← Chapters

ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ ။

Vol. 169 Ch. 2366

ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ ။

Vol. 169 Ch. 2366

ရှန်းထျန်းနန်က အသက်ပြင်းပြင်းရှူပြီး၊

“ တော်ဝင်သွေးသား ပိုင်ရှင်တွေက သူတို့ငိုက်မျဉ်းတဲ့ အချိန်တွေမှာ အိပ်ဖို့အတွက် ဂူသင်္ချိုင်းတွေ ဆောက်ကြတယ် ... အချို့ ဂူတွေကိုတော့ ...

... အလွတ်တွေ တမင် ထည့်ဆောက် ထားကြတာ ... အထဲမှာ ထောင်ချောက်တွေ ထားရှိထားတယ်။ ”

-ဟု ရှင်းပြသည်။ ထို့နောက် လူတိုင်းက ပတ်ပတ်လည်ကို ဝေ့ကြည့် လိုက်ကြသည်။

“ တကယ်ပဲ ဂူတွေေအများကြီး ရှိနေတယ်။ ”

တောအုပ်အတွင်း အုတ်ဂူ အများအပြား ရှိနေခဲ့သည်။ ၎င်းတို့အတွင်း၌ အိပ်စက်နေသော ဝိညာဉ်နတ်မိစ္ဆာများ၏ အငွေ့အသက်ကို ခံစားလာရ၏။

“ အစ်ကိုလင်း ... ငါတို့ ဘာလုပ်သင့်လဲ။ ”

ရှန်းထျန်းနန်က လင်းယွန်ကို မေးသည်။ သင်္ချိုင်းဂူများကို ဖောက်ထွင်းလိုသော်လည်း ယခု အချိန် မဟုတ်သေးချေ။

“ ဆက်သွားမယ် ဂူသင်္ချိုင်းတွေ ထဲမှာ ဘာတွေရှိလဲ ဆိုတာကို စစ်ဆေးရအောင်။ ”

လင်းယွန်က တည်ငြိမ်စွာ ပြောသည်။ ဤသစ်တောသည် ထူးဆန်းသဖြင့် အတူတကွ နေထိုင်ရန် ဆုံးဖြတ်လိုက်ကြ၏။

ကောင်းကင်မှ လူများစွာ ဆင်းသက်လာ သောကြောင့် တောအုပ်အတွင်း တိတ်ဆိတ်မှု ပျက်ပြားသွားခဲ့သည်။

လမ်းတစ်လျှောက် နတ်ဆိုး သားရဲ များစွာနှင့် ကြုံတွေ့ခဲ့ရ၏။ ၎င်းတို့သည် သန်မာ သော်လည်း ဒုက္ခ မဖြစ်ချေ။

“ ဘောင်း ... ။ ”

ရုတ်တရက် သူတို့ရှေ့မှ ဂူသင်္ချိုင်းသည် ပေါက်ကွဲသွားပြီး သစ်ပင်တစ်ပင် ကျိုးကြေသွား စေခဲ့သည်။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

ပေါက်ကွဲမှု အတွင်းမှု ကြီးမားလှသော ခေါင်းတလားတစ်ခုက လင်းယွန်တို့ထံ ဦးတည် ပျံသန်းလာ၏။ ရှန်းထျန်းနန်မှ လက်သီးဖြင့် လျင်မြန်စွာ ထိုခွဲပစ်လိုက်သည်။

လက်သီးစွမ်းအားသည် ခေါင်းတလားကို ထိုးခွဲနိုင်သော်လည်း အလောင်းအပေါ် ဖျက်ဆီး နိုင်ခြင်း မရှိခဲ့ချေ။

အလောင်းကောင် အရပ်အမြင့်သည် နှစ်မီတာရှိပြီး ခန္ဓာကိုယ်မှာ ဘုန်းသူတော်စင် လက်ရာကဲ့သို့ မာကျောနေ၏။

“ ဝှစ် ... ။ ”

“ ဘုန်း ... ဘုန်း ... ဘုန်း ... ။”

သို့သော် ရှန်းထျန်းနန်က မယုံဘဲ နောက်ထပ် လက်သီးချက် အနည်းငယ် ထပ်မံ ထိုးချပစ်လိုက်သည်။

“ ဗြိ ... ။ ”

ဝိညာဉ် နတ်မိစ္ဆာ အလောင်းကောင်က လက်သီးကို လျစ်လျူရှုလျက် လက်သည်းနှင့် ပြန်လည် ကုပ်ချလာ၏။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

ရှန်းထျန်းနန် တစ်ယောက် အဝေးသို့ လွင့်စဉ်လျက်မှ လေထဲ တစ်ပါတ်ဂျွမ်းပစ်ကာ ဟန်ချက် ထိန်းလိုက်ရသည်။

ဤအလောင်းကောင်သည် သာမာန် ဆဋ္ဌမအဆင့် သူတော်စင်သခင် မျှသာ ဖြစ်ရာ အလွန် အစွမ်းထက်ခြင်း မရှိသင့်ချေ။

“ သတိထား ... ။ ”

လင်းကျန်းရှန့်က သတိပေးသည်။ ရှန်းထျန်းနန် ခေါင်းမော့ ကြည့်လိုက်သောအခါ အဝတ်အစားများ ပေါက်ကွဲလျက် တတိယ မျက်လုံးပွင့်လာ၏။

အနက်ရောင် အငွေ့အသက်များ စိမ့်ထွက်လာပြီး ပြေးဝင်နေသဖြင့် ရှန်းထျန်းနန် တစ်ယောက် မပေါ့ဆ ရဲတော့ချေ။

“ ကျစ်ရှီ သွားစမ်းကြည့် ... နတ်ဖီးနစ် မီးလျှံကို သုံး ... ။ ”

လင်းယွန်မှ ပြောကြားလိုက်သည်။ နတ်ဆိုး အလောင်းကောင်၏ ကိုယ်လုံးကိုယ်ပေါက်သည် မယုံနိုင်လောက်အောင်ပင် မာကျော နေ၏။

သူတော်စင် တာအို အားသာချက် ရှိသော်မှ ရှန်းထျန်းနန် အတွက် ထူးခြားလာခြင်း မရှိချေ။ ထို့ကြောင့် တခြားနည်းလမ်းကို စမ်းကြည့် လိုခြင်း ဖြစ်သည်။

“ ဟိတ် ... ။ ”

ကျိကျစ်ရှီက ကောင်းကင်သို့ ပျံတက်သွားပြီးနောက် နတ်ဖီးနစ်မီးလျှံဖြင့် လောင်ကျွမ်း စေလိုက်သည်။

မြင့်မားသော အပူချိန်သည် ရှန်းထျန်းနန်ကိုပင် ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်သွားမိစေ၏။

“ အူး ... ဝူး ... ။ ”

“ ဟား ဟား ဟား ... သေအောင် ရှို့ပစ်လိုက်။ ”

နာကျင်စွာ ငိုကြွေးနေသော အလောင်းကောင်ကို ကြည့်ကာ ရှန်းထျန်းနန်က ရွှင်မြူးသွားတော့၏။

သို့သော် နတ်ဆိုး အလောင်းကောင်က မီးတောက်ကို လျစ်လျူရှုလျက် သူ့ထံ တိုးဝင် လာပြန်၏။

ထို့ကြောင့် အရယ်ရပ်သွားပြီး မျက်မှောင်ကြုတ်လျက် အမြန် ဆုတ်ခွာ လိုက်ရ လေသည်။

“ ငါ ... စမ်းကြည့်ပါရစေ။ ”

လင်းကျန်းရှန့် စကားက နောက်ကျ နေသည်။ ဓားဆွဲပြီး ကောင်းကင်ဘုံ နတ်ဓားကို ချက်ချင်း ထုတ်ဖော်လိုက်၏။

နတ်ဆိုး အလောင်းကောင်က ခြေလှမ်းတစ်ရာ ပြန်ဆုတ်သွားသည်။ သို့တိုင် ကြောက်ရွံ့ခြင်း မရှိဘဲ ဓားကွက် ဆယ်ကွက် တိုင်အောင် ခံယူခဲ့သည်။

“ ဘာလဲ ... ထွက်ပြေးတာလား။ ”

အဆုံးတွင် အသက် အန္တရာယ်ကို ခြိမ်းခြောက် နေသည်ဟု ခံစားလိုက်ရသဖြင့် ချက်ချင်း ထွက်ပြေးတော့၏။

“ မလွတ်စေနဲ့ ... ။ ”

ရှန်းထျန်းနန်က အော်ဟစ် လိုက်သည်။ ထိုစဉ် မြေပြင်မှ အလောင်းကောင် ဆယ်ကောင် ထပ်မံ ထွက်ပေါ်လာပြီး သူတို့ကို ဟန့်တားတော့၏။

“ အလေဏတော ကောင်တွေ ... ။ ”

ရှန်းထျန်းနန်က အထင်သေးစွာ လှောင်ပြောင်လိုက်သည်။ ဂူတစ်လုံးပင် မပိုင်ပဲ မြေကြီးထဲ အိပ်စက်ရသူများမှာ မည်မျှ အဆင့်နိမ့်သည်ကို မြင်သာစေ၏။

“ သူတို့ကို ဖြေရှင်းလိုက်။ ”

လင်းယွန်က အော်ပြီး ပြေးလိုက်သွားသည်။ ရိပ်ခနဲ ရွေ့လျားနေသော လင်းယွန်ထံ ကြည့်ပြီး လင်းကျန့်ရှန့်က အံ့သြသွားတော့၏။

ဤလူငယ်သည် ရွေ့လျားမှု နည်းစနစ် မသုံးဘဲ ဓားဖြင့် ပေါင်းစပ်ကာ ရွေ့လျားနေခြင်း ဖြစ်သည်။ မြန်ဆန်လွန်းချေ၏။

“ သတိထား ... ။ ”

လင်းယွန်က ဓားမဆွဲဘဲ ထွက်ပြေးနေသော အလောင်းကောင်ကို ကျော်တက်ကာ လမ်းပိတ် နေသဖြင့် အော်ဟစ် သတိပေးလိုက်ရသည်။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

သို့သော် သူမ စကားကို အာရုံမရချေ။ အလောင်းကောင်ကို ဖြတ်ကျော်ပြီး လက်ဖဝါး တစ်ချက် ရိုက်ချပစ်၏။ အလောင်းကောင်မှာ ဒူးထောက်ကျသွားသည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

လှမ်းကြည့်နေမိသော လင်းကျန်းရှန့် တစ်ယောက် အံ့သြသွား၏။ တစ်ဖက်လူသည် ဓား မသုံးဘဲ ဤမျှ သန့်မာနေသည်လော။

“ ငေးနေတာကို ရပ်ပြီး အတူတူ တိုက်ပါ။ ”

လင်းယွန်က လှမ်းအော်လျက် အလောင်းကောင်၏ ဦးခေါင်းကို ထိုးခွဲကာ ငွေရောင် အစိုင်အခဲ တစ်ခုအား နှိုက်ထုတ် လိုက်သည်။

“ ဝိညာဉ် အမြုတေ ... ။ ”

လူတိုင်း ရွှင်မြူးသွား၏။ ၎င်းသည် အဖြူရောင် ဖြစ်ပြီး တာအို၊ သူတော်စင် မူလနှင့် သိုင်းရည်ရွယ်ချက်များ အပေါ် အကျိုး သက်ရောက်မှု ပေးသည်။

“ ဒါက တကယ့် ရတနာပါပဲ။ ”

မြေပြင်မှ ထွက်လာသည့် အဆင့်နိမ့် အလောင်းများကို ဖြေရှင်းပြီး အောင်းကြွယ်က သူ့အနား ရောက်လာကာ ကြည့်သည်။

ဝိညာဉ် အမြုတေ ဟူသည် တတိယ မျက်လုံးဖြစ်ပြီး သူတော်စင်မူလနှင့် ဆင်တူ၏။ ကြားဖူးပြီး မမြင်ဖူးသေးချေ။

“ ငါတို့ တော်တော် ကံကောင်းပုံရတယ်။ ”

လင်းကျန်းကျန့်က ပြုံးလိုက်သည်။ အုတ်ဂူတိုင်းတွင် အလောင်းကောင်များ မရှိချေ။ အလောင်းကောင် ရှိလျှင်ပင် ဝိညာဉ် အမြုတေ ကင်းမဲ့နေတတ်၏။

“ သူတို့ရဲ့ ရုပ်ခန္ဓာက တကယ်ကို သန်မာတယ်။ ”

ရှန်းထျန်းနန်က စိတ်ပျက် လက်ပျက် ညည်းညူ လိုက်တော့သည်။

“ သူတို့ ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ နတ်ဆိုး ရူရ်တွေက ထူးဆန်းတယ် မြင့်မြတ်သော မီးလျှံ၊ ဓားရည်ရွယ်ချက်နဲ့ ရှေးဟောင်း အငွေ့အသက် ကိုတောင် ဂရုမစိုက်ဘူး။ ”

ကျိကျစ်ရှီ စကားကို လင်းယွန်က ခေါင်းညိတ်ပြသည်။ သူ သည်ပင် အချိန်တို အတွင်း ဖြေရှင်းရန် နည်းလမ်း ရှာမတွေ့ သေးချေ။

သတ်ပစ်ရန် လုံလောက်သော ခွန်အားမျိုး ရှိနေ၍ သာပင်။ သို့သော် ၎င်းမှာ ဆဋ္ဌမအဆင့် သူတော်စင်သခင် မျှသာ ရှိသေး၏။

သတ္တမ အဆင့် ဆိုသော် ဒုက္ခရောက် ပေလိမ့်မည်။

“ မင်း သိမ်းထား ... ။ ”

လင်းယွန်က ဝိညာဉ် အမြုတေကို ရှန်းထျန်းနန်ထံ ပေးအပ်လိုက်သည်။ ထို့နောက် လေးနာရီအတွင်း ဝိညာဉ်အမြုတေ နှစ်ဆယ်ကို ထပ်မံ စုဆောင်းနိုင်ခဲ့သည်။

လူတိုင်း စိတ်သက်သာရာ ရနေစဉ် လင်းယွန်က ရှေ့သို့ မျှော်ကြည့်လျက် မျက်လုံး ပြူးသွားတော့၏။

“ ဝှီး ... ။ ”

အနက်ရောင် မီးလျှံများ သိုင်းခြုံနေသည့် ဥက္ကာခဲကြီးတစ်လုံး ကောင်းကင်ပေါ်မှ ပြုတ်ကျ လာခြင်း ဖြစ်၏။ ၎င်းအရှိန်ကြောင့် တောအုပ် တစ်ခုလုံး တုန်ခါလာသည်။

“ ဘာကြီးလဲ ... ။ ”

ဥက္ကာခဲသည် ထုထည် ကြီးမားပြီး ပြုတ်ကျ လာချိန်၌ အာကာသပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ် သွားစေခဲ့၏။

“ ဝှစ် ... ။ ”

သို့သော် ဥက္ကာခဲ မြေပြင်နှင့် မထိခင် အပြာရောင် အရိပ်တစ်ရိပ်က နဂါးအလား ပျံသန်းသွားသည်။

“ ဘုန်း ... ။ ”

နဂါး ဟောက်သံ ပဲ့တင်ထပ်လာပြီး ဥက္ကာခဲကြီး အစိတ်စိတ်အမွှာမွှာ ပဲ့ကြွေလျက် သစ်ပင်များ မီးစွဲလောင်ကုန်၏။ များမကြာမီ ချက်ချင်း ညှိုးနွမ်းကုန်တော့သည်။

ကြောက်စရာ ကောင်းသော အငွေ့အသက်များ ရရှိလာသောကြောင့် လူတိုင်းမျက်နှာ ပြောင်းသွားသည်။

ဖုံမှုန့်များအတွင်း လေထဲ ပျံဝဲနေသော ငွေရောင် ခေါင်းတလား တစ်လုံးကို မြင်လိုက် ရ၏။

“ ကျွီ ... ။ ”

ခေါင်းတလားအဖုံး ပွင့်လာသောအခါ ငွေရောင်ချပ်ဝတ်ဖြင့် လူငယ်တစ်ဦး လှမ်းထွက် လာလေသည်။

“ မကောင်းတော့ဘူး ... ဒါ ... ဒါ ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်စုပဲ။ ”

အောင်းကြွယ်က တုန်လှုပ် ခြောက်ခြား သွားသည်။ တစ်ဖက် လူသည် အိပ်စက်ခြင်းကို အတင်းအကြပ် ပုတ်နှိုးခံလိုက်ရသဖြင့် ရန်လိုနေ၏။

“ မင်းတို့က ဘယ်သူတွေလဲ ... ငါအိပ်နေတာကို ဘယ်လိုများ အနှောင့်အယှက် ပေးဝံ့လဲ။ ”

“ ဝှစ် ... ။ ”

“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”

ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာက အော်ငေါက်ပြီး လက်ဝှေ့ယမ်း လိုက်လေသည်။ ထို့နောက်တွင် သမာန် အလောင်းကောင် (၁၀)ကောင် မြေပြင်မှ တိုးထွက်လာ၏။

လင်းယွန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ မျက်မှောင်ကြုတ် မိသည်။ တစ်ခုခု မှားယွင်းနေပုံရ၏။

ဤဝန်းကျင်၌ အုတ်ဂူများ တစ်လုံးမျှ မရှိချေ။ ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာသည် ရုတ်တရက် ရောက်လာခြင်း ဖြစ်၏။

“ ငါတို့ ဘာလုပ်သင့်လဲ။ ”

အောင်းကြွယ်က ထိတ်လန့်နေသည်။ ဥက္ကာပျံကဲ့သို့ ရောက်လာသော ဤငွေမျက်လုံး ဝိညာဉ်နတ်မိစ္ဆာသည် သူတို့ မြင်ဖူးသော အလောင်း များနှင့် မတူချေ။

ဘဝ တစ်ဝက်သာ သေပြီး ခေါင်းတလား အတွင်း၌ အိပ်စက်နေသည့် သက်ရှိ မိစ္ဆာတပိုင်း ဖြစ်သည်။ ဆိုလိုသည်မှာ အနည်းငယ် ဉာဏ်ရည်ဉာဏ်သွေး ရှိချေ၏။

“ သူ့ကို ငါတာဝန်ယူမယ် ... မင်းတို့ တခြားနတ်ဆိုး အလောင်းတွေကို တိုက်ကြပါ။ ”

လင်းယွန်က တည်ငြိမ်စွာ တာဝန် ခွဲပေးလိုက်သည်။ ဤဖြစ်ရပ် နောက်ကွယ်၌ မည်သူရှိနေမည်ကို သိချင်သွား၏။

ဤငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာသည် အသက် ငယ်ရွယ်နုပျိုနေသော်လည်း နှစ်ပေါင်း ထောင်ဂဏန်းတိုင်အောင် အိပ်ပျော်နေသူ ဖြစ်သည်။ ကျင့်ကြံမှုမှာ အဋ္ဌမအဆင့် သူတော်စင် သခင် ဖြစ်နိုင်၏။

All Chapters