ထောင်ချောက် ... ။
Vol. 169 Ch. 2356
“ ငါနောင်တ မရပါဘူး။ ”
“ ဟား ဟား ဟား ... ပန်းသင်္ချိုင်း မျှော်လင့်ထားသလိုပါပဲ ... မင်းက အရမ်း မောက်မာတယ်။ ”
ရှန့်ကွမ်ကြွယ်က ပြုံးကာ မှတ်ချက်ပေး၏။
“ ငါက သဘောထားကြီးတဲ့ လူပါ ... မောက်မာတယ်ဆိုတာကို ဘယ်လို စာလုံးပေါင်း ရမှန်းတောင် မသိဘူး။ ”
“ ဟမ့် ... ယုံရမှာလား။ ”
လူတိုင်းက လင်းယွန်စကားကြောင့် နတ်သတ် ကျောက်တိုင်ရှေ့မှ တိုက်ပွဲအပေါ် ပြန်လည် တွေးတော လိုက်မိသည်။
“ ရှန့်ကွမ်ကြွယ် ... ငါတို့ လောင်းကြေးကို ဘာလို့ မလျှော့တာလဲ နဂါးပြာ နတ်ဆေးအိုးရဲ့ ရတနာနဲ့ လောင်းတာက အန္တရာယ် မြင့်မားလွန်းတယ်။ ”
ကျောက်ကျန်းလီက သတိပေးသည်။ ထိုအချိန်တွင် လင်းယွန်က ပြုံးပြီး နတ်ဆေးအိုး ထံသို့ လျှောက်လှမ်းနေပြီ ဖြစ်၏။
“ မပြင်ဘူး။ ”
ရှန့်ကွမ်ကြွယ်က ခေါင်းယမ်းပြပြီး လက်နှစ်ဘက်ကို နောက်ပို့ကာ လင်းယွန်ထံ လိုက်ပါသွားလေသည်။
“ မင်း အရင်သွားပါ။ ”
သူ့နောက်မှ လိုက်လာသော ရှန့်ကွမ်ကြွယ်ကို လှည့်ကြည့်ပြီး လင်းယွန်က ပြော၏။
“ မင်း ... သွား ။ ”
“ သေချာလား ... ။ ”
လင်းယွန်က ရယ်မောလိုသော အပြုံးဖြင့် ပြန်မေးလိုက်၏။
“ ဒါတော့ သေချာတယ် ... ဘာပဲဖြစ်ဖြစ် မင်းက အရှုံးသမားပဲ။ ”
ရှန့်ကွမ်ကြွယ်က ဟန်ဆောင်ခြင်း မရှိတော့ဘဲ လှောင်ပြုံးဖြင့် ပြောကြားလာ ခဲ့သည်။ သူ၏ ကံကြမ္မာ မျက်လုံး အပေါ် လုံးဝယုံကြည်၏။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ‘မင်းသွား-ငါသွား’ လုပ်နေသဖြင့် တော်ဝင် ကောင်းကင်သခင်က စိတ်မရှည် တော့ချေ။
“ ဟမ့် ... ဉာဏ်ကြီးရှင်တွေ အများကြီး ငါမြင်ဖူးတယ် မင်းတို့နှစ်ယောက်က ငါ့ရှေ့မှာ ဘာမှ မဟုတ်ဘူး ... ဘယ်သူမဆို ပန်းချီကား သုံးရာရနိုင်ရင် ကောင်းကင်ကို အံတုနေပြီ။ ”
ဤသည်မှာ အမှန်ပင် ဖြစ်လေသည်။ ကောင်းကင်လွင်ပြင် ဖွင့်ချိန်တိုင်း ဤအဆင့်ကို သူ တာဝန်ယူရသည် ဖြစ်ရာ ပါရမီရှင်များစွာ တွေ့ကြုံဖူး၏။
“ သုံးရာတည်းလား ... ။ ”
လင်းယွန်က သေချာအောင် ထပ်မေးလိုက်မိသည်။ တော်ဝင် ကောင်းကင် သခင်က သူ့ထံ ပြန်ကြည့်ပြီး၊
“ သမိုင်းကြောင်းအရ အမြင့်ဆုံး စံချိန်က ကိုးရာပဲ ... ဒါပေမယ့် မင်းတို့ နှစ်ယောက်လုံးက သုံးရာရရင်တောင် ငါအထင်ကြီး မိလိမ့်မယ်။ ”
-ဟု ဖြည့်စွက် ပြောကြားလိုက်၏။
သူသည် မည်သူ့ကိုမျှ ပစ်မှတ်ထားခြင်း မရှိချေ။ သဘာဝကို ပြောခြင်းမျှသာ ဖြစ်သည်။
“ မင်း မယုံဘူးလား ... ဒါဆို ငါပြောတဲ့ စံချိန်ကို မင်းချိုးနိုင်ရင် နဂါးပြာ နတ်ဆေးအိုး ငါ မြိုချပြမယ် ... ဟမ့် ... မင်းတို့ ဘာကို စောင့်နေတာလဲ ... အတူတူ သွား ငါ့အချိန်တွေကို မဖြုန်းနဲ့ ။ ”
လင်းယွန်က စကား မပြောတော့ချေ။ တော်ဝင်ကောင်းကင် သခင်သည် အမှန်ပင် ဒေါသကြီးသူ ဖြစ်ချေပြီ။
“ ဝှစ် ... ။ ”
နှစ်ယောက်သား ကောင်းကင်ပေါ် ပျံတက်ကာ နဂါးပြာ နတ်ဆေးအိုးကြီး အထက် တက်ထိုင်လိုက်သည်။
ရှန့်ကွမ်ကြွယ်က လင်းယွန်ထံ လှည့်ကြည့်ကာ ကံကြမ္မာမျက်လုံးကို အသက် သွင်းလိုက်၏။
ကံကြမ္မာ မျက်လုံးကို ကိုယ်စားပြုသည့် တံဆိပ်က လင်းလက်သွားသဖြင့် လင်းယွန်က သဘာဝကျကျ သတိပြုမိ လိုက်သည်။
ဤသည်မှာ ရှန့်ကွမ်ကြွယ်၏ ယုံကြည်မှုဖြစ်ပုံရ၏။ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါကို ပေးစွမ်းသောကြောင့် မျက်လုံးနှင့် ပေါင်းစပ်ရသည့် ရတနာ ဖြစ်သင့်သည်။
“ ပန်းသင်္ချိုင်း ... မင်းငါ့ကို ဘယ်လို ပြိုင်မလဲ။ ”
မျက်လုံးများ မှိတ်လျက် ရှန့်ကွမ်ကြွယ်က လှောင်ရယ်ရယ်၏။ ပထမဆုံး မှန်ကွဲသွားသော အခါတွင် အပိုင်အစများ ပျံသန်းလာသည်။
သူ့မျက်လုံးမှ စူးရှသော အလင်းတန်း တောက်ပလာပြီး ရာနှင့်ချီသော ဖြစ်စဉ်များကို ချက်ချင်း ရှာဖွေပေး၏။
ဖြစ်စဉ်အားလုံးကို ညာဘက်မျက်လုံး၌ သိမ်းဆည်းလျက် စိတ်ဝိညာဉ် ဖောင်းကားလာ တော့သည်။ အသက်ပြင်းပြင်း ရှူလျက် မှန်ကိုးချပ်တိတိ ဆက်တိုက် ခွဲမိ၏။
အဆုံးတွင် မှန်တစ်ချပ်မှာ မကွဲတော့ဘဲ အက်ကြောင်းများသာ ပေါ်လာခဲ့သည်။ ပြုံးပြီး၊
“ ဒါက ... စိတ်ဝင်စားစရာ ... ကောင်းလွန်းတယ် ... ငါ့မှာ အခု ဖြစ်စဉ်ပေါင်း တစ်ရာ့ခြောက်ဆယ် ရှိနေပြီ ... ဒါပေမယ့် သုံးရာအထိ သွားရမယ်။ ”
-ဟု ကြွေးကြော်လိုက်၏။
တစ်ဖက်တွင် လင်းယွန် သည်လည်း ပမာဏပရမ်းပတာ နယ်မြေ တစ်ခု ရှေ့တွင် ပေါ်လာခဲ့သည်။
မှန်ကိုမြင်ချိန်၌ မျက်မှောင်ကြုတ် လိုက်၏။ မျှော်လင့်ထားသလိုပင် မှန်သည် သူ့နှလုံးသားရှိ အတွေးများကို ပြသလေသည်။
တစ်ချပ်ချင်းစီသည် သူ့ပုံရိပ်များကို ရှင်းရှင်းလင်းလင်း ပြသပြီး အတားအဆီးများ တိုးလာမည် ဖြစ်၏။
ပထမ မှန်ထဲ၌ လူငယ်လေး တစ်ယောက် ရှိနေ၏။ အားနည်းသော်လည်း မှန်ကို ခွဲပစ်ရန် လက်ညှိုးတစ်ချောင်းသာ လိုသည်။
“ အတိတ် ကာလ … ။ ”
လင်းယွန်က သက်ပြင်းချကာ မှန်ကို ပုတ်တော့မည့် အချိန်၌ တစ်စုံတစ်ရာကို သတိ ရလာသည်။
ကောင်းကင်တံခါး စံချိန်မှာ ပန်းချီကား ကိုးရာဖြစ်သည်။ ကောင်းကင်တံခါး သက်တမ်း အရ နှစ်တစ်သိန်းအတွင်း အမြင့်ဆုံးပေပင်။
ထို့ကြောင့် ဤစမ်းသပ်မှုတွင် တစ်စုံတစ်ရာ လျှို့ဝှက်ချက် ရှိနေရပေမည်။ ပါရမီရှင်များသည် သေချာပေါက် ရတနာများအပေါ် အားကိုးကြမည် ဖြစ်၏။
ယင်းသို့ဆိုသော် အဘယ်ကြောင့် ကိုးရာ၌ ရပ်ကုန်သနည်း။ ဤမှန်သည် ထောင်ချောက် တစ်ခု ဖြစ်နိုင်သည်လော။
စိတ်လှုပ်ရှားစွာဖြင့် မီတာ တစ်ထောင် အကွာသို့ ဆုတ်ခွာလိုက်ရာ မှန်ချပ်ပျောက်ကွယ် သွားခဲ့သည်။
သူ ခြေတစ်လှမ်း ပြန်လှမ်း ကြည့်လိုက် သည်နှင့် မှန်ပြန်ပေါ်လာ၏။ နောက်ဆုတ်လိုက် ချိန်တွင် ပျောက်သွားပြန်သည်။
“ မျှော်လင့်ထား သလိုပါပဲ။”
လင်းယွန်က ပြုံးလိုက်သည်။ မှန်များကို ဖြိုခွဲခြင်းသည် ကိုးရာအထိသာ ရောက်ရှိနိုင်ပြီး ဤသည်မှာ ထောင်ခြောက် ဖြစ်နေ၏။
အတွေးဖြင့် ပမာဏ ဖရိုဖရဲ နယ်မြေရှိရာ ကောင်းကင်ထံ မော့ကြည့် လိုက်သည်။ သူသည် ရှေးပါရမီရှင်များ ကဲ့သို့ မှန်ကိုးရာကို ကျော်လွန် နိုင်မည် မဟုတ်ချေ။
သို့သော် နိဗ္ဗာန်တာအိုသည် ပမာဏ ဖရိုဖရဲနယ်မြေ အပေါ် ဖြတ်နိုင်မည် ဆိုပါက အခြား အဓိပ္ပါယ် ဖြစ်လာနိုင်မည်။
အသက်ပြင်းပြင်းရှူလျက် နိဗ္ဗာန်တာအို အသက်သွင်း လိုက်သည်။ အပြင်မှ တစ်ကြိမ် ကြိုးစားဖူး သော်လည်း ကျရှုံးခဲ့သည်။ သို့သော် အကန့်အသတ် မဟုတ်ခဲ့ချေ။
ရှန့်ကွမ်ကြွယ်က မှန်များကို ဖြိုခွဲရန် အလုပ်များနေချိန်တွင် လင်းယွန်က နိဗ္ဗာန် တာအိုကို ကန့်သတ်ချက်အထိ တွန်းပို့ နေခဲ့သည်။
သူ့ထင်မြင်ချက် မှန်ကန်ခြင်း ရှိ၊ မရှိ မသိသလို အပြင်းထန်ဆုံး ခွန်အားသည် ပမာဏ ဖရိုဖရဲတာအို အတွင်း ဝင်နိုင်ခြင်း ရှိ၊မရှိလည်း မသိချေ။
“ ဒါက ငါ့ဦးနှောက်ထဲက အာကာသ နယ်မြေ ဖြစ်သင့်တယ် ... ပန်းသင်္ချိုင်းကို ငါနဲ့ မယူနိုင်တာ နှမျောစရာပဲ၊ ငါ့ကိုယ်ငါပဲ အားကိုးရတော့မယ်။ ”
မမြင်နိုင်သော အတားအဆီးများ အထပ်ထပ်ကို ခံစားကြည့်ကာ လင်းယွန် တစ်ယောက် စိတ်လှုပ်ရှား လာခဲ့၏။
***