← Chapters

ကမ္ဘာခေတ်ဦး သမိုင်းကြောင်းအား တူးဖော်ခြင်း

Vol. 98 Ch. 1278

ကမ္ဘာခေတ်ဦး သမိုင်းကြောင်းအား တူးဖော်ခြင်း

Vol. 98 Ch. 1278

‘မူအာနဲ့ ဒီဥနတ်ဘုရားက မတည့်ဘူးထင်တယ်’ အားလုံး စိတ်ထဲမှ ‌တွေးနေကြသည်။

ချင်မူက ကောင်းကင်ရတနာနယ်ပယ်ကို ဖွင့်လှစ်၍‌ ရွှေအ၊ မျက်ကန်းနှင့် ဆေးဆရာတို့အား ၀င်ရောက်စေပြီး မှာနေသည်။ “ထိုက်ယီကျောက်တုံးတွင်းထဲမှာ ရပ်နေကြပါဗျ… အဲ့ဒီထဲမှာ ဥခွံနှစ်ခု ရှိတယ်… အဲ့ဥခွံတွေကလည်း ဆုံးရှုံးသွားလည်း ဖြစ်တဲ့ ဥခွံတွေ ဆိုတော့ ဘိုးဘိုးတို့ကို ကာကွယ်ပေးနိုင်တယ်”

မျက်ကန်းတို့မှာ သူ၏ ကာကွယ်ပေးခြင်းခံနေရသည်ကို သိပ်အလိုမကျသော်လည်း ချင်မူ့တွင် သူတို့ထက် များစွာ သာလွန်သော အစွမ်းအစများ ရှိကြောင်း ကောင်းကောင်းသိထားကြသည်။ ထို့ကြောင့် ကောင်းကင်ရတနာနယ်ပယ်၏ ဘိုးဘေးနန်းတော်ထဲတွင် ပုန်းနေကြလေသည်။

ဤသို့ဖြင့် သူတို့အားလုံး ကျောက်တုံးတွင်းထဲသို့ ဝင်လာရင်း တစစီ ပေါက်ကွဲသွားခဲ့သော တောင်ကြားဆီသို့ ရောက်လာကြသည်။

တောင်ကြားမှာ အလွန်တရာ နိမ့်ဝင်နေသောကြောင့် ချိုင့်ဝှမ်းတစ်ခုနှင့် ဆင်တူ၏။ ပျက်စီးပြိုကျနေသည့် တောင်တန်းများက နေရာတိုင်းတွင် ပြည့်နှက်နေကြသည်။ အားလုံးက ဟိုဟိုသည်သည် ကြည့်နေကြပြီး ချင်မူမှ ရင်ထဲတွင် ရုတ်တရက် လှုပ်ခတ်သွားသဖြင့် တောင်ကျိုးတစ်ခုဆီသို့ ပျံသန်းသွားကာ ငုံ့ကြည့်လိုက်သည်။

တောင်ထိပ်သည်ကား အင်မတန် ထက်သော လက်နက်တစ်ခုဖြင့် ပိုင်းဖြတ်ထားခံထားရသည့်အလား ပြန့်ပြူးညီညာနေချေသည်။

ချင်မူက ဓားကျိုးကို ဆွဲထုတ်လိုက်ရာ ဓားကျိုးသည် ရှည်ထွက်လာပြီး ဓားရှည်တစ်လက်အသွင် ပြောင်းလဲသွား၏။ ဓားရောင်က မိုင်ပေါင်းများစွာအထိ ဖြာထွက်သွားကာ တောင်ကျိုးအား ခုတ်ပိုင်းချလိုက်သည်။

သူ၏ နတ်ဓားမှာ ချက်ချင်း တွန်းကန်ခံလိုက်ရပြီး ဓားရောင်သည် တောင်ကျိုး၏ တစ်၀က်ခန့်သို့ ရောက်သောအခါ ဆက်မတိုးနိုင်တော့၍ တောင်ကျိုးကို မပိုင်းဖြတ်နိုင်တော့ချေ။

‘ဒီအရာကို ချန်ထားခဲ့တဲ့သူက ငါ့ထက် အများကြီး သန်မာတယ်.. အနည်းဆုံးတော့ နတ်ကောင်းကင်ခန်းမ အထွတ်အထိပ်အဆင့်မှာ ရှိလိမ့်မယ်… တောင်ကျိုးပုံစံအရ သူ့ကို ဖန်ဆင်းရှင်တွေ ချန်ထားခဲ့တာ မဟုတ်လောက်ဘူး”

သူက နတ်ဓားကို ပြန်ဆွဲထုတ်လိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကမ္ဘာဦးခေတ်က ဖန်ဆင်းရှင်တွေရဲ့ ကောင်းကင်နတ်သိုင်းတွေက အကြမ်းစားပဲ ရှိတာ.. ထူးထူးကဲကဲ မဟုတ်နေဘူး… ဒါပေမဲ့ ဘိုးဘေးနန်းတော်ကို ထိုက်ချူဦးဆောင်တဲ့ ရှေးဟောင်းနတ်ဘုရားတွေက ကမ္ဘာဦး‌ခေတ်မှာ ချိပ်ပိတ်ခဲ့ကြတာ ဆိုတော့ နဂါးဟန်ခေတ်နောက်ပိုင်းက သူတွေအနေနဲ့လည်း ဒီလို ခြေရာလက်ရာမျိုး ချန်ထားခဲ့မှာမဟုတ်ဘူး”

ပထမလူသားဧကရာဇ်က တောင်စွန်းတစ်ခုရှေ့သို့ ရောက်သွားသည်။ တောင်စွန်းမှာ စုတ်ပြတ်နေပြီး အရှေ့နှင့် အနောက်မှ ထွင်းဖောက်မြင်ရနိုင်သည်။ ၎င်းတွင် ကိုက်သုံးရာ မြင့်မား‌သော လက်ဝါးရာတစ်ခု ထင်းနေသည်။ သို့သော် ထူးဆန်းစွာဖြင့် လက်ဝါးတွင် လက်ချောင်းခြောက်ချောင်း ရှိနေချေသည်။

ပထမလူသားဧကရာဇ်က ကောင်းကင်မြေပြင် နှလုံးသားလျှို့ဝှက်ကျင့်စဉ်ကို အသက်သွင်းလျက် တောင်စွန်းအား ဘေးမှ ရိုက်ချလိုက်၏။ ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ တောင်စွန်းမှာ အနည်းငယ် လှုပ်ခါသွားပြီး လက်ဝါးရာတစ်ခု ထင်လာသည်။ သို့သော် သူ့လက်ဝါးရာ မဟုတ်ပေ။

ပထမလူသားဧကရာဇ်၏ မျက်ခုံးများ တွန့်ချိုးသွား၏။

ယန်အာက တောင်စွန်းအောက်ခြေသို့ ရောက်လာကာ ကုတ်ခြစ်လိုက်သည်။ မည်းနက်နေသော ကျောက်တုံးများက ကျောက်မီးသွေးများနှင့် ကျောက်ဖြစ်သွားသည့် ပြာများအလား လိမ့်ဆင်းလာကြ၏။

“ဒီမှာ ဘာတွေဖြစ်သွားတာလဲ” ဆေးဆရာက မေးသည်။

မည်သူမှ သူ၏အမေးကို မဖြေကြချေ။

အားလုံးက ရှေ့ဆက်သွားနေကြပြီး မကြာမီ တောင်ကြား၏ အဆုံးသို့ ရောက်လာကြသည်။

ဤနေရာတွင် ကျိုးပဲ့နေသော တောင်စွန်းများ၊ တောင်တန်းများမှာ ပို၍ပင် များပြားပြီး အင်မတန် ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲတစ်ခုကို တွေ့ကြုံခဲ့ရသည့်အလားပင်။ စစ်ပွဲတွင် တန်ခိုးကြီးမားသော ဖြစ်တည်မှုကြီးများသည် မိုးပြိုမြေကြေသည့်တိုင်‌အောင် တိုက်ခိုက်ခဲ့ကြပြီး ထူးဆန်းသော မြင်ကွင်းများကို ‌ပေါ်ပေါက်လာစေခဲ့သယောင်ယောင်။

သို့သော် ထူးဆန်းသည်က ဤသည်မှာ ဘိုးဘေးနန်းတော်၏ မြေအောက်ထဲတွင် မြှုပ်နှံခံထားရသော မြေအောက်စစ်ပွဲကြီး ဖြစ်နေခြင်းပင်။

သူတို့အားလုံး တောင်ကြားထဲတွင် ရပ်လျက် မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ကို မြင်ရသည်မှာ ရေတွင်းထဲမှ မော့ကြည့်နေရသကဲ့သို့ တောင်နံရံများမှာ ပေတစ်ထောင်နီးပါး မြင့်မားကြ၏။

တောင်ကြားမှာ မှောင်မနေဘဲ သူတို့အရှေ့ရှိ ကောင်းကင်နတ်သိုင်းက အလင်းရောင်တို့ ထုတ်လွှတ်နေသည်။ အားလုံး အလင်းရောင်နောက်မှ လိုက်သွားကြပြီး ရုတ်တရက် အလင်းရောင်သည် သူတို့ဆီ ပြေးဝင်လာ၏။

“ဓားကောင်းကင်နန်းဆောင်”

ချင်မူက ခပ်တိုးတိုး အော်ဟစ်လိုက်သည်။ ထိုနတ်အလင်းတန်းများမှာ ကောင်းကင်ထဲတွင် ကူးခတ်နေကြသည့် ငွေရောင်ငါးများအလား အလွန်လျှင်မြန်ပြီး လျှပ်စီးများသဖွယ် သွားလိုက်၊ လာလိုက် ဖြစ်နေကြ၏။

နတ်အလင်းတန်းများက သူ၏ ကောင်းကင်ရတနာနယ်ပယ်ဆီ ကျူးကျော်လာသဖြင့် သူ၏ဓားကောင်းကင်နန်းဆောင်ဆီမှ ဓားရောင်များ ဖြာထွက်သွားကြသည်။ ၎င်းတို့သည် ကျောက်စိမ်းပန်းကန်ပေါ်သို့ ကျဆင်းလာသည့် ပုလဲလုံးများပမာ၊ မက်မွန်ပွင့်ချပ်များပေါ် လွင့်စင်လာသည့် မိုးရေစက်များပမာ လှပတင့်တယ်နေကြပြီး ထိုအလင်းတန်းများနှင့် ထိတွေ့သွားသည့်အခါ နှိုင်းယှဉ်မရလောက်အောင် သိပ်သည်းပြင်းထန်သည့် အသံများ ထွက်ပေါ်လာကြ၏။

ဓားရောင်မှာ ပျားအုပ်တစ်အုပ်နှင့် တူသလို ရေလှိုင်းတစ်လှိုင်းနှင့်လည်း ဆင်တူသည်။ ၎င်းက ကောင်းကင်ရတနာနယ်ပယ်ကို ဝန်းရံလျက် နတ်အလင်းရောင်များနှင့် ဝင်တိုက်သွား၏။

ပထမလူသားဧကရာဇ်၏ အနောက်တွင် ကောင်းကင်နန်းဆောင်တစ်ခု ဖွဲ့တည်လာပြီး ချက်ချင်းဆိုသလို ကောင်းကင်နှင့်မြေကြီးမှာ တိမ်းစောင်းသွားသည်။ နေရာများက ပုံပျက်ကွေးညွတ်သွားပြီး နတ်အလင်းတန်းများမှာ ကြေမွနေသော ကမ္ဘာ၏အလယ်၌ ဖျက်ဆီးခံလိုက်ရချေပြီ။

ယန်အာက မီးအိမ်ကို ကိုင်ထားပြီး အလင်းတန်းများမှာ သူမနံဘေး မရောက်နိုင်ခင်မှာပင် အဝေးသို့ လွင့်ထွက်သွားကြသည်။

သူမက အအေးဆေးဆုံးသူ ဖြစ်နေသည်။

သူတို့အားလုံး ဆက်လျှောက်သွားကြပြီး နတ်အလင်းတန်းလာရာနှင့် နီးကပ်လာကြ၏။ ကောင်းကင်ထက်တွင် ဖြာဆင်းနေသော နတ်အလင်းတန်းများကလည်း သူတို့ကို ပို၍ပြင်းထန်စွာ တိုက်ခိုက်လာကြသည်။

ချင်မူမှာ ဓားကောင်းကင်နန်းဆောင်ဖြင့် ခုခံရန် ခက်လာသဖြင့် ကောင်းကင်နန်းဆောင် ၁၈ ဆောင်ကို စုစည်း၍ အသက်သွင်းရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ ရွှမ်တု၊ ယွမ်တု၊ ယိုတုနှင့် ဝင်ရိုးစွန်းလေးခု၏ မဟာတာအိုများ စုစည်းသွားသည့်တိုင်အောင် နတ်အလင်းတန်း ကျူးကျော်မှုကို တားဆီးရန် ခက်ခဲနေသေး၏။ သူ၏ကောင်းကင်ရတနာနယ်ပယ်ကို တိုက်ခိုက်၍ သူ့အရှေ့သို့ ရောက်လာကြသော နတ်အလင်းတန်းတချို့ပင် ရှိကြသည်။

သူက ဘိုးဘေးနန်းတော်ထဲတွင် မတ်မတ်ရပ်လိုက်ပြီး မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာ၏။ သူ ကြည့်လိုက်သည့် နေရာတိုင်းတွင် အလျင်အမြန် ဖြတ်သန်းသွားလာနေကြသည့် နတ်အလင်းတန်းများမှာ ပေါက်ကွဲသွားကြပြီး လွင့်ပြယ်သွားသည့် ယန်ယန်ချီတို့အဖြစ် ပြောင်းလဲကုန်ကြသည်။

ရွှေအ၊ မျက်ကန်းနှင့် ဆေးဆရာတို့မှာ ၎င်းကို မြင်လျှင် ရင်တဒိန်းဒိန်း ခုန်သွားကြလေသည်။ သူတို့က ထိုက်ရှီဥအနောက်တွင် ပုန်း၍ ထွက်မလာကြတော့ပေ။

ပထမလူသားဧကရာဇ်၏ ကောင်းကင်မြေပြင်နှလုံးသား လျှို့ဝှက်ကျင့်စဉ်လည်း မခုခံနိုင်သဖြင့် နတ်အလင်းတန်းများနှင့် ရင်ဆိုင်ရန် ကောင်းကင်နတ်သိုင်းကို အသက်သွင်းရုံသာ တတ်နိုင်တော့သည်။ သူ မခုခံနိုင်တော့သည့်အခါ ထိုက်ရှီဥကို မြှောက်၍ နတ်အလင်းတန်းများနှင့် ထိတွေ့စေလိုက်ရာ ဥထဲမှ ဒေါသတကြီး ဆဲဆိုသံများ ထွက်လာတတ်သည်။

ယန်အာမှာတော့ အေးအေးလူလူ ဖြစ်နေဆဲပင်။

ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်မှာ အမှန်တကယ်ပင် ဩချစရာကောင်းလှသည်။ မီးအိမ်ထွန်းလင်းနေချိန်တွင် မည်သည့်အစီအရင်မှ ထိုးဖောက်မရသလို ကောင်းကင်နတ်သိုင်းများလည်း အနားမကပ်နိုင်ချေ။

“ကောင်းကင်နတ်အရှင်ယွဲ့က နဂါးဟန်ခေတ်ကတည်းကနေ အခုအချိန်အထိ အသက်ရှင်နေသေးတဲ့ ကောင်းကင်နတ်အရှင်တွေထဲက တစ်ယောက်ဖြစ်နေတာ အံ့ဩစရာမရှိဘူး” ချင်မူမှာ လေးစားအားကျနေမိသည်။ ကောင်းကင်နတ်အရှင်ယွဲ့၏ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို အတော်လေး အားကျမိလေသည်။

နောက်ဆုံးတွင် နတ်အလင်းတန်းအလွှာများစွာကို ကျော်ဖြတ်၍ နတ်လေး ၏ အရှေ့သို့ ရောက်လာကြ၏။

အားလုံး မော့ကြည့်လိုက်ကြသည်နှင့် ငေးကြောင်သွားကြသည်။

ကိုက်ထောင်ပေါင်းများစွာ ရှည်လျားသော ‌လေးတစ်လက်သည် ရွှေရောင်အလင်းတန်းတို့ဖြင့် တဖျတ်ဖျတ် လင်းလက်တောက်ပနေပြီး ထောင်ချီသော ရောင်စဥ်တို့က လေးထံမှ ဖြာထွက်ကာ အရပ်လေးမျက်နှာတွင် ကခုန်ကွန့်မြူးလျက် ရှိ၏။

လေး၏ဘေးတွင်တော့ မဟူရာနဂါးတစ်ကောင်နှင့် တူသော တောင်တစ်လုံး ကိန်းနေသည်။ ချင်မူ တစ်ချက်ကြည့်လိုက်သည့်အခါ ဤမဟူရာနဂါးအသွင်သဏ္ဍာန် တောင်မှာ မဟူရာသစ်ပင်ကြီး၏ အမြစ်များ ဖြစ်နိုင်ကြောင်း သိလိုက်ရသည်။ သို့သော် ထူထဲလွန်းသဖြင့် အမြစ်၏ မူလပုံစံကို မမြင်ရနိုင်ချေ။

သို့သော် အမြစ်များနှင့် လေး၏ အကြားတွင်တော့ အရိုးစုလက်မောင်းတစ်ဖက်က တည်ရှိနေသည်။

၎င်းအရိုးလက်ကြီးသည် မဟူရာသစ်ပင်ကြီး၏ အမြစ်များကြားထဲမှ ထိုးထွက်လာ၍ လေး၏ အစွန်းအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။

အရိုးလက်မှာ မဟူရာသစ်ပင်ထဲတွင် ပေါက်နေသယောင်ပင်။

“ဒီလက်က ဘယ်ကထွက်လာတာတုန်း” အားလုံးမှာ အံ့သြနေကြသည်။

ချင်မူက ရှေ့သို့တက်၍ လေးအား အတင်းအကြပ် ဆွဲထုတ်ရန် ပြင်လိုက်သည်။ ရုတ်တရက် နတ်လေး၏ လေးကြိုးမှာ တုန်ခါသွားပြီး ဝှမ်ခနဲ အသံနှင့်အတူ မြားရောင်တစ်ခုက ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဦးတည်လာလေသည်။

ဓားကျိုးက ချင်မူ့လက်ထဲတွင် ပေါ်လာပြီး သူက ဓားဖြင့် မြားကို ခါထုတ်လိုက်သည်။ မြားရောင်က သူ၏ခေါင်းထိပ်မှ ဖြတ်ကျော်သွားသဖြင့် ဖန်သားကောင်းကင်စေတီတွင် ဧရာမအပေါက်ကြီးတစ်ပေါက် ပေါက်ထွက်သွား၏။ မြားရောင်မှာ အံ့သြဖွယ်ကောင်းစွာနှင့် လမ်းတလျှောက်တွင် မီးတောက်များလည်း ထတောက်လာစေသည်။ ဘိုးဘေးနန်းတော်၏ ကောင်းကင်ထက်တွင် ခမ်းနားတင့်တယ်သော မျဉ်းတစ်တန်း ပေါ်ထွန်းသွားချေပြီ။

အခြားတစ်ဖက်တွင် ပထမလူသားဧကရာဇ်က ရှေ့သို့တက်၍ ကောင်းကင်မြေပြင်နှလုံးသားကျင့်စဉ်ကို အသက်သွင်းလိုက်ကာ လေးပေါ်သို့ အသာအယာ တံဆိပ်ခတ်နှိပ်လိုက်သည်။

လေးကြိုး ထပ်မံတုန်ခါတော့မည့်အချိန်တွင် သူက လက်ဖဝါးဖြင့် ဖိလိုက်၏။ လေးကြိုးက ဆွဲဆန့်မသွားတော့ဘဲ ခပ်တိုးတိုးသာ မြည်ဟည်းသွားသည်။

ပထမလူသားဧကရာဇ်အရှေ့ရှိ နေရာဟင်းလင်းပြင်မှာ လေးကြိုးကြောင့် တုန်ခါသွားပြီး အပိုင်းပိုင်း ပြတ်ထွက်သွားကာ သူ့ထံ ပြေးဝင်လာသည်။ လျင်မြန်လွန်းသည့်အတွက် သူ့တွင် ပြင်ဆင်ချိန်မရလိုက်ပေ။

ယန်အာက မီးအိမ်ကို ကိုင်လျက် ထိုနေရာသို့ ထွန်းလိုက်ပြီး ကွဲထွက်သွားသော နေရာအား ပြားကပ်သွားစေသည်။ ပထမလူသားဧကရာဇ်၏ နဖူးထက်တွင် ဝဲကျနေသည့် ဆံနွယ်မှာ ချက်ချင်း အပိုင်းပိုင်း ပြတ်ထွက်၍ ပျောက်ကွယ်သွား၏။

ချွေးသီးချွေးပေါက်တစ်စက်က သူ၏နဖူးမှ နှာခေါင်းပေါ်သို့ လိမ့်ဆင်းလာသည်။

အနည်းငယ်သာ နောက်ကျလိုက်ပါက သူ့ကား ဤနတ်လေး၏ စွမ်းအားကြောင့် အပိုင်းပိုင်း ပြတ်ထွက်သွားပေလိမ့်မည်။

ချင်မူက ရှေ့သို့တက်၍ နတ်လေးအား သူနှင့်အတူ ဆွဲယူလိုက်သည်။ နှစ်ယောက်သား အားထုတ်၍ နတ်လေးကို မ,လိုက်သော်လည်း နောက်တစ်ခဏတွင် သူတို့၏ခန္ဓာကိုယ်များမှာ ပြင်းထန်စွာ တုန်ရီလာကြ၏။

နတ်လေးထံမှ ကြီးမြတ်သော အတွေးတစ်ချက်က သူတို့စိတ်ထဲသို့ ဝင်လာသည်။ “ငါ့ရတနာကို ထိဖို့ ခွင့်တောင်းပြီးပြီလား”

အတွေးများ ထိတွေ့သွားချိန်တွင် ဆိုလိုသည့်အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားကြ၏။ သူတို့မှာ မအံ့ဩမိဘဲ မနေနိုင်တော့ပေ။ “ဒီလေးရဲ့ ပိုင်ရှင်က အသက်ရှိနေသေးတာလား”

သူတို့နှစ်ယောက်လုံးမှာ လေးဆီမှ ထွက်ပေါ်လာသော အသိစိတ်အလျဉ်ကြောင့် ကြက်သေသေနေကြသည်။ သူတို့ခန္ဓာကိုယ်များမှာ တောင့်တင်း၍ ရပ်တန့်နေကြပြီး မျက်လုံးများသာ လှုပ်ရှားနိုင်ကြ၏။

ယန်အာက ချက်ချင်း လက်ဆန့်၍ လေးကို ကိုင်လိုက်သော်လည်း သူမပါ အသိစိတ်အလျဉ်ကြောင့် တောင့်တင်းသွားသည်။

ထိုအခိုက်အတန့်တွင် မျက်ကန်းက ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲမှ ထွက်လာပြီး လေးကို ကိုင်ထားသည့် ဧရာမအရိုးစုလက်ကြီအား စစ်ဆေးကြည့်လိုက်၏။ သူက သူတစ်ကိုယ်ကြားရုံသာ ရေရွတ်နေသည်။

ရွှေအကလည်း လျှောက်လာ၍ အရိုးလက်ကို အသေအချာ ကြည့်လိုက်သည်။ သူက မျက်ကန်း၏ စကားကို ကြားသောအခါ ခေါင်းတဆတ်ဆတ် ညိတ်သည်။

ဆေးဆရာက ရှေ့သို့လျှောက်သွားရင်း ဝိညာဉ်ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။ သူက ၎င်းကို ကြိတ်ချေ၍ အရိုးစုပေါ်တွင် သုတ်လိုက်သည်။ “ပြီးပြီ”

ရွှေအက သေတ္တာ ဖွင့်ပြီး လက်နှိုက်လိုက်သည်။ မရေမတွက်နိုင်သော ဓားစက်လုံးများ လေပေါ်မြောက်တက်သွားပြီး ဧရာမတူကြီးတစ်လက်အသွင် ပြောင်းလဲသွား၏။

ရွှေအ သူ၏ဧရာမတူကြီးကို မြှောက်ကာ ထုချလိုက်သည်။ ခလွမ်းခနဲ မြည်သံကြီးနှင့်အတူ အရိုးစုလက်ကြီးမှာ ကြေမွသွားတော့သည်။

ချင်မူ၊ ယန်အာနှင့် ပထမလူသားဧကရာဇ်တို့မှာ ပုခုံးပေါ်မှ အထုပ်ကြီးတစ်ထုပ် ပြေလျော့သွားသည့်အလား ခံစားလိုက်ရကြသည်။ သူတို့စိတ်ထဲရှိ အသိစိတ်အလျဉ်မှာလည်း ချက်ချင်း ပျောက်ကွယ်သွားလေသည်။

All Chapters