← Chapters

ဝိညာဉ်နတ်မိစ္ဆာ မျိုးနွယ်စု သင်္ချိုင်း။

Vol. 169 Ch. 2364

ဝိညာဉ်နတ်မိစ္ဆာ မျိုးနွယ်စု သင်္ချိုင်း။

Vol. 169 Ch. 2364

ကောင်းကင်ဓား ခန်းမတွင် ရာနှင့်ချီသော အကိုင်းအခက်များ ရှိသည်။ လေထဲတွင် ရတနာ ဓား(၁၃)လက်ကဲ့သို့ လူငယ်(၁၃)ယောက်ကို မြင်လိုက်ရ၏။

ထူးထူးခြားခြား အသွင်အပြင်ကြောင့် လူတိုင်း၏ အကြည့်များချက်ခြင်း ရောက်ရှိသွား လေသည်။

အဖြူရောင် တာအို ဝတ်ရုံကို ခရမ်းရောင် ချည်မျှဉ်များဖြင့် အနားကွပ်ထားပြီး သေသပ်လှ ချေ၏။

မျက်လုံးများတွင် ရွှေရောင် အလင်းများ တောက်ပနေပြီး နတ်အလင်းဓား ရည်ရွယ်ချက် ဆုပ်ကိုင်ထားသည်ကို မြင်သာစေ၏။

မည်သူမဆို ၎င်းတို့နှင့် သာမန် ဓားသမားများကြား ခြားနားချက်ကို ပြောပြနိုင် လေသည်။

ကောင်းကင်ဘုံ လွင်ပြင်၌ နတ်အလင်းဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင်ထားသူ အများအပြား မရှိသော်လည်း ဤလူ (၁၃)ယောက်လုံးက နားလည်ထားသည်။

၎င်းတို့အနက် ထူးထူးခြားခြား စိတ်နေစိတ်ထားကို ပေါ်လွင်စေသော လူငယ် တစ်ယောက် ရှိနေ၏။

“ အဲဒီလူက ကောင်းကင်ဓားခန်းမရဲ့ တပည့်ကြီး ကျန်းဇီဟွာပဲ ... သူတို့ အားလုံးက နတ်ဘုရား တပည့်တွေ ဖြစ်ပြီး ... စမ်းသပ်မှု အဆင့် နှစ်ဆင့်ကို ကင်းလွတ်ခွင့်ရကြတယ်။ ”

“ ကျန်းဇီဟွာကို မျိုးဆက်သစ်တွေထဲမှာ အသန်မာဆုံး ဓားသမားလို့ မင်းယူဆ နေလား ဒါဆို ... ပန်းသင်္ချိုင်းကို ထည့်မထွက်ရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်။ ”

“ လင်းယွန်လား ... သူက ကျန်းဇီဟွာကို ပြိုင်နိုင်မယ် ထင်လား ကောင်းကင်စာအုပ်ကိုပဲ အရင် ဖြေရှင်းပါစေဦး။ ”

ပတ်ဝန်းကျင်မှ လူအများက လင်းယွန်နှင့် ကျန်းဇီဟွာကို နှိုင်းယှဉ်သံများ ထွက်ပေါ်လာ လေသည်။

“ အစ်ကိုကျန်း ... မတွေ့တာ ကြာပြီနော်။ ”

“ ခေါင်းဆောင်ကျန်းကို နှုတ်ဆက်ပါတယ်။ ”

ကျန်းဇီဟွာကို နှုတ်ဆက်ရန် လူငယ် အများအပြား လှမ်းထွက်လာ ကြလေသည်။ ကောင်းကင် စာအုပ်ပင် အပြုံးဖြင့် ချည်းကပ် လာခဲ့၏။

“ အစ်ကိုကျန်း ... မင်းရဲ့ ဓားရည်ရွယ်ချက်က တိုးတက်လာပုံပဲ။ ”

ကျန်းဇီဟွာက ပြုံးပြီး ခေါင်းညိတ် လိုက်သည်။ ကောင်းကင်စာအုပ်သည် မဟာ နေမင်းတာအိုကို ဆုပ်ကိုင်ထားသဖြင့် ပျော့ညံ့သူ မဟုတ်ကြောင်း သူ သိ၏။

“ မင်းက ... ဒီကို အရင်ရောက်နေတာ ဆိုတော့ မင်းအာရုံကို ဖမ်းစားနိုင်တဲ့ လူတွေ ရှိနေပြီလား ... ငါ့ကို ပြောပြပါဦး။ ”

ကောင်းကင် ပျက်စီးခြင်း ဧည့်ခံပွဲအတွက် ခွဲတမ်း ဆယ်ခုသာရှိပြီး ကောင်းကင်ဓားခန်းမမှ ပထမဆုံး ရောက်လာခြင်းက လူတိုင်းကို အာရုံစိုက်မိစေသည်။

သို့သော် အရိပ် နတ်ဘုရား နန်းတော်သည် သူတို့ထက် ကြို၍ ရောက်ရှိနေ၏။ ကောင်းကင် စာအုပ်က ပြုံးပြီး၊

“ ဒီမှာ လူတွေ အများကြီးရှိတယ် ... ဒါပေမယ့် သုံးယောက်ပဲ မင်းရဲ့ အာရုံစိုက်မှုကို ခံထိုက်ပါတယ် ... သူတို့က တာအိုဂိုဏ်းရဲ့ ချင်းယွင်နဲ့ ထုံပါ့ဟုန်ပဲ။ ”

“ ဟမ့် ... မိတ်ဆွေဟောင်းတွေပဲ။ ”

ကျန်းဇီဟွာက ပြုံးကာ အသိအမှတ်ပြု၏။ တာအိုဂိုဏ်း၏ ချင်ယွင်သည် နဂါးသတ်အဆင့် အဆင့်နှစ်ဆယ် ဖြစ်သည်။

ထိုဂိုဏ်း၏ အခြေခံအုတ်မြစ်သည် ဘိုးဘေးအဆင့် ကျွမ်းကျင်သူ ပိုင်ဆိုင်သော ကောင်းကင်တံခါးထက် အားနည်းသည် မဟုတ်ချေ။

သို့သော် ဘိုးဘေးအဆင့် နတ်ဘုရား တစ်ပါး၏ တပည့်ဖြစ်ရန် များစွာ ခက်ခဲသဖြင့် ကောင်းကင်လွင်ပြင်သို့ လာရောက် ကံစမ်းခြင်း ဖြစ်သည်။

ဘိုးဘေး နတ်ဘုရား တစ်ပါး၏ တပည့်ဖြစ်ခြင်းသည် သန့်ရှင်းသော သားတော် ဖြစ်ခြင်းထက် သာ၍ကောင်း၏။

“ သူတို့ ဒီမှာ ရှိနေရတာ သဘာဝပါပဲ ... ချင်းယွင်က မွေးရာပါတာအို ရုပ်ခန္ဓာ ပိုင်ဆိုင်ပြီး ထုံပါ့ဟုန်က ရှေးဦးသားရဲ အသွေးအသား ...

... ရှိတယ် ... သူတို့ ဒီကို မလာရင်သာ ထူးဆန်းလိမ့်မယ် ဒါနဲ့ တတိယ လူကို မပြော ရသေးဘူးနော်။ ”

ကျန်းဇီဟွာက မေးသည်။

“ တတိယလူကို ... မင်းမသိဘူးလို့ ငါပြောရဲတယ် ... သူက ခွန်လွန်ရဲ့ ပန်းသင်္ချိုင်းပဲ ... လင်းယွန်လို့လည်း ခေါ်တယ်။ ”

ကောင်းကင် စာအုပ်က ပြန်ဖြေ၏။

“ သူ့အကြောင်းကို ... အရင်က မသိခဲ့ကြပေမယ့် ဒုတိယအဆင့်မှာ ဖြစ်စဉ် တစ်သောင်း ရှာတွေ့ခဲ့လို့ ... အခုဆို လူတိုင်း သိနေကြပါပြီ။ ”

ထိုစကားကို ကြားသော အခါတွင် ကျန်းဇီဟွာ၏ မျက်ဝန်းများ မှေးစင်းသွား၏။ သူသည် အခြား လူများနှင့်မတူဘဲ ခွန်လွန်နှင့် ကောင်းကင်ဓား ခန်းမကြား ပတ်သတ်မှု အနည်းငယ်ကို သိရှိထားသည်။

ခွန်လွန်သည် အရိုင်းနယ်မြေ မဟုတ်ချေ။ ၎င်း၏ အထွတ်အထိပ် အချိန်များ၌ အုပ်စိုးရှင် နယ်မြေအဆင့် တက်လှမ်းနိုင်ခဲ့သည်။

“ အဲဒီလူလား။ ”

ကျန်းဇီဟွာက သူ့ဓားဖြင့် အာရုံခံခြင်း မပြုဘဲ လင်းယွန်ထံ တည့်တည့် စိုက်ကြည့်မိ လေသည်။ ဓားသမား အချင်းချင်း မြင်ရုံဖြင့် သိချေ၏။

“ ဟုတ်တယ် ... သူ့မှာ တောက်ပသော ရောင်ခြည်တော်ဓား ရှိတယ် ... နောက်တစ်ဆင့် တက်ဖို့ သိပ်မလိုတော့ဘူး ... မကြာသေးမီကမှ သတ္တမအဆင့် သူတော်စင်သခင် အဆင့်ကို ချိုးဖြတ်ထားတယ်။ ”

ဆိုလိုသည်မှာ ဆဋ္ဌမအဆင့် သူတော်စင်သခင် နယ်ပယ်ဖြင့် အမည်ခံ တောက်ပသော ရောင်ခြည်တော်ဓားကို ကျွမ်းကျင်နေသည်ဟု အဓိပ္ပါယ်ရ၏။

“ တကယ့် ဉာဏ်ကြီးရှင်ပဲ ... ဟမ့် ဘာဖြစ်တာလဲ ... ။ ”

ကျန်းဇီဟွာက ရုတ်တရက် အံ့ဩသွားဟန်ဖြင့် လင်းကျန်းရှန့်ထံ အကြည့် ရောက်သွားတော့၏။

“ ခေါင်းဆောင် ... အဲဒါ လင်းကျန်းရှန့်ပဲ။ ”

“ ဌာနချုပ်ကို ... သူ ရောက်စတုန်းက တပည့်အဖြစ် ခေါ်ဆောင်လိုတဲ့ နတ်ဘုရားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာ သတိရမိ ပါသေးတယ်။ ”

“ သန့်ရှင်းသော သမီးတော် ... ရာထူးအတွက် သူမက အရည်အချင်း ရှိကြောင်း ကောလဟာလတွေတောင် ကြားမိတယ်။ ”

“ နေပါဦး သူက ဘာလို့ အပြင်လူ တစ်ယောက်အနားမှာ ရပ်နေတာလဲ ... ငါတို့ကို လာနှုတ်ဆက်သင့်တယ် မဟုတ်လား။ ”

ကောင်းကင်ဓားခန်းမ၏ တပည့်များက လင်းကျန်းရှန့်ကို သတိထားမိသွားပြီး ဝေဖန် လိုက်ကြသည်။

“ အရမ်း ကောင်းတယ်။ ”

ကျန်းဇီဟွာက ပြုံးလိုက်သည်။ လင်းကျန်းရှန့်တစ်ယောက် ဌာနချုပ် ရောက်စဉ် အချိန်က နတ်ဘုရားများစွာ သူမအပေါ် အာရုံစိုက်ခဲ့၏။

သူမသာ ဆက်နေပါက ဌာနချုပ်၏ တပည့်ကြီးရာထူးအတွက် ယှဉ်ပြိုင်နိုင်ပေမည်။ သည့်နောက် သန့်ရှင်းသော သမီးတော် ဖြစ်လာနိုင်၏။

သို့သော် ဤအမျိုးသမီးသည် နတ်ဘုရားတိုင်းကို ငြင်းပယ်ပြီး ကောင်းကင် ဓားခန်းမရှိ မျိုးနွယ်စုများ အားလုံးအပေါ် စော်ကားခဲ့သည်။

ထိုအချိန်က သူမနှင့် နီးစပ်ရန် ကြိုးစားမိသော်လည်း ငြင်းပယ်ခံခဲ့ရသည်ကို မှတ်မိနေသေးသည်။

ယခု သူသည် တပည့်ကြီး ဖြစ်နေချေပြီ။ သူမအတွက်မူ ဌာနခွဲတစ်ခုသို့ ရွေ့ပြောင်းသွား ရ၏။ သူတို့ကြား ကွာဟချက်များသည် ကောင်းကင်နှင့် မြေကြီး ကဲ့သို့ ပေပင်။

“ အစ်ကိုကျန်း ... ဘာဖြစ်တာလဲ မင်းအသိအကျွမ်း တစ်ယောက်ကို တွေ့လိုက် တာလား။ ”

ကောင်းကင်စာအုပ်က သူ့မျက်နှာ အပြောင်းအလဲကြောင့် စူးစမ်းလိုက်လေသည်။

“ ထင်ရတာပဲ ... ။ ”

ကျန်းဇီဟွာက မတင်မကျ ဖြေ၏။ လင်းယွန်နှင့် လင်းကျန်းရှန့်ထံမှ အကြည့်ကို ရွေ့လိုက်ပြီး၊

“ ခွန်လွန် နယ်မြေက ... တစ်စုံတစ်ယောက်ရဲ့ အစေခံ ဖြစ်လာ လိမ့်မယ်လို့ မထင်ထားဘူး။ ”

-ဟု ညည်းတွားလိုက်၏။

“ ခေါင်းဆောင် ... ငါတို့ သူ့ကို လာခိုင်းသင့်လား ... အနည်းဆုံးတော့ သူက ဌာနခွဲရဲ့ တပည့်ကြီးပဲ အခုလို နှုတ်ဆက်ခြင်း မပြုတာက ရိုင်းလွန်းတယ်။ ”

ကောင်းကင်ဓားခန်းမ၏ တပည့်ငယ် တစ်ဦးက မကျေမနပ်နှင့် ပြောကြားလာ၏။

“ နေပါစေ ... မကြာခင် သူ နောင်တရ လိမ့်မယ်။ ”

နေမွန်းတည့်ချိန် ရောက်သောအခါ၊ နဂါးသတ်အဆင့်၏ ထိပ်တန်း ပါရမီရှင်ဆယ်ဦး အပါအဝင် လူတိုင်း ရောက်ရှိခဲ့သည်။

ချင်းယွင်နှင့် ထုံပါ့ဟုန်လည်း ရောက်ရှိ လာတော့၏။ ၎င်းတို့၏ အသွင်အပြင်များသည် လူတိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

ခဏအကြာတွင် ကြီးမားသော ဆေးအိုးကြီးတစ်လုံးကို စီးနင်းလျက် တော်ဝင် ကောင်းကင်သခင် ဆင်းသက်လာ၏။

“ နောက်ဆုံးတော့ မင်းရောက်ပြီ … ။ ”

လင်းယွန်က နတ်ဆေးအိုးကို မြင်ရသောအခါ စိတ်သက်သာရာ ရသွားလေ သည်။

“ အချိန်ကျပြီ တတိယအဆင့်ကို ကြေငြာမယ်။ ”

တော်ဝင်ကောင်းကင် သခင်က ပြောကြားလိုက်၏။

“ ဒီအဆင့်အတွက် စည်းမျဉ်းတွေက ရိုးရှင်းပါတယ် ... မင်းတို့ကို ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်ရဲ့ သင်္ချိုင်းဆီ ငါပို့ပေးမယ် ... သင်္ချိုင်းမှာ ခေါင်းတလားတွေထဲကနေ ဝိညာဉ် အမြုတေတွေကို ရယူပါ၊ ...

... ဝိညာဉ် အမြုတေ ဆယ်ခုက ဘိုးဘေး နတ်ဘုရားရဲ့ အဆုံးအမကို နားထောင်ခွင့်ရမယ် တစ်ရာဆိုရင် ဧည့်ခံပွဲ တက်ခွင့်ရမယ် ...

... ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ တစ်ကောင်ကို ... သတ်နိုင်ရင် မင်းတို့ ချက်ချင်း ထွက်လာခဲ့ ... ဒါက ဧည့်ခံပွဲကို တိုက်ရိုက် တက်ခွင့်ရပြီ။ ”

ဝိညာဉ် အမြုတေ ဟူသည် ၎င်းတို့၏ နဖူးပေါ်ရှိ တတိယ မျက်လုံးဖြစ်ပြီး သူတော်စင် တာအိုများ ပါရှိသည့် ရတနာ ဖြစ်၏။

သို့သော် ယင်းသည် မည်မျှ အန္တရာယ်များသည်ကို သူတို့ ကောင်းကောင်း သိထားသည်။

ဤသည်မှာ စစ်မြေပြင် တစ်ခု ဖြစ်ချေပြီ။ သတိမပြုပါက အသက်ဆုံးရှုံးသွားမည် ဖြစ်၏။ ပြီးခဲ့သော စမ်းသပ်မှု နှစ်ခုအတွင်း အသက်ကို မယူရန် တားမြစ်ထားသည်။

ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်သည် မည်မျှ ကြောက်စရာ ကောင်းသည်ကို လင်းယွန်သိ၏။ ခွန်လွန်၏ ကောင်းကင်လမ်းကို မပြုပြင်နိုင်ခဲ့ သည်မှာ ၎င်းတို့အပေါ် ကြောက်၍ ဖြစ်သည်။

“ မင်းတို့ကို တံဆိပ် တစ်ခုပေးမယ် တံဆိပ်ကို အသက် သွင်းလိုက်တာနဲ့ ချက်ချင်း ပြင်ပကို ပို့ဆောင်ပေးလိမ့်မယ် ... ဒါပေမယ့် အန္တရာယ်များနေတုန်းပဲ ... ဒါကြောင့် စဉ်းစားဖို့ အချိန်ပေးမယ်။ ”

တော်ဝင် ကောင်းကင် သခင်က လူတိုင်းအတွက် လေးလေးနက်နက် စဉ်းစားရန် အချိန်တစ်ခု ပေးလာ၏။

ကျိကျစ်ရှီက ရှန်းထျန်းနန်ဘက် လှည့်ကာ၊

“ ဘယ်လိုထင်လဲ။ ”

-ဟု မေးလိုက်သည်။

သူတို့အဖွဲ့တွင် ရှန်းထျန်းနန်သည် ခေါင်းတလားများ အပေါ် နားလည်မှု ကြီးမား ချေပြီ။ အချိန်ပြည့် သင်္ချိုင်းဖောက်ရန် ကြံနေပြီး သူနှင့်အတူ ခေါင်းတလားများလည်း ယူဆောင် လာ၏။ ဆိုလိုသည်မှာ ၎င်းကို အကာအကွယ် အဖြစ် အားကိုးနိုင်သည်။

“ နတ်ဘုရားတွေရဲ့ ခေါင်းတလားကို သိမ်းယူဖို့တောင် သတ္တိရှိပေမယ့် ... ဒါကတော့ မတူနိုင်ဘူး။ ”

ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်စုသည် အမှန်တကယ် သေဆုံးခြင်း မဟုတ်ဘဲ သင်္ချိုင်း အတွင်း၌ အိပ်နေကြခြင်း ဖြစ်သည်။

“ ဝိညာဉ်အမြုတေ တစ်ရာ ရဖို့က အရမ်းခက်ခဲတဲ့အတွက် အတင်းအကြပ် မလုပ် ကြပါနဲ့ ... ပြီးတော့ ငါတို့ဆီက လုယက်လာမဲ့ ပြိုင်ဘက်တွေကိုလည်း ထည့်တွက်ရမယ်။ ”

လင်းယွန်က သတိပေး လိုက်သည်။ ဤစမ်းသပ်မှုသည် ပြိုင်ဆိုင်မှုအပေါ် တိုးမြှင့် လိုက်ခြင်း ဖြစ်ချေပြီ။

***

All Chapters