ္ဆာတွေအကုန် ပြာဖြစ်သွားတယ်။
“အုန်း…….”
အလင်းတန်းက ပင်လယ်ထဲကို ပျောက်သွားတာနဲ့အတူ မိစ္ဆာကောင်ရေ (၁၀၀၀၀)ကျော် လျှောကုန်ရော။
လျှပ်စီးခံတပ် တံခါးလဲ ဝုန်းကနဲ ပွင့်လာပြီး ထောင်နဲ့ချီတဲ့ အင်အားတွေ လျှပ်စီးလက်သလို ထွက်လာကြတယ်။ စွမ်းအားအရင်းအမြစ် ခေတ္တ ဆုံးရှုံးသွားတဲ့ မိစ္ဆာတွေကို ထိထိရောက်ရောက် သတ်တိုင်ကြတာပေါ့။ တိုက်ပွဲ စိတ်ဝိညာဉ်တွေ အရောင်အမျိုးမျိုး လင်းနေတဲ့အောက်မှာ မိစ္ဆာတွေ ဆက်တိုက် အသတ်ခံနေရတယ်။ အဲ့လူတွေကတော့ နတ်ဘုရားကာကွယ်ရေးအဖွဲ့က ကျုပ်ညီအစ်ကိုတွေနဲ့ မြေနဂါးတပ်ဖွဲ့ရယ်၊ တလူနိုင်ငံက မြင်းစစ်သည်တော်တွေပေါ့။ မှော်စွမ်းအင် ကာကွယ်မှုအောက်မှာ သူတို့တွေ သောင်းချီအောင် အင်အားစုပြီး မိစ္ဆာတွေကို အရူးအမူး သတ်နေကြလေရဲ့။ ဒီနေ့အောင်ပွဲကတော့ ကျုပ်တို့ဘက်မှာရှိတာ အသေအချာပဲ။
ရုတ်တရက် ပင်လယ်ဘက်မှာ ထူးထူးခြားခြား ငြိမ်သွားပြီး မိစ္ဆာတွေ ထပ်ထွက်မလာတော့ဘူး။ စောစောက ရှင်းပစ်နိုင်တာက သာမန် မိစ္ဆာတွေဆိုတာ ကျုပ်ကောင်းကောင်း သိတယ်။ ဒါပေမယ့် ဒီလို မိစ္ဆာတွင်း အကြီးကြီးနဲ့ ထိပ်တိုက်တွေ့ရတဲ့အချိန် သူတို့ အရင်းအမြစ် လုံးဝငြိမ်သက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
သန့်ရှင်းသောဓားနဲ့ ထပ်ခုတ်လိုက်တော့ မီးခိုးရောင် ပုံစံ(၃)ခု ပင်လယ်ထဲကနေ ကျုပ်ဆီကို ရုတ်တရက် ပျံထွက်လာတယ်။
“ကျန်းကုန်း.. ဂရုစိုက်..”
စိုးရိမ်သံအပြည့်နဲ့ အော်သံကို ကွင်းပြင်ထဲကနေ ထွက်လာတာ ကြားလိုက်ရတယ်။
ဘယ်သူသတိပေးတယ်ဆိုတာ ကြည့်နေဖို့ အချိန်မရှိသေးဘူး။ သန့်ရှင်းသောဓားက ကျုပ်ခန္ဓာကိုယ်ကို လှည့်ပတ်ပြီး မီးခိုးရောင် အရှိန်အဝါတွေနဲ့ ထိပ်တိုက် တွေ့သွားတယ်။
“ဟုန်း……”
ရိုက်ချက်က ပြင်းလိုက်တာ။ ကျုပ်ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားတွေတောင် လှုပ်ရှားသွားသလိုပဲ။ ကျုပ် အမြင်အာရုံတွေ ဖွေးဖြူသွားပြီး ပါးစပ်ထဲကနေ ငွေရောင် သွေးတွေ ထွက်လာတယ်။ ရေခဲနတ်ဘုရား မျက်နှာဖုံးကနေ ငွေရောင် အရှိန်အဝါတစ်ခု ထွက်လာပြီး ရှုတ်ထွေးနေတဲ့ အခြေအနေမှာ ကျုပ်စိတ် တည်ငြိမ်သွားတယ်။ ဒီစွမ်းအားတွေနဲ့ဆို မိစ္ဆာဘုရင် ပြန်နိုးထ လာလို့များလား။
ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားတွေ ဒဏ်ရာကို ဆက်တိုက် ကုပေးနေတယ်။ ပတ်ဝန်းကျင်က အလင်းဓာတ်တွေက ကျုပ်ကုန်သွားတဲ့ နတ်ဘုရားစွမ်းအားတွေ ပြန်ဖြည့်ပေးနေတယ်။ ခန္ဓာကိုယ် ငြိမ်အောင် ထိန်းနိုင်တဲ့အချိန် အစောက ထိပ်တိုက်တွေ့မိတာကြောင့် (၁)ကီလိုမီတာလောက် နောက်ပြန်ဆုတ်လိုက်ရတယ် ဆိုတာ သိလိုက်ရတယ်။ အလင်းနတ်ဘုရား အမွေ လက်ခံရပြီး ထင်မှတ်မထားတာမို့ နည်းနည်းတော့ စိတ်ထိခိုက် မိသွားတယ်။ မီးခိုးရောင်နဲ့ (၃)ခု ကျုပ်ရှေ့လာရပ်တယ်။ မီးခိုးအမြှင်တွေ စုသွားတော့မှာ သူတို့ ပုံစံအမှန် ပေါ်လာတော့တယ်။
အလယ်က မိစ္ဆာက နတ်ဆိုးစေတန်ရဲ့ ခန္ဓာကိုယ်ကို ပိုင်ထားတဲ့ ကျာစစ်ခယ်လီသောင်ဗျ။ သူ့ရှေ့မှာ ကန့်လန့်ဖြတ်ကိုင်ထားတဲ့ ဓားနက်ကြီးကိုကြည့်ပြီး နည်းနည်းလေး အံ့ဩသွားမိရသေးတယ်။ သူ့ပါးစပ်ထဲကနေ အစိမ်းရောင်သွေးတွေလဲ စီးကျနေလေရဲ့။ စောစောက တိုက်ကွက်မှာ သူထဲ သိသွားတဲ့ပုံပဲ။ သူ့ဘယ်ဘက်မှာ ရင်အုံကြီးကြီးနဲ့ အငွေ့အသက်တွေ ဖုံးနေတော့ ဘယ်သူမှန်းမမြင်နိုင်ဘူး။ မီကျားလီရဲ့ မှတ်ဉာဏ်တွေ ကြည့်လိုက်တော့ အဲ့ကောင် မဟုတ်ဘူးလား။ ဒီကောင်က မိစ္ဆာစုန်း ဟာအာယွဲ့တိ ဆိုတာ သိလိုက်တယ်။ ညာဘက်က သွေးငွေ့တွေနဲ့ ခန္ဓာကိုယ်ကို ဖုံးထားတဲ့သူက သွေးမစ္ဆာ ခယ်အံသဲအာကျိ ဖြစ်လိမ့်မယ်။ ဒါ မိစ္ဆာဘုရင် နိုးထလာတာမဟုတ်ပေမယ့် မိစ္ဆာဘီလူး(၃)ဖော် စုစည်းမှု ဖြစ်လိမ့်မယ်။
ကျာစစ်ခယ်လီသောင် ရယ်မောရင်းနဲ့..
“ကောင်းတယ်… မင်းက ငါတို့(၃)ယောက်ပေါင်းတိုက်တာ ခံနိုင်တယ်.. မင်းတကယ်ကို မိကျားလီရဲ့ စွမ်းအားတွေ ဆက်ခံထားတဲ့ပုံပဲ..”
“ကျာစစ်ခယ်လီသောင် .. မင်းတို့(၃)ယောက် တော်တော်လေး အစွမ်းထက်နေတယ် ထင်တယ်ပေါ့လေ.. ငါ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်ဘူး..”
“လူမိုက်.. မင်း သေလမ်းရှာနေတာပဲ.. သွေးမိစ္ဆာ စိတ်ဝိညာဉ်ခွဲထုတ်ခြင်း..”
သွေးမိစ္ဆာ ခယ်အံသဲအာကျိ သွေးမြူထူထူကြီးနဲ့အတူ အနီရောင် အလင်းတန်းတွေနဲ့ ကျုပ်ဆီ ပြေးဝင်လာတယ်။
“မြင့်မြတ်သော အလင်းတမန်တော်..”
ကျုပ်လဲ အော်ရင်း သန့်ရှင်းသောဓားကို လက်နှစ်ဖက်နဲ့ ကိုင်ရင်း ဒေါင့်ဖြတ် လွှဲထုတ်ချလိုက်တာ ငွေရောင်အလင်းတန်း(၂)ခု ပြေးထွက်သွားတယ်။
============= (*^*)=============
အပိုင်း( ၃၃၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား