← Chapters

ပြိုင်ဘက်ကင်း အလှတရား။

Vol. 169 Ch. 2354

ပြိုင်ဘက်ကင်း အလှတရား။

Vol. 169 Ch. 2354

ကျိကျစ်ရှီက ရွှေတာအို သစ်သီး ငါးလုံးရရှိခဲ့ပြီး သုံးလုံး ကျန်ရှိနေ သေးသည်။ လင်းယွန်တွင် လောင်းကြေး မရှိသည်ကို မြင်သောအခါ မတ်တပ် ထရပ်လိုက်၏ ။

သူမ၏ နုံအမှုသည် လင်းယွန်ကို ကူကယ်ရာမဲ့စေသည်။ သို့သော် အရေးမကြီး တော့ချေ။

ရှန့်ကွမ်ကြွယ်နှင့် ကျောက်ကျန်းလီက ရွှင်မြူးသွားသည်။ မီးလျှံ မူလ ဆေးပြားသည် အသုံးဝင်ကောင်း ဝင်သော်လည်း ရွှေတာအို သစ်သီးနှင့် နှိုင်းယှဉ်ပါက နိမ့်ကျချေပြီ။

“ ပန်းသင်္ချိုင်း ... အခု ဘာပြောစရာ ရှိသေးလဲ။ ”

လင်းယွန်က ပြုံးပြီး၊

“ ငါ မကစားဘူးလို့ မပြောပါဘူး ဒီလောင်းကြေးက မလုံလောက်တာပါ။ ”

“ ဒါဆို ပြောကြည့်ပါဦး။ ”

“ ငါရှုံးရင် မင်းကို ရွှေရောင် တာအို သစ်သီးပေးမယ် မင်းရှုံးရင် မီးလျှံမူလ ဆေးပြား ဆယ်ပြား ပေးပါ။ ”

ကျောက်ကျိုးလီနှင့် ရှန့်ကွမ်ကြွယ်တို့တွင် မီးလျှံမူလ ဆေးပြား ငါးပြားသာ ရှိသောကြောင့် ချက်ချင်း မတုန့်ပြန် နိုင်ချေ။

သို့သော် ရှန့်ကွမ်ကြွယ်က အနည်းငယ် စဉ်းစားပြီး၊

“ ကောင်းပြီ ... သဘောတူတယ်။ ”

-ဟု ကတိပေးလိုက်သည်။

အရိပ်နတ်ဘုရားနန်းတော် အတွက် မီးလျှံမူလဆေးပြား ဆယ်ပြား ရရှိရန် စုဆောင်း နိုင်သည်။ ဤအရာက ကျောက်ကျန်းလီကို တုန်လှုပ် သွားစေခဲ့၏။ ကျန်သည့် ငါးပြား အတွက် မျက်ခုံး ခပ်လှုပ်လှုပ်ပေပင်။

“ သုံးရက်နေရင် စမယ်။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်က ပြီးပြီး ခေါင်းညိတ် လိုက်သည်။

“ ညီအစ်ကို ရှန့်ကွမ်က ယုံကြည်မှု ရှိပုံရတယ်။ ”

“ ဒီလိုလည်း မဟုတ်ပါဘူး ... နောက်ဆုံးတော့ မင်းရဲ့ တောက်ပသော ရောင်ခြည်တော် ဓားက ငါ့ကို ဖိအား နည်းနည်းပေး နိုင်ပါသေးတယ်။ ”

“ ကောင်းပြီ ... လုပ်ကြရအောင်။ ”

လင်းယွန်ထံမှ ကတိကို ရပြီး ဖြစ်သဖြင့် ကျောက်ကျန်းလီနှင့် ရှန့်ကွမ်ကြွယ်က ပြုံးပြီး ပြသကာ လှည့်ထွက်သွားတော့သည်။

အရိပ် နတ်ဘုရား နန်းတော် ပြန်ရောက်ချိန်တွင် လောင်းကြေးကို ပြန်လည် ဝေမျှလိုက်သည်။ တပည့်ငယ်များမှာ မျက်နှာပျက်ကုန်၏။

ဆိုလိုသည်မှာ ရှန့်ကွမ်ကြွယ် လိုအပ်နေသော လောင်းကြေးကို သူတို့ထံမှ ဖြည့်ပေးရမည် ဖြစ်သည်။

“ ဟား ဟား ဟား ... စိတ်မပူပါနဲ့ ... ဓားတာအို ဆိုရင်တော့ ငါရှုံးကောင်း ရှုံးနိုင်တယ် ဒါပေမယ့် ဒါက ဓားတာအို ပြိုင်မှာ မဟုတ်လို့ ငါရှုံးမှာ မဟုတ်ဘူး ... အကြွင်းမဲ့ ယုံကြည်မှု ရှိပါတယ်။ ”

ထိုစကားက တပည့်ငယ်များကို ပို၍ မျက်လုံးပြူး သွားစေသည်။ အခြားတစ်ဖက်မှ ကြည့်သော် လင်းယွန်သည်လည်း အကြွင်းမဲ့ ယုံကြည်မှု မရှိပါက လူမိုက် အဖြစ်ခံမည် မဟုတ်ဟု အဓိပ္ပါယ်ရချေပြီ။

“ သူတို့ ပြင်ဆင်ထားပုံရတယ်။ ”

အောင်းကြွယ်က ပြောသည်။

“ အဲဒီလူက ... တော်တော် ယဉ်ကျေးပြနေပေမယ့် ကူကျွင့်ထက် ပိုပြီး ဆက်ဆံရ ခက်လိမ့်မယ်။ ”

ရှန်းထျန်းနန်ကလည်း သုံးသပ်လိုက်၏။ လင်းယွန်က ပြုံးသည်။ ရှန့်ကွမ်ကြွယ်သည် မောက်မာဟန် မပြခဲ့သော်လည်း ၎င်း၏ အရိုးထဲ၌ မာနရှိနေသည်။

“ နင့်မှာ ယုံကြည်မှု ဘယ်လောက်ရှိလဲ။ ”

လင်းကျန်းရှန့်က မေးသည်။

“ မသိသေးဘူး။ ”

“ ဟမ့် .. မင်း မသိဘူးလား။ ”

အောင်းကြွယ် အပါအဝင် လူတိုင်း လင်းယွန်ထံ မယုံကြည်နိုင်စွာဖြင့် ပြန်ကြည့် လိုက်မိသည်။

“ မင်းက မျှော်လင့်ထားတဲ့ အတိုင်း ပါပဲလား။ ”

“ ပျော်စရာကောင်းမှာပါ။ ”

လင်းယွန်က ရယ်၏။ နိဗ္ဗာန် တာအို သုံးမရသော် သူ အောင်မြင်နိုင်မလား မသိချေ။ ဤသည်ကပင် စိတ်ဝင်စားစရာ ဖြစ်၏။

လင်းယွန်နှင့် ရှန့်ကွမ်ကြွယ်တို့ ငြိမ်သက် နေပုံရ သော်လည်း ပတ်ဝန်းကျင်ရှိ လူတိုင်းက ၎င်းတို့အပေါ် ဆွေးနွေးလာကြသည်။

“ တကယ်ပဲ စိန်ခေါ်လိုက်ကြတာလား။ ”

“ လင်းယွန်ရဲ့ ကျော်ကြားမှုက ရှန့်ကွမ်ကြွယ်ကို ပျော်ပုံ မရဘူး။ ”

“နတ်မျိုးနွယ်စုရဲ့ သူတော်စင် မူလတွေ နှိုက်ယူရဲတဲ့ ... လင်းယွန်ကို သင်ခန်းစာတစ်ခု သင်ပေးရမယ့် အချိန်ပါပဲ။ ”

ထာဝရ မြင့်မြတ်မြေနှင့် နတ်မျိုးနွယ်က ရှန့်ကွမ်ကြွယ်ဘက်တွင် ရပ်တည်လာ ကြသည်။ ထို့ကြာင့် လူအုပ်မှာ နှစ်ပိုင်းကွဲသွား၏။

လင်းယွန် အတွက်မူ ဓားသမားများ၏ အားပေးမှု ရထားသည်။ အချိန်ကြာလာသည်နှင့် အမျှ လူတိုင်း၏ ဆွေးနွေးသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

အဆုံးတွင် ဤစမ်းသပ်မှုအပေါ် အာရုံစိုက်ကုန်၏။ နှစ်ရက် ကြာပြီးနောက် ဖြစ်စဉ်ကိုးခု ရှာတွေ့သူ အနည်းငယ်သာ ထွက်ပေါ်လာသည်။

မီးခိုးရောင်ဝတ် အဖိုးကြီးက ခေါင်းခါကာ မကျေနပ် ဖြစ်နေ၏။ ဤစမ်းသပ်မှုသည် အချိန် ကန့်သတ်ချက် မရှိချေ။

ကျောက်ကျန်းလီ အလှည့်၌ ဖြစ်စဉ်ပေါင်း (၃၆)ခု ထွက်ပေါ်လာသည်။ သို့မှသာ အဖိုးအို၏ တင်းမာနေသော အမူအရာ ပြေလျော့သွား၏။

ထိုစဉ် နက်ပြာရောင် အငွေ့များ နဂါးပြာဆေးအိုးမှ ထွက်လာပြီး လက်သီး အရွယ် အလုံးကြီး တစ်လုံး ပေါ်လာ၏။

“ နတ်နဂါး ကံကြမ္မာ ... ။ ”

ကျောက်ကျန်းလီ တစ်ယောက် ပြုံးရွှင်သွားသည်။ ဤသည်မှာ သူ့အတွက် ဆုလာဘ် ဖြစ်၏။

“ အရိပ် နတ်ဘုရား နန်းတော်ရဲ့ ... နတ်တပည့် ... မျှော်လင့်ထားသလို ပါပဲ မင်းရဲ့ သခင်က သစ်သားကိုးပါး နတ်ဘုရား မဟုတ်လား။ ”

မီးခိုးရောင်ဝတ် အဖိုးအိုက မေးသည်။

“ ဟုတ်ကဲ့ ... စီနီယာက ကောင်းကင် တံခါးရဲ့ နတ်သံတမန် သုံးဆယ့်ခြောက်ယောက် မြောက် တော်ဝင် ကောင်းကင်သခင် ဟုတ်ပါသလားဗျ။ ”

ကောင်းကင်တံခါးတွင် နတ်သံတမန် သုံးဆယ့်ခြောက်ယောက်သာ ရှိသည်။ တော်ဝင် ကောင်းကင် သခင်က ခေါင်းညိတ်၏။

လူတိုင်း မနာလို ဖြစ်လာသည်။ ဖြစ်စဉ် သုံးဆယ့်ခြောက်ရပ်ဟူသည် လေးစားဖွယ် ကောင်းချေ၏။

“ "အရိပ် နတ်ဘုရား နန်းတော်ရဲ့ နတ်တပည့်တွေက တော်တော် အထင်ကြီးစရာ ကောင်းတယ်။ ”

ရှန်းထျန်းနန်က အံ့အားသင့်သွားပြီး အောင်းကြွယ်ထံ လှည့်ကြည့်ကာ၊

“ မင်း ဘယ်လောက် ရှာနိုင်မယ် ထင်လဲ ငါတော့ ခုနစ်ခု ... ရှစ်ခုလောက်ပဲ တွေ့တယ်၊ ငါ့ နားလည် နိုင်စွမ်းက အားနည်းတယ်။ ”

-ဟု မေးပြော ပြောလိုက်သည်။

သူ့လေသံတွင် စိုးရိမ်စိတ်များ ပါဝင်နေသည်။ ဆိုလိုသည်မှာ သည်ပြိုင်ပွဲ၌ သူ ဖယ်ထုတ် ခံရနိုင်ချေရှိ၏။

“ ငါ့အတွက်တော့ ပြဿနာ မဖြစ်သင့်ဘူး။ ”

အောင်းကြွယ်က ပြန်ဖြေ၏။ ယင်းသည် ရှန်းထျန်းနန် နှလုံးသားကို တင်းကြပ် သွားစေ ခဲ့သည်။

လင်းကျန်းရှန့်ကို မေးရန် ပြင်လိုက် သော်လည်း သူမ လုပ်နိုင်မည်ဟူသော အတွေး ဝင်လာသဖြင့် ကျိကျစ်ရှီထံ လှည့်လိုက်သည်။

“ ကျိကျစ်ရှီ ... မင်းကော ဘယ်လိုလဲ။ ”

“ သိပ်မသေချာဘူး ။ ”

ကျိကျစ်ရှီက မျက်မှောင်ကြုတ်ကာ ပြန်ဖြေ၏။ ထိုအချိန်တွင် လင်းယွန် မျက်လုံး ဖွင့်လာသည်။ ယင်းကြောင့် လင်းယွန်ထံ ဆက်မေးလိုက်၏။

“ အစ်ကိုလင်း ... မင်း ဖြစ်စဉ်တွေ ဘယ်လောက် တွေ့ခဲ့လဲ ... ငါ့ကို ကူညီပါဦး။ ”

“ မကြောက်နဲ့ ... ဒါက အရေးမကြီးဘူး။ ”

“ ဘာကို ဆိုလိုတာလဲ။ ”

“ မင်း ဒီကနေ ရပ်ကြည့်တာက ဖန်ခွက်ထဲက အရာကို လှမ်းမျှော်ကြည့်တာနဲ့ အတူတူပဲ ... ထာဝရသဲကို ဖြတ်ပြီး မြင်ဖို့ ခဲယဉ်းတယ် ...

... ဒါကြောင့် ... မင်းရဲ့ ကိုယ်လုံး ကိုယ်ပေါက်ကို အားကိုးပါ ... ဒါက မင်းအတွက် အားသာချက် ဖြစ်လာလိမ့်မယ်။ ”

လင်းယွန်က ပြန်ဖြေသည်။ သို့သော် ရှန်းထျန်းနန်ခမျာ နားမလည်နိုင် ဖြစ်နေဆဲ ဖြစ်၏။

“ မင်းကော ဘယ်လိုလဲ ... သူ့ကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိလား။ ”

“ အချိန်ကျရင် မင်းသိမှာပါ။ ”

လင်းယွန်က ပြုံးပြီး ပြန်ဖြေသည်။ သူ မျှော်လင့်ထားသည့် အတိုင်း နိဗ္ဗာန် တာအိုသည် အသုံးမဝင်ချေ။

နိဗ္ဗာန်တာအို အသုံးပြုလိုက်သည်နှင့် ပမာဏ ဖရိုဖရဲ အခြေအနေသည် ပို၍ လှုပ်ခါ လာတော့သည်။ ဓားကို သုံးမှသာလျှင် ပန်ချီကားများ မြင်ရလာ၏။

ဤသည်မှာ မရိုးရှင်းချေ။ နားလည်မှု သက်သက် စမ်းသပ်ခြင်းမျိုး မဟုတ်နိုင်သေးဘဲ နှလုံးသားကို ရှာရန် ဖြစ်နိုင်သည်။

“ သွား ရ အောင် ... ။ ”

လင်းကျန်းရှန့်က မတ်တပ်ထရပ်ပြီး ကျိကျစ်ရှီကို ဖိတ်ခေါ်သည်။ အောင်းကြွယ် မှလည်း ပြုံးပြပြီး လိုက်သွား၏။

ရှန်းထျန်းနန်က လင်းယွန်စကားကို အဖြေရှာနေဆဲဖြစ်သဖြင့် နောက်ကျနေရာမှ အပြေးလိုက်သွားသည်။

“ ဟမ့် ... လင်းကျန့်ရှန့် အဖွဲ့က စမ်းကြည့်တော့မယ် ... ဒါပေမယ့် လင်းယွန် မပါဘူး။ ”

“ သူတို့က ဉာဏ်ကြီးရှင်တွေပဲ ... ဘယ်သူမဆို နတ်ဘုရား မျိုးနွယ်စုကို ရင်ဆိုင် နိုင်ကြတယ် ... စိတ်ဝင်စားစရာ ဖြစ်လာမှာ သေချာတယ်။ ”

“ လှလိုက်တာ ... ။ ”

အမျိုးသမီး နှစ်ယောက်တွင် လင်းကျန်းရှန့်သည် သူရဲကောင်း ဆန်နေပြီး ကျိကျစ်ရှီမှာ အပြစ်ကင်းစင်သဖြင့် လူတိုင်း ငေးမောမိကြသည်။

“ နောက်ဆုံးတော့ စပြီ။ ”

ကျောက်ကျန်းလီက ပြုံးလိုက်သည်။ လင်းယွန်၏ ခွန်အားကို တိုင်းတာရန် ဤလူများ စွမ်းဆောင်ရည်ဖြင့် ချိန်ဆနိုင်ပေမည်။

လင်းကျန်းရှန့်နှင့် ကျိကျစ်ရှီထံ ကြည့်လိုက်မိသောအခါ မနာလိုစိတ်များ ဝင်လာပြီး

“ ဒီလူရိုင်းက တကယ် ကံကောင်းတယ်။ ”

-ဟု ရေရွတ်လိုက်တော့သည်။

***

All Chapters