သူပဲ ... ။
Vol. 169 Ch. 2362
ဤသင်းထောက် နှစ်ဦးသည် သူတော်စင် ဘုရင် နယ်ပယ် အထွတ်အထိပ်တွင် ရှိနေကြပြီး မဟာ သူတော်စင် ဖြစ်ရန် နီးကပ်နေပြီ ဖြစ်၏။
တံဆိပ်ပေါက်ကွဲမှုကြောင့် ဒဏ်ရာများ မရရှိသော်လည်း ထိတ်လန့်မှုကို ဖုံးကွယ်မရ သေးချေ။
သန်မာသော သင်းထောက်က သက်ပြင်းချလျက်၊
“ ငါတို့ သွားကြည့်ပြီး ... သတိပေးသင့် တယ်လို့ မင်းကို ငါပြောတယ် မဟုတ်လား ... သူက နတ်အစောင့်တွေကိုတောင် ဆွဲဆောင်နိုင်တဲ့ ဓားသမားပဲ။ ”
-ဟု ညည်းတွား လိုက်သည်။
ပိန်ပိန်ပါးပါး သင်းထောက်က တုန့်ပြန် စကားမဆိုဘဲ မျက်နှာ မည်းမှောင် နေခဲ့သည်။ အဆုံးတွင် သက်ပြင်း ချလိုက်၏။
အစီရင်သည် ခိုင်မာသည်ဟု ယူဆထားသည်။ လက်ရှိ ပေါက်ကွဲမှုမှာ အခြား လျှို့ဝှက်နယ်မြေများ အပေါ် သက်ရောက်မှု မရှိချေ။
သို့သော် တစ်ဖက်တွင် လူတစ်ဦးသည် အစီရင် အလယ်တွင် ရပ်ကာ ပဟေဋ္ဌိဆန်သည့် အသွင်အပြင်ဖြင့် ကြည့်နေခဲ့၏။
“ ဘာတွေ ဖြစ်နေတာလဲ ... ငါက လျှို့ဝှက်နယ်မြေမှာ မဟုတ်ဘူးလား။ ”
ထိုအချိန်တွင် အစီရင် ပြိုကျသွားသဖြင့် လင်းယွန်က မျက်မှောင်ကြုတ်မိ၏။ အုပ်စိုးရှင် နက္ခတ်ကို ဆင့်ခေါ်ရုံသာ ရှိသေးသည်။
“ မင်း ဘာလုပ်ခဲ့လဲ သိလား။ ”
ရုတ်တရက် သင်းထောက် နှစ်ယောက် ရောက်လာပြီး ပိန်ပိန်ပါးပါး သင်းထောက်က မေးသည်။ သန်မာသော သင်းထောက်က ဖော်ရွေသည့် အပြုံးမျိုးဖြင့်၊
“ ဧကရာဇ် အဆင့် ကျွမ်းကျင်သူတွေက ဒီအစီရင်ကို တည်ဆောက် ပေးထားတာ အခု မင်းက ဖျက်ဆီးမိသွားပြီ။ ”
-ဟု ရှင်းပြလာ၏။
“ နာမည်ဘယ်လို ခေါ်ရမလဲ။ ”
လင်းယွန်က အသိ ပြန်ဝင်လာသည်။ ထို့ကြောင့် ယဉ်ကျေးစွာ ဆက်ဆံရန် ကြိုးစား လိုက်တော့၏။
“ ငါ့နာမည်က ယဲ့လင်ရှင်း ... သူက ရွှေမျက်ဝန်း သူတော်စင်ဘုရင် ... ။ ”
သန်မာသော သင်းထောက်က သူနှင့် သူ့အဖော်ကို အပြုံးဖြင့် မိတ်ဆက်ပေးလာ လေသည်။ အတော်ပင် ဖော်ရွေ၏။
“ မင်း ... ဒါကို တမင် လုပ်လိုက်တာလား။ ”
ရွှေမျက်ဝန်း သူတော်စင် ဘုရင်က အေးစက်စွာ မေးသည်။
“ ဟမ့် ... မင်းရဲ့ ကျော်ကြားမှုကို တိုးမြှင့်ဖို့အတွက် ... ငါတို့ရဲ့ အစီရင်ကို အသုံးချ နေတာလား။ ”
လင်းယွန်က ခေါင်းယမ်းလျက်၊
“ ရွှေမျက်ဝန်း သူတော်စင် ဘုရင် ... မင်းပြောတာကို ငါ နားမလည်ပါဘူး။ ”
-ဟု ပြန်မေးလိုက်သည်။
“ ငါမှားသွားလား ... မင်း ကျောက်စိမ်း တံဆိပ်ကို ဖျက်ဆီးခြင်းက ငါတို့အပေါ် ဘယ်လို ဒုက္ခရောက်စေလဲ မင်းသိလား။ ”
“ ဟား ဟား ဟား ... ရွှေမျက်ဝန်း သူတော်စင်ဘုရင် စိတ်အေးအေးထားပါ၊ ဒါကို ငါ ကိုင်တွယ်လိုက်ပါ့မယ်။ ”
ယဲ့လင်ရှင်းက လှမ်းထွက်လာပြီး၊
“ ပန်းသင်္ချိုင်း ... ငါတို့ တစ်နေရာမှာ စကားနည်းနည်းလောက် ပြောကြရအောင်။ ”
-ဟု ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်၏။
လင်းယွန်က ခေါင်းညိတ်ပြပြီး လိုက်ပါလာခဲ့သည်။
“ ကျောက်စိမ်း တံဆိပ်ကို ... ဖျက်ဆီး မိခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး ... ဒါကို ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး ... ထိုက်သင့်တဲ့ အကျိုးဆက်ကို ခံယူပါ့မယ်။ ”
လင်းယွန်က တောင်းပန်၏။ ယဲ့လင်ရှင်းက ဝှေ့ယမ်းလိုက်ပြီး၊
“ တော်ဝင် ကောင်းကင် သခင်က မင်အတွက် တော်တော်လေး မျှော်လင့်နေတယ် ဒါက အသေးအဖွဲပါ စိတ်ထဲမထားနဲ့။ ”
“ ဒါပေမယ့် အဲဒီသင်းထောက် ... ။ ”
“ ဟား ဟား ဟား ... ဟုတ်တယ် ... မင်းရဲ့သတင်းကြောင့် ကျင့်ကြံနေတဲ့ အချိန်မှာ ကောင်းကင်ဘုံ သူတော်စင်တောင်ကို လူတွေ အများကြီး ရောက်လာတယ် ...
... ထာဝရ မြင့်မြတ်မြေ၊ ရှေးဟောင်း မြင့်မြတ်၊ နတ်ဘုရား မျိုးနွယ်၊ သားရဲမျိုးနွယ်နဲ့ နဂါးအဆင့် ပါရမီရှင်တွေ ... သူတို့ကြောင့် ရွှေမျက်ဝန်း သူတော်စင် ဘုရင်နဲ့ ငါက အလုပ်ရှုပ်ခဲ့ရတယ်။ ”
“ ဒီလို ဖြစ်သွားတာလား။ ”
“ လူတိုင်းက ပေါ်လွင်ချင်ကြတယ် မဟုတ်လား ကောင်းကင်တံခါးရဲ့ ရွေးချယ်ခြင်း မခံရရင် တောင်မှ သူတို့အတွက် ဂုဏ်သတင်း ရစေမယ် အခွင့်အရေးပဲ ...
... ပြီးတော့ လူတိုင်းက ဉာဏ်ကြီးရှင်တွေ ဖြစ်လို့ ... နာမည်ကြီးလာတဲ့ မင်းရဲ့ ကံကြမ္မာကို ရယူလို ကြတယ်။ ”
“ ..... ။ ”
“ ကံကြမ္မာကို မမြင်နိုင်ပေမယ့် ... သူ ရှိတယ်ဆိုတာ ငါတို့အားလုံးသိတယ် ဒီအတွက် နည်းလမ်းပေါင်းစုံနဲ့ ငါတို့က ရယူနေကြတယ် မဟုတ်လား။ ”
ကံကြမ္မာနှင့် အကျိုးတရား အကြောင်းကို သိသော်လည်း အချက်အလက် အကြောင်းအရာ များစွာ မရှိသောကြောင့် လင်းယွန်က နားထောင် နေမိ၏။
“ ငါ့သူငယ်ချင်းတွေ ထွက်သွားပြီလား။ ”
ထို့နောက် လင်းယွန်က မေးလိုက်သည်။
“ မသွားသေးဘူး ... တတိယအဆင့်ကို ဆယ်ရက်နေရင် ကျင်းပလိမ့်မယ် အချိန်ကျရင် အားလုံးကို သတိပေးမှာပါ။ ”
“ အဲဒါ အရမ်း ကောင်းတယ်။ ”
စကားစမြည် ပြောလျက်မှ ပြင်ပ၌ ဖြစ်ပေါ်နေသော အကြောင်းအရာများကို လင်းယွန် သိရှိလာသည်။
ဒုတိယ အဆင့်တွင် လူများစွာ ကျရှုံးခဲ့ ကြသည်။ ထို့ကြောင့် ဖြစ်စဉ် တစ်သောင်းကို ရှာနိုင်သော လင်းယွန်အပေါ် စိတ်ဝင်စား လာခြင်း ဖြစ်၏။
“ ကောင်းပြီ ... အခု မင်းကို လျှို့ဝှက်နယ်မြေထဲ ထပ်ဝင်ဖို့ ခွင့်မပြုနိုင် တော့ဘူး ... ဒီမှာပဲ ကျင့်ကြံပါ။ ”
အောင်မြင်မှုတစ်ခု ရရှိလာပြီးနောက် အုပ်စိုးရှင် နတ်က္ခတ်မှာ အားကောင်းလာသဖြင့် လင်းယွန်က တိတ်ဆိတ်သွားသည်။
၎င်းကို စမ်းသပ်ရန် အခွင့်အရေး မရှိတော့ချေ။ မီးတောက် ယင်ယန် ပန်းချီကား အပေါ် ကနဦး အောင်မြင်သာ ရရှိခဲ့သည်။
ဓားရည်ရွယ်ချက် သည်လည်း ကနဦး ကျွမ်းကျင်မှုထံ မရောက်သေးချေ။ အခွင့်အရေး တစ်ခု လိုနေသေး၏။
ဆယ်ရက်အကြာတွင် လူတိုင်း လျှို့ဝှက် နယ်မြေများမှ ထွက်လာ၏။ အောင်းကြွယ်နှင့် ရှန်းထျန်းနန်က လင်းယွန်ကို စစ်ဆေးသည်။
“ ဂုဏ်ယူပါတယ် လင်းယွန်။ ”
နှစ်ယောက်သား နှုတ်ဆက် လိုက်သည်။ လင်းယွန်က ခေါင်းညိတ်ပြီး ကျိကျစ်ရှီထံ ကြည့် လေသည်။
သတ္တမအဆင့် သူတော်စင် သခင် ဖြစ်လာကြောင်းကို အံ့သြစွာ တွေ့ရှိ လိုက်၏။ သူက “ မင်းလည်း အောင်မြင်မှု တစ်ခု လုပ်နိုင်ခဲ့တာလား” -ဟု မေးမိသည်။
“ ဟီးဟီး ... ငါ ကံကောင်းသွားတယ်။ ”
ကျိကျစ်ရှီက ပြန်ဖြေသည်။
“ ဒါနဲ့ ... လျှို့ဝှက်နယ်မြေကို တစ်စုံတစ်ယောက်က ဖျက်ဆီးပစ်တယ်လို့ ကြားတယ် ... မင်း ဘာလုပ်လိုက်တာလဲ။ ”
အောင်းကြွယ်က လင်းယွန်ကို ရယ်မောလိုသော အကြည့်ဖြင့် ကြည့်ကာ မေးသည်။
“ ငါ့ကြောင့် ဖြစ်နိုင်တယ် ... အစတည်းက လျှို့ဝှက်နယ်မြေက မတည်ငြိမ်ဘူး။ ”
ရုတ်တရက် လင်းကျန်းရှန့်က ဝင်ပြော၏။ လင်းယွန်တွင် လျှို့ဝှက်ချက်များ ရှိေနကြောင်း သူမ သိထားပြီး ကူညီပေးခြင်း ပေပင်။
ထို့နောက် စကားပြတ်သွားပြီး လူတိုင်း ကောင်းကင်ဘုံ သူတော်စင် တောင်သို့ ထပ်မံ တက်ရောက် ခဲ့ကြသည်။
ဤသည်မှာ နောက်ဆုံးအဆင့် ဖြစ်ပြီး တတိယအဆင့်ထံ တိုက်ရိုက်ဝင်ခွင့်ရထားသည့် ပါရမီရှင်များလည်း ထွက်ပေါ်လာမည် ဖြစ်၏။
ဆိုလိုသည်မှာ ၎င်းတို့သည် ကောင်းကင်ဘုံ ပျက်စီးခြင်း ဘိုးဘေး နတ်ဘုရား၏ တပည့်များ ဖြစ်ရန် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။
“ လူတွေ အများကြီးပဲ။ ”
တောင်တက်လမ်း တစ်လျှောက် စည်ကားသိုက်မြိုက်နေသော လူအများကြောင့် လင်းယွန်က အံ့အားသင့်သွားသည်၊
“ ဒါက မယုံနိုင်စရာပဲ ... အရင်ကထက် လူတွေ ပိုများလာတယ်။ ”
ရှန်းထျန်းနန်က ပြောသည်။
“ ငါတို့ ကျင့်ကြံနေတုန်း လူတိုင်း ဒီကို ရောက်လာကြပုံပဲ ... ဒါကြောင့် အရင်ကထက် လူပိုများနေတာ။ ”
စမ်းသပ်မှုသည် မကြာမီ ပြီးဆုံးတော့မည် ဖြစ်သောကြောင့် လူတိုင်းက နောက်ဆုံးတိုက်ပွဲ အပေါ် စိတ်ဝင်စားစွာ လာကြည့်ကြခြင်း ဖြစ်သည်။
များမကြာခင် ဒုတိယအဆင့် ကျင်းပရာ တောင်ခါးပန်းသို့ ရောက်ရှိလာခဲ့၏။ နဂါးပြာ နတ်ဆေးအိုး မရှိတော့သဖြင့် လင်းယွန်က စိုးထိတ်သွားသည်။
“ နဂါးပြာ နတ်ဆေးအိုး ဘယ်ရောက် သွားတာလဲ။ ”
“ တောင်ထိပ်မှာ ရှိမှာပေါ့ ... ဒုတိယအဆင့်က ပြီးသွားပြီဆိုတော့ ဘာလို့ ဒီမှာ ဆက်ထားရမှာလဲ။ ”
လင်းယွန်ဘေးမှ တစ်စုံတစ်ယောက်က လှောင်ပြုံးဖြင့် ပြန်ဖြေသည်။ သို့မှသာ စိတ် သက်သာရာ ရသွား၏။
တောင်ထိပ်တွင် ဘုံဗိမာန်များစွာ ရှိပြီး ကျယ်ပြောလှသော စင်မြင့်များလည်း ရှိသည်။ အထူးဧည့်သည်များ အတွက် တိမ်တိုက်များ အတွင်း၌ နန်းတော်အချို့ပင် ရှိနေ၏။
အလယ်ဗဟိုတွင် ရှေးခေတ် ကျောက်ဖြူတိုင်များဖြင့် ဆောင်လုပ်ထားသော ပြိုင်ပွဲစင်မြင့်ကြီးတစ်ခု ရှိသည်။
ရင်ပြင်အနှံ့ အပြာရောင် ကျောက်ပြားများ ခင်းထားပြီး အလင်းရောင် ဖျော့ဖျော့ ထွက်ပေါ် နေ၏။ အစီရင် ခင်းထားခြင်း ဖြစ်သည်။
ဤနေရာ၌ ဒုတိယ အဆင့်ကို ဖြတ်ကျော်လာနိုင်သည့် လူထောင်ပေါင်းများစွာ စုရုံးနေသည်။
ကျရှုံးသူများမှာ ပြင်ပ ပွဲကြည့်စဉ်များတွင် နေရာယူကြ၏။ တိမ်ပေါ်ရှိ ဗိမာန်များ အပေါ်၌ တောက်ပသော လူအချို့လည်း ရှိနေသည်။
တရားဝင် ပြိုင်ပွဲဝင်မည့် လူများမှာ ထောင်ဂဏန်းသာရှိ၏။ ၎င်းတို့အနက် (၁၀) ဦး ကိုသာ ရွေးပေမည်။
“ အရိပ် နတ်ဘုရား နန်းတော်လည်း ရောက်နေပြီ။ ”
အောင်းကြွယ်က လင်းယွန် အနားကပ်ကာ ပြောကြားလိုက်၏။ လင်းယွန် မိတ်ဆေွဟောင်း ရှန့်ကွမ်ကြွယ်က အဖွဲ့၌ ထင်ရှားချေပြီ။
သို့သော် ဤတစ်ကြိမ်တွင် သူသည် ဇာတ်ကောင် မဟုတ်တော့ဘဲ ထူးခြားသော လူငယ်တစ်ယောက်က သူ့ထက် တောက်ပ နေခဲ့၏။
ထိုလူငယ်သည် အရိပ် နတ်ဘုရား နန်းတော်၏ တပည့်ကြီး ကောင်းကင် စာအုပ် ဖြစ်ချေပြီ။
ပထမအဆင့် ကျောက်တိုင်တွင် ရွှေရောင်အလင်းတန်း (၁၈)ခုကို ထုတ်လွှတ်ပြီး မီးလျှံမူလ ဆေးပြား (၉)ပြား ရရှိထား၏။
ဒုတိယ အဆင့်တွင် ဖြစ်စဉ်ကိုးရာကို နားလည် သဘောပေါက် လာကာ နတ်ဘုရား အစောင့်များပင် အာရုံစိုက်ထားရသည်။
လင်းယွန်က သူ့ကိုကြည့်သောအခါ သူသည်လည်း လင်းယွန်ထံ ကြည့်လာခဲ့၏။
“ သူပဲ ... ။ ”
ရှန့်ကွမ်ကြွယ်က လင်းယွန်ထံ လှမ်းကြည့်ကာ ကောင်းကင်စာအုပ်ကို နှုတ်ခမ်း လှုပ်ရုံ သတင်းပေး လိုက်တော့သည်။
***