← Chapters

မြင့်မြတ်စွမ်းအား အမွေ

Vol. 23 Ch. 339

မြင့်မြတ်စွမ်းအား အမွေ

Vol. 23 Ch. 339

Child of light (ကျန်းကုန်း)

Volume 12: Chapter 14 - Divine Will’s Inheritance

ကျုပ်ခေါင်းညိတ်ပြီး..

“ဒါဆို အရမ်းကောင်းတယ်.. မီကျားလီ နတ်ဘုရား လက်မှိုင်ချ ချိုင့်ဝှမ်းကနေ ထွက်မသွားခင် မင်းတို့ နတ်ဘုရား လက်နက် တစ်ခုစီအတွက် မြင့်မြတ်စွမ်းအား အမွေတွေ ပေးသွားတယ်.. မင်းတို့ရဲ့ နတ်ဘုရား လက်နက်တွေကို အပြည့်အဝသုံးနိုင်ဖို့ဆို အဲ့ဒါတွေ လိုလိမ့်မယ်.. အဲ့ဒါဆို အန္တိမ တားမြစ်မန္တန်ကို ငါတို့တွေ စွမ်းအားပြည့် ထုတ်နိုင်လိမ့်မယ်.. မိစ္ဆာဘုရင်ကိုလဲ ကြောက်စရာမလိုတော့ဘူး.. မိကျားလီက မြင့်မြတ်စွမ်းအား အမွေတွေကို လက်ခံတဲ့အချိန် မင်းတို့ရဲ့ အထွတ်အထိပ် အခြေအနေ ရှိနေရမယ်လို့ ပြောထားတယ်.. မဟုတ်ရင် အန္တရာယ်ရှိနိုင်တယ်တဲ့.. မင်း တကယ် လုံးဝပြန်ကောင်း လာပြီလား..”

ကျန်းဟူ ကျန်တဲ့သူတွေကို လှည့်ကြည့်ပြီးမှ..

“ငါကတော့ ပြန်ကောင်းသွားပြီ.. ရှို့စစ်လဲ ဘာပြဿနာမှ မရှိလောက်ဘူး.. ငါတို့အားလုံး အသေးစား ဒဏ်ရာတွေပဲ ရလိုက်တာဆိုတော့ (၂)ရက်နဲ့ သက်သာလာကြတာ.. ပြီးတော့ ရှို့စစ်ကလဲ သူ့ ကောင်းကင် နတ်ဘုရား ဟွန်းကိုသုံးပြီး အားလုံးရဲ့ ဒဏ်ရာတွေ ကုပေးထားတယ်လေ.. ဘာပဲဖြစ်ဖြစ်. မြင့်မြတ်စွမ်းအား အမွေဆိုတာ ဘာတုန်း.. တကယ် အစွမ်းထက်လား..”

“မြင့်မြတ်စွမ်းအား အမွေကို အတိအကျ‌ ရှင်းပြဖို့တော့ ခက်တယ်ကွ.. ဒါပေမယ့် အဓိကက မင်းတို့ လက်ရှိစွမ်းအားတွေရယ် နတ်ဘုရား လက်နက်ရယ် ပေါင်းစပ်လိုက်ရင် နတ်ဘုရားလက်နက်ရဲ့ အစစ်အမှန် စွမ်းအားတွေ အသက်သွင်းပေးလိမ့်မယ်.. မြင့်မြတ်စွမ်းအား အမွေ ဆက်ခံပြီးရင် မင်းတို့ နားလည်လာလိမ့်မယ်.. ငါမှန်းကြည့်တာတော့ မင်း အဲ့အမွေဆက်ခံပြီးရင် စစ်ပွဲနတ်ဘုရား အဆင့် ရောက်သွားလောက်တယ်..”

ကျန်းဟူ၊ ရှို့စစ်၊ ကောင်းသဲနဲ့ တုန်းရီတို့တွေ သူတို့မျက်လုံးထဲမှာကို စိတ်လှုပ်ရှားတကြီးနဲ့ တပြိုင်နက်တည်း ထအော်တော့တယ်..

“ဘာ… စစ်ပွဲနတ်ဘုရားအဆင့်လား..”

ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဘယ်သူပဲဖြစ်ဖြစ် တိုက်ပွဲနတ်ဘုရားဆိုတာကို နောက်ဆုံးပန်းတိုင်အဖြစ် သတ်မှတ်ထားကြတာလေ။ အဲ့ဒါ မှော်ဘိုးဘေးအဆင့်နဲ့ တူတယ်ဗျ။ သိုင်းပညာရှင်တွေအတွက် အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်ပဲလေ။ မြင့်မြတ်စွမ်းအားအမွေကို အောင်အောင်မြင်မြင်နဲ့ ရပြီး ပေါင်းစွမ်းစွမ်းအားတွေ ကျုပ်ထက် နိမ့်မှာ မဟုတ်ဘူး။ အဲ့အချိန်ကျ မိစ္ဆာဘုရင်ကို အနိုင်ယူဖို့အတွက် အခွင့်အရေး ပိုကောင်း လာလိမ့်မယ်။

“အခုဆို မိစ္ဆာဘုရင် အချိန်မရွေး ပေါ်လာနိုင်တယ်.. အားလုံး ပြန်ကောင်းလာပြီဆိုတော့ အခုပဲ အမွေဆက်ခံဖို့ လုပ်လိုက်ရအောင်.. အားလုံး ဝိုင်းပြီး မင်းတို့ နတ်ဘုရား လက်နက်တွေ ထုတ်လိုက်..”

ကျန်းဟူ၊ ရှို့စစ်၊ ကောင်းသဲ၊ ရှင်းအောင်နဲ့ တုန်းရီတို့တွေ ကျုပ်နား ဝိုင်းလာတယ်။ မူကျီနဲ့ ဟိုင်ရှင်းတို့ နောက်ဆုတ်သွားကြတယ်။

ကျန်းဟူက..

“နတ်ဘုရား ဘုရင်က ငါ့ကို တိုက်ပွဲနတ်ဘုရား ချပ်ဝတ် အပ်နှင်းခဲ့တယ်။ မကောင်းဆိုးဝါးတွေကို တားဆီးမယ့် ငါ့ကို မကောင်းမှုတွေ မဖုံးလွှမ်းစေရဘူးဟေ့..”

စကားသံဆုံးတော့ အပြာရောင် ချပ်ဝတ်တန်ဆာတစ်ခု လေထဲမှာ ပေါ်လာပြီး မရေတွက်နိုင်တဲ့ အပိုင်းအဆတွေ အဖြစ် ကွဲသွားပြီး အစ်ကိုကြီး ကျန်းဟူရဲ့ ခန္ဓာကိုယ်ပေါ်ကို တစ်ခုပြီးတစ်ခု အုပ်သွားတယ်။ အပြာရောင်စွမ်းအားတွေ ဆက်တိုက်တုန်ခါနေတဲ့အပြင် သူ့ခန္ဓာက တိုက်ပွဲဝင်လိုစိတ်တွေအပြည့်နဲ့ အရှိန်အဝါတွေ ထွက်နေတယ်။

ရှို့စစ်ကလဲ..

“နတ်ဘုရားဘုရင် ငါ့ကို ကောင်းကင်နတ်ဘုရားဦးချို အပ်နှင်းလိုက်တယ်။ ဦးချိုရဲ့ အော်သံ ဘုံကိုးပါးထိ ညံလိုက်စမ်း..”

အဖြူရောင် အလင်းတစ်ချက် လက်လာပြီး ကောင်းကင်နတ်ဘုရား ဦးချိုက ရှို့စစ် လက်ထဲမှာ ပေါ်လာတယ်။ ဖြူစင်လွန်းတဲ့ ဦးချိုကနေ ပတ်ဝန်းကျင်ကို ကြင်နာတတ်တဲ့ မြင့်မြတ်အရှိန်အဝါတွေ ထုတ်ပေးနေတယ်။

ရှင်းအောင်းကလဲ..

“နတ်ဘုရား ဘုရင်က ကျောက်တုံးနတ်ဘုရားတူ အပ်နှင်းလိုက်တယ်။ ကောင်းကင်ဘုံကို လှုပ်ခါပြီး အမှန်တရားကို ကာကွယ်ဖို့ ကမ္ဘာကြီးကိုတောင် ရွှေ့ပစ်မယ်ကွ”

အဝါရောင်အလင်းတန်း တဖျပ်ဖျပ် လက်လာပြီး ကျောက်တုန်းနတ်ဘုရားတူကြီး လေထဲမှာ ပေါ်လာတယ်။ ရှင်းအောင်း လက်နှစ်ဖက်နဲ့ လှမ်းကိုင်လိုက်တော့ အဝါရောင်အလင်းတန်းတွေ သူ့ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးပြီး ကြီးစိုးလွန်းတဲ့ နတ်ဘုရားအရှိန်အဝါတွေ ထုတ်လွှတ်နေလေရဲ့။

ကောင်းသဲလဲ..

“နတ်ဘုရားဘုရင်က အလင်းနတ်ဘုရားဒိုင်း ငါ့ကို အပ်နှင်းလိုက်တယ်။ ဓားပေါင်း တစ်သောင်းတောင် ငါ့ကို မတားနိုင်ဘူးကွ..”

ကောင်းသဲညာဘက်လက်ထဲမှာ အနီရောင် ဒိုင်းလေးတစ်ခု ပေါ်လာတယ်။ အနီရောင်အလင်းတွေ သူ့ကို ဖုံးပြီး နတ်ဘုရား အရှိန်အဝါ ဖန်တီးထားတယ်။ မှိတ်တုတ်မှိတ်တုန်နဲ့ အနီရောင် အလင်းတွေက လူတွေကို တင်းမာနေရာကနေ တည်ငြိမ်အောင် လုပ်ပေး နေသလိုပဲ။

တုန်းရီကရော..

“နတ်ဘုရားဘုရင်က လေနတ်ဘုရားလေး ငါ့ကို အပ်နှင်းထားတယ်။ အရိပ်မဲ့ မြှားတွေရဲ့ အလင်းတွေ ထွန်းတောက်လိုက်စမ်း..”

ရွှေရောင် အလင်းတန်းတစ်ခုနဲ့အတူ တုန်းရီလက်ထဲမှာ ရွှေရောင်လေးတစ်လက် ပေါ်လာပြီး အစိမ်းရောင် အခိုးအငွေ့တွေ ထွက်နေတယ်။ အစိမ်းရောင် အလင်းတန်းတွေ တုန်းရီတစ်ကိုယ်လုံးကို ဖုံးသွားတဲ့အချိန် ညီနောင်တွေဆီက ထွက်လာတဲ့ အလင်းတန်းတွေ ကျုပ်ဆီရောက်လာပြီး ကျုပ်ကို ဗဟိုထားပြီး အရောင်(၅)မျိုးရှိတဲ့ ရောင်ခြည်စက်ဝိုင်း တစ်ခု ပေါ်လာတယ်။

မီကျားလီရဲ့ မှတ်ဉာဏ်တွေ ရပြီးကတည်းက နတ်ဘုရားစွမ်းအားအမွေ ဆက်ခံနေတဲ့အချိန် သူတို့ခန္ဓာကိုယ်ကို ကာကွယ်ရမယ်ဆိုတာ ကျုပ်သေချာ သိနေတယ်လေ။ နည်းနည်းလေး အနှောက်အယှက်ဖြစ်သွားရင်တောင် သေတဲ့အထိ ဖြစ်သွားနိုင်တယ်။

နောက်ဆုံး ကျုပ်အလှည့်ပေါ့..

“နတ်ဘုရားဘုရင်ကိုယ်တိုင် ငါ့ကို သန့်ရှင်းသောဓားအပ်နှင်းထားတဲ့အတွက် ကောင်းကင်ဘုံထိ အရှိန်အဟုန်နဲ့ တောက်ပစေရမယ်ဟေ့…”

ငွေရောင်ဓားလေး တစ်စင်း ကျုပ်ရှေ့မှာ ပေါ်လာတယ်။ ရွှေရောင်အလင်းတန်း ပြင်းပြင်းတွေ သူတို့ (၅)ယောက် စလုံးကို အပြည့်ဖုံးထားလိုက်တယ်။ သန့်ရှင်းသောဓားကိုကိုင်ဖို့ ညာဘက်လက်ကို ဆန်ပြီး နတ်ဘုရား စွမ်းအားတွေ ထုတ်လွှတ်လိုက်တယ်။ ကျုပ်ဝိဉာဏ်တောင် လှုပ်သွားပြီး ကျုပ်ကျောမှာ အလင်းအတောင်ပံ (၆)ခု ချက်ချင်းပေါ်လာပြီး အလင်းဒြပ်စင်တွေ စုပ်ယူတော့တာပဲ။

“ညီနောင်တို့.. မင်းတို့ ခန္ဓာကိုယ်ထဲကို မြင့်မြတ်စွမ်းအား အမွေ ပေါင်းစည်းဖို့ နတ်ဘုရားလက်နက်တွေကို သေချာ အာရုံစိုက်ထားလိုက်.. ဘယ်လောက်ပဲ နာကျင်ရ နာကျင်ရ ခံနိုင်ရည် ရှိမှ ရလိမ့်မယ်..”

နတ်ဘုရားရဲ့ အမွေလက်ခံတုန်းက နာကျင်ခဲ့ရတာတွေ အခုထိ စွဲနေတုန်းပဲ။ သူတို့တွေ မြင့်မြတ်စွမ်းအား အမွေ ဆက်ခံရင် ဘာဖြစ်မယ်ဆိုတာ မသိတော့ ကြိုပြီး သတိပေးထားလိုက်ရတာလေ။

“လုပ်စရာရှိတာ လုပ်.. ငါတို့ ခံနိုင်ရည်ရှိတယ်..”

ကျန်းဟူကတော့ ပြတ်သားချက်ပဲ။ ကျန်တဲ့သူတွေလဲ အသင့်ပြင်ထားတဲ့ မျက်နှာပေးတွေနဲ့ တည်တည်ကြည့်ကြည်ပဲ ကျုပ်ကို ကြည့်ပြီး သဘောတူကြောင်း ပြနေတယ်။

ကျုပ် အသက်ပြင်းပြင်းရှူပြီး လက်ကို ဝှေ့ယမ်းလိုက်တော့ အပြာ၊ အဖြူ၊ အဝါ၊ အနီနဲ့ အစိမ်းရောင် စွမ်းအား စီးကြောင်းတွေ ကျုပ်ရှေ့မှာ ပေါ်လာတယ်။ အလင်းလုံး (၅)လုံး ကောင်းကင်ကို တက်သွားတာနဲ့ တပြိုင်တည်း ကျန်းဟူနဲ့ ကျန်တဲ့သူတွေရဲ့ ခန္ဓာကိုယဉ်တွေ တုန်သွားကြတယ်။ နတ်ဘုရားလက်နက်တွေကတော့ ဝမ်းသာသွားတဲ့အတိုင်း ကခုန်နေကြသလိုမျိုး အသက်ရှင်နေတဲ့အတိုင်း လှုပ်ခါလာတယ်။ (၅)ယောက်သား သူတို့နတ်ဘုရားလက်နက်တွေကနေ စွမ်းအားတွေကို အပြင်းအထန် ခုခံနေရင်း လေးနက်တဲ့ အမူအရာတွေ ပြလာတယ်။

ကျုပ် သန့်ရှင်းသောဓားကို မြှောက်ထားပြီး သူတို့ (၅)ယောက်ကို ရွှေရောင်အလင်းတွေနဲ့ အုပ်ထားလိုက်တယ်။ မြင့်မြတ်အရှိန်အဝါတွေ ပြည့်လျှံဝင်းလဲ့နေတယ်။ ကျုပ်ဘယ်ဘက်လက်ကို မြှောက်ပြီး ရောင်စုံအလင်းၐမအုလုံး (၅)ခုပေါ်က ချပ်စည်းတွေ ဖွင့်ပေးလိုက်တော့ ကြယ်တွေလိုမျိုး သက်ဆိုင်ရာ နတ်ဘုရားလက်နက်တွေဆီ ပြေးဝင်သွားကြလေရဲ့။ မီကျားလီရဲ့ မှတ်ဉာဏ်တွေထဲကနေ သင်ခဲ့၇တော့ အလင်းလုံး (၅)ခုသာ သူတို့ ခန္ဓာကိုယ်ထဲ ပေါင်းစည်းသွားရင် နတ်ဘုရား လက်နက်တွေကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ခနပဲ လိုလိမ့်မယ်။ အလင်းလုံး (၅)ခုကို စိုးရိမ်စိတ်နဲ့ ကြည့်နေတုန်းမှာပဲ ဖြတ်ပြေးပြီးသွားပြီ။

အလင်းလုံး (၅)ခု သူတို့ခေါင်းထဲ ဝင်သွားပြီး၊ သူတို့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လုနီးပါး အချိန်မှာ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တစ်ခု ပေါ်လာတယ်။ သန့်ရှင်းသောဓားရဲ့ နယ်နိမိတ်ထဲကို အတားအဆီးမရှိသလိုမျိုး မီးခိုးရောင် ဖျော့ဖျော့ အလင်းရောင်တစ်ခု ရုတ်တရက် ပျံတက်သွားပြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေရဲ့ ခန္ဓာကိုယ်ပေါ် အရှိန်ပြင်းပြင်းနဲ့ တိုက်ခိုက်လိုက်တော့တာပဲ။

============= (*^*)=============

အပိုင်း( ၃၄၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters