← Chapters

ထူးဆန်းသော သစ်တော။

Vol. 169 Ch. 2365

ထူးဆန်းသော သစ်တော။

Vol. 169 Ch. 2365

တော်ဝင် ကောင်းကင် သခင်က တစ်ကိုတစ်ဦး လုယက်ခြင်းကို တားမြစ်ခြင်း မရှိချေ။

ထို့ကြောင့် လူတိုင်းသည် နတ်ဆိုးများသာမက လူသားများနှင့်လည်း ရင်ဆိုင်ရပေမည်။

“ လင်းယွန် ... ဘယ်လိုထင်လဲ။ ”

လင်းကျန်းရှန့်က လှည့်ကြည့်ကာ မေးလိုက်သည်။ ဤအဖွဲ့တွင် လင်းယွန်သည် ခေါင်းဆောင် ဖြစ်ပြီး သူ့ထင်မြင်ချက်မှာ အရေးပါ၏။

“ အောင်းကြွယ် ပြောတာကို သဘောတူတယ် ဒါပေမယ့် ... ငါတို့ သိပြီးသား ဖြစ်လို့ အကောင်းဆုံး လုပ်ရအောင် ... အားလုံး ငါ့နောက်လိုက်ခဲ့ ... မျက်ချေ မပြတ်စေနဲ့ ။ ”

“ ငါရောလား ... ။ ”

အောင်းကြွယ်က အံ့သြသွား လေသည်။ သူသည် ရှန်းထျန်းနန်နှင့် မတူချေ။ လင်းယွန် အပေါ် ဤမျှ မရင်းနှီးဟု ခံစားရသည်။

“ ဟုတ်တယ် ... ။ ”

လင်းယွန်က ပြုံးကာ ပြန်ဖြေလိုက်၏။

“ ပထမအဆင့်မှာ မင်းငါ့ကို ကူညီခဲ့တယ် မဟုတ်လား ... ဒါဆို ငါမင်းကို သဘာဝအတိုင်း ကူညီရမယ် ... ပြီးတော့ ဘယ်သူက ဘယ်သူ့ကို ကူညီရမယ် ဆိုတာလည်း မသေချာသေးပါဘူး၊ အကူအညီလိုတာ ငါလည်း ဖြစ်နိုင်တယ်။ ”

လင်းယွန် ပြောသော စကားသည် မုသားစကား မဟုတ်ချေ။ ဤတစ်ကြိမ်သည် အန္တရာယ်များ လွန်းသောကြောင့် မိတ်ဆွေ တစ်ယောက် ရှိခြင်းမှာ ကောင်းသည့် အရာ ဖြစ်သည်။

အောင်းကြွယ် မျက်လုံးများ လင်းလက်လာပြီး လင်းယွန်ကို အသိအမှတ် ပြုမှု ပိုတိုးလာ၏။

“ အမှန်အတိုင်း ပြောရရင် ... ငါက ကျိကျစ်ရှီကို ကောင်းကင် လွင်ပြင်ဆီ လိုက်ပို့ ပေးတာပါ၊ သူမ အန္တရာယ် ကင်းဖို့ သူ့အဖေကို ကတိပေးခဲ့ရတယ်။ ”

လင်းယွန်က သူ့အခြေအနေကို ရှင်းပြလိုက်သည်။ အားလုံး သူငယ်ချင်းများ ဖြစ်သောကြောင့် သဘာဝ အတိုင်း ကူညီရ ပေမည်။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ခြင်း ဖြစ်၏။

“ အစ်ကိုကြီး လင်း … ။ ”

ကျိကျစ်ရှီက တစ်စုံတစ်ရာကို ဝင်ပြောလိုခဲ့သည်။

“ ကျစ်ရှီ ... မင်းဒါကို သိပ်ပြီး တွေးနေဖို့ မလိုဘူး ... မင်းအဖေက ငါ့ဆရာကို အစွမ်းကုန် ကူညီမယ်လို့ ကတိပေးထားတယ် ... ဒါကြောင့် မင်းအပြစ် မဟုတ်ပါဘူး၊ ငါ့အစား မင်းအဖေကို ကျေးဇူးတင်ရမယ် ။ "

မြင့်မြတ်သော ဖီးနစ် သခင်သည် မဟာသူတော်စင် အထွတ်အထိပ်တွင် ရှိနေပြီး ထာဝရ တာအိုကို ဆုပ်ကိုင်ထား၏။

ထို့ကြောင့် သူထက် ပို၍ ထိရောက်ပေ လိမ့်မည်။

“ နောင်ဆုံး ဧည့်ခံပွဲမှာ အစွမ်းပြနိုင်ရင် ကောင်းကင်ဘုံ ပျက်စီးခြင်း ဘိုးဘေးက မင်းကို ရွေးချယ်ဖို့ အခွင့်အလမ်း မြင့်မားပါတယ် ...

... နတ်ဖီးနစ်တောင် အတွက် ဒီအခွင့်အရေးကို နှစ်တစ်သိန်း စောင့်ခဲ့ရပြီးပြီ၊ တွန့်ဆုတ်မနေနဲ့ ... နားလည်လား ။ ”

လင်းယွန်က သတိပေးလိုက်၏။ ကျိကျစ်ရှီတစ်ယောက် လက်သီးဆုပ်ထားပြီး နှလုံးသားတစ်ခုလုံး နွေးလာသည်။

“ ကောင်းကင်ဘုံ ဧည့်ခံပွဲကို ပါဝင်ခွင့် ရနိုင်ဖို့က ဒီလောက် လွယ်ပါ့မလား။ ”

ကျိကျစ်ရှိက တုန့်ဆိုင်းစွာ ပြော၏။

“ ဒီလောက်လည်း စိုးရိမ် မနေပါနဲ့ ... ဒါက အဆုံးသတ် မဟုတ်သေးပါဘူး။ ”

လင်းကျန်းရှန့်က ဝင်ရောက် နှစ်သိမ့်ပေးသည်။

“ ကောင်းကင် စာအုပ်နဲ့ ... ကျန်းဇီဟွာ အပြင် ငါတို့ သတိထားရမဲ့ လူတွေ ရှိသေးတယ်။ ”

အောင်းကြွယ်က ဦးတည်ရာတစ်ရပ်ထံ ကြည့်ပြီး၊

“ တောင်ဘက်မှာ ရှိတဲ့ အင်အားစုက တာအိုဂိုဏ်းပဲ ရှေ့ဆုံးက လူငယ်ကို ချင်းယွင်လို့ ခေါ်တယ်။ ”

လင်းယွန်က လှမ်းကြည့်၏။ လူငယ် တစ်ယောက်သည် အခြားသူများနှင့် မတူဘဲ မြေပြင်ပေါ်၌ ငြိမ်သက်စွာ ထိုင်နေသည်။

“ သူဟာ တပည့်ဖြစ်ပြီး ... နဂါးသတ် အဆင့်မှာ ထိပ်ဆုံး သုံးဆယ်အတွင်း ဝင်တယ်၊ အဋ္ဌမအဆင့် သူတော်စင်သခင် လို့လည်း ပြောနေကြတယ်။ ”

“ အဋ္ဌမ အဆင့် သူတော်စင် သခင်လား။ ”

လင်းယွန်က အံ့သြသွား၏။ သူသည် ဆင်းရဲဒုက္ခကို တစ်ကြိမ် ကြုံတွေ့ထားဖူးပြီး နောက်ဆုံးအဆင့် သုံးဆင့်ကြား ခြားနားချက်ကို သိရှိထားသည်။

အဋ္ဌမအဆင့် ဖြစ်လာပြီးနောက် ရောင်ဝါသည် သူတော်စင် စွမ်းအင် ပင်လယ် အထက်တွင် ကြယ်များအဖြစ်သို့ ပြောင်းသွားသည်။

ကြယ်များ၏ စွမ်းအားဖြင့် သူတော်စင် စွမ်းအင်သည် အဆင့်သစ် တစ်ခုသို့ ရောက်ရှိ သွားမည် ဖြစ်၏။

လင်းယွန် အကြည့်ကို အာရုံခံ မိသဖြင့် ချင်းယွင်က လှည့်ကြည့်သည်။ ရွှေနဂါးများ ၎င်းမျက်ဝန်းမှ ထွက်ပေါ်လာ၏။

သို့သော် ရွှေနဂါးများက ပင်လယ်အတွင်း ပြုတ်ကျသွားသကဲ့သို့ ဓားရောင်ဝါအတွင်း နစ်မြုပ် သွားလေသည်။

အဆိုပါ ရောင်ဝါ အချင်းချင်း တိုက်ခိုက်မှု အပေါ် လူအချို့က သတိထားမိသွားတော့သည်။ ချင်းယွင်က ပြုံးလိုက်၏။

ရှန်းထျန်းနန်က ခေါင်းညိတ်လျက်၊

“ ကြည့်ရတာ သူတို့ မင်းကို လျစ်လျူလို့ မရနိုင်လောက်အောင် မင်းနာမည်က ကျော်ကြားလာ ပုံပဲ။ ”

-ဟု မှတ်ချက်ပေးလာ၏။

“ နောက်တစ်ယောက် ရှိသေးတယ်၊ သူက ချင်းယွင်ထက်တောင် ပိုအန္တရာယ် ပေးနိုင်တယ်၊ ရှေးဟောင်း သားရဲ မျိုးနွယ်စုက ထုံပါ့ဟုန်ပဲ ကောင်းကင် လမင်း ဝံပုလွေ သားရဲသွေးကို အမွေရထားတယ်။ ”

သန်မာသော ပုံသဏ္ဍာန်နှင့် နဖူးပေါ်တွင် လမင်းတံဆိပ်ရိုက်ထားသည့် အဖြူ၀တ် လူငယ် တစ်ယောက် ဖြစ်သည်။

နတ်ဆိုး သားရဲကြီး တစ်ကောင် ကဲ့သို့ ကြမ်းတမ်းသော ရောင်ဝါကို စွန့်ထုတ်ထား၏။ ထို့နောက် တခြားသော ပြိုင်ဘက်များကိုလည်း ဆက်လက်ပြီး ထောက်ပြခဲ့သည်။ အားလုံးမှာ ကြောက်စရာ နောက်ခံများ ရှိချေ၏။

“ သူတို့နဲ့ ပဋိပက္ခတွေ စတင်ဖို့ မကြိုးစားပါနဲ့ ဝိညာဉ် အမြုတေတွေ အပေါ်ပဲ အာရုံစိုက်ပါ။ ”

လင်းကျန်းရှန့်မှ သတိပေး၏။ အချိန်အနည်းငယ် အကြာ ဆွေးနွေးပြီးနောက် တော်ဝင် ကောင်းကင် သခင်၏ စကားများကို စောင့်မျှော်နေမိကြသည်။

လင်းယွန်က အချိန် မဖြုန်းလိုသဖြင့် နဂါးဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းမှ ဓားဝိညာဉ် နှစ်ပါးနှင့် ရင်းနှီးစေရန် ဖြန့်ဝေလိုက်၏။

ဤနည်းစနစ်အပေါ် အောင်မြင်မှု ရရှိပြီးနောက် ခွန်အားအရာ၌ မယုံနိုင်အောင် မြင့်တက်လာခဲ့သည်။

တစ်နာရီ ကုန်လွန်ပြီးချိန်၌ တော်ဝင် ကောင်းကင် သခင်က လူတိုင်းထံ တံဆိပ် တစ်ခု ပေးအပ်လာ၏။

“ ဒီတံဆပ်ကို ချေမှုန်းနိုင် သရွေ့တော့ ကောင်းကင်ဘုံ လွင်ပြင်ကို မင်းတို့ ပြန်ရောက် လာကြလိမ့်မယ် ... အားလုံး ဆုံးဖြတ်ပြီးပြီ ဆိုတော့ သွားကြရအောင်။ ”

တော်ဝင် ကောင်းကင် သခင်၏ စကားဆုံးသည်နှင့် စင်မြင့်ပေါ်ရှိ အစီရင် အသက် ဝင်လာသည်။

ကောင်းကင် သူတော်စင် တောင်ကြီး တစ်ခုလုံး တုန်လှုပ်သွားကာ ခမ်းနားသော ဖြစ်ရပ်ဆန်းတစ်ခု ပေါ်လာ၏။

“ ဖွင့် ... ။ ”

ကျယ်လောင်စွာ အော်ငေါက်လျက် တံဆိပ်ကိုင်ဆောင်ထားသူ တိုင်းကို သိုင်းခြုံ စေသော အလင်းများ ထွက်ပေါ်လာသည်။

လူတိုင်း ရေဝဲ အတွင်းသို့ ဆွဲသွင်း ခံလိုက်ရ၏။ သူတို့ အာရုံ ပြန်ကောင်းလာသော အခါတွင် သူ့ဘေး၌ ရပ်နေသည့် ကျိကျစ်ရှီနှင့် အခြား လူများကို တွေ့လိုက်ရသည်။

“ အတူတူ သွားရအောင်။ ”

လင်းယွန်က ဦးဆောင်သည်။ ရှေ့တွင် နတ်ဆိုးရောင်ဝါများ လျှံထွက်နေသည့် သစ်တောကြီး ရှိ၏။

အနက်ရောင် တိမ်များက ကောင်းကင် အပြည့် ဖုံးလွှမ်းနေသည်။ သစ်တော အတွင်း ဂူသင်္ချိုင်းများစွာ ပျံ့ကျဲနေ၏။

ဂူသင်္ချိုင်း တစ်ခုစီတွင် ဝိညာဉ် နတ်မိစ္ဆာမျိုးနွယ်စု၏ အလောင်းများ ရှိကာ ပွင့်နေသော ဂူအလွတ်များလည်း ရှိ၏။

“ ဒါက ဂူတွေမဟုတ်လား ... ဘာလို့ ဒီလောက်များ နေရတာလဲ ... ငါတို့ အခုမှ ဝင်ပေါက်ပဲ ရှိပါသေးတယ်။ ”

အောင်းကြွယ်က မျက်မှောင်ကြုတ်ပြီး ရှန်းထျန်းနန်ကို လှည့်ကြည့် လိုက်လေသည်။ သင်္ချိုင်းများဖြင့် ပတ်သတ်ပါက ဤလူသည် သူ့ထက်ပိုနားလည်၏။

လက်ရှိမြင်ကွင်းသည် ယခင် သူတို့ မြင်ဖူးခဲ့သော ဝိညာဉ်နတ်မိစ္ဆာ ဂူသင်္ချိုင်းများနှင့် မတူချေ။ လင်းယွန်သည်လည်း စူးစမ်းလို စိတ်များ ဖြစ်ပေါ်လာတော့၏။

***

All Chapters