မဟာ တိုက်ပွဲကြီး နီးလာပြီ
Vol. 23 Ch. 342
Child of light (ကျန်းကုန်း)
Volume 12: Chapter 17 - The Great Battle Was Imminent
အချိန်ဘယ်လောက် ကြာသွားမှန်းတော့ မသိဘူး။ စွမ်းအင် နွေးနွေးတစ်ခုနဲ့အတူ ကျုပ်ပြန်နိုးလာတယ်။ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ကျန်းဟူနဲ့ ကျန်တဲ့သူတွေ တင်ပျဉ်ခွေထိုင်နေတာ တွေ့လိုက်ရတယ်။ သူတို့မျက်နှာတွေ ဖြူရော်နေပေမယ့် အရင်ကလို အားနည်းနေတဲ့ပုံတော့ မဟုတ်တော့ဘူး။ နဂါးဘုရင်နဲ့ ရှောင်ကျင်းတော့ ဘေးနားမှာထိုင်ပြီး ကျုပ်ကို ကြည့်နေကြတယ်။ ကျုပ်ပြန်ကောင်းလာတော့ အလင်းဓာတ်တွေရော၊ မြင့်မြတ်စွမ်းအားတေါရော ပြန်ရနေပြီလေ။ ဒါပေမယ့် အထွတ်အထိပ် အခြေအနေ ပြန်ရောက်ဖို့ဆိုရင် အချိန် နည်းနည်း ယူရလိမ့်အုံးမယ်။
ကျုပ် ထရပ်ပြီး ကျောပြင်မှာ အလင်းအတောင်ပံ (၆)ခု ထုတ်လိုက်တယ်။
“ဦးလေး နဂါးမင်း၊ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်.. သူတို့ ဒဏ်ရာတွေ ဘယ်လိုလဲ..”
နဂါးဘုရင် ခေါင်းရမ်းပြီး..
“ငါတော့ အကောင်းဆုံး လုပ်ပြီးပြီ.. ဒါပေမယ့် သူတို့တွေ မိစ္ဆာဘုရင်ကြောင့် အပြင်းအထန် ဒဏ်ရာရထားတာ.. သူတို့ခန္ဓာကိုယ်ထဲက မိစ္ဆာဘုရင်ရဲ့ အကျွင်းအကျန် စွမ်းအားတွေ ချေဖျက်ပေးနိုင်ခဲ့ပေမယ့် အပြည့်အဝ ပြန်ကောင်းဖို့ဆို တစ်လလောက် အချိန်ပေးရလိမ့်မယ်.. အချိန်ကလဲ မရှိတော့ဘူး.. လက်တကမ်းမှာဖြစ်လာမယ့် အခြေအနေတွေအတွက် ဖြေရှင်းနိုင်အောင် အစားထိုး အစီအစဉ်တစ်ခု ချဖို့ လိုလိမ့်မယ်..”
နဂါးဘုရင်စကားကြောင့် ကျုပ်မျှော်လင့်ချက်တွေ ကြေမွသွားပါလေရော။
“မိုးကောင်းကင်က ကျုပ်တို့ ကမ္ဘာကြီးကို ဖျက်စီးပစ်ချင်နေတာများလား.. တရားမျှတမှုက မတရားမှုတွေကို အမြဲတမ်း နိုင်တယ်ဆို.. ကျုပ်တို့ ဘာလို့ ဒီလောက် ဒုက္ခရောက်နေရပါလိမ့်.. မိစ္ဆ၁ဘုရင်… မင်းကို ငါအရမ်းမုန်းတယ်.. ငါ့ချစ်သူကို ခိုးသွားယုံတင် မဟုတ်ဘူး၊ ငါ့ညီအစ်ကိုတွေကိုလဲ ဒဏ်ရာရအောင် လုပ်သွားသေးတယ်.. ကျုပ် ဂရုမဲ့ခဲ့မိတာ… သူ့အကျင့်နဲ့ ဟိုင်ရှင်းအကျင့် တခြားစီကို ကျုပ်မြင်သင့်တယ်..”
“ကျန်းကုန်း.. စိတ်ဓတ်မကျပါနဲ့.. နင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးပြီပဲ..”
မူကျီ ကျုပ်နား ကပ်ပြောတော့ ကျုပ်ခန္ဓာကိုယ်တောင် တုန်ကနဲ ဖြစ်သွားတယ်။
“မူကျီ… နင် အဆင်ပြေရဲ့လား..”
မူကျီ ကျုပ်လက်မောင်း လာတွဲရင်း အပြုံးလေးနဲ့..
“ငါ့ဒဏ်ရာတွေ ကောင်းသွားပြီ.. မိစ္ဆာဘုရင် ညီမဟိုင်ရှင်းကို သူ့အငှားခန္ဓာအဖြစ် သုံးလိမ့်မယ်လို့ ထင်မထားမိဘူး.. သနားစရာ ဟိုင်ရှင်းလေး. အတော်တောင် ကြာနေပြီ.. ပြီးတော့ အပြောင်းအလဲတွေ သတိမထားမိတာ ငါ့အမှားပဲ.. မိစ္ဆာဘုရင် ညီမဟိုင်ရှင်း ခန္ဓာကိုယ်ထဲ ဝင်နေတာ တော်တော်ကြာပြီဆိုတာ ငါပြောနိုင်တယ်..”
“ငါနင့်ကို ဘယ်လိုလုပ် အပြစ်ပြောနိုင်မှာလဲ.. အစကတည်းက ဟိုင်ရှင်းရဲ့ ခံစားချက်တွေကို ငါလက်ခံဖို့ ငြင်းခဲ့မိလို့ မိစ္ဆာဘုရင် သိမ်းပိုက်ခံလိုက်ရတာ.. ဟိုင်ရှင်းအပေါ် အပြစ်ရှိသလို ခံစားနေရတယ်.. အမွေဆက်ခံဖို့ မသွားခင် သူ့ကို အစောကတည်းက လက်ခံခဲ့သင့်တာ.. အဲ့လိုမဟုတ်လဲ သူနဲ့ သွားတွေ့ခဲ့မယ်ဆို ဒီအဖြစ်ကနေ ရှောင်နိုင်လောက်တယ်.. ငါ့အပြစ်တွေပါပဲ..”
အမုန်းတရားတွေနဲ့အတူ ဝမးနည်း မျက်ရည်တွေ ကျလာတော့တယ်.. အဝတ်တွေအထိ ရွှဲလာတဲ့အချိန် ဆံပင်တွေ စောင့်ဆွဲလိုက်မိတယ်။ တစ်ဘဝလုံး ဟိုင်ရှင်းအပေါ် အပြစ်ရှိစိတ်နဲ့ ခံစားနေရတော့မှာ။
“အမှိုက်…”
ဒေါသတကြီး အော်သံ ကြားလိုက်ရတော့ ကျုပ်ခန္ဓာကိုယ် တုန်သွားတယ်။ ခေါင်းမော့ကြည့်လိုက်တော့ နဂါးဘုရင် ကျုပ်ကို စိမ်းစိမ်းကြီး ကြည့်နေတယ်။ ရှောင်ကျင်းတောင် သူ့အဖေကို ကြောက်ပြီး ကုတ်ကုတ်လေး ဖြစ်နေတယ်။ နဂါးဘုရင် ဒေါသတကြီးနဲ့..
“ကျန်းကုန်း.. မင်း အဲ့လောက် အားနည်းတဲ့ အမှိုက် ဖြစ်နေမယ် မျှော်လင့် မထားမိဘူး.. ကမ္ဘာကြီးကို ကယ်တင်ဖို့ တာဝန်က မင်းပုခုံးပေါ် ရောက်မှ ဘာလို့ ဒီလောက်ဖြစ်သွားရမှန်း ငါတကယ်ကို မသိတော့ဘူး.. နောင်တရနေလို့ မင်းဘာလုပ်လို့ရမှာလဲ.. အခု အရေးကြီးဆုံး တာဝန်က မိစ္ဆာဘုရင်ကို တွန်းလှန်ဖို့လေ.. နောက်ဆုံး မအောင်မြင်ခဲ့ ရင်တောင်မှ မင်းနဲ့အတူ ငါတို့တွေ ရှိနေအုံးမှာပဲ… တကယ်လို့ မိစ္ဆာဘုရင် ကမ္ဘာပေါ်က မျိုးနွယ်အားလုံးကို တကယ်ကြီး ချေမှုန်းချင်တယ်ဆို ငါတို့အလောင်းပေါ် အရင်ဆုံး ဖြတ်နိုင်မှရမယ်.. ငါတို့အားလုံး ကျဆုံးခဲ့မယ် ဆိုရင်တောင် အနည်းဆုံးတော့ တိုက်ပွဲဝင်ပြီး အကောင်းဆုံး ကြိုးစားခဲ့တာပဲလေ.. မင်းလိုမျိုး အမှိုက်ထက်တော့ ပိုကောင်းအုံးမယ်.. ရှောင်ကျင်း သွားမယ်.. ဒီလို အားနည်းတဲ့ အမှိုက်က မင်းသခင် မဖြစ်ထိုက်ဘူး..”
စကားဆုံးတာနဲ့ နဂါးဘုရင်ကြီး အတောင်ခတ်ပြီး ကောင်းကင်ကို ထိုးတက်သွားတယ်။ ရှောင်ကျင်းလဲ ကူကယ်ရာမဲ့နဲ့ ကျုပ်ကို တစ်ချက်ကြည့်ပြီး သူ့အဖေနောက် လိုက်သွားပါလေရော။
ကျုပ်လဲ နေရာမှာပဲ ကြောင်တောင်တောင်နဲ့ ကျန်နေရင်း စိတ်တွေ လွတ်သွားတယ်။ မူကျီ ကျုပ်ကို စိုးရိမ်တကြီး ကြည့်နေပေမယ့် ဘာစကားမှတော့ ထွက်မလာဘူး။ အတော်ကြာမှ သက်ပြင်းရှည်ကြီး ချပြီး အားလုံး စိတ်ထဲမှာ အစီအစီ ပြန်ပေါ်လာတယ်။ (၂)ရက်၊ (၂)ရက် ကျန်သေးတာပဲ။ နဂါးဘုရင်ပြောတာ မှန်တယ်။ အောင်မြင်ဖို့ နည်းလမ်းမရှိရင်တောင် ကျုပ် အသက်ရှင်နေသေးတယ်လေ။ အနည်းဆုံးတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန် တိုက်နိုင်သေးတယ်။ ကျုပ်သာ မိစ္ဆာဘုရင်ကို ရှင်းပစ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ အရင်က ကျုပ်သုံးခဲ့ဖူးတဲ့ အသက်စွမ်းအင် လောင်ကျွမ်းခြင်း မှော်ပညာ သုံးလို့ရတာ ရုတ်တရက် တွေးမိလိုက်တယ်။
“ကျန်းကုန်း.. နင်ဘယ်လို ခံစားနေရလဲ..”
ကျုပ် သက်ပြင်းရှည်ကြီးချပြီး..
“နဂါးဘုရင်ကြီးပြောတာ မှန်တယ်.. ငါစဉ်းစားပြီးသွားပြီ.. မူကျီ ငါ့အတွက် စိတ်မပူနဲ့.. နင် ငါ့ကို မျက်နှာသာ ပေးဖို့တော့လိုတယ်..”
“ပြော.. ငါလုပ်နိုင်တာ မှန်သမျှ ဖြစ်အောင် လုပ်ပေးမယ်..”
မူကျီ မုညံ့လွန်းတဲ့ မျက်နှာလေးနဲ့ ကျုပ်ကို ချစ်ရည်ရွှန်းရွှန်းဝေတဲ့ မျက်ဝန်းနဲ့ ကြည့်နေတယ်။ ကျုပ်လဲ မူကျီလည်ပင်းမှာ ခေါင်းထေားပြီး သူ့ခန္ဓာကိုယ်ကထွက်လာနဲ့ ရနံ့လေးကို ရှူရှိုက်ပြီး ပွေ့ဖက်လိုက်ရင်းနဲ့ ရေခဲနတ်ဘုရား မျက်နှာဖုံးကို ဖြုတ်လိုက်တယ်။ မူကျီလဲ သူ့အပေါ် ချစ်စိတ်တွေကို ခံစားနေတာနဲ့အမျှ ငြိမ်နေလေရဲ့။ ဒီအချိန်လေးကို ထာဝရ တည်နေချင်စိတ်တွေ တဖွားဖွားနဲ့ပေါ့ဗျာ။ ကျုပ်ချစ်ရတဲ့ မိန်းမ တစ်ယောက်ကို ထာဝရပွေ့ဖက် ထားချင်တာပေါ့ဗျာ။ ဒါပေမယ့် ကျုပ်ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးက လေးလွန်းလှတယ်ဗျာ။ ကျုပ်တစ်ယောက်ထဲ အသက်နဲ့ မဆိုင်ဘူးဗျ။ ကမ္ဘာပေါ်မှာရှိတဲ့ မျိုးနွယ်ပေါင်းစုံအတွက် ကျုပ်က တာဝန်တွေ ထမ်းထားရတာလေ။
မူကျီ နားနားကိုကပ်ပြီး အညင်သာဆုံး တိုးတိုးလေးနဲ့..
“ပြီးရင် ငါခံတပ် တံခါးမှာ မိစ္ဆာဘုရင်နဲ့ သူ့ငယ်သားတွေ ပေါ်လာတဲ့အထိ စောင့်နေမယ်.. ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို ပြုစုဖို့ နင့်ကို ဒုက္ခပေးရတော့မယ်.. နင်လဲ ဒဏ်ရာနဲ့ဆိုတော့ အနားလည်းယူအုံး.. ဘာပဲဖြစ်ဖြစ် ခံတပ် ကျသွားလို့မဖြစ်ဘူး.. နင် သဘောပေါက်တယ်မို့လား.. ပြီးတော့ အကြီးအကဲ (၃)ယောက်ရဲ့ နောက်ဆက်တွဲ လုပ်စရာရှိတာတွေကို နင့်တာဝန်ပဲထားလိုက်တော့မယ်.. အကြွင်းအကျန် မရှိပေမယ့် ငါ့အတွက် စတေးသွားကြတာလေ.. သူတို့ရဲ့ အုတ်ဂူလုပ်ဖို့ ခံတပ်ထဲမှာ နေရာရှာပေးဟာ.. မူကျီ.. ငါနင့်ကို အရမ်းချစ်တယ်.. ဒါပေမယ့် ငါပြန်မလာနိုင်ခဲ့ရင် လွမ်းမနေနဲ့နော်..”
ကျုပ်ဝတ်စုံ ပုခုံးသားမှာ မူကျီရဲ့ မျက်ရည်တွေနဲ့ ရွဲနေပေမယ့် မူကျီ ငြိမ်နေတုန်းပဲ။ ကျုပ်သူ့ကို ထားခဲ့ဖို့ တွန်းအား ပေးနေတယ်ဆိုတာ သူနားလည်တယ်ထင်တာပဲ။ ကျုပ်တာဝန်ဖြစ်နေတာကိုး။
“မူကျီ.. ငါသွားရတော့မယ်.. လာနယ့် (၂)ရက်အတွင်း တိုက်ပွဲအတွက် ပြင်စရာရှိတာတွေ ပြင်ထားရတော့မယ်.. နင့်ကိုနင်လဲ ဂရုစိုက်ရမယ်နော်.. ဒီကပ်ဘေးကြီးက လွတ်ခဲ့မယ်ဆိုရင် နင်ငါ့အတွက် ခံစားခဲ့ရသမျှအားလုံး ငါပြန်ပြီး ဖြည့်ဆည်းပေးမယ်.. ဟုတ်ပြီလား..”
သူ့ လက်နှစ်ဖက်စလုံးက ကျုပ်လည်ပင်းကို တင်းနေအောင် ဖက်ထားရင်း မူကျီရဲ့ ခန္ဓာကိုယ်လေး တုန်းနေလေရဲ့။
“မူကျီ.. ကျေးဇူးပြုပြီး အဲ့လို မနေပါနဲ့ဟာ.. နေကောင်းအောင်နေနော်..”
ကျုပ် သူ့ကို ရင်ခွင်ထဲကနေ ထုတ်လိုက်တယ်။ မူကျီရဲ့ မျက်ရည်စတွေနဲ့ မျက်နှာလေးကို မြင်လိုက်ရတော့ ကျုပ်စိတ်တွေ တုန်သွားမိတာပေါ့ဗျာ။ မျက်ရည်ကျမလာအောင် မျက်တောင်တွေ ခတ်လိုက်ရတယ်။ ကျုပ် ဆတ်ခနဲ ကြည့်ပြီး အသံတုန်တုန်နဲ့ပဲ..
“မူကျီ.. ငါသွားတော့မယ်..”
ကျုပ် ဆက်မနေရဲတော့ဘဲ နတ်ဘုရားစွမ်းအားတွေ ထုတ်ပြီး ကောင်းကင်ပေါ် ထိုးတက်သွားလိုက်တော့တယ်။
============= (*^*)=============
အပိုင်း( ၃၄၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား