နဂါးပြာ နတ်ဆေးအိုး။
Vol. 169 Ch. 2353
လင်းယွန်နှင့် အဖွဲ့ရောက်ရှိလာသော အခါတွင် စမ်းသပ်မှု ပထမအဆင့် ကျော်ဖြတ်ခဲ့ သူများက လှည့်ကြည့်လာ၏။
“ မြင့်မြတ်တဲ့ မျိုးနွယ်စုတွေ အများကြီး ... ဒီမှာ ရှိနေပုံပါပဲ ... ဒါကြောင့် နိမ့်ကျတဲ့ ပုံရိပ်ကို ထိမ်းထားပါ။ ”
“ ဒါတော့ သေချာတယ် ... မြင့်မြတ်မြေ အသီးသီးက နတ်မျိုးနွယ်စုတွေရဲ့ ... ပါရမီရှင် တွေက ပထမအဆင့်ကို လွယ်လွယ် အောင်မြင်ခဲ့ပုံပဲ။ ”
ရှန်းထျန်းနန်နှင့် လင်းကျန့်ရှန့်က ပြောကြားလိုက်သည်။ ပထမအဆင့်နှင့် ယှဉ်က ဒုတိယအဆင့်သည် ပို၍ တိတ်ဆိတ် ပေသည်။
မည်သူမဆို ပတ်ဝန်းကျင်ရှိ တင်းကြပ်သော လေထုကို ခံစားနိုင်၏။ ထို့ကြောင့် စကား ပြောသည့် အခါတွင် အသံကို လျှော့ပြော လိုက်ကြသည်။
“ ကြည့်စမ်း... ရှန့်ကွမ်ကြွယ်လည်း ရောက်နေပြီ... သူက မီးလျှံမူလ ဆေးပြား သုံးပြားရခဲ့တယ် မဟုတ်လား။ ”
“ ရှန့်ကွမ်ကြွယ်က နတ်အရိပ် နန်းတော်ရဲ့ နတ်တပည့်ပဲ ... သူတို့ရဲ့ နတ်အရိပ်နန်းတော်က နယ်မြေပေါင်း တစ်ရာကျော်ကို ဖြန့်ကျက်ပြီး နတ်မဟာမိတ် အဖွဲ့မှာ ...
... မြင့်မားတဲ့ ရာထူး တစ်ခု ရထားတယ် သူတို့က နတ်မျိုးနွယ်စု တွေထက် ပို အားကောင်း ကြတယ်။ ”
“ သူသာ စိတ်ဝင်စား လာရင်တော့ လင်းယွန်အတွက် အခြေအနေက ပိုဆိုး လာနိုင်တယ်။ ”
ရှန့်ကွမ်ကြွယ်သည် လင်းယွန်ကို စစ်ဆေးနေသည်ကို သတိ ပြုမိလိုက်သဖြင့် နောက်မှ လိုက်ပါလာသော ဓားသမားများ အားလုံး စိတ်လှုပ်ရှား သွား၏။
ရှန့်ကွမ်ကြွယ်သည် သူ့ဂုဏ်သတင်း ကျော်ကြားမှုများကို လင်းယွန် ခိုးယူသွားရာ ပျော်ပုံ မရချေ။
လူတိုင်း နေရာလွတ်တွင် စုဝေးခဲ့ကြပြီး တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။ အခွင့်အရေး ရသော် ကျော်ကြားမှုကို ရယူကြပေမည်။
အမှောင်ထဲမှ နေ၍ ကောင်းကင်ဘုံ ပျက်စီးခြင်း ဘိုးဘေးမှ ကြည့်နေခြင်း ရှိ-မရှိ မသိနိုင်ချေ။
“ နတ်သားတော် ပေါ်လာမယ်လို့ ငါထင်တယ် ထာဝရ မြင့်မြတ်မြေရဲ့ တပည့်ကြီး တွေနဲ့ ပါရမီရှင်များစွာလည်း ရှိနေတော့ သူ နိမ့်ကျတဲ့ ပုံရိပ်ကို ထိန်းသိမ်းထားဖို့ မဖြစ်နိုင်ဘူး။ ”
အရိပ် နတ်ဘုရား နန်းတော် နတ်တပည့် ကျောက်ကျန်းလီက လှောင်ပြုံးဖြင့် ပြောလိုက် လေသည်။
ရှန့်ကွမ်ကြွယ် ကလည်း ပြုံးပြီး၊
“ သူက အားနည်းသူ မဟုတ်ဘူး၊ သူကိုယ်တိုင် လူခုနစ်ယောက်ကို တိုက်ခိုက်ပြီး သူတော်စင်မူလ ထုတ်ယူခဲ့တယ်၊ အရိပ် နတ်ဘုရား နန်းတော်မှာ ဆိုရင်တောင် နတ်တပည့် ဖြစ်ထိုက်တယ်။ ”
“ အဲဒါက မသေချာပါဘူး ... တစ်စုံတစ်ယောက်က တောက်ပသော ရောင်ခြည်တော် ဓားရည်ရွယ်ချက်ကို ခံနိုင်ရည်ရှိရင် သူ့ကို သတ်နိုင်တယ် ကျင့်ကြံမှုက သူ့အားနည်းချက်ပဲ။ ”
ကျောက်ကျန်းလီက လက်မခံချေ။
“ အင်း ... ။ ”
ရှန့်ကွမ်ဟန်မှ ပြုံးပြီး ခေါင်းညိတ်လိုက်၏။
“ အဲဒီတုန်းက သူ့နက္ခတ်ကို မခေါ်ခဲ့ဘူး ဒါကြောင့် သူ့ရဲ့ အကြီးမားဆုံး အားနည်းချက် ဖြစ်သင့်တယ် ... မဟုတ်ရင် သူ့ဝှက်ဖဲ ဖြစ်တဲ့ ဖဲကြိုးကိုးထောင်ကို ဘယ်သုံးမလဲ။ ”
“ ဒါ ... ဖြစ်နိုင်တယ်။ ”
ရှန့်ကွမ်ကြွယ်က လင်းယွန်ကို အာရုံစိုက် ပြန်ကြည့်လိုက်သည်။ နတ်မျိုးနွယ်စု ခုနစ်ခုကို အနိုင်ယူ ပြီးနောက် ဤဓားသမားသည် ပြဿနာ ဖြစ်ချေပြီ။
ကျောက်တိုင် ရှေ့၌လည်း မီးလျှံ မူလ ဆေးပြားကို ရရှိနိုင်ခဲ့လေရာ ပို၍ သတိထားမိ လာတော့သည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ဧရာမအိုးကြီး တစ်လုံးက ကောင်းကင်မှ ဆင်းသက်လာ၏။ အရာအားလုံး ငြိမ်သက်သွားပြီး လူတိုင်း၏ အာရုံက ၎င်းထံ ကူးပြောင်းသွားသည်။
ဆေးအိုးကြီးပေါ်တွင် မီးခိုးရောင် ဝတ်ထားသော အဖိုးကြီး တစ်ဦး ပါရှိလေသည်။ ထိုအဘိုးအို၏ မျက်နှာသည် အရေးအကြောင်း များဖြင့် ဖုံးလွှမ်းနေပြီး ရှေးခေတ် ရောင်ဝါက သူ့ထံမှ လွင့်ထွက်လာ၏။
တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတိုင်း၏ စိတ်ဝိညာဉ်များ ဝါးမြိုခံလိုက်ရသည်။
“ ဒါက နဂါးပြာဘိုးဘေး ... ငါတို့ကို လက်ဆောင်ပေးခဲ့တဲ့ နဂါးပြာ နတ်ဆေးအိုးပဲ၊ ဒါကို နဂါးပြာ ဘိုးဘေးကိုယ်တိုင် သွန်းလုပ် ထားတာ၊ ...
... ကမ္ဘာဦး ဖျက်ဆီးခြင်း ထာဝရသဲနဲ့ တာအိုပေါင်းများစွာကို နှစ်တစ်ထောင်ကြာတဲ့ အထိ ပေါင်းစပ် သန့်စင်ပေးထားတယ်၊ ...
... မင်းတို့က ဘယ်တာအိုပဲ လေ့ကျင့် နေပါစေ အကျိုးရှိမယ် ... ဒါကြောင့် နားလည် နိုင်စွမ်းကို စမ်းသပ်ဖို့ အတွက် ဒီအိုးကြီး သုံးမယ်၊ ဒီထဲမှာ ...
... ဖြစ်စဉ်ပေါင်း တစ်သောင်း ပါရှိပြီး ... ဖြစ်စဉ်တစ်ခုက အဆင့်မြင့် နဂါးဝိညာဉ်သိုင်း ပညာကို ကိုယ်စားပြုတယ်၊ ဘယ်သူမဆို ဖြစ်စဉ် ကိုးခု ရှာတွေ့နိုင်ရင် စမ်းသပ်မှု အောင်ပြီ။ ”
မီးခိုးရောင် ဝတ်အဖိုးအို စကားက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ ထို့ကြောင့် လူအုပ်ကြီးက ဆွေးနွေးမှုများ ပြုမိကြ၏။
“ နဂါးပြာ နတ်ဆေးအိုးလား ... အရင်က ဒီဆေးအိုးကြီး အကြောင်း ကြားဖူးတယ် အခုလို စမ်းသပ်မှုမှာ ပေါ်လာမယ် မထင်ထားဘူး။ ”
“ ဒီအိုးက ထူးဆန်းတယ် ... ဖြစ်စဉ်အပြင် တာအိုမီးတောက်နဲ့ ဘုန်းသူတော်စင် လက်ရာ ပစ္စည်းတွေလည်း ပေးနိုင်တယ်။ ”
“ တကယ်ပဲ သူတော်စင် တောင်မှာ ဒီလိုတန်ခိုးရှင် ဆေးအိုးမျိုး ပေါ်လာတာလား ... ဒီတစ်ကြိမ် ကောင်းကင်ဘုံ ဘိုဘေးက အလေးအနက် ထားလာပုံရတယ်။ ”
နဂါးပြာ နတ်ဆေးအိုးအကြောင်း ကြားဖူးသူများ ပါရှိကြသည်။ လင်းကျန်းရှန့်၏ အမူအရာ လေးနက်လာပြီး ရှန်းထျန်းနန်ပင် တိတ်ဆိတ်သွား၏။
“ ဒါ နဂါးပြာ နတ်ဆေးအိုးပဲ ... ဒီလို မြင်ခွင့်ရနိုင်မယ်လို့ ... မမျှော်လင့်ထားမိဘူး။ ”
အောင်းကြွယ်က အံ့သြသွားသည်။ ဤဆေးအိုးသည် နတ်တပည့်များပင် ဆန္ဒ ရှိတိုင်း မြင်ခွင့်ရသော အရာ မဟုတ်ချေ။
ကောင်းကင် တံခါး၏ ပထမတန်းစား ရတနာ ဖြစ်သည်။ ရှန့်ကွမ်ကြွယ်၏ မျက်ဝန်း၌ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပ လာသည်။
သူ၏ နားလည်နိုင်စွမ်းကို ယုံကြည်ပြီး ထာဝရ မြင့်မြတ်မြေ၏ တပည့်ကြီးများ ပင်လျှင် ပြိုင်ဘက်မဟုတ်ဟု ခံယူထားသည်။
ငယ်ရွယ်စဉ်က ကံကြမ္မာကြောင့် လျှို့ဝှက်ရတနာဖြစ်သော နတ်မျက်စိကို ရရှိ ထားခဲ့သည်။
၎င်းက ကိုယ်ခံပညာ အားလုံးကို အနည်းငယ် စိုက်ကြည့်ရုံဖြင့် ပြီးပြည့်စုံသော ကျွမ်းကျင်မှုမျိုး အလွယ်တကူ ရရှိစေ၏။
ကျောက်ကျန်းလီက ဆေးအိုးထံ မျက်မှောင်ကြုတ် ကြည့်ပြီး၊
“ ဒါက သူ့အတွက် ပြင်ဆင်ထားပုံရတယ်။ ”
-ဟု ပြောကြားလာသည်။
“ ဘာကို ဆိုလိုတာလဲ။ ”
“ တောက်ပသော ရောင်ခြည်တော်ဓား အပေါ် နားလည်ခြင်းက ကောင်းကင်ကို အံတု နေပြီ မဟုတ်လား ဓားတာအို ထာဝရ မြင့်မြတ် မြေရဲ့ နတ်သားတော်တွေသာ ... သူ့ထက် သာလွန်တဲ့ နားလည်နိုင်စွမ်း ရှိလိမ့်မယ်။ ”
ကျောက်ကျန်းလီ စကားကြောင့် ရှန့်ကွမ်ကြွယ်က နဂါးပြာ နတ်ဆေးအိုးကို ပြန်ကြည့်ကာ၊
“ ဒါပေမယ့် ... အခုက ဓားတာအို သက်သက်ပဲ ပြိုင်တာ မဟုတ်ပါဘူး။ ”
-ဟု ပြန်လည် ပြောကြားလိုက်၏။
မီးခိုးရောင်ဝတ် အဖိုးအိုက လူအုပ်ကြီး ဆွေးနွေးသံများကို ရပ်စောင့်နေလျက်မှ လက်ပြ လာပြီး၊
“ ဒီအဆင့်က အချိန်ကို အတိုင်းအတာ တစ်ခုအထိ ပေးထားတယ် လူတိုင်းကြိုးစားပါ မင်းတို့ နားလည်ထားတဲ့ ပညာရပ်တွေကို အပြင် လူတွေဆီ ဖြန့်ဝေလို့ရတယ်။ ”
-ဟု ဆက်ပြောလိုက်သည်။
နဂါးဝိဉာဉ် ပညာရပ် ဟူသည် အဖိုးတန်လှပြီး ဧကရာဇ် နယ်မြေအထိ အသုံးပြုရန် လုံလောက်၏။
ထို့ကြောင့် ပတ်ဝန်းကျင်၌ ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်လာသည်။ ၎င်းကို ဂိုဏ်းသို့ ပြန်ယူသွား နိုင်သော် ကြီးမားသော အကျိုးဆောင်မှု တစ်ခု ဖြစ်နိုင်ပေ၏။
“ ရတနာတွေကို ထုတ်ပေးမှာလား။ ”
နဂါးပြာ နတ်ဆေးအိုးကြီး ထဲတွင် ရတနာများစွာ ရှိနေသောကြောင့် လင်းယွန်က အံ့အားသင့် ခဲ့ရသည်။
ဤစမ်းသပ်မှုသည် အမှန်ပင် ရက်ရောလှပေ၏။ သူ ခေါင်းမော့ကြည့်လိုက်ရာ ဆေးအိုးကြီးတွင် နတ်ရူရ်များ ရှိနေသည်ကို မြင်လိုက်ရသည်။
နတ်ဆေးအိုးသည် အုပ်စိုးရှင် ကျောက်တိုင်နှင့် ဆင်တူသည်။ ကျောက်တိုင်က တစ်စုံတစ်ဦးကို ထင်ယောင်ထင်မှား ကမ္ဘာထဲ ဆွဲငင်ပြီး လက်ဆောင်ပေး၏။
မျက်ဝန်းထဲ ဓားရည်ရွယ်ချက် လောင်းထည့်ချိန်၌ အလင်းများ အလွှာလိုက် ဖြစ်ပေါ်နေပြီး ရှေးဟောင်း ရွှေတံဆိပ် တစ်ခု မှုန်ဝါးဝါး ပေါ်လာသည်။
တောက်ပသော ရောင်ခြည်တော်ဓား ရည်ရွယ်ချက် ဖြစ်သည်။ အပြည့်အဝ ဆုပ်ကိုင် ပြီးသော် နေနတ်ရူရ်ကို ရရှိနိုင်၏။
သို့တိုင် ဆေးအိုးကြီးကို ဖြတ်ကာ မြင်လိုက်ရသည်။ အလယ်ဗဟို၌ ကြီးမားသော ကြယ်ပွင့်ကြီး ရှိနေ၏။
၎င်းအတွင်း ဝင်ကြည့်ရန် ကြိုးစားချိန်၌ ကနဦးစွမ်းအင်များက အကြည့်ကို ပိတ်ဆို့လာ ခဲ့သည်။ မျက်မှောင်ကြုတ်လျက် ပြန်ရုတ် လိုက်ရ၏။
လူများစွာမှလည်း သူ့ကဲ့သို့ တူညီသော လုပ်ရပ်များဖြင့် စမ်းစစ်နေ ကြသည်။ ကနဦး စွမ်အင်အလွှာအနား အရောက်၌ ရပ်လိုက်၏။
လင်းကျန်းရှန့်သည် သတ္တမ ဒုက္ခနှင့် ကြုံတွေ့ခဲ့ရ ပြီးနောက် သူမ အကြည့်များက ပြတ်သားလာခဲ့သည်။
လင်းယွန်က စကားမပြောဘဲ နိဗ္ဗာန်တာအိုကို စမ်းကြည့်ရန် သတိရသွား၏။ ထိုစဉ် ပုံရိပ်နှစ်ရိပ် ရောက်ရှိလာသည်။
“ ငါ့နာမည် ရှန့်ကွမ်ကြွယ် ... ။ ”
မိတ်ဆက်စကားကြောင့် လင်းယွန့်က လှည့်ကြည့်ကာ ခေါင်းညိတ်ပြ လိုက်သည်။
“ ညီအစ်ကိုလင်း ဘယ်လိုလဲ။ ”
၎င်းက ပြုံးလျက် မေးနေသဖြင့် လင်းယွန်အဖြေကို လူတိုင်း စိတ်ဝင်တစား လာတော့သည်။
“ မလွယ်ဘူး။ ”
“ ဒါတော့ သေချာတယ် ... နဂါးပြာ နတ်ဆေးအိုးကို ထာဝရသဲနဲ့ ကနဦး စွမ်းအင် ပေါင်းပြီး သွန်းထားတာ ... တစ်စုံတစ်ယောက် အမြင်နဲ့ ဘယ်လိုလုပ် ဖြတ်မြင်နိုင်မှာလဲ။ ”
ရှန့်ကွမ်ကြွယ်က ပြုံးပြီး ခေါင်းညိတ်၏။
“ နင့်ရဲ့ လေသံအရ နည်းလမ်းရှိနေပုံပဲ။ ”
လင်းကျန်းရှန့်က ဝင်မေးသည်။
“ အတိအကျတော့ မဟုတ်သေးပါဘူး။ ”
ရှန့်ကွမ်ကြွယ်က ပြုံးပြီး လင်းယွန်ကို ကြည့်ကာ၊
“ ညီအစ်ကိုလင်း ... အလောင်းအစား လုပ်တာကို စိတ်ဝင်စားလား ငါတို့ ဘယ်သူက ပိုပြီး ဖြစ်စဉ်တွေ ရှာနိုင်မလဲ ပြိုင်ရအောင်။ ”
-ဟု ဖိတ်ခေါ်လိုက်တော့သည်။
သူ့ဘေးရှိ ကျောက်ကျန်းလီက၊
“ ခွန်လွန် နယ်မြေရဲ့ ဂုဏ်သိက္ခာကို ပြန်ယူချင်တာလား ... မင်းမှာ သတ္တိ မရှိဘူးလို့ ငါ့ကို မပြောနဲ့။ ”
-ဟု မလှုပ်သာအောင် စကားဖြင့် တုပ်နှောင်လိုက်၏။
“ မင်းက ဘာကြေးလောင်းချင်တာလဲ။ ”
“ ရွှေရောင် တာအို သစ်သီးတွေနဲ့ သွားရအောင် ... ငါရှုံးရင် ... မင်းကို မီးလျှံ မူလ ဆေးပြား သုံးပြားပေးမယ် ... မင်းရှုံးရင် ရွှေတာအို သစ်သီး တစ်လုံးပဲပေး ... သုံးဆ တစ်ဆ အဆင်ပြေလား။ ”
လင်းယွန်က တိတ်ဆိတ်သွားသည်။
“ ဘာဖြစ်တာလဲ ... ဒီလောက်တောင် သတ္တိမရှိဘူးလား ... မင်းလက်ခံရင် ငါ့မီးလျှံမူလ ဆေးပြားပါ ပေးနိုင်တယ်။ ”
စဉ်းစားနေသော လင်းယွန် ပုံကြောင့် ကျောက်ကျန်းလီကလည်း ဖိအားပေးလာ၏။
“ အခြားအရာ တစ်ခုခုနဲ့ လောင်းကြေးထပ်ရင် ငါ သဘောတူ နိုင်ပေမယ့် ရွှေတာအိုသစ်သီး ဆိုရင်တော့ အဆင်မပြေဘူး၊ ငါ့မှာ ကုန်သွားပြီ၊ ကူကျွင့်လို ... သူတော်စင် မူလနဲ့ ဆိုရင်ရော ... ။ ”
လင်းယွန်က ပြုံးပြီး၊
“ ဘယ်လိုလဲ။ ”
-ဟု ထပ်မေး လိုက်သည်။
သူ့နှုတ်ခမ်းသည် ပြုံးနေခဲ့သဖြင့် ရှန့်ကွမ်ကြွယ်နှင့် ကျောက်ကျန်းလီတို့ ခမျာ ကျောရိုးများ အေးစိမ့်သွားသည်။
ဤဓားသမားသည် နတ်တပည့် နှစ်ဦးကို ရင်ဆိုင်ရသော်မှ ကြောက်ပုံ မပြချေ။ သည့်ပြင် သူတို့နှစ်ယောက်ကို ခြိမ်းခြောက်လိုသည့် အရိပ်အမြွက်ပင် ပြသနေခဲ့သည်။
“ အစ်ကိုကြီးလင်း ... ငါ့မှာ ရွှေတာအို သစ်သီး ကျန်သေးတယ်။ ”
ရုတ်တရက် ကျိကျစ်ရှီက ဝင်ပြော၏။ လင်းယွန်တွင် လောင်းကြေး မရှိတော့သည်ကို မြင်ပြီး ကူညီရန် တွန့်ဆုတ်ခြင်း မရှိခဲ့ခေျ။
***