လောင်းကြေး တိုးမြှင့်ခြင်း။
Vol. 169 Ch. 2355
လင်းကျန်းရှန့်နှင့် အဖွဲ့သည် တော်ဝင် ကောင်းကင်သခင် အနား ချဉ်းကပ် လာခဲ့သည်။
“ ဟမ့် .... ။ ”
တော်ဝင် ကောင်းကင် သခင်က အောင်းကြွယ်ကို ကြည့်လိုက်ပြီးနောက် မျက်နှာ ပြောင်းသွားပြီး၊
“ မင်းတို့ မျိုးရိုးလည်း လာတာလား။ ”
-ဟု ရေရွတ်လိုက်၏။
“ ဟုတ်ပါတယ် ဒါပေမယ့် အဖြည့်ခံ သက်သက်ပါ စီနီယာ စိတ်ထဲ မထားပါနဲ့။ ”
အောင်းကြွယ်က ပြုံးလျက် ပြန်ဖြေသည်။
“ မင်းမှာ နတ်မိစ္ဆာ နန်းတော်ရဲ့ အမှတ်အသားရှိတယ် ... ဒါက ဘယ်လိုလုပ် အဖြည့်ခံ ဖြစ်မှာလဲ။ ”
တော်ဝင် ကောင်းကင် သခင်က မျက်မှောင်ကြုတ်သွား၏။ နတ်မိစ္ဆာ နန်းတော် ဟူသည် နတ်ဆိုးဂိုဏ်းများကြားတွင် အမာခံ အင်အားစု တစ်ခု ဖြစ်သည်။
၎င်းတို့၏ အခြေခံ အုတ်မြစ်မှာ ကောင်းကင်တံခါးထက် နိမ့်ကျခြင်း မရှိချေ။ အောင်းကြွယ်က ပြုံးပြီး တိတ်ဆိတ်နေ၏။
တော်ဝင် ကောင်းကင် သခင်က လင်းကျန်းရှန့်ထံ အကြည့်များ ပြောင်းသွား သည်။ နတ်ဘုရားအမှတ်အသားကို ခံစားမိ သဖြင့်၊
“ မင်းက ကောင်းကင်ဓားခန်းမရဲ့ နတ်တပည့်ပဲ။ ”
-ဟု အတည်ပြု လိုက်သည်။
“ ဒီဂျူနီယာက ဌာနခွဲ တစ်ခုရဲ့ ... တပည့်ကြီးပါ ... နတ်တပည့် မဟုတ်ပါဘူး။ ”
လင်းကျန်းရှန့်က ပြန်လည် ငြင်းဆိုသည်။
“ ငါ့ကို လိမ်ဖို့ ကြိုးစားနေတာလား။ ”
ဤတစ်ကြိမ်၌ တော်ဝင် ကောင်းကင် သခင်တစ်ယောက် ဒေါသထွက်လာတော့သည်။ ၎င်းက ရှန်းထျန်းနန်ထံ ကြည့်၏။
“ မကြည့်နဲ့ ... ငါက သင်္ချိုင်းဖောက်တဲ့ လူပဲ။ ”
ရှန်းထျန်းနန်က ချက်ချင်း ဝန်ခံလိုက်၏။
“ မင်းတို့မျိုးရိုးက တကယ်ပဲ ... သင်္ချိုင်းဖောက်သူတွေပဲ ... မင်းရဲ့မျှော်လင့်ချက် တွေကို စွန့်လွှတ်လိုက်ဖို့ ... အကြံပေးပါရစေ မင်းကို တပည့်အဖြစ် ဘိုးဘေးက ရွေးမှာ မဟုတ်ဘူး။ ”
“ ဟား ဟား ဟား ... ငါက ဒီမှာ အပျော်သဘော ပါဝင်ဖို့ လာတာပါ အဝေးကြီး တွေးမနေပါနဲ့ ... ငါ ဒီအဆင့်ကိုတောင် မဖြတ်နိုင်လောက်ပါဘူး။ ”
“ အဲဒါ ကောင်းတယ် ... ။ ”
တော်ဝင် ကောင်းကင် သခင်က ကျေနပ်သွားပြီး ကျိကျစ်ရှီထံ လှည့်ကြည့်ရာ၌ မျက်ခုံးပင့်သွားသည်။
“ ကောင်းကင်ဘုံ ဖီးနစ် သမီးတော် ဘယ်လောက် ရှားရှားပါးပါးလဲ … မင်းတို့မှာ ဘယ်သူမှ နောက်ခံ မသေးဘူး။ ”
“ ဒီလောက်လည်း မဟုတ်သေးပါဘူး ... ကျိရှစ်က အရိုင်းမြေက လာတဲ့ ကလေးမလေး တစ်ယောက်ပါ။ ”
ကျိကျစ်ရှီက ပြုံးကာ ပြောကြားလိုက်သည်။
“ မင်းမျိုးရိုးကို ငါသိတယ် ... မင်းတို့က ဒီကိုအကြိမ်တိုင်း လာကြတယ် ဒါပေမယ့် သူတို့ အားလုံး မအောင်မြင်ဘူး၊ ကြီးလေးတဲ့ ဝန်ကို ထမ်းထားရတဲ့ လူတွေ။ ”
“ အစွမ်းကုန် ကြိုးစားပါ့မယ်။ ”
“ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ... ကောင်းကင်ဘုံ ဖီးနစ် သမီးတော် ဖြစ်လာတာမို့ နောက်ဆုံးတိုက်ပွဲ ဝင်နိုင်ရင် ဘိုးဘေးက နှစ်သက်မှာပါ။ ”
“ အဟမ်း ... ။ ”
ဤသည်မှာ သူနှင့် ခြားနားသော ဆက်ဆံရေးမျိုး ဖြစ်သဖြင့့် ရှန်းထျန်းနန်က နှာခေါင်းပွတ်ကာ ခေျာင်းဟန့်မိ၏။
ကျိကျစ်ရှီ မျက်လုံးများ တောက်ပလာ ပြီးနောက်၊
“ ဒါဆို အဘိုးကို ကြိုပြီး ကျေးဇူးတင်ပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဟား ဟား ဟား ... ။ ”
တော်ဝင် ကောင်းကင် သခင်က ရယ်မောလျက် ကျိကျစ်ရှီကို ခေါင်းညိတ်ပြ လိုက်သည်။
တော်ဝင် ကောင်းကင်သခင် စကားအရ ၎င်းတို့လေးယောက်တွင် ကြီးမားသော မူလရှိ သဖြင့် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်လာ၏။
လင်းယွန် အနားရှိ လူတိုင်းသည် ရိုးရှင်းလှခြင်း မရှိကြောင်း ချက်ခြင်း နားလည် သွားကြသည်။
အောင်းကြွယ်က ဖြစ်စဉ် ကိုးခုကို ချောမွေ့စွာ တွေ့ရှိခဲ့ပြီး ပထမဆုံး နားလည်မှု ပြီးသွားခဲ့သည်။ ဤအရာက အောင်းကြွယ်သည် သူ့ကိုယ်သူ သိုဝှက်နေခဲ့ကြောင်း မြင်သာ၏။
ရှန်းထျန်းနန် အလှည့် ရောက်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ကျိကျစ်ရှီကို ပြန်ကြည့်ပြီး၊
“ မင်း အရင်သွားလိုက်။ ”
-ဟု အလှည့်ကျော်လေသည်။
ကျိကျစ်ရှီက ပြုံးပြီး၊
“ ဘာလို့ ဒီလောက် စိတ်လှုပ်ရှား နေရတာလဲ ... ကောင်းပြီ ဒါဆို သွားခွင့်ပြုပါဦး။ ”
ကျိကျစ်ရှီက နတ်ဆေးအိုးပေါ် တက်လိုက်ပြီး မကြာမီ ပန်းချီကား (၈၀) ထွက်ပေါ် လာသည်။
“ အရမ်းမြန်တယ် ... ။ ”
“ ဒါဟာ ... ကောင်းကင်ဘုံ ဖီးနစ် သမီးတော်ပဲ သူမရဲ့ ဖြစ်စဉ်က ကျောက်ကျန်းလီ အပေါ် မမီပေမယ့် သူ့ထက် ပိုမြန်တယ်။ ”
“ ခွန်အားကို ထိန်းထားပုံပဲ မဟုတ်ရင် ကျောက်ကျန်းလီထက် သာမှာ သေချာတယ်။ ”
ကျိကျစ်ရှီ ပြန်ဆင်းလာသော အခါ လူတိုင်းအားမလို အားမရ ဖြစ်လာကြသည်။ လင်းကျန်းရှန့် အလှည့်၌ အချိန်အတော်ကြာ မျက်လုံးများ မှိတ်ထား၏။
“ အစ်ကိုကျောက် ... သူ (၃၆)ချပ်ကို မကျော်နိုင်ဘူး မဟုတ်လား။ ”
အရိပ်နတ်ဘုရား နန်းတော်မှ တပည့်ငယ်များက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်း လာ၏။
“ ဘာတွေ တွေးနေတာလဲ ... ဌာနခွဲ တစ်ခုရဲ့တပည့်ကြီးက ငါနဲ့ ယှဉ်နိုင်မယ်လို့များ မင်းတို့ ထင်နေတာလား ...
... ကောင်းကင်ဓား ခန်းမ ဌာနချုပ်ရဲ့ တပည့်ကြီး ရောက်လာရင်တော့ ဖြစ်နိုင်ဦးမယ်။ ”
ကျောက်ကျန်းလီက ယုံကြည်ချက် ပြင်းစွာဖြင့် ပြန်လည် ဖြေကြားသည်။ သို့သော် စိတ်ထဲ၌မူ လင်းကျန့်ရှန့် ကျရှုံးရန် ဆုတောင်း နေမိသည်။
များမကြာခင် သူမ နောက်ကွယ်၌ ပန်းချီကားပေါင်း (၅၆)ချပ် ပေါ်လာသဖြင့် မျက်လုံးပြူး သွားတော့၏။
ပန်းချီကားများ ပျောက်ကွယ်သွားသော အခါတွင်၊ နဂါးပြာ နတ်ဆေးအိုးက နတ်နဂါး ကံကြမ္မာ နှစ်လုံး ပေးသည်။
“ လင်းကျန်းရှန့်က နတ်တပည့် တကယ် ဖြစ်ပုံရတယ်။ ”
“ မျှော်လင့်ထားတဲ့ အတိုင်းပဲ တော်ဝင် ကောင်းကင်သခင်ရဲ့ မျက်လုံးကို ဖမ်းစားနိုင်တဲ့ လူတွေက ဘယ်လိုလုပ် ရိုးရှင်းနိုင်မှာလဲ။ ”
“ တကယ့်ကို မယုံနိုင်စရာပါပဲ ... သူမက ကျောက်ကျန်းလီထက်တောင် ... အရည်အချင်း ပိုရှိနေတယ်။ ”
ကောင်းကင်ဓားခန်းမသည် ထာဝရ မြင့်မြတ်မြေဖြစ်ပြီး အခြေခံအုတ်မြစ်အရ အရိပ် နတ်ဘုရား နန်းတော်ထက် မနိမ့်ကျချေ။
နောက်ဆုံးတွင် ရှန်းထျန်းနန် အလှည့် ကျရောက်လာ၏။ နဂါးပြာ နတ်ဆေးအိုး အပေါ် တက်ထိုင်ပြီး သူ့ မျက်လုံးများ မှိတ်ချလိုက် လေသည်။
ရုတ်တရက် လင်းယွန်စကားများကို သတိရလာ၏။
“ ငါ ယုံတယ်။ ”
ချက်ချင်း ငြိမ်သက်သွားပြီး ပဏာမ ဖရိုဖရဲစီးကြောင်းအတွင်း လှမ်းဝင် လိုက်သည်။ သူ့ရှေ့၌ မှန်တစ်ချပ် ပေါ်လာ၏။
မှန်သည် မှုန်ဝါးနေသော်လည်း သူ လျှောက်လှမ်း သွားသောအခါ ပုံရိပ်များထင်လာ လေသည်။
ဤသည်မှာ သူ့အတိတ် ဖြစ်ပြီး မည်မျှ မိုက်မဲကာ စိတ်ပျက်စရာ ကောင်းနေခဲ့ သည်ကို မြင်လာရ၏။ တဟားဟား အော်ရယ်လျက် ဂူတစ်လုံးကို နှစ်ခြိုက်စွာ တူးနေသည်။
သို့သော် သူသည် ရိုးသားပြီး ဖြူစင်သော နှလုံးသား ရှိ၏။ ယင်းက သူ့ကို ကံကောင်းစေ ခဲ့သည်။ မှန်၌ ထင်ဟပ်နေသော ဖြစ်စဉ်များ လွင့်ပါးကာ ကွဲကြေကုန်၏။
ထို့နောက် သူ့ကိုယ်သူ ပို၍ လွယ်ကူစွာ မြင်လာသည်။ မှန်ကိုးချပ်ခန့် ကွဲကြေသွားခဲ့ပြီး ဒသမမြောက်မှန် ပေါ်လာသောအခါ နားမလည် နိုင်တော့ဘဲ ပြန်လည် ဆုတ်ခွာလိုက်ရ၏။
မျက်လုံးဖွင့်ကြည့်လိုက်ချိန်၌ ပန်းချီကား (၇၂)ချပ် သူ့နောက်တွင် ပေါ်လျက် လူတိုင်း၏ မှတ်တမ်းကို ချိုးဖျက် ပစ်လိုက်သည်။
အောင်းကြွယ်၊ လင်းကျန်းရှန့်နှင့် ကျိကျစ်ရှီ အပါအဝင် လူတိုင်း မျက်လုံးပြူးသွားလေသည်။ အစောပိုင်းက ကြောက်ရွံ့နေသော ရှန်းထျန်းနန် အသွင်မှာ အတုဖြစ်ပုံရ၏။
ရှန်းထျန်းနန်က လင်းယွန်ထံ ချက်ချင်း လှည့်ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြုံးပြမိတော့၏။ လင်းယွန်မှလည်း အပြုံးဖြင့် ပြန်ကြည့်သည်။
ဆုလာဘ် အနေဖြင့် နတ်နဂါး ကံကြမ္မာ (၃)ရရှိခဲ့သည်။ ယင်းက ကျောက်ကျန်းလီကို အသက်မဲ့ သွားစေ၏။ လင်းကျန်းရှန့်အပေါ် ရှုံးနိမ့်ခြင်းအတွက် လက်ခံနိုင် သော်လည်း ဤအရူးကောင်ကိုမူ လက်မခံနိုင်ချေ။
“ မြင့်မြင့် ပျံလေ ... ပိုပြုတ်ကျလေပဲ။ ”
ရှန့်ကွမ်ကြွယ်က အပြုံးဖြင့် တည်ငြိမ်စွာ သုံးသပ်လိုက်သည်။ သူက ရှန့်ထျန်းနန်အပေါ် အံ့ဩခြင်း မရှိချေ။
ထို့နောက် အခြားလူများ ဆက်သွားနေ၏။ များမကြာခင် လင်းယွန် တစ်ယောက် ထရပ်ပြီး နတ်ဆေးအိုးထံ လျှောက်လှမ်းသွားသည်။
“ သုံးရက်တောင် မပြည့်သေးဘူး ... သူက စမ်းကြည့်ချင်နေပြီလား ဒီလင်းယွန်က မာနကြီး လိုက်တာ။ ”
“ ရှန်းထျန်းနန်တောင် ... ပန်းချီကား (၇၂)ချပ်အထိ နားလည်နိုင်တယ် လင်းယွန်က ဘယ်လိုမှ အားနည်းမှာ မဟုတ်ဘူး။ ”
ထိုအချိန်တွင် ရှန့်ကွမ်ကြွယ်ကလည်း လျှောက်လှမ်းလာပြီး၊
“ အစ်ကိုလင်း ... မင်း အဆင်သင့် ဖြစ်နေပြီ ထင်တယ်။ ”
-ဟု မေးမြန်းလာသည်။
“ ဟုတ်တယ် ... ။ ”
လင်းယွန်က ခေါင်းညိတ်ပြ၏။
“ လောင်းကြေးကို ဘယ်လိုထင်လဲ ... ငါမင်းကို အခွင့်ကောင်း မယူချင်ဘူး ဆိုတော့ မင်းသုံးရက်လောက် အချိန်ယူပါလား။ ”
“ အစ်ကို ရှန့်ကွမ် ... မင်းတော်တော် ယုံကြည်မှု ရှိနေပုံရတယ်။ ”
“ ဟုတ်တယ် ... အစ်ကိုလင်းက စိတ်ဝင်စားရင် လောင်းကြေးထပ်မြှင့် ကြမလား မင်းရှုံးရင် ရွှေရောင်သစ်သီး နှစ်လုံး ... ငါရှုံးရင် မီးလျှံမူလဆေးပြား ...
... နှစ်ဆယ်ပေးမယ် ... ပြီးတော့ နဂါးပြာနတ်ဆေးအိုးက ရသမျှ ဆုလာဘ်တွေပါ ထပ်ပေးမယ်။ ”
“ ..... ။ ”
ရှုံးကြေးသည် အရမ်း စျေးကြီးလွန်းသဖြင့် အရိပ်နတ်ဘုရား နန်းတော်မှ တပည့်ငယ်တိုင်း မျက်နှာပျက်သွားသည်။
“ အစ်ကိုရှန့်က ရဲရင့်တယ်။ ”
လင်းယွန်က ပြုံးပြီး မှတ်ချက်ပေးလိုက်၏။
“ မင်းကြောက်တယ်လို့တော့ မပြောနဲ့။ ”
ကျောက်ကျန်းလီက လင်းယွန် ငြင်းဆိုလိုက်မည်ကို စိုးရိမ်လျက် အေးစက်စွာ ဝင်ပြောလာလေသည်။
“ မင်းက ခွန်လွန်ရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ချင်နေတာ မဟုတ်လား ငါတို့က မင်းကို အခု အခွင့်အရေးပေးနေပြီ ... ဒါဆို မင်း မငြင်းဖူး မဟုတ်လား။ ”
ကျောက်ကျန်းလီ စကားကို လင်းယွန်က ခေါင်းညိတ်ပြပြီး ကျိကျစ်ရှီထံ လှည့်ကြည့်လိုက် လေသည်။
“ အစ်ကိုရှန့်ကွမ်က ... ကစားချင် နေတာဆိုမှတော့ မင်းငါ့ကို ကူညီရမယ် ကျစ်ရှီ။ ”
လင်းယွန် စကားကို ကျိကျစ်ရှီက ပြုံးပြီး ခေါင်းညိတ်ပြသည်။ တစ်ဖက်တွင် လင်းယွန်က ရယ်ချင်လာ၏။
ဓားစံအိမ်တွင် တွေ့ခဲ့သော အဖြူဝတ် ဓားမော့သမားသည် နဂါးပြာဘိုးဘေး ရှောင်ချန် ဖြစ်နိုင်မည်။
ဤသို့ဆိုသော် ထိုနဂါးပြာ ဘိုးဘေး သွန်းထားသော နတ်ဆေးအိုးဖြင့် ခွန်လွန်ဖွား တစ်ယောက်သည် အပြင်လူထံ ရှုံးနိုင်စရာ အကြောင်း မရှိချေ။
“ အစ်ကိုလင်း ... မင်းနောင်တ မရနဲ့ ... ဟားဟားဟား ... ။ ”
လောင်းကြေး အတည်ပြု နိုင်လိုက်ပြီး ဖြစ်သဖြင့် ရှန့်ကွမ်ကြွယ်လည်း ယဉ်ကျေးသော အမူအရာများကို စွန့်ကာ လှောင်ပြုံးများ ထွက်ပေါ်လာတော့သည်။
***