စီနီယာ အချိန်ကျပြီ ... ။
Vol. 169 Ch. 2357
လင်းယွန်က ဓားနှင့် နိဗ္ဗာန် တာအိုကို ဖြန့်ကျက်လိုက်ရာ ဖဲကြိုးကိုးထောင် ထွက်ပေါ် လာသည်။ နက္ခတ်ကိုလည်း ခေါ်ယူထားသဖြင့် ထူးခြားသော အလင်းများ တောက်ပနေ၏။
“ ချိုး ဖြတ် စမ်း ... ။ ”
ပမာဏ ဖရိုဖရဲ အခြေအနေတွင် အက်ကြောင်းသာ ပေါ်လာ၏။ အပြင်းထန်ဆုံး တိုက်ခိုက်မှုပင် မအောင်မြင်သော် ရှန့်ကွမ်ကြွယ်ကို ရှုံးနိမ့်ပေမည်။
သို့သော် အက်ကွဲကြောင်းသည် ပို၍ကျယ်လာသဖြင့် သက်ပြင်း တစ်ချက်ချကာ တိုးဝင်သွား လိုက်သည်။
ပမာဏ ဖရိုဖရဲ အလယ်တွင် လှည့်ပတ်နေသော နေနှင့်လတို့ ရှိနေသည်။ ရုတ်တရုတ် လှေကားတစ်စင်း ပေါ်လာ၏။
“ ကောင်းကင် လှေကားလား။ ”
လင်းယွန်က လှမ်းတက် လိုက်သည်။ ဤသည်မှာ ကောင်းကင် လှေကား ဖြစ်ပြီး အဆုံးတွင် သုံးမီတာခန့် မြင့်သော ကြေးမှန် တစ်ချပ်ကို တွေ့လိုက်ရ၏။
မှန်ထဲတွင် အေးစက်သော အပြာရောင် နဂါးကြီးရှိသည်။ ၎င်းနောက်၌ ပန်းချီကားများ ခြံရံကာ သူ့ထံ ကြည့်နေ၏။
“ ဒါက ရိုးရှင်းမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်... အိုင်းရစ်ဓား သူတော်စင်ရဲ့ အမွေ ဆက်ခံသူ ဖြစ်တာတောင် ... ဘာအကျိုး ကျေးဇူးမှ မပေးဘူး။ ”
လင်းယွန် တစ်ယောက် မှန်ကို ကြည့်ကာ ရပ်တန့်သွားချိန်တွင် ရှန်ကွမ်ကြွယ် သည်လည်း ဖြစ်စဉ်ပေါင်း သုံးရာပြည့်သွားပြီး ရပ်တန့်သွား လေသည်။
ကံကြမ္မာ မျက်လုံးဖြင့် မှန်ကိုခွဲရန် ခက်ခဲလာ၏။ သုံးရာဆယ့်တစ် ပြည့်ပြီးနောက် ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခု ပေါ်လာသည်။
မှန်ထဲတွင် ကံကြမ္မာမျက်လုံး တစ်လုံး ပိုင်ဆိုင်ထားသည့် သူ့ကိုယ်သူ ပြန်မြင်လာ၏။ ခေတ္တမျှ တုန့်ဆိုင်း သွားမိသော်လည်း ဖြစ်စဉ် (၃၀၀)ကျော် ရှာတွေ့ပြီး ဖြစ်သောကြောင့် စိတ်မ၀င်စားတော့ချေ။
“ ငါ အနိုင်ရလောက်ပြီ ... ဒါဆို ဘာလို့ စိတ်ရှုပ်ခံနေရမှာလဲ... ။ ”
ထိုအချိန်တွင် အပြင်၌ ရုန်းရင်းဆန်ခတ် ဖြစ်လာသည်။
“ လင်းယွန် ဘယ်လောက် အထိ တွေ့နိုင်မယ်ထင်လဲ ပြီးတော့ ဖြစ်စဉ် တစ်ရာ ပြည့်ရင် ဘယ်လို ဆုလာဘ်တွေ ရနိုင်မလဲ။ ”
လူတိုင်း အာရုံစိုက် လာကြသည်။
“ လင်းကျန်းရှန့် မင်းဘယ်လိုထင်လဲ။ ”
အောင်းကြွယ်က မေးသည်။ ထိုသို့ မေးသောအခါတွင် အနားရှိ လူတိုင်းလှည့်ကြည့် လာကြ၏။
နောက်ဆုံးတွင် လင်းကျန်းရှန့် ဟူသည် ဓားသမား တစ်ယောက် ဖြစ်သည်။ သူမ အမြင်ဖြင့် တိကျသော အဖြေကို ပေးနိုင်၏။
“ လင်းယွန်က နတ်အလင်းဓားကို ဆုပ်ကိုင်ထားတဲ့ အတွက် ... တခြား ဝှက်ဖဲတွေ ရှိနိုင်တယ် ... ဒါကြောင့် အနည်းဆုံး ဖြစ်စဉ် နှစ်ရာလောက်ထိ ရှာတွေ့နိုင်မယ်လို့ ထင်ပါတယ်။ ”
သူမ အဖြေကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
“ နှစ်ရာလား ... မယုံနိုင်စရာ မကောင်းလွန်းဘူးလား။ ”
အောင်းကြွယ်က မျက်ခုံးပင့်သည်။
“ ကောင်းပြီ ... သူ့ရဲ့ အစွမ်းအစက ယုံနိုင်စရာ ကောင်းခဲ့လို့လား တစ်ချက်လောက် တွေးကြည့်ပါဦး ... ဒါပေမယ့် အရေးကြီးတာက ရှန့်ကွမ်ကြွယ်ပဲ။ ”
“ မှန်တယ် ... လင်းယွန် အရည်အချင်းကို သိရဲ့နဲ့ ... သတ္တိရှိရှိ လောင်းကြေးထပ် ဝံ့တယ် ဆိုတော့ ... မလွယ်လောက်ဘူး။ ”
သူတို့ စကားကို နားထောင် နေသူများက ဤသုံးသပ်ချက်အပေါ် ခေါင်းညိတ်လိုက်ကြလေ သည်။
“ ကြည့်ရတာ လင်းယွန် အတွက် အခြေအနေ မကောင်းနိုင်ဘူး။ ”
“ လင်းယွန်က သေမျိုး သွေးသားပဲ ... ပြင်ပကမ္ဘာမှာသာဆိုရင် ... သူ ဘယ်နှစ်ကြိမ် သေသွားမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ”
နောက်ဆုံးတွင် မြင့်မြတ်သော မျိုးနွယ်စုများနှင့် ထာဝရ မြင့်မြတ်မြေများမှ လူများက ရှန့်ကွမ်ကြွယ်ကို အားပေးလာ ကြသည်။
“ နံ့သာပေါင်းတိုင် ကုန်ခါနီးပြီ ဘာလို့ မပြီးသေးတာလဲ။ ”
လူတိုင်း စိတ်မရှည် ဖြစ်လာစဉ် နဂါးပြာနတ်ဆေးအိုးမှ ဆူညံသံပေးလာ၏။ ရှန့်ကွမ်ကြွယ် မျက်ဝန်းများ ပွင့်လာပြီး သူ့နောက်၌ ပန်းချီကားများ ထွက်ပေါ် လာတော့သည်။
ဤသည်မှာ နဂါးပြာ နတ်ဆေးအိုး အတွက်ပင် တုန်လှုပ်သွားသည့် ခမ်းနားသော မြင်ကွင်းမျိုး ဖြစ်သည်။
“ ဟား ဟား ဟား ... ။ ”
ရှန့်ကွမ်ကြွယ်က သူ့ခန္ဓာကိုယ်ထဲရှိ သူတော်စင် စွမ်းအင်များ တိုးပွားလာ သဖြင့် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။
“ ဒီကမ္ဘာမှာ ဘယ်သူက ငါ့ကို ပြိုင်နိုင်မှာလဲ။ ”
မော်ကြွားသော ကြွေးကြော်သံနှင့် အတူ ဆံပင်များ လေထဲတဖျပ်ဖျပ်လွင့်နေပြီး လူတိုင်း ဖိအားကို ခံစားလာရ၏။
တစ်ချိန်တည်းမှာပင် နတ်နဂါး ကံကြမ္မာ(၁၈)လုံးက နဂါးပြာ နတ်ဆေးအိုးထံမှ ပျံထွက်လာသည်။
“ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ... ဖြစ်စဉ်ပေါင်း သုံးရာ့ငါးဆယ် ... နတ်နဂါး ကံကြမ္မာ တစ်ဆယ့်ရှစ်လုံး။ ”
“ လင်းယွန် ... ပြီးသွားပြီ။ ”
အရိပ် နတ်ဘုရား နန်းတော်၏ တပည့်များက စိတ်လှုပ်ရှားစွာ အော်ဟစ် နေခဲ့ ကြသည်။ ထိုမြင်ကွင်းက ကျောက်ကျန်းလီကို သက်ပြင်းချစေ၏။
“ သူက ကောင်းကင်ကို အံတုတယ် ... ဒါပေမယ့် အခုတော့ ဘယ်လို ရှုံးသွားလဲတောင် သိလိုက်မယ် မထင်ဘူး။ ”
“ ဟား ဟား ဟား ... အခု တော်ဝင် ကောင်းကင်သခင်ရဲ့ မျက်နှာပေါ်က အံ့ဩ ထိတ်လန့်မှုကို ကြည့်စမ်း ... ဒါမျိုး သူ မျှော်လင့်ထားပုံ မရဘူး။ ”
“ သုံးရာက အမြင့်ဆုံးလို့ မပြောဘူးလား ... အခုတော့ သူ အမှားလုပ်မိသွားပုံရတယ်၊ ဟား ဟား ဟား ... ။ ”
တော်ဝင် ကောင်းကင် သခင်သည် ရှန့်ကွမ်ကြွယ်တို့အတွက် အမြင့်ဆုံးစံချိန်မှာ သုံးရာဟု ဆိုသော်လည်း ရှန့်ကွမ်ကြွယ်က ကျော်လွန် သွားခဲ့သည်။
“ မင်းက ပြင်ပ ရတနာကို ... သုံးထား ပုံရတယ်၊ ဒါပေမယ့် အရေးမကြီးတော့ ပါဘူး။ ”
တော်ဝင် ကောင်းကင် သခင်က ရလာဒ်အပေါ် အသိအမှတ် ပြုခဲ့သဖြင့် အရိပ် နတ်ဘုရား နန်းတော် အဖွဲ့မှာ ပြုံးရွှင်ကုန်၏။
ယခု လင်းယွန် ရှုံးတော့မည့် ဖြစ်သည်။ ရှန့်ကွမ်ကြွယ်က ပန်းချီကားများကို ဦးစွာ သိမ်း လိုက်လေသည်။
“ မီးလျှံ မူလ ဆေးပြားက ... နတ်နဂါး ကံကြမ္မာ(၁၈)လုံးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ... ဟား ဟား ဟား။ ”
လင်းယွန် ခိုးယူသွားခဲ့သော အလင်းတန်းအားလုံးကို နောက်ဆုံး၌ ပြန်လည် ရယူနိုင်ပြီ ဖြစ်သည်။ လေထဲရှိ နတ်နဂါး ကံကြမ္မာ (၁၈)လုံးကို မယူသေးဘဲ၊
“ ပန်းသင်္ချိုင်း ... မင်း သေချင်ယောင် ဆောင်နေတာ ဘယ်လောက် ကြာဦးမှာလဲ။ ”
-ဟု မေးမြန်းလိုက်၏။ လူကြီးလူကောင်း အဖြစ် ဟန်ဆောင်ထားသမျှ ချက်ချင်း လွှတ်ချ ခဲ့ပြီ ဖြစ်သည်။
“ ငါ သေချင်ယောင် ဆောင်နေတယ်လို့ ဘယ်သူပြောလဲ … ။ ”
“ ချွင် ချွင် ချွင် ... ။ ”
လင်းယွန်က မျက်လုံးများ ဖွင့်ကာ ပြန်ပြောလိုက်သည်။ ထို့နောက် ခေါင်းလောင်း သံများ ရုတ်တရက် မြည်လာ၏။
“ ဒါ ... ကောင်းကင် တာအို ကောင်းချီးသံ။ ”
ကောင်းကင်မှ ရှေးဟောင်း ရောင်ဝါများ ဖြာကျလာပြီး ပန်းချီကားအချို့ ပွင့်ထွက်လာ၏။ ၎င်းတို့က မိနစ်အနည်းငယ်ကြာသည့်တိုင် ရပ်တန့်သွားမည့် အရိပ်အယောင် မပြချေ။
“ ချွင် ချွင် ချွင် ... ။ ”
လူတိုင်း မယုံကြည်နိုင် ဖြစ်လာသည်။ ပန်းချီကား အရေအတွက်မှာ ရာဂဏန်းကျော် နေပြီ ဖြစ်၏။
ငါးရာကျော် သွားသည့်တိုင် ရပ်တန့်သွားမည့် အရိပ်အယောင် မရှိချေ။ အရာ အားလုံး ရပ်တန့် သွားသောအခါ ပန်းချီကား တစ်သောင်းရှိနေပြီ ဖြစ်သည်။
လူတိုင်း အသက်ရှူ ရပ်ကုန်၏။ ပန်းချီကားများက ကောင်းကင်ကြီးကိုပင် ကွယ်ထားချေပြီ။
“ ဒါ ... ။ ”
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဖြစ်စဉ်ပေါင်း တစ်သောင်း ... ဒီကောင် လူသား မဖြစ်နိုင်ဘူး ။ ”
“ နဂါးပြာ ဘိုးဘေး ကျန်ရစ်ခဲ့တဲ့ ဖြစ်စဉ်အားလုံးကို သူ ရှာတွေ့ခဲ့တယ် ... ရူးချင် စရာပဲ။ ”
လူတိုင်း ရူးသွပ်သွား၏။ ထိုစဉ် ကောင်းကင်၌ အက်ကွဲကြောင်းများ ပေါ်လျက် ကောင်းကင်လွင်ပြင် နတ်ဘုရား အစောင့်များ တစ်ယောက်ပြီး-တစ်ယောက် ထွက်ပေါ် လာသည်။
လေးယောက် တိတိ ရှိ၏။ ၎င်းတို့ ထိတ်လန့်ပြီး လေးနက်သော အမူအရာများဖြင့် တော်ဝင် ကောင်းကင် သခင်အနား ဆင်းသက် လာကြသည်။
“ တော်ဝင် ကောင်းကင်သခင် အခြေအနေ ဘယ်လိုလဲ။ ”
တော်ဝင် ကောင်းကင် သခင်က သူတို့မေးခွန်းကို ပြန်မဖြေ နိုင်သေးချေ။
“ ပေါင်းစပ် ... ။ ”
လင်းယွန်က ဖြစ်စဉ် အားလုံးကို နေနှင့်လပါဝင်သော ပန်းချီကားတစ်ချပ် အဖြစ် ဖွဲ့စည်းသွားသည်။
သို့သော် အပြင်ပိုင်း အမြင်တွင် ရွှေရောင် ကျောက်စိမ်းတုံးကြီး တစ်တုံး ဖြစ်ချေ၏။ ၎င်း၌ ရှေးဟောင်း နတ်ရူရ်များ ပါရှိသည်။
“ ..... ။ ”
ထိုအချိန်တွင် နတ်ဆေးအိုး ထံမှ နက်ပြာရောင် မြူများထွက်လာပြီး အပြာရောင် နဂါးကြီးတစ်ကောင် ဟောက်သံများ ပြုလျက် ပျံထွက်လာ၏။
၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံတွင် ရှုပ်ထွေးပွေလီသော နဂါးရူရ်များဖြင့် ပြိုးပြိုး ပြက်ပြက် တောက်ပ နေချေပြီ။
အကြေးခွံရှိ နတ်ရူရ် တစ်ခုစီသည် စစ်မှန်သော နတ်နဂါးတစ်ကောင် ဖြစ်သည်။ ဤသည်မှာ ဆေးလုံး၏ ဖြစ်စဉ် ပေပင်။
“ ဒါ ... အုပ်စိုးရှင် နတ်နဂါး ဆေးလုံးပဲ။ ”
တော်ဝင် ကောင်းကင် သခင်က မျက်လုံးပြူးလျက် ပြောသည်။ ရှန့်ကွမ်ကြွယ် အတွက်မူ ဒူးများ ညွှတ်ကျသွား၏။
“ ဘယ်လိုလုပ် ... ဖြစ်နိုင်မှာလဲ။ ”
“ လောင်းကြေး ... ။ ”
လင်းယွန်က အလွတ်မပေးဘဲ နတ်နဂါး ကံကြမ္မာ (၁၈)လုံးကို ပြုံးပြီး လုယူလိုက်သည်။
“ ဒါတွေလည်း ရတနာတွေပဲ... ဒါပေမယ့် အခုတော့ ငါပိုင်သွားပြီ။ ”
ထို့နောက် လေထဲရှိ ပေါင်းစပ် ပန်းချီကား ကျောက်စိမ်းတုံးကြီးနှင့် အုပ်စိုးရှင် နတ်နဂါး ဆေးလုံးကို လှမ်းယူတော့၏။
“ ဟား ဟား ဟား ... ဒါပေမယ့် ဒါက အဆုံးမဟုတ်သေးဘူး ... မီးလျှံမူလ ဆေးပြား နှစ်ဆယ်နဲ့ ပန်းချီကား သုံးရာကျော်ကို ပေးဖို့ ပြင်ဆင်ထားပါ။ ”
“ ဝှစ် ... ။ ”
စကားဆုံးသည်နှင့် နတ်ဆေးအိုးထဲမှ ခုန်ဆင်းကာ တော်ဝင် ကောင်းကင် သခင်ဆီ လျှောက်လှမ်းသွား၏။
“ စီနီယာ ငါတို့ အချိန်ကျပြီ ... နဂါးပြာနတ်ဆေးအိုးကို ဘယ်တော့စားပြမလဲ၊ ကြော်မလား ... ချက်မလား ... ကင်မလား ... ။ ”
လင်းယွန်၏ ရွှတ်နောက်နောက် မေးခွန်းကြောင့် လူအုပ်ကြီးခမျာ တိတ်ဆိတ် ကုန်၏။ မောက်မာ လွန်းချေပြီ။ တော်ဝင် ကောင်းကင် သခင် ဟူသည် ဧကရာဇ် အဆင့် ကျွမ်းကျင်သူ ဖြစ်၏။
တော်ဝင် ကောင်းကင် သခင်က မျက်နှာပျက်သွားသည်။ သူ့ကို ဤပုံစံမျိုးဖြင့် မည်သူမျှ စကား မပြောဝံ့သည်မှာ မည်မျှ ကြာနေပြီ မသိတော့ချေ။
“ မိတ်ဆွေလေး ... တောင်းပန်ပါတယ် ငါအရင်က နည်းနည်း အသံကျယ် သွားမိတာ ဝန်ခံပါတယ်။ ”
***