← Chapters

#ကျွန်တော်ရွေးရမယ်ဆိုရင်တော့ အားအကောင်းဆုံးကိုပဲရွေးချယ်မယ်#

Vol. 36 Ch. 507

#ကျွန်တော်ရွေးရမယ်ဆိုရင်တော့ အားအကောင်းဆုံးကိုပဲရွေးချယ်မယ်#

Vol. 36 Ch. 507

တောင်ထိပ်ငါးခု၏မဟာပြိုင်ပွဲကြီးက စတင်လေပြီ။

တချိန်တည်းမှာပင် ကျန်သောတောင်ထိပ်လေးခုက တပည့်များက ထိတ်လန့်စရာသတင်းအပိုင်းအစတခုကို ကြားလိုက်ကြရသည်။

ကောင်းကင်မုန်းတီးတောင်ထိပ်က ယခုတကြိမ်တွင် တောင်ထိပ်ငါးခုပြိုင်ပွဲ၌ ပါ၀င်ရန်အတွက် ဆုံးဖြတ်ခဲ့သည်။

"အခုကောင်းကင်မုန်းတီးတောင်ထိပ်မှာ လူနှစ်ယောက်ပဲရှိတာမလား၊ ကျန်းကျိနဲ့ယဲ့ချိုးလေ"

"ဟုတ်တယ်၊ ကျန်းကျိက ငန်းဆိပ်ကမ်းဂိုဏ်းမှာ ပေါ်လာတာအရမ်းရှားတော့ ဘယ်သူမှသူ့ခွန်အားကိုမသိဘူး၊ ဒါပေမယ့် ဒီယဲ့ချိုးကတော့....."

"နှစ်လ၊ သူကအရမ်းပါရမီရှိရင်တောင် ကောင်းကင်မုန်းတီးတောင်ထိပ်ကို ၀င်ခဲ့တာလေ၊ တခြားတောင်ထိပ်ကပါရမီရှင်တွေနဲ့ သူဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"

"မပါ၀င်တာကပိုကောင်းမှာ၊ ဒီလိုဆိုရင်တောင် အရမ်းရှက်စရာကောင်းမှာမဟုတ်ဘူး"

ကောင်းကင်မြင့်တောင်ထိပ်က တပည့်အားလုံးနီးပါးက ကောင်းကင်မုန်းတီးတောင်ထိပ်ကို သိပ်အထင်မကြီးကြပါ။

ဒါကလည်း ပုံမှန်သာ။

မုဇီရှင်းတစ်ယောက်သာလျှင် တစ်စုံတစ်ရာကိုတွေးနေပုံရပြီး ပြုံးလိုက်လေသည်။

ယဲ့ချိုးပိုင်မ၀င်ခင်က ကောင်းကင်မုန်းတီးတောင်ထိပ်က ပြိုင်ပွဲ၌ တခါမှမပါ၀င်ခဲ့ပေ။

ယခုယဲ့ချိုးပိုင်၀င်ပြီးနောက်တွင် ယခုတကြိမ်ပြိုင်ပွဲတွင် ပါ၀င်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဒါကဘာကိုဆိုလိုနေသနည်း။

ထိုအချိန်တွင် ရှုချီကလျှောက်လာပြီး အပြုံးဖြင့်မေးသည်။

"နင်ဘာတွေတွေးနေလို့ ဒီလောက်ပျော်နေရတာလဲ"

မုဇီရှင်းပြုံးကာခေါင်းခါယမ်းသည်။

"ကျွန်မကိုဘာလို့ရှာနေတာလဲ၊ စီနီယာအစ်မ"

"ဘာမှတော့မဟုတ်ပါဘူး၊ ဆရာက ဒီတကြိမ် တောင်ထိပ်ငါးခုပြိုင်ပွဲမှာ ငါတို့ကို ပါ၀င်ယှဉ်ပြိုင်ဖို့အတွက်ပြောခဲ့တယ်"

"ဒါပေမယ့် ကောင်းကင်မုန်းတီးတောင်ထိပ်က ပါ၀င်တာကအဆင်ပြေပါတယ်၊ သူတို့က တကယ်ပဲ ယဲ့ချိုးကို သူတို့ကိုကိုယ်စားပြုခိုင်းတာလား၊ အဲဒီနယ်ပယ်နဲ့ သူပ ပထမအကျော့မှာတင် ရှုံးသွားလောက်တယ်မလား"

မုဇီရှင်းပြံးကာ သူမတဦးတည်းသာကြားနိုင်သည့်အသံဖြင့်ပြောလိုက်သည်။

"ဒီလိုဖြစ်မှာမဟုတ်ဘူး...."

တောင်ထိပ်ငါးခု၏မဟာပြိုင်ပွဲကို အရင်ပြိုင်ပွဲများကျင်းပခဲ့သည့် တောင်ထိပ်ပေါ်တွင် ကျင်းပသည်။

ထိုအချိန်တွင် ကောင်းကင်မြင့်တောင်ထိပ်မှ တပည့်သားများက စင်မြင့်‌၏ဘေးတဝိုက်ကို၀န်းရံထားကြသည်။

တချိန်တည်းမှာပင် မျှော်စင်ထိပ်တခုတွင် အားကောင်းသည့်အော်ရာနှင့် လူငါးယောက်က လက်နှစ်ဖက်ကျောပစ်ကာ ရပ်နေကြသည်။

ရှေးဦးခေ့အောစ့်တောင်ထိပ်ခေါင်းဆောင်ကပြောသည်။

"အဖိုးကြီးကျဲ၊ ဘာလို့တောင်ထိပ်ငါးခုပြိုင်ပွဲကို ရုတ်တရက်ပါ၀င်လာရတာလဲ"

ကျဲလောင်က ‌ဗူးသီးခြောက်အကွဲကိုကောက်ကာ ပါးစပ်ထဲ၌တေ့လိုက်သည်။ ထို့နောက် နှုတ်ခမ်းများအားသပ်လိုက်၏။

"ဒါမင်းနဲ့မဆိုင်ပါဘူး"

ရှေးဦးခေးအောစ့်တောင်ထိပ်ခေါင်းဆောင်က ချက်ချင်းဆိုသလို မုတ်ဆိတ်များအား မှုတ်ကာစိုက်ကြည့်သည်။

"ဟူး၊ စိတ်တိုဖို့ကောင်းလိုက်တာ"

"ဘာလဲ၊ မင်းတိုက်ခိုက်ချင်တာလား"

ကျဲလောင်၏ထက်ရှသောအကြည့်ကို မြင်သောအခါ ရှေ့ဦးခေးအောစ့်တောင်ထိပ်ခေါင်းဆောင်က တခဏမျှဆွံအသွားပြီးနောက် အေးစက်စွာနှာခေါင်းရှုံ့ရင်း တဖက်သို့လှည့်လိုက်သည်။

ဒါကိုမြင်သောအခါ ကျန်သောတောင်ထိပ်ခေါင်းဆောင်များကလည်း ပြုံးနေကြသည်။

ကောင်းကင်မုန်းတီးတောင်ထိပ်က နောက်ဆုံးအဆင့်တွင်ရှိသော်လည်း ကျဲလောင်က လက်ရှိတောင်ထိပ်ခေါင်းဆောင်များထဲတွင် အတွေ့အကြုံအရှိဆုံးဖြစ်သည်။

တချိန်တည်းမှာပင် သူ့ခွန်အားက ငန်းဆိပ်ကမ်းဂိုဏ်းချုပ်ယန်ဝေရှန်းနှင့်ယှဉ်ပါက ဒုတိယကျလေသည်။

ထိုအချိန်တွင် ယန်ဝေရှန်းက တောင်ထိပ်ခေါင်းဆောင်ငါးဦးရှေ့တွင် ပေါ်လာသည်။

တောင်ထပ်ခေါင်းဆောင်အားလုံးက ယန်ဝေရှန်းကိုအရိုအသေပေးလိုက်ကြ၏။

ကျဲလောင်တဦးတည်းသာလျှင် ဗူးသီးခြောက်ကိုကောက်ကိုင်ကာ ပါးစပ်ထဲသွန်ထည့်လိုက်သည်။ သူလုပ်ချင်တာကို သူလုပ်နေသည်။

ဒါကိုမြင်သောအခါ ယန်ဝေရှန်းပြုံးသည်။

"ကျဲလောင်၊ ယဲ့ချိုးဘယ်လိုနေလဲ"

ကျဲလောင်က သောက်နေတာကိုရပ်လိုက်သည်။

"မဆိုးပါဘူး"

"အိုး၊ မင်းအမြင်ကိုဖမ်းစားနိုင်တဲ့ ဂျူနီယာရှိသေးတာလား၊ ငါတကယ်သိချင်နေမိပြီ"

ထို့နောက် ယန်ဝေရှန်းအောက်သို့ငုံ့ကြည့်သည်။

"တောင်ထိပ်ငါးခုရဲ့ပြိုင်ပွဲကို အခုစတင်ပါမယ်၊ စည်းမျဉ်းစည်းကမ်းတွေကတော့ ပြောင်းလဲမှုမရှိဘူး"

"သူတော်စင်တို့၊ မင်းတို့ကြိုက်တဲ့သူကို စိန်ခေါ်လို့ရတယ်၊ ရှုံးနိမ့်သူရဲ့အဆင့်က အပြောင်းခံရမယ်၊ တကယ်လို့စင်မြင့်ပေါ် တက်လာဖို့ဆန္ဒမရှိရင်လည်း အပျက်သဘောဆောင်တယ်လို့ သတ်မှတ်မယ်"

"ကောင်းပြီ၊ အခုစလို့ရပြီ"

အောက်တွင် ကျန်းကျိက ယဲ့ချိုးပိုင်ကို ကြည့်ကာအပြုံးဖြင့်မေးသည်။

"မောင်လေးယဲ့၊ နင်ဘယ်သူ့ကိုစိန်ခေါ်ချင်လဲ"

ယဲ့ချိုးပိုင်ပခုံးတွန့်ကာ စင်မြင့်ပေါ်ခုန်တက်သွား၏။

ယဲ့ချိုးပိုင်ကိုမြင်သောအခါ လူတိုင်းက ကြက်သေသေသွားကြသည်။

ယဲ့ချိုးပိုင်က ပထမဆုံးစင်မြင့်ပေါ် တက်လာလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြပေ။

"ဒါပေမယ့် သူတို့ရှုံးရင်တောင် ကောင်းကင်မုန်းတီးတောင်ထိပ်က ဘာမှရှုံးမှာမဟုတ်ပါဘူးလေ"

"ဒါကိုအတွေ့အကြုံတခုအဖြစ် မှတ်ယူတာကလည်းမဆိုးပါဘူး"

"သူဘယ်သူ့ကိုစိန်ခေါ်မလဲဆိုတာ ငါသိချင်မိသေးတယ်"

လူတိုင်းဆွေးနွေးနေကြ၏။

ထိုစဉ် ယဲ့ချိုးပိုင်၏စကားလုံးများက အားလုံးကို တုန်လှုပ်သွားစေသည်။

"ကောင်းကင်မြင့်တောင်ထိပ်၊ သူတော်စင်သားတော်၊ ကျိလျန်"

တပည့်အားလုံးက ဆွံအသွားကြ၏။

ကျိလျန်လား!

သူကကောင်းကင်မြင့်တောင်ထိပ်၏ အားအကောင်းဆုံးတပည့်ဖြစ်ပြီး ငန်းဆိပ်ကမ်းဂိုဏ်းတခုလုံး၏ အားအကောင်းဆုံးပါရမီရှင်လည်းဖြစ်သည်။

သူ့နယ်ပယ်ကမူ သွေးပြောင်းလဲခြင်းနယ်ပယ်တ၀က်အဆင့်ကိုပင်ရောက်နေလေပြီ။

တခြားတဘက်က ယဲ့ချိုးပိုင်ကရော!

နှစ်လအကြာက သူကအာရုံထွေပြားခြင်းနယ်ပယ်တ၀က်အဆင့်သာဖြစ်သည်။ ထို့နောက်သူက ကောင်းကင်မုန်းတီးတောင်ထိပ်ကို ၀င်ခဲ့လေရာ ဘယ်လိုတိုးတက်တော့မည်နည်း။

ကျိလျန်ကလည်း အနည်းငယ်အံ့ဩသင့်နေသည်။ ယဲ့ချိုးကဲ့သို့အသစ်လေးက သူ့ကို အမှန်တကယ်စိန်ခေါ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ဒါကိုမြင်သောအခါ မုဇီရှင်းပြုံးနေသည်။

ရှုချီကအံ့ဩသင့်စွာပြောသည်။

"ဒီယဲ့ချိုးကအတော်လေးရဲတင်းတာပဲ၊ သူတကယ်ပဲ ကျိလျန်ကိုတိုက်ရိုက်စိန်ခေါ်ရဲတာလား၊ ဒါပေမယ့်သူကကျိလျန်ကို သူ့ကို လမ်းညွှန်ပေးစေချင်တာဖြစ်ရမယ်"

ကျိလျန်တွင်လည်း ရှုချီနှင့်တူညီသောအတွေးတခုရှိသည်။

စင်မြင့်ပေါ်တက်လာပြီးနောက် သူက ယဲ့ချိုးပိုင်အားကြည့်ကာ အမူအရာကင်းမဲ့စွာပြောသည်။

"မင်းလှုပ်ရှားပါ"

ယဲ့ချိုးပိုင်ကလည်းရပ်နေမည်မဟုတ်ပေ။

သူက ငန်းဆိပ်ကမ်းဂိုဏ်းက အားအကောင်းဆုံးလူကိုရွေးချယ်ကာ ဂိုဏ်းထဲတွင်ပြောခွင့်ရရန် ဆုံးဖြတ်ခဲ့သည်။

ကိုးပေရှည်ကြယ်ကြွေဓားကိုကိုင်ရင်း ဓားတာအို၏ အန္တိမနယ်ပယ်က ပေါက်ကွဲထွက်လာသည်။

"အန္တိမနယ်ပယ်လား၊ မင်းပါရမီကမဆိုးဘူးဘဲ၊ အချိန်တန်ရင် မင်းကငါ့ကို ကျော်လွှားသွားနိုင်လောက်တယ်"

ကျိလျန်ကညင်သာစွာခေါင်းညိတ်သည်။

"ဒါပေမယ့် အခုကတော့နည်းနည်းစောနေသေးတယ်"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ဒါကမမှန်လောက်ဘူး"

ထို့နောက် ဓားပိုင်နက်က မြင့်မားသည့်စင်ကိုဖြတ်သန်းသွားပြီး တချိန်တည်းမှာပင် ဓားပိုင်နက်က ဖိနှိပ်ခြင်းဆန္ဒက ရုတ်တရက်ပေါက်ကွဲကာ ကျိလျန်ထံသို့ ဖိနှိပ်ကျဆင်းလာသည်။

ကျိလျန်းတယောက် သူ့ကိုယ်ထဲက ဝိဉာဉ်ချီစီးဆင်းမှုက ဟန့်တားခံလိုက်ရတာကို ခံစားရပြီး သူ့ကိုယ်ခန္ဓာက ဗွက်အိုင်တခုထဲ ကျသွားသည့်အလား ထင်လိုက်ရသည်။

သူအနည်းငယ်အံ့ဩသင့်သွားသည်။

ဖိနှိပ်ခြင်းဆန္ဒလား!

ထိုအချိန်တွင် ယဲ့ချိုးပိုင်က ကျိလျန်ရှေ့သို့ရောက်နေပြီဖြစ်ကာ ကြယ်ကြွေဓားဖြင့် ပိုင်းချလိုက်လေသည်။

ကျိလျန် လက်ကိုအနည်းငယ်မြှောက်လိုက်သည်။

ကလန်........!

ယဲ့ချိုးပိုင်၏ဓားက ကျိလျန်၏လက်ဖဝါးနှင့်တွေ့ဆုံသောအခါ သတ္တုချင်းတိုက်မိသံကထွက်ပေါ်လာသည်။

သူလှမ်းကြည့်လိုက်သောအခါ ကျိလျန်၏လက်ဖဝါးက ကျောက်စိမ်းကဲ့သို့ ကြည်လင်သည့် အစိမ်းရောင်သလင်းတခုအဖြစ် ပြောင်းလဲသွား၏။

"စီနီယာအစ်ကိုကျိရဲ့ဝိဉာဉ်ကျောက်စိမ်းလက်ပဲ"

"ဝိဉာဉ်ကျောက်စိမ်းလက်ကို ကျွမ်းကျင်သွားရင် အရာရာတိုင်းကိုထိန်းချုပ်နိုင်တယ်"

"ပြီးတော့ နယ်ပယ်အကြားကွာခြားချက်ကလည်း အရမ်းကြီးမားနေတုန်းပဲ"

တချိန်တည်းမှာပင် ယဲ့ချိုးပိုင်လက်ထဲက ဓားကရပ်တန့်မနေဘဲ အာရုံထွေပြားခြင်းနယ်ပယ် အလယ်အလတ်အဆင့်ခွန်အားက ပေါက်ကွဲထွက်လာကာ သူထပ်မံပိုင်းဖြတ်လိုက်သည်။

ကြယ်ကြွေဓားပညာရပ်၏ ဒုတိယဓားချက်က စင်မြင့်ပေါ်ဆင်းသက်လာသည်။

တောင်ထိပ်ခေါင်းဆောင်များက မှင်သေသေနေကြသည်။

"လွန်ခဲ့တဲ့နှစ်လက ယဲ့ချိုးက အာရုံထွေပြားခြင်းတ၀က်နယ်ပယ်ပဲရှိသေးတာကို ငါမှတ်မိပါသေးတယ်၊ သူဆေးတွေ သောက်လိုက်တာများလား"

"အာရုံထွေပြားခြင်းအလယ်အလတ်အဆင့်ကို နှစ်လအတွင်းချိုးဖျက်ခြင်း၊ ဒီကျင့်ကြံခြင်းအမြန်နှုန်းက တကယ်ကြောက်ဖို့ ကောင်းလွန်းတယ်"

"ဒါပေမယ့်နယ်ပယ်အကြားကွာခြားချက်က အရမ်းကြီးမားနေတုန်းပါပဲ"

ကျဲလောင်ပြုံးကာဘာမှမဆိုပေ။

တကယ့်ပြပွဲကောင်းကမလာသေးပါ။

ယဲ့ချိုးပိုင်ထပ်ခါထပ်ခါပိုင်းဖြတ်သည်။ ဓားချက်တချက်စီတိုင်းက အရင်ဓားချက်များထက် အများကြီးပိုအစွမ်းထက်သည်။

သို့စေကာမူ သွေးပြောင်းလဲခြင်းနယ်ပယ် တ၀က်အဆင့်ရှိသည့် ကျိလျန်ကိုရင်ဆိုင်ရသောအခါ သူကဝိဉာဉ်ကျောက်စိန်းလက်ကို မဖောက်ထွင်းနိုင်သေးပေ။

ကျိလျန်ခေါင်းညိတ်သည်။

"ဒီဓားပညာကတကယ်အံ့ဩဖို့ကောင်းတယ်၊ ဒါပေမယ့်ဒါပဲဆိုရင်တော့ ဒီနေရာမှာ အဆုံးသတ်သွားရတော့မှာပဲ"

ထိုအချိန်တွင် ယဲ့ချိုးပိုင်ဓားကိုကိုင်ရင်း ဆုတ်လိုက်ပြီး သူ့လက်ထဲက ကြယ်ကြွေဓားဖြင့် ကောင်းကင်သို့ထိုးစိုက်ပစ်သည်။

ဂရုန်း......!

ကောင်းကင်ထဲတွင် တိမ်မည်းများမရှိဘဲ ကြည်လင်နေသော််လည်း မိုးကြိုးသံများက ဆက်တိုက်မြည်ဟီးလာသည်။

ဓားပိုင်နက်ထဲတွင် အဖြူနှင့်အနက်လျှပ်စီးနှစ်မျိုးက ထိုအချိန်တွင် ပေါက်ကွဲသွား၏။

အဖြူလျှပ်စီးက ယန်စွမ်းအားဖြင့်ပြည့်နှက်နေပြီး ပြင်းထန်သည့်အသက်ဓာတ်ကို ထုတ်လွှတ်နေသည်။

အနက်လျှပ်စီးကမူ ယင်စွမ်းအားဖြင့် ပြည့်နှက်နေကာ အဖျက်စွမ်းအားက လှည့်ပတ်နေသည်။

လျှပ်စီးကြောင်းနှစ်ခုကပေါ်လာပြီး အချင်းချင်း‌ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသောအခါ ကျဲလောင်မှအပ ကျန်သောတောင်ထိပ်ခေါင်းဆောင်လေးဦးက အံ့ဩသင့်သွားကြ၏။

ဂိုဏ်းချုပ်ယန်ဝေရှမ်း၏အမူအရာကလည်းလေးနက်သွားသည်။

"ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်၊ ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်....."

အပိုင်း(508) coming။

All Chapters