#ဟင်းလင်းပြင်မျိုးနွယ်#
Vol. 36 Ch. 505
ဒီကမ္ဘာ၌ တိမ်မည်းများက ကောင်းကင်ယံတွင် ပြည့်နှက်နေပြီး လျှပ်စီးနဂါးများက ကောင်းကင်ထက်တွင်ရွေ့လျားကာ တခါနရံ ပျက်စီးနေသည့်မြေကြီးအား ရိုက်ခတ်နေလေရာ မြေပေါ်၌ အက်ကြောင်းများစွာ ဖြစ်ပေါ်လာသည်။
ပို၍ထိတ်လန့်စရာကောင်းတာက ထိုပျက်စီးနေသည့်မြေ၌ ကမ္ဘာကြီးကို ထောက်ပံ့ပေးထားပုံရသည့် အရိုးစုနှစ်ခုရှိနေခြင်းပင်။ သေပြီးနောက်တွင်ပင် သူတို့က တိုက်ခိုက်နေကြသည်။
သူတို့က အလောင်းများအဖြစ် ပြောင်းလဲသွားပြီး သွေးချီက ထိုးတက်လာပြီး ကျောက်စိမ်းအလင်းက ထိုအလောင်းများထဲတွင် လှည့်ပတ်နေကြ၏။
နဂါးနှင့်ဖီးနစ်တို့၏ခွန်အားက ကမ္ဘာအနှံ့ ပျံ့နှံ့သွားသည်။
လုချန်ရှန်းရောက်လာသောအခါ ရှေ့ကမြင်ကွင်းကိုကြည့်ရင်း တွေးလိုက်မိသည်။
"ဒါက နဂါးကလန်နဲ့ နတ်ဖီးနစ်ကလန်တို့ရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်ရမယ်"
လုချန်ရှန်းပခုံးပေါ်က ငှက်ကလေးက လေးနက်စွာခေါင်းညိတ်သည်။
"ဒီတိုက်ပွဲက နဂါးကလန်နဲ့ နတ်ဖီးနစ်ကလန်ကို ကျရှုံးသွားစေခဲ့တယ်"
အရင်က နဂါးကလန်နှင့် နတ်ဖီးနစ်ကလန်တို့က အဆင့်မြင့်ကြယ်နယ်မြေ၌ ထိပ်ဆုံးကရပ်တည်သူများဖြစ်သည်။
ကမ္ဘာကြီးအစကတည်းက သူတို့ပေါ်လာခဲ့ကြသည်။
သို့စေကာမူ ယခုလိုအဆုံးသတ်သွားလေရာ အမှန်တကယ်၀မ်းနည်းဖွယ်ရာကောင်းသည်။
ငှက်ကလေးက အတောင်ပံများကိုယပ်ခတ်ရင်း ချက်ချင်းဆိုသလို နတ်ဖီးနစ်တကောင်အဖြစ် ပြောင်းလဲပစ်သည်။
ရွှီး........!
၎င်းက ဖီးနစ်အော်သံနှင့်အတူ သွေးကြောများအကြားတွင် ဆက်သွယ်မှုတခုခုရှိသည့်အလား ရှန်ဟွမ်းအရိုးစုရှေ့သို့ရောက်လာသည်။
ထိုစဉ် နတ်ဖီးနစ်အရိုးစုမှ သွေးအဆီအနှစ်စွမ်းအားက ငှက်ကလေး၏ကိုယ်ထဲသို့ အမှန်တကယ်စီးဆင်းသွားခဲ့ပြီးနောက် ငှက်ကလေးကိုယ်ထဲက သွေးအဆီအနှစ်စွမ်းအားက စတင်ထိုးတက်လာသည်။
သူ့ပတ်လည်က နတ်ဖီးနစ်မီးတောက်များက ပို၍ပြင်းထန်စွာလောင်ကျွမ်းနေသည်။
လုချန်ရှန်းဘေးဘီဝဲယာကိုကြည့်နေသည်။
ဟင်းလင်းပြင်သားရဲပေါ်လာခဲ့သည့်မြင်ကွင်းအရ လေဟာနယ်က သေချာပေါက်ပြိုကွဲနေပေလိမ့်မည်။
အချိန်ကပြောင်းလဲသွားသော်လည်း သိမ်မွေ့သည့်ခြေရာအနည်းငယ်တော့ ကျန်နေဦးမည်။
တကယ်တမ်းတွင် ဒါက အာကာသတာအိုကို အလွန်အမင်းလိုအပ်လေရာ လုချန်ရှန်းအတွက် အဆင်ပြေပါသည်။
မကြာမီ သူက နဂါးနှင့်ဖီးနစ်အရိုးစုများပေါ်၌ လေဟာနယ်အတက်အကျတခုကို တွေ့လိုက်ရသည်။
"တွေ့ပြီ၊ သွားကြရအောင်"
ထိုစဉ် ငှက်ကလေးကပြောသည်။
"အရင်သွားလိုက်၊ ငါဒီနေရာက နဂါးနဲ့ဖီးနစ်အော်ရာကို စုပ်ယူချင်သေးတယ်၊ ဒါက ငါ့ရဲ့ကျင့်ကြံခြင်းနည်းစနစ်အတွက် အသုံး၀င်တယ်၊ နောက်မှ ငါပြန်လာရှာမယ်"
လုချန်ရှန်းခေါင်းညိတ်ကာ ကျောက်တုံးလေးနှင့်အတူ လေဟာနယ်ကိုဖွင့်လိုက်သည်။
သူ၀င်လိုက်ပြီးနောက် ထင်သည့်အတိုင်းပင် ဒီနေရာရှိလေဟာနယ်ထဲတွင် ဟင်းလင်းပြင်သားရဲချန်ထားခဲ့သည့် အော်ရာရှိသည်။
လုချန်ရှန်းခြေရာများအတိုင်းလိုက်ပါကာ သူတို့အား လိုက်ရှာသည်။
သူအမြန်နှုန်းအပြည့်ဖြင့်ခရီးဆက်နေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူကမရေမတွက်နိုင်လောက်သော လေဟာနယ်ဇုန်များကို ဖြတ်ကျော်ပြီးပြီဖြစ်ကာ နောက်ဆုံးတွင် အော်ရာက ဟင်းလင်းပြင်ထဲတွင် ရပ်သွားသည်။
ထိုအော်ရာက လေဟာနယ်၏အဆုံးသတ်ကိုရောက်သွားသည့်အလားပင်ထင်ရသည်။
လုချန်ရှန်း၏ပုံရိပ်ကိုသတိထားမိပြီးနောက် မရေမတွက်နိုင်လောက်သော ဟင်းလင်းပြင်သားရဲများက ကောင်းကင်ထက်မှ အစက်အပျောက်များပမာ လုချန်ရှန်းရှေ့တွင် ဖြည်းညင်းစွာမျောလွင့်လာကြ၏။
လေဟာနယ်၏အနက်ရှိုင်းဆုံးနေရာကနေ အလွန်အမင်းရှေးကျသည့်အသံတစ်သံ ထွက်လာခဲ့သည်။
"လူသား၊ ဘာလို့ငါတို့ဟင်းလင်းပြင်မျိုးနွယ်ကိုလာရတာလဲ"
သူက ဟင်းလင်းပြင်မျိုးနွယ်၏ အခြေခံကိုပင်ရှာတွေ့လေရာ ထိုလူသားက အတော်လေးအစွမ်းထက်သည်ဟု ဆိုလိုနေခြင်းပင်။
သတိလစ်နေသည့်ကျောက်တုံးလေးကို လက်ထဲတွင် ကိုင်ထားပြီး လုချန်ရှန်းပြောသည်။
"ကျုပ်ခင်ဗျားတို့ရဲ့မြင့်မြတ်တဲ့ မျိုးနွယ်ရဲ့ဟင်းလင်းပြင်သလင်းကို ငှားချင်လို့ပါ"
လုချန်ရှန်းထိုသို့ပြောလာသောအခါ ဟင်းလင်းပြင်သားရဲအားလုံးက သူ့အနားတွင်စုဝေးလာကြသည်။
ထိုရာချီသောဟင်းလင်းပြင်သားရဲများ၏ကိုယ်မှ ပြင်းထန်သည့်အာကာသစွမ်းအားများကပေါက်ကွဲထွက်လာကြသည်။
ထိုအာကာသစွမ်းအားများတွင် အာကာသတာအိုဥပဒေသ၏အော်ရာပါ၀င်သည်။
အရာရာတိုင်းကို ဆော်ဩပစ်နိုင်သည့် အာကာသမုန်တိုင်းတစင်းက လုချန်ရှန်းဆီသို့တည့်တည့်၀င်လာသည်။
သို့စေကာမူ လုချန်ရှန်းက လက်မောင်းထဲတွင် ကျောက်တုံးလေးကိုကိုင်ကာ ရပ်နေဆဲပင်။
ပြင်းထန်သည့်အာကာသစွမ်းအားက လုချန်ရှန်းကိုယ်ပေါ်ကျရောက်သွားသောအခါ လုံး၀ထိခိုက်စေခြင်းမရှိသလို လုချန်ရှန်းမျက်ခုံးလေးပင်လျှင် အနည်းငယ်မျှပင် လှုပ်ရှားသွားခြင်းမရှိပေ။
ဟမ်၊ ကြည့်ရတာ ဒီဟင်းလင်းပြင်သားရဲတွေရဲ့ခွန်အားက ငါ့ထက်နိမ့်ကျပုံပဲ!
ဘေးကင်းစေရန်အတွက် လုချန်ရှန်းက ကိုယ်ပွားကိုအသုံးပြုခဲ့သည်။
တဖက်လူက သူ့ကိုယ်ပွားကိုပင်မဖျက်ဆီးနိုင်လေရာ ဘာမှကြောက်စရာမလိုတော့။
"လူသား၊ ဟင်းလင်းပြင်သလင်းက ငါတို့ဟင်းလင်းပြင်ကလန်ရဲ့အမြင့်မြတ်ဆုံးရတနာတခုပဲ၊ မင်းကိုချေးငှားဖို့ဆိုတာက မဖြစ်နိုင်ပါဘူး၊ ကျေးဇူးပြုပြီးထွက်သွားပါ"
လုချန်ရှန်းမျက်မှောင်ကြုတ်သည်။
"ကျုပ်က ကျုပ်တပည့်ကိုကယ်ဖို့အတွက်ပဲငှားချင်တာ"
"လူသားတယောက်ကိုကယ်ဖို့လား၊ ဟင်းလင်းပြင်သလင်းက လူသားတွေနဲ့ဘာဆိုင်....."
သို့စေကာမူ သူ့စကားလုံးများက ရုတ်တရက်ပျောက်ဆုံးသွားရပြီး ဟင်းလင်းပြင်သားရဲတကောင်၏ကိုယ်ထက်ပင်ကြီးမားသည့်ခေါင်းတလုံးက ဟင်းလင်းပြင်ထဲကနေ ထွက်လာကာ လုချန်ရှန်းလက်မောင်းထဲတွင်ရှိနေသည့် ကျောက်တုံးလေးကိုစိုက်ကြည့်ရင်း သူငယ်အိမ်များက ကျုံ့သွားခဲ့သည်။
"ဟင်းလင်းပြင်မြင့်မြတ်ခန္ဓာ"
ဟင်းလင်းပြင်မြင့်မြတ်ခန္ဓာလား!
လုချန်ရှန်းစိတ်ရှုပ်သွားသည်။
ထို့နောက် ဟင်းလင်းပြင်သားရဲက ဗလုံးဗထွေးအသံဖြင့်ပြောသည်။
"ဒီကလေးကိုဒီမှာထားခဲ့ပါ၊ ငါသူ့ကို ကယ်တင်ပေးပါမယ်"
လုချန်ရှန်းခေါင်းခါယမ်းသည်။
"မဖြစ်နိုင်ဘူး"
"မင်းသူ့ကိုမသင်ကြားပေးနိုင်ဘူး"
"ကျုပ်ခင်ဗျားကိုမယုံဘူး"
ထိုအချိန်တွင် ဟင်းလင်းပြင်သားရဲကပြောသည်။
"ဟင်းလင်းပြင်သလင်းမရှိဘူးဆိုရင် သူ့ကိုယ်ခန္ဓာက အဆုံးမဲ့အာကာသစွမ်းအားကြောင့် ပေါက်ကွဲသွားလိမ့်မယ်"
လုချန်ရှန်းစိတ်ရှည်သည်းခံမှုကို ဆုံးရှုံးလာသဖြင့် အေးစက်စွာပြောသည်။
"ဒီလိုဆိုမှတော့ ကျုပ်ကလုရတော့မှာပေါ့"
"လုချင်တာလား"
လုချန်ရှန်း၏စကားလုံးများကိုကြားရသောအခါ ထိုဧရာမျက်လုံးတစုံက ချက်ချင်းအေးစက်သွားပြီး အသူရာချောက်တခုအလား ပါးစပ်ကိုဖွင့်လိုက်စဉ် အာကာသစွမ်းအားများက အထဲတွင် အဆက်မပြတ်သိပ်သည်းလာသည်။
တချိန်တည်းမှာပင် ဟင်းလင်းပြင်ထဲတွင် မျောလွင့်နေကြသည့် ရာချီသောဟင်းလင်းပြင်သားရဲများက လုချန်ရှန်းရှိရာသို့ပါးစပ်ဖွင့်ကာ အာကာသမုန်တိုင်းများကို ထွေးထုတ်လိုက်ကြသည်။
လုချန်ရှန်းနှာခေါင်းရှုံ့ရင်း ကျောက်တုံးလေးကိုလက်နှစ်ဖက်နှင့်ဖက်ကာ သူ့ပုံရိပ်က ထိုနေရာ၌ရုတ်တရက်ပျောက်ကွယ်သွား၏။
သူ့ရုပ်ခွန်အားက အာကာသမုန်တိုင်းများ၏အလွှာကို ဖြတ်ကျော်သွားပြီးဖြစ်ကာ ဧရာမခေါင်းကြီး၏ရှေ့သို့ တိုက်ရိုက်ပင်ရောက်လာသည်။
ထို့နောက်သူကန်ထည့်လိုက်လေသည်။
တောင်တလုံးကဲ့သို့ကြီးမားသည့်ခေါင်းကြီးက အေးစက်သည့်အပြုံးတပွင့်ကိုထုတ်ဖော်ကာ ပါးစပ်ထဲတွင် သိပ်သည်းကျစ်လျစ်နေသည့် အာကာသစွမ်းအားကို ထွေးထုတ်လိုက်သည်။
၎င်းကပျက်သုဉ်းခြင်းအလင်းတခုအလား လုချန်ရှန်းအားချိန်ရွယ်ဦးတည်နေသည်။
ဒီကြောက်မက်ဖွယ်ရာအာကာသစွမ်းအားက ကြယ်ပိုင်နက်တခုရှိလျှင်ပင် ဘာမှမကျန်တော့သည့်အလား ချက်ချင်းပျက်စီးသွားရပေလိမ့်မည်။
သို့စေကာမူ လုချန်ရှန်းကဘာမှမဖြစ်သည့်အလားပြုမူနေသည်။
ထိုပျက်သုဉ်းခြင်းအလင်းထဲတွင်ပင် သူကခြေကိုမြှောက်ကာ ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်သားရဲ၏အပေါ်မေးရိုးပေါ် တက်နင်းပစ်သည်။
ရုတ်ချည်းပင် ၎င်း၏မျက်သူငယ်အိမ်များ၌ ငလျင်တခုလှုပ်ခတ်သွားသည့်အလား ခုခံ၍မရနိုင်သည့်အားတခုက ၎င်း၏ပါးစပ်ကို တွန်းအားပေးပိတ်စေခဲ့သည်။
ပျက်သုဉ်းခြင်းအလင်းက ၎င်း၏ပါးစပ်ထဲတွင် ဆက်လက်လိမ့်နေသည်။
ပြင်းထန်သည့်အာကာသစွမ်းအားအမျှင်တန်းများက သွားများကြားက ကွက်လပ်ကနေ ကြီးမြတ်သည့်အက်ကြောင်းချိုင့်ဝှမ်းတခုအလား စိမ့်ထွက်လာနေကြသည်။
လုချန်ရှန်းအေးစက်စွာပြောသည်။
"ကျုပ်ကပါရမီရှင်မဟုတ်ပေမယ့် ခင်ဗျားကိုကိုင်တွယ်နိုင်တာထက်တော့ပိုတယ်"
လုချန်ရှန်း၏စကားလုံးများကို ကြားရသောအခါ အားလုံးက ထိတ်လန့်သွားကြ၏။
ပါရမီမရှိတာလား!
သူတို့၏ဟင်းလင်းပြင်မျိုးနွယ်က အစာကွင်းဆက်ထိပ်တွင် ရပ်တည်နေသည့် မျိုးနွယ်တခုဖြစ်ပြီး ရှေးခေတ်ကတည်းက မျိုးသုဉ်သွားခဲ့ခြင်းမရှိချေ။
မျိုးနွယ်စုဘယ်နှစ်စုကများ အတက်အကျကိုတွေ့ခဲ့ကြရလေသနည်း။
သို့စေကာမူ လုချန်ရှန်းက ဟင်းလင်းပြင်ကလန်ခေါင်းဆောင်၏ခေါင်းကို တက်နင်းပစ်ပြီး ခေါင်းဆောင်တွင်လည်း ခုခံရန် အခွင့်အရေးတခုလေးပင်မရှိခဲ့ပါ။
"လူသား.....မင်းကအတိအကျဘယ်သူလဲ"
လုချန်ရှန်းအေးစက်စွာနှာခေါင်းရှုံ့သည်။
"ဘာလဲ၊ ခင်ဗျားလက်စားချေချင်လို့လား"
ထိုစကားကိုကြားသောအခါ ၎င်း၏မျက်နှာထက်တွင် ခါးသီးသောအပြုံးတပွင့်ပေါ်လာသည်။
"မင်းလိုကြောက်စရာကောင်းတဲ့ခွန်အားကို ငါတို့ကဘယ်လိုလက်စားချေနိုင်မှာလဲ"
"ငါမင်းကိုဟင်းလင်းပြင်သလင်းကိုပေးနိုင်တယ်၊ ဒါပေမယ့်မင်းလက်ထဲကကလေးက အနာဂတ်မှာ ငါရဲ့ဟင်းလင်းပြင်ကလန်ခေါင်းဆောက်ရာထူးကို အမွေဆက်ခံရမယ်"
လုချန်ရှန်း၏ခွန်အားကို အခြေခံရမည်ဆိုပါက ဒီကလေးကိုသင်နိုင်တာထက်ပိုနေလေပြီဖြစ်သည်။
လုချန်ရှန်းအနည်းငယ်အံ့ဩသင့်သွား၏။
ဒီလိုကောင်းတဲ့အရာလည်းရှိတာလား!
"သေချာတာပေါ့"
နှစ်ဘက်စလုံးတွင် မှန်ကန်သည့်ဆွေးနွေးချက်တခုရှိလာခဲ့သည်။
အာကာသစွမ်းအားဖြင့်ပြည့်နှက်နေသည့် အဖြူရောင်သလင်းတခုက လုချန်ရှန်းရှေ့တွင်ပေါ်လာသဖြင့် သူကကျောက်တုံးလေး၏ရင်ဘတ်ပေါ် တင်လိုက်သည်။
ရုတ်ချည်းဆိုသလို ကျောက်တုံးလေးကိုယ်ထဲက အာကာသစွမ်းအားများက ဟင်းလင်းပြင်သလင်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
ထို့နောက် အလွန်အမင်းကြွယ်၀သန့်စင်သည့်ဝိဉာဉ်ချီအဖြစ်ပြောင်းလဲကာ ကျောက်တုံးလေးအား အာဟာရဖြစ်စေသည်။
ဒါကိုမြင်သောအခါ လုချန်ရှန်းစိတ်သက်သာရာရစွာသက်ပြင်းချသည်။ ထို့နောင် သူလေဟာနယ်ကိုဆုတ်ဖြဲကာ ကျောက်တုံးလေးနှင့်အတူ ထွက်သွားလေတော့သည်။
(လေဟာနယ်နဲ့အာကာသကအတူတူပါနော်)
အပိုင်း(506) coming။
ငါ့တပည့်တွေက ဘုရင်တွေ