← Chapters

ထိုက်ရှီ ၏ တိုက်ကွက်

Vol. 98 Ch. 1283

ထိုက်ရှီ ၏ တိုက်ကွက်

Vol. 98 Ch. 1283

ထိုက်ရှီမှာ ဥထဲတွင် စောင့်နေရင်း ရတက်မအေးနိုင် ဖြစ်နေသည်။ ဥက ဟိုလှိမ့် သည်လှိမ့် လှိမ့်နေသော်လည်း ထိုက်ယီ၏ အရိပ်အယောင်ကို မတွေ့ရချေ။ သူက စိတ်ထဲမှ တွေးနေသည်။ 'မလာတော့တာလား … ငါ သွားရှာရင် ကောင်းမလား…”

ဆေးဆရာတို့သည် စကြ၀ဠာအ‌ဟောင်းမှ လာသည့် ထိုအဆင့်မြင့်သိုင်းပညာရှင်အား တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေကြ၏။ သို့သော် ထိုက်ရှီကတော့ ထိုပုဂ္ဂိုလ်မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ကောင်းကောင်းသိလေသည်။

ထိုလူ၏ နတ်လေး ချင်မူ့လက်ထဲ ရောက်ခဲ့စဉ်အခါက ဧကရာဇ်ပလ္လင်အဆင့် ရတနာတစ်ခု၏ စွမ်းအား ထွက်ပေါ်လာခဲ့သည်။ ချင်မူ့မှော်စွမ်းအင်သည် ကျောက်စိမ်းမြို့တော်အဆင့် နတ်ဘုရားတစ်ပါးနှင့် ညီမျှသည်။ ချင်မူ့အတိုက်အခိုက်စွမ်းရည်က ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် သိုင်းကွက်များတွင် သာလွန်သော်လည်း မှော်စွမ်းအင်မှာတော့ နတ်ကောင်းကင်ခန်းမအဆင့်တွင် မရှိပေ။

တစ်နည်း‌ပြောရလျှင် ကျောက်စိမ်းမြို့တော်အဆင့် မှော်စွမ်းအင်သာ ရှိသည့်တိုင်အောင် နတ်လေး၏ စွမ်းအားသည် ဧကရာဇ်ပလ္လင်အဆင့်အထိ မြင့်တက်နိုင်၏။ နတ်လေး၏ အစစ်အမှန်စွမ်းအားသာ ထွက်လာပါက မည်မျှပြင်းထန်မည်ကို မှန်းဆနိုင်သည်။

နတ်လေး၏ ပိုင်ရှင်ဖြစ်သည့် ထိုပုဂ္ဂိုလ်သည်လည်း မည်မျှ စွမ်းအားကြီးလိမ့်မည်နည်း။

ထိုပုဂ္ဂိုလ်မျိုးသည် လက်နှစ်ဖက်လုံး ပြတ်သွားလျှင်တောင်မှ တောင်ကြားထဲ ၀င်ရောက်လာသည့်အခါ ကျန်သူများ ရင်ဆိုင်နိုင်မည့် အတိုင်းအတာထက် ကျော်လွန်နေပေလိမ့်မည်။ သူတို့အားလုံး အသတ်ခံရပေလိမ့်မည်။

ဥထဲရှိ ထိုက်ရှီကို ထည့်ပေါင်းလျှင်တောင်မှ အနိုင်ယူနိုင်မည်မဟုတ်ပေ။

ထိုက်ရှီဥမှာ ထွက်ပြေးချင်သော်လည်း ပြန်စဉ်းစားကြည့်သည့်အခါ ဤလောကကြီးထဲပ သူ့အတွက် သွားစရာနေရာမရှိပေ။

ထိုက်ရှီကျောက်တုံးတွင်းက ‌နတ်အရှင်မယန်၏ လက်ထဲတွင် ဖြစ်ပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးက ဘိုးဘေးနန်းတော်အ၀င်ဝကို ပိတ်ထားကြသည်။ ဘိုးဘေးနန်းတော်အပြင်ကိုပင် ထွက်မသွားနိုင်ပေ။

သူသည် ဥတစ်လုံးသာသာပင် မဟုတ်ပါလော။ မည်သည့်နေရာကို ထွက်ပြေးနိုင်ပါမည်နည်း။

ထွက်ပြေးလျှင်လည်း ဟင်းလင်းပြင်သားရဲများ၏ ဖမ်းဆီးစားသုံးခြင်း ခံရလိမ့်မည်။

ချင်မူက သူ့ကို ကျောက်ယန်ခန်းမထဲမှ ခိုးထုတ်လာခဲ့သော်လည်း အပြင်လောကကြီးက ပိုမိုကြီးမားသော လှောင်အိမ်ကြီးသဖွယ်သာ ဖြစ်ချေသည်။

ထိုမျှသာမက စကြ၀ဠာဟောင်းမှ သိုင်းပညာရှင်များ ထွက်လာပါက သူ ဤလောကကြီးထဲမှ လွတ်မြောက်နိုင်ပါမည်လော။

ထိုကမ္ဘာဦးသိုင်းပညာရှင်များသည် ကျောက်တုံးတွင်းငါးတွင်းနှင့် အခြား‌ရှေးဟောင်းနတ်ဘုရားများကို ဦးဆုံးသတ်ဖြတ်ချေမှုန်းကြပေလိမ့်မည်။

“ထိုက်ယီက ဖြစ်တည်ခဲ့ပြီးပေမယ့် ဒီနေရာမှာပဲ နေခဲ့တယ်… ငါတို့ ရှေးဟောင်းနတ်ဘုရားရဲ့ တာ၀န်ကို ခံစားခဲ့မိလို့ ဖြစ်မယ်”

သူ့မှာ ငြိမ်ကျသွားပြီး ထွက်ပြေးလိုစိတ် မရှိတော့ပေ။

ထူးဆန်းသောအဖြစ်အပျက်က ထပ်မံဖြစ်ပွားလာသည်။

စကြဝဠာအဟောင်းမှ ပုဂ္ဂိုလ်သည် တောင်စောင်းနံရံအနား ရောက်ရှိလာသည်။ သူ၏လက်ဖဝါး နံရံထဲမှ ဖောက်ထွက်လာသည်နှင့် သူ၏အရေပြားသည် ပြည်တည်လာပြီး အဖြူရောင်အရိုးများ ပေါ်လာ၏။

သို့သော် တောင်စောင်းနံရံအထဲရှိ ပုဂ္ဂိုလ်မှာ ဆေးဆရာ၏ အဆိပ်ကို မခံစားမိပေ။ လက်မောင်းအား ဆန့်တန်းထားဆဲဖြစ်သည်။

ဆေးဆရာ၏အဆိပ်သည် သူ၏ အရေပြားထဲ စိမ့်ဝင်ရင်း သွေးကြောများကို တိုက်စား၍ အသားကို ဖောက်ထွက်ကာ အရိုးများအတွင်းထဲအထိ ဝင်ရောက်သွား၏။ ဤအဆိပ်၏ ပြင်းအားမျိုးကို ချင်မူပင်လျှင် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဆေးဆရာကား ဆေးပညာလမ်းစဉ်တွင် ပြိုင်ဘက်ကင်း ဖြစ်ချေသည်။

နောက်ဆုံးတွင် စကြဝဠာဟောင်းမှ ပုဂ္ဂိုလ်၏ လက်တစ်ဖက်ကား တစ်ဖက်လုံး ဆန့်ထွက်လာချေပြီ။ ထွက်လာသော လက်မောင်းမှာ အရိုးဖြူများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

“တိုက်ကြ”

ဆေးဆရာ အော်ဟစ်လိုက်သည်နှင့် မျက်ကန်း၏ သေးငယ်သောခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ရီသွား၏။ ၀င်္ကပါကောင်းကင်နန်းဆောင်သည် သူ့အနောက်တွင် ဖွဲ့တည်လာပြီး ကောင်းကင်နတ်မြစ်တစ်စင်းက ၎င်းထံမှ စီးဆင်း၍ အခြားကောင်းကင်ရတနာများတစ်လျှောက် ဖြတ်သန်းကာ သူ့ခန္ဓာကိုယ်တွင် နဂါးတစ်ကောင်ကဲ့သို့ ရစ်ပတ်သွားသည်။

ဝီ…

တင့်တယ်ခမ်းနားလှသည့် သင်္ကေတမျိုးစုံက သူ့ကို ဗဟိုပြုလျက် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး အနှိုင်းမဲ့အောင် လှပနေ၏။ ၎င်းအမှတ်အသားများသည် ကောင်းကင်နန်းဆောင်မှ စတင်၍ တစ်လွှာပြီးတစ်လွှာ ဖြာထွက်လာကာ အချိန်တိုအတွင်း ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်အပေါ် သက်ရောက်နိုင်စွမ်းရှိသော ကောင်းကင်ဘုံ ၁၃ ဘုံ ၀င်္ကပါအဖြစ် ပြောင်းလဲသွားတော့သည်။

၀င်္ကပါဆရာသခင်တစ်ဦး၏ အတိုက်အခိုက်စွမ်းရည်ကို တိုင်းတာရာတွင် သိုင်းအဆင့်ကို အသုံးပြု၍ မရပေ။ ၀င်္ကပါဆရာသခင်များသည် အခြေအနေ အချိန်အခါကို လိုက်၍ ပိုမိုကြီးမားသော စွမ်းအားများကိုပင် ထုတ်ဖော်နိုင်ကြ၏။

မျက်ကန်း၏ ၀င်္ကပါစွမ်းရည်ကား ယန်ယွင်ရှီထက်ပင် သာလွန်နေပြီဖြစ်သည်။ ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ်၀င်္ကပါဆရာသခင် ကောင်းကင်သခင်ဟန်နှင့်ယှဉ်လျှင်ပင် သူ၏၀င်္ကပါမျာသည် နိမ့်ကျမနေပေ။ ၀င်္ကပါလမ်းစဉ်တွင် ကောင်းကင်သခင်ဟန်ထက်ပင် မြင့်မားနေပြီဟု ဆိုရမည်။

သူသည် ၀င်္ကပါများကို အသုံးပြု၍ ကောင်းကင်နတ်ဘုံကို ဖော်ဆောင်နိုင်သည့် အဆင့်နှင့်ပင် နီးကပ်နေလေပြီ။

“လုံထော်”

မျက်ကန်းက နဂါးနက်လှံကို ကိုင်စွဲလိုက်ပြီး သူ့ပတ်ပတ်လည်ရှိ ကောင်းကင်ဘုံ ၁၃ ဘုံ၀င်္ကပါမှာ ရုတ်တရက် လှုပ်ရှားသက်ဝင်လာသည်။ သူ၏မျက်လုံးများက အလွန်အမင်း တောက်ပလာပြီး ကောင်းကင်ဘုံ ၁၃ ဘုံကို ဖြတ်၍ လက်မောင်းအား စိုက်ကြည့်နေ၏။

သူ့လက်ထဲရှိ မဟူရာနဂါးလှံက လှုပ်ရှား၍ စွပ်ခနဲ ထိုးစိုက်လိုက်သည်။

နဂါးတွန်သံသည် တောင်ကြားတလျှောက် ပဲ့တင်ထပ်သွား၏။

မျက်ကန်းက သူ့တွင် ရှိသမျှ ခွန်အားအလုံးစုံဖြင့် တိုက်ခိုက်နေပြီး လုံထော်ကလည်း မိုးလေ၊ လျှပ်စီးအလား မြန်ဆန်နေသည်။ တခဏအတွင်း သူကား အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထိုးစိုက်ပြီးဖြစ်၏။

ဒုတ်… ဒုတ်… ဒုတ်… ဒုတ်

လှံက အရိုးလက်မောင်း၏ နေရာတိုင်းကို အသည်းအသန် ထိုးသွင်းနေသည်။

တဂျွတ်ဂျွတ် မြည်သံများနှင့်အတူ အရိုးလက်မောင်း၏ မျက်နှာပြင်တွင် အက်ကွဲကြောင်းများ ပေါ်လာချေပြီ။

မျက်ကန်းသည် ကောင်းကင်ဘုံ ၁၃ ဘုံ၀င်္ကပါကို အသက်သွင်းလျက် ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်အထောက်အပံ့ကို အားပြုထားသော်လည်း လှံဖြင့် ထိုးစိုက်နေရင်း အလျင်အမြန် အရှိန်အဝါကျဆင်းလာသည်။

အရှိန်အဝါ ကျဆင်းလာမှုမှာ ကြောက်မက်ဖွယ်ကောင်း၏။

တစ်ချိန်တည်းမှာပင် ရွှေအက အော်ဟစ်လိုက်ရာ တောင်ကြားထဲတွင် မိုးခြိမ်းသံတစ်သံ မြည်ဟီးသွားသည်။ အသံကြီးသည် နားကန်းမတတ် ကျယ်လောင်လှပြီး သစ်ပင်များနှင့် မဟူရာတောင်တန်းတစ်သိန်းပေါ်တွင်ပင်လျှင် ပဲ့တင်ထပ်သွားသည်။ မိုးကြိုးသံက တောင်တန်းတစ်ခုနှင့်တစ်ခုကြားတွင် ကူးလူးသွားလာနေ၏။

တောင်ကြားထဲတွင် နေလုံးကြီး တဖြည်းဖြည်း ပေါ်ထွက်လာသည့်အလား တောက်ပလင်းထိန်လာသည်။

၎င်းက ရွှေအ၏ ပန်းပဲကောင်းကင်နန်းဆောင် ဖြစ်ပြီး တဟုန်းဟုန်း တောက်လောင်နေသည့် မီးတောက်မီးလျှံများ ပါရှိ၏။ မီးတောက်များအကြား၌ ရွှေအ၏ မူလဝိညာဉ်သည် ကောင်းကင်နန်းဆောင်အတွင်းထဲမှ ကြီးထွားလာသည်။

ရွှေအ၏ ရုပ်ခန္ဓာမှာလည်း တစ်ချိန်တည်းမှာပင် ကြီးထွားလာသည်။ သူသည် ယခင်က ရှုနာရှိုက်ကုန်း ပန်းပဲဆရာတယောက်နှင့် တူသော်လည်း ယခုတော့ ကြွက်သားများ အမြောင်းမြောင်းထနေပြီး တောင့်တင်းကြံ့ခိုင်နေချေပြီ။ ရုပ်ခန္ဓာနှင် မူလဝိညာဉ်တို့က ဖြည်းဖြည်းချင်း ထပ်တူကျသွားသည်။

မီးတောက်ထဲတွင် ဧရာမလူကြီးက ဧရာမတူကြီးကို မြှောက်လိုက်ရာ နေတစ်လုံးနှင့် တူသည့် မီးစွမ်းအားတို့သည် တူကြီးထဲ စီးဝင်သွား၏။

ရွှေအက အဏုမြူပန်းပဲပညာနှင့် အခြေခံပန်းပဲပညာတို့ကို သုံးကာ တူဖြင့် ထုချလိုက်ချေပြီ။

ပန်းပဲဆရာများသည် လက်နက်သွန်းလုပ်ရုံသာ တတ်သည်ဟု မည်သူက ပြောသနည်း။

ရွှေအသည် လက်နက်သွန်းလုပ်တတ်ရုံသာမက ပြင်းထန်လှသည့် နည်းလမ်းများ အခြားသူတို့၏ ကောင်းကင်လက်နက်များကို အခြားသူတို့၏ ကောင်းကင်လက်နက်များကို သုံး၍ ဖျက်ဆီးနိုင်လေသည်။

ပန်းပဲပညာတွင် သူသည် ဆရာသခင်တစ်ဦးဖြစ်၏။ ကောင်းကင်လက်နက်များ ဖျက်ဆီးရာတွင်လည်း ဆရာသခင်တစ်ဦးပင်။

သူ၏ ပန်းပဲကောင်းကင်နန်းဆောင်မှာ ပြီးပြည့်စုံနေပြီး အခြားသူများအတွက်မူ သူသည် လူသားလက်နက်သဖွယ် ဖြစ်နေ၏။

လက်နက်တစ်ခုအား ဖျက်ဆီးရခြင်းကား ရုပ်ခန္ဓာတစ်ခုကို ဖျက်ဆီးရခြင်း ခက်သည်။ သူ၏တူကြီးသည် မဖျက်ဆီးနိုင်သည့်အရာဟူ၍ မရှိပေ။

ဘုန်း…

သူ၏တူကြီး ကျဆင်းသွားသည့်အခါ လက်မောင်းမှာ ချက်ချင်း အမှုန့်ကြေသွားပြီး ပြင်းထန်လှသော ခွန်အားကြောင့် အက်ကွဲနေသော အရိုးများမှာ ဆက်လက်တုန်ရီနေကြသည်။ သံတူများ ကိုင်ထားကြသည့် မရေမတွက်နိုင်သော ဘီလူးကြီးများက အက်ကွဲနေသောအရိုးများ၏ အမှုန့်များကို အားကုန်ထုရိုက်နေကြသည့်အလား ထင်ရလေသည်။

တူကြီးက မြေပေါ် ကျဆင်းသွားသဖြင့် တောင်ကြားမှာ ပြင်းထန်စွာ တုန်ခါလှုပ်ရမ်းသွားသည်။

ရွှေအက တူကြီးကို ပြန်မြှောက်၍ ကျေနပ်နေသော မျက်နှာအမူအရာဖြင့် ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာပင် ဆေးဆရာနှင့် မျက်ကန်းတို့လည်း ပြုံးလိုက်ကြသည်။

သူတို့ အောင်မြင်သွားခဲ့ချေပြီ။

သို့သော် နောက်တခဏတွင် သူတို့မျက်နှာပေါ်ရှိ အပြုံးများ အေးခဲသွား၏။

တောင်စောင်းနံရံရှိ ပုဂ္ဂိုလ်ကား လက်နှစ်ဖက်လုံး ကျိုးသွားခဲ့သော်လည်း ရှေ့ဆက်တိုးလာဆဲဖြစ်သည်။ သူ၏မျက်နှာနှင့် ခြေတစ်ဖက်သည် တောင်စောင်းနံရံထဲမှ ထွက်လာခဲ့ချေပြီ။

ထိုမျက်နှာသည် ဒေါသအမျက်တချောင်းချောင်း ထွက်နေဟန်တူပြီး အရေပြားတို့က ဆွေးမြေ့နေသည်။ ၎င်းက ဆေးဆရာ၏အဆိပ်ပင်။

တောင်စောင်းနံရံထဲမှ ထွက်လာသည့် ခြေထောက်တစ်ဖက်မှာလည်း အဆိပ်၏ တိုက်စားမှုကြောင့် အရိုးများ ငေါထွက်နေသည်။ ဆေးဆရာ၏အဆိပ်မှာ ပြင်းထန်လွန်း၏။ ၎င်းက ရုပ်ခန္ဓာကို တိုက်စား၏ ခန္ဓာကိုယ်၏ ဇီ၀ကမ္မဖြစ်စဥ်များကို ဖျက်ဆီးပစ်သည်သာမက သိုင်းအခြေခံကိုလည်း ပစ်မှတ်ထားကာ မဟာတာအိုကို လွင့်ပျယ်စေသည်။ တာအိုကြိုးများ ပြတ်တောက်ကုန်ပြီး တာအိုအမှတ်အသားတို့လည်း ပပျောက်၍ ဖြိုခွဲမရနိုင်သည့် သေးငယ်သော အမှုန်လေးများအဖြစ် ပြိုကွဲကုန်ကြသည်။

သို့သော် သူ၏စွမ်းအားသည် အားကောင်းပြင်းထန်လွန်းသဖြင့် မကြာမီ သူ့မျက်နှာမှာ တိုက်စားခံနေရခြင်း ရပ်သွားသည်။ သူ၏ခြေထောက်ရှိ အဆိပ်များလည်း ခန္ဓာကိုယ်မှ ထွက်သွားသည်။

မျက်ကန်းက အားကုန်ထုတ်၍ လုံထော်ကို မြေကြီးထဲ စိုက်ထည့်လိုက်ရာ ၀င်္ကပါသင်္ကေတများ ပေါ်ထွက်လာသည်။ သူက လုံထော်ကို ပြန်ဆွဲထုတ်၍ ဆေးဆရာကို လက်တစ်ဖက်ဖြင့် နောက်ဆွဲခေါ်လိုက်သည်။ ရွှေအလည်း အနောက်သို့ ဆုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ယန်အာက ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ကို ကိုင်၍ သူတို့အား ကျော်တက်ကာ မီးအိမ်၏ စွမ်းအားကို အသက်သွင်းလိုက်၏။

နဂါးချီလင်က ဖန်သားကောင်းကင်စေတီကို လှည့်လိုက်သဖြင့် စေတီ၏ ကောင်းကင်ဘုံများ ပွင့်ဟလာသည်။ ကောင်းကင်ဘုံများထဲရှိ ရတနာများမှာ ကြယ်တာရာများကဲ့သို့ ဖြည်းဖြည်းချင်း တောက်ပလာကြလေသည်။

ကောင်းကင်ဘုံတို့က မြင့်တက်၍ တောင်ကြားထဲရှိ လူအားလုံးကို ခေါ်ယူသွားသည်။

ထိုခပ်ပိန်ပိန် ပုဂ္ဂိုလ်၏ မျက်လုံးများမှာ နှိုင်းမရနိုင်အောင် တောက်ပလာ၏။ သူ၏ဦးခေါင်းသည် တောင်စောင်းနံရံထဲမှ ထွက်လာပြီးဖြစ်ပြီး လေးတစ်ခု၏ အရိပ်က သူ့အနောက်ရှိ ကျောက်သားထက်၌ ထင်ဟပ်လာသည်။

အရိပ်က လေးနှင့် မြားကို ဆွဲလိုက်၏။ ၎င်းမှာ အရိပ်တစ်ခု ဖြစ်နေသော်လည်း ကောင်းကင်နှင့် မြေကြီးထက်ပင် သာလွန်သည့် စွမ်းအားတို့ ကိန်းဝပ်နေလေသည်။

All Chapters