ဝတ်ရုံဖြူ ဓားမော့သမား ရှောင်ချန် ... ။
Vol. 169 Ch. 2358
လင်းယွန်သည် ပြုံးပြုံးလေးဖြင့် လက်သီးများကို ဆုပ်ကာ၊
“ စီနီယာက ယဉ်ကျေး လွန်းပါတယ် ... စိတ်ထဲ မထားပါနဲ့။ ”
-ဟု ပြန်လည် ပြောကြားလိုက်သည်။
ဧကရာဇ် တစ်ပါးထံမှ တောင်းပန်မှုကို မခံယူနိုင်ချေ။ ဟာသအဖြစ် နောက်ပြောင်ရန် ကြိုးစားခြင်း မျှသာ ဖြစ်သည်။
တော်ဝင် ကောင်းကင် သခင်က ခေတ္တမျှ အံ့အားသင့် သွားသည်။ ဤလူငယ်မှာ ချစ်ခင် နှစ်သက်ဖွယ် ကောင်းချေ၏။
“ ငါ့ အမြင် မှားသွားတယ်။ ”
“ ဟား ... ဟား ... ဟား ... တော်ဝင် ကောင်းကင် သခင်ကို ... တောင်းပန်ခိုင်းတဲ့ မင်းက ဘယ်သူလဲ ... ။ ”
“ မင်း ကြည့်ရတာ ... အသက် သုံးဆယ်တောင် မပြည့်သေးဘူး မဟုတ်လား အထင်ကြီးစရာပဲ။ ”
လင်းယွန်ကို ကြည့်ကာ အသစ်ရောက်ရှိ လာသော နတ်အစောင့်များက စူးစမ်းတော့၏။ ၎င်းတို့တွင် နက်နဲပြီး နားမလည်နိုင်သော ကျင့်ကြံမှုများ ရှိချေပြီ။ ဝန်းကျင်၌ တာအို တေးသွားများပင် ရစ်သိုင်းနေ၏။
“ သူတို့က ကောင်းကင်လွင်ပြင်ရဲ့ နတ်အစောင့်တွေပဲ ... သူတို့ ဒီကို လာအောင် မင်းက ပထမဆုံး ဆွဲဆောင်နိုင်ခဲ့တာ ... ။ ”
တော်ဝင် ကောင်းကင်သခင်က ပြုံးလျက် မိတ်ဆက်ပေး၏။ ကောင်းကင်ဘုံ ဖျက်စီးခြင်း ဘိုးဘေးအတွက် ပါရမီရှင်များကို စစ်ထုတ်ရန် စည်းမျဉ်းများ ချမှတ်ထားသည်။
ကောင်းကင် လွင်ပြင်ကို ဒေသကြီး ကိုးခုခွဲထားပြီး အကြီးအကဲ တစ်ယောက်စီ ခန့်အပ် ပေးထား၏။
ဆိုလိုသည်မှာ သူတို့အားလုံးသည် အာကာသတာအိုကို ကောင်းစွာ နိုင်နင်းချေပြီ။ ထို့ကြောင့် လင်းယွန်က ရိုးသားစွာ ပြန်ဖြေ မိသည်။
“ ဒီဂျူနီယာက ခွန်လွန်က လာတာပါ။ ”
သူ့အဖြေကြောင့် နတ်အစောင့်လေးပါးမှာ အံ့ဩသွားလေသည်။
“ ဟမ့် ... ဒါဆို ခွန်လွန်က မိတ်ဆွေဟောင်းပဲ။ ”
“ အရင်တုန်းကလည်း ... ကောင်းကင်ဘုံ လွင်ပြင်ပွဲမှာ ပါဝင်ဖို့ ခွန်လွန်ရဲ့ ပါရမီရှင်တွေကို စေလွှတ်ခဲ့ဖူးတယ်၊ ဘယ်သူမှ အဆုံးထိ မရောက်နိုင်ခဲ့ကြဘူး၊ ...
... အားလုံးက နဂါးပြာ ဘိုးဘေးရဲ့ မျိုးဆက်တွေ ဖြစ်ကြပေမယ့် ကောင်းကင်လမ်း ဖြတ်လိုက်ပြီးတည်းက ခက်ခဲသွားပုံရတယ်။ ”
“ အဲဒီတုန်းက ငါတို့လည်း တိုက်ပွဲမှာ ပါဝင်ခဲ့ကြတယ် ... ငါတို့ ရှုံးသွားခဲ့တာ နှမျော စရာ ပါပဲ။ ”
နတ်အစောင့်များက လင်းယွန်နှင့် လက်သီချင်း တိုက်စေကာ အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက်၊
“ မိတ်ဆွေလေး ... ငါတို့ မင်းကို ကောင်းကင် လွင်ပြင် ဧည့်ခံပွဲမှာ စောင့်နေမယ်။ ”
-ဟု နှုတ်ဆက် ထွက်ခွာ သွားတော့သည်။
လေးပါးလုံး ပျောက်ကွယ်သွားပြီးနောက် တော်ဝင် ကောင်းကင် သခင်က လင်းယွန်ထံ ပြန်ကြည့်သည်။
“ ကောင်လေး ... မင်းဒီကို ဘာလာ လုပ်တာလဲ ငါသိတယ် ... မင်းရဲ့ တာဝန်က ကောင်းကင်ဘုံ ဖီးနစ် သမီးတော်ထက် ပိုကြီးလေးတယ် ... ကောင်းကင်လမ်းကို ပြုပြင်ဖို့က လွယ်မှာ မဟုတ်ဘူး။ ”
“ စီနီယာ ... ။ ”
လင်းယွန်က တစ်ခုခု ပြောချင်ခဲ့ သော်ငြားလည်း တော်ဝင် ကောင်းကင်သခင်မှ ပြောခွင့်မပေးချေ။
“ ရှင်းပြနေစရာ မလိုပါဘူး ... အဆုံးထိ ရောက်ဖို့လိုတယ် မဟုတ်ရင် ... ကောင်းကင်ဘုံ ဖျက်စီးခြင်း ဘိုးဘေးက မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး ... ငါတို့က ငါတို့ ကတိကို တည်မှာပါ။ ”
“ ကျေးဇူးတင်ပါတယ် ။ ”
“ အခု ကောင်းကင်ဘုံ ပျက်စီးခြင်း မြို့တော်ကို ပြန်သွားပြီး တတိယ စမ်းသပ်မှု အတွက် စောင့်နေပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်က ခေါင်းညိတ်လိုက်စဉ် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အံသြနေကြဆဲ ဖြစ်၏။
“ ဖြစ်စဉ် တစ်သောင်းတောင် ... သူ ဘယ်လို လုပ်လိုက်တာလဲ။ ”
“ ထူးဆန်းတယ် ... နဂါးပြာ ဘိုးဘေး ချန်ထားတဲ့ ဖြစ်စဉ်အားလုံးကို သူ တွေ့ခဲ့တယ် နောက်ပြီး ဒီရွှေကျောက်စိမ်းတုံးက ဘာလဲ။ ”
“ နဂါးပြာ ဘိုးဘေး ချန်ရစ်ခဲ့တဲ့ ... တကယ့်ရတနာ အစစ်က ... အဲဒီမှာ ဖြစ်မယ် ဖြစ်စဉ်ပေါင်း တစ်သောင်း နားလည်ပြီးမှ ရခဲ့တာဆိုတော့ ... ။ ”
လူအုပ်ကြီးက တဖြည်းဖြည်း ဆူညံလာသည်။ အုပ်စိုးရှင် နတ်နဂါး ဆေးပြား ထက် ရွှေကျောက်စိမ်းတုံးကို ပို၍ စူးစမ်း လိုကြသည်။
နောက်ဆုံးတွင် ၎င်းသည် နဂါးပြာ ဘိုးဘေးနတ်ဘုရား ချန်ထားရစ်ခဲ့သော ရတနာ ဖြစ်ချေပြီ။
ထိုအချိန်တွင် ရှန့်ကွမ်ကြွယ်က အရိပ် နတ်ဘုရားနန်းတော် အဖွဲထံ ပြန်ရောက်လာ၏။ စိတ်ပျက်လက်ပျက်ဖြင့် ရှုံးကြေးကို စုဆောင်း နေမိသည်။
သူသည် အဋ္ဌမအဆင့် သူတော်စင်သခင် ဖြစ်ခြင်းမှ ခြေတစ်လှမ်းသာ ဝေးတော့သည်ကို ခံစားသိရှိပြီး ဒုက္ခ ခံယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ယခုမူ အရာအားလုံးသည် မြောင်းထဲကျသွားချေပြီ။ ခေါင်းငိုက်စိုက် ကျသွားပြီး၊
“ ဒီမှာ ... ။ ”
-ဟု ဆိုလိုက်သည်။
မီးလျှံ မူလ ဆေးပြား (၂၀)နှင့် ပန်ချီကား (၃၅၀)မှ ရရှိသည့် ကျောက်စိမ်းတုံးကို ရှုံးကြေး အဖြစ် ပေးအပ်လိုက်၏။ လင်းယွန်က လက်လှမ်းသောအခါ မလွှတ်လိုခဲ့ချေ။
“ ဟား ဟား ဟား ... ။ ”
တုံ့ဆိုင်းသွားသဖြင့် လင်းယွန်က သိုလှောင်အိတ်ကို လုယူကာ ရယ်မောလိုက် တော့၏။
“ ဟား ဟား ဟား ... ငါ လက်ခံလိုက်ပြီ။ ”
မီးလျှံ မူလ ဆေးပြားသည် ကောင်းကင်ဘုံ ဖျက်ဆီးခြင်းဘိုးဘေးမှ သန့်စင်ထားပြီး ရှေးဦး ရောင်ဝါများ ပါဝင်ပါသည်။
သတ္တမအဆင့် သူတော်စင် သခင် ဖြစ်လာပြီးနောက် အသုံးဝင်သော ရတနာများ ပေပင်။ အရိပ် နတ်ဘုရား နန်းတော်မှ တပည့်တိုင်း နာကျင်သွား၏။
အဆုံးတွင် သူတို့၏ ပိုင်ဆိုင်မှုကို လက်လွှဲ ပေးလိုက်ရခြင်းဖြစ်သည်။ လင်းယွန်က အိတ်ကို စစ်ဆေးပြီး ပြုံး၏။
“ ကျေးဇူးတင်ပါတယ် ... ။ ”
“ နေပါဦး ... ။ ”
ကျေးဇူးစကားဆိုပြီး လှည့်ထွက်လိုက်စဉ် ရှန့်ကွမ်ကြွယ်က တားဆီး၏။
“ ဘာလဲ အရှုံးကို လက်မခံနိုင်ဘူးလား။ ”
ရှန်းထျန်းနန်နှင့် အခြားသူများက နှာခေါင်းရှုံ့လျက် လင်းယွန် အနားတွင် လာရပ် လိုက်သည်။
“ စိတ်မပူပါနဲ့ ... တော်ဝင် ကောင်းကင်သခင်ရှေ့ ... ငါမိုက်မဲဝံ့မှာ မဟုတ်ပါဘူး။ ”
“ ဒါဆိုဘာလဲ။ ”
လင်းယွန်က မေးလိုက်၏။
“ ငါ မင်းကို လှည့်စားခဲ့တာတောင် ရှုံးသေးတာပဲ ... ဒါကြောင့် အရှုံးကို ငြင်းစရာ အကြောင်း မရှိပါဘူး။ ”
“ မင်း မျက်လုံးလုံးနဲ့ ... ပေါင်းစပ်ထားတဲ့ ရတနာ အကြောင်း ပြောနေတာလား။ ”
“ ဒါက ကံကြမ္မာ မျက်လုံးပါ ... မင်း ဖြစ်စဉ်ပေါင်း တစ်သောင်းကို ဘယ်လိုများ ရှာတွေ့ ခဲ့တာလဲ မင်းမှာ မှန်တစ်ထောင်ကို ဖြိုခွဲပစ်နိုင်တဲ့ နည်းလမ်း မရှိဘူးဆိုတာ ငါသိတယ်။ ”
ရှန့်ကွမ်ကြွယ် မေးခွန်းကို လူတိုင်း အာရုံစိုက်လာတော့သည်။ လင်းယွန်က ပြုံးပြီး၊
“ မင်းပြောတာ မှန်တယ် ... အဓိက သော့ချက်က တော်ဝင် ကောင်းကင် သခင် ပြောလိုက်တဲ့ စကားမှာ ရှိတယ်။ ”
-ဟု ဆိုကာ လှည့်ထွက်လိုက်၏။
ယနေ့တွင် အောင်မြင်မှု တစ်ခု ပြုလုပ်ရန် လုံလောက်သော အရင်းအမြစ်များ ရရှိလာပြီ ဖြစ်သည်။
အုပ်စိုးရှင် နတ်နဂါး ဆေးလုံး အပြင် ရှန့်ကွမ်းကြွယ်ထံမှ နတ်နဂါး ကံကြမ္မာ (၁၈) လုံး၊ မီးလျှံမူလ ဆေးပြား (၂၀) တို့ကိုလည်း ရရှိခဲ့သည်။
“ တော်ဝင် ကောင်းကင် သခင် စကားမှာ အဖြေရှိနေတာလား ... စီနီယာ ... အဲဒီတုန်းက ဘာပြောခဲ့တာလဲ။ ”
ရှန့်ကွမ်ကြွယ်က တော်ဝင် ကောင်းကင် သခင်ကို လှည့်မေး၏။ တော်ဝင် ကောင်းကင် သခင် သည်လည်း စိတ်ရှုပ်သွားပြီး၊
“ ငါ ဘာပြောလိုက်လို့လဲ ... ။ ”
-ဟု ယောင်ဝါးဝါး ဖြစ်လာခဲ့သည်။
လမ်းခရီးတွင် ရှန်းထျန်းနန်က ဖြစ်စဉ် အားလုံးအပေါ် မည်ကဲ့သို့ တွေ့ရှိခဲ့သည်ကို လင်းယွန်ထံ မေးမြန်းလာ၏။
“ ဒါက ရှင်းရှင်းလေးပဲ ... တော်ဝင် ကောင်းကင် သခင် စကားအတိုင်း ပါပဲ။ ”
“ သမိုင်းမှာ ဘယ်သူမှ ကိုးရာထက် မကျော်လွန်ဘူးလို့ ... သူ ပြောခဲ့တာလေ ဒါနဲ့ ဘာဆိုင်လို့လဲ။ ”
လင်းကျန့်ရှန်က ထပ်မေး၏။
“ မှန်တယ် ... တကယ်တော့ မှန်က ထောင်ချောက်ပဲ။ ”
လင်းယွန်က ပြုံးပြီး သူ့အတွေ့အကြုံကို ပြန်လည် ဝေမျှလိုက်တော့၏။
“ ဒီလောက် လွယ်တာလား ... ။ ”
အောင်းကြွယ်က အံ့ဩတွား၏။ သို့သော် ထိုအဆင့်သို့ နားလည်မှု ရရှိရန် လွယ်ကူခြင်း မရှိကြောင်း နားလည်လိုက်သည်။
ကောင်းကင်ဘုံ ပျက်စီးခြင်း မြို့တော်ထံ ပြန်ရောက်သောအခါ လင်းယွန်က အဆင့် တက်ရန် ပြင်၏။
“ အစ်ကိုအောင်း ... ကောင်းကင်ဘုံ လွင်ပြင်မှာ ငါ နယ်မြေကျွမ်းကျင်မှု အားနည်း ပါတယ် ... အခု ငါ့ဒုက္ခကို ခံယူဖို့ ဘယ်နေရာ အကောင်းဆုံးလဲ။ ”
အဆင့် ချိုးဖြတ်ရာတွင် ကျရှုံးခဲ့ပါက နောက်ဆက်တွဲ အကျိုးဆက်များ ခံစားရနိုင် ပေမည်။ သူ့တွင် ရတနာများစွာ ရှိသဖြင့် မလိုလားအပ်သော ပြဿနာများ ရနိုင်၏။
“ အဆင့်ချိုးဖြတ်မို့လား ... ဒါဆို လျှို့ဝှက်နယ်မြေကို သွားဖို့ ... ငါ အကြံပေးချင် ပါတယ်။ ”
“ ဒါဆို အစ်ကို အောင်းကိုပဲ ဒုက္ခပေး ရတော့မယ်။ ”
“ ဒါက အဆင်ပြေပါတယ် ... အသုံးပြုဖို့အတွက် စျေးနှုန်းအနည်းငယ် ပေးရုံနဲ့ လူတိုင်းကို လက်ခံပေးမှာပါ။ ”
မိနစ် အနည်းငယ် ကြာပြီးနောက် လှိုဏ်ဂူတစ်ရာသို့ ရောက်ရှိလာသည်။ အပြင်၌ ရိုးရှင်းသော်လည်း အတွင်းပိုင်းတွင် ကွဲပြား၏။
ကောင်းကင် တံခါးမှ ကျွမ်းကျင် ပညာရှင်များက ဂူများကို စောင့်ကြပ်ပေးပြီး အခကြေးငွေဖြင့် လူတိုင်း ဝင်ရောက်ခွင့် ပြုသည့် အရပ် ပေပင်။
လှိုဏ်ဂူ အတွင်း၌ ကျယ်ပြောသော လျှို့ဝှက်နယ်မြေ တစ်ခု ပါရှိသည်။ အထဲရောက် ပြီးနောက် ရွှေကျောက်စိမ်းတုံးကို ထုတ်ကာ နဖူးနှင့် ကပ်ထားမိ၏။
“ ယင်ယန် တာအိုလား ... ။ ”
ယင်နှင့်ယန်ကို ဟန်ချက်ညီအောင် ဖန်တီးထားသော ပန်ချီကားတစ်ချပ် ဖြစ်ချေပြီ။ ၎င်းကိုကြည့်ရုံဖြင့် ယင်ယန် တာအိုမှန်း နားလည် လိုက်တော့၏။
“ ဒါကို မီးတောက် ယင်-ယန် ပန်းချီလို့ ခေါ်တယ် ... အတိတ်က နိယာမ တစ်ထောင်ကို ငါနားလည်ခဲ့ပြီး တာအိုပေါင်း တစ်သောင်း ကနေ ... ဆင်းသက်လာတာ။ ”
ရုတ်တရက် အသံကြောင့် လင်းယွန်က မျက်လုံးဖွင့်ကြည့်လိုက်ရာ အဖြူဝတ် လူငယ် တစ်ဦးကို တွေ့လိုက်ရလေသည်။
“ မင်းကို ... ငါဘယ်လို ခေါ်ရမလဲ။ ”
“ ငါ့မှာ နာမည်တွေ အများကြီး ရှိတယ်၊ ဒါပေမယ့် မင်းဆိုရင်တော့ ... ရှောင်ချန်လို့ခေါ်ပါ ဝတ်ရုံဖြူ ဆေဘာဓား ရှောင်ချန် ဆိုတာ ... ငါ့ ဘွဲ့နာမည်ပဲ ... ဒီဘွဲ့ကို ငါပိုကြိုက်တယ်။ ”
***