နဂါးဘုရင် ပေါ်လာခြင်း
Vol. 23 Ch. 341
Child of light (ကျန်းကုန်း)
Volume 12: Chapter 16 - The Dragon King Appears
မိစ္ဆာဘုရင်ရဲ့ မျက်လုံးထဲမှာ ချက်ချင်းကို မူမမှန်တဲ့ပုံ ဖြစ်သွားတယ်။
“အား…”
လက်နှစ်ဖက် ခေါင်းမှာအုပ်ပြီး အော်နေလေရဲ့။ ဟိုင်ရှင်းရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းလှလှတွေတောင် တုန်ခါနေလေရဲ့။ ကျုပ်မှန်းထားတာ မှန်လို့ စိတ်တော်တော်လှုပ်ရှားမိသွားတယ်။
“ဟိုင်ရှင်း… ငါတို့ ကျောင်းမှာ အတူတူတက်တုန်းက ရေမှော်ပညာသင်ခဲ့တာ မှတ်မိသေးလား.. နိုင်ငံတော်မှာ နေလို့မရတော့တဲ့အချိန် နင်ငါ့ကို ကယ်ဖို့ အသက်တောင် စွန့်ခဲ့သေးတယ်.. နင်လုပ်ခဲ့တာတွေအတွက် အရမ်းကို ကျေးဇူးတင်နေတာ.. နင်က အရမ်းကို ထူးခြားတဲ့ ကောင်မလေပါဟာ.. အရင်က နင့်ကို ထားခဲ့ရတာ ငါ့အမှားတွေပါဟာ.. ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေးပေးပါ.. ငါနင့်ကို ပြန်ပေးဆပ်ပါရစေ..”
မိစ္ဆာဘုရင်က..
“မပြောနဲ့..”
သူ့ခန္ဓာကိုယ်ကနေ မြူခိုးတွေ ပွက်ထလာပြီး ကျုပ်တိုက် တိုက်တော့တာပဲ။
ကျုပ်လဲ အတွေးထဲ စိတ်နှစ်ထားရတော့ သူ့တိုက်ကွယ်ကို မကာကွယ်နိုင်ဘူးလေ။ ကာကွယ်နိုင်ခဲ့ရင်တောင် မိစ္ဆာဘုရင်ကို ယှဉ်နိုင်တာမှ မဟုတ်တာ။ အဲ့အချိန် မိစ္ဆာဘုရင်ရဲ့ တိုက်ကွက်ကို ရင်ဆိုင်ဖို့ ရွှေရောင် မီးလုံး (၃)လုံး ရုတ်တရက် ရောက်လာတယ်။ ကျုပ်စိတ်တွေ ကြည်လာတဲ့အချိန်..
“မဟုတ်ဘူး….”
အဲ့ဒါ မိစ္ဆာဘုရင်ကို ဝင်တိုက်တဲ့ ဓါးသူတော်စင်အဆင့် အကြီးအကဲ (၃)ယောက် ပေါ့ဗျာ။ သူတို့တွေ ကျုပ်ကို အစွမ်းရှိသလောက် မိစ္ဆာဘုရင်ရဲ့ တိုက်ကွက်ကနေ ဝင်ကယ်ကြတာဗျ။
“မဟုတ်ဘူး….”
ကျုပ် အော်သံကြီး မဆုံးခင်မှာပဲ အကြီးအကဲ(၃)ယောက် ပျောက်သွားလိုက်တာ သွေမြူတွေပဲ ကျန်တော့တယ်။ ဓားသူတော်စင် အဆင့်ဆိုတာ ကမ္ဘာကြီးပေါ်မှာ အထွတ်အထိပ် သိုင်းပညာရှင်တွေရဲ့ အဆင့်ဆိုပေမယ့် မိစ္ဆာဘုရင်နဲ့ ယှဉ်ရင် အသုံးမဝင်ပါဘူးဗျာ။ ခြေတစ်လှမ်း နှောင့်နှေးသွားပေမယ့် မိစ္ဆာဘုရင် ကျုပ်ဆီ တိုက်လိုက်တဲ့ မီးခိုးရောင် အလင်းတန်းကတော့ တောက်ပနေတုန်းပဲ။
သန့်ရှင်းသောဓားနဲ့ အမြန်ဆုံး ကာကွယ်လိုက်ရတယ်။ ကျုပ်ခုခံချင်ပေမယ့် မိစ္ဆာဘုရင် (၃)မီတာအကွာမှာ ရပ်သွားတယ်။ ဟိုင်ရှင်းရဲ့ ခန္ဓာကိုယ်ကို သုံးပြီး မိစ္ဆာဘုရင် သူ့ခေါင်းသူ တင်းတင်းကိုင်ရင်း နင်းကန် ရုန်းနေလေရဲ့။ ဟိုင်ရှင်းရဲ့ ချစ်ခြင်းမေတ္တာက နောက်ဆုံး စက္ကန့်ထိ ကျုပ်ကို ကယ်နေတုန်းပဲ။ နဂါးအော်သံကြီး ရုတ်တရက် ကြားလိုက်ရတယ်။ သာမန် နဂါး တစ်ကောင် ထုတ်လွှတ်နိုင်တဲ့ စွမ်းအား မဟုတ်ဘူးဗျ။ အသံက လေထဲမှာ ပြည့်နေပြီး ကောင်းကင်နဲ့ မြေပြင်တောင် တုန်လှုပ်သွားတဲ့အထိပဲ။
မိစ္ဆာဘုရင် မုန်းတီးစိတ်အပြည့်နဲ့ ကျုပ်ကို ကြည့်ပြီး ပျံကျဲနေတဲ့ မီးခိုရောင် မြူခိုးတွေ ပြန်စုလိုက်တယ်။
“လူမိုက်.. မင်းစောင့်နေလိုက်.. ဒီခန္ဓာကိုယ်ကို အပိုင်သိမ်းပြီးသွားရင် (၂)ရက်အတွင်း နင့် လူသားမျိုးနွယ် ပျက်စီးစေရမယ်..”
မီးခိုးရောင် မြူခိုးတွေ ရုတ်တရက် ရွေ့လျားရင်း မျက်စိတစ်မှိတ်အတွင်း ပျောက်သွားပါလေရော။
ကျုပ်လဲ မြေပေါ် ပြုတ်ကျသွားတော့တာပဲ။ တိုက်ပွဲထဲမှာ ကျုပ်ဒဏ်ရာ မပြင်းထန်ပေမယ့် စိတ်ဖိစီးမှုတွေ မခံနိုင်တော့ဘူးလေ။ မိနိပိုင်းလေးမှာတင် အစ်ကိုကြီး ကျန်းဟူနဲ့ ညီအစ်ကိုတွေ သတိလစ်သွားတာ။ မူကျီလဲ အပြင်းအထန် ဒဏ်ရာရသွားတယ်။ ပိုဆိုးတာက ကျန်နေတဲ့ အကြီးအကဲ(၃)ယောက် ကျုပ်ကို ကယ်ဖို့အတွက်နဲ့ အသက်ကိုစတေးပြီး မိစ္ဆာဘုရင်ရဲ့ သိမ်းပိုက်တာ ခံလိုက်ရတယ်။ ဖြစ်ပျက်သွားခဲ့သမျှက ဘယ်လိုမှ သည်းမခံနိုင်စရာတွေလေ။ ဒါကိုမှ အားလုံး တပြိုင်တည်း ဖြစ်သွားတာဗျ။ မူကျီ။ မူကျီ ဘယ်လိုနေပါလိမ့်။ ကျုပ် မူကျီဆီ ရွှေ့သွားပြီး သူ့ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးဖို့ ပွေ့ပြီး ကျုပ်ရဲ့ မြင့်မြတ်စွမ်းအားတွေ ထည့်ပေးလိုက်တယ်။ မိစ္ဆာဘုရင် သူ့ကို လွှင့်ထွက်သွားလုပ်ခဲ့တာတွေ စိတ်ထဲ မထားဘူး။ ဒဏ်ရာ အပြင်းအထန် ရလိုက်ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးဗျ။ ကျုပ် နတ်ဘုရားစွမ်းအားနဲ့ မိစ္ဆာစွမ်းအားတွေ ထုတ်ပေးလိုက် တော့ မူကျီ မျက်ခုံးတွေပြေသွားပြီး သတိလစ်သွားရော။
အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေရဲ့ အခြေအနေ ကြည့်မလို့လုပ်တော့ ကောင်းကင်က ရုတ်တရက် မှောင်သွားတယ်။ မိစ္ဆာဘုရင် ပြန်ရောက်လာတာလားလို့ ကြောက်သွားမိတော့တယ်။ အပေါ်ကို ခေါင်းမော့ကြည့်လိုက်တော့ မိစ္ဆာဘုရင် မဟုတ်ဘဲ နေရောင်ခြည်ဖုံးမတတ် ရာနဲ့ချီတဲ့ နဂါးတွေ လေထဲမှာ ပျံဝဲနေတာဗျ။ ရွှေရောင်နဂါးကြီးနဲ့ ရွှေရောင် နဂါးလေး တစ်ကောင် ခြံထဲ ဆင်းလာတယ်။ ရွှေနဂါးလေးက ရှောင်ကျင်းဆိုတော့ သူ့ဘေးက ရွှေနဂါးကြီးက သူ့အဖေ နဂါးဘုရင်ဖြစ်မျာပေါ့။
သူတို့ပျံတဲ့ အမြန်နှုန်းက အရမ်းမြန်လွန်းလို့ မျက်စိတမှိတ် တစ်စက္ကန့်အတွင်း ခြံဝင်းထဲ ရောက်နေပြီ။
“သခင် ဘာဖြစ်တာလဲ..”
သတိလစ်နေတဲ့ လူအုပ်ကို မြင်ပြီး ရှောင်ကျင်း စိုးရိမ်တကြီး မေးလိုက်တယ်။
ကျုပ်နှလုံးသား နာကျင်လွန်းလို့ မချိပြုံး ပြုံးပြီး..
“အဲ့ဒါ မိစ္ဆာဘုရင်ပေါ့.. နောက်ဆုံးတော့ ထွက်လာခဲ့ပြီ..”
“ကျန်းကုန်း မီးခိုးရောင်မြူခိုးတွေ က ဖြုန်လောက်တယ်ကွ.. အဲ့ဒါ မိစ္ဆာဘုရင်မို့လား…”
နဂါးဘုရင် စူးရှ လေးနက်တဲ့ လေသံနဲ့ မေးလာတာဗျ။
ကျုပ်လဲ အလေးအနက် ခေါင်းညိတ်ပြပြီး ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြလိုက်တယ်။
နဂါးဘုရင် မျက်ခုံးတွေ ကျုံ့ပြီး ရွှေရောင်အလင်းတန်းတစ်ခု ကျန်းဟူနဲ့ ကျန်တဲ့လူတွေကို လွှမ်းခြုံလိုက်တယ်။ ပြန်လည် ကုသရေးမှာ သူက ကျုပ်ထက် ပိုသန်မာတယ်လေ။
နဂါးဘုရင် မျက်မှောင်တွေ ကြုတ်ထားတာ မြင်တော့ ကျုပ်လဲ စိုးရိမ်တကြီးနဲ့..
“အဆင်ပြေလား.. ကယ်လိုရနိုင်သေးလား..”
နဂါးဘုရင် သက်ပြင်းချပြီး..
“စောစောက မင်းပြောထားသလိုဆို မိစ္ဆာဘုရင်က ဓားနယ်မြေကို ထိုးဖောက်ခဲ့တယ်လေ.. အဲ့ဒါက သူတို့အသက် တွေကို ကယ်လိုက်တာပဲ.. နယ်မြေက တိုက်ခိုက်မှု စွမ်းအား အများကြီး ပိတ်ဆို့ ပေးလိုက်လို့ပေါ့.. ပြီးတော့ သူတို့ရဲ့ နတ်ဘုရား လက်နက်တွေကြောင့် မိစ္ဆာဘုရင် သူတို့ကို တစ်ကွက်တည်းနဲ့ မသတ်နိုင်ဘူး.”
အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေ အသက်အန္တရာယ်မရှိဘူးလို့ ကြားလိုက်ရတော့ ကျုပ်နှလုံးသား ခနတော့ ငြိမ်သွားတယ်။
“ဦးလေး နဂါးဘုရင်.. အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေ ဘယ်တော့ ပြန်ကောင်းလာလောက်မလဲ..”
မိစ္ဆာဘုရင်က (၂)ရက်အတွင်း တိုက်ခိုက်တော့မှာလေ။ အဲ့အချိန်မှာ မိစ္ဆာဘီလူး(၃)ကောင်က ကူညီအုံးမှာ။ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့ စစ်ကူတွေကို အားကိုးလို့ မရနိုင်တော့ဘူး။ နဂါးဘုရင် ခေါင်းယမ်းပြီး..
“သူတို့ ဒဏ်ရာအခြေအနေကို တည်ငြိမ်အောင်ပဲ ထိန်းထားနိုင်သေးတယ်.. အပြည့်အဝ ပြန်ကောင်းဖို့ ဆိုရင် အနည်းဆုံး လနဲ့ချီကြာလိမ့်မယ်.”
“ဘယ်လို.. လနဲ့ချီ ကြာမှာလား.. ဒါ.. ဒါ…”
နဂါးဘုရင်ရဲ့ အစွမ်းနဲ့ လေထဲမှာ လည့်ပတ်နေတဲ့ ညီအစ်ကိုတွေကို ကြည့်ရင်း နှလုံးသားထဲမှာ တုန်လှုပ် ခြောက်ခြားသွားတယ်။ လနဲ့ချီ စောင့်နိုင်ပေမယ့် မိစ္ဆာဘုရင်က စောင့်မှာ မဟုတ်တော့ဘူး။ သူ ဟိုင်ရှင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးတာနဲ့ ခံတပ်ကို ချက်ချင်း ဝင်တိုက်မှာဗျ။ ကျုပ်စွမ်းအား တစ်ခုတည်းနဲ့ ဘယ်လိုလုပ် တွန်းလှန်နိုင်ပါ့မလဲ။ မိစ္ဆာဘုရင်နဲ့ မိစ္ဆာဘီလူး(၃)ကောင်အတွက် သာမန် စစ်သားတွေဆိုတာ နည်းနည်းလေးတောင်မှ တားနိုင်မှာ မဟုတ်ဘူး။ နဂါးဘုရင်နဲ့ နဂါးမျိုးနွယ်ပေါင်းလိုက်မယ်ဆိုရင်တောင် သူတို့ရဲ့ အဖျက်စွမ်းအားတွေကို မကာကွယ်နိုင်လောက်ဘူး။
နဂါးဘုရင် နဂါးမျုးနွယ် ဘာသာစကားနဲ့ မန္တန်ရွတ်လိုက်တော့ သူတို့ (၅)ယောက် ပတ်ပတ်လည်မှာ အလင်းနယ်မြေတစ်ခု ခပ်ပြင်းပြင်း ပေါ်လာတယ်။ နဂါးဘုရင်က သူတို့ကို အစွမ်းရှိသမျှ ကုစားဖို့ ကြိုးစားနေတယ်ဆိုတာ ကျုပ်သိပါတယ်။ အခုတော့ စောင့်ယုံပေါ့ဗျာ။
ကျုပ်လဲ မိစ္ဆာဘုရင်နဲ့ တိုက်ပွဲမှာ နည်းနည်းပဲ တိုက်ခဲ့ရတယ်ဆိုပေမယ့် ကျုပ်ရဲ့ နတ်ဘုရားစွမ်းအား ထက်ဝက်လေက် ကုန်သွားတာဗျ။ သူ့စွမ်းအားတွေ နဂိုက ကျုပ်ထင်ထားတာထက် အများကြီး ပိုနေတာပဲ။ အလင်းနတ်ဘုရား အမွေအားလုံး ဆက်ခံပြီး ကျုပ်ပိုင်ထားတဲ့ စွ?မ်းအားတွေ အရမ်းကြောက်ဖို့ ကောင်းသွားတယ်။ ကြမ်းပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ပြီး မြင့်မြတ်စွမ်းအားတွေ ပြန်ရဖို့ အာရုံစိုက်ရင်း ကျုပ်နှလုံးသား နှုံးချိနေပြီဗျာ။
============= (*^*)=============
အပိုင်း( ၃၄၂ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား