← Chapters

ကျေးဇူးတင်ပါတယ်။

Vol. 169 Ch. 2360

ကျေးဇူးတင်ပါတယ်။

Vol. 169 Ch. 2360

ရှောင်ချန် ထွက်သွားသော အခါတွင် သူဖန်တီးထားသည့်အရာ မှန်သမျှပျောက်ကွယ် သွားခဲ့သည်။ မီးတောက်နေသော ယင်ယန် ပန်းချီကားသာ ကျန်ရှိတော့၏။ အိမ်မက် တစ်ခုလိုပင်။

ရှောင်ချန်သည် နတ်နဂါးခေတ်ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး သူနှင့်မိတ်ဆွေကောင်း ဖြစ်ခဲ့ကြသည်။

အသက်ပြင်းပြင်းရှူလျက် နဂါးပြာအရိုး ဖြန့်ပြီး နိဗ္ဗာန်တာအိုကို ထုတ်ဖော် လိုက်သည်။ ထို့နောက် တံဆိပ်တစ်ခုကို ဖန်ဆင်းကြည့် လိုက်ရာ နဂါးပြာ နတ်ဆေးအိုးကြီးထံမှ တုန့်ပြန်မှု လှိုင်းများ ရရှိလိုက်၏။

“ နဂါးပြာ နတ်တံဆိပ်က တကယ်ပဲကိုး ... ဒါဆို ငါမှာ နည်းလမ်းရှိပြီ ... အခွင့်အရေး တစ်ခု ရှာရမယ် နောက်ဆုံးတော့ ဒီနတ်ဆေးအိုးက ကောင်းကင်တံခါးပိုင်တဲ့ ရတနာဖြစ်နေပြီ။ ”

လင်းယွန်က ရေရွတ်လျက် တံဆိပ်ကို ရုတ်သိမ်းကာ ပန်းချီကားထံ အာရုံစိုက်လိုက်၏။ နဂါးပြာဘိုးဘေး စကားအရ ဤပန်းချီကားဖြင့် ယင်ယန်တာအိုကို နားလည်နိုင်မည်။

ထိုအချိန်၌ ထာဝရတာအို နှစ်ပါး ပိုင်ဆိုင်နေမည် ဖြစ်၏။

“ ကောင်းပြီ ... အခု ဒုက္ခကို ရင်ဆိုင်ကြရအောင်။ ”

စိတ်ဝိညာဉ် ပင်လယ် အတွင်းမှ ဆုတ်ခွာခဲ့ပြီး လျှို့ဝှက်နယ်မြေတွင် မျက်လုံး ဖွင့်လိုက်သည်။

ရွှေကျောက်စိမ်းတုံးကို ပြန်လည် သိမ်းဆည်းလျက် မီးလျှံမူလ ဆေးပြား (၂၀)၊ နတ်နဂါး ကံကြမ္မာ (၁၈)လုံးနှင့် အုပ်စိုးရှင် နတ်နဂါး (၁)လုံးကို ထုတ်ယူလိုက်၏။

မီးလျှံမူလ ဆေးပြားတွင် ရှေးဟောင်း ရောင်ဝါများ ပါဝင်သည်။ နတ်နဂါး ကံကြမ္မာ အတွက်မူ နားမလည်နိုင်သေးချေ။

သို့သော် ကံကြမ္မာ ဟူသည် သူတော်စင် တာအိုများ တိုးမြှင့်ခြင်းနှင့် သိုင်းရည်ရွယ်ချက် များစွာကို သန့်စင်နိုင်၏။

အုပ်စိုးရှင် နတ်နဂါး အတွက်မူ မသိချေ။ နတ်အစောင့်များ မျက်နှာပေါ်ရှိ ထိတ်လန့်ခြင်း အရ တန်ဖိုးရှိ နေမည်မှာ သေချာ၏။

“ တော်ဝင် ကောင်းကင် သခင်ကို မေးဖို့ အခွင့်အရေး ရှာရမယ် ... အခုတော့ စရအောင် ... ။ ”

မျက်လုံးများ ပိတ်လိုက်ပြီး သူတော်စင် စွမ်းအင်များ အားလုံးကို ရွှေဆေးပြား အတွင်း လောင်းထည့်လိုက်သည်။

ရွှေဆေးပြားမှာ တလက်လက် တောက်ပလာ၏။ လေးနာရီကြာပြီးနောက် ရွှေရောင်အဆင်းများ ဖြာကျလာသည်။

အရိုးနှင့် အရေပြားက ကျောက်စိမ်းရောင် လင်းလာပြီး အသွေးသည် နတ်နဂါး ရောင်ဝါကို ပေးဆောင်၏။

နိဗ္ဗာန်တာအို၊ မိုးပြာနဂါး တာအို၊ ဓားတာအိုတို့ကို ရွှေဆေးလုံးနှင့် ပေါင်းစည်း ရပေမည်။ ၎င်းကို ပြီးမြောက်သော အချိန်၌ ဒုက္ခ ဆင်းသက်လာမည် ဖြစ်၏။

အတွေးဖြင့် မီးလျှံမူလ ဆေးပြားများ သောက်သုံးလိုက်သည်။ ရုတ်တရက် မီးလျှံများ တောက်လောင် လာသဖြင့် ပြင်းစွာသော နာကျင်မှုကို ခံစားလိုက်ရ၏။

ဤသည်မှာ ယင်မီးတောက် ဖြစ်သည်။ ၎င်းက ခရမ်းရောင် နန်းတော်ထဲ ဝင်လာခဲ့ပြီး အရာရာ ဝါးမြိုရန် ကြိုးစားတော့၏။

အဆုံးတွင် သူတော်စင် စွမ်းအင်များကို လောင်မြိုက်လျက် ရွှေဆေးပြားထဲ ရွေ့ပြောင်း ပေးလေသည်။

“ အား ... ။ ”

ရွှေဆေးပြား တစ်ဝိုက်နှင့် ကိုယ်တွင်း အင်္ဂါများအထိ မီးတောက်များ ပျံ့နှံ့နေခဲ့သည်။ များမကြာခင် ပြင်းစွာသော နာကျင်မှုကြောင့် အော်ဟစ်လိုက်မိ၏။

နောက်ဆုံးတွင် ဆင်းရဲဒုက္ခသည် အဘယ်ကြောင့် ကြောက်စရာ ကောင်းမှန်း သိရှိလာသည်။ အတွေးများပင် ပြတ်တောက် သွား၏။ ဂရုမစိုက်သော် ပြာဖြစ်နိုင်မည်။

အဆုံးတွင် လင်းယွန်၏ အသားများ အားလုံးကို ယင်မီးတောက်က ဝါးမြိုနေသဖြင့် အရိုးစုအဖြစ်သာ ကျန်ရစ်ခဲ့၏။ သို့မှသာ ယင်မီးတောက် ရပ်သွားသည်။

ပြင်းပျသော ဆန္ဒများပင် ပြိုလဲလုနီးနီး ဖြစ်လာသည်။ လုပ်ငန်းစဉ်မှာ အချိန်အတော် ကြာလာ၏။

လေပြင်းများ ဖြတ်တိုက်လိုက်မှ သာလျှင် သတိပြန်လည်လာသည်။ သို့သော် ထိုလေသည် မည်သည့် အရပ်မှ လာသည်ကို မတွေးနိုင်ချေ။

ခန္ဓာကိုယ်ကြီး ပြိုကျမည့် လက္ခဏာများ ပြသနေသည်။ ယင်းက သဘာဝအတိုင်း သူ့ကို ကြောက်လန့်စေ၏။

“ မဟုတ်ဘူး ... ။ ”

မီးတောက်က လေပြင်းများကြောင့် လောင်စာရသွားပြီး နဂါးပြာအရိုးထံ ကူးစက် လောင်မြိုက်လာသည်။

ဤအရိုးသည်သာ ပြာဖြစ်စေပါက သူ တကယ် ပြီးသွားပေလိမ့်မည်။ နောက်ဆုံးတွင် နဂါးပြားအရိုးက ယင်မီးတောက်ကို ခံနိုင်ရည် ရှိသွားသဖြင့် သက်ပြင်းချ နိုင်ခဲ့၏။

ရွှေဆေးပြား၌မူ ယင်မီးတောက်က လောင်မြိုက်ဆဲ ဖြစ်သည်။ ၎င်းသည်လည်း ခံနိုင်ရည်ရှိပါက အောင်မြင်မည်ဖြစ်၏။

ရွှေဆေးပြား ကွဲသွားခြင်းသည် ဒုက္ခကျရှုံးခြင်း မည်သည်။ မကြာခင် သူ့ကို ဖြတ်တိုက်သွားသော လေက ယင်မီးတောက် အပေါ် ပို၍ လောင်မြိုက် လာစေသည်။

သို့သော် ၎င်းတို့သည် ရွှေဆေးပြားရှိ ထာဝရတာအိုကို ဖျက်ဆီးနိုင်ပုံ မရချေ။ ဖြစ်စဉ် အရ (၇)ရက်တိတိ ကြာပြီး မီးနှင့်လေ ငြိမ်းသွား ချေပြီ။

သို့မှသာ ရွှေဆေးပြားက သူတော်စင် စွမ်းအင်များနှင့် သူတော်စင်တာအိုကို ပြန်၍ သွန်းလောင်းလာ၏။

၎င်းနှင့်အတူ နဂါပြား အရိုးကို ထပ်မံ အသက်သွင်းလိုက်ရာ ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်လာတော့၏။

နောက်ဆုံးတွင် သက်ပြင်းချလျက် မျက်လုံးဖွင့်မိသည်။ ဤခံစားချက်က ရုပ်ခန္ဓာ သန့်စင်ထားသကဲ့သို့ ခံစားရစေသည်။

စွမ်းအင်များ ခန္ဓာကိုယ်အတွင်း ပြည့်လျှံနေကာ ရွှေဆေးပြား ပတ်ပတ်လည်၌ ရွှေချည်မျှင်များ ရစ်သိုင်းနေ၏။ သူတော်စင် စွမ်းအင်များ ဖြစ်ချေပြီ။

“ အား ... ။ ”

လေထဲ ခုန်တက်လျက် ခံစားခဲ့ရသော နာကျင်မှုများကို အော်ဟစ် ထုတ်ပစ်လိုက်မိ သည်။

လျှို့ဝှက်နယ်မြေ အပြင်ဘက်တွင် ခမ်းနားထည်ဝါသော နန်းတော်တစ်ခု ရှိနေပြီး အလယ်ဗဟို၌ လေပေါ် ကျောက်စိမ်း တံဆိပ်များစွာ မျောနေ၏။

၎င်းတို့သည် လျှို့ဝှက်နယ်မြေများကို ကိုယ်စားပြုသည်။ ရုတ်တရက် ကျောက်စိမ်း တံဆိပ်တစ်ခု တုန်လှုပ်သွားပြီး အစီရင် အသက်ဝင်လာ၏။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

အစီရင်ကို စောင့်ကြပ်ရသော ကောင်းကင်တံခါးမှ သင်းထောက် နှစ်ဦးက မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်၏။

“ အဲဒါ ပန်းသင်္ချိုင်းရဲ့ လျှို့ဝှက်နယ်မြေပဲ။ ”

ထိုကျောက်စိမ်းတံဆိပ်ကို အထူး အမှတ်အသား ပြုထားပြီး သင်းထောက် နှစ်ဦးမှ သတိထားပေး နေရသည်။

“ ငါတို့ သွားကြည့်ကြမလား။ ”

သန်မာသော သင်းထောက်က ခပ်သွယ်သွယ် သင်းထောက်ကို မေး၏။

“ မလိုပါဘူး ... ဒီလျှို့ဝှက်နယ်မြေကို ဖျက်ဆီးနိုင်မယ်လို့ မင်းထင်လား ... သူ့ဒုက္ခ ကျဆင်းလာတာနေပါလိမ့်မယ်။ ”

“ ဒါပေမယ့် သူက ပန်းသင်္ချိုင်းပဲ ... ပြီးတော့ နဂါးပြာ နတ်ဆေးအိုးရဲ့ ဖြစ်စဉ် တစ်သောင်းကို ရှာတွေ့ထားတဲ့ လူ ... ။ ”

သန်မာသော သင်းထောက်က လင်းယွန်ကို လေးစားမှု အပြည့် ရှိနေ၏။

“ ဘာဖြစ်လဲ ... ကျန်တဲ့ ကောင်းကင် သူတော်စင် တောင်တိုင်းမှာ ... ထူးချွန်သူတွေ အများကြီး ရှိပါသေးတယ်။ ”

ဤသည်မှာ အဓိပ္ပါယ် ရှိသဖြင့် ပြန်လည် တိတ်ဆိတ်သွားသည်။ ကျောက်စိမ်းတံဆိပ်များ အားလုံးသည် အစွမ်းထက်လှသောကြောင့် ပြဿနာ မဖြစ်နိုင်ချေ။

သူ့အသံလှိုင်းသည် လျှို့ဝှက်နယ်မြေ တစ်ခုလုံး တုန်လှုပ်စေသည်ကို ကြည့်လျက် လင်းယွန်က ပြုံးသည်။

“ ဝှစ် ... ။ ”

မြေပြင်ပေါ် ပြန်လည် ဆင်းသက်သော အခါတွင် ကျေနပ်အားရမှုကို ခံစားလိုက်ရ၏။

“ နည်းနည်းလောက် ထိန်းထားရမယ် ... ။ ”

အောင်မြင်မှုသည် ပေါ့ပါးသော်လည်း အတားအဆီး ကျိုးသွားသကဲ့သို့ ခံစားလာရ လေသည်။

“ နတ်တပည့်တွေဆီက လက်ဖဝါး တစ်ချက်ကို ဘာလို့ မခံနိုင်မှန်း အခု ငါသိပြီ။ ”

ဆင်းရဲဒုက္ခသည် သူတော်စင် စွမ်းအင်ကို သန့်စင်စေရုံသာမက ၎င်း၌ ရောနှောနေသော ရှေးဟောင်း အငွေ့အသက်အချို့ ပါရှိလာ၏။

ထို့ပြင် ကိုယ်လုံးကိုယ်ပေါက် သည်လည်း ပြောင်းလဲသွားချေပြီ။

“ သတ္တမ အဆင့် သူတော်စင် သခင် နဲ့တောင် ... အားကောင်းနေပြီဆိုတော့ အဋ္ဌမ အဆင့်ဆိုရင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ။ ”

သူတော်စင် သခင်၏ နောက်ဆုံး အဆင့်(၃)ဆင့်သည် အသွင်ပြောင်းမှုများ ဖြစ်၏။

“ ကျင့်ကြံမှုကိုပဲ အာရုံစိုက်လိုက်ရအောင်။ ”

တုံ့ဆိုင်း မနေတော့ဘဲ လက်ကျန် မီးလျှံ မူလဆေးပြားများကို ထုတ်ယူ သန့်စင်မိသည်။ သူ့တွင် အချိန် မရှိချေ။ ပြင်ပ ရတနာများကိုသာ အားကိုးနိုင်ပေမည်။

၎င်းသည် ကောင်းကင်ဘုံ ပျက်စီးခြင်း ဘိုးဘေး ကိုယ်တိုင် သန့်စင်ထားသည့် ရတနာ ဖြစ်သဖြင့် ကောင်းစွာ အကျိုးသက်ရောက်မှု ရှိသင့်သည်။

ချွေးပေါက်များထဲမှ အလင်းရောင်များ ဖြာထွက်လာပြီး လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို ပြည့်လျှံသွားစေသည်။

“ ဒါပဲ ... ။ ”

မီးလျှံ မူလ ဆေးပြား၏ အကျိုး သက်ရောက်မှုမှာ များပြားလွန်းခဲ့ သဖြင့် မီးတောက်များ ဖုံးလွှမ်းလာသည်။

များမကြာခင် တာအိုတေးသွားသံများ ပဲ့တင်ထပ်လာပြီး လျှို့ဝှက်နယ်မြေ တစ်ခုလုံး တုန်ယင်နေ၏။

ဤစွမ်းအင်မှာ အလွန်သန့်စင်သည်။ သတ္တမအဆင့် သူတော်စင်သခင် အတားအဆီး ထိရန် ပြဿနာ မရှိနိုင်ချေ။

“ ရှန့်ကွမ်ကြွယ် ... ကျေးဇူးတင်ပါတယ် ဟား ဟား ဟား ... ။ ”

***

All Chapters