← Chapters

နောက်ဆုံးတိုက်ပွဲ

Vol. 23 Ch. 344

နောက်ဆုံးတိုက်ပွဲ

Vol. 23 Ch. 344

Child of light (ကျန်းကုန်း)

Volume 12: Chapter 19 - The Last Battle

ခံတပ်တံခါးဝမှာ အိုက်ရှားက မှော်တပ်ဖွဲ့နဲ့ တလူက စစ်သည်တော်တွေ အဝေးမှာလာနေတဲ့ မိစ္ဆာတွေကို မုန်းတရား အပြည့်နဲ့ ကြည့်နေရင်း ကပ်သိပ်နေအောင် စုလာကြတယ်။ အဲ့နေရာမှာ စွမ်းအား အပြင်းထန်ဆုံးကတော့ နတ်ဘုရာကာကွယ်ရေးအဖွဲ့က အဖွဲ့ဝင်တွေပေါ့ဗျာ။ ဒါက လူသားမျိုးနွယ်အတွက် နောက်ဆုံးနေ့ ဖြစ်သွားနိုင်တာ အားလုံးသိနေပေမယ့် ဘယ်သူမှာ ကြောက်မနေကြဘူးဗျ။ အထူးသဖြင့် သူတို့ မိသားစုတွေအတွက် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးအတွက် စတေးဖို့ စိတ်ပိုင်းဖြတ်ထားကြတာလေ။

အဖြူရောင် မှော်ဝတ်ရုံနဲ့ အဘိုးကြီး ဆရာတိ ဘေးမှာ တင်ပျဉ်ခွေထိုင်နေတဲ့ ကျုပ်ကို..

“ကျန်းကုန်း.. သူတို့တွေ လာပြီ..”

ကျုပ် မျက်လုံးမှေးပြီး ပင်လယ်ဘက် လှမ်းကြည့်လိုက်တော့ အေးစက်စက် အလင်းရောင် နှစ်ထွက်သွားတယ်။ ကျုပ်ခန္ဓာကိုယ်ကနေ ရွှေရောင် အလင်းအလွှာတစ်ခု ထုတ်လွှတ်ပြီး လေပေါ်ကို ပျံတက်သွားလိုက်တယ်။ မြင့်မြတ်တဲ့ စွမ်းအားအရှိန်အဝါတွေက ကိုယ်လူတွေကို ငြိမ်းအေးခြင်းနဲ့ ငြိမ်သက်ခြင်းတွေ ခံစားရစေတယ်လေ။ ကြီးမား လှပလွန်းတဲ့ ရွှေရောင် အတောင်(၆)ခု ရုပ်ချည်းပေါ်လာတယ်။ အတောင်တွေ ခတ်ပြီး ကောင်းကင်မှာ အသာလေး ပျံဝဲနေလိုက်တယ်။ ဒြပ်စင်စွမ်းအားမျိုးစု ကျုပ်ဆီကိုစုလာလိုက်တာများ ဘာမှော်ပညာမှ မတတ်တဲ့သူတောင် သာမန်မျက်စိနဲ့ မြင်နေရတယ်။ ကျုပ် သက်ပြင်းချပြီး..

“လာနေမှတော့ လာပါစေလေ..”

ရေခဲနတ်ဘုရား မျက်နှာဖုံးနဲ့ဆိုတော့ ကျုပ်မျက်နှာရိပ် မျက်နှာကဲ ဘယ်သူမှ မမြင်နိုင်ဘူးလေ။ ညာဘက်လက် တဖြည်းဖြည်း ဆန့်ထုတ်လိုက်တယ်။ ဘက်အိပ်က ရွှေရောင်တောက်လာပြီး နေရောင်ခြည်အောက်မှ ကြည်လင်နေရောပဲ။

“နတ်ဘုရားဘုရင်ကိုယ်တိုင် ငါ့ကို သန့်ရှင်းသောဓားအပ်နှင်းထားတဲ့အတွက် ကောင်းကင်ဘုံထိ အရှိန်အဟုန်နဲ့ တောက်ပစေရမယ်ဟေ့…”

ကျုပ်ပတ်ဝန်းကျင်မှာ ရုတ်တရက် တိတ်ဆိတ်သွားတယ်။ ထူးခြားအားကောင်းလွန်းတဲ့ နတ်ဘုရားအလင်းတန်း ရောင်စုံ ကျုပ်ရှေ့ စုစည်းရောက်လာတယ်။ ပြီးတော့ ခမ်းနားလွန်းလှတဲ့ ငွေရောင်ဓားကြီး တစ်လက် ပေါ်လာတော့ အားလုံး မှင်တက်သွားကြပြန်ရော။ ဓားကို ညာဘက်လက်နဲ့ ဖြည်းဖြည်းချင်း ကိုင်လိုက်တယ်။ ရွှေလက်အိပ်က ငွေရောင် ဓားကြီးနဲ့ ထိသွားတော့ တစ်သားတည်း ပေါင်းစပ်သွားသလို ခံစားလိုက်ရတယ်။ ကျုပ် ပတ်ပတ်လည်မှာ နတ်ဘုရား အရှိန်အဝါတွေ ပိုပြီး ပြင်းထန်လာတယ်။ အခုဆို ကျုပ်က ခံတပ်အပေါ်မှာ ဒုတိယ နေလုံး တစ်ခုလိုပဲ။

“မိစ္ဆာဘုရင်… မင်းအလာကို ငါစောင့်နေတာ….”

ကျုပ်စကားသံတွေ တစ်လိပ်လိပ်နဲ့ အတားအဆီးမရှိ ပျံ့လွင့်သွားရော။

ပင်လယ်ဘက်က နတ်ဆိုးအရှိန်အဝါတွေက ကျုပ်ဒေါသကို ခံစားမိသွားတဲ့ပုံနဲ့ ပိုတောင် ပြင်းထန်လာသေးတယ်။ အဲ့နောက်မှာတော့ ခြေသံပြင်းပြင်းကြီးတွေ ပိုကြီး ကျယ်ကျယ်လောင်လောင်နဲ့ ကြားလိုက်ရပြီး မိစ္ဆာမြူခိုးတွေထဲကနေ မသဲမကွဲ ပုံစံတွေ ထွက်လာပါရော။ ဒီကောင်တွေ အရင်တုန်းကလို ဗရမ်းဗတာ မဟုတ်တော့ဘဲ စည်းစနစ်တကျပုံစံနဲ့ တဖြည်းဖြည်း ချီတက်လာကြတာ။ နီနီရဲရဲ မျက်လုံးတွေ မြင်နေရတာက လွဲရင် မိစ္ဆာတွေထဲမှာ ဂနာမငြိမ်တာ ဘာညာ စိုးစဉ်းမှကို မတွေ့ရတာ။

ပင်လယ်ဘက်ကနေ မိစ္ဆာတွေ ထွက်လာနေတုန်းပဲဆိုတော့ မိစ္ဆာတွေ မရေတွက်နိုင်လောက်အောင်ကို တိုးလာနေတုန်းပဲ။ လွင်ပြင်ကျယ်ကြီးနောင်မှ အချိန်တိုလေးအတွင်း မိစ္ဆာတွေနဲ့ ပြည့်သွားရော။ ဒီနေ့အတွက် သူတို့ ရည်မှန်းချက်က လျှပ်စီးခံတပ်တစ်ခုတည်းဆိုတာ သိသာနေတော့ ပင်လယ်ရဲ့ ဟိုဘက်ခြမ်းမှာ လုံးဝ ထွက်မှာ မဟုတ်ဘူးရယ်။

လျှပ်စီးခံတပ်က လူတွေအားလုံးရဲ့ နှလုံးခုံသံတွေ တဖြည်းဖြည်း မြန်လာတယ်။ လက်နက်တွေ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး မှော်ဆရာတွေကလဲ သူတို့ မန္တန်တွေအတွက် အသင့်ပြင်နေကြပြီ။ စွမ်းကြီး မှော်အမြှောက်ကြီးတွေကလဲ အလင်းရောင် ခပ်မှိန်မှိန်တွေနဲ့ တောက်ပလာပြီး အနီးဝန်းကျင်က မှော်ဆရာတွေရဲ့ ကွပ်ကဲမှုအောက်မှာ စွမ်းအားတွေ တအုန်းအုန်းနဲ့ အသင့်ဖြစ်နေပြီ။ သူတို့တွေအားလုံး မိစ္ဆာမျိုးနွယ်ရဲ့ ထိုးစစ် အစကို စောင့်နေကြတာလေ။

မိစ္ဆာတွေ ခံတပ်ကနေ တစ်ကီလိုမီတာလောက် အကွာမှာ ချီတက်နေရာကနေ ရုတ်တရက် ရပ်သွားကြတယ်။ ဒီလောက် မရေတွက်နိုင်အောင် များလွန်းတဲ့ မိစ္ဆာတွေဆီက ဘာသံမှကို ထွက်မလာဘဲ ငြိမ်နေရော။ တစ်ခုခုကို စောင့်နေကြ သလိုမျိုးပဲ။

............

ကျုပ်မျက်လုံးတွေ မှေးပြီး လွင်ပြင်တစ်ခုလုံး ဖုံးမတတ် မိစ္ဆာတွေကို ကြည့်လိုက်တယ်။ (၂)ရက်အတွင်း ကျုပ်က ပြန်သက်သာလာပြီး အထွတ်အထိပ် အခြေအနေကို ပြန်ရောက်နေပြီလေ။ ဖြစ်လာမှာတွေက ဖြစ်လာမှာပဲလေ။ မိစ္ဆာဘုရင် ဒီနေ့ သေပွဲဝင်ရမယ်။

ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားတစ်ခု ကောင်းကင်ကနေ ရုတ်တရက် ပေါ်လာလို့ ဘာလဲသိအောင် ခေါင်းမော့ထားလိုက်တယ်။ အာ.. နဂါးမျိုးနွယ်တွေပဲ။ ရာနဲ့ချီတဲ့ နဂါးကြီးတွေ ကျုပ်တို့အထက် မီတာ(၁၀၀) လောက်မှာ ဝဲပျံနေတယ်။ နဂါးမျိုးနွယ် ကျုပ်ကို စွန့်မသါားဘူးဆိုတာ သိလိုက်ရလို့ ပြုံးလိုက်မိတယ်။

အောက်ဘက်ကို ရွှေရောင်အလင်းတန်းတစ်ခု ဆင်းလာပြီး..

“သခင်….”

အဲ့အသံက ကျုပ်နဲ့ အရင်းနှီးဆုံး အသံလေ။ ကျုပ်ဘဝရဲ့ တွဲဖက်ကြီး ရှောင်ကျင်းပေါ့။ ကျုပ်လဲ အတောင် (၆)ခုကို ဖျတ်ကနဲ ခတ်ရင်း သူ့ကျောပြင် ကျယ်ကြီးပေါ် သွားလိုက်တယ်။

“ရှောင်ကျင်း.. ငါ့ညီကြီး.. မင်းလာပြီပေါ့..”

“သခင်.. ဒီလိုနေ့ကို ငါဘယ်လိုလုပ် အလွတ်ခံမှာတုန်း.. ငါ့အဖေက မင်းအတွက် မိစ္ဆာဘီလူး (၃)ကောင်ကို ချေမှုန်းနိုင်အောင် အစွမ်းကုန်သုံးပြီး အချိန်ခနလောက် ဆွဲထားပေးမယ်တဲ့.. နောက်ဆုံးရလဒ် ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းကင် အလိုအတိုင်းပေါ့..”

ကျုပ်လဲ ကောင်းကင်ပေါ်က ရွှေရောင်အလင်းကြီးကို ကျေးဇူးတင်စွာနဲ့ ကြည့်လိုက်မိတယ်။ နဂါးဘုရင်လဲ တကယ်ကို လေးစားထိုက်တဲ့ အဘိုးကြီးဗျ။

“သခင်.. ဟိုမှာကြည့်အုံး..”

ပင်လယ်ဘက် ကြည့်လိုက်တော့ မီးခိုးရောင်(၃)ခု ကောင်းကင်ပေါ် ပျံတက်သွားပြီး မိစ္ဆာတွေအထက်မှာ ပေါ်လာတာ တွေ့လိုက်ရတယ်။ အမှောင်မိစ္ဆာ ကျာစစ်ခယ်လီသောင်၊ စုန်းမိစ္ဆာ ဟာအာယွဲ့တိ၊ သွေးမိစ္ဆာ ခယ်အံသဲအာကျိ မိစ္ဆာဘီလူး(၃)ကောင်ဗျ။ သူတို(၃)ကောင် လေထဲမှာ အသာလေး နေတာဆိုတဲ့အပြင် အရင်က လို မောက်မောက်မာမာ ပုံစံတွေ မရှိဘူးဗျ။ သူတို့နောက်မှာလဲ ပျံနိုင်တဲ့ မိစ္ဆာတွေ အများကြီးပဲ။ အဲ့မိစ္ဆာတွေကို ကြည့်လိုက်ရင် အတောင်ကြီးတွေမှ အကြီးကြီးတွေနဲ့ဆိုတော့ ပျံသန်းနိုင်စွမ်း ဘယ်လောက် ကောင်းမယ်ဆိုတာ သိသာတယ်။ ဒီတစ်ကြိမ်မှာ ပျံနေတဲ့ မိစ္ဆာတွေ ပမာဏက အရင်တုန်းက မိစ္ဆာဘီလူး(၃)ကောင်နဲ့တုန်းက ပျံနေတဲ့ မိစ္ဆာတွေထက် အပုံကြီး ပိုများတယ်။ အဆက်မပြတ် ခတ်နေတဲ့ အတောင်ခတ်သံတွေလဲ ကြားနေရတယ်။ ဒါ မိစ္ဆာမျိုးနွယ်ရဲ့ ခွန်အား အစစ်အမှန်ပေါ့လေ။

ပင်လယ်ဘက်ကနေ ထူးထူးခြားခြား အလင်းတစ်ခု တောက်ပလာတယ်။ မိစ္ဆာဘီလူး (၃)ကောင် နဲ့ ကျန်တဲ့ မိစ္ဆာတွေအားလုံး တုနှိုင်းမဲ့ ရိုသေလေးစားမှုတွေ အထင်းသားပဲ။ နောက်ဆုံးတော့ ဟိုင်ရှင်းရဲ့ စိတ်ဝိညာဉ်ကို ဖိနှိပ်ပြီး သူ့ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင်နဲ့ သိမ်းပိုက်နိုင်လိုက်တဲ့ ပုံဆိုတော့ ကျုပ်နှလုံးသားတွေ ညှိးသွားမိတယ်။

အပြာနုရောင် အလင်းတန်းတစ်ခု လျှပ်စီးလက်သလိုမျိုး ထွက်လာပြီး ပုံသဏ္ဍာန် သေချာ မမြင်ရသေးဘူး။ အပြာရောင် အလင်းတန်းတွေ လင်းထိန်သွားပြီး မိစ္ဆာဘီလူ (၃)ကောင်ရှေ့မှာ လူတစ်ယောက် ပေါ်လာတယ်။ ဟိုင်ရှင်းပေါ့ဗျာ။ သူ့ဆံပင်တွေ သူ့ကျောဘက်မှာ လွင့်နေပြီး မိစ္ဆာမီးခိုးပြာရောင်တွေ ထွက်နေတယ်။ အနီရောင် အလင်းတန်းကို တစ်ချက်တစ်ချက် သူ့မီးခိုးရောင် မျက်လုံးထဲမှာ မြင်နေရသေးတယ်။ မိစ်ဆာဘုရင် အရင်က ဟိုင်ရှင်းဝတ်ထားတဲ့ ရေမှော်ဝတ်စုံ ဝတ်ထားမြဲအပြင် မျက်နှာပေါ်က အပြုံးတောင် ပြောင်းမသွားဘူး။

မိစ္ဆာဘုရင် အရမ်းကို ဖြောင့်မတ်ဟန်နဲ့ အသံထွက်လာတယ်..

“ဟူး….. ဒီခန္ဓာကိုယ်ကို ရဖို့ တော်တော်ခက်တာပဲ.. ဒီမိန်းကလေး စိတ်ဝိဉာဏ် ဒီလောက် သန်မာမယ် ထင်မထားဘူး.. လူမိုက်.. ငါ့ကို တွန်းလှန်ဖို့ စဉ်းစားနေတုန်းပဲလား.. အဲ့ဒီ တွားသွားသတ္တဝါတွေနဲ့ ငါ့ကို တိုက်နိုင်မယ်များ ထင်နေလား.. တော်တော် သေချင်နေတာပဲ.. ငါ့ဆီ အညံ့ခံဖို့ အကြံပေးလိုက်မယ်.. ဒါမှ မင်းအသက် ချမ်းသာပေးနိုင်မှာ..”

============= (*^*)=============

အပိုင်း( ၃၄၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters